← Chapters

နယ်ပယ် တစ်ခု၏ အရှင်သခင်... မကြုံစဖူး ထူးခြားသော ပြောင်းလဲခြင်း (၄)

Vol. 30 Ch. 446

နယ်ပယ် တစ်ခု၏ အရှင်သခင်... မကြုံစဖူး ထူးခြားသော ပြောင်းလဲခြင်း (၄)

Vol. 30 Ch. 446

~"ဒီလမ်းစဉ်က တကယ် မှန်ကန်တယ်။ ထာဝရ တည်တံ့ခြင်းဆီကို တိုက်ရိုက် ဦးတည်နိုင်တယ်"

"တကယ်လို့များ တစ်နေ့ကျရင်... သိုင်းကမ္ဘာက သူ့အကန့်အသတ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားပြီး၊ ဝိညာဉ်နယ်မြေ အဖြစ် တက်လှမ်းနိုင်ခဲ့မယ် ဆိုရင်... ဒါမှမဟုတ် ဒဏ္ဍာရီလာ ပျောက်ဆုံးနေတဲ့ အင်မော်တယ် နယ်ပယ် အထိ ရောက်သွားခဲ့မယ် ဆိုရင်... ငါ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြီးမားသွားမလဲ"

နင်ချီတောင်မှ မနေနိုင်ဘဲ မျှော်လင့်စိတ်ကူးယဉ်မိသွား၏။

ထိုအချိန် ရောက်လျှင်၊

သူ့အကြည့်တစ်ချက်နှင့်တင် ကမ္ဘာ ဖျက်ဆီးပစ်နိုင်မလား၊ ပြန်လည် မွေးဖွားပေးနိုင်မလား ဆိုတာ လက်ရှိ သူ စိတ်ကူး၍ မရနိုင်သေးသော အခြေအနေပင်။

သို့သော်။

ထမင်း တစ်လုပ်ချင်းစီ စားမှ ဝမှာ မဟုတ်လား။

အခု လောလောဆယ် အရေးကြီးဆုံးက တောင်နှင့် ပင်လယ် နယ်မြေ ရဲ့ ကျူးကျော်မှုကို အရင် ဖြေရှင်းရမယ်။

"အစစ်အမှန်သိုင်း အမွေအနှစ် မှတ်တမ်းတွေအရ ဆိုရင်... ဝိညာဉ်နယ်မြေက ကမ္ဘာငယ်လေးတွေကို ကျူးကျော်တဲ့အခါ ပုံမှန်အားဖြင့် ဂိုဏ်း အလိုက် လှုပ်ရှားကြတာ များတယ်။ ဆိုလိုတာက တောင်နှင့် ပင်လယ် နယ်မြေက သိုင်းကမ္ဘာကို ကျူးကျော်နေတယ် ဆိုပေမယ့်၊ တကယ်တမ်း ငါတို့ ရင်ဆိုင်ရမှာက ဂိုဏ်းတစ်ဂိုဏ်း၊ ဒါမှမဟုတ် ဂိုဏ်းအနည်းငယ် ပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့လောက်ပဲ ဖြစ်လောက်တယ်"

"ပြီးတော့ အဲဒီဂိုဏ်းတွေကလည်း အရမ်းကြီး အင်အားကြီးမှာ မဟုတ်ဘူး။ အသန်မာဆုံးက မူလဝိညာဉ် နယ်ပယ် လောက်ပဲ ဖြစ်ဖို့ များတယ်။ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပါဖို့ အခွင့်အလမ်း နည်းတယ်။ ဘာလို့လဲဆိုတော့ ဝိညာဉ်နယ်မြေမှာ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အမာခံစခန်း ရှိတဲ့ ဂိုဏ်း ဆိုရင် အထက်တန်းစား ဂိုဏ်း အဖြစ် သတ်မှတ်ခံရပြီးသားလေ။ အဲဒီလို မဟာအင်အားကြီးတွေက ကမ္ဘာငယ်လေးတွေကို ကျူးကျော်ရတာ သိပ်စိတ်မဝင်စားကြဘူး။ သူတို့က ဝိညာဉ်နယ်မြေ ဆန္ဒရဲ့ ဆုလာဘ်ကို လိုချင်ရင် ဝိညာဉ်နယ်မြေ စစ်ပွဲတွေမှာပဲ ဝင်ပါကြမှာ"

"အခု ငါက နယ်မြေ အရှင်သခင် နယ်ပယ်ကို ရောက်နေပြီ ဆိုတော့... ဒီပြဿနာကို ဖြေရှင်းဖို့ မခက်ပါဘူး။ ဒါပေမဲ့ သတိထားပြီး ကိုင်တွယ်ဖို့ လိုတယ်။ တော်ကြာ တောင်နှင့် ပင်လယ် နယ်မြေက အထက်တန်းစား အင်မော်တယ် ဂိုဏ်းတွေရဲ့ အာရုံစိုက်မှုကို ခံလိုက်ရရင် အန္တရာယ် များသွားနိုင်တယ်"

နင်ချီ စဉ်းစားသုံးသပ်နေလေ၏။

သူ့စွမ်းအားသည် မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် တစ်ပါးနှင့် ယှဉ်နိုင်ပြီး၊ သိုင်းကမ္ဘာ အတွင်း၌ ဆိုလျှင် လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သော်လည်း၊ သူ ဘဝင်မမြင့်၊ မမောက်မာမိစေရန် သတိထားနေလေ၏။

နယ်မြေများ ပင်လယ် ၏ စည်းမျဉ်းအရ ကမ္ဘာငယ်လေးများကို ကာကွယ်ပေးထားပြီး ကန့်သတ်ချက်များ အမျိုးမျိုး ရှိနေသော်လည်း...

ဝိညာဉ်နယ်မြေ ဆိုသည်မှာ ကျယ်ပြောလွန်းလှသည်။ မရေမတွက်နိုင်သော ထူးဆန်းသည့် ရတနာများ၊ အင်မော်တယ် ရတနာများနှင့် အဆုံးမဲ့ နတ်ဘုရား လျှို့ဝှက်နည်းစနစ်များ အဆက်မပြတ် ပေါ်ထွက်နေသော နေရာ ဖြစ်သည်။ အဲဒီ မဟာအင်အားကြီးတွေမှာ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ရှိကောင်း ရှိနိုင်သည်။ အစစ်အမှန်သိုင်း ခန်းမဆောင် တုန်းကလည်း ကမ္ဘာတွေကို ဖြတ်သန်းသွားလာနိုင်ခဲ့သည် မဟုတ်ပါလော။

အခု သူတို့ သတိမထားမိသေးတာက သိုင်းကမ္ဘာရဲ့ တန်ဖိုး မမြင့်မားသေး၍သာ ဖြစ်သည်။

အကယ်၍သာ သူတို့ အာရုံစိုက်မိသွားပြီး၊ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေး တစ်ပါးလောက် ဆင်းသက်လာခဲ့လျှင်... နင်ချီ တကယ် ငိုစရာ မျက်ရည်မရှိ ဖြစ်သွားလိမ့်မည်။

"ဒီတိုက်ပွဲကို နိုင်အောင် တိုက်ရမယ်... ဒါပေမဲ့ ပညာသားပါပါ တိုက်မှ ဖြစ်မယ်"

နင်ချီ၏ အသိစိတ် ရုတ်တရက် မြင့်တက်သွားပြီး အတိုင်းအဆမရှိ မြင့်မားသော နေရာသို့ ပျံတက်သွား၏။

မြင်ကွင်း ချက်ချင်း ပြောင်းလဲသွား၏။

ဝါးတားတား ဖြစ်နေသော နေရာလပ်၊ အဆုံးမဲ့ အမှောင်ထုကြီး အတွင်း၌ တောက်ပနေသော ကမ္ဘာလုံး အလင်းရောင်လေးများသာ ရှိသည်။ အမှောင်ထဲက ပိုးစုန်းကြူးလေးများအလား လှပခမ်းနားလှသည်။

နင်ချီ ခံစားမိသည်မှာ သူသည်လည်း ထို ပိုးစုန်းကြူးလေးများထဲမှ တစ်ကောင် ဖြစ်နေခြင်းပင်။

"ဒါ... နယ်မြေများ ပင်လယ်လား။ ဒါမှမဟုတ်... နယ်မြေများ ပင်လယ်ရဲ့ ထောင့်တစ်နေရာများလား" နင်ချီ အံ့သြသွား၏။ သူသည် သိုင်းကမ္ဘာ အနီးနား ပတ်ဝန်းကျင်ကိုသာ အာရုံခံနိုင်ပြီး ဝေးကွာသော နေရာများကိုမူ ဝါးတားတားသာ မြင်ရသည်။

အဆုံးမဲ့ ပိုးစုန်းကြူးလေးများ လက်ခနဲ၊ မှိတ်ခနဲ ဖြစ်နေလေ၏။ အချို့ အလင်းရောင်များက တောက်ပပြီး၊ အချို့က မှိန်ဖျော့နေလေ၏။ အလင်းရောင် လုံးဝ ပျောက်ကွယ်သွားခြင်းသည် ကမ္ဘာ ပျက်သုဉ်းသွားခြင်း ကို ဆိုလိုသည်။ အချို့မှာ လူသားများကြောင့် ပျက်စီးရပြီး၊ အချို့မှာ သဘာဝအလျောက် သက်တမ်းကုန်ဆုံး၍ ပျက်စီးသွားခြင်း ဖြစ်သည်။

ကမ္ဘာငယ်လေးများတွင်လည်း သက်တမ်း ကန့်သတ်ချက် ရှိသည် မဟုတ်ပါလော။

"ကမ္ဘာ့ အပြင်ဘက်မှာ ဒီလို မြင်ကွင်းမျိုး ရှိနေတာကိုး" နင်ချီ သက်ပြင်းချလိုက်သည်။

ယခင်က နယ်ပယ် စွမ်းအား တစ်မျှင် စတင် စုစည်းစဉ်ကတည်းက ကမ္ဘာ့ပြင်ပကို အာရုံခံနိုင်သလို ခံစားခဲ့ရသော်လည်း၊ ယခု အောင်မြင်သွားပြီ ဖြစ်ရာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ရလိုက်ပြီ ဖြစ်သည်။

သို့သော် သူ တွေ့ရှိလိုက်သည်မှာ..

ကမ္ဘာငယ်လေး နှစ်ခုသည် ကြည့်လိုက်လျှင် အလွန် နီးကပ်နေသလို ထင်ရသော်လည်း၊ လက်တွေ့တွင် အလွန် ဝေးကွာလွန်းလှပြီး သွားရောက်ရန် မဖြစ်နိုင်သလောက် ခက်ခဲသည်။

အတွေးမျိုးစုံ လည်ပတ်နေရင်း၊ နင်ချီသည် နေမင်းကြီးပမာ တောက်ပနေသော အလင်းလုံးကြီး ဆီသို့ လှမ်းကြည့်လိုက်သည်။

"ဒါ... တောင်နှင့် ပင်လယ် နယ်မြေပဲ။ ဒီ အနီးနား ပတ်ဝန်းကျင်က ကမ္ဘာငယ်လေး အားလုံးရဲ့ အထက်ပိုင်း နယ်ပယ် ပေါ့"

နင်ချီ မြင်လိုက်ရသည်မှာ ထို အလင်းလုံးကြီးထံမှ မမြင်ရသော ဆက်သွယ်မှုကြိုးများ ဆင်းသက်လာပြီး ကမ္ဘာငယ်လေး တစ်ခုချင်းစီနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အတိတ်ကာလက သိုင်းကမ္ဘာမှ သက်ရှိများသည် ကမ္ဘာ့ အကန့်အသတ်ကို ကျော်လွန်သွားပါက ဤ ဆက်သွယ်မှု လမ်းကြောင်းအတိုင်း ဝိညာဉ်နယ်မြေသို့ တက်လှမ်းနိုင်ခဲ့ကြ၏။

သို့ရာတွင်၊ ယခုတော့။

သိုင်းကမ္ဘာနှင့် တောင်နှင့် ပင်လယ် နယ်မြေ ကြားရှိ ဆက်သွယ်မှု လမ်းကြောင်းသည် စွမ်းအား တစ်ခုခုဖြင့် ညစ်ညမ်းနေပြီး၊ တက်လှမ်းခြင်း လမ်းကြောင်း ပြတ်တောက်နေပြီ ဖြစ်သည်။

"အသက်အဆိပ် က ဒီကနေ လာတာကိုး" နင်ချီ ခဏမျှ လေ့လာကြည့်ပြီး ကောက်ချက်ချလိုက်သည်။ အခြား ကမ္ဘာငယ်လေးများ၏ ဆက်သွယ်မှု လမ်းကြောင်းများလည်း ညစ်ညမ်းနေသည်ကို တွေ့ရသဖြင့် အခြေအနေ တူညီလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

ပိုဆိုးသည်က၊ သိုင်းကမ္ဘာနှင့် တောင်နှင့် ပင်လယ် နယ်မြေ ကြားတွင် နောက်ထပ် တစ်ဖက်သတ် ဆက်သွယ်မှု လမ်းကြောင်း တစ်ခု တည်ဆောက်နေသည်ကို နင်ချီ တွေ့လိုက်ရသည်။

"ထင်တဲ့အတိုင်းပဲ... ကမ္ဘာ့လမ်းကြောင်း တည်ဆောက်တာ ပြီးခါနီးနေပြီ"

သူ့ရင်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဝင်လာ၏။

သူသည် လမ်းကြောင်းကို ဖျက်ဆီးရန် ကြိုးစားကြည့်သော်လည်း လွယ်ကူစွာ လှုပ်ခါ၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ တစ်ဖက်မှ စွမ်းအား တစ်ခုက စောင့်ကြပ်နေလေ၏။ အတင်းအဓမ္မ ဖျက်ဆီးလိုက်ပါက ကြီးမားသော လှုပ်ရှားမှု ဖြစ်ပေါ်လာနိုင်ပြီး၊ အောင်မြင်မည်ဟုလည်း အာမခံချက် မရှိပေ။

"စိတ်လောလို့ မဖြစ်ဘူး။ လမ်းကြောင်းက ဒီဘက်ကို အပြည့်အဝ ရောက်လာတဲ့အထိ စောင့်ပြီးမှ ဖျက်ဆီးပစ်တာ အကောင်းဆုံးပဲ။ ဒါဆိုရင် သံသယ ဝင်စရာ သိပ်မရှိတော့ဘူး"

"သိုင်းကမ္ဘာရဲ့ မှတ်တမ်းတွေအရ... ပြီးခဲ့တဲ့ အကြိမ် ကျူးကျော်တုန်းက တောင်နှင့် ပင်လယ် နယ်မြေက ဂိုဏ်းက ရွှေဝိညာဉ် ဂိုဏ်း လို့ ခေါ်တယ်။ ဒီတစ်ခါရော ရွှေဝိညာဉ် ဂိုဏ်းပဲလား၊ ဒါမှမဟုတ် ပိုသန်မာတဲ့ အင်အားစုတွေ စုပေါင်းထားတာလား မသိဘူး"

"တောင်နှင့် ပင်လယ် နယ်မြေ ကျူးကျော်မှုက နီးကပ်လာပြီ။ တုံ့ပြန်ဖို့ အမြန် ပြင်ဆင်မှ ဖြစ်မယ်"

နင်ချီ သက်ပင့် တစ်ချက် မှုတ်ထုတ်လိုက်သည်။

ကံကောင်းသည်မှာ ဤအဖြစ်အပျက် မတိုင်မီ သူ နယ်မြေ အရှင်သခင် နယ်ပယ်ကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက မျိုးဖြုတ် ကပ်ဘေးကြီး ဖြစ်လာနိုင်ပြီး၊ နိုင်လျှင်တောင် အနိုင်နိုင် ဖြစ်နေမည်။ အခုတော့ ကစားကွက် ရွှေ့စရာ နေရာ အများကြီး ရှိလာခဲ့ပြီ။

နေမင်းကြီးပမာ တောက်ပနေသော အလင်းလုံးကြီးကို ခဏမျှ စိုက်ကြည့်ပြီးနောက်၊ နင်ချီသည် အသိစိတ်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အတွင်းကမ္ဘာ သို့ ပြန်လာခဲ့သည်။

ဖြူဖွေးသော မီးတောက်များသည် ထာဝရ မပြောင်းလဲသကဲ့သို့ တိတ်ဆိတ်စွာ တောက်လောင်နေဆဲ။

အတွေးတစ်ချက်နှင့်အတူ၊

ကြီးမားသော နယ်ပယ် စွမ်းအားများ စုဝေးလာပြီး လေဟာနယ်တွင် ပုံဖော်လိုက်သည်။ ကောင်းကင်နှင့် မြေကြီး၏ မူလအစ စွမ်းအားပေါင်းစုံ ထိုအထဲသို့ စီးဝင်သွားကြ၏။

တစ်ခဏချင်းစီမှာပင်၊

ဆယ်ကျော်သက်အရွယ် ဝတ်ရုံဖြူ တာအိုဆရာလေး တစ်ပါး အတွင်းကမ္ဘာထဲတွင် ပေါ်လာ၏။

ရုပ်ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း ဆိုသည်မှာ ကြီးကျယ်သော ကိစ္စ မဟုတ်တော့။

နင်ချီသည် သူ့ခန္ဓာကိုယ် အသစ်ကို အာရုံခံကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွား၏။ ဒါသည် သူ့ ယခင် ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ သန်မာသည်။ ဝိညာဉ် ပစ္စည်းများနှင့် ရှားပါး ရတနာများ ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ မူလအစ စွမ်းအားများ အသွင်ပြောင်းလဲထားခြင်းသာ ဖြစ်သည်။ ယခု နင်ချီက မူလအစ စွမ်းအားများကို တိုက်ရိုက် ထိန်းချုပ်အသုံးပြုပြီး တည်ဆောက်ထားခြင်း ဖြစ်ရာ မည်မျှ သန်မာမည်ကို ခန့်မှန်းကြည့်နိုင်သည်။

ကွာခြားချက် တစ်ခုကတော့... နင်ချီ ရုပ်ရည် အနည်းငယ် ပိုရင့်သွားခြင်းပင်။

နယ်မြေ အရှင်သခင် နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ့သက်တမ်းသည် ထာဝရ ဖြစ်သွားပြီ ဖြစ်ရာ၊ နှစ်ကာလ ကြာမြင့်သော်လည်း ပြောင်းလဲခြင်း ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်စဉ်က အသက်အနည်းငယ် ပိုထည့်လိုက်ခြင်း ဖြစ်သည်။ မူလက `(၁၅-၁၆)` နှစ်အရွယ် ပုံစံမှ ယခု `(၁၈-၁၉)` နှစ်အရွယ် ပုံစံ ဖြစ်သွား၏။

မပြောင်းလဲသည်ကတော့... အင်မော်တယ် တစ်ပါးကဲ့သို့ ကျက်သရေရှိပြီး သေမျိုးကမ္ဘာ ၏

အငွေ့အသက် ကင်းစင်နေခြင်းပင်။

"အစစ်အမှန်သိုင်း ဘိုးဘေးရဲ့ ဓမ္မ နည်းလမ်းက ကမ္ဘာ့ဆန္ဒ အဖြစ် ပြောင်းလဲသွားရင် ချည်နှောင်ခံရသလို ဖြစ်သွားတယ်။ ကြီးမားတဲ့ စွမ်းအားနဲ့ ထာဝရ သက်တမ်း ရပေမယ့်၊ မြေစောင့်နတ်လို ဖြစ်သွားမှာ"

"ဒါပေမဲ့ ငါက မတူဘူး။ ငါ့အသိစိတ် အများစုက အတွင်းကမ္ဘာထဲမှာ အိပ်စက်နေပေမယ့်၊ ဒီခန္ဓာကိုယ်ကလည်း ငါ့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် အနှစ်သာရပဲ။ သိုင်းကမ္ဘာရဲ့ ချည်နှောင်မှုကို မခံရဘဲ လွတ်လပ်စွာ သွားလာနိုင်တယ်။ သိုင်းကမ္ဘာ အတွင်းမှာ ရှိနေရင်တော့ စွမ်းအား အကြီးဆုံး ဖြစ်နေမှာပေါ့"

"ဒါတင် မကသေးဘူး... တကယ်လို့ အခြေအနေ မဟန်ရင်၊ သိုင်းကမ္ဘာ ပျက်စီးမလို ဖြစ်လာရင်... ငါ့ အသိစိတ်ကို ခွဲထုတ်ပြီး ထွက်သွားလို့ ရသေးတယ်။ သိုင်းကမ္ဘာ ပျက်စီးသွားရင်တောင် ငါက ကျန်ရစ်နေဦးမှာ.. ရှေ့တိုးမလား၊ နောက်ဆုတ်မလား စိတ်ကြိုက် ရွေးချယ်နိုင်တယ်"

နင်ချီ ပေါ့ပါးစွာ ပြုံးလိုက်ပြီး အလွန် ကျေနပ်သွား၏။

လက်ခြေများကို ဆန့်တန်းလိုက်ပြီး၊ လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ကွဲအက်သွား၏။ လက်ကို နောက်ပစ်လျက် ထိုအထဲသို့ ဝင်ရောက်သွားလိုက်သည်။

နောက်တစ်ခဏတွင်၊

သူသည် ကောင်းကင်ဘုံ တောင်ထွတ် ပေါ်တွင် ပြန်လည် ပေါ်ထွက်လာလေတော့သည်။

All Chapters