သိုင်းပညာရဲ့ ပထမလူ ရောက်ရှိလာခြင်း
Vol. 4 Ch. 32
ဖုန်းတိုင် ဒူးထောက်လိုက်သည်ကို မြင်သော်လည်း လီချင်းချိုး၏ စိတ်ထဲတွင် မည်သို့မျှ မခံစားရချေ။ သူက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သေးသည်။
"ခင်ဗျား ဘာကို ဆိုလိုတာလဲ... ခရိုင်ဝန်က အမှန်တရားကို ဖော်ထုတ်လိုက်ပြီလား..."
သူ့အမြင်တွင်မူ ဖုန်းတိုင်နှင့် အခြားသူများ၏ လုပ်ရပ်များမှာ အဓိပ္ပာယ် မရှိဘဲ စိတ်ထဲမှ အပြစ်ရှိသလို ခံစားနေရမှုကို လျှော့ချရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ဝူပေါင်ယွီ ကိုယ်တိုင်က ဧကရာဇ်ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည် ဆိုလျှင်တောင် ဖုန်းတိုင်၏ အထောက်အထား ခိုင်လုံစွာ စွပ်စွဲမှုသာ မရှိခဲ့လျှင် သူ သေချာပေါက် ပို၍ အသက်ရှည်ရှည် နေရပေလိမ့်မည်။
ကျန်းယွီချွန်း ဝူပေါင်ယွီကို တောင်ပေါ်သို့ ခေါ်လာခြင်းက ဝူပေါင်ယွီ၏ ကံကြမ္မာကို ပြောင်းလဲပေးလိုက်ရုံသာ ရှိပြီး ဝူပေါင်ယွီကို နန်းတော်ဆီသို့ ရောက်အောင် အမှန်တကယ် တွန်းပို့လိုက်သူမှာ ဖုန်းတိုင် ဖြစ်သည်။
အမှန်စင်စစ် ဖုန်းတိုင် မမှားပေ။ အရာရှိတစ်ယောက်အနေဖြင့် သူခိုးကို ဖမ်းဆီးခြင်းမှာ သဘာဝကျသော ကိစ္စသာ ဖြစ်သည်။
အပြစ်တင်ရမည့်သူ ရှိလာလျှင် ထိုသူမှာ ဧကရာဇ်သာ ဖြစ်ပေလိမ့်မည်။
သူက မိစ္ဆာဂိုဏ်းကို တည်ထောင်ခဲ့ပြီး ဝူပေါင်ယွီ၏ အောင်မြင်မှုများကို ဖျက်ဆီးပစ်ကာ ဝူပေါင်ယွီအား မကောင်းမှုဟူသမျှ ကျူးလွန်သော လူယုတ်မာ တစ်ယောက်အဖြစ် အသရေဖျက်ခဲ့သည်။
သို့သော် ဤကမ္ဘာလောကတွင် ဧကရာဇ်ဟူသည် ကောင်းကင်ဘုံနှင့် တူပြီး သာမန်လူသားများ အနေဖြင့် ကောင်းကင်ဘုံကို စိန်ခေါ်ရန် အရည်အချင်း မမှီကြပေ။
"ကျွန်တော် စီနီယာရှောင် ပြောတဲ့အတိုင်း စုံစမ်းကြည့်လိုက်တော့ ရှောင်မိသားစုရဲ့ ဒုတိယသခင်လေး နာမည်က တကယ်ပဲ ရှောင်ကျိ ဖြစ်နေတယ်... ရှောင်ကျိ အရွယ်ရောက်တဲ့အချိန်မှာ အရင် အိမ်ရှေ့စံရဲ့ ကိစ္စရပ်တွေကြောင့် နန်းတွင်း ကိုယ်ရံတော်အဖြစ် ရွေးချယ်ခံခဲ့ရတယ်... ရှောင်မိသားစု အသတ်ခံရပြီးတဲ့နောက် သူ့ရဲ့ မှတ်တမ်းတွေလည်း ရပ်တန့်သွားပြီး ဘာသတင်းမှ ထပ်မကြားရတော့ဘူး... ဒါ့အပြင် အရင် အိမ်ရှေ့စံက ကိုယ်ရံတော် တစ်စုကို မိစ္ဆာဂိုဏ်းထဲ လျှို့ဝှက် ဝင်ရောက်ဖို့ စေလွှတ်ခဲ့တာ တကယ်ပဲ... ဒါပေမဲ့ နောက်ဆက်တွဲ မှတ်တမ်းတွေ မရှိတော့ဘူး..."
ဖုန်းတိုင်က အံကိုတင်းတင်းကြိတ်၍ ပြောလိုက်ပြီး မျက်နှာတွင် နောင်တရမှုများ ပြည့်နှက်နေသည်။
ရုံးတော်အမှုထမ်း ကိုးဦး၏ မျက်နှာများမှာလည်း မဲမှောင်နေကြသည်။ ဝူပေါင်ယွီ၏ အတိတ်အကြောင်းကို သိလိုက်ရပြီး ထိုသို့သော သူရဲကောင်း တစ်ယောက် နာမည်ဆိုးဖြင့် သေဆုံးသွားရကြောင်း ကြားလိုက်ရသောအခါ သူတို့၏ တိုက်ခိုက်လိုစိတ်များ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူတို့ အမှုထမ်းနေသော မင်းဆက်က သူတို့ ထင်ထားသလို ဟုတ်မဟုတ် သို့မဟုတ် ဤကမ္ဘာလောကတွင် တရားမျှတမှု ဆိုသည်မှာ ရှိသေးသလား ဆိုသည်ကို သူတို့ မဝေခွဲနိုင်တော့ပေ။
အကယ်၍ ဧကရာဇ်ကိုယ်တိုင်ကသာ အကြီးမားဆုံးသော မကောင်းဆိုးဝါးကြီး ဖြစ်နေခဲ့လျှင် အောက်ခြေတွင် ရုန်းကန်နေရသော ဤရုံးတော်အမှုထမ်းလေးများက ဘာတတ်နိုင်မည်နည်း။
လီချင်းချိုးက သူ့ကို စိုက်ကြည့်၍ မေးလိုက်သည်။
"ဒါလောက်နဲ့ပဲ ခင်ဗျားက သူ့ကို ယုံကြည်သွားပြီလား..."
"စီနီယာရှောင် နန်းတော်ထဲမှာ သေဆုံးသွားပြီးတဲ့နောက် ရှောင်ကျိနဲ့ ပတ်သက်တဲ့ အမှုတွဲ ဖိုင်တွေလည်း ဖျက်ဆီးခံလိုက်ရတယ်... ကျွန်တော် မြို့စားမင်းကို မေးကြည့်တော့ သူလည်း ဇဝေဇဝါ ဖြစ်နေပေမဲ့ ထပ်မမေးဖို့ အမိန့်ပေးခဲ့တယ်... ဒီလောက် တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."
ဖုန်းတိုင်က အံကြိတ်၍ ပြောလိုက်ပြီး သူ့စိတ်တွေ မငြိမ်သက်နိုင် ဖြစ်နေသည်။
လီချင်းချိုးက သက်ပြင်းချ၍
"စီနီယာဝူ တောင်ပေါ် ရောက်လာပြီးတဲ့နောက်ပိုင်း သူက နှုတ်ဆိတ်ပြီး အနေအေးခဲ့တယ်... ကျွန်တော် သူနဲ့ သိပ်စကားမပြောဖြစ်ခဲ့တော့ အမှန်တရားကို မဝေဖန်နိုင်ဘူး... ကျွန်တော် သိတာ တစ်ခုပဲ ရှိတယ်... သူ မရှိတော့ဘူး... သူ ဒီကို တစ်ခါမှ မရောက်ဖူးခဲ့ဘူးလို့ပဲ သဘောထားလိုက်ကြပါစို့... အခုမှ နောင်တရနေတာ အဓိပ္ပာယ် မရှိဘူး..."
ထို့နောက် သူ လှည့်၍ တောင်ပေါ်သို့ တက်သွားလေသည်။
"နေပါဦး ဂိုဏ်းချုပ်... ဒီကိစ္စကို ဒီအတိုင်းပဲ ပြီးသွားစေသင့်တယ်လို့ ထင်လား..."
ဖုန်းတိုင်က အလျင်အမြန် လှမ်းအော်လိုက်သည်။
"ကျွန်တော်က ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ် တစ်ယောက်ပဲ... ကျွန်တော့် တပည့်တွေကို ကာကွယ်ပေးချင်ရုံ သက်သက်ပါ... ဝူပေါင်ယွီက ကျွန်တော့် ချင်းရှောင်းဂိုဏ်းသား ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး... ဒါကြောင့် ကျွန်တော့်အတွက်တော့ ဟုတ်တယ်... ဒီအတိုင်းပဲ ပြီးသွားသင့်တယ်..."
လီချင်းချိုးက ခြေလှမ်းမပျက်သလို ပြန်လှည့်မကြည့်ခဲ့ပေ။
ဖုန်းတိုင်၏ မျက်နှာထားက အလင်းနှင့် အမှောင်ကြား ပြောင်းလဲနေပြီး စကားဆက်မပြောနိုင်တော့ချေ။
လီချင်းချိုး တောင်ပေါ်လမ်း အဆုံးတွင် ပျောက်ကွယ်သွားပြီးနောက် ရုံးတော်အမှုထမ်းများ အားလုံး ထရပ်လိုက်ကြပြီး ဖုန်းတိုင်ကို သွားရောက် တွဲထူလိုက်ကြသည်။
"သခင်ကြီး... ဒါက နန်းတွင်းအာဏာနဲ့ ပတ်သက်နေတာ... ကျွန်တော်တို့ ကိုင်တွယ်လို့ မရဘူး... ချင်းရှောင်းဂိုဏ်းဆို ပိုလို့တောင် မရသေးဘူး..."
အသက်အနည်းငယ် ကြီးပုံရသော ရုံးတော်အမှုထမ်း တစ်ဦးက အသံနက်ကြီးဖြင့် ပြောလိုက်သည်။ သူက အမှုထမ်းသက်တမ်း အကြာဆုံးဖြစ်ပြီး စိတ်ဓာတ်ကျနေသည်မှာ ကြာပြီ ဖြစ်သည်။
ဖုန်းတိုင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုံးတော်အမှုထမ်း ကိုးဦးကို လှည့်ကြည့်လိုက်ရာ သူ့အကြည့်များက ယခင်နှင့် မတူတော့ပေ။ သူက တမူထူးခြားစွာ ပြတ်သားသော လေသံဖြင့်
"ဘယ်သူမှ ဝင်မစွက်ဖက်ရဲလို့ကို ငါ လုပ်ရမှာ... ဒီလမ်းက ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ငါ ဝန်ခံပါတယ်... ငါနဲ့အတူ လိုက်ခဲ့ဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ် မတိုက်တွန်းဘူး... ငါ့ခန္ဓာကိုယ် အပိုင်းပိုင်း အစစ ဖြစ်သွားရင်တောင် စီနီယာရှောင်ရဲ့ နာမည်ကို အပြစ်ကင်းစင်စေရမယ်... မကောင်းမှုရဲ့ အမှန်တရားကို ကမ္ဘာလောကကြီး သိအောင် ဖွင့်ချပြမယ်..."
သူ လှည့်ထွက်သွားပြီး ခါးကြားမှ ဓားကို ဘယ်ဘက်လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်ပြန်ကြောများ ထောင်တက်လာသည်။
ရုံးတော်အမှုထမ်း ကိုးဦး နှုတ်ဆိတ်သွားကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် မကြည့်ကြသော်လည်း မကြာမီတွင် သူတို့အားလုံး စတင် ရွေ့လျားလိုက်ကြပြီး ဖုန်းတိုင်၏ ခြေရာနောက်သို့ လိုက်ပါသွားကြလေသည်။
ကောင်းကင်ယံတွင် ပျံဝဲနေသော ရှောင်ပါးက အောက်သို့ ငုံ့ကြည့်လိုက်ရာ ဖုန်းတိုင်နှင့် အခြားသူများမှာ ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်လွန်းလှသည်။
နှစ်သစ်ကူး ပြီးနောက်တွင် ချင်းရှောင်းဂိုဏ်း၏ တိုးချဲ့ရေး စီမံကိန်းက ဆက်လက် ဖြစ်ပေါ်နေသည်။ ကျန်းယွီချွန်းက အလုပ်အရှုပ်ဆုံး လူဖြစ်လာပြီး ဟွမ်ရှန်နှင့် ယွီလင်တို့ကို ခေါ်ဆောင်၍ တောင်အောက်သို့ မကြာခဏ ဆင်းလေ့ရှိသည်။ ထိုအချက်ကြောင့် သူတို့ နှစ်ဦးမှာလည်း ပိုမို ရင့်ကျက်လာပြီး စကားပြောပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံမှာ အခြားတပည့်များနှင့် သိသိသာသာ ကွဲပြားလာသည်။
လီချင်းချိုးက အဓိက ဆုံးဖြတ်ချက်များကို အတည်ပြုပေးခြင်းနှင့် နေရာအနှံ့မှ ဆောက်လုပ်ရေး လုပ်ငန်းခွင် တိုးတက်မှုများကို ကြီးကြပ်ခြင်းတို့သာ တာဝန်ယူရသည်။
နွေဦး ကုန်ဆုံးခါနီးတွင် ဝူမန်အာနှင့် လီစီဖုန်းတို့ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ဆက်တိုက်ဆိုသလို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသဖြင့် လီချင်းချိုး အလွန် ဝမ်းသာသွားသည်။
မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်စွမ်းရည်မှာ ကျန်းဟူလောကမှ ပထမတန်းစား သိုင်းသမားများကို ယှဉ်ပြိုင်ရန် လုံလောက်ပြီး ပထမတန်းစား သိုင်းသမားများကြားတွင်ပင် ထိပ်တန်းအဆင့်ဟုပင် သတ်မှတ်နိုင်သည်။
မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် လီစီဖုန်း မနေနိုင်တော့ပေ။ သူ လီချင်းချိုးကို သွားရှာပြီး နောက်တစ်ခေါက် တောင်အောက်ဆင်းလျှင် ကျန်းယွီချွန်းနှင့်အတူ သူ့ကို ထည့်ပေးရန် တောင်းဆိုလေသည်။
လီချင်းချိုး ခေတ္တမျှ တွေဝေနေပြီးနောက် နောက်ဆုံးတွင် သဘောတူလိုက်သည်။ လီစီဖုန်းမှာ တစ်ဆယ့်လေးနှစ် မပြည့်သေးသော်လည်း သိုင်းပညာအရာတွင် ကျန်းယွီချွန်းထက် များစွာ သာလွန်နေသည်။ ထို့အပြင် လီစီဖုန်း ပါသွားပါက ကျန်းယွီချွန်း အနေဖြင့် တပည့်သစ်များ စုဆောင်းရာတွင် နမူနာပြစရာ ရွေ့လျား ဆိုင်းဘုတ်တစ်ခု အပိုရသွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
လီချင်းချိုး၏ ခွင့်ပြုချက် ရသည်နှင့် လီစီဖုန်း အလွန် ပျော်ရွှင်သွားသည်။ သူ ကျန်းယွီချွန်းကို ချက်ချင်း သွားရှာပြီး ထိုကိစ္စကို အသိပေးလိုက်သည်။ ကျန်းယွီချွန်းသည်လည်း လီစီဖုန်း၏ သိုင်းပညာ စွမ်းရည်ကို ကောင်းစွာ သိထားသဖြင့် ထပ်တူ ဝမ်းသာသွားလေသည်။
ရလဒ်အနေဖြင့် နောက်တစ်နေ့တွင် ကျန်းယွီချွန်းက လီစီဖုန်း၊ ဟွမ်ရှန်၊ ယွီလင်တို့နှင့်အတူ တောင်အောက်သို့ ဆင်းသွားကြသည်။
နေ့လယ်ပိုင်း ရောက်သောအခါ လီချင်းချိုးနှင့် တပည့် တစ်ဒါဇင်ခန့်သာ ဝင်းထဲတွင် ရှိနေကြပြီး သူတို့၏ အကြည့်များမှာ ယန်ကျွယ်တိန်နှင့် ဝူမန်အာတို့အပေါ် ရောက်နေကြသည်။
သူတို့နှစ်ယောက် လေ့ကျင့် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။
ဝူမန်အာသည် ယခင်က ကျန်းကျောက်ရှားနှင့်အတူ သိုင်းပညာ လေ့ကျင့်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ကျန်းကျောက်ရှား အလုပ်ရှုပ်လာသောအခါ ယန်ကျွယ်တိန်ကသာ ဝူမန်အာကို လွှဲပြောင်း သင်ကြားပေးခဲ့သည်။
ဝူမန်အာကို လွှဲပြောင်းယူပြီးကတည်းက ယန်ကျွယ်တိန်ဘက်က ပညာရပ်အားလုံးကို လက်ဆင့်ကမ်း သင်ကြားပေးရန် စိတ်အားထက်သန်နေပြီး လီစီဖုန်းထက်ပင် ပို၍ ဂရုစိုက် သင်ကြားပေးနေသည်။ မွမ်းမံထားသော ကောင်းကင်ကိုးခုနတ်လက်ဝါးကိုပင် ဝူမန်အာကို သင်ပေးလိုက်သေးသည်။
သူတို့နှစ်ယောက်သား ဆယ်လှမ်းခန့် အကွာတွင် ရပ်လျက် ကိုယ်စီ ဟန်ရေးပြင်ထားကြသည်။
ဝူမန်အာမှာ တစ်ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း ကိုးပေခန့် အရပ်ရှည်နေပြီ ဖြစ်သည်။ တာ့လီမင်းဆက်တွင် ကိုးပေဆိုသည်မှာ နှစ်မီတာနီးပါး ရှိသည်။ သူက တောင့်တင်းခိုင်မာပြီး အကြီးဆုံး ဝတ်ရုံများကို ဝတ်ဆင်ထားလျှင်ပင် ကြပ်နေတတ်သည်။
ဝူမန်အာ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ခြိမ်းခြောက်နိုင်စွမ်း ရှိသော်လည်း ရိုးသားဖြူစင်သော မျက်နှာထား ရှိပြီး ယခုကဲ့သို့ပင် အမြဲတမ်း တုံးအအ ပြုံးနေတတ်သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ယန်ကျွယ်တိန်မှာမူ မပြုံးနိုင်တော့ပေ။ ဝူမန်အာကို အမှန်တကယ် ရင်ဆိုင်လိုက်ရမှသာ ဖိအားကို ခံစားလာရသည်။
မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်က ဒီလောက်တောင် တိုးတက်လာတာလား...
ယန်ကျွယ်တိန် စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားသည်။ သူ့အမြင်တွင် ဝူမန်အာထံ၌ ဟာကွက် လုံးဝ မရှိပေ။ ဘယ်နေရာကပဲ တိုက်ခိုက်ပါစေ ကြောက်မက်ဖွယ် ကောင်းသော တန်ပြန်တိုက်စစ်ကို ခံစားလိုက်ရမည်ဟုသာ ထင်မြင်နေမိသည်။
လီတုန်းယွဲ့က နှစ်နှစ်နီးပါး ရှိနေပြီဖြစ်သော ယွမ်လီကို ပွေ့ချီထားသည်။ ယွမ်လီက ခေါင်းလေး စောင်းကာ မျက်လုံး ဝိုင်းစက်စက်လေးများဖြင့် ကြည့်နေသည်။
ချန်ချန်ဟိုင်လည်း ဘေးဘက်တွင် ရပ်လျက် လာမည့် တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။
ယန်ကျွယ်တိန်၏ ခွန်အားကို သူ သံသယ မရှိပေ။ အဓိကအားဖြင့် ဝူမန်အာ ဘယ်လောက် သန်မာလဲ ဆိုတာကို သိချင်နေခြင်း ဖြစ်သည်။
ဝူမန်အာ ယခင်က ပေါင်နှစ်ထောင်လေးသော သစ်တုံးကြီးကို ထမ်း၍ တောင်ပေါ်သို့ တက်လာသည်ကို မြင်လိုက်ရသဖြင့် ကြောက်လန့်သွားခဲ့ဖူးသည်။
"မန်အာ... ငါ စတိုက်တော့မယ်..."
ယန်ကျွယ်တိန် ပြောပြီးသည်နှင့် မြှားတစ်စင်းကဲ့သို့ ဝူမန်အာထံ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ သူ့လက်ဝါးများက လေကဲ့သို့ ရွေ့လျားပြီး ဝူမန်အာကို လျင်မြန်စွာ ရိုက်ခတ် တိုက်ခိုက်လိုက်သည်။
ဝူမန်အာမှာ ခြေလှမ်းလေးလံပုံ ရသော်လည်း ယန်ကျွယ်တိန်၏ ပြင်းထန်သော တိုက်စစ်ကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။ သူ့ခြေလှမ်းများက ရှေ့မတိုး နောက်မဆုတ်ဘဲ ဆက်တိုက် ရွေ့လျားနေသည်။
ဝူမန်အာက ယန်ကျွယ်တိန်၏ လက်ဝါးများကို ရှောင်တိမ်းပြီး တစ်ချိန်တည်းမှာပင် ယန်ကျွယ်တိန်၏ ခြေကန်ချက်ကို လက်ဖြင့် ပိတ်ဆို့ကာ အောင်မြင်စွာ တားဆီးလိုက်သည်။
ချင်းရှောင်းဂိုဏ်းမှ တပည့်များမှာ ယန်ကျွယ်တိန်၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မမြင်ရတော့ပေ။ ယန်ကျွယ်တိန်တွင် လက်တွေ ခြေထောက်တွေ အများကြီး ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး မူးနောက်သွားကြသည်။
သူတို့ သေချာ မမြင်ရလျှင်တောင် အခြေအနေကို နားလည်နိုင်ကြသည်။
"ဂိုဏ်းတူဦးလေးဝူက တကယ်ကို အံ့မခန်းပဲ..."
"ဟုတ်ပါ့... သူ့သိုင်းပညာ ဒီလောက် ကောင်းလိမ့်မယ်လို့ ထင်မထားဘူး... သူ့မှာ ခွန်အားကြီးတာ တစ်ခုပဲ ရှိတယ် ထင်နေတာ..."
"လေပြင်းတွေ ငါ့မျက်နှာကို လာရိုက်ခတ်နေသလိုပဲ..."
"ဒါ အတွင်းအားလား..."
"ဒါက အစပဲ ရှိသေးတယ်... တကယ့် အတွင်းအားက သေစေနိုင်တယ်... သူတို့ အတည်ကြီး မတိုက်ရသေးဘူး..."
တပည့်များက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ဆွေးနွေးနေကြပြီး သူတို့၏ အကြည့်များက ဝူမန်အာနှင့် ယန်ကျွယ်တိန်ထံမှ မခွာကြပေ။
ချင်ယဲ့က တုတ်ရှည်ကို ဆုပ်ကိုင်ထားပြီး တိုက်ခိုက်နေသော နှစ်ယောက်ကို စူးစိုက်ကြည့်နေသည်။
ဝူပေါင်ယွီ သူ့ကို စစ်သည်တစ်သောင်း မိစ္ဆာနှိမ်တုတ်သိုင်း သင်ပေးခဲ့ပြီးနောက် အခြားတပည့်များနှင့် ယှဉ်ပြိုင်လေ့ကျင့်ခြင်း မရှိသော်လည်း လူတိုင်း သူ့ပြောင်းလဲမှုကို မြင်တွေ့နိုင်သည်။ သူ့ခန္ဓာကိုယ် ပိုမို သန်မာလာပြီး မျက်လုံးများ ပိုမို စူးရှလာကာ သတ်ဖြတ်လိုသော အော်ရာတစ်ခု ရှိလာသဖြင့် တပည့်တော်တော်များများ သူ့ကို စနောက်ရဲခြင်း မရှိကြတော့ပေ။
ယန်ကျွယ်တိန်၏ အော်ရာ ရုတ်တရက် ပြင်းထန်လာပြီး ချီစွမ်းအင်များ သူ့ဘေးပတ်လည်တွင် လှုပ်ရှားလာသည်။ သူ့ တိုက်စစ်က ပိုမို အားကောင်းလာပြီး ဖုန်မှုန့်များနှင့် ကျောက်ခဲများကို လွင့်ပျံလာစေသည်။ ဝူမန်အာသည်လည်း ခံစစ်ကို ရပ်တန့်လိုက်ပြီး ပြန်လည် တိုက်ခိုက်လိုက်ရာ သူတို့နှစ်ယောက် အပြန်အလှန် ထိုးနှက်ကြတော့သည်။
လက်သီးနှင့် ခြေထောက်များ ထိတွေ့သွားပြီး အသားချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာရာ တပည့်များ၏ နှလုံးသားများကို တင်းကြပ်သွားစေသည်။
အပြည့်အဝ အလေးအနက်ထားလိုက်သော ဝူမန်အာက အရင်လို တုံးအအ မပြုံးတော့ပေ။ ယခုဆိုမျက်နှာထားက အလွန် တည်ကြည်လေးနက်နေပြီး သန်မာသော ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ပေါင်းစပ်လိုက်သောအခါ ဖိနှိပ်နိုင်စွမ်းမှာ ကြီးမားလွန်းလှသည်။
ယန်ကျွယ်တိန်မှာ နောက်ဆုတ်သွားရခြင်း မရှိသော်လည်း ဝူမန်အာလောက် မသန်မာသလို လူတွေကို ခံစားလာရစေသည်။
ချန်ချန်ဟိုင် တံတွေးမြိုချလိုက်ပြီး သူ့ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ ခံစားလိုက်ရသည်။
လက်သီးနှင့် ခြေထောက် သိုင်းကွက်လောက်နဲ့ ဒီလို အော်ရာမျိုး ပိုင်ဆိုင်ထားတယ်ဆိုတော့... ဒီနှစ်ယောက်က ပထမတန်းစား သိုင်းသမားတွေကို ကျော်လွန်သွားပြီပဲ...
ချင်းရှောင်းဂိုဏ်းမှာ လူအများကြီး မရှိပေမဲ့ တကယ်ကို နဂါးတွေ ကျားတွေရှိတဲ့နေရာပဲ...
လီချင်းချိုး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ အော်ရာ အပိုင်းမှာတော့ သူတို့နှစ်ယောက်စလုံး လွီထိုက်သုကို ကျော်လွန်သွားပြီ ဖြစ်သည်။
ခုနစ်စဉ်တောင်ထိပ်မဟာမိတ်အဖွဲ့က အလုံးအရင်းနှင့် လာတိုက်လျှင်တောင် ချင်းရှောင်းဂိုဏ်းအနေဖြင့် ရင်ဆိုင်ဖြေရှင်းရန် ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် ယန်ကျွယ်တိန် စိတ်ဓာတ် တက်ကြွလာသည်။
ဝူမန်အာက သူ့ကို အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်ကောင်း တစ်ယောက်နှင့် တွေ့လိုက်ရသလို ခံစားစေသည်။ သူ ဒဏ်ရာရထားလျှင်တောင် လန်းဆန်းသွားသလို ခံစားနေရသည်။
ဒါက ချန်ဟိုင်ဓားသူတော်စင်နဲ့ တိုက်ခိုက်ရတာထက် ပိုပြီး အရသာ ရှိတယ်...
သူတို့နှစ်ယောက်စလုံး ကောင်းကင်ကိုးခုနတ်လက်ဝါးကို ထုတ်မသုံးဘဲ လက်သီးနှင့် ခြေထောက် သိုင်းကွက်များကိုသာ အားပြုနေကြသဖြင့် ကြည့်ရှုနေသော တပည့်များ၏ သွေးများကို ဆူပွက်လာစေသည်။
"ရပ်လိုက်တော့..."
လီချင်းချိုး၏ အသံ ရုတ်တရက် ထွက်ပေါ်လာရာ နှစ်ယောက်စလုံး ချက်ချင်း ရပ်တန့်လိုက်ကြပြီး ထိုးနှက်တော့မည့် ဟန်ပန်အတိုင်း ငြိမ်သက်သွားကြသည်။
ဝူမန်အာ၏ လက်သီးက တောင်ပေါ်မှ ဆင်းသက်လာသော ကျားရဲတစ်ကောင်ကဲ့သို့ ယန်ကျွယ်တိန်ထံသို့ အောက်စိုက် ဦးတည်နေသည်။ ယန်ကျွယ်တိန်၏ လက်ဝါးက နက်ရှိုင်းသော ရေအိုင်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ ခါးမှနေ၍ အပေါ်သို့ ပင့်တင်ထားသည်။
နှစ်ယောက်စလုံး၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်။ ဝူမန်အာက ရိုးသားသော ပုံစံသို့ ပြန်ပြောင်းသွားပြီး လီချင်းချိုးဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါတို့ အခုမှ စရုံ ရှိသေးတာ... ဘာလို့ ရပ်ခိုင်းရတာလဲ..."
ယန်ကျွယ်တိန်က ခေါင်းစောင်း၍ လီချင်းချိုးကို ကြည့်ကာ မကျေမနပ် မေးလိုက်သည်။
အခြားတပည့်များကလည်း လီချင်းချိုးကို ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် နားမလည်နိုင်မှုများ ရှိနေကြသည်။
သူတို့ အခုမှ စတိုက်ရုံ ရှိသေးတာလေ။
လီချင်းချိုးက စားပွဲပေါ်မှ ရေနွေးကြမ်းခွက်ကို ကောက်ယူလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"အဝေးက ဧည့်သည်တစ်ယောက် ရောက်တော့မယ်... သူတို့ကို မနှောင့်ယှက်ကြနဲ့..."
အဝေးက ဧည့်သည် ဟုတ်လား။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြပြီး ဝင်းတံခါးပေါက်ဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
ယန်ကျွယ်တိန်က လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်ပြီး ညည်းတွားတော့မည့် ဆဲဆဲတွင် တောင်တံခါးဝဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ကျွန်တော်က လက်ရှိ သိုင်းပညာရဲ့ ပထမလူ (ဝူကျွမ်းယွမ်) လီရန် ပါ... သိုင်းပညာ ဖလှယ်ဖို့အတွက် သိုင်းလောက ဂိုဏ်းအသီးသီးက ထိပ်တန်း သိုင်းပညာရှင်တွေကို စိန်ခေါ်ချင်ပါတယ်... ချင်းရှောင်းဂိုဏ်းမှာ စိန်ခေါ်မှုကို လက်ခံရဲတဲ့ ပညာရှင် ရှိမရှိ သိချင်ပါတယ်..."
လူတိုင်း အံ့အားသင့်သွားကြသည်။ တကယ်ကြီး လူတစ်ယောက် ရောက်လာတာပဲ။
ဂိုဏ်းချုပ်က ဘယ်လိုလုပ် ကြိုသိနေတာလဲ။
လီချင်းချိုးက ယန်ကျွယ်တိန်နှင့် ဝူမန်အာကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက် သွားကြိုလိုက်ပါ... ဘယ်သူပဲ တိုက်တိုက် ရပါတယ်... ဒါပေမဲ့ သူ့ကို မသတ်မိစေနဲ့... ဘာပဲပြောပြော သူက သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်) ဆိုတော့ သူ့နောက်ခံက မသေးဘူး..."
ယန်ကျွယ်တိန် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားသည်။ ဝူမန်အာနှင့် အခြားတပည့်များလည်း နောက်မှ အပြေးလိုက်သွားကြလေသည်။
ဝင်းထဲတွင် လီချင်းချိုး၊ လီတုန်းယွဲ့နှင့် ယွမ်လီတို့သာ ကျန်ရစ်ခဲ့တော့သည်။
ထိုအခါ လီချင်းချိုး၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားသည်။ သူ မျက်မှောင်အနည်းငယ် ကြုတ်လျက် အတိတ်ကို ပြန်ပြောင်း စဉ်းစားနေခြင်းပင
လီရန် ဆိုသော နာမည်ကို သူ အရင်က ကြားဖူးသလို ရှိသည်။ လီမျိုးနွယ် ဖြစ်နေမှတော့ အဲဒီ မိသားစုက ဖြစ်လောက်တယ်…..