← Chapters

စစ်ချီခြင်း

Vol. 30 Ch. 439

စစ်ချီခြင်း

Vol. 30 Ch. 439

~နင်ချီသည် သိုင်းသူတော်စင်များ၏ ဂါရဝပြုမှုကို တည်ငြိမ်စွာ လက်ခံယူလိုက်သည်။

ဒီနေ့ တိုက်ပွဲတွင် သူသည် အမှန်တကယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အကယ်၍ သူသာ တစ်ယောက်တည်း ရန်သူ သုံးယောက်ကို ရင်ဆိုင်ပြီး ကောင်းကင်သတ် သိုင်းသူတော်စင် တို့ `(၃)` ဦးလုံးကို သုတ်သင်ပစ်ခြင်း မပြုခဲ့ပါက၊ သိုင်းကမ္ဘာသည် နိဂုံးချုပ်သွားနိုင်ပြီး၊ ရှိသမျှ သိုင်းသူတော်စင် အားလုံးလည်း သေဆုံးသွားနိုင်ပေသည်။

ဤသည်မှာ အသက်ကယ် ကျေးဇူးကြီးပင်။

သိုင်းသူတော်စင် အားလုံး ဤအချက်ကို ကောင်းကောင်း နားလည်ကြသဖြင့် နင်ချီ့ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။

တာအိုဆရာ လုံရှန်း နှင့် အခြားသူများကတော့ နင်ချီ့ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေကြ၏။ အထူးသဖြင့် တာအိုဆရာ လုံရှန်းသည် လွန်ခဲ့သော `(၁၀)` နှစ်ကျော်က မီးပင်လယ်ထဲမှ မြင်ကွင်းကို ပြန်မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထူးကဲသော ပါရမီရှင် တပည့် တစ်ယောက်ကို သူ ဘယ်လို အရည်အချင်းမျိုးနှင့် လက်ခံရယူခဲ့မိသလဲ ဆိုတာကို သူ ကိုယ်တိုင်ပင် မစဉ်းစားတတ်တော့။

"အားလုံးပဲ... မတ်တတ်ရပ်ကြပါ ခင်ဗျာ"

နင်ချီ တည်ငြိမ်စွာ ပြောလိုက်သည်။

သူ လူအုပ်ကြီးကို စစ်ဆေးကြည့်လိုက်သည်။

လာတုန်းကနှင့် ယှဉ်လျှင် လူ `(၃၀)` ကျော် ပျောက်ဆုံးနေပြီ ဖြစ်သည်။ အားလုံးမှာ သစ္စာဖောက်များပင်။

သိုင်းကမ္ဘာ တစ်ခုလုံးရှိ သိုင်းသူတော်စင် `(၃၀)` ရာခိုင်နှုန်းခန့်သည် တောင်နှင့် ပင်လယ် နယ်မြေ ဘက်သို့ ပါသွားကြသည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။ အထူးသဖြင့် သိုင်းကမ္ဘာ၏ အထွတ်အထိပ် တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ပုဂ္ဂိုလ် `(၃)` ဦး ပါဝင်နေခြင်းသည် ပိုမို ဆိုးရွားသည်။ နင်ချီသာ ရုတ်တရက် ပေါ်ထွက်မလာခဲ့ပါက သိုင်းကမ္ဘာ၏ ကံကြမ္မာသည် ပြီးဆုံးသွားပြီဟု ဆိုရမည်။

သို့သော် ထိုသို့ အောင်ပွဲခံနိုင်ခဲ့သည့်တိုင်။

သိုင်းကမ္ဘာသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။

သစ္စာဖောက် အများအပြား သေဆုံးသွားသဖြင့် အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားများ ဆုံးရှုံးသွား၏။ တိုက်ပွဲ အမြန်ပြီးဆုံးသွားပြီး ကွေ့ချန်ချင်း နှင့် မဟာယန် သိုင်းသူတော်စင် တို့ အချိန်မီ ကူညီနိုင်ခဲ့သဖြင့် သာမန် သိုင်းသူတော်စင်များ မသေဆုံးခဲ့သော်လည်း၊ အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြ၏။

ထိုအချိန်၌၊

သူတော်စင်များသည် အောင်ပွဲ၏ ပျော်ရွှင်မှုမှ တဖြည်းဖြည်း နိုးထလာကြပြီး၊ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာကြသည်။

သိုင်းကမ္ဘာ၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအား ထက်ဝက်ခန့် ပျောက်ဆုံးသွားပြီ ဖြစ်သည်။ တောင်နှင့် ပင်လယ် နယ်မြေကမူ စီမံကိန်းများ ကြိုတင် ချမှတ်ထားပြီး ဖြစ်ရာ၊ ကျူးကျော်မှု မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ အနာဂတ် ကံကြမ္မာ မသေချာတော့ပေ။

မဟာယန် သိုင်းသူတော်စင်လည်း စိတ်ဓာတ်ကျနေလေ၏။

ဝမ်းနည်းပူဆွေးသော သက်ပြင်းချသံများ တသီတတန်းကြီး ထွက်ပေါ်လာ၏။

အထူးသဖြင့် ရှေးဟောင်း သူတော်စင်များသည် အလွန်အမင်း ရှုံးနိမ့်သွားသလို ခံစားနေကြရသည်။ နှစ်ပေါင်း သောင်းချီ ကြံစည်အားထုတ်ခဲ့ကြပြီး၊ လျှို့ဝှက်နည်းလမ်း အမျိုးမျိုးဖြင့် အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးစားခဲ့ကြ၏။ လူမမည် ၊ လူမဟုတ် ပုံစံမျိုးအထိ ပေးဆပ်ခဲ့ကြသော်လည်း၊ နောက်ဆုံး ရလဒ်က ဤကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ကမ္ဘာ့ဆန္ဒ၏ ကောင်းချီးပေးခြင်း လုပ်ငန်းစဉ်သည်လည်း တစ်ဝက်တစ်ပျက်သာ ပြီးဆုံးခဲ့သည်။ အဆင့်နိမ့် သိုင်းသူတော်စင် အချို့သာ အဆင့်တက်ခဲ့ပြီး၊ စတုတ္ထနှင့် ပဉ္စမအဆင့် သိုင်းသူတော်စင်များမှာမူ ဘာမှ မထူးခြားလိုက်ပေ။

ဒါသည် လူတိုင်း၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်သော ပြင်းထန်သည့် ထိုးနှက်ချက် တစ်ခုပင်။

သို့သော် နင်ချီကတော့ စိတ်ခံစားမှု ကြီးကြီးမားမား မရှိပေ။

သူသည် ဒီအခြေအနေကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ လက်ရှိ အခြေအနေက သူ ထင်ထားသည်ထက် အနည်းငယ် ပိုဆိုးသော်လည်း၊ လက်ခံနိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေသေးသည်။

မူလကတည်းက သူသည် သူတစ်ပါးအပေါ် မျှော်လင့်ချက် မထားခဲ့ပေ။

ကမ္ဘာ့ဆန္ဒနှင့် စောစီးစွာ ထိတွေ့ခွင့် ရလိုက်သည်မှာ လုံးဝ အကျိုးမဲ့သည်တော့ မဟုတ်။ အနည်းဆုံးတော့ ကမ္ဘာ့ ကောင်းချီးခံယူပြီးနောက် နယ်မြေ အရှင်သခင် နယ်ပယ် ကို သူ အပြည့်အဝ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော်၊ သူသည် ယခုအခါ ကမ္ဘာ့ဆန္ဒနှင့် ပေါင်းစည်းရန် ကြိုးစားနိုင်ပြီ ဖြစ်သည်။

လူတိုင်း စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ၊

နင်ချီ ဘာမှ မပြောဘဲ ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်းများ ‌‌ ဝေဝါးသွားပြီး ကမ္ဘာ့ဆန္ဒကို ချည်နှောင်ထားသော ဝိညာဉ် သံကြိုးများကို ဖြတ်တောက် ပစ်လိုက်သည်။

နောက်တစ်ခဏတွင်၊

ကမ္ဘာ့ဆန္ဒ တောက်ပစွာ လင်းလက်လာ၏။

တောက်လျှောက် ချည်နှောင်ခံထားရပြီး အန္တရာယ်ကို အာရုံခံမိသော်လည်း ရုန်းထွက်နိုင်ခြင်း မရှိခဲ့သော ကမ္ဘာ့ဆန္ဒသည် ယခု လွတ်မြောက်သွားသည်နှင့် တပြိုင်နက် ဒေါသတကြီး လှုပ်ရှားလာ၏။

သိုင်းသူတော်စင်များ၏ အာရုံအားလုံး ထိုနေရာသို့ ရောက်ရှိသွားပြီး၊ ထိတ်လန့်သွားကြ၏။

သူတို့သည် သစ္စာဖောက်များနှင့်အတူ ကမ္ဘာ့ဆန္ဒကို နှိုးထပြီး ကောင်းချီးခံယူရန် ကြိုးစားခဲ့ကြသည်။ သို့သော် သစ္စာဖောက်များက ရုတ်တရက် ကမ္ဘာ့ဆန္ဒကို ဖမ်းချုပ်ပြီး ဖျက်ဆီးရန် ကြိုးစားခဲ့ကြ၏။ အကယ်၍ ယခု ကမ္ဘာ့ဆန္ဒက အကောင်းအဆိုး မခွဲခြားနိုင်ဘဲ ဗီဇစိတ်သက်သက်ဖြင့် လှုပ်ရှားကာ သူတို့ကို ရန်သူအဖြစ် သတ်မှတ်လိုက်မည် ဆိုပါက...

ဒါက မီးလောင်ရာ လေပင့်သလို ဖြစ်သွားပေလိမ့်မည်။

ထိုအတွေး ဝင်လာသည်နှင့် သိုင်းသူတော်စင်များ ပိုမို ကြောက်ရွံ့လာကြ၏။

ကမ္ဘာ့ဆန္ဒ၏ စွမ်းအားများ ဟိန်းထွက်လာပြီး၊ လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအားများသည် ပတ်ဝန်းကျင်သို့ ရန်လိုစွာ ပစ်ခတ်လာကြသည်။

ကံကောင်းသည်မှာ..

ရောင်စုံ ဓားချီတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ထိုစွမ်းအားများကို ဖြတ်တောက်လိုက်သည်။ နင်ချီ၏ လမ်းညွှန်မှုဖြင့် သွေးရောင် မိုးကြိုး အတားအဆီးများ ဖြစ်ပေါ်လာကာ လူတိုင်းကို ကမ္ဘာ့ဆန္ဒနှင့် ခြားနားထားလိုက်သည်။

ကမ္ဘာ့ဆန္ဒ၏ မျက်စိစုံမှိတ် တိုက်ခိုက်မှုများကို မြင်လိုက်ရသောအခါ လူတိုင်း ခါးသီးစွာ ပြုံးလိုက်မိကြ၏။

မဟာယန် သိုင်းသူတော်စင်က လေးလံသော အသံဖြင့် ပြောလိုက်သည်။

"ကမ္ဘာ့ဆန္ဒက ဗီဇစိတ်နဲ့ပဲ လှုပ်ရှားနေတာ ။ အကောင်းအဆိုး ခွဲခြားနိုင်ဖို့ အချိန် တစ်ခု လိုဦးမယ် ထင်တယ်။ လောလောဆယ် သူ့ကို ငြိမ်သက်သွားအောင် လုပ်ဖို့ နည်းလမ်း မရှိဘူး ၊ ခေတ္တ ဆုတ်ခွာကြတာ အကောင်းဆုံးပါပဲ။ ကမ္ဘာ့ဆန္ဒ နည်းနည်း ယဉ်ပါးလာမှ ပြန်လာကြတာပေါ့ "

အားလုံးက သဘောတူ ခေါင်းညိတ်လိုက်ကြသော်လည်း၊ အခြေအနေ ပိုမို ခက်ခဲလာမည်ကို သိနေကြ၏။

တောင်နှင့် ပင်လယ် နယ်မြေ၏ ကျူးကျော်မှုက နီးကပ်လာပြီ ဖြစ်ရာ မိနစ်တိုင်း၊ စက္ကန့်တိုင်းက တန်ဖိုးရှိသည်။ ကမ္ဘာ့ဆန္ဒ ဘယ်တော့မှ ငြိမ်သက်သွားမလဲ ဆိုတာ ဘယ်သူမှ မသိ။ ငြိမ်သွားပြီးရင်ရော ကောင်းချီး ဆက်ပေးပါ့မလား ဆိုတာလည်း မသေချာ။ အရာအားလုံးက ဝေဝါးနေလေ၏။

သိုင်းသူတော်စင်များ မျှော်လင့်ချက်မဲ့သလို ခံစားနေရသည်။

သူတို့သည် အလိုအလျောက်ပင် နင်ချီ့ကို လှမ်းကြည့်လိုက်မိကြ၏။

နင်ချီသည် ယခုအခါ သိုင်းကမ္ဘာ၏ အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်လာပြီ ဖြစ်ရာ အာဏာအရှိဆုံး ဖြစ်နေလေ၏။ ထို့အပြင် အကဲခတ်တတ်သူ အချို့က သတိထားမိကြ၏။ မဟာယန် သိုင်းသူတော်စင်ပင်လျှင် ယုံကြည်မှု လျော့နည်းလာချိန်တွင် နင်ချီ၏ မျက်နှာထားကတော့ မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

တဖြည်းဖြည်းနှင့် မျက်လုံးများစွာ နင်ချီ့ထံသို့ ရောက်ရှိလာကြ၏။

မဟာယန် သိုင်းသူတော်စင်က မနေနိုင်ဘဲ မေးလိုက်သည်။

"မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်... ခင်ဗျားမှာ တခြား နည်းလမ်း ရှိသေးလား ဗျ"

နင်ချီက လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော့်မှာ နည်းလမ်း တစ်ခုတော့ ရှိပါတယ် ခင်ဗျ... စမ်းကြည့်လို့ ရနိုင်ပါတယ်"

သိုင်းသူတော်စင် အားလုံး တိတ်ဆိတ်သွားကြပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တဖြည်းဖြည်း တောက်ပလာကြ၏။

...

တောင်နှင့် ပင်လယ် နယ်မြေ ။

ကောင်းကင် မြင့်မားပြီး မြေပြင် ကျယ်ပြောလှသည်။ တောင်များနှင့် ပင်လယ်များ ပေါင်းစပ်ထားသဖြင့် ထိုအမည် တွင်ခြင်း ဖြစ်သည်။

အင်မော်တယ် တောင်တန်းများ သည် အဆုံးမရှိ ရှည်လျားပြီး သဘာဝ ရတနာများ၊ ရှားပါး ငှက်များနှင့် ထူးဆန်းသော သားရဲများ ပေါများလှသည်။ ဝိညာဉ် ပင်လယ်ပြင် သည်လည်း ကျယ်ပြောနက်ရှိုင်းပြီး သက်ရှိသတ္တဝါ အပေါင်းကို လက်ခံထားသည်။

မိစ္ဆာနက် တောင်တန်း။

သတ်ဖြတ်ခြင်း အရှိန်အဝါများ တိမ်တိုက်သဖွယ် ဖုံးလွှမ်းနေပြီး ကောင်းကင်အထိ ထိုးတက်နေလေ၏။ မကောင်းသော နိမိတ်ပုံရိပ်များ ပေါ်ထွက်နေသဖြင့် မည်သူမျှ အနားမကပ်ရဲကြပေ။ အတွင်း၌ အစွမ်းထက်သော အရှိန်အဝါများ မှိန်ဖျဖျ ထွက်ပေါ်နေလေ၏။

ဤနေရာသည် မိစ္ဆာနက် ဂိုဏ်း ၏ အခြေစိုက်စခန်း ဖြစ်သည်။

သို့သော် ထိုအချိန်၌၊

ဒေါသတကြီး ဟိန်းဟောက်သံ တစ်သံ ကောင်းကင်သို့ ထိုးတက်သွား၏။ ကြီးမားသော မည်းနက်သည့် ဦးခေါင်းခွံကြီး တစ်ခု ပေါ်ထွက်လာပြီး မည်းနက်သော မီးတောက်များ မှုတ်ထုတ်လိုက်ရာ မိစ္ဆာနက် ဂိုဏ်းသား အများအပြား ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

"ဘယ်သူကများ အစစ်အမှန် ဧကရာဇ် မီးတောက်နက် ကို ဒီလောက်ထိ ဒေါသထွက်အောင် လုပ်လိုက်တာလဲ"

သူတို့၏ စိတ်ထဲတွင် ထင်ကြေးများ အမျိုးမျိုး ပေါ်ပေါက်လာ၏။ ကြီးမားသော မည်းနက်သည့် အရိုးစုကြီး ဟိန်းဟောက်နေပြီး စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်လွှတ်နေသည်ကို ကြည့်ရင်း တပည့်အများစုမှာ အသက်ပင် ပြင်းပြင်း မရှူရဲကြပေ။ သို့သော် သူတို့၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေကြ၏။

All Chapters