← Chapters

မင်းရဲ့ဆရာကို သရုပ်ပြစမ်း

Vol. 19 Ch. 183

မင်းရဲ့ဆရာကို သရုပ်ပြစမ်း

Vol. 19 Ch. 183

“ဒါ လုံးဝကို မဆင်မခြင် လုပ်တာပဲ... သူက ရှင်တို့ရဲ့ အုပ်ချုပ်ရေးမှူးလေ။ ဘာလို့ မတားကြတာလဲ။”

လင်းချန်က ချန်ဟွိုက်အန်အပေါ် အငြိုးရှိနေသော်လည်း သူ သေမင်းတံခါးဝသို့ တည့်တည့် လျှောက်သွားသည်ကို ကြည့်နေရလောက်သည် အထိတော့ နှလုံးသား မမာလှပေ။

“အုပ်ချုပ်ရေးမှူးချန်က... အဲဒီလိုလူမျိုးပါပဲ...” ကျောက်ရင်းက ပင်ပန်းနွမ်းနယ်နေသော အပြုံးဖြင့် ပြန်သည်။

တကယ်လို့ ဖျောင်းဖျလို့ရရင် တားခဲ့မှာပေါ့။

ဒါပေမဲ့ သူတို့က သူ့ကိုလည်း မနိုင်သလို စကားနဲ့လည်း ပြောလို့မရဘူးလေ။

ချန်ဟွိုက်အန်က တစ်ခုခု ဆုံးဖြတ်ပြီးလျှင် ပြောင်းလဲ၍မရသော လူစားမျိုးပင်။

ယခု သူတို့လုပ်ပေးနိုင်သည်က အပြင်ဘက်မှနေ၍ သူ့ကို အကူအညီပေးရုံသာ ရှိတော့သည်။

ယခုမှာ ဗိုလ်ချုပ်အဆင့် ထူးဆန်းဖြစ်စဉ် တစ်ခု ဖြစ်သည်။

အကယ်၍ လက်ရွေးစင်အဆင့်ဖြစ်သော သူနှင့် ရှန့်ရှောင်ယွမ်တို့သာ သူ့နောက်ကို လိုက်သွားရင် အနှောင့်အယှက်သာ ဖြစ်ပေလိမ့်မည်။

စုစုပေါင်း ကင်းထောက် ဒရုန်း အစီး၂၀ခန့်က အရိုးကြွေထည် အပျက်အစီးနေရာကို ဝိုင်းပတ်ပြီး စကင် ဖတ်နေကြပြီ ဖြစ်သည်။

ထိုဒရုန်းများက မြေပြင်အနေအထားကို ပုံဖော်နိုင်ပြီး ထူးဆန်းစွမ်းအင်တွေကို ရှာဖွေနိုင်ရုံ သာမက ထိုစွမ်းအင်အဆင့်များကိုပါ တွက်ချက်ပေးနိုင်သည်။

သို့သော်လည်း နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အန္တရာယ်ရှိစွမ်းအင်က လက်‌ရွေးစင်အဆင့်ထက် ကျော်လွန်သွားရင်တော့ တိုင်းတာမှုများက သိသိသာသာ လွဲချော်သွားတတ်၏။

“အုပ်ချုပ်ရေးမှူး အပျက်အစီးနယ်မြေထဲကို ဝင်သွားပါပြီ...” ရှန့်ရှောင်ယွမ်၏ အသံက တည်ကြည်သွားသည်။

သူ့ဘေးတွင် ကျောက်ရင်း၏ မျက်နှာထားမှာ တင်းမာသွားပြီး လက်ချောင်းများမှာ ထိုင်ခုံ လက်တန်းပေါ်တွင် ခေါက်လက်စဖြင့် ရပ်တန့်သွား၏။

“အခြေအနေ ဘယ်လိုလဲ။ စွမ်းအင်အဆင့်တွေ တွေ့လား။”

“အခုထိတော့ ဘာမှမတွေ့သေးပါဘူး။”

“ဆက်ပြီး စောင့်ကြည့်နေ။ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်း အစီရင်ခံ။”

“နားလည်ပါပြီ။”

C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အကူအညီပေးရေးအဖွဲ့မှာ အပြည့်အဝ အသင့်ဖြစ်နေပြီ ဖြစ်သည်။

တစ်ဖက်တွင်လည်း လင်းချန်မှာ ထိုအတိုင်း ငြိမ်နေမည့်သူ မဟုတ်ပေ။

သူက ချန်ဟွိုက်အန်နောက်ကို လိုက်သွားဖို့ အကြံပြုမလို့ လုပ်နေတုန်းမှာပင် ဟွမ်ကူပေ ပြေးလာခဲ့သည်။

“မိန်းကလေးလင်း... အခြေအနေအသစ်တစ်ခု ရှိနေပြီ...”

သူက အမောတကောဖြင့် နဖူးမှ ချွေးများကို သုတ်ရင်း အရေးတကြီး ပြောလာသည်။

“မြို့မြောက်ဘက် စားသောက်တန်းနားမှာ စွမ်းအင်လှိုင်းတွေ တက်လာတာကို တွေ့ရတယ်။ ကျွန်တော့်လူတွေ သွားစစ်ကြည့်တော့ အဲဒီနေရာတစ်ခုလုံး ထူးဆန်းစွမ်းအင်တွေနဲ့ ပိတ်ဆို့ခံထားရပြီ။”

“သူတို့ ထင်တာကတော့... သရဲဈေးတစ်ခု ပေါ်နေပြီတဲ့။”

လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်သွား၏။

သရဲဈေး။

“ညနက်သန်းခေါင်အချိန်မှာ သရဲမီးအိမ်တွေ မှိတ်တုတ်မှိတ်တုတ်နဲ့... မြေအောက်ကမ္ဘာရဲ့ ဈေးတန်းကြီး ပေါ်ထွက်လာပြီပေါ့။”

ဒါက ထူးဆန်းစွမ်းအင်တွေ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဆိုတဲ့ နိမိတ်ပဲ။

ဆိုလိုတာက ဝိညာဉ်ဆိုးက လူတွေကို သတ်ရုံတင် မဟုတ်တော့ဘဲ လွှမ်းမိုးမှုကိုပါ ချဲ့ထွင်နေတာ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက ဝိညာဉ်များ သန်မာလာရန် အမြန်ဆုံးနှင့် အရက်စက်ဆုံး နည်းလမ်းဖြစ်သော်လည်း “အရောင်းအဝယ်”လုပ်ခြင်းကတော့ ပိုပြီး လိမ္မာပါးနပ်လှ၏။

လူသားများက သူတို့ဘာသာသူတို့ လိုလိုလားလားနှင့် ပူဇော်ဆက်သသည့်အခါ ထိုစွမ်းအင်က ပိုမို၍ သန့်စင်သွားပြီး ဝိညာဉ်များအတွက် ပို၍ အားရှိသွားစေသည်။

အနှစ်ချုပ်ပြောရလျှင် သရဲဈေးဆိုသည်မှာ ဝိညာဉ်များက စည်းမျဉ်းများ သတ်မှတ်ထားသော နယ်မြေတစ်ခုပင်။

ထိုအထဲရှိ လူသားတိုင်းက ကျွေးထားသော တိရစ္ဆာန်များထက် မပိုပေ။

“...ဒါကို ကျွန်မ ကိုင်တွယ်လိုက်မယ်။”

လင်းချန်က ကြာပွတ်ကို ကိုင်လိုက်ရင်း အေးစက်ပြတ်သားစွာ ပြောလိုက်သည်။

“ရှင်တို့ကတော့ မြို့ခံတွေကို ဘေးကင်းရာကို ရွှေ့ပေးဖို့နဲ့ တခြားလူတွေ ထပ်မဝင်လာအောင် တားဖို့ပဲ အာရုံစိုက်ထားလိုက်။”

“ကျွန်မ အခု သွားတော့မယ်။”

သူက အပျက်အစီးနေရာဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ချန်ဟွိုက်အန်က ဝိညာဉ်ဆိုး၏ဂူကို တိုက်ရိုက် ဝင်တိုက်ဖို့ ရွေးချယ်ခဲ့သည်။

သူကတော့ သရဲဈေးကို အမြစ်ဖြတ်ပစ်ပေမည်။

အနည်းဆုံးတော့ သူက ဒီအတိုင်း ဘေးကနေ ကြည့်နေသူတစ်ယောက် မဖြစ်တော့ဘူးပေါ့။

လင်းမိသားစုဝင် တစ်ယောက်အနေနဲ့ သူက နောက်ကျ မကျန်နေနိုင်ဘူး။

“ဘယ်သူ အရင်ဆုံး တာဝန်ပြီးမလဲ ကြည့်ကြတာပေါ့။ ချန်ဟွိုက်အန်။”

“မိစ္ဆာနှိမ်နင်းတာက အင်အားသုံးရုံနဲ့ မရဘူး။ ဗျူဟာနဲ့ ဉာဏ်ပညာလည်း လိုအပ်တယ်။ နင့်လို မဆင်မခြင်လူစားမျိုး ဘယ်တော့မှ နားလည်မှာ မဟုတ်တဲ့ အရာပေါ့...”

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ဖြစ်နေ၏။

အပြင်ကနေကြည့်လျှင် သာမန် မြေပုံအချို့ဟူ၍သာ ထင်ရသော်လည်း အထဲကို ရောက်သွားသော အခါတွင်တော့...

ကြီးကျယ်ခမ်းနားသော မြေအောက်နန်းတော်ကြီး တစ်ခု ဖြစ်နေ၏။

“လခွမ်းတဲ့မှ။ ငါက ဒါကို ခေါင်းတလားတစ်ခုပဲ ထင်ပြီး ပိုင်းလိုက်ရင်ပြီးပြီ အောက်မေ့တာ။”

“အခုတော့ ဒီအကောင်ကို တကယ်ပဲ လိုက်ရှာနေရပြီ...”

ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

သူ့ရှေ့မှာ လမ်းကြောင်း သုံးခု ကွဲနေလေသည်။

“ဘယ်လား။ ညာလား။ တည့်တည့်လား။ ဘာမှကို မသိဘူး။ တကယ်လို့ ဒီအတိုင်း လျှောက်သွားနေရင် ပြတင်းပေါက်မှာ ပိတ်မိနေတဲ့ ယင်ကောင်လိုပဲ ဖြစ်နေတော့မှာ။”

သူက ရေဒီယိုကို ထုတ်ပြီး ရှန့်ရှောင်ယွမ်ကို ဆက်သွယ်လိုက်သည်။

“ရှန့်... ထူးဆန်းစွမ်းအင်ရှိတဲ့ နေရာကို ရှာပေး။”

[ စိတ်မရှိပါနဲ့ အုပ်ချုပ်ရေးမှူး။ ရှာဖွေရေးစနစ်မှာ ဘာထူးဆန်းစွမ်းအင်မှ မတွေ့ရသေးပါဘူး... ပိုပြီး နက်နက်နဲနဲ ဆက်သွားကြည့်မလား။ မြေပြင်မြေပုံကိုတော့ ဖုန်းထဲ ပို့ပေးထားပါတယ် ]

ချန်ဟွိုက်အန် မြေပုံကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင် ခေါင်းကိုက်သွား၏။

အကြောင်းမှာ မြေပုံထဲမှ လမ်းကြောင်းနှင့် သူ့ရှေ့မှ လမ်းကြောင်းက လုံးဝကို တခြားစီ ဖြစ်နေ၍ပင်။

မြေပုံထဲတွင်တော့ အရှေ့တွင် အခန်းတွဲများ ရှိနေရပေမည်။

ဒါပေမဲ့ တကယ်တမ်းတွင်တော့...

စင်္ကြံလမ်းတစ်ခု ဖြစ်နေ၏။

ပြီးတော့ စွမ်းအင်လည်း မတွေ့ဘူး...

လေထဲမှာရှိတဲ့ မိစ္ဆာအရှိန်အဝါက အသက်ရှူရတာတောင် ကျပ်နေပြီ။ ဝါဆာဘီ တစ်ဇွန်းကို နှာခေါင်းထဲ ထည့်လိုက်သလိုမျိုး စူးနေတာ။

သေချာတယ်။ တစ်ခုခုက မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ရှာဖွေရေးစနစ်ကို နှောင့်ယှက်နေတာပဲ။

အဝေးကနေ မြင်နေရတဲ့ အရာအားလုံးက အတုအယောင်တွေပဲ။

ပျောက်ဆုံးသွားတဲ့ ဗိုလ်ချုပ်နှစ်ယောက် ပြန်မထွက်လာနိုင်တာလည်း ဒါကြောင့် ဖြစ်မယ်။

မှားယွင်းတဲ့ အချက်အလက်တွေကို အခြေခံပြီး မျက်စိမှိတ် တိုက်ခိုက်နေခဲ့ကြတာပဲ။

“ဟား... နောက်ဆုံးတော့လည်း ငါ့အပေါ်မှာပဲ မူတည်နေတာပဲ။”

ချန်ဟွိုက်အန် ခနဲ့လိုက်ပြီးနောက် သူ၏ ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အသိပညာများနှင့် ပတ်သက်လျှင် လီချင်းရန်က သူ့ထက် အများကြီး ပိုပြီးတော့ နှံ့စပ်ပေသည်။

“ငါ မသိတာရှိရင်... ငါ့ကောင်မလေးကိုပဲ မေးလိုက်မယ်။”

“လီချင်းရန်ကို အားကိုးတာကလည်း ကိုယ့်ကိုယ်ကိုယ် အားကိုးတာမျိုးပဲ။”

“ဘာမှ မမှားဘူး...”

ချိုသာနူးညံ့သော အသံလေးတစ်ခု ထွက်ပေါ်လာ၏။

“ဆရာ... ရောက်လာပြီလား။”

သူ၏ လေသံထဲရှိ ချိုမြိန်မှုကြောင့် ချန်ဟွိုက်အန်သည် တစ်ယောက်ယောက်က သူ့ဦးနှောက် အထဲကို ပျားရည်များ လောင်းထည့်လိုက်သလို ခံစားလိုက်ရသည်။

“ချင်းရန်... ငါ အခုပဲ တိုက်ပွဲတစ်ခု ပြီးလာတာ။ မင်းရဲ့ အသိပညာကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ...”

ဟင်းလင်းပြင်ထဲမှ နက်ရှိုင်းသော အသံကြီးတစ်ခု ပဲ့တင်ထပ်သွားသည်။

[ တကယ်တော့ ဒီသခင်က မိစ္ဆာပေါင်း သောင်းခြောက်ထောင်ကို နှိမ်နင်းပြီးနောက် ခဏလောက် အနားယူနေတာ။ အဲဒါကြောင့် ငါ့တပည့်၏ တိုးတက်မှုကို လာစစ်ဆေးတာ...]

လီချင်းရန်၏ မျက်တောင်ရှည်လေးများမှာ လှုပ်ခတ်သွားပြီး မျက်ဝန်းထဲမှာ စိုးရိမ်ရိပ်များ ပြည့်နှက်သွားခဲ့သည်။

“ဆရာ... မိစ္ဆာတွေ အများကြီးကို နှိမ်နင်းရတာဆိုတော့ တော်တော် ပင်ပန်းနေမှာပေါ့။ ဒဏ်ရာတွေ ရခဲ့သေးလား။ အရင် အနားယူသင့်တာ မဟုတ်ဘူးလား။ ဒီသင်ခန်းစာကို မနက်ဖြန်မှ ဆက်ရင်ရော...”

“အဟမ်း... မလိုပါဘူး။”

ချန်ဟွိုက်အန်က ကိုယ်တိုင်ပြောတဲ့ လိမ်ညာမှုတွေကြောင့် အသက်ရှူမှားမလို ဖြစ်သွား၏။

“အကောင်းဆုံး အချိန်က အခုပဲ...”

“ချင်းရန်... ကျင့်ကြံခြင်းလောကမှာ လှည့်လည်သွားလာတဲ့အခါ ရန်သူ ဘယ်မှာရှိလဲဆိုတာကို မျက်ခြေပြတ်သွားတာမျိုး ကြုံရတတ်တယ်။ အထူးသဖြင့် ဝိညာဉ်တွေ ဖန်တီးထားတဲ့ ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေတဲ့အခါမျိုးပေါ့။”

“အဲဒီလို အခြေအနေမျိုးမှာ... သူတို့ ရှိနေတဲ့ နေရာကို မင်း ဘယ်လိုရှာမလဲ။”

လီချင်းရန်က ခေါင်းလေးစောင်းပြီး နှုတ်ခမ်းအောက်လေးကို ကိုက်လိုက်သည်။

“ဆရာ... အဲဒါက ကျွန်မဆီမှာတော့ ဖြစ်မှာမဟုတ်ဘူး။”

“အဲဒီလို ဝိညာဉ်တွေက အဆင့်နိမ့်တဲ့ သတ္တဝါတွေလေ။ သူတို့ရဲ့ ပုံရိပ်ယောင်တွေက ကျွန်မအပေါ် အလုပ်မဖြစ်နိုင်ပါဘူး။”

ချန်ဟွိုက်အန် - “…”

ဒီကောင်မလေးကတော့...

ဘယ်တုန်းကစပြီး ဒီလို ပြန်ပြောတတ်နေတာလဲ...

“မင်းက မေးခွန်းကို ဖြေရမှာ။ အခြေအနေကို ငြင်းနေရမှာ မဟုတ်ဘူး...”

“အဟမ်း... တကယ်လို့ မင်း ပိတ်မိသွားတယ်ပဲ ထားလိုက်။ အဲဒီအခါကျရင် သူတို့ကို ဘယ်လိုရှာမလဲ။”

[ တပည့်... အသေးအမွှား အရည်အချင်းလေးတွေတောင် အထွတ်အထိပ်ရောက်အောင် လေ့ကျင့်ထားရင် တန်ဖိုးရှိတယ်ဆိုတာ နားလည်ရမယ်။ အမှန်တရားနဲ့ ပုံရိပ်ယောင်ကို ခွဲခြားနိုင်တဲ့ စွမ်းရည်က အခြေခံအကျဆုံးပဲ... အဲဒါကို လျစ်လျူမရှုသင့်ဘူး... ]

လီချင်းရန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်၏။

“ဟုတ်ကဲ့... တပည့် အမှားကို နားလည်ပါပြီ။”

သူက အာရုံစိုက်လိုက်ပြီး ထိုသို့အခြေအနေမျိုးတွင် ရှိနေသလိုမျိုး စိတ်ကူးကြည့်လိုက်သည်။

သူ၏ မျက်တောင်ရှည်လေးများ ခတ်သွားပြီးနောက် မျက်လုံးသူငယ်အိမ်ထဲ အလင်းရောင်များ ထင်ဟပ်လာကာ တစ်ခုခုကို နားလည်သွားဟန်ရှိသည်။

“ဆရာ... ချုံရွှီဝိညာဉ်အမြင်ဆိုတဲ့ ပညာရပ်တစ်ခု ရှိပါတယ်။ စိတ်ဝိညာဉ်ချီစွမ်းအင်ကို သတ်မှတ်ထားတဲ့ သွေးကြောလမ်းကြောင်းအတိုင်း စီးဆင်းစေပြီးတော့ ပုံရိပ်ယောင်တွေကို ဖောက်ထွင်းမြင်နိုင်စေတာပါ။ ချီစုစည်းခြင်းအဆင့်မှာ အင်မတန် အသုံးဝင်ပါတယ်။”

ချန်ဟွိုက်အန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

“မဆိုးဘူး... ငါ့ကို သရုပ်ပြ။”

လီချင်းရန်က ထိုပညာရပ်ကို ရိုရိုသေသေဖြင့် လုပ်ပြလိုက်သည်။

သို့သော် ချန်ဟွိုက်အန်အတွက်ကတော့ သူ့ကို ကြည့်နေရုံနှင့်တင် မလုံလောက်ပေ။

“အင်း... ကောင်းတယ်။ ဒါပေမဲ့ ငါ ပိုပြီး အနီးကပ် မြင်ချင်တယ်။ မင်းရဲ့ သွေးကြောတွေထဲမှာ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ဘယ်လို စီးဆင်းသွားလဲဆိုတာကို အတိအကျပြ။”

လီချင်းရန် တောင့်ခဲသွား၏။

သူ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားတော့သည်။

“ဆရာ... အဲ... အဲဒါဆိုရင် ကျွန်မ... ကျွန်မရဲ့ ဝတ်ရုံကို... ချွတ်ရမှာလား...”

...

All Chapters