← Chapters

ဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 11 Ch. 103

ဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 11 Ch. 103

ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ယန်ချန်ဦးဆောင်တဲ့ ရွာလူငယ်အဖွဲ့၏ စီမံမှုကြောင့် ထာဝရကျေးရွာတခုလုံး ထူးခြားသည့် အပြင်ဆင်များဖြင့် စိတ်လှုပ်ရှားစရာ ကောင်းနေပေသည်။

ထိုစဥ် ကျင်းတိုင်းပြည်၏ ကျင့်ကြံရေးအင်အားစုများကတော့ ထာဝရကျေးရွာသို့ တစတစ ရောက်ရှိလာကြတော့သည်။

ပထမဆုံးရောက်ရှိလာကြသူများက ချူလင်းယု ချင်ဖုန်းဦးဆောင်သည့် တေးသံသာဂိုဏ်းမှဖြစ်ကာ လီဖူယွဲ့က ထိုအဖွဲ့ကိုတော့ ယန်ချန်၏ ခွင့်ပြုချက်ဖြင့် ခြံဝန်းတခု၌ နေထိုင်စေသည်။ လီဖူယွဲ့မသိသည်က ထိုခြံဝန်း၏ မူလပိုင်ရှင်မှာ ချူလင်းယုဖြစ်ပြီး မင်္ဂလာပွဲခရီးစဥ်၌ သူမ၏မိဘနှစ်ပါးလည်း လိုက်ပါလာခဲ့သည်။

လီဖူယွဲ့ အကြီးကဲများကို ခြံဝန်းတခုစီ ဦးဆောင်ခေါ်သွားချိန်၌ အခြားအင်အားစုများကလည်း ထာဝရကျေးရွာသို့ ရောက်ရှိလာကြကာ ထိုသူများသည်လည်း ကျေးရွာဆိုင်းဘုဒ်ကြီးအား မြင်တွေ့ချိန်၌ လီဖူယွဲ့တို့ဖြစ်သကဲ့သို့ပင် တုန်လှုပ်သွားကြသည်။ ထိုဆိုင်းဘုဒ်က နိယာမများကို ခြယ်လှယ်ထားပြီး လက်ရေးလှပညာ၌ ယန်ချန်ရဲ့အဆင့်က အများလိုက်မမီတော့သည့် အနေထားတခုကို ရောက်နေပြီဖြစ်ကြောင်း လက်ခံသွားကြသည်။

လူအုပ်တခုက ရွာလမ်းအတိုင်းလျှောက်ဝင်လာသည်။ ထိုလူအုပ်က သူတော်စင်နတ်မြတ်ဂိုဏ်းမှဖြစ်ပြီး ဖေးလုံက ဦးဆောင်ကာ ထိုဂိုဏ်း၏ အဓိကအကြီးကဲများ ပင်မတပည့်များ ပါဝင်လေသည်။ ထိုသူများက ရွာလမ်းမများ လမ်းတဘက်စီရှိ အရိပ်ရသစ်ပင်ကြီးများအပါဝင် ရွာအတွင်းရောက်ရှိချိန် ပြင်းထန်တဲ့ချီဓာတ်များကို ခံစားမိပြီးနောက် ၎င်းတို့သာ ထာဝရကျေးရွာ၌ နေထိုင်နိုင်ပါက အခြားပြင်ပအကူညီများမပါလျင်တောင် အဆင့်ကျော်ဖြတ်ခြင်းကိစ္စက ထမင်းစားရေသောက်လို လွယ်ကူမည်ဟု ခံစားသွားကြပြီး ကျန်းမိသားစုများကို မနာလိုဖြစ်ကြတော့သည်။

“မင်းတို့အကုန်လုံး ရွာထဲရောက်ပြီဆိုတော့ ငါအလေးနက်မှာထားတာကို မမေ့ကြနဲ့ မင်းတို့ကိုမင်းတို့ တခေတ်တခါရဲ့ပါရမီရှင် ဆိုတဲ့အတွေးတွေကိုလည်း လွှင့်ပစ်လိုက်ကြ”

ဖေးလုံက အလေးနက်သတိပေးနေခဲ့ပြီး သူ့ဂိုဏ်းသားများမှ ကျေးရွာအတွင်း မထင်မှတ်ပဲ ပြဿနာရှာမိမည်ဟု စိုးရိမ်နေလေသည်။

ပန်းကိုးပွင့်ဂိုဏ်း မိသားစုကြီးများတဲ့ သီးခြားကျင့်ကြံသူများလည်း ရောက်ရှိလာကာ ကျေးရွာက လူများဖြင့်စည်ကားနေသည်။ ထိုမြင်ကွင်းကို ယင်ယင်က ပျော်ရွှင်စွာဖြင့်စပ်စုနေပြီး တခါတရံ၌ ယန်ပိုင်ကိုခေါ်ကာ ရွာလမ်းများတစ်လျှောက် ပြေးလွှားဆော့ကစားသေးသည်။

ယန်ချန်နဲ့ရှုယင်တို့ကမူ ပွဲနီးလာလေ အလုပ်များလေဖြစ်ကာ ဧည့်သည်များ ဧည့်ခံရန်အတွက် ကျန်းဝမ်လီကိုသာ ဆောင်ရွက်စေသည်။ ကျန်းဝမ်လီက ရွာအဝင်၌ ကြိုဆိုရေးအဖွဲ့များ ထားရှိပြီး ဧည့်သည့်များအနားယူစေရန် လွတ်နေသည့် ခြံဝန်းများအား ခွဲဝေပေးခြင်းကို ဦးစီးလေသည်။

“ရွာအနောက်ဘက်က ခြံဝန်းဆီခေါ်သွားလိုက်တော့”

.ကျန်းဝမ်လီက အိမ်တော်မိသားစုဝင် လူငယ်တဦးအား စေခိုင်းလိုက်ပြီး ထိုလူငယ်ကလည်း ကျင့်ကြံသူများကို ဦးဆောင်ကာ ထွက်သွားတော့သည်။ ထာဝရကျေးရွာက ယန်ချန်၏ ချဲ့ထွင်မှုကြောင့် အိမ်ခြေ၅၀၀ အထူးသဖြင့် ခြံဝန်း၅၀၀ ထိရှိနေပြီး နေထိုင်သည့်ခြံဝန်းအရေတွက်မှာ ၃၀ ကျော်သာရှိနေသေး၍ ခြံဝန်းများစွာ လွတ်နေသေးသည်။

“ဟား…နောင်တော်လီ တွေ့ရတာဝမ်းသာတယ်ဗျာ”

တုံစန်းက ကျန်းဝမ်လီကိုမြင်လျင် ငယ်ပေါင်းကြီးဖော်များကဲ့သို့ အရှက်မဲ့စွာ တရင်းတနီးနှုတ်ဆက်လာပြီး ကျန်းဝမ်လီကလည်း အလိုက်သင့် ပြန်လည်နှုတ်ဆက်လေသည်။

“နောင်တော်စန်း အရောက်စောသားပဲဗျ ကြွပါ နောင်တော်တို့အတွက် ခြံဝန်းတခုစီစဥ်ပေးထားပါတယ်”

ထိုမြင်ကွင်းကိုကြည့်ပြီး အခြားသီးခြားကျင့်ကြံသူများမှာ တုံစန်း၏ အရှက်မဲ့မှုကို ဝေဖန်ပြောဆိုကြတော့သည်။

“ချီးပဲ မသိရင် သူက ကျန်းအိမ်တော်နဲ့ သွေးသောက်ဆွေမျိုးကြနေတာပဲ အရှက်မဲ့လိုက်တာ”

“ဟုတ်ပါ့… ဒီထိပ်သီးဂိုဏ်းတွေက အကျိုးမြတ်ရဖို့ဆို ခြေသလုံးဖက်ရလည်း ရှက်ရကောင်းမှန်း မသိကြဘူး”

“ဟ… မင်းလည်း ခြေသလုံးဖက်ဖို့ရောက်လာတာ မဟုတ်လား သူများကိုမဝေဖန်ခင် ကိုယ့်ကိုကိုယ်စမ်းစစ်ပါဦး”

“မင်းဘယ်သူ့ကိုပြောတာလဲ..”

“ဘယ်သူ့ကိုပြောရမှာလဲ မင်းပဲပေါ့ကွ”

ကြိုဆိုရေးရွာအဝင်ဝ၌ အနည်းငယ်ထိခတ်မှု ဖြစ်ပွားသော်လည်း ယန်ချန်၏ ထိတ်လန့်ဖွယ်ဂုဏ်သတင်းကြောင့် မည်သူမှ ပြဿနာကို အရှည်မဆွဲရဲပေ။ လျင်မြန်စွာသင့်မြတ်သွားပြီး စုလဲ့တို့ ရောက်ချိန်မှာတော့ အင်အားစုများ၏ သုံးပုံနှစ်ပုံမှာ ခြံဝန်းအချို့အား သိမ်းပိုက်ထားပြီဖြစ်သည်။

စုလဲ့က ကျင်းလုံ မင်ယုရှန်း မင်ဝမ်တို့ကို ဦးဆောင်ကာ ရောက်လာခြင်းဖြစ်ပြီး သူမတို့အဖွဲ့ရောက်လာသည်နှင့် ကျန်းရင်ရင် လိဖူယွဲ့ ချူလင်းယု ချင်ဖုန်းတို့က ရွာထိပ်ထိ ထွက်၍ကြိုဆိုကြလေသည်။

“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

ကျန်းရင်ရင် လီဖူယွဲ့ ချူလင်းယု ချင်ဖုန်းတို့က စုလဲ့ကို ရိုရိုသေသေနှုတ်ဆက်ပြီး စုလဲ့က ထိုအပြုမူကို ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်ကာ မေးခွန်းထုတ်သည်။

“ဖူယွဲ့ ငါတို့ကိုသခင်လေးယန်ဆီ ခေါ်သွားပေးပါ”

လီဖူယွဲ့က ကျင်းလုံ မင်ဝမ်နဲ့ မင်ယုရှန်းတို့ကိုကြည့်၍ အလေးနက်ထားရမည်ကို သိနားလည်ကာ ယန်ချန်နေထိုင်သည့် ခြံဝန်းဆီ ခေါ်ဆောင်လာတော့သည်။ ထိုအချိန် ခြံဝန်းထဲမှာတော့ ယန်ချန်တယောက် ဝိုင်အိုးကြီးများကို ထုတ်ဖော်နေပြီး ပွဲမတိုင်မီတလအလိုတည်းက မြုပ်နှံထားသည့် အိုးများအား ဧည့်ခံရန် ပြန်လည်တူးဖော်နေခြင်းဖြစ်သည်။

“ဖြေး.ဖြေး..အိုးကိုဖိအားမပေးနဲ့ ကိုင်တွယ်တာကို သတိထားကြပါ”

ဘေးမှ အဆက်မပြတ်မှာကြားနေပြီး အခြားလူများကလည်း မြေကြီးထဲမှ ဝိုင်အိုးများကို ရတနာကြီးများသဖွယ် အလေးနက်ထားကာ တူးဖော်နေကြလေသည်။

“ဟုတ်ပြီ တူးဖော်ပြီးသားတွေကို ခြံအနောက်က သိုလှောင်ရုံထဲပို့ဖို့ ကူညီပါဦး”

ယန်ချန့်စကားဆုံးသည်နှင့် အလုပ်သမားအဖွဲ့မှ ကျင့်ကြံသူတဦးက တက်ကြွစွာတုန့်ပြန်သည်။

“စိတ်ချပါသခင်လေး ကျုပ်တို့သတိထားလိုက်ပါ့မယ်”

ယန်ချန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဝိုင်အိုးများတူးဖော်ရာ၌ ကူညီနေချိန်မှာပဲ လီဖူယွဲ့ဦးဆောင်သည့် အဖွဲ့က ရောက်ရှိလာတော့သည်။

မင်ယုရှန်း မင်ဝမ်တို့က ရွာအဝင်၌ပင် တုန်လှုပ်မှုများ ဖြစ်နေကြပြီး မင်ဝမ်ဆိုလျှင် ရွာထဲ ပြေးလွှားနေသည့် မြေခွေးများ တောဝက်များနဲ့ ဝက်ဝံကြီးတကောင်ကိုမြင်ချိန်၌ တုန်လှုပ်သွားခြင်းမှာ ထိပ်ဆုံးပင်ရောက်သွားတော့သည်။ မည်သည့်သေမျိုးက မဟာယာနအဆင့်နဲ့အဆင့်တူ သားရဲကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမည်နည်း။

ပြီးနောက် ဆိုင်းဘုဒ်ပေါ်ရှိ နိယာမများသာမက ရွာအတွင်း ပြင်းထန်ဆဲ့ ချီဓာတ်စွမ်းအင်များကိုပင် မင်ဝမ်တယောက် အံ့သြမှင်သက်နေရလေသည်။

သိထားရမည်မှာ ချီဓာတ်ကိုစုဆောင်းရန် အစီရင်လိုအပ်ပြီး ထာဝရကျေးရွာအတွင်းမှာတော့ မည်သည့်အစီရင်မှ မမြင်ရပဲ ခြံဝန်းအသီးသီး၌ ကျင့်ကြံရေးလောကတခုလုံးကိုပင် တုန်လှုပ်စေမည့် ထိပ်တန်းဆေးဝါးများ စိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။

သခင်လေးယန်ဆိုသူကား သူထင်ထားသည်ထက် ပိုမြင့်မားနေသည်လား။ မင်ဝမ်တယောက် မှင်သက်စွာဖြင့် ပတ်ဝန်းကျင်ကို အဆတ်မပြတ် လေ့လာနေမိလေသည်။

ယန်ချန်တယောက် ခြံဝန်းထဲအလုပ်များနေစဥ် ရှုယင်ရောက်ရှိလာသည်။

“သခင်လေး အိမ်ထဲမှာ အစ်မလီတို့ရောက်နေတယ်”

ရှုယင်က လီဖူယွဲ့တို့ကို အိမ်ထဲခေါ်ဆောင်ပြီးနောက် ယန်ချန့်ကိုလာရောက်ပြောဆိုခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်စုလား အချိန်ကိုက်ကို ရောက်လာတာပဲ ကောင်းတယ်”

ယန်ချန်က ချက်ချင်းပဲ လီဖူယွဲ့ စုလဲ့ ကျင်းလုံတို့နဲ့ တွေ့ဆုံရန် အိမ်ထဲ ပြန်ဝင်သွားတော့သည်။

All Chapters