← Chapters

ဂါရဝပြု နှုတ်ဆက်ခြင်း

Vol. 5 Ch. 70

ဂါရဝပြု နှုတ်ဆက်ခြင်း

Vol. 5 Ch. 70

~အမှန်တရား ခန်းမဆောင်၏ ဆေးဖော်စပ်ခြင်း တာဝန်သည် လွန်ခဲ့သော တစ်လကပင် ပြီးစီးခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် စုယွီသည် ဆေးလုံးမျှော်စင်တွင် ဒုတိယအဆင့် ကနဦးအဆင့် သာမန် ဆေးဖက်ဝင် ပစ္စည်းများကို လုံလောက်စွာ ဖြည့်တင်းပေးခဲ့ပြီး လမ်းကြားရှိ ခြံဝင်းငယ်လေးသို့ ပြန်လာခဲ့သည်။

လိုအပ်သော အဆောင်လက်ဖွဲ့ အဆောင်များ အပြင် စုယွီ၏ လက်ထဲတွင် အလယ်အလတ် အဆင့် ထိပ်တန်း မှော်လက်နက် လေးခု ရှိနေလေသည်။ တစ်ခုမှာ အရွယ်အစားနှင့် ပုံသဏ္ဌာန် ပြောင်းလဲနိုင်သော ခန္ဓာကိုယ် ကာကွယ်ရေး ဝတ်ရုံ ဖြစ်သည်။ ၎င်းတွင် ကာကွယ်ရေး အခင်းအကျင်း ပါဝင်ပြီး အခြေခံ တည်ဆောက်ခြင်း ပထမ အဆင့်သို့ တက်လှမ်းခါနီးသော ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်။

နောက်တစ်ခုမှာ အလယ်အလတ် အဆင့် ထိပ်တန်း မှော်လက်နက် ဖြစ်သည့် ရွှေခေါင်းလောင်း အကာအကွယ် ဖြစ်သည်။ ၎င်း၏ ကာကွယ်နိုင်စွမ်းသည် အခြေခံ တည်ဆောက်ခြင်း ပထမ အဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုကို အချိန်တို အတွင်း ခံနိုင်ရည် ရှိသည်။

တတိယ တစ်ခုမှာ ပျံသန်းဓား ဖြစ်သည်။ ၎င်းသည် အလယ်အလတ် အဆင့် ထိပ်တန်း မှော်လက်နက် ဖြစ်ပြီး အခြား ထူးခြားချက် မရှိသော်လည်း အရှိန်အဟုန် အလွန် မြန်ဆန်ပေသည်။

ဤဓားသည် အရေးကြီးသော အချိန်များတွင် အန္တရာယ်မှ လျင်မြန်စွာ လွတ်မြောက်နိုင်ရန် ကူညီပေးနိုင်လိမ့်မည်။

နောက်ဆုံး တစ်ခုမှာ အလယ်အလတ် အဆင့် ထိပ်တန်း မှော်လက်နက် ဖြစ်သည့် နဂါး ချုပ်နှောင်ခြင်း သံကြိုး ဖြစ်သည်။ ရန်သူများကို ယာယီ ချုပ်နှောင်ထားနိုင်ပြီး ထွက်ပြေးရန် အချိန် အနည်းငယ် ရယူပေးနိုင်ပေသည်။

မှော်လက်နက်များ၊ အဆောင်လက်ဖွဲ့ အဆောင်များ၊ ဆေးဖက်ဝင် ပစ္စည်းများ၊ အိပ်ဆေးနှင့် အဆိပ်များ အပါအဝင် ဒုတိယအဆင့် ဆေးဝါးများကို စစ်ဆေးပြီးနောက် စုယွီ စိတ်အေးသွားတော့သည်။

နောက်တစ်နေ့တွင်၊

စုယွီ၊ ယွီခယ်အာနှင့် ချန်စီစီ၏ ဂျူနီယာ ညီမငယ် ယွီချန်ချင်း တို့သည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာခဲ့ကြသည်။ သူတို့သည် ဝိညာဉ် မြင်းများကို မစီးဘဲ ယဉ်ပါးပြီးသား သားရဲ နှစ်ကောင် ဖြစ်သည့် အမွှေးနက် သိမ်းငှက်နှင့် ခေါင်းနှစ်လုံး သွေးလင်းယုန် တို့ကို အလှည့်ကျ စီးနင်းကာ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ စုမိသားစု ပိုင်နက်ဆီသို့ ပျံသန်းသွားကြလေသည်။

လမ်းခရီး တစ်လျှောက်တွင် သူတို့၏ ရှိနေမှုကို အာရုံခံမိသော ကျင့်ကြံသူ အငယ်စားလေးများသည် မျက်နှာ ပျက်သွားကြသည်။

ဒုတိယအဆင့် မှော်သားရဲများ၏ အရှိန်အဝါသည် သူတို့၏ ကျောရိုးထဲထိ စိမ့်ဝင်သွားစေသည်။

ကံကောင်းသည်မှာ၊

သားရဲများ၏ ကျောပေါ်တွင် လူများ ပါလာသည်ကို တွေ့လိုက်ရသောအခါ သူတို့၏ စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားသော်လည်း ပိုမို အံ့အားသင့်သွားကြလေသည်။

"ဒုတိယအဆင့် ပျံသန်း သားရဲတွေပါလား... ပြီးတော့ အပေါ်မှာ လူတွေလည်း ပါတယ်။"

"ကြောက်စရာ ကောင်းလိုက်တာ... ဘယ် စီနီယာတွေ ခရီးထွက်လာကြတာလဲ မသိဘူး... သားရဲရဲ့ အရှိန်အဝါက တကယ့်ကို ထိတ်လန့်စရာပဲ... ဒီလို သားရဲမျိုးကို စီးနင်းနိုင်တယ် ဆိုရင် သေချာပေါက် ကျင့်ကြံသူ အကြီးစားတွေ ဖြစ်မှာပဲ"

"အားကျလိုက်တာကွာ... ငါတို့ ဘယ်တော့မှ ဒီလို သားရဲတွေ ပိုင်ဆိုင်နိုင်မှာလဲ"

ပျံသန်း သားရဲများကို စီးနင်းကာ စုယွီနှင့် အဖွဲ့သည် ပိုင်ယွဲ့ နယ်မြေမှ ဘေးကင်းစွာ ထွက်ခွာလာပြီး ယွင်ကျန်းဂိုဏ်း နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ဤ အမြန်နှုန်းဖြင့် ဆိုလျှင် စုယွီ ဝိညာဉ်မြင်း စီး၍ ပိုင်ယွဲ့သို့ သွားခဲ့စဉ်ကထက် များစွာ ပိုမြန်လေသည်။

ထို့အပြင် ကောင်းကင်ယံတွင် ပျံသန်း သွားလာခြင်းသည် ဝိညာဉ်မြင်း စီးခြင်းထက် ပိုမို ဘေးကင်းလုံခြုံလေ့ ရှိပေသည်။

ဆယ်ရက် မပြည့်မီ။

သူတို့ သုံးဦးသည် ကျန်းချန် ဒေသရှိ ချန်တောင်တန်းသို့ ရောက်ရှိလာကြသည်။

ချန်တောင်တန်းကြီးသည် အဆုံးမရှိ ရှည်လျားစွာ တည်ရှိနေပြီး တောင်ကြားများနှင့် ချောက်ကမ်းပါးများ ကြားတွင် မြူခိုးများ ရစ်ခွေနေသည်။ ထူထပ်သော မြူခိုးများကြားမှ မိုးမျှော် ရှေးဟောင်း သစ်ပင်ကြီးများသည် မကြာခဏ ထိုးထွက်နေပြီး ခန့်ညားထည်ဝါစွာ ရပ်တည်နေကြသည်။

ချန်တောင်တန်း၏ အလယ်ဗဟိုတွင် တောင်ကာကွယ်ရေး အခင်းအကျင်းဖြင့် ကာကွယ်ထားသော ခံတပ်ကြီး တစ်ခု ရှိလေသည်။

ဂိတ်တံခါးဝ၌၊

တာဝန်ကျနေသော စုမိသားစုဝင် လူငယ် ကျင့်ကြံသူ နှစ်ဦးသည် သားရဲများ၏ စွမ်းအားကြီးမားသော အရှိန်အဝါကြောင့် လန့်ဖျပ်သွားပြီး ကောင်းကင်ယံကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်ကြသည်။

“အွီ..”

နားကွဲမတတ် စူးရှသော အော်သံ တစ်ခု တောင်တန်းကြီးထဲတွင် ပဲ့တင်ထပ်သွား၏။

ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ထိုးဆင်းလာသော အမည်းရောင် အရိပ်ကြီး တစ်ခု။

မျက်တောင် တစ်ခတ် အတွင်းမှာပင် ထိုအရိပ်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် ဧရာမ သားရဲ တစ်ကောင် အဖြစ် ပြောင်းလဲသွား၏။ ဒုတိယအဆင့် မှော်သားရဲ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် လူငယ် နှစ်ဦးမှာ မေ့လဲချင်သွားကြသည်။

သူတို့ နှစ်ဦး၏ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖွေးသွားပြီး ကြောက်လန့်တကြား ရေရွတ်လိုက်မိကြသည်။

"ဒုက္ခပဲ..."

ထိုအချိန်တွင်၊

ချန်တောင်တန်း အတွင်းမှ စုပင်း၏ လေးနက်သော အသံ ထွက်ပေါ်လာ၏။

"ဘယ် မိတ်ဆွေများ ချန်တောင်တန်းက စုမိသားစုဆီ လာလည်တာပါလဲ... ကျေးဇူးပြုပြီး သားရဲကို နည်းနည်းလောက် ထိန်းပေးပါဦး"

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

သူ ရယ်မောနေသည်ကို ကြည့်ပြီး ယွီခယ်အာက တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။

"လူကြီးတွေ ဆူမှာ မကြောက်ဘူးလား"

စုယွီက ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ဟားဟား၊ ဒါ မင်းရဲ့ သားရဲလေ... အဆူခံရမယ် ဆိုရင်လည်း မင်းပဲ ခံရမှာပေါ့"

"ဒါ နင့်အကြံလေ... အခုမှ ရှောင်ပြေးလို့ မရဘူးနော်"

ယွီခယ်အာက မလျှော့ဘဲ ပြန်လည် ချေပလိုက်စဉ်မှာပင် ခေါင်းနှစ်လုံး သွေးလင်းယုန်သည် အရှိန်အဝါကို လျှော့ချလိုက်ပြီး ဂိတ်တံခါးဝသို့ ဆင်းသက်လိုက်လေသည်။

စုယွီ.. သွေးလင်းယုန် ကျောပေါ်မှ ဆင်းလိုက်သည်နှင့် ကြောက်လန့်ပြီး တုန်လှုပ်နေဆဲ ဖြစ်သော စုမိသားစုဝင် လူငယ် နှစ်ဦး၏ မျက်နှာများတွင် အံ့အားသင့်မှုများ ပေါ်လာတော့သည်။

လူငယ် နှစ်ဦးသည် အလွန် အံ့ဩသွားပြီး ဝမ်းနည်းပက်လက်ဖြင့် ခေါ်လိုက်ကြသည်။

"ပဉ္စမ အကြီးအကဲ"

သူတို့ ငိုတော့မလို ဖြစ်နေကြသည်။

ပဉ္စမ အကြီးအကဲ ပါလား။

ဒီလောက်ကြီး ခြိမ်းခြောက်စရာ မလိုပါချေ။ သူတို့ ကြောက်လွန်း၍ သေတော့မလို ဖြစ်သွားခဲ့ရသည်။

သို့သော် မကြာမီ သူတို့၏ ထိတ်လန့်မှုများသည် စိတ်လှုပ်ရှားမှုများဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။

ပဉ္စမ အကြီးအကဲသည် ဒုတိယအဆင့် သားရဲကို စီးနင်းပြီး ပြန်လာခဲ့ပြီ။

ထိုသတင်းသည် ချန်တောင်တန်း တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး စုမိသားစုဝင် အားလုံး သိရှိသွားကြသည်။ လူတိုင်း တက်ကြွ လန်းဆန်းလာကြပြီး စိတ်လှုပ်ရှားနေကြသည်။

ဒုတိယအဆင့် သားရဲထိန်းသိမ်းသူ။

ထိုအဆင့်အတန်းသည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တန်းတူ ရှိပေသည်။

ဤ ဒုတိယအဆင့် သားရဲထိန်းသိမ်းသူ ရှိနေခြင်းဖြင့် စုမိသားစု၏ အင်အားသည် နောက်တစ်ဆင့် တိုးတက်လာခဲ့ပြီး အခြေခံ အုတ်မြစ်သည်လည်း ပိုမို ခိုင်မာလာခဲ့ပြီ ဖြစ်သည်။

သို့သော် ဤအချိန်တွင် မိသားစု အိမ်တော် ခန်းမဆောင်ကြီး အတွင်း၌ စုပင်း၊ စုကျင်းပန်း၊ စုဖုန်း၊ စုယွင်၊ စုချန်နှင့် စုရို့ဆု တို့သည် စုယွီကို ဘာပြောရမှန်း မသိဘဲ တအံ့တဩ ကြည့်နေကြသည်။ ဒီကောင်လေး ဝင်လာပုံက တော်တော် သူရဲကောင်းဆန်လွန်းသည်။

သူတို့ အားလုံး လန့်ဖျပ်သွားပြီး နှလုံးရပ်မလိုပင် ဖြစ်သွားခဲ့ကြသည်။

"မင်း... ကောင်စုတ်လေး"

စုပင်းက စုယွီကို ကြည့်ရင်း ခေါင်းခါလိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် ယွီခယ်အာနှင့် ယွီချန်ချင်း တို့အပေါ် ရောက်သွားပြီး အံ့ဩသွား၏။

တာအို လက်တွဲဖော် နှစ်ယောက်တောင်လား။

တကယ်ပဲလား။

ထိုအချိန်တွင် စုယွီက လူတိုင်းကို မိတ်ဆက်ပေးလိုက်ရာ ယွီခယ်အာကို သိလိုက်ရသောအခါ စုပင်းနှင့် အခြားသူများ အလွန် အံ့အားသင့်သွားကြသည်။

ယွီချန်ချင်းသည် ယွင်ကျန်းဂိုဏ်း၏ အတွင်းစည်း တပည့် ဖြစ်ပြီး ချန်စီစီ၏ ဂျူနီယာ ညီမငယ် ဖြစ်သဖြင့် ဂါရဝပြုရန် လာရောက်ခြင်းမှာ နားလည်နိုင်ပေသည်။

သို့သော် ယွီမိသားစု တတိယ အိမ်တော်၏ သခင်မလေးက သူတို့၏ ပဉ္စမ အကြီးအကဲ နောက်သို့ လိုက်ပါလာပြီး ချန်စီစီကို ဂါရဝပြုရန် ရောက်ရှိလာခြင်းမှာ...

"သင်္ချိုင်း..ဘယ်နားမှာ ရှိလဲ မင်း သိတယ်မလား... သွားကြတော့"

စုပင်းနှင့် အခြားသူများ ရယ်မောရင်း ထွက်ခွာသွားကြသည်။ ခန်းမဆောင်မှ ထွက်သည်နှင့် တိုးတိုးတိုးတိုး ပြောဆိုနေကြတော့သည်။ အရှက်မရှိသော အဘိုးကြီးများပင်။

စုယွီက ယွီခယ်အာကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"သူတို့ကို အလေးမထားပါနဲ့... လျှောက်ပြောနေကြတာပါ"

ခေတ္တမျှ ကြာပြီးနောက် တောင်နောက်ဘက်ရှိ သင်္ချိုင်းတွင်၊ စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်း တို့သည် ချန်စီစီအတွက် ပူဇော်သက္ကာများ ပြင်ဆင်ပေးလိုက်ကြသည်။ ချန်စီစီ၏ အုတ်ဂူ ကျောက်တိုင်ကို ကြည့်ရင်း သူတို့ ငေးငိုင်နေမိကြသည်။

စုယွီသည် အတိတ်ကို ပြန်ပြောင်း တွေးတောနေမိ၏။

ဝန်ခံရမည် ဆိုလျှင် ချန်စီစီကို စတင် တွေ့ရှိစဉ်က သူမသည် အလွန် လှပပြီး ဆွဲဆောင်မှု ရှိခဲ့သည်။

ငယ်ရွယ် နုပျိုသည်၊ လှပသည်၊ ဆွဲဆောင်မှု ရှိသည်။ သူမတွင် ကိုယ်လုံးကိုယ်ပေါက် လှပသလို ပါရမီလည်း ရှိပေသည်။

သို့သော် စုယွီသည် သူမအပေါ် မည်သည့် အထူး ခံစားချက်မျှ မရှိခဲ့ပေ။

ယခုအခါ မိတ်ဆွေဟောင်း တစ်ယောက် ဆုံးပါးသွားခဲ့ပြီ။

"ငါ့ရဲ့ စွမ်းရည်က အကန့်အသတ် ရှိသေးတယ်... မင်းကို အတိုင်းအတာ တစ်ခုအထိပဲ တိတ်တဆိတ် စောင့်ရှောက်ပေးနိုင်မယ်... ငါ့ စွမ်းရည်ထက် ကျော်လွန်လာရင်တော့..."

စုယွီ စိတ်ထဲတွင် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။

"ဒါဆိုရင် ငါ စောင့်ရလိမ့်မယ်... ရန်သူကို လက်ဝါး တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ အချိန်အထိ စောင့်ပြီးမှ မင်းနဲ့ ချန်မိသားစု အတွက် လက်စားချေပေးမယ်"

အကယ်၍ စွမ်းရည် မရှိပါက သူ စိတ်ရင်းမှန်ဖြင့် တောင်းပန်ရုံသာ တတ်နိုင်ပေလိမ့်မည်။

ရန်သူများထက် အသက်ပိုရှည်အောင် နေထိုင်ပြီး သူတို့ သေဆုံးသွားမှ သူတို့ အုတ်ဂူပေါ် တက်ကန်ကာ လက်စားချေပြီး ဒေါသဖြေရုံသာ ရှိတော့သည်။

သူသည် အုတ်ဂူပေါ်သို့ ဝိညာဉ် အရက်ကောင်း တစ်အိုး လောင်းချလိုက်သည်။

မိတ်ဆွေဟောင်းကို ဂုဏ်ပြုရန် အတွက်ပါ…။

—-----.

ထို့နောက် စုယွီနှင့် အဖွဲ့သည် နှုတ်ဆက်ပြီး ပြန်လည် ထွက်ခွာခဲ့ကြသည်။

ထိုညတွင်၊

စုမိသားစုသည် ယွီခယ်အာနှင့် ယွီချန်ချင်း တို့အတွက် ဧည့်ခံပွဲ ကျင်းပပေးခဲ့သည်။ ဧည့်ခံပွဲတွင် စုယွီက မိစ္ဆာတောင်ထွတ် ရှစ်ခု အခြေအနေ၊ ယွင်ကျန်းဂိုဏ်း၊ ချန်မိသားစု၊ ရုပ်သေးပညာရှင် ကျန်းမိသားစု၊ ကွမ်လန် တောင်တန်းမှ ဟွမ်မိသားစု စသည်တို့၏ အခြေအနေများကို မေးမြန်းခဲသေး၏။

ထိုကိစ္စများကို အစိုးရိမ်ဆုံးနှင့် အသိဆုံး ဖြစ်သူ စုပင်းက ပြောပြသည်။

"မိစ္ဆာတောင်ထွတ် ရှစ်ခုက ရှုပ်ထွေးပွေလီနေပြီကွယ်... အခြေခံ တည်ဆောက်ခြင်း အဆင့် ရှိတဲ့ နေရာတွေက ဘေးမကင်းတော့ဘူး... ယွင်ကျန်းဂိုဏ်း၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ခိုင်ရန် နန်းတော်၊ တာ့ယွဲ့ နန်းတော်နဲ့ တခြား အင်အားကြီး အဖွဲ့အစည်းတွေက တုပ အမြုတေ အဆင့် ရှိတဲ့ အားကောင်းသူတွေကို ခေါ်လာကြပြီ... ငါးတွေရော နဂါးတွေရော ရောနှောနေတာပဲ"

"တာ့ယွဲ့ ပြည်နယ် အပြင်ဘက်က မိစ္ဆာ အင်အားစုတွေတောင် ရောက်နေကြပြီ"

"ချန်မိသားစုနဲ့ ငါတို့ စုမိသားစုကတော့ အဆင်ပြေပါသေးတယ်... အားလုံး ပုံမှန်ပါပဲ... မိစ္ဆာတောင်ထွတ် ရှစ်ခု အခြေအနေကြောင့် ဟွမ်နဲ့ ကျန်း မိသားစုတွေရဲ့ အာရုံစိုက်မှု လျော့သွားလို့ ငါတို့ နေရတာ နည်းနည်း ပိုသက်သာလာတယ်"

"မိစ္ဆာတောင်ထွတ် ရှစ်ခု ကိစ္စ ပြီးသွားရင် ဘာဆက်ဖြစ်မလဲ ဆိုတာတော့... ဘယ်သူ သိမလဲ"

"ကျန်းနဲ့ ဟွမ် မိသားစုတွေ မိစ္ဆာတောင်ထွတ် ရှစ်ခုမှာ အထိနာစေချင်တယ်... အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်သွားရင် ပိုကောင်းတာပေါ့... ဟဲဟဲ"

စုပင်းက ဝိညာဉ် အရက် တစ်ခွက် ငှဲ့ရင်း မျက်လုံးများကို မှေးကာ ရယ်မောလိုက်သည်။ ကျန်းနှင့် ဟွမ် မိသားစု အကြောင်း ပြောသောအခါ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

တာ့ယွဲ့ ပြည်နယ် အပြင်ဘက်က မိစ္ဆာ အင်အားစုတွေတောင် ရောက်နေကြပြီတဲ့လား။

ကြောက်စရာပဲ။

သေစေနိုင်လောက်တယ်။

စုယွီ၏ ရင်ထဲတွင် မွန်းကြပ်သွား၏။

ထိုသို့ဆိုလျှင် သူ ဤနေရာတွင် ကြာကြာ နေ၍ မဖြစ်ပေ။ အမြန်ဆုံး ထွက်ခွာပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြန်ရမည်။ မတော်တဆ ဖြစ်သည်ထက် စာလျှင် ကြိုတင် ကာကွယ်တာက ပိုကောင်းသည်။

ချန်မိသားစု ကိစ္စနှင့် ပတ်သက်၍ သူသည် တိတ်တဆိတ် စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး ပဉ္စမ အဘိုး စုပင်းကို ဂရုစိုက်ပေးရန် မှာကြားထားရမည်။ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သူ့ထံ စာပို့ အကြောင်းကြားရန် ပြောထားရပါမည်။

သူသည် ချန်မိသားစုကို ပေါ်တင် စောင့်ရှောက်ပေးရန် မဝံ့ရဲပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြုလုပ်ခြင်းသည် ချန်စီစီထံမှ ကောင်းမွန်သော အရာ တစ်ခုခု ရရှိထားကြောင်း ယွင်ကျန်းဂိုဏ်းကို ပြောပြလိုက်သလို ဖြစ်နေမည် မဟုတ်ပါလော။

မဟုတ်လျှင် သူက ဘာကိစ္စ ချန်မိသားစုအပေါ် ဒီလောက် ကောင်းနေရမည်လဲ။

ထို့အပြင်၊ ချန်စီစီက ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို သွားရောက်ခဲ့သည် ဆိုသော အချက်ကိုပါ ထည့်တွက်လိုက်လျှင်... ဒုက္ခ ရောက်နိုင်သည်။

ဘယ်သူမှ မအချေ။

သူက အရည်အချင်း သိပ်မရှိသည့် လူသေးလူမွှားလေး တစ်ယောက်ပင်။

ဒီကိစ္စကို မိစ္ဆာတောင်ထွတ် ရှစ်ခုနှင့် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး ကိစ္စတွေ ပြီးသွားမှပဲ ကိုင်တွယ်၍ ရလိမ့်မည်။

နောက်တစ်နေ့ နံနက် အာရုဏ်တက်ချိန်တွင်၊

စုယွီသည် ဒုတိယအဆင့် ကနဦးအဆင့် အဆောင်လက်ဖွဲ့ အဆောင်များနှင့် ဆေးလုံး အချို့ကို မိသားစု အတွက် ထားရစ်ခဲ့သည်။

ထို့နောက် ယွီခယ်အာ၊ ယွီချန်ချင်း တို့နှင့်အတူ ချန်တောင်တန်းမှ အလျင်အမြန် ထွက်ခွာပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြန်လာခဲ့ကြလေသည်။

All Chapters