← Chapters

ဘာဆက်လုပ်ရမလဲ

Vol. 19 Ch. 185

ဘာဆက်လုပ်ရမလဲ

Vol. 19 Ch. 185

လေထု၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လင်းချန်၏မျက်လုံးများ ပွင့်လာသည်။

သရဲဈေး၏ အထက်မှ သွေးနီရောင် ကောင်းကင်ယံကြီးမှာ အက်ကွဲနေသော မှန်တစ်ချပ်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေ၏။

တစ်ချိန်က ဈေးတန်းတစ်ခုလုံးကို အသက်ရှူကျပ်စေခဲ့သည့် မိစ္ဆာစွမ်းအင်များမှာ ယခုအခါ တောက်လောင်နေသော နေမင်းအောက်မှ ဖယောင်းများကဲ့သို့ အရည်ပျော်ကျနေပြီ ဖြစ်သည်။

၎င်း၏ အထက်တွင်တော့ ထူးဆန်းပြီး ရူးသွပ်နေသော ရယ်မောသံကို ကြားလိုက်ရ၏။

“သန့်စင်စမ်း...”

“ဟားဟား... မင်းတို့အားလုံး သန့်စင်ခံလိုက်ကြစမ်း.........”

သုံးမီတာခန့် အကွာတွင်တော့ တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းလှသော အရိုးကြွေထည် မိန်းကလေးမှာ အသည်းအသန် ရုန်းကန်နေသည်။

သူ၏ ကြွေသားမျက်နှာမှာ အက်ကွဲနေပြီး အသည်းအသန် အော်ဟစ်ငိုကြွေးနေသော်လည်း လောင်ကျွမ်းနေသော မိစ္ဆာလက်သည်းကြီးတစ်ခု၏ ဆွဲခေါ်ခြင်းကို ခံနေရကာ ဟင်းလင်းပြင်ထဲ ပါသွားတော့သည်။ လေထုကြီးမှာ ကွဲအက်သွားပြီး နီကျင်ကျင် မြူခိုးများမှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွား၏။

ထို့နောက်တွင်တော့...

တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာသည်အထိ လင်းချန်မှာ ကြောင်အမ်းအမ်း ထိုင်နေမိသည်။

သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။ သရဲဈေးကြီး ပြိုကျပျက်စီး သွားပြီးသည့်တိုင်အောင် ထိုရယ်မောသံမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

“...ဘုရား... ဘုရား…”

သူက တုန်တုန်ယင်ယင်ဖြင့် တစ်ဝက်တစ်ပျက် ပျက်စီးနေသော ဆိုင်ခန်းထောင့်လေးထဲသို့ ကပ်ဝင်သွားသည်။

သူ၏ နှုတ်ခမ်းများမှာ တုန်ရီနေ၏။

“အဲဒီအရိုးကြွေထည်မိန်းကလေးနဲ့ကို တကယ် ကြောက်စရာ ကောင်းနေတာ...”

“ဒါတောင် သူက... ဒီအတိုင်းကြီး အဖမ်းခံလိုက်ရပြီး အမှုန့်ခြေခံလိုက်ရတာလား။ ပိုးကောင် တစ်ကောင်လေးလိုပဲ။”

“ကျင်းတဲမြို့ထဲမှာ ဘယ်လိုမျိုး သတ္တဝါကြီး ပုန်းနေတာလဲ။...”

သူက ဗိုလ်ချုပ်အဆင့် ဖြစ်သည်။

သူ၏ အစွမ်းမှာ အရင်းအမြစ်နှစ်ခုမှ လာခြင်း ဖြစ်သည်။

၁။ စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူခြင်း ပညာရပ်များဖြင့် အားဖြည့်ထားသော သူ၏ တိုးမြှင့်ထားသည့် ခန္ဓာကိုယ်။

၂။ သူ၏ နိုးထလာသော စွမ်းရည်ဖြစ်သည့် အဆိပ်ခန္ဓာပင်။

သူက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ သေစေနိုင်သော အဆိပ်အတောက်များကို ထုတ်လွှတ်နိုင်သည်။

သူ၏ လက်နက်များမှာလည်း အဆိပ်များ သုတ်လိမ်းထားပြီး ၎င်းတို့အတွက် ဖြေဆေးဟူ၍ လောလောဆယ်တွင် မရှိသေးပေ။

အကယ်၍ ရန်သူက အဆိပ်မိသွားလျှင် ရွေးချယ်စရာ သုံးခုသာ ရှိသည်။

• သေရန် စောင့်နေခြင်း။

• ရှန့်ရှောင်ယွမ်ကဲ့သို့ အဆိပ်ထုတ်ပေးနိုင်သော ဆေးကုသသူတစ်ဦးကို ရှာဖွေခြင်း။

• စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူခြင်း ကျင့်စဉ် အဆင့် ၃ (သို့မဟုတ်) ထိုထက်မြင့်သော ကျွမ်းကျင်သူတစ်ဦးက အဆိပ်ကို အတင်းအကျပ် နှင်ထုတ်ပေးခြင်း။

သူက ဗိုလ်ချုပ်အဆင့်များထဲမှာပင် အတော်လေး အစွမ်းထက်သောပြိုင်ဘက် ဖြစ်သည်။

သို့သော် မကြာသေးမီ နှစ်များအတွင်း စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူခြင်း ကျင့်စဉ်များ ထွန်းကားလာသည်နှင့်အမျှ ဗိုလ်ချုပ်အဆင့်မှာ ယခင်လောက် ဂုဏ်မရှိတော့ပေ။

ထိုသို့ဆိုသည့်တိုင်...

သူက ဗိုလ်ချုပ်အဆင့် အောက်ခြေနားတွင် ရှိနေလျှင်ပင် အနည်းဆုံးတော့ ပြန်တိုက်ခိုက် နိုင်သင့်သည် မဟုတ်ပါလား။

သို့သော် ထိုအရိုးကြွေထည်မိန်းကလေးနှင့် ယှဉ်လျှင် သူ လုံးဝကို အားကိုးရာမဲ့ ဖြစ်ခဲ့ရသည်။

အကယ်၍ အရိုးကြွေထည်မိန်းကလေးက ထိုမျှအထိ အစွမ်းထက်နေလျှင် အနည်းဆုံး တပ်မှူးအဆင့် ဖြစ်ရပေမည်။

ဒါဆိုရင် သူ့ကို အခုလေးတင် ဝါးမျိုသွားတဲ့ အရာက ဘာကြီးလဲ။

ဘုရင်အဆင့်လား။

ဒါမှမဟုတ် ပိုဆိုးတဲ့ ဧကရာဇ်အဆင့်လား။

စဉ်းစားလေလေ ပိုပြီး ထိတ်လန့်စရာ ကောင်းလာလေလေ ဖြစ်သည်။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ…

ထို ဘုရင် (သို့မဟုတ်) ဧကရာဇ်အဆင့် ဘီလူးကြီးမှာ အစာဝသွားပြီး သူ့လို “အားနွဲ့သော မိန်းကလေး”ကို လိုက်မဖမ်းတော့ရန်သာ ဖြစ်သည်။

သရဲဈေး လုံးဝပျောက်ကွယ်သွားပြီး ပျက်စီးနေသော လမ်းမကြီးသာ ကျန်ရစ်ခဲ့သောအခါ ဟွမ်ကူပေနှင့် မိစ္ဆာနှိမ်နင်းရေးသမားတို့က သူ့ကို နောက်ဆုံးတွင် ရှာတွေ့သွားကြသည်။

“မိန်းကလေးလင်း... တကယ်ကို အံ့သြစရာ ကောင်းတာပဲ...”

ဟွမ်ကူပေက အားကျသော မျက်နှာဖြင့် ပြေးလာခဲ့သည်။

“ဗိုလ်ချုပ်အဆင့် နှစ်ယောက်တောင် မနှိမ်နင်းနိုင်ခဲ့တဲ့ အရိုးကြွေထည်မိန်းကလေးကို ခင်ဗျား တစ်ယောက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်တာပဲ...”

သူက ထူးဆန်းသော စွမ်းအင်များ အားလုံး ကွယ်ပျောက်သွားကြောင်း နောက်ဆုံးအကြိမ် စစ်ဆေး အတည်ပြုလိုက်သည်။

သူ၏ ရိုသေလေးစားမှုမှာ ပို၍ပင် တိုးလာခဲ့သည်။

“အုပ်ချုပ်ရေးမှူးချန် ပြောတာ မှန်တယ်။ ခင်ဗျားရဲ့ ဆွေမျိုးတွေက တကယ် အသုံးမကျတဲ့ လူတွေပဲ။”

“မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ ခင်ဗျားလိုမျိုး တကယ့် စွမ်းအားရှင်တွေ ပိုလိုတယ်။ ခင်ဗျားရဲ့ ရာထူးနဲ့ တကယ့်စွမ်းရည်က အံကိုက်ပဲ...”

လင်းချန် - “…”

ဟမ်။ ဘယ်လိုကြီးလဲ။

သူ၏ ဦးလေးနှင့် ဝမ်းကွဲအပေါ်မှာ ခံစားချက်များ ရှုပ်ထွေးနေသည်မှာ မှန်သော်လည်း အခုချိန် ၎င်းတို့ကို နားထောင်ရန် လိုအပ်သည်လား။

ပြီးတော့...

သူ ဘာမှတောင် မလုပ်ရသေးဘူးလေ...

သို့သော် သူ ငြင်းခုန်နေရန် အချိန်မရှိပေ။

အကြောင်းမှာ သူ မြင်တွေ့ခဲ့ရသော အရာက သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်၍ပင်။

သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အာရုံစိုက်ရန် ကြိုးစားလိုက်သည်။

“ပြဿနာ အကြီးအကျယ် တက်နေပြီ။”

သူ၏ မျက်နှာထားမှာ တင်းမာသွား၏။

“သရဲဈေးကို ဖျက်ဆီးလိုက်တဲ့သူက ကျွန်မ မဟုတ်ဘူး။”

ဟွမ်ကူပေ ကြောင်သွားသည်။

“ဘာကို ဆိုလိုတာလဲ။”

“အဲဒါက တခြားသူ တစ်ယောက်ပဲ။ အများကြီး ပိုကြောက်ဖို့ကောင်းတဲ့ အရာတစ်ခု။”

သူ ထိုအဖြစ်အပျက်ကို ပြန်တွေးရင်း တုန်လှုပ်နေမိသည်။

“ကျွန်မ ကြားလိုက်တယ်... သူ ရယ်နေတာ။ “သန့်စင်စမ်း၊ သန့်စင်စမ်း”လို့ အော်နေတာ။”

“သူ့အသံက တောရိုင်းတိရစ္ဆာန်ကြီး တစ်ကောင်လိုပဲ။ ဟင်းလင်းပြင်ထဲကနေ လက်သည်းကြီး တစ်ခု ထွက်လာပြီး အရိုးကြွေထည်မိန်းကလေးကို ဒီအတိုင်းပဲ ဖမ်းဆုပ်ပြီး ဆွဲခေါ်သွားတာ။”

“သူ ဝါးမျိုခံလိုက်ရပြီဆိုတာကို ကျွန်မ အသက်နဲ့ ရင်းပြီး အာမခံရဲတယ်။”

၎င်းကို တွေးမိရုံနှင့်တင် သူ၏ ဆံပင်များ ထောင်လာခဲ့သည်။ ဝိညာဉ်တစ်ခုက တခြားအရာ တစ်ခုကို ကြောက်လန့်နေခြင်းမျိုး သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“...ဒီမြို့ထဲမှာ အဲဒီထက် ပိုဆိုးတဲ့အရာ ပုန်းနေသေးတာလား။”

ဟွမ်ကူပေ မျက်နှာဖြူဖျော့သွား၏။

သူ့ကျောပြင်မှာ ချွေးအေးတွေ ပျံလာသည်။ တခြား မိစ္ဆာနှိမ်နင်းရေးသမားများလည်း အလွန် စိုးရိမ်ထိတ်လန့်သွားသည်။ တချို့ဆိုရင် အလုပ်မှ ချက်ချင်းထွက်ရန် စဉ်းစားနေကြပုံရသည်။ အကယ်၍ အခြေအနေများက ထိုထက်ပိုဆိုးလာလျှင် ထိုအလုပ်က အသက်နှင့် လဲရလောက်အောင် မတန်တော့ပေ။

“နေပါဦး။ ချန်ဟွိုက်အန်...”

လင်းချန် ရုတ်တရက် တစ်ခုခုကို သတိရကာ အော်လိုက်သည်။

“သူ အရိုးကြွေထည် အပျက်အစီးတွေထဲကို ဝင်သွားတာ မဟုတ်လား။”

“တကယ်လို့ အရိုးကြွေထည်မိန်းကလေးထက် ပိုအစွမ်းထက်တဲ့အရာ ရှိနေရင် အဲဒီအပျက်အစီးတွေထဲမှာ ပုန်းနေမှာ သေချာတယ်...”

“သူ့ကို ချက်ချင်း သတိပေးရမယ်။ အမြန်ဆုံး ထွက်လာဖို့ ပြောရမယ်...”

“ကျွန်မတို့ နောက်မကျသေးဖို့ ဆုတောင်းရမှာပဲ။”

ချန်ဟွိုက်အန်က ဝိညာဉ်ပေါင်း ၉၉၏ အသွေးအသားများကို သန့်စင်ကာ စုပ်ယူပြီးပြီ ဖြစ်သည်။

ကျန်ရှိနေသော မိစ္ဆာစွမ်းအင်များမှာ အပြည့်အဝ မဖြေရှင်းနိုင်သေးဘဲ သူ၏ အရေပြားပေါ်မှ ပျစ်ချွဲသော မင်နက်များကဲ့သို့ စီးကျနေ၏။

သူက ဟင်းလင်းပြင်ထဲ လက်လှမ်းပြီး အရိုးကြွေထည်မိန်းကလေးကို ဆွဲထုတ်လိုက်သည်။

လက်တစ်ဖက်က သူ၏ ဦးခေါင်းခွံကို ဖမ်းဆုပ်ထား၏။

“ဝိညာဉ်... မင်းက ငါ့အတွက် ဖြစ်လာဖို့ ကံပါလာတာပဲ။”

သူ့မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာ၏။

“ဂုဏ်ယူလိုက်စမ်းပါ။ မင်းက ငါ့ရဲ့ ကျင့်စဉ်အတွက် အထောက်အကူ ဖြစ်လာတော့မယ်...”

အရိုးကြွေထည်မိန်းကလေးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကြွေသားခန္ဓာကိုယ်မှာ ပါးလွှာပြီး ထက်မြက်သော အစိပ်အပိုင်းများအဖြစ် ကွဲအက်သွားတော့သည်။

သို့သော် ထိုအစိပ်အပိုင်းများမှာ...

လင်းချန်ကို အပိုင်းပိုင်း ပြတ်သွားအောင် လုပ်နိုင်ခဲ့သည့် အစိပ်အပိုင်းများမှာ...

ချန်ဟွိုက်အန်၏ မာကျောနေသော အရေပြားပေါ်တွင်တော့ ဖြူဖျော့ဖျော့ အစင်းကြောင်းလေးများကလွဲ၍ ဘာမှ မလုပ်နိုင်ပေ။

သူ နောက်ဆုံးတွင် အမှန်တရားကို သိသွားတော့သည်။

“ရှင်... ရှင်က ဘာကြီးလဲ။...”

“ရှင်က ဘာကောင်ကြီးလဲ။...”

သူက အဆုံးစွန်သော ထိတ်လန့်မှုဖြင့် ရုန်းကန်နေ၏။

ထို“လူသား”ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါက သူ့ထက်တောင် ပိုပြီး မိစ္ဆာဆန်နေသည်။ သူ ကြုံဖူးသမျှ ဝိညာဉ်များထက် ပိုသန်မာသည်။ တကယ့် မိစ္ဆာများထက်ပင် ပိုကြောက်စရာ ကောင်းနေသည်။ အရာအားလုံးကို စုပ်ယူပစ်မည့် အဆုံးမရှိ တွင်းနက်ကြီး တစ်ခုကဲ့သို့ပင်။ ဝိညာဉ် အားလုံးကို ဝါးမျိုပစ်မည့် ငတ်မွတ်နေသော ပါးစပ်ကြီး တစ်ခုလိုပင်။

ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်သည်။

“ငါက ဘာလဲ ဟုတ်လား။”

ခဏတာမျှ သူ၏ အတွေးများမှာ ဝေဝါးသွား၏။

သူက စွမ်းအားများ တိုးလာသော ပျော်ရွှင်မှုထဲ နစ်မျောနေမိခြင်းပင်။

ထို့နောက် ရုတ်တရက် သတိပြန်ဝင်လာပြီး သူ၏ကျောကို မတ်လိုက်ကာ လက်တစ်ဖက်ကို ခါးထောက်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။

“ငါက အတုမရှိ အချောမော်ဆုံးနဲ့ တစ်လောကလုံးရဲ့ အချစ်တော်၊ဒဏ္ဍာရီလာ လင်းချန်ပဲ...”

အရိုးကြွေထည်မိန်းကလေး - “...”

“စကားတွေ အများကြီး ပြောမနေနဲ့တော့။ ငါ့ရဲ့ အခြေခံ စွမ်းအင်တွေ ဖြစ်လာဖို့ အချိန်ကျပြီ...”

သူ၏ လက်က ပို၍ တင်းကျပ်သွား၏။

ဝိညာဉ် တစ်ခုသာ ကျန်တော့သည်။

နောက်ထပ် တစ်ခုပင်။

ထိုသို့ဆိုလျှင် သွေးပိုးအိမ် သန့်စင်ခြင်း ပထမအဆင့် ပြီးဆုံးပေတော့မည်။

ပြီးလျှင် ဒုတိယအဆင့်ဖြစ်သော အရိုးတစ်ရာပဲ့တင်ထပ်ခြင်းကို ဆက်သွားနိုင်ပြီ ဖြစ်သည်။

“ပိုပြီး သန်မာရမယ်။ ငါ ပိုပြီး သန်မာမှ ဖြစ်မယ်။”

“ချင်းရန်လေးရေ... မင်း ငါ့ရှေ့မှာ ရှုံးနိမ့်ပြီး ငိုချင်းသီရတော့မယ်။ ဟဲဟဲဟဲဟဲ...”

သူ၏ လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်ရုံဖြင့် အရိုးကြွေထည်မိန်းကလေး၏ ဦးခေါင်းခွံမှာ ခွက်ခနဲ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့သည်။

သူ၏ အနှစ်သာရများမှာ အရည်ပျော်သွားပြီး ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။

နောက်ဆုံးဝိညာဉ်ကို စုပ်ယူပြီးသွားသောအခါ ကျေနပ်ဖွယ်ကောင်းသော စွမ်းအားလှိုင်းတစ်ခု သူ့တစ်ကိုယ်လုံး စီးဆင်းသွားတော့သည်။

သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး ကြွက်သားများမှာ ကျုံ့ဆန့်ကာ အရိုးများမှာလည်း တဂျွတ်ဂျွတ် မြည်လာတော့သည်။

သို့သော် ထိုအချိန်မှာပင် သူ့စိတ်များက မငြိမ်မသက် ဖြစ်နေ၏။

“တောက်... ငါ အခုထိ စွမ်းအင်တွေ အရမ်းလျှံနေတုန်းပဲ။”

မည်သည့်နေရာတွင် သွားထုတ်ရမှန်း မသိတော့သဖြင့် သူက နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။

ဘုန်း...

အခန်းတစ်ခုလုံး တုန်ခါသွား၏။

ထို့နောက် သူ ထပ်ထိုးပြန်သည်။

ထပ်ခါထပ်ခါ ထိုးနေ၏။ အပျက်အစီးကြီးတစ်ခုလုံး တုန်ခါသွားသည်အထိပင်။

အပြင်ဘက်တွင်တော့ ရှန့်ရှောင်ယွမ်နှင့် ကျောက်ရင်းတို့ ကြောင်ကြည့်နေကြ၏။

“ဘာမိစ္ဆာစွမ်းအင်မှလည်း မတွေ့ရဘူး... ဒါဆို ဘာလို့ ဒီလောက် တုန်ခါနေတာလဲ။”

ကျောက်ရင်းက မျက်မှောင်ကြုတ်လိုက်သည်။

“...သူ လယ်ထွန်နေတာများလား။”

ဝေဝါးနေသော ဒရုန်းရုပ်သံအရ ၎င်းမှာ ဖြစ်နိုင်ခြေ ရှိနေသည်။

အပျက်အစီးများထဲတွင်တော့ လက်သီးချက်ပေါင်း တစ်ရာလောက် ထိုးပြီးသည့်တိုင် မလုံလောက်သေးပေ။

“ငါ နောက်ထပ် ဘာလုပ်နိုင်ဦးမလဲ...”

ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် သူ၏ ခန္ဓာကိုယ်မှာ ဗီဇအရ လှုပ်ရှားလိုက်သည်။

ချန်ဟွိုက်အန် ဖုန်းကို ထုတ်ပြီး ဖွက်ထားသော ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်သည်။

အချို့သော ပုံများကို စိုက်ကြည့်လိုက်ပြီးနောက်တွင်တော့ အခြားလက်တစ်ဖက်က ခါးပတ်ကို ဗြုတ်ခနဲ ဆွဲဖြုတ်လိုက်တော့သည်။

...

All Chapters