← Chapters

တက်ကြွနေတဲ့ ထာဝရကျေးရွာ

Vol. 11 Ch. 102

တက်ကြွနေတဲ့ ထာဝရကျေးရွာ

Vol. 11 Ch. 102

ကျန်းယန်၏ မင်္ဂလာပွဲရက်က လဝက်နီးပါးသာ လိုတော့ချိန်၌ ထာဝရကျေးရွာ၏ လေထုက အမြင့်ဆုံးတက်ကြွမှုဖြင့် စည်ကားနေသည်။

ယန်ချန်အပါဝင် တရွာလုံးက ပွဲစီမံရေးကို အားသွန်ခွန်စိုက် ကြိုးစားနေကြပြီး ယန်ချန်ဦး​ဆောင်သည့် အခမ်းနားအပြင်ဆင်များက တခြားသူများကို ထိတ်လန့်မှင်သက်စေသည်။

အထူးသဖြင့် ကျန်းယန်နဲ့ မုရုံမိသားစုတို့ဖြစ်ပြီး ထိုမျှကြီးကျယ်ခမ်းနာသည့် မင်္ဂလာပွဲတခု သးတို့ဘဝ၌ မမြင်ခဲ့ဖူးပေ။ ထို့အပြင် ကျင်းတိုင်းပြည်၏ ဧကရာဇ်ပင် ကြွရောက်လာမည်ကို သိပါက မည်သို့ ဖြစ်သွားမည်နည်း။ သာမန်သေမျိုး မင်္ဂလာပွဲတခုကို တိုင်းပြည်၏ ဧကရာဇ်မှ ကြွရောက်ချီးမြင့်ခြင်း..။ ထိုအခွင့်ရေးကို ထိပ်တန်းဂိုဏ်းများပင်မရနိုင်။

ထို့အပြင် ယန်ချန်၏ လျှို့ဝှက်ဗလာမပါကံစမ်းမဲ အစီစဥ်များ ဖျော်ဖြေရေးအစီမံများက ကျန်းရင်ရင်ကို တုန်လှုပ်စေကာ မကြာခင်ကပဲ ကျန်းရင်ရင်မှတဆင့် ကျင်းတိုင်းပြည်၏ ကူချင်းဂိုဏ်းငယ်တခုကို ဖိတ်ခေါ်ကာ ယန်ချန်မှ ရက်တိုလေ့ကျင့်ရေးတခု စီမံပေးခဲ့သေးသည်။

ထိုမျှကောင်းမွန်သည့် အခွင့်ရေးကို ကုချင်းဂိုဏ်းငယ်လေးက ရသွားခဲ့သည်လား။ အခြားအင်အားစုများမှာ မနာလိုမရှုစိမ့် ဖြစ်နေကြရသည်။

“ဒီသီချင်းက ပွဲတော်တွေမှာ အသုံးများတယ် အဓိက နုတ်တွေကို အပြည့်အဝ ပုံဖော်ဖို့ကြိုးစားကြပါ”

ယန်ချန်က ခြံဝန်းအတွင်း ဖျော်ဖြေရေးအတွက် စီမံနေခြင်းဖြစ်သည်။ ကျန်းရင်ရင်၏ အစီစဥ်ဖြင့် တေးသံသာဂိုဏ်းမှ လီဖူယွဲ့တို့လည်း လဝက်ခန့်စော၍ ရောက်ရှိလာကာ ထာဝရကျေးရွာတခုလုံး အစီမံများ၌ တက်ကြွစွာ ဆောင်ရွက်ပေးကြသည်။

ယန်ချန်နံဘေး၌ ယင်ယင်လေးက ထိုင်ခုံတခုပေါ်၌ ချစ်စဖွယ်ထိုင်ကာ ကုချင်းတီးခတ်သူများကို ကြည့်ရင်း တခါတရံ လက်ခုပ်လက်ဝါးတီးကာ အားပေးနေလေသည်။ သူမလေးက ယခုရက်ပိုင်း ယန်ချန်ကိုအနည်းငယ် ကပ်တွယ်နေကာ ရှုယင်တယောက်မှာတော့ ယန်ချန်စီစဥ်ပေးထားသည့် ပွဲတက်ဝတ်စုံကို ကျန်းသခင်မကြီး မုရုံသခင်မကြီးတိုအကူညီဖြင့် ချုပ်လုပ်နေလေသည်။

“ဒါက ဘယ်လိုဝတ်စုံလဲ တော်တော်လေးလှပေမယ့် ကျွန်မအထင် နည်းနည်းတော့..”

မုရုံသခင်မကြီးက ပုခုံအတွန့်လေးများပါဝင်သည့် ဂါဝန်ရှည်ကို စစ်ဆေးနေကာ ဂါဝန်က ပုခုံးနဲ့ ရင်ဘတ်အနည်းငယ်ကို ဖော်ညွှန်းထားခြင်းကြောင့် သူမသာထိုဝတ်ဆင်ရပါက ရှက်ရွံနေမိမည်ဟု တွေးနေလေသည်။

ကျန်းသခင်မကြီးက ပြုံး၍တုန့်ပြန်သည်။

“အစ်မမုမဝတ်ရဲပေမယ့် အစ်မသမီးမဝတ်ရဲဘူးလို့ မဆိုဘိုဘူးလေ ကြည့်စမ်းပါဦး သတို့သားဝတ်စုံက ဘယ်လောက် ကြည့်ကောင်းလဲ သခင်လေးယန်ပဲ ဒီလိုအတွေး တွေးနိုင်မှာ သေချာတယ်”

သခင်မကြီးက သတို့သားပွဲတက်ဝတ်စုံကို လက်အစုံဖြင့် ဖွဖွလေးပွတ်သပ်ကာ သူမ၏သားဖြစ်သူက ထိုဝတ်စုံကို ဝတ်ဆင်ရမည်ဟု တွေးမိသည်နှင့် မိခင်တယောက်အနေဖြင့် ဂုဏ်ယူနေမိသည်။

“လဝက်တောင်မလိုတော့ဘူး ကျွန်မတို့ ဝတ်စုံတွေကို အရှိန်မြင့်ရတော့မယ် အစ်မကျန်း ညီမအချို့ ခေါ်ပါဦး”

ရှုယင်က လက်ထဲမှ ချုပ်လက်စ အထည်ကိုဆုပ်ကိုင်ရင်း သူမတို့ချည်းသာ ချုပ်လုပ်နေပါက မင်္ဂလာပွဲအမှီ မပြီး​မြောက်မည်ကို စိုးရိမ်နေသည်။ ကျန်းသခင်မကြီးက..

“မပူပါနဲ့ အစ်မအစီစဥ်ဆွဲထားတယ် ဟုတ်ပြီလား”

ထိုသို့ပြောနေစဥ်မှာပဲ ကူညီမည့် အမျိုးသမီးအချို့ ခြံဝန်းထဲရောက်လာကြတော့သည်။ တဖက်တွင် ကျန်ယန်ဦးဆောင်သည့် လူငယ်အဖွဲ့က ကျေးရွာတခုလုံးကို သန့်ရှင်းရေးကအစ စနစ်တကျရှိမရှိ စစ်ဆေးနေလေသည်။

​အဆောက်အုံထဲမှာတော့ ယန်ချန်က စကြာဝဋာအစီရင်ကို စမ်းသပ်နေလေသည်။ အဆောက်အုံ၏ နံရံများပေါ်၌ ကြယ်တရာများ ဂြိုလ်များ ရွေ့လျားနေပုံကို ပြသထားပြီး လောကအပြင်ဘက် မြင်ကွင်းက အံ့မခန်းမှင်သက်စရာကောင်းပေသည်။

ယန်ချန့်ရဲ့လက်အစုံက ညင်သာစွာ လှုပ်ရှားသွားသည်။ အစီရင်က နောက်ဆုံးအဆင့်ကို ရောက်နေခဲ့ပြီး စကြာဝဋာရဲ့မြင်ကွင်းက အသက်ဝင်နေသည်မှာ သူကိုယ်တိုင် ကြယ်တာရာများကြားထဲ ရောက်နေသည်နဲ့ပင် တူညီနေသည်။

အင်မော်တယ်ဘုံတနေရာ…

ပြင်းထန်တဲ့ ထိခတ်မှုတခုက လောကတခုလုံးကို ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး ထိုအဖြစ်ပျက်ကို အင်အားသုအတော်များများ သတိပြုမိသွားကြသည်။

“ဘာဖြစ်တာလဲ…မူလလောက ကျင့်ကြံသူတွေ ရောက်လာပြန်ပြီလား”

အင်မော်တယ်တဦးက အနည်းငယ်တုန်လှုပ်နေဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်ကစ ပိုမိုကြမ်းတမ်းလာသည့် အင်မော်တယ်လောကနှင့် မူလလောကကြား တိုက်ပွဲအား သတိရသွားတော့သည်။

ထိုသူနည်းတူ အင်မော်တယ်လောက တခုလုံးထိတ်လန့်သွားကြပြီး ရန်သူများ ဝင်ရောက်တိုက်ခိုက်လာသည်ဟု ထင်မှတ်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ထိုစဥ် ထာဝရကျေးရွာမှာတော့ ယန်ချန်တယောက် အစီရင်တွင်းရှိ အနည်းငယ် ကွာဝေးဟန်ပြနေသည့် ကမ္ဘာသုံးခုအား ဆွဲကပ်လိုက်ပြီး ထိုအဖြစ်ပျက်က ထျန်းဟွမ်ကမ္ဘာ ထျန်းဟွမ်လောက တခုလုံးကို ခပ်ကြမ်းကြမ်း ဆွဲခါသွားစေပြီး ထိုနည်းတူစွာပင် အင်မော်တယ်လောကနဲ့ မူလ လောကများကိုလည်း ပို၍နီးကပ်သွားစေတော့သည်။ ယန်ချန်ကတော့ ထိုအဖြစ်ပျက်များကို သတိမထားမိပေ။

All Chapters