← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

ရှောင်းကော အိမ်ပြန်ရောက်တော့ အရင်ဆုံး အာလူးတွေကို အောက်ချလိုက်သည်။ ခြင်းတောင်းအလေးချိန်ကို တစ်လမ်းလုံးသယ်လာရတော့ သူမရဲ့ပုခုံးတွေ အရမ်းနာနေသည်။ ရှောင်းကော သူမပုခုံးတွေကို ပွတ်နေတာကို ကျွမ်းကျွမ်းက ကြည့်နေပြီး သူမပုခုံးလေးတွေကို မှုတ်ပေးဖို့ သူမဆီ လျှောက်လာသည်။ “သား မှုတ်ပေးရင် အဲ့ဒါတွေ နာတော့မှာမဟုတ်ဘူး။”

“ဟုတ်တာပေါ့။ အခု မနာတော့ဘူး။ တကယ်ကောင်းတာပဲ။ အမေ့ရဲ့သားက အမေ့အနာတွေကို သက်သာစေတဲ့ စောင်လေးတစ်ထည်လိုပဲ။” ရှောင်ကောက ကျွမ်းကျွမ်းကို ဖက်လိုက်ပြီး သူ့ရဲ့ ပုခုံးသေးလေးပေါ်ကို မှီလိုက်သည်။ “မင်းက အမေ့အတွက် လူကြီးလေးလိုပဲ။”

ကျွမ်းကျွမ်းက ပျော်ရွှင်စွာဖြင့် ကျောကို မတ်မတ်ဆန့်ပြီး သူ့ပုခုံးတွေကို သူ့အမေ သေချာအေးအေးဆေးဆေး မှီလို့ရအောင် လုပ်လိုက်သည်။ ရှောင်းကောက ကျွမ်းကျွမ်းလုပ်တာတွေကို ပျော်ရွှင်စွာ ကြည့်နေကာ သူ့ရဲ့ပါးလေးကို အသားလေး ဆွဲဖိလိုက်သည်။

နေ့လည်စာစားဖို့ အရမ်းစောနေသည်။ အိမ်မှာ အနှစ်ကြိတ်စက်ရှိနေတာကို ရှောင်းကော သိပေမယ့် ဘယ်နားမှာလဲဆိုတာကို သူမ မမှတ်မိပေ။ သူမ သေချာရှာကြည့်တော့မှ မီးဖိုချောင်ထောင့်လေးမှာ အဲ့ဒါကို တွေ့သွားသည်။ မသုံးတာကြာတော့ အဲ့ဒါက မီးဖိုအောက်မှာ ရောက်နေသည်။

အနှစ်ကြိတ်စက်ကိုတွေ့တော့ အဲ့ဒါက အရမ်းလေးတာကြောင့် စားပွဲပေါ်ကို ဘယ်လိုရွှေ့ရမလဲဆိုပြီး ရှောင်းကော စဉ်းစားနေသည်။ လှည့်ပတ်ကြည့်လိုက်တော့ သစ်သားပြားကို တွေ့တာနဲ့ အဲ့အောက်ကို ကျောက်တုံးကြီးတစ်တုံးထားလိုက်သည်။ အဲ့ဒါကို သုံးလိုက်တော့ စားပွဲပေါ်ကို အနှစ်ကြိတ်စက် အသာလေးရောက်သွားသည်။ ရှောင်းကောက သစ်သားပြားတစ်ဖက်ပေါ်ကို သေချာရပ်ထားတော့ အနှစ်ကြိတ်စက်ကို လွယ်လွယ်ကူကူလေးပဲ ရွှေ့လိုရသွားသည်။

အနှစ်ကြိတ်စက်ကို သေချာပြင်ဆင်ပြီးတော့ နောက်ထပ်က အာလူးကို အခွံခွာရမည်။ နည်းနည်းလုပ်ရတာ ပျင်းစရာကောင်းတာကြောင့် ရှောင်းကောက မြန်မြန်လေး လုပ်နေသည်။ ကျွမ်းကျွမ်းက ကူချင်ပေမယ့် ရှောင်းကောက သူ့လက်ထိခိုက်မှာကြောက်လို့ မလုပ်ခိုင်းချေ။

ကျွမ်းကျွမ်းက ရှောင်းကောနားမှာနေပြီး သိချင်စိတ်နဲ့ မေးလိုက်သည်။ “မေမေ၊ ဘာလို့ အာလူးအများကြီးခွာဖို့ လိုတာလဲ?”

“အမေတို့ ဒါတွေကို အာလူးနှစ်လုပ်မှာလေ၊ ပြီးရင် အဲ့ဒါကို ခေါက်ဆွဲလုပ်မှာ။ အမေတို့ ငါးဖယ်လုံးနဲ့ဆိုရင် အဲ့ဒါက အရမ်းကို အရသာရှိတဲ့ အားလူမှိုစွပ်ပြုတ်ဖြစ်သွားမှာ။ ပြီးရင် အမေအဲ့ဒါတွေကို ဈေးမှာသွားရောင်းမှာ။”

ရှောင်းကောက ကျွမ်းကျွမ်းကို ရှင်းပြနေသည်။ သူမအရင်တုန်းက အရမ်းကြိုက်ခဲ့တဲ့အစားအစာက အာလူးခေါက်ဆွဲပင်။ သူမက အဲ့ဒါကို စွပ်ပြုတ်ရည်စပ်စပ်လေးနဲ့ ခေါက်ဆွဲသေးသေးလေးတွေနဲ့ဆို ပိုကြိုက်သည်။ ပြီးတော့ ခေါက်ဆွဲအပေါ်မှာ ငါးဖယ်လုံးတွေ ထည့်လိုက်ရင် အရသာက အရမ်းကို ကောင်းသွားမှာ။ ရှောင်းကော ချက်ရမယ့်ဟာကို ရှင်းပြနေရင်းနဲ့ ဗိုက်တောင်ဆာလာသည်။

ကျွမ်းကျွမ်းလည်း သူ့အမေရှင်းပြတာကို နားထောင်ရင်း သွားရည်ကျနေသည်။ ရှောင်းကောက ကျွမ်းကျွမ်းကို ပြောလိုက်သည်။ “ဒါလုပ်ပြီးသွားရင် အမေ သားကိုလည်း လုပ်ကျွေးမယ်လေ။”

ကျွမ်းကျွမ်းက ခေါင်းညိတ်ပြီး သူ့အမေကို အာလူးဆေးဖို့ ကူညီပေးခဲ့သည်။

ရှောင်းကောက ဆေးပြီးသားအာလူးတွေကို သေးသေးလေးတွေ လှီးလိုက်ပြီး အနှစ်ကြိတ်စက်ထဲ ထည့်လိုက်သည်။ ပြီးတော့ သူမက ရေထည့်ပြီး ရောလိုက်သည်။ အားလူးပြားတွေက ကြိတ်စက်ထဲ ရောက်သွားတော့ အနှစ်ရည်တွေ ထွက်လာသည်။

အာလူးနဲ့ပတ်သတ်တာ အကုန်လုပ်ပြီးတော့ နေ့ခင်းတောင်ရောက်နေပြီ ဖြစ်ပြီး အနှစ်ရည်သုံးဇလုံတောင် ရနေပြီပင်။ သူမက အဲ့တာတွေကို မဆေးခင် အနည်ထိုင်အောင် ထားလိုက်သည်။ အခုတော့ ချက်ဖို့ အချိန်ကျပြီ။

ကျွမ်းကျွမ်းက ရေဇလုံတွေကို စူးစမ်းချင်နေသည်။ ဒီလို ရောနေတဲ့ရေထဲမှာ ဘယ်လိုလို့ အမှုန့်တွေရှိနေရတာလဲ? သူ့အမေ အစောနက မီးဖိုချောင်ထဲမှာ အမှုန့်လေးတစ်ထုတ်သိမ်းတာကို ကျွမ်းကျွမ်းစဉ်းစားမိသည်။ သူ ဘယ်လိုပဲစဉ်းစားစဉ်းစား၊ အဲ့ဒါဘယ်လိုဖြစ်လာတာလဲဆိုတာ သူ နားမလည်နိုင်ပေ။

သိချင်တဲ့အတွက်၊ ကျွမ်းကျွမ်းက ရှောင်းကောကို အမှုန့်တွေ ဘယ်ကဖြစ်လာတာလဲဆိုတာ မေးဖို့ သွားသည်။ သူမက “အဲ့ဒါက ရေနဲ့ရောနေတဲ့ အားလူးအနှစ်ကနေ အနည်ထိုင်ပြီး ရလာတာလေ။ ဒီတိုင်း ရေကိုထားလိုက်ရင် အနှစ်ကလည်း ဇလုံထဲမှာ အနည်ထိုင်လာတာ။ ရေတွေ အငွေ့ပျံသွားတော့ အနှစ်ပဲ ကျန်ခဲ့တော့တာ။”လို့ သူ့ကို ရှင်းပြလိုက်သည်။

ကျွမ်းကျွမ်းက စဉ်းစားပြီးတော့ ခေါင်းညိတ်လိုက်သည်။ အဲ့ဒါက အရမ်းကို အံ့ဩစရာကောင်းတယ်လို့ သူထင်နေသည်။ ခြောက်သွားတဲ့အခါ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို သူသိဖို့ မစောင့်နိုင်တော့ဘူး။

ရှောင်းကောက သူမလုပ်ထာတဲ့ ခေါက်ဆွဲတွေကို အိုးထဲထည့်လိုက်သည်။ “ကျွမ်းကျွမ်း စားပွဲပေါ်ကို ဟင်းတွေယူလာတော့။”

“ဟုတ်ကဲ့ပါ။”

“အပူမလောင်အောင် သေချာလုပ်နော်။” ရှောင်းကော စိတ်ပူစွာ သူ့ကို သတိပေးလိုက်သည်။

ရှောင်းကောက ချက်ထားတဲ့ ခေါက်ဆွဲကို ခပ်ပြီး ရေအေးထဲကို ထည့်လိုက်သည်။ ပြီးတော့ ပန်းကန်လုံးနဲ့ တူတွေကို အိမ်ထဲယူလာသည်။ “စားရအောင်။ အမေ ဒီရက်အတွင်း နည်းနည်းအလုပ်ရှုပ်နေတယ်။ ရိုးရိုးဟင်းလေးတွေပဲ စားကြမယ်နော်။” သူမ ပြောရင်းနဲ့၊ ခရမ်းသီးနဲ့ ချက်ထားတဲ့ အသားဟင်းကို ခပ်ပြီး ကျွမ်းကျွမ်းပန်းကန်ထဲကို ထည့်ပေးလိုက်သည်။

“ဒါတင် ကောင်းနေပါပြီ။ အမေလုပ်တဲ့ ခေါက်ဆွဲက အကောင်းဆုံးပဲ။” ကျွမ်းကျွမ်းက ဒီခေါက်ဆွဲတွေကို နေ့တိုင်းစားရတာ ကံကောင်းတယ်လို့ ခံစားနေရသည်။ သူက မတူညီတဲ့ ဟင်းမျိုးစုံနဲ့ အသားတွေကိုလည်း မြည်းစားခွင့်ရသည်။ ဒါက သူစိတ်ကူးတောင်မယဉ်ရဲတဲ့ အရာပင်။

ရှောင်းကော ပြုံးလိုက်သည်။ အပျော်တွေ ကူးဆက်နေတယ်ဆိုတာကို သူမသိသည်။ ဒီအချိန် ဒီလိုမျိုးဟာကို စားနိုင်တဲ့လူသိပ်မရှိပေ။ ဒါပေမယ့် သူမက အနာဂတ်က လာတဲ့သူလေ။ အရင်တုန်းက သူမရဲ့အမေက အမြဲတမ်း ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်ပန်းကန် ချက်လေ့ရှိသည်။ အဲ့ဒါနဲ့ယှဉ်ရင် ရှောင်းကောက သူမရဲ့ကလေးအတွက် လုပ်ပေးတာ မလုံလောက်သေးဘူးလို့ ခံစားနေရသည်။

All Chapters