← Chapters

မင်္ဂလာဇနီးမောင်နှံ ထွက်ပေါ်လာခြင်း

Vol. 11 Ch. 108

မင်္ဂလာဇနီးမောင်နှံ ထွက်ပေါ်လာခြင်း

Vol. 11 Ch. 108

မိနစ်အနည်းငယ်ကြာပြီးနောက် ရှုယင်တို့သားအမိ အရင်ဆုံးပြန်ရောက်လာကာ မူလသူမထိုင်ခဲ့သည့် စားပွဲဝိုင်း၌ ဝင်ရောက်ထိုင်လိုက်လေသည်။ ယင်ယင်လေးက အစောပိုင်းအချိန် သူမလေးစားသောက်နေရာမှ ထထွက်သွားရသည့်အပေါ် အနည်းငယ်မကျေနပ်နေပြီး ပြန်လာချိန်မှာတော့ မည်သူကိုမှ မကြည့်တော့ပဲ စားစရာများကိုသာ အတင်းနှိုက်တော့သည်။

တဆက်တည်း ယန်ပိုင်နဲ့ တောဝက်အိုကြီးတို့မှာ ဧည်သည့်များစိတ်အနှောင့်ယှက်ဖြစ်မည်စိုး၍ ယန်ချန့်ခြံဝန်းထဲ၌သာ ကျန်နေခဲ့ရပြီး ထိုကိစ္စကိုလည်း ယင်ယင်လေးက အခဲမကြေပေ။

ယန်ချန်က လှုပ်လှုပ်ရွရွဖြစ်နေသည့် လူအုပ်ကိုကြည့်၍ ပြောလိုက်သည်။

“မင်္ဂလာမောင်နှံ ထွက်ရှိလာပါတော့မယ်”

ထိုအသံက တုန်လှုပ်နေသူများကို ရေအေးလောင်းချလိုက်သည်နှယ် တိတ်ဆိတ်သွားစေပြီး အကုန်ငြိမ်သက်သွားချိန်မှာတော့ ခန်းမကြီးတခုလုံးက မှောင်အတိကျသွားတော့သည်။

ဟမ်…

“ဘာဖြစ်သွားတာလဲ…”

တီးတိုးသံများ အနည်းငယ်ထွက်ပေါ်လာချိန်မှာပဲ မီးအလင်းကျောက်တုံးများက ရုတ်တရက်ပြန်လင်းလာပြီး တဆက်တည်း ခန်းမကြီး၏ဝင်ပေါက်မှ သတို့သား သတို့သမီးမောင်နှံမှာ ဖြေးညင်းစွာ လျှောက်ဝင်လာကြတော့သည်။ အစောပိုင်းအချိန် မှောင်အတိကျသွားစဥ် အဆောက်အုံဝင်ပေါက်နား လျှို့ဝှက်လမ်းကြောင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုလမ်းကြောင်းက ခန်းမကျယ်ကြီးရှိရာ ဝင်ပေါက်ဘေးတင် ဖြစ်ပေသည်။

အစီစဥ်က မတူထူးခြားသည့် ယန်ချန့်အိုင်ဒီယာသာဖြစ်သည်။ သူက ဇနီးမောင်နှံကို တကွဲတပြား ခန်းမဝင်စေပဲ နှစ်ယောက်သား လက်ချင်းတွဲ၍ ဝင်စေခဲ့သည်။

ထိုမောင်နှံဝင်ရောက်လာသည်ကိုမြင်လျင် ယန်ချန်က အစီစဥ်စတင်ကြောင်းကြေငြာက ပြင်ပမြေကွက်လပ်ရှိ ပုံရိပ်ယောင် အစီရင်ကို အသက်သွင်းလိုက်တော့သည်။

“မင်္ဂလာပွဲစတင်ပါပြီ”

ပြင်ပမြေကွပ်လပ်မှလူများမှာတော့ ရုတ်ချည်းပဲ ခန်းမကြီးထဲမှ မြင်ကွင်းများကို လေထဲမင်လိုက်ရချိန်၌ ပေါက်ကွဲထွက်သွားကြပြီး လက်ခုပ်လက်သားတီးကာ ကျယ်လောင်စွာ ချီးကျူးကြတော့သည်။

ထိုအဖြစ်ပျက်ကို ယန်ချန်ကမျှော်လင့်ပြီးသားဖြစ်၍ မထူးဆန်းတော့ချေ။ သူ့အစီရင်ပညာက ကျင့်ကြံသူများကြား၌ ထိပ်တန်းဖြစ်နေမည်မှာ အသေချာပင်။

မင်္ဂလာပွဲတရားဝင်စတင်သည်နှင့် ယန်ချန်က နှစ်ဖက်မိဘများကို ကန်တော့စေသည်။ မိုးနဲ့မြေကို ကန်တော့စေသည်။ ပြီးနောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အရိုသေပေးကာ မင်္ဂလယအရက်တခွက်စီ သောက်ပြီးချိန်မှာတော့ မင်္ငလာပွဲကြီးက အမြင့်ဆုံးအဆင့်ရောက်ရှိသွားလေပြီ။

မကြာခင်မှာပဲ ဇနီးမောင်နှံက စားပွဲဝိုင်းတခုဆီ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ကြပြီး ကျန်းယန်ခမျာ ဝိုင်းစေ့သည်အထိ မင်္ဂလာဂုဏ်ပြုအရက်အား ဆက်တိုက်သောက်လိုက်ရတော့သည်။

ပြင်ပမြေကွက်လပ်ရှိ စားပွဲဝိုင်းများဆီမှ ဇနီးမောင်နှံ နှစ်ဦးပြန်ရောက်လာချိန်မှာတော့ ယန်ချန်က နောက်ဆုံးဗုံးကြီးတလုံး ထပ်မံ ချလိုက်တော့သည်။ ထိုအရာက သူကိုယ်တိုင်ပြုလုပ်ထားခဲ့သည့် (အမှန်က လက်တည့်စမ်းထားတာတွေ😂) လက်နက်များ ဆေးဝါးများ အစီရင်ချပ်ပြားများ ပန်းချီကားများကို မဲဖောက်ပေးခြင်းဖြစ်ပြီး မင်ဝမ်ပင် ယန်ချန်ရဲ့ရက်ရောမှုကို တုန်လှုပ်စွာဖြင့် ငေးကြည့်နေမိသည်။

သူတော်စင်တဝက်အဆင့် စိတ်ဝိဉာဥ်အဆင့် လက်နက်များ ဆေးဝါးများ ဉာဏ်အလင်းပွင့်စေသည့် ပန်းချီကားများပါဝင်ပြီး ထိုရတနာများက ကျင့်ကြံရေးလောကတခုလုံးကို သွေးချောင်းစီးစေရန် လုံလောက်ပေသည်။ သို့သော်လည်း ကျင်းလုံကြောင့်ဖြစ်စေ ယန်ချန့်ရဲ့ဂုဏ်သတင်းကြောင့်ဖြစ်စေ မည်သည့်ကျင့်ကြံသူကမှ တဇွတ်တိုး မရူးမိုက်ကြ။ ကံစမ်းရထားသည့် အရာများကိုပင် တယုတယကြည့်ရှုကာ ဝမ်းသာနေကြလေသည်။

အထူးသဖြင့် လေလွင့်ကျင့်ကြံသူများဖြစ်ကာ ၎င်းတို့အတွက် အရင်းအမြစ်မှာ ရှားပါးလွန်းပြီး သေခြင်းရှင်ခြင်းလမ်းပေါ် လျှောက်လှမ်းနေကြသူများဖြစ်သည်။ ယခု ယန်ချန်ထုတ်ပေးသည့် အတိုအစလေးများက ၎င်းတို့တသက်လုံးရှာလျင်ပင် ရရန်မသေချာသည့် ရတနာများ ဖြစ်နေသည်မဟုတ်လား။

ဒီတကြိမ်တွင်တော့ ယန်ချန်က ရှုယင်နဲ့အတူ တဝိုင်းတည်းထိုင်ကာ ယင်ယင်လေးကိုတော့ ပေါင်ပေါ်တင်ထားလေသည်။ အကုန်လုံးက ခန်းမကြီးထဲစိတ်လှုပ်ရှားနေစဥ် ငြိမ့်ညောင်းတဲ့ ကုချင်းသံစဥ်တခု ထွက်ပေါ်လာပြီး သံစဥ်က ယခင်ကမ္ဘာမြေမှ သံစဥ်တခုကို အနည်းငယ်ပြုပြင်ပြီး တေးသံသာဂိုဏ်းမှ လီဖူယွဲ့ ဦးဆောင်သည့် အဖွဲ့တခုအား တီးခတ်စေခြင်း ဖြစ်သည်။

“လုံးဝ..ပြီးပြည့်စုံတယ် အစားအသောက်ဖြစ်စေ ရတနာဖြစ်စေ ပြီးတော့ ကုချင်းသံစဥ်တခု”

ကိုယ်တော်ရန်မှာ ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေပြီး ရံဖန်ရံခါ၌ လူသားနဲ့နတ်ဆိုးပဋိပက္ခ မရှိပါက မည်မျှကောင်းမည်နည်းဟုပင် စဥ်းစားခန်းဝင်နေလေသည်။

All Chapters