← Chapters

နဂါးမိကျောင်း ရုပ်သေးသားရဲ

Vol. 5 Ch. 63

နဂါးမိကျောင်း ရုပ်သေးသားရဲ

Vol. 5 Ch. 63

~စုဇီသည် ယွင်ကျန်းဂိုဏ်းမှ မွေးဖွားလာသူ ဖြစ်သဖြင့် ထိပ်တန်း အရည်အသွေးရှိသော အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ရရှိရန် မည်မျှ ခက်ခဲကြောင်း ကောင်းစွာ သိရှိလေသည်။ ယွင်ကျန်းဂိုဏ်း၏ ဒုတိယ အကြီးအကဲ ဖြစ်သူ၊ ပထမတန်းစား ဒုတိယအဆင့် ဆေးပညာရှင် တစ်ဦးပင်လျှင် နှစ်ပေါင်းများစွာ ကြိုးစားပြီးမှ ဤကဲ့သို့သော ဆေးလုံး အနည်းငယ်ကိုသာ ဖော်စပ်နိုင်ခဲ့လေသည်။

အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ငါးဖို၊ ခြောက်ဖို ဖော်စပ်တိုင်းမှ တစ်ခါတစ်ရံ ကံကောင်းပါက ထိပ်တန်း အရည်အသွေး ဆေးလုံး တစ်လုံး ထွက်ပေါ်လာတတ်သည်။

သို့သော် ယွင်ကျန်းဂိုဏ်းတွင်မူ အခွင့်ထူးခံ တိုက်ရိုက် တပည့်များသာလျှင် ထိုကဲ့သို့သော ထိပ်တန်း ဆေးလုံးများကို တောင်းခံခွင့် ရှိကြပြီး အခြားသူများမှာမူ လဲလှယ်ခွင့်ပင် မရှိကြပေ။

အစပိုင်းတွင် စုဇီသည် စုယွီထံမှ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး မည်မျှ ရရှိနိုင်မည်ကို မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပေ။ သာမန် အရည်အသွေး ဆေးလုံး တစ်လုံး ရရှိလျှင်ပင် သူမ ကျေနပ်မိမည် ဖြစ်သည်။

သို့သော် ယခုအခါ သူမ၏ ရှေ့မှောက်တွင် ရှိနေသော ထိပ်တန်း အရည်အသွေး ဆေးလုံး နှစ်လုံးနှင့် သာမန် အရည်အသွေး ဆေးလုံး နှစ်လုံးကို ကြည့်လိုက်သောအခါ သူမ၏ မောင်ငယ်လေးသည် ဆေးပညာတွင် မည်မျှ ပါရမီထူးကဲကြောင်း သဘောပေါက်လိုက်မိလေသည်။

စုဇီသည် ခေတ္တမျှ စကားမပြောနိုင်ဘဲ ဖြစ်နေပြီးနောက် သူမ၏ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများကို ထိန်းချုပ်လိုက်ရင်း စုယွီကို ကြည့်ကာ ပြောလိုက်သည်။

"နင့်ရဲ့ ဆေးပညာ စွမ်းရည်ကိုသာ တခြားသူတွေ သိသွားရင်... လူတွေ အများကြီး နင့်ဆီကို ဆေးလာတောင်းကြမှာ သေချာတယ်ဟယ်"

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီက ချက်ချင်းပင် တုံ့ပြန်လိုက်၏။

"အဲ့လို မဖြစ်ပါဘူး... ဒါက ကံကောင်းလို့ ရသွားတာပါ"

"ပြီးတော့ ကျွန်တော်က ချီစွမ်းအင် စုစည်းခြင်း အဆင့်မှာပဲ ရှိပါသေးတယ်... ဒီသတင်းသာ ပေါက်ကြားသွားရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလိမ့်မယ်ဗျ"

ထိုစကားလုံးများကြောင့် စုဇီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး စုယွီသည် ချီစွမ်းအင် စုစည်းခြင်း ရှစ်ဆင့်တွင်သာ ရှိသေးကြောင်း သတိရသွားလေသည်။

သို့သော် ထိုကဲ့သို့သော ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် သူသည် ထိပ်တန်း အရည်အသွေးရှိသော အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည် မဟုတ်ပါလော။

"ဟူး..."

စုဇီသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စုယွီကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။

" ချန်နဲ့ ယွီ ပြောသလိုပဲ... နင့်ရဲ့ ဆေးပညာ ပါရမီက တကယ့်ကို ကြောက်စရာ ကောင်းလောက်အောင်ပါပဲ"

"နင့်ရဲ့ ဝိညာဉ်အမြစ် ပါရမီသာ ပိုကောင်းခဲ့ရင်... ဒါမှမဟုတ် ငါ့လိုမျိုးသာ ဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ"

ထိုအခါ၊ စုယွီက ရယ်ပြီး ပြန်ပြောလိုက်၏။

"အာ၊ အစ်မ... ကျွန်တော် အစ်မရဲ့ ဝိညာဉ်အမြစ်ကို မလိုချင်ပါဘူး"

"ဝိညာဉ်အမြစ် ပါရမီဆိုတာ ကံတရားက သတ်မှတ်ပေးတာပါ... ဒါပေမဲ့ လူတစ်ယောက်ရဲ့ အောင်မြင်မှုကတော့ ပါရမီ တစ်ခုတည်းနဲ့ မဆိုင်ပါဘူးဗျ... ကောလာဟလတွေထဲက ပိုင်ယွဲ့ကို ကြည့်ပါလား... သူ့ရဲ့ ဝိညာဉ်အမြစ်က အဆင့်နိမ့်ပေမဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဆရာသခင် ဖြစ်လာခဲ့တယ် မဟုတ်လား"

"ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုက အခုထိတော့ ကျေနပ်စရာ ကောင်းနေတုန်းပါပဲ... ပုံမှန်လေး တိုးတက်နေတာပါဗျ"

သာမန် စကားပြောဆိုမှုများ ပြီးဆုံးသွားပြီးနောက် စုယွီနှင့် စုဇီတို့သည် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကို မည်သို့ စီမံခန့်ခွဲရမည်ကို ဆွေးနွေးကြလေသည်။

"ပထမ အကြီးအကဲ၊ ဒုတိယ အကြီးအကဲနဲ့ တတိယ အကြီးအကဲတွေက အခုဆို အသက်ကြီးနေကြပြီ... သူတို့က ချီစွမ်းအင် စုစည်းခြင်း ကိုးဆင့်ကို ရောက်နေပေမဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး သောက်ရင်တောင် အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးက မရှိသလောက်ပါပဲ... သူတို့ သောက်လိမ့်မယ်လို့ ငါ မထင်ဘူး"

"ဒါကြောင့် လက်ရှိ မိသားစုထဲမှာ အရည်အချင်း ပြည့်မီသူ နှစ်ယောက်ပဲ ရှိတယ်... တစ်ယောက်က အခု အသက် ခုနစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်တဲ့ အဖေနဲ့ နောက်တစ်ယောက်က အသက် ခုနစ်ဆယ့်ငါးနှစ် ရှိတဲ့ စတုတ္ထ အကြီးအကဲ စုကျင်းပန်း ပါပဲ"

"သူတို့ နှစ်ယောက်လုံးက အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်ရောက်နိုင်ဖို့ နီးစပ်နေကြပေမဲ့ ကျရှုံးနိုင်ချေကတော့ များနေတုန်းပဲ"

စုဇီက စုမိသားစု၏ အခြေအနေကို ရှင်းပြလိုက်၏။

"အသက် ငါးဆယ်၊ ခြောက်ဆယ်လောက် ရှိပြီး ချီစွမ်းအင် စုစည်းခြင်း ရှစ်ဆင့် ရောက်နေတဲ့ လူငယ်တချို့လည်း ရှိသေးတယ်... မိသားစုထဲမှာ လေးယောက်လောက် ရှိတယ်"

"သူတို့ကိုတော့ လောလောဆယ် ထည့်စဉ်းစားစရာ မလိုသေးပါဘူး... နောက်ပိုင်း သူတို့ရဲ့ ကံတရား ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်"

စုယွီက ပြန်လည် ဖြေကြားလိုက်သည်။

"ဒါဆိုရင် မိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲ ကျင်းပန်း တို့ကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဆီ လာခိုင်းလိုက်ကြတာပေါ့ဗျ"

"ထိပ်တန်း အရည်အသွေး ဆေးလုံး နှစ်လုံး ရှိတယ်ဆိုတော့ သူတို့ နှစ်ယောက်အတွက် လုံလောက်ပါတယ်ဗျ"

စုဇီက ချက်ချင်းပင် ကန့်ကွက်လိုက်၏။

"မဖြစ်ဘူး... နင် ကိုယ့်အတွက်ကိုယ်.. ထိပ်တန်း အရည်အသွေး ဆေးလုံး တစ်လုံးတော့ ချန်ထားရမယ်"

စုယွီမှာ ပြောစရာ စကားမရှိ ဖြစ်သွားပြီး မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။

သူ့တွင် ကျင့်ကြံခြင်း အဟန့်အတားဟူ၍ မရှိပေ။ သူ၏ ကျွမ်းကျင်မှု မြင့်မားလာသည်နှင့်အမျှ အလိုအလျောက် အဆင့်ချိုးဖြတ်သွားနိုင်သူ ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်အတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်လေသည်။

သို့သော် ဤအချက်ကို ထုတ်ဖော် ပြောကြား၍ မရသလို ရှင်းပြ၍လည်း မရနိုင်ပေ။

စုဇီက စုယွီကို ကြည့်ပြီး အတင်းအကျပ် ပြောဆိုပြန်သည်။

"ဒီကိစ္စမှာ နင် ငါ့စကား နားထောင်ရမယ်... ထိပ်တန်း အရည်အသွေး ဆေးလုံး တစ်လုံးကို နင့်အတွက် သေချာပေါက် ချန်ထားရမယ်"

"အဖေနဲ့ စတုတ္ထ အကြီးအကဲကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဆီ လာဖို့ ငါ စာရေးလိုက်ပါ့မယ်"

နောက်ရက်များတွင် ပုံမှန် တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းလေးသည် ရယ်မောသံများ၊ ပျော်ရွှင်သံများဖြင့် ပြည့်နှက်နေပြီး စုဇီ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ မကြာခဏ တွေ့မြင်လာရလေသည်။

စုယွီသည် နေ့စဉ် ကျင့်ကြံခြင်းမှလွဲ၍ ကျန်ရှိသော အချိန်များကို ဒုတိယအဆင့် ကနဦးအဆင့် နဂါးမိကျောင်း ရုပ်သေးသားရဲ ဖန်တီးရာတွင် အသုံးပြုလေသည်။

နဂါးမိကျောင်း ရုပ်သေးအတွက် ပြင်ဆင်ထားသော ပစ္စည်းများ အားလုံးမှာ ထိပ်တန်း အဆင့်များ ဖြစ်ကြသည်။

အမြုတေမှာ ဒုတိယအဆင့် အလယ်အလတ် မိစ္ဆာသားရဲ၏ သလင်းကျောက် အမြုတေ ဖြစ်၏။

အကြေးခွံ ချပ်ဝတ်နှင့် လက်သည်းများသည်လည်း ဒုတိယအဆင့် အလယ်အလတ် မိစ္ဆာသားရဲထံမှ ရရှိထားခြင်း ဖြစ်သည်။

အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါက ဤ နဂါးမိကျောင်း ရုပ်သေးသားရဲသည် ဒုတိယအဆင့် ကနဦးအဆင့် ရုပ်သေးများထဲတွင် ထိပ်တန်း အဆင့်သို့ ရောက်ရှိမည်မှာ သေချာလှပေသည်။

သာမန် အခြေခံ တည်ဆောက်ခြင်း တတိယဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် နဂါးမိကျောင်း ရုပ်သေးသားရဲကို ရင်ဆိုင်ရပါက အခက်အခဲ တွေ့နိုင်ပေသည်။

ထို့အပြင်၊

စုယွီသည် လေလံပွဲမှ ရရှိခဲ့သော "ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်း" ဟု ခေါ်သော မြေဓာတ် အခြေခံ တည်ဆောက်ခြင်း ကျင့်စဉ်ကို စတင် လေ့ကျင့်နေပြီ ဖြစ်သည်။

ဤ မြေဓာတ် ကျင့်စဉ်သည် ရှေးဟောင်း ကျောက်စိမ်း သေတ္တာ တစ်ခုမှ ရရှိခဲ့သည်ဟု ဆိုကြပြီး အတော်အတန် လျှို့ဝှက်ဆန်းကြယ်မှု ရှိလေသည်။

သို့သော် အခြေခံ တည်ဆောက်ခြင်း စတုတ္ထအဆင့် အထိသာ ကျင့်ကြံနိုင်သဖြင့် တန်ဖိုး သိပ်မကြီးလှပေ။

ဆယ်ရက်ကြာ လေ့ကျင့်ပြီးနောက် စုယွီသည် ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်း၏ ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

တစ်လ ကြာသောအခါ စုယွီ၏ ကျင့်စဉ် အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့်သို့ တက်လှမ်းသွားပြန်သည်။

ဤ တိုးတက်မှုနှုန်းသည် အံ့မခန်းပင် ဖြစ်လေသည်။

အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ ချီစွမ်းအင် စုစည်းခြင်း ရှစ်ဆင့် စွမ်းအားနှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ အထောက်အပံ့တို့ ပေါင်းစပ်လိုက်သောအခါ ရွှမ်မင် ကျင့်စဉ်၏ တိုးတက်မှုသည် မှန်းဆ၍ မရနိုင်လောက်အောင် လျင်မြန်နေခြင်း ဖြစ်သည်။

နောက်ထပ် တစ်လ ကြာသောအခါ ရွှမ်မင် ကျင့်စဉ်သည် ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့်သို့ ရောက်ရှိသွားပြန်သည်။

ထို့အပြင် စုယွီ လေ့ကျင့်ထားသော မြေဓာတ် မန္တန် နှစ်ခုသည်လည်း ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

တစ်ဖက်တွင်မူ စုမိသားစုသည် စုဇီ၏ စာကို လက်ခံရရှိသောအခါ အလွန် တုန်လှုပ်သွားကြသည်။ စာထဲတွင် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး အကြောင်း တစ်လုံးတစ်ပါဒမျှ မပါရှိသော်လည်း စုဖုန်းနှင့် စုကျင်းပန်း တို့ကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၌ အဆင့်ချိုးဖြတ်ရန် ကြိုးစားသင့်ကြောင်း အကြံပြုထားခြင်းသည် တိုက်ရိုက် ပြောဆိုလိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေသည်။

"ဘာတွေ ဖြစ်နေတာလဲ... ဇီလေးက အဓိက ကုန်ကြမ်းပစ္စည်း ဖြစ်တဲ့ ဝိညာဉ်သစ်သီးကို သွားပြီး လေလံဆွဲတာ မဟုတ်ဘူးလား... ဘာလို့ ငါနဲ့ စတုတ္ထ အကြီးအကဲကို ပိုင်ယွဲ့မြို့တော်မှာ အဆင့်ချိုးဖြတ်ဖို့ လာခိုင်းရတာလဲ"

"ဒါ... ဒါဆိုရင် သူနဲ့ ရှောင်ယွီ‌တို့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ရသွားပြီလား... ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ... ငါတို့ နှစ်ယောက်စလုံးကို ဖိတ်ခေါ်တယ် ဆိုတော့ ဒါက..."

သူတို့ နှစ်ဦးစလုံး ကြောင်အကာ ရှုပ်ထွေးသွားကြသည်။

အခြား မိသားစုဝင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် အခြေခံ တည်ဆောက်ခြင်း အဆင့်ရှိသူ စုပင်း၏ ဆုံးဖြတ်ချက်ဖြင့် စုဖုန်းနှင့် စုကျင်းပန်း တို့သည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ပထမ အကြီးအကဲ စုယွင်၊ ဒုတိယ အကြီးအကဲ စုချန်နှင့် တတိယ အကြီးအကဲ စုရို့ဆု တို့မှာမူ သိပ်ပြီး အလေးမထားကြပေ။

သူတို့သည် အိုမင်းနေကြပြီ ဖြစ်ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် စိတ်ကူးကို စွန့်လွှတ်ထားပြီး ဖြစ်လေသည်။

သို့သော်။

စုဖုန်းနှင့် စုကျင်းပန်းတို့ ပိုင်ယွဲ့မြို့တော်သို့ သွားရောက်ကြသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့ကြသည်။

ထိုနှစ်ဦးထဲမှ တစ်ဦးဦးသာ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက စုမိသားစု၏ အင်အားသည် နောက်တစ်ဆင့် မြင့်တက်လာမည်မှာ အသေအချာပင်။

ဤသည်မှာ အလွန် ကောင်းမွန်သော သတင်း ဖြစ်ပေသည်။

ထို့ကြောင့်၊

အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ပြီး နှစ်လ အကြာတွင် စုဖုန်းနှင့် စုကျင်းပန်း တို့သည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရှိ စုယွီ၏ တဲအိမ်လေးသို့ ရောက်ရှိလာကြလေသည်။

"သွားကြစို့... အဓိက နယ်မြေထဲမှာ ဂူစံအိမ် တစ်ခု သွားငှားကြမယ်... အဲ့ဒီမှာ တတိယအဆင့် ဝိညာဉ်သွေးကြော ရှိတော့ အဆင့်ချိုးဖြတ်ဖို့ ပိုပြီး အထောက်အကူ ပြုတာပေါ့"

စုဇီက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး အကြောင်းကို စုဖုန်းနှင့် စုကျင်းပန်း တို့အား အကြမ်းဖျင်း ရှင်းပြပြီးနောက် သူတို့ အံ့ဩစိတ် မပြေပျောက်မီမှာပင် စုယွီက သူတို့ သုံးဦးစလုံးကို တံခါးပြင်သို့ ခေါ်ဆောင်သွားခဲ့လေသည်။

အဓိက နယ်မြေတွင် ဂူစံအိမ် တစ်ခုကို ခြောက်လ ငှားရမ်းပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ရာ ကုန်ကျမည် ဖြစ်သည်။

စုဖုန်းနှင့် စုကျင်းပန်း တို့ အဆင့်ချိုးဖြတ်ရန် အတွက် စုယွီက ဂူစံအိမ် တစ်ခု ငှားရမ်းပေးလိုက်ပြီးနောက် စုဇီကို အစောင့်အရှောက် အဖြစ် ထားရစ်ခဲ့ကာ သူ၏ တဲအိမ်လေးသို့ ပြန်လာပြီး နဂါးမိကျောင်း ရုပ်သေးသားရဲကို ဆက်လက် ဖန်တီးလေသည်။

အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများ အနက် ထိပ်တန်း အရည်အသွေး တစ်လုံးနှင့် သာမန် အရည်အသွေး တစ်လုံး ကျန်ရှိနေသေးရာ ၎င်းတို့သည် သူ၏ လက်ထဲတွင် ရှိနေလေသည်။

ရုပ်သေးသားရဲ တစ်ကောင် ဖန်တီးခြင်းသည် မလွယ်ကူသော်လည်း စုယွီသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက စတင် ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လိုအပ်နေသော အဓိက အစိတ်အပိုင်းကို ပေါင်းစပ်လိုက်ရုံသာ ဖြစ်သည်။

ထို့ကြောင့် စုဖုန်းနှင့် စုကျင်းပန်း တို့သည် အဓိက နယ်မြေရှိ ဂူစံအိမ်ထဲတွင် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေစဉ် စုယွီသည် လဝက် အကြာတွင် သူ၏ တဲအိမ်လေးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဒုတိယအဆင့် ကနဦးအဆင့် နဂါးမိကျောင်း ရုပ်သေးသားရဲကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပေသည် ။

လျှို့ဝှက် ခန်းမဆောင် အတွင်း၌ သုံးပေခန့် မြင့်မားပြီး ဧရာမ မိကျောင်းခေါင်းနှင့် ခြေလက်များ ပါရှိသော ကြမ်းတမ်းသည့် နဂါးသဏ္ဌာန် သားရဲကြီး တစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။

ဤ နဂါးမိကျောင်း ရုပ်သေးသားရဲ၏ ပုံသဏ္ဌာန်သည် စုယွီ ရရှိခဲ့သော ရုပ်သေး ဆရာသခင်၏ အမွေအနှစ်ထဲမှ ပုံစံနှင့် အနည်းငယ် ကွဲပြားခြားနားနေသည်။

အနည်းငယ် ပြုပြင်ထားသော ဤ ရုပ်သေးသားရဲသည် ပိုမို အားကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားလှပေသည်။

All Chapters