← Chapters

ကောင်းကင်နိယာမကျောက်တုံး၊အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ဗီဇပြောင်းလဲမှု

Vol. 28 Ch. 395

ကောင်းကင်နိယာမကျောက်တုံး၊အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် ဗီဇပြောင်းလဲမှု

Vol. 28 Ch. 395

"သံသယရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ…. နိဗ္ဗာန်ဖန်ဆင်းခြင်းပညာရပ်ကို တတ်မြောက်ထားတာလား…"

ယဲ့ကျန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။ ဤနေရာသည် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ ဖြစ်သော်လည်း တစ်ဖက်လူ၌ အခြားတပါးသော ရည်ရွယ်ချက် ရှိမရှိ သူ ထည့်သွင်းစဉ်းစားရပေမည်။

နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက် တနေ့တာ၏ အချိန်တစ်ဝက်ခန့်ကို စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ၌ ကုန်ဆုံးခဲ့ကာ ဇာတ်လမ်းပုံပြင်များစွာကို ကြားခဲ့ရသည်။ထို့​ကြောင့် ယခင်တုန်းကလို စိတ်လိုက်မာန်ပါ မလုပ်တော့သလို အတွေးအခေါ်ပိုင်းတွင်လည်း ရိုးရှင်းခြင်း မရှိတော့ပေ။

မီးတောက်အရှင်က ယဲ့ကျန်း၏ သတိထားနေမှုကို မြင်သောအခါ …. "ငါရထားတဲ့ သတင်းက သံသယဖြစ်စရာ ကောင်းနေလို့ပါ…မင်း တောင်ပေါ်ကနေ ယာယီဆင်းလို့မရဘူးဆိုတာ ငါသိပါတယ်… ငါ မင်းကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ပါဘူး…. ယဲ့ကလန် ပျက်စီးသွားပြီ ဆိုပေမဲ့ မင်းတို့နှစ်ယောက်ပဲ ကျန်တော့တယ်လို့ မဆိုလိုနိုင်ဘူးလေ….ရွှမ်ဟွမ်ကမ္ဘာကြီးထဲမှာ ယဲ့မျိုးနွယ်စုဝင်တွေ ကျန်ကောင်းကျန်နေနိုင်တယ်….အခု ငါက တာအိုဘိုးဘေးအတွက် အလုပ်လုပ်ပေးဖို့ ရွှမ်ဟွမ်ကမ္ဘာကြီးကို ပြန်ရောက်နေပြီ… မင်းသာ သဘောတူမယ်ဆိုရင် ကျန်ရှိနေတဲ့ ယဲ့မျိုးနွယ်စုဝင်တွေကို ရှာဖွေဖို့ ငါ ကူညီပေးနိုင်ပါတယ်…အဲဒီအခါကျရင် ယန်မျိုးနွယ်စုနဲ့အတူ သူတို့ကို ခေါ်ပြီး ခွန်းလွန်လွင်ပြင်ဆီ လာခဲ့မယ်လေ…"

ထိုစကားကို ကြားသောအခါ ယဲ့ကျန်းက တစ်စုံတစ်ခု ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။

သူ့စိတ်ထဲတွင်လည်း မျှော်လင့်ချက်အငွေ့အသက် အနည်းငယ် ရှိနေသည်။ ယဲ့ကလန်အပေါ် ကျရောက်ခဲ့သော ဘေးဒုက္ခမှ လွတ်မြောက်လာသူမှာ သူတို့နှစ်ယောက်တည်း မဟုတ်နိုင်ကြောင်း အမြဲတစေ ခံစားမိနေသည်။သို့သော်လည်း သူတို့ကို ရှာဖွေရန် အခွင့်အရေး မရှိခဲ့ချေ။

သို့ပေသိ ယန်မျိုးနွယ်စုကို မျက်စိမှိတ်၍ မယုံကြည်နိုင်ပေ။

မျိုးနွယ်စုနှစ်ခုကြားတွင် အမုန်းတရား မရှိသော်လည်း ယဲ့ကလန် တစ်ကောင်ကြွက် ဖြစ်ခဲ့ရသည့် အတွေ့အကြုံများကြောင့် မည်သည့်မျိုးနွယ်စုကိုမျှ မယုံကြည်တော့ခြင်း ဖြစ်သည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် တစ်ဖက်လူမှာ သူနှင့် စိတ်သဘောထားချင်း တိုက်ဆိုင်သူဖြစ်ပြီး သူ့ကို ဒုက္ခပေးမည့်သူ မဟုတ်ပေ။

ထို့ပြင် သူသဘောမတူလျှင်လည်း ယန်မျိုးနွယ်စုက ယဲ့ကလန်အပေါ် အကြံအစည်ရှိပါက သူတို့၏ အစီအစဉ်အတိုင်း ဆက်လုပ်ကြမည်သာ ဖြစ်သည်။

မျှော်လင့်ချက်ထားလိုက်တာက ပိုကောင်းပါလိမ့်မည်။

"ကောင်းပြီ... ခင်ဗျားတို့ သူတို့နဲ့ တွေ့ခဲ့ရင် ကူညီပေးဖို့ ဒုက္ခပေးရတော့မှာပဲ…"

ယဲ့ကျန်းက လျှော့ပေးလိုက်ပြီး အနိုင်နိုင် ပြုံးကာ ပြောလိုက်သည်။

မီးတောက်အရှင်က … "သူတို့ရဲ့ ယုံကြည်မှုကိုရနိုင်မယ့် အရာတစ်ခုခု ပြောပြနိုင်မလား။"

ယန်ယင်းက သူ့ဝမ်းကွဲအစ်ကို၏ အလုပ်ကို မနှောင့်ယှက်ရဲသဖြင့် ဝင်မပြောဘဲ နေလိုက်သည်။

ယဲ့ကျန်းက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အကြောင်းအရာတစ်ခုကို ထုတ်ပြောပြလိုက်သည်။ ထိုအကြောင်းအရာကို ကြားပြီးနောက် မီးတောက်အရှင်က ဆက်မနေတော့ဘဲ သူ့ဝမ်းကွဲညီနှင့်အတူ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ၌ ဆက်လက် လှည့်လည်သွားလာရန် ထွက်ခွာသွားကြသည်။

နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသည် ယခင်ကကဲ့သို့ ဟာလာဟင်းလင်း မဖြစ်တော့ပေ။ နေရာလပ်ကြီးမားနေဆဲ ဖြစ်သော်လည်း စိုပြေကာ အရောင်အသွေး စုံလင်လာသည်။

ကောင်းကင်ယံတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် အဆောက်အအုံများ၊ စိတ်ကူးယဉ်ဆန်သော မြို့ပြများ၊ ကျွန်းများ၊ တောင်တန်းများနှင့် ပင်လယ်များ ရှိနေပြီဖြစ်သည်။ ယန်ယင်း ထိုအရာများကို မြင်သောအခါ ရံဖန်ရံခါ အာမေဋိတ်သံများ ပြုလုပ်မိသည်။ သူ့ပုံစံက ရှေးဟောင်းမျိုးနွယ်စုမှ ဆင်းသက်လာသူ တစ်ယောက်၏ အမူအရာနှင့် လုံးဝ မတူတော့ချေ။

ကျန်းချန်ရှန်းက အနန္တကမ္ဘာမုခ်ဉီးကို ကျန်းဇီယုလက်သို့ အပ်နှင်းပြီးနောက် အေးချမ်းစွာ ကျင့်ကြံရန် တံခါးပိတ် ကျင့်ကြံခြင်း ပြုလုပ်နေသည်။

အနန္တကမ္ဘာမုခ်ဉီးက ကောင်းကင်တရားရုံး၏ ကံတရားနှင့် ဝိညာဉ်စွမ်းအင်များကို သုံးစွဲသည်။ ကောင်းကင်ဧကရာဇ် တစ်ပါးအနေဖြင့် ကျန်းဇီယု ထိုအချက်ကို ရှင်းလင်းစွာ အာရုံခံမိပြီး အလွန်အကျွံ အသုံးပြုခြင်း မရှိပေ။

နွေကုန်၍ ဆောင်းကူးပြောင်းလာပြန်သည်။

ခွန်းလွန်လွင်ပြင်ရှိ အရာအားလုံး ကံတရားအတိုင်း ရှေ့ဆက် လည်ပတ်နေကြသည်။ ဖြစ်တည်ခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေဆုံးခြင်း….တလှည့်စီလည်ပတ်နေစမြဲပင်…

ဉတုလေးလီ တစ်လှည့်စီ ပြောင်းလဲနေပြီး ကောင်းကင်တရားရုံးသည်လည်း ထပ်ခါတလဲလဲ စူးစမ်းရှာဖွေမှုများမှတစ်ဆင့် လျင်မြန်စွာ ပိုမို အားကောင်းလာသည်။

ဒုတိယအကြိမ် စူးစမ်းလေ့လာရေး ခရီးစဉ်မှစ၍ ကောင်းကင်တရားရုံးဘက်က အားကောင်းသော ရန်သူများနှင့် စတင် ရင်ဆိုင်လာရသည်။ စူးစမ်းလေ့လာရန် သွားရောက်တိုင်း ကြီးမားသော တိုက်ပွဲများနှင့် ကြုံတွေ့ရလေ့ရှိသည်။

ရန်သူများထဲတွင် ဒေသခံများ ပါဝင်သလို ထိုနေရာသို့ လာရောက် စူးစမ်းကြသည့် ပြင်ပအင်အားစုများလည်း ပါဝင်သည်။ သူတို့အများစုမှာ ရွှမ်ဟွမ်ကမ္ဘာကြီး၏ ရှေးဟောင်းမျိုးနွယ်စုများနှင့် ကံတရားမင်းဆက်များမှ ဖြစ်ကြသည်။

ကောင်းကင်စစ်သည်များထဲတွင် ထိခိုက်သေဆုံးမှုများ ရှိသော်လည်း သူတို့၏ ကံတရားများက နတ်ဘုရားခန့်အပ်ခြင်းစာရင်းနှင့် ချိတ်ဆက်ထားသဖြင့် သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များက နတ်ဘုရားခန့်အပ်ခြင်းစာရင်းသို့ ပြန်လည်ရောက်ရှိကာ ငရဲသို့ ကျရောက်သွားကြသည်။ သူတို့အားလုံး ပြန်လည်ဝင်စားနိုင်ပြီး နောက်ဘဝတွင် ပိုမိုသန်မာလာသောအခါ ကောင်းကင်တရားရုံးသို့ ပြန်လာနိုင်ကြသည်။

ထိုသို့သော အာမခံချက်က ကောင်းကင်စစ်သည်များအား ကောင်းကင်တရားရုံးအပေါ် ပိုမိုခိုင်မာသော သံယောဇဉ်ကို ဖြစ်ပေါ်စေသည်။

တိုက်ပွဲများနှင့်ကြုံတွေ့ရခြင်းကြောင့် ကောင်းကင်စစ်သည်များနှင့် နတ်ဘုရားစစ်သူကြီးများ ပိုမိုသန်မာလာစေသည်မှာ အမှန်ပင်ဖြစ်ပြီး အထူးသဖြင့် တိုက်ခိုက်ရေး၌ ထူးချွန်သော ပါရမီရှင်များအတွက် ပို၍ သိသာထင်ရှားသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း ၅၀ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျန်းဇီယု ကောင်းကင်အမွေခံခေတ်တွင် ကောင်းကင်ဧကရာဇ် ဖြစ်လာသည်မှာ ၁၀၄ နှစ် ရှိပြီဖြစ်ပြီး အင်မော်တယ်နတ်ဘုရားများသည် သူ့ကို ခေါင်းဆောင်အဖြစ် နေသားကျနေကြပြီ ဖြစ်သည်။ တာအိုဘိုးဘေးမှာမူ မြင့်မြတ်လွန်းလှပြီး မည်သူမျှ နှောင့်ယှက်၍ မရနိုင်ပေ။

ကျန်းချန်ရှန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပိုင်ချီ ဘေးတစ်ဖက်တွင် လှဲနေသည်ကို တွေ့လိုက်ရသည်။ မူလင်းလော့ ရှိမနေသဖြင့် သူမ စူးစမ်းလေ့လာရန် အနန္တကမ္ဘာမုခ်ဉီးသို့ သွားရောက်နေသည်မှာ သေချာသလောက်ပင်။

နှစ်ပေါင်း ၅၀ ကုန်ဆုံးသွားသောအခါ ကျန်းချန်ရှန်း၏ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်လာသည်။ ကံတရားနိယာမနှင့် ပတ်သက်၍ နားလည်သဘောပေါက်မှု ပိုမိုနက်ရှိုင်းလာသော်လည်း နှိုက်နှိုက်ချွတ်ချွတ် နားလည်ရန်မူ လိုအပ်နေသေးသည်။

သူ နောက်ဆုံးအဆင့်တက်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ရှိပြီဖြစ်သော်လည်း အဆင့်တက်မည့် အခွင့်အရေးကို မခံစားရသေးပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အနာဂတ်တွင် ကျင့်ကြံရန် မည်မျှ ခက်ခဲမည်ကို သိမြင်နိုင်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဉ်၌ ခရီးဆက်လေလေ ပိုမို ခက်ခဲလေလေ ဖြစ်သည်။ ထို့ပြင် ကြုံတွေ့ရမည့် ကောင်းကင်ဘေးဒဏ်ကလည်း သေချာပေါက် ပိုမို ပြင်းထန်လာမည် ဖြစ်သည်။

ကျန်းချန်ရှန်း ဒါတွေကို မကျေမနပ် ဖြစ်မနေပေ။ သူ့ ကျင့်ကြံခြင်းနှုန်းမှာ လုံလောက်အောင် မြန်ဆန်နေပြီ ဖြစ်သည်။ ရွှမ်ဟွမ်ကမ္ဘာကြီးမှ လူများက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်သို့ ရောက်ရှိအောင် ကျင့်ကြံလိုလျှင် နှစ်ပေါင်း တစ်သောင်း သို့မဟုတ် တစ်သန်းပင် ကြာမြင့်နိုင်သည်။

တုနှိုင်းမဲ့လေဟာနယ်နယ်ပယ် ကျွမ်းကျင်သူ အများစုအဖို့ သူတို့၏ တစ်ဘဝလုံးတွင် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။

ကျန်းချန်ရှန်း ကြာကြာ ညည်းတွားမနေဘဲ ကောင်းကင်တရားရုံးကို ကြည့်လိုက်သည်။

နှစ်ပေါင်း ၅၀ ကုန်ဆုံးသွားသောအခါ ကောင်းကင်တရားရုံးသည်လည်း ကြီးမားစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ကောင်းကင်ကိုးဆင့်တွင် စည်ကားသိုက်မြိုက်နေပြီး အမျိုးမျိုးသော အဆောက်အအုံများ မြင့်မားစွာ တည်ရှိနေပြီး အင်မော်တယ်နတ်ဘုရားများက ရတနာမျိုးစုံနှင့် စီးတော်ယာဉ်များဖြင့် ဝင်ထွက်သွားလာနေကြသည်။

အနန္တကမ္ဘာမုခ်ဉီး​ကြောင့် ရတနာသွန်းလုပ်ရန် ပစ္စည်းများစွာ ရရှိစေခဲ့ပြီး စီးတော်ယာဉ်အဖြစ် အသုံးပြုရန် သင့်လျော်သော သားရဲများစွာကိုလည်း ဖမ်းဆီးရမိစေခဲ့သည်။

ကွမ်းတုံးယုနှင့် ချန်းလီတို့က ကျန်းချန်ရှန်း၏ လက်နက်သွန်းလုပ်ခြင်း အမွေအနှစ်ကို ရရှိထားကြသည်။

သူတို့ မှော်လက်နက်များကို မဖန်တီးနိုင်သေးသော်လည်း အားကောင်းသော သိုင်းရတနာများကို ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။ သူတို့၏ သွန်းလုပ်ခြင်း ပညာရပ်များကိုလည်း အခြား အင်မော်တယ်နတ်ဘုရားများအား လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြသည်။ ယခုအခါ လက်နက်သွန်းလုပ်ရုံသာ မဟုတ်ဘဲ ဆေးဖော်ခြင်း၊ အစီအရင်ခင်းကျင်းခြင်း၊ ကံတရားတွက်ချက်ခြင်း စသည်တို့ကို လေ့လာလိုက်စားသူများလည်း များပြားလာသည်။

ကောင်းကင်တရားရုံးက အခုဆို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခုအခါ အနန္တကမ္ဘာမုခ်ဉီးကြီးက ကောင်းကင်တရားရုံး၏ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်လာသည်။ ကောင်းကင်စစ်တပ်၏ မဖြစ်မနေ လှုပ်ရှားမှုများအပြင် အားကောင်းသော အင်မော်တယ်နတ်ဘုရားများသည်လည်း တစ်ကိုယ်တည်း သွားရောက် စူးစမ်းနိုင်ကြသည်။ ရရှိလာသော အကျိုးအမြတ်၏ ၅၀ ရာခိုင်နှုန်းကို ကောင်းကင်တရားရုံးသို့ ပေးအပ်ရမည် ဖြစ်သည်။ တိချန်း၊ ကျိဝူကျွင်း၊ ကွမ်းတုံးယု၊ လင်းဟောက်ထျန်း၊ ကျန်းဂျန် စသည်တို့က အနန္တကမ္ဘာမုခ်ဉီးကို မကြာခဏ အသုံးပြုသူများ ဖြစ်ကြပြီး ကောင်းကင်တရားရုံးအတွက် နယ်မြေများစွာကိုလည်း ချဲ့ထွင်ပေးခဲ့ကြသည်။

ကောင်းကင်ဧကရာဇ်က ကမ္ဘာအသီးသီး၏ သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကို စီမံခန့်ခွဲရန် အနန္တကမ္ဘာနန်းတော်ကိုပင် အထူးတလည် တည်ထောင်ပေးခဲ့သည်။

နှစ်များ ကြာလာသည်နှင့်အမျှ ကောင်းကင်တရားရုံးရှိ ကောင်းကင်စစ်သည်များနှင့် နတ်ဘုရားအစေခံ အရေအတွက်သည်လည်း အလွန်အမင်း တိုးပွားလာသည်။ ကျန်းဇီယု၏ ရည်မှန်းချက်များက အနာဂတ်ကို မျှော်ကြည့်နေပြီဖြစ်ရာ ကောင်းကင်စစ်သည်နှင့် နတ်ဘုရားအစေခံ ၂ သိန်းလောက်နှင့် မလုံလောက်နိုင်ကြောင်း ခံစားနေရသည်။

သို့သော်လည်း သူသည် ကျန်းချန်ရှန်း၏ သဘောတရားကို အမွေဆက်ခံထားဆဲ ဖြစ်သည်။ စစ်သည်ဆိုသည်မှာ အရေအတွက် မဟုတ်ဘဲ အရည်အသွေးသာ ဖြစ်သည်။

အင်အားမလုံလောက်သောလည်း ကောင်းကင်စစ်သည်များနှင့် နတ်ဘုရားအစေခံများ အားလုံး ကောင်းကင်တရားရုံး၌သာ အေးချမ်းစွာ ကျင့်ကြံကြရမည် ဖြစ်သည်။

ကောင်းကင်တရားရုံး ပိုမို အားကောင်းလာသည်နှင့်အမျှ ဂိုဏ်းဂဏများ မွေးဖွားလာပြီး လူတန်းစား ခွဲခြားမှုများလည်း ပိုမို နက်ရှိုင်းလာသည်။ ဤသည်မှာ ကျန်းချန်ရှန်း မျှော်လင့်ထားပြီးသား ကိစ္စဖြစ်သည်။ ရှောင်လွှဲ၍မရသော ကိစ္စဖြစ်သဖြင့် သူ ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် မရှိပေ။ စည်းစနစ်ကို ထိန်းသိမ်းရန် ကောင်းကင်စည်းမျဉ်းများရှိပြီး မည်သူမျှ ချိုးဖောက်၍ မရနိုင်ပေ။

ချိုးဖောက်သူများကို စည်းမျဉ်းများနှင့်အညီ အရေးယူမည် ဖြစ်သည်။

ကျန်းချန်ရှန်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်သည်။

ထို့နောက် လုရှန်ကျိုးနှင့် လီချန်ဟိုင်တို့ကို ရုတ်တရက် သတိရသွားသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကို အောင်မြင်စွာ ဖန်တီးနိုင်ပြီလားဆိုတာ သူ သိချင်မိသည်။

ထို့ကြောင့် လုရှန်ကျိုးနှင့် လီချန်ဟိုင်တို့၏ ပြန်လည်ဝင်စားခြင်း အမှတ်အသားများကို ချက်ချင်း ခြေရာခံလိုက်သည်။ သူတို့နှစ်ယောက် အတူရှိနေကြဆဲဖြစ်ပြီး သူတို့၏ ပြန်လည်ဝင်စားခြင်း အမှတ်အသားများမှာ ထပ်နေကြသည်။

ပြာလဲ့သော ကောင်းကင်အောက်၌ ဧရာမ ကန်ရေပြင်ကြီး တစ်ခုကို တောင်တန်းများက ဝန်းရံထားသည်။ ကန်ရေမျက်နှာပြင်သည် ကျယ်ပြောလှပြီး မြူဖြူများ ဖုံးလွှမ်းနေသည်။ ကန်ရေပြင်ပေါ်၌ ဧရာမ သားရဲကြီး သုံးကောင် မျောပါနေသော်လည်း မြူများကြောင့် သူတို့၏ ပုံသဏ္ဌာန်ကို မမြင်ရပေ။အဝေးကကြည့်လျှင် ပိုးတုံးလုံးများနှင့် လေထဲတွင် မျောနေသော ဧရာမ ဥကြီးများကဲ့သို့ ထင်ရသည်။

ကန်ဘောင်ဘေးတွင်...

လုရှန်ကျိုး၊ လီချန်ဟိုင်နှင့် တုကူးဝမ်ထျန်းတို့ ယှဉ်တွဲ ရပ်နေကြသည်။ လုရှန်ကျိုး၏ တစ်ဖက်တွင် လူနှစ်ယောက်ရှိနေသေးသည်။ တစ်ယောက်မှာ မဟာကန္တာရသိုင်းကမ္ဘာသို့ မဟာကန္တာရနတ်ဘုရား သေဆုံးမှုအား စုံစမ်းရန် သွားခဲ့သည့် ပိုင်ချီရှင်း ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကျုကျွယ်ဧကရာဇ်ပင် ဖြစ်သည်။

ကျုကျွယ်ဧကရာဇ်က ခရမ်းရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်၌ မင်္ဂလာရှိသော သားရဲပုံများ ရိုက်နှိပ်ထားသကဲ့သို့ လက်ရာမြောက်သော ရွှေချည်ထိုးကွက်များ ပါရှိသည်။

သူသည် လက်ကို နောက်ပစ်ထားပြီး ဆံပင်ရှည်များကို ဖီးနစ်တောင်ပံ ကျောက်စိမ်းပုတီးသရဖူအောက်၌ သပ်ရပ်စွာ ထုံးဖွဲ့ထားသည်။ပါးစပ်နားရှိ မုတ်ဆိတ်မွေးမှာ ဆိတ်မုတ်ဆိတ်နှင့် တူပြီး မျက်ခုံးများက စူးရှထက်မြက်ကာ သူရဲကောင်းတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။

"ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ။" ဟု လုရှန်ကျိုးက မေးလိုက်သည်။

သူ့ကို စွဲလမ်းနှစ်သက်စေသော အားကောင်းသည့် အရှိန်အဝါ သုံးခုကို သူ အာရုံခံမိနေပြီ ဖြစ်သည်။

ကျိုကျွယ်ဧကရာဇ်က ….

"မကြာတော့ပါဘူး။ ကောင်းကင်မူလဝိဉာဉ်သန္ဓေသား သုံးခု ပုံပေါ်လာမယ့်အချိန်က မင်း စိတ်ကူးပုံဖော်ထားတဲ့ စွမ်းအားပေါ်မှာ မူတည်တယ်.. နောက်ကျလေ ပိုစွမ်းအားကြီးလေပဲ…"

တုကူးဝမ်ထျန်းက စူးစမ်းလိုစိတ်ဖြင့် …"လုရှန်ကျိုး... မင်း ဘယ်သူ့ကို စိတ်ကူးပုံဖော်ထားလို့ စောင့်ဆိုင်းချိန်က တုနှိုင်းမဲ့ခွန်းလွန်ရဲ့ စောင့်ဆိုင်းချိန်နဲ့ ယှဉ်နိုင်ရတာလဲ…"

လုရှန်ကျိုးက တချက်ပြုံးလိုက်ပြီး…

"အနာဂတ်မှာ မင်း သိရမှာပါ.. ငါက ကျူကျွယ်ဧကရာဇ် ဖန်တီးတဲ့သူက ဘယ်သူလဲဆိုတာ ပိုသိချင်နေတာ အဲဒါကလည်း ပဋိသန္ဓေတည်တာ တော်တော်ကြာနေပြီ။"

တုကူးဝမ်ထျန်းကလည်း ကျိုကျွယ်ဧကရာဇ်ကို ကြည့်လိုက်တော့ကျိုကျွယ်ဧကရာဇ်က လက်ကိုမြှောက်၍ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။

"ငါ ဖန်တီးတဲ့ ဖြစ်တည်မှုကို မင်းတို့ တစ်ခါမှ မကြားဖူးလောက်ဘူး.. အဲဒါက ရှေးခေတ်က ဘီလူးအိုကြီး တစ်ကောင်ပါ။ အခုအချိန်မှာ သူ့အကြောင်း ဒဏ္ဍာရီတွေ မရှိတော့ဘူး…"

သူ့မျက်ဝန်းထဲတွင် လွမ်းမောတမ်းတမှုများ ရှိနေသဖြင့် လုရှန်ကျိုးနှင့် အခြားသူများကို ပို၍ပင် စူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည်။

လုရှန်ကျိုးနှင့် တုကူးဝမ်ထျန်းတို့၏ မေးခွန်းထုတ်ခြင်းကို ခံရသဖြင့် ကျူကျွယ်ဧကရာဇ်မှာ သူတို့ကို မျက်နှာသာပေးကာ တစ်ဖက်လူ၏ နာမည်ကို ပြောလိုက်ရတော့သည်။

"ယု..."

ထိုအခါ လုရှန်ကျိုးက "လက်ရှိ ယုမျိုးနွယ်စုနဲ့ ပတ်သက်နေတာလား.."ဟု အံ့သြတကြီးမေးလိုက်သည်။

ကျိုကျွယ်ဧကရာဇ်က အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

သူတို့ ဘယ်လောက်ပဲ မေးခွန်းတွေ မေးမေး ဆက်မဖြေတော့ပေ။

"ခင်ဗျားဆီမှာ ကောင်းကင်နိယာမကျောက်တုံး ရှိသေးလား…"

ထိုမေးခွန်းက တုကူးဝမ်ထျန်း လှည့်မေးလိုက်ခြင်းဖြစ်သည်။

ကောင်းကင်နိယာမကျောက်တုံးအကြောင်း ပြောလိုက်သည်နှင့် သူ့မျက်လုံးများမှာ ပြင်းပြသော ဆန္ဒများဖြင့် တောက်လောင်လာ၏။

ကျုကျွယ်ဧကရာဇ်က သက်ပြင်းချကာ….

"ဘယ်လိုလုပ် အပိုရှိနိုင်မှာလဲ..ကောင်းကင်နိယာမကျောက်တုံးက ကောင်းကင်မူလဝိဉာဉ်သန္ဓေသားထက်တောင် ရှာရပိုခက်သေးတယ်…နှစ်သန်းပေါင်းများစွာအတွင်း ငါတောင် သုံးတုံးပဲ ရဖူးတယ်…"

တုကူးဝမ်ထျန်းမှာ နှုတ်ဆိတ်သွားသည်.. သူ မယုံကြည်ကြောင်း သိသာလှသည်။

လုရှန်ကျိုးက အဝေးမှ မြူခိုးများကြားရှိ ဧရာမ ပုံရိပ်သုံးခုကို မျှော်လင့်ချက် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ကျန်းချန်ရှန်း အသိစိတ်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်အာရုံ လွင့်မျောသွားသည်။

တိုက်ဆိုင်စွာပင် သူသည် လုရှန်ကျိုးနှင့် အခြားသူများ ကောင်းကင်မူလဝိဉာဉ်သန္ဓေသားအကြောင်း ပြောဆိုနေကြသည်ကို ကြားခဲ့ရခြင်း ဖြစ်သည်။

ကောင်းကင်နိယာမကျောက်တုံး…

ဤအရာက ကောင်းကင်မူလဝိဉာဉ်သန္ဓေသား မွေးဖွားလာစေရန် သော့ချက်ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ လုရှန်ကျိုး ဘာကြောင့် သူ့(ကျန်းချန်ရှန်း)လိုလူမျိုး နောက်တစ်ယောက် ထပ်ဖန်တီးတာလဲ…. ကောင်းကင်နိယာမကျောက်တုံးက လူတွေရဲ့ နှလုံးသားထဲက ဆန္ဒရှိတဲ့အရာကို ဖန်တီးပေးနိုင်တာလား ….

ကျန်းချန်ရှန်းက ခရမ်းရောင်သလင်းကျောက်ဘူးသီးကို ကောက်ယူလိုက်ပြီး ကောင်းကင်နိယာမကျောက်တုံးနှင့် ပတ်သက်သော မှတ်ဉာဏ်များကို ရှာဖွေရန် အရိုးဝိညာဉ်ဧကရီ၏ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။

အရိုးဝိညာဉ်ဧကရီက တိုင်ရှီးမျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုတို့ထက် ပိုမိုကြာရှည်စွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသော သတင်းအချက်အလက်များက သာမန်လူများ ယှဉ်နိုင်သော အရာမဟုတ်ပေ။

အချိန်အတော်ကြာပြီးနောက်...

ကျန်းချန်ရှန်း နောက်ဆုံးတွင် ကောင်းကင်နိယာမကျောက်တုံးနှင့် ပတ်သက်သော သတင်းအချက်အလက်ကို တွေ့ရှိသွားသည်။

ဤသည်မှာ အရိုးဝိညာဉ်ဧကရီ သိုင်းနတ်ဘုရားနယ်မြေတွင် ကျင့်ကြံစဉ်က သိရှိခဲ့သော သတင်းအချက်အလက် ဖြစ်ပြီး ကောင်းကင်သူတော်စင်နိဗ္ဗာန်က သူတို့ကို ပြောပြခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင်နိယာမ ၄၉ ပါး ရှိပြီး မျှော်လင့်ချက်ရောင်ခြည် တစ်ခုပဲ ကျန်တော့တယ်…ကောင်းကင်နိယာမကျောက်တုံးက အဲဒီ မျှော်လင့်ချက်ရောင်ခြည် ဖြစ်ကောင်းဖြစ်နိုင်တယ်…ကောင်းကင်နိယာမကျောက်တုံးက ကမ္ဘာသုံးထောင်မှာ အထူးဆန်းဆုံး ရတနာဖြစ်ပြီး ပိုင်ဆိုင်ဖို့ အလွယ်ကူဆုံးလည်း ဖြစ်တယ်… အဲဒီကျောက်တုံးက လူတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောကြတယ်…ဒါပေမဲ့ ကောင်းကင်နိယာမကျောက်တုံးက ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်…သိုင်းနတ်ဘုရားနယ်မြေမှာတောင် တစ်တုံးပဲ ရှိပြီး အဲဒါက သိုင်းအရှင်သခင် တစ်ယောက်ရဲ့ လက်ထဲမှာ ရှိတယ်…"

ထိုအရာသည် ကောင်းကင်နိယာမကျောက်တုံးနှင့် ပတ်သက်၍ ကောင်းကင်သူတော်စင်နိဗ္ဗာန်၏ ဖော်ပြချက်ဖြစ်သည်။

ထိုအချိန်က အရိုးဝိညာဉ်ဧကရီက… "ကောင်းကင်နိယာမကျောက်တုံးက ဘေးဒုက္ခကို ဖြေရှင်းပေးနိုင်မလား" ဟု မေးခဲ့သည်။

ကောင်းကင်သူတော်စင်နိဗ္ဗာန်က ခေါင်းခါပြီး "အရာအားလုံးက လူပေါ်မှာပဲ မူတည်တယ်.. ကောင်းကင်နိယာမကျောက်တုံးက သက်ရှိအားလုံးအတွက် ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်တစ်ခု သက်သက်ပဲ… အခြေအနေကို တစ်ယောက်တည်း ပြောင်းလဲချင်တယ်ဆိုရင် အဲဒီကျောက်တုံး တစ်ခုတည်းနဲ့ မလုံလောက်ဘူး… သိုင်းတာအို ကပ်ဘေးကို ဖြေရှင်းချင်ရင် မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာဖို့ လိုတယ်… မင်းနဲ့ ငါက အဲဒီသူရဲကောင်းတွေထဲမှာ ပါတယ်.."ဟု ပြန်ဖြေခဲ့သည်။

လူတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်တဲ့လား…

ထိုစကားက ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်။

သို့သော်လည်း ယခုအခါ ကျန်းချန်ရှန်းက ကောင်းကင်နိယာမကျောက်တုံးကို စိတ်ဝင်စားနေပြီ ဖြစ်သည်။ ၎င်းတွင် အားကောင်းသော နိယာမစွမ်းအားအချို့ ပါဝင်နေရမည်ဟု သူ ခံစားမိနေသည်။

မဟာတာအို ၃၀၀၀ ရှိသည့်အတွက် သဘာဝကျစွာပင် နိယာမ ၃၀၀၀ ရှိပေလိမ့်မည်။ ယခုအချိန်အထိ နိယာမစွမ်းအားများနှင့် ပတ်သက်၍ အမှန်တကယ် မထိတွေ့ရသေးပေ။ ခွန်းလွန်လွင်ပြင် တစ်ခုတည်းမှာပင် သူ နားမလည်နိုင်သော နိယာမများစွာ ရှိနေသည်။

ကောင်းကင်မူလဝိဉာဉ်သန္ဓေသား သုံးခုနှင့် ပတ်သက်၍မူ ကျန်းချန်ရှန်း မျှော်လင့်နေမိသည်။

လုရှန်ကျိုးအနေဖြင့် ခွန်းလွန်လွင်ပြင်ကို ရှာတွေ့နိုင်မလားဟု သူ တွေးနေမိသည်။ ရှာတွေ့ခဲ့လျှင် သူတို့က သူ့အတွက်ကောင်းမွန်သော ရှင်သန်ခြင်းဆုလာဘ်များ ပေးပါစေဟု မျှော်လင့်မိသည်။

ကျန်းချန်ရှန်း မျက်လုံးများ မှိတ်၍ ဆက်လက် ကျင့်ကြံလိုက်သည်။

သူ့လက်ရှိ ခွန်အားတန်ဖိုးက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သော်လည်း လုံလောက်ရန် အလှမ်းဝေးသေးသည်ဟု ခံစားနေရဆဲပင်။

အခြားတစ်ဖက်တွင်...

ကောင်းကင်တရားရုံး၏ သတ္တမမြောက် ကောင်းကင်အဆင့်၌ …

ကျန်းရှန်၏ နန်းတော်ထဲတွင် သူသည် ကြမ်းပြင်ပေါ်၌ ထိုင်နေပြီး တုန်ရီနေသည်။ သွေးချီမျှင်များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံထားရာ သရဲသဘက်ဆန်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။

ကျန်းဇီယု၊ ချန်ယွဲ့ချန်း၊ ချန်းလီ၊ တိုင်ရှီးချန်နှင့် ကျန်းထျန်းမင်တို့တွေ တည်ကြည်လေးနက်သော အမူအရာများဖြင့် သူ့ရှေ့တွင် ရပ်နေကြသည်။

All Chapters