← Chapters

အခန်း (၂၀၉၆)

Vol. 150 Ch. 2096

အခန်း (၂၀၉၆)

Vol. 150 Ch. 2096

ကျန်းချန်က ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး နတ်ဘုရင်ကူစန်းကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

“ငါက အခွင့်အရေးယူတော့ရော မင်းက ဘာတတ်နိုင်မှာမို့လဲ”

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရှိန်အဝါများသည် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ ဓားလမ်းစဥ် အရင်းအမြစ်စွမ်းအားသည် တစ်ခဏ အတွင်းမှာပင် ထောင်ချီသော ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဓားတစ်လက်ချင်းစီတွင် နေရာလွတ်ကို ချေမှုန်းပစ်နိုင်သော စွမ်းအားများ ပါဝင်နေခဲ့ပြီး နတ်ဘုရင်ကူစန်း ဆီသို့ သက်ရောက်သွားခဲ့သည်။

“အေးခဲကမ္ဘာ”

နတ်ဘုရင်ကူစန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ဆန်းကြယ်သော လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ် ရေခဲနတ်စွမ်းအားသည် နတ်ဘုရင်ကူစန်း၏ အရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။

ရေခဲနတ်စွမ်းအား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မီတာထောင်ချီ နေရာလွတ်သည် တစ်ခဏအတွင်းမှာပင် ရေခဲများ အဖြစ်သို့ စုစည်းသွားခဲ့ပြီး ရေခဲလမ်းစဥ်နတ်စွမ်းအားကြောင့် လုံးဝကို အေးခဲသွားခဲ့သည်။

ယင်းအပြင် ထိုရေခဲဖုံးလွှမ်းနေသော နေရာလွတ်သည် ထိတ်လန့်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင်ကို လျင်မြန်စွာ ပျံ့နှံသွားခဲ့ရာ ကမ္ဘာတစ်ခုလုံးကို အေးခဲစေတော့မည့်အလား ဖြစ်နေခဲ့၏။

ကျန်းချန်၏ ဓားအလင်း ထောင်ချီသည်လည်း ထိုအေးခဲနေသော နေရာလွတ်ထဲတွင် အေးခဲသွားခဲ့သည်။

“ကွဲအက်စမ်း”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ ဓားအလင်းများကို လှုံ့ဆော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် အေးခဲနေသော နေရာလွတ်တွင် ကြွပ်ဆတ်သော အသံများ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

မကြာခင်မှာပင် မူလက အေးခဲနေသော ဓားအလင်းများသည် အနည်းငယ် တုန်ယင်လာခဲ့ပြီး အေးခဲနေသော နေရာလွတ်ထဲကနေ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

အေးခဲနေသော နေရာလွတ်သည် ဓားအလင်း ထောင်ချီ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီးနောက်တွင် လေထုထဲတွင် “ဝုန်းခနဲ” ပေါက်ကွဲထွက်သွားခဲ့၏။

နတ်ဘုရင်ကူစန်းက မျက်နှာရှုံ့မဲ့စွာဖြင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

သူနောက်သို့ ခြေလှမ်း တစ်လှမ်း ဆုတ်လိုက်တိုင်းတွင် သူ၏ ခြေဖဝါးအောက်၌ ပေဆယ်ချီ အရွယ်အစားရှိသည့် အနက်ရောင် တွင်းတစ်ခုစီ ဖြစ်ပေါ်လာခဲ့သည်။

“ကျန်းချန်.. မင်း လူကို သိပ်ပြီး အနိုင်မကျင့်စမ်းနဲ့”

နတ်ဘုရင်ကူစန်းက ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီနတ်ဘုရင်က မင်းကို တကယ်ပဲ ကြောက်နေတယ်များ ထင်နေလား.. မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးနေမယ်ဆိုရင် ကြီးမားတဲ့ အဖိုးအခကို မင်းပေးဆပ်ရလိမ့်မယ်”

“သေချာလို့လား.. ငါအရင်အတိုင်းပဲ ထပ်ပြောမယ်.. မင်းသာ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံနဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်ကြည့်ပြီး ငါ့ဆရာအတွက် တရားမျှတမှုပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ လက်လျှော့ဖို့ စဥ်းစားပေးမယ်.. ဒီလိုမှမဟုတ်ရင်တော့ ဒီနေ့ မင်း နတ်ဘုရင်ကူစန်းက ဒီနေရာမှာ ကျဆုံးဖို့ ကံကြမ္မာတစ်ခုပဲ ရှိတယ်”

ကျန်းချန်၏ မျက်နှာက အလွန်တရာပင် အေးစက်နေခဲ့သည်။

နတ်ဘုရင်အဆင့်၏ စွမ်းအားသည် အလွန်တရာပင် အစွမ်းထက်သည်။

ယခု သူပိုင်ဆိုင်ထားသော စွမ်းအားဖြင့် အစွမ်းကုန် တိုက်ခိုက်ခဲ့သည့်တိုင် သူ၏ ရှေ့မှ နတ်ဘုရင်ကူစန်းနှင့် ရင်ဆိုင်ရာတွင် အနည်းငယ်သာ အသာစီးရခဲ့သည်။

ထို့အပြင် သူ၏ ရှေ့မှ နတ်ဘုရင်ကူစန်းသည် သက်တမ်းကုန်ခါနီး နတ်ဘုရင်ဖြစ်၍ အင်အား ဆုတ်ယုတ်နေသော နတ်ဘုရင်သာ ဖြစ်၏။

ကူစန်း၏ အထွတ်အထိပ် ကာလက တိုက်ခိုက်ရေးစွမ်းအားဖြင့်သာဆိုလျှင် သူ့အနေဖြင့် ယှဥ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။

နတ်ဘုရင်ကူစန်းနှင့် မတိုက်ခိုက်မီက ကျန်းချန်သည် နတ်ဘုရင်အဆင့်၏ စွမ်းအားများစွာကို မြင်တွေ့ဖူးခဲ့သလို နတ်ဘုရင်အဆင့်၏ ကိုယ်ပွားများနှင့်လည်း ရင်ဆိုင်ခဲ့ဖူးသည်။

သူက လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်လာသောအခါတွင် နတ်ဘုရင်အဆင့်နှင့် ယှဥ်တိုက်နိုင်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း တကယ်တမ်း နတ်ဘုရင်အဆင့်နှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါမှသာ နတ်ဘုရင်အဆင့်စွမ်းအားက သူထင်ထားသည်ထက် ပို၍ အစွမ်းထက်နေမှန်း ကျန်းချန်သိခဲ့ရသည်။

အကယ်၍ သူသာ နယ်မြေနတ်ဘုရား အဆင့်ကို ရောက်ရှိမနေခဲ့လျှင် သူ၏ ရှေ့မှ နတ်ဘုရင်ကူစန်းကို သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

“ကျန်းချန်.. မင်းက ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ”

နတ်ဘုရင်ကူစန်း၏ မျက်ဝန်းထဲတွင် ရုတ်တရက် ‌ဒေါသရိပ်များ လက်ခနဲ ဖြစ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ်စွမ်းအားများ ပြည့်နှက်သွားခဲ့ပြီး ရေခဲလမ်းစဥ် နတ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲကနေ တိုးထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် မိုင်ပေါင်းထောင်ချီ နေရာလွတ်သည် ရေခဲလမ်းစဥ်၏ မှော်ဆန်သော စွမ်းအားများ လွှမ်းမိုးမှုအောက်တွင် အပူချိန်များစွာ ကျဆင်းသွားခဲ့သည်။

လေထုထဲတွင် သေးငယ်သော နှင်းပွင့်ကလေးများသည် ကောင်းကင်ယံကနေ ထူးဆန်းစွာ ကျဆင်းလာခဲ့၏။

တဖြည်းဖြည်းနှင့် နတ်ဘုရင်ကူစန်း ရေခဲလမ်းစဥ်နတ်စွမ်းအားဖြင့် စုစည်းထားသော လေးထောင့်ပုံစံ ရေခဲတိုင် တစ်တိုင်သည် အောက်ခြေကနေ အဆုံးမဲ့ ဟင်းလင်းပြင် ဆီသို့ ဆန့်ထွက်သွားခဲ့သည်။

မူလက ပေတစ်ရာခန့်မျှသာ ရှိသော ရေခဲတိုင်သည် ပေ တစ်သောင်းသုံးထောင် အထိ ဆန့်ထွက်သွားခဲ့ရာ အဝေးကနေ ကြည့်လျှင် ကောင်းကင်သို့ ဦးတည်နေသော လမ်းမကြီးတစ်ခုနှင့်ပင် တူနေခဲ့၏။

“ဒါက နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားလား”

ကျန်းချန်က နတ်ဘုရင်ကူစန်း၏ ရေခဲလမ်းစဥ် နတ်စွမ်းအားဖြင့် စုစည်းထားသော ရေခဲတိုင်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

သိပ်မကြာခင်က နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်၏ ကျင့်ကြံမှုလမ်းစဥ်ကို ကူရွှယ်သောင်းထံကနေ သိရှိခဲ့ရသည်။

နယ်မြေနတ်ဘုရားအဆင့်တွင် နယ်မြေနတ်ဘုရားအဆင့်၏ အထွတ်အထိပ်ဖြစ်သည့် ကောင်းကင်အရှင်အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံပြီးနောက်တွင် ကမ္ဘာကြီး၏ နတ်စွမ်းအားကို ကျင့်ကြံနိုင်မည် ဖြစ်သည်။

အကယ်၍ သင်က ကမ္ဘာကြီး၏ စွမ်းအားများကို သိမြင်နားလည်ပြီး ထိုစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့လျှင် နတ်ဘုရင်လမ်းစဥ်၏ စွမ်းအားအဖြစ် စုစည်းနိုင်ပေလိမ့်မည်။

နတ်ဘုရင်အဆင့်တွင် အဆင့်ငယ် ကိုးဆင့် ရှိသည်။

အဆင့်များကို ခွဲခြားရာတွင် အဓိကအားဖြင့် နတ်ဘုရင် လမ်းစဥ်ကို အသုံးပြု၏။

နတ်ဘုရင်လမ်းစဥ်က ပေတစ်သောင်းသာ ရှိလျှင် ယင်းသည် နတ်ဘုရင် ပထမအဆင့် ဖြစ်သည်။

နတ်ဘုရင် ပထမအဆင့်ကနေ ဆက်လက် ကျင့်ကြံသွားမည်ဆိုလျှင် နတ်ဘုရင်လမ်းစဥ်သည် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည် ဖြစ်ပြီး ပေနှစ်သောင်းသို့ ရောက်ရှိသွားခဲ့လျှင် နတ်ဘုရင် ဒုတိယအဆင့် ရောက်ရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရင် နဝမအဆင့်၏ လမ်းစဥ်သည် ပေပေါင်း ကိုးသောင်း ကိုးထောင်ကိုးရာ အထိ ရောက်ရှိနိုင်သည်ဟု ဆိုကြ၏။

သူ၏ ရှေ့မှ နတ်ဘုရင်ကူစန်း၏ နတ်ဘုရင်လမ်းစဥ်မှာ ပေတစ်သောင်းသုံးထောင်သာ ရှိရာ နတ်ဘုရင် ပထမအဆင့်တွင်သာ ရှိနေသေးသည်မှာ ထင်ရှားပြီး နတ်ဘုရင် ဒုတိယအဆင့်သို့ ရောက်ရန် အလွန်ဝေးကွာသော အခြေအနေတွင် ရှိနေခဲ့သည်။

“ကျန်းချန်.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ့ရဲ့ နတ်ဘုရင်လမ်းစဥ် စွမ်းအားကို မြည်းစမ်းကြည့်ဖို့သာ ပြင်ထားလိုက်တော့”

နတ်ဘုရင်ကူစန်း၏ စကားဆုံးသည်နှင့် ရေခဲလမ်းစဥ်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကမ္ဘာကြီး၏ စွမ်းအားများနှင့်အတူ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

ကျန်းချန်၏ မျက်ဝန်းများက လေးနက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားသည် တောက်ပသော ဓားအလင်း အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် နဂါးတစ်ကောင် ကဲ့သို့ ပျံဝဲနေခဲ့သည်။

“ဓားလမ်းစဥ် မူလအရင်းအမြစ်စွမ်းအား”

ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်တွင် ပျံဝဲနေသော ဓားအလင်းကို လှုံ့ဆော်လိုက်သည်။

မိုင်ပေါင်းထောင်ချီသော နေရာလွတ်သည် ထိုဓားအလင်း၏ ရှေ့တွင် တစ်ခဏအတွင်း နှစ်ပိုင်း ကွဲထွက်သွားခဲ့သည်။

ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားသော ဓားအလင်းသည် ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်နိုင်သော အနှိုင်းမဲ့ကောင်းကင်ဓားနှင့်ပင် ဆင်တူနေခဲ့၏။

ဓားအလင်းက အဆုံးမရှိ ရှေ့သို့ တိုးဝင်သွားခဲ့ပြီး ၎င်းဖြတ်သန်းသွားသမျှ အရာအားလုံးသည် ဘာမှမကျန်ရှိတော့သည့် အဖြစ်သို့ ပျက်စီးသွားခဲ့သည်။

ထို့နောက်တွင် ဓားအလင်းသည် နတ်ဘုရင်ကူစန်း၏ ပေတစ်သောင်းသုံးထောင် ရှိသော နတ်ဘုရင်လမ်းစဥ်ကို သက်ရောက်သွားခဲ့၏။

“ဝုန်း..”

လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် အရောင်မှေးမှိန်သွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံရှိ မိုင်ပေါင်း ထောင်သောင်းချီ နေရာလွတ် တစ်ခုလုံးသည် မှောင်မိုက်သွားခဲ့ပြီး ကျန်းချန်၏ အနှိုင်းမဲ့ ဓားအလင်းနှင့် နတ်ဘုရင်ကူစန်း၏ နတ်ဘုရင်လမ်းစဥ်တို့ သာလျှင် ကျန်ရှိခဲ့သည်။

သို့သော်လည်း တိုက်ပွဲက မကြာရှည်လိုက်ဘဲ အနှိုင်းမဲ့ဓားအလင်းသည် ကောင်းကင်ကိုပင် ချေမှုန်းနိုင်သောစွမ်းအားဖြင့် ပေတစ်သောင်းသုံးထောင် ရှည်လျားသော နတ်ဘုရင်လမ်းစဥ်ကို နှစ်ပိုင်း ဖြတ်ပစ်လိုက်၏။

“ဝုန်း..”

နတ်ဘုရင်လမ်းစဥ် ပြိုလဲသွားသည်နှင့် နတ်ဘုရင် ကူစန်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး လေထဲ လွင့်စင်သွားခဲ့ကာ လေထုထဲတွင် ကြောက်မက်ဖွယ် နေရာလွတ် တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့၏။

နတ်ဘုရင်ကူစန်း စုစည်းထားသော နတ်ဘုရင်လမ်းစဥ်သည် ကျန်းချန်၏ ဓားချက်တစ်ချက်တည်းဖြင့် ချေမှုန်းခံရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

“အဆင့်နိမ့် နယ်မြေနတ်ဘုရားတစ်ပါးရဲ့ ဓားချက်တစ်ချက်က နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ နတ်ဘုရင်လမ်းစဥ်ကို ချေမှုန်းနိုင်ခဲ့တယ်လား.. ဒီကောင်လေးရဲ့ စွမ်းအားက တကယ်ကိုကြောက်စရာပဲ”

အခန်း(၂၀၉၆)ပြီး၏။

All Chapters