နေဦး... မင်းရဲ့ဆရာကို အနားပေးကပ်
Vol. 19 Ch. 189
လျိုရှားတောင်ထွတ်တွင် ခရမ်းရောင်မြူခိုးများ အရှေ့ဘက်မှ လွင့်မျောလာ၏။
စိတ်နှစ်ကာ တရားထိုင်နေသော တပည့်များ ထိတ်လန့်တကြား နိုးလာကြပြီး တောင်ထွတ်တွင် ဝေ့ဝဲနေသော ခရမ်းရောင် အရှိန်အဝါများကို အံ့သြမှင်သက်စွာ စိုက်ကြည့်နေကြသည်။
ရှုအန်က အရက်ခွက်ကို တစ်ငုံသောက်လိုက်ပြီး ခါးသီးသော အပြုံးဖြင့် သက်ပြင်းချလိုက်သည်။ “အဲဒီ ဂျူနီယာညီမကတော့ တကယ့်ကို ရူးလောက်စရာပဲ။ သူ ဓားကျောင်းတော်ကို ရောက်တာ ဘယ်လောက် ရှိသေးလို့လဲ။ ဒါက သူရဲ့ တတိယအကြိမ်မြောက် ဉာဏ်အလင်းပွင့်ခြင်းလား။”
တောင်ခြေတွင်တော့ ယွဲ့ချန်ချီသည် သစ်ပင်ထိပ်တွင် ပက်လက်လှန်လျက် မိုးပေါ်မှ ကြည်လင်သော လမင်းကြီးကို ငေးကြည့်နေမိသည်။ သူ၏ ပါးစပ်မှ မြက်ပင်လေးမှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး သူက ရေရွတ်လိုက်သည်။ “အာ... ဒီအောက်က ဖုန်းရွှေတွေပဲ မှားနေတာလား။ ဒါမှမဟုတ် ငါကပဲ အရည်အချင်း မရှိတာလား။ မဟုတ်ပါဘူး... ဒါက လီချင်းရန်က ပါရမီပါလို့ပဲ နေမယ်။ ပြီးတော့ သူရဲ့ဆရာကလည်း သေသေချာချာ သင်ပေးလို့ ဖြစ်ရမယ်...”
ယွဲ့ချန်ချီက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဓားပျံပေါ်သို့ ခုန်တက်ကာ ဂိုဏ်းချုပ်နန်းဆောင် ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ဒီနေ့တော့ စုချီနျန် ငါ့ကိုပါ ဉာဏ်အလင်းပွင့်အောင် လုပ်ပေးရမယ်။ မလုပ်ပေးမချင်း သူ့တံခါးရှေ့မှာပဲ စခန်းချနေတော့မယ်...
“တပည့် ချင်းရန်က ဆရာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်...”
လီချင်းရန်၏ မျက်ဝန်းများမှာ ပြတ်သားသော စိတ်ဓာတ်များဖြင့် တောက်ပနေပြီး သူ လက်ဖဝါးပေါ်ရှိ လွင့်မျောနေသော မျက်နှာကို အရိုအသေပေးလိုက်သည်။
“ကျွန်မ အခုဆိုရင် အခြေခံအုတ်မြစ်အဆင့်ရဲ့ အစွန်အဖျားကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ ကျုံးကျိုးလျှို့ဝှက်နယ်မြေ မပွင့်ခင်မှာ ကျွန်မ ကျိန်းသေပေါက် အောင်မြင်အောင် လုပ်ဆောင်ပါ့မယ်...”
ဒါတွေအားလုံးက ဆရာကြောင့်ပဲ...
ဆရာရဲ့ လမ်းညွှန်မှုတွေသာ မရှိရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ပါ့မလဲ။
အဲဒီလိုသာဆိုရင် ဆရာရဲ့ စမ်းသပ်မှုတွေကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သင့်တယ်။
ချန်ဟွိုက်အန်က အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲမှာတော့ မေးခွန်းသင်္ကေတများစွာဖြင့် ဗရုတ်ဗရက် ဖြစ်နေ၏။
ငါ ဘာတွေများ ပြောမိလို့ လီချင်းရန်က ဉာဏ်အလင်းတွေ ဒီလောက်တောင် ပွင့်နေရတာလဲ။ နှစ်ယောက်လုံးမှာ လူသားဦးနှောက်ပဲ ရှိတာကို ဘာလို့ သူက ဉာဏ်အလင်းပွင့်ပြီး ငါကတော့ ချီသန့်စင်ခြင်း တတိယအဆင့်မှာပဲ သောင်တင်နေရတာလဲ...
ထိုစဉ်မှာပင် လီချင်းရန်က သူ၏မေးခွန်းကို စတင်စဉ်းစားနေပြီး အဖြေတစ်ခုကို အမြန်ဆုံး ထုတ်ပေးလိုက်သည်။
“ဆရာ... ကျွန်မ နဂါးရှာဖွေလမ်းညွှန်ဆိုတဲ့ ပညာရပ်တစ်ခုကို သိပါတယ်။”
“အဲဒါက ကျွန်မ ချင်းယွန်ဂိုဏ်းမှာ သင်ခဲ့တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပါ။ အစကတော့ နဂါးသွေးကြောတွေကို ရှာဖွေဖို့ သုံးတာဖြစ်ပြီးတော့ နဂါးရှာဖွေနံ့သာနဲ့ တွဲသုံးရတာပါ။ ဒါပေမဲ့ ကျွန်မ အဲဒါကို နည်းနည်း ပြုပြင်ထားတယ်။ အဲဒါကြောင့် ရန်သူတွေကို နောက်ယောင်ခံလိုက်ဖို့ သုံးလို့ရသွားပြီ။ အကောင်းဆုံးအချက်ကတော့ ဘာအထူးပစ္စည်းမှ မလိုတာပဲ...”
သူ ပြောနေစဉ် လေသံထဲ၌ ဂုဏ်ယူမှုအချို့ ပါဝင်နေ၏။
သို့သော် ချန်ဟွိုက်အန်၏ အကြည့်အောက်တွင် သူ အမြန်ပင် ခေါင်းငုံ့လိုက်ပြီး နားနောက်သို့ ဝဲကျနေသော ဆံနွယ်လေးကို သပ်လိုက်သည်။
“ကျွန်မ... ကျွန်မက နည်းနည်းပဲ ပြုပြင်လိုက်တာပါ။ ဆရာ့လိုမျိုး ပညာရပ်အသစ်တွေကို အစကနေ ဖန်တီးနိုင်တဲ့ ကျင့်ကြံသူကြီးနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး... ဒါပေမဲ့ ဆရာလို ဖြစ်လာအောင် ကျွန်မ ကြိုးစားပါ့မယ်...”
ချန်ဟွိုက်အန် - “…”
တကယ်တမ်း လူချင်းတွေ့ကြလျှင် သူ မည်သို့ ရှင်းပြရမည်ကို တကယ်ပင် စိုးရိမ်လာမိသည်။ သို့သော် ယခု အချိန်တွင်တော့ လူကြီးလူကောင်းပုံစံကို ဖျက်၍ မရသေးပေ။ သူက အပိုများ ဆက်ပြောနေရုံကလွဲ၍ ရွေးချယ်စရာ မရှိပေ။
သူက နူးညံ့စွာ ပြုံးလိုက်ပြီး ပညာရှိပုံစံဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ ကျွမ်းကျင်မှု အဆင့်အတန်းက မင်း အလွယ်တကူ ကျော်တက်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းမှာ သင်ယူဖို့တွေ အများကြီး ကျန်သေးတယ်။”
“ကဲ... မင်းရဲ့ ဒီလျှို့ဝှက်ကျင့်စဉ်ကတော့ အလားအလာ ရှိတဲ့ပုံပဲ။ ဒါပေမဲ့ မင်းကိုယ်တိုင် ပြုပြင်ထားတာတွေဆိုတော့ ဟာကွက်တွေ ရှိနိုင်တယ်။ ဘယ်လို အလုပ်လုပ်သလဲဆိုတာ ငါ့ကို ပြ။ မင်းအတွက် စစ်ဆေးပေးမယ်။”
“ဟုတ်ကဲ့ပါ ဆရာ။”
လီချင်းရန်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ လက်ချောင်း ကလေးများဖြင့် ဝတ်ရုံ၏ ခါးစည်းကြိုးကို ချိတ်လိုက်ပြီး အသာအယာ ဆွဲဖြုတ်လိုက်၏။
ပိုးသားဝတ်ရုံမှာ လရောင်တွေ စီးကျလာသလိုမျိုး ပုခုံးပေါ်မှ လျှောကျသွားတော့သည်။
သူ၏ မင်နက်ရောင် ဆံနွယ်ရှည်များမှာ ကျောပေါ်သို့ နက်မှောင်စွာ ဝဲကျလာပြီး လေထုထဲတွင် နူးညံ့သော ရနံ့များဖြင့် ပြည့်နှက်သွား၏။ နောက်ကွယ်မှ ပန်းချီကားချပ်မှာလည်း သူ၏ ရနံ့ကြောင့် လှုပ်ခတ်သွားသလိုပင်။
နှင်းဖြူသားပေါ်တွင် ထွင်းထုထားသော ဓားအိမ်တစ်ခုကဲ့သို့ပင် ဖြောင့်စင်းလှသော သူ၏ ပုခုံးအောက်နား ကျောရိုးလေးပေါ်တွင် မှည့်လေးတစ်လုံး ရှိနေသည်။ ကျောက်စိမ်းစာလိပ်ပေါ်မှ မင်စက်လေး တစ်စက်ကဲ့သို့ပင်။ သူ ဆံပင်များကို ပြင်ရန် လက်မြှောက်လိုက်သောအခါ ထိုမှည့်လေးမှာ ဖယောင်းတိုင်အလင်းအောက်တွင် လှုပ်ခတ်သွား၏။
ချန်ဟွိုက်အန် ကြောင်အမ်းသွားရသည်။ လီချင်းရန်က ထိုမျှအထိ ပွင့်လင်းလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။
ဒီကောင်မလေး...သူ မရှက်ဘူးလား။
ဝတ်ရုံမှာ သူ၏ ခါးမှတစ်ဆင့် လျှောကျသွားပြီး တင်ပါးအကွေးအဝိုက်တွင် ကပ်တင်နေရုံမျှသာ ရှိတော့သည်။ သူ၏ သွယ်လျသော လက်မောင်းလေးများဖြင့် ပုခုံးကို ပွတ်သပ်ကာ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
ကြွေသားကဲ့သို့ ဖြူစင်သော လည်ပင်းလေးမှာ ပန်းနုရောင် သန်းလာပြီး အရုဏ်ဦး အလင်းရောင်ကဲ့သို့ နွေးထွေးသော အရှိန်အဝါလေး စီးကျလာသည်။ သူ၏ အေးမြသော လက်ချောင်းလေးများက နီရဲနေသော နားသယ်စပ်ကို တို့ထိလိုက်သော်လည်း ရှက်သွေးများမှာ လက်ချောင်းများကြားမှ လွတ်ထွက်ကာ ပါးပြင်ပေါ်သို့ တက်လာတော့သည်။
သူ ရှက်နေတာပဲ။
ချန်ဟွိုက်အန် သိနိုင်သည်။ သူက အောင့်အည်းထားခြင်းသာ ဖြစ်သည်။
“ဆရာ... ကျွန်မ အခု နဂါးရှာဖွေလမ်းညွှန်ရဲ့ သွေးကြောစီးဆင်းပုံကို ပြပါ့မယ်...”
သူ၏ နုနယ်သော အသံလေး အရှေ့ဘက်မှ ထွက်ပေါ်လာ၏။
လီချင်းရန်က ခေါင်းငုံ့ထားဆဲဖြစ်ပြီး လက်များကို ဘေးတွင် ချထားကာ သူ၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ရီနေသည်။
ပြတင်းပေါက်နားရှိ ကြေးမုံပြင်ပေါ်တွင် မြူခိုးများ ဖုံးလွှမ်းသွားကာ သူ၏ ပုံရိပ်ကို ကွယ်ပျောက်သွားစေသည်။
သူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းလေးတစ်ချက် ချလိုက်၏။
ထိုစဉ် သူ၏ နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ခဏနေဦး...”
“ငါ့ရဲ့ အခုပုံစံက အမြင်အာရုံကို ထိခိုက်စေနိုင်လို့... မင်းရဲ့ ဆရာကို အနားကပ်ခွင့်ပေးဦး...”
လီချင်းရန် - “…”
သူ၏ နောက်ကျောဘက်မှ အဝတ်အစားများ လှုပ်ရှားသံသဲ့သဲ့ကို ကြားလိုက်ရ၏။
ထို့နောက် သူ ခံစားလိုက်ရသည်။ ဆရာ၏ အသက်ရှူသံပင်။
နွေးထွေးလှ၏။
သူ၏ ခါးအောက်ပိုင်း အကွေးအဝိုက်ကို လာရောက် ထိတွေ့နေရာ အရေပြားပေါ်တွင် ကြက်သီးများ ဖြန်းခနဲ ထသွားသည်။ သူ၏ နှလုံးသားလေး တုန်ခါသွားပြီး မျက်ဝန်း ထောင့်လေးများမှာ နီမြန်းလာသည်။ မျက်တောင်ရှည်များက တုန်ရီနေပြီး သူ၏ အသက်ရှူသံကြောင့် ဖြစ်ပေါ်လာသော မြူခိုးများကို ဖမ်းယူထားသလိုပင်။
လက်ချောင်းလေးများက ဝတ်ရုံ၏ ခါးစည်းကြိုးကို တင်းတင်းဆုပ်ထား၏။
ဖောက်...
ဖယောင်းတိုင်မီး ဖောက်ခနဲ မြည်သံကြောင့် သူ ထိတ်လန့်သွားရသည်။
“ဆရာ”ဆိုသည့် စကားလုံးမှာ သူ၏ လည်ချောင်းထဲ တစ်နေပြီး အသံမှာလည်း တုန်ရီနေ၏။
သူက နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားလိုက်သည်။ နောက်ဆုံးတွင်တော့ သူ ခက်ခက်ခဲခဲ စကားပြောနိုင်လိုက်သည်။ “...ကျွန်မတို့... အခု စလို့ ရပြီလား။”
“စလိုက်တော့။”
နဂါးရှာဖွေလမ်းညွှန်၏ သွေးကြောလမ်းကြောင်းမှာ ချုံရွှီဝိညာဉ်အမြင်ထက် အဆပေါင်းများစွာ ပိုမို၍ ရှုပ်ထွေးနက်နဲလှသည်။
ထိုပညာရပ် ကိုယ်တိုင်က အဆင့်မြင့်မားနေ၍ ဖြစ်နိုင်သလို လီချင်းရန်က ကိုယ်တိုင် ပြုပြင် မွမ်းမံထားသဖြင့် စနစ်မကျသလို ဖြစ်နေ၍လည်း ဖြစ်နိုင်သည်။
သူ ပြသသည်ကို ၇ကြိမ်၊ ၈ကြိမ်ခန့် ကြည့်ပြီးသည့်တိုင် ချန်ဟွိုက်အန်မှာ လမ်းပျောက်နေဆဲပင်။
ထို့ကြောင့် သူက လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားလိုက်သည်။
ထို့အပြင် ဖြစ်နိုင်ခြေ နောက်တစ်ခုမှာ သူ၏ လက်ရှိ အခြေအနေက ပညာရပ်များကို လေ့လာရန်အတွက် လုံးဝ မသင့်တော်၍လည်း ဖြစ်နိုင်ပေသည်။
“ဆရာ... နှာခေါင်းသွေးတွေ ထွက်နေတယ်...”
လီချင်းရန်က အဝတ်အစားများကို သေသေချာချာ ပြန်ဝတ်ပြီးနောက် လှည့်ကြည့်လိုက်ရာ ချန်ဟွိုက်အန်၏ နှာခေါင်းမှ သွေးများ စီးကျနေသည်ကို မြင်ပြီး လန့်အော်လိုက်မိ၏။
သူက ဗီဇအရပင် လက်ကို ဆွဲကိုင်ကာ အနီးကပ် စစ်ဆေးပေးလိုက်သည်။
မမျှော်လင့်ဘဲ ချန်ဟွိုက်အန်၏ နှာခေါင်းမှ သွေးများမှာ ပို၍ ပန်းထွက်လာတော့သည်။
လီချင်းရန် တုံ့ဆိုင်းသွားပြီးနောက် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
ဆရာရဲ့သွေး။ ချိုလိုက်တာ... သံဓာတ်နံ့တောင် သိပ်မရဘူး။
အဟမ်း...
“တ...တပည့်၊ တော်လောက်ပြီ...”
ချန်ဟွိုက်အန်က ထိုနေရာမှာတင် သေသွားတော့မတတ် ခံစားလိုက်ရသည်။
သူ အသည်းအသန် အော်ပြောလိုက်၏။ “အဲဒီမိစ္ဆာကြီးက လာတိုက်ခိုက်နေပြီ။ အဲဒါကြောင့် ငါ့နှာခေါင်း သွေးထွက်သွားတာ။ ဒီနေ့အတွက် ဒီမှာတင် ရပ်ကြတာပေါ့။ ငါ သူ့ကို သွားပြီးတော့ ထိုးကြိတ်လိုက်ဦးမယ်...”
ထိုအချိန်တွင်ပင် သူ၏ တကယ့်လက်တွေ့ခံစားမှုအချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချန်ဟွိုက်အန်က ဂိမ်းထဲမှ ချက်ချင်း ထွက်လိုက်သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
သူ၏ မျက်နှာအစိတ်အပိုင်းများပါဝင်သော လက်မှာ လီချင်းရန်၏ လက်ထဲမှ ပျောက်ကွယ် သွားတော့သည်။
အချိန်အတော်ကြာသည်အထိ လီချင်းရန်က ငြိမ်သက်စွာဖြင့် ငေးငိုင်နေမိသည်။
ထို့နောက် ဖြည်းညင်းစွာပင် ကုတင်ပေါ်သို့ ပြန်တက်ကာ ဒူးကို ရင်ဘတ်အထိ ကပ်ထားလိုက်သည်။ ဖားလျားချထားသော ဆံနွယ်များမှာ ပုခုံးပေါ်တွင် လိုက်ကာတစ်ခုကဲ့သို့ ဖုံးအုပ်နေသည်။
ဖယောင်းတိုင်မီးမှာ တုန်ခါနေပြီး အရိပ်နှစ်ခုကို ထင်ဟပ်စေသည်။ တစ်ခုက ကုတင်အစွန်းတွင် ကွေးကွေးလေးဖြစ်နေပြီး နောက်တစ်ခုက သူ၏ ကွေးထားသော ခြေထောက်များပေါ်သို့ ကျရောက်နေ၏။
“ငါ ဆရာကို တွေ့ချင်တယ်...”
သူက ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ၏ ခါးတွင် ချိတ်ထားသော အနက်ရောင် ကျောက်စိမ်းပြားလေးကို ကိုင်လိုက်သည်။ ၎င်းမှာ ဆွဲသီးအဖြစ် ဟန်ဆောင်ထားသော သူ၏ ကိုယ်ပိုင်ဝိညာဉ်ရတနာတစ်ခုပင်။
သူက စိတ်ဝိညာဉ်ချီစွမ်းအင်များ ထည့်သွင်းလိုက်သောအခါ ကျောက်စိမ်းပြား၏ နောက်ကျောဘက်တွင် တောက်ပနေသော ဂဏန်းတစ်ခု ပေါ်လာ၏။
၃၅...
သူ၏ ရင်းနှီးမှုအမှတ်ပင် ဖြစ်သည်။
“ဒါပေမဲ့... ဝေးနေတုန်းပဲ ထင်တယ်...”
သူ၏ သက်ပြင်းသံလေးမှာ လရောင်ထဲတွင် ပျော်ဝင်သွားတော့သည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးမှာ ညဦးလေပြေတွင် တုန်ခါနေသည်။ ဖယောင်းစက်လေးတစ်ခုမှာ သူ့ဘေးရှိ တစ်ဝက်သာ ပြီးနေသော အမွှေးနံ့သာအိတ်လေးပေါ်သို့ ကျသွားသည်။
“ထာဝရအတူတူ” ဆိုသည့် စာလုံးကို ပန်းထိုးထားသော ပိုးချည်မျှင်မှာ နောက်တစ်ကြိမ် ထပ်မံ ပြတ်တောက်သွားပြန်သည်။
[လီချင်းရန်၏ ရင်းနှီးမှုအမှတ် - ♥၃၅]
[ ကျေးဇူးပြု၍ ဆက်လက်ကြိုးစားပါ။ တစ်ကြိမ်သုံး တကယ့်လက်တွေ့ခံစားမှု လက်အိတ် သက်တမ်းကုန်ဆုံးသွားပါပြီ ]
“အဟက်...မိုက်တယ်။”
ချန်ဟွိုက်အန်က စီးကျနေဆဲဖြစ်သော နှာခေါင်းသွေးများကို သုတ်လိုက်ရင်း ခါးသီးစွာ ရယ်မောလိုက်သည်။
“ဒါက တကယ့်ကို အချစ်ဂိမ်း ဆော့နေရသလိုပဲ...”
သူ၏ မျက်နှာ မည်းမှောင်သွား၏။
လခွမ်းတဲ့မှ... အကုန်လုံး သွေးတွေချည်းပဲ...
သူက မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးဟောင်း ချန်ထားခဲ့သော အားဆေးများကို အလကား ရသည်ဆိုကာ အတင်း သောက်ခဲ့မိသည်။ ယခု ကြည့်ရသည်မှာ သူ အသောက်များသွားပြီ ထင်ရ၏။
“အစီအစဉ်တွေ အကုန်လုံး အဆင်သင့်ဖြစ်ပြီ... နောက်ဆုံး တွန်းအားတစ်ခုပဲ လိုတော့တယ်။”
မလိုအပ်သော အတွေးများကို ဖယ်ထုတ်လိုက်ရင်း သူက ဂါထာတစ်ပုဒ်ကို ရေရွတ်လိုက်၏။
အခုချိန်က စိတ်လေနေရမယ့် အချိန်မဟုတ်ဘူး။ အရေးကြီးဆုံး တာဝန်က သန်းခေါင်ယံ မတိုင်ခင်မှာ နဂါးရှာဖွေလမ်းညွှန်ကို ကျွမ်းကျင်အောင် လုပ်ဖို့ပဲ။
....