← Chapters

ရှန်မို မင်းကျင့်စဉ်နဲ့ အတူတူပဲလား

Vol. 23 Ch. 332

ရှန်မို မင်းကျင့်စဉ်နဲ့ အတူတူပဲလား

Vol. 23 Ch. 332

ဝမ်မူချွမ် တဟားဟား ရယ်မောရင်း

"စိတ်မပူပါနဲ့… နောက်ထပ် နည်းနည်းလောက် ကြားလိုက်ရင် ခင်ဗျားတို့လည်း ကျင့်သားရသွားပါလိမ့်မယ်"

"ဒီတောင်ပေါ်က အစေခံတွေနဲ့ တပည့်တွေဆိုရင် ရက်အနည်းငယ်ခြားတစ်ခါလောက် ဒီအသံကို ကြားနေရတာဆိုတော့ သူတို့အတွက်ကတော့ ဒီလောက်က ဘာမှ ထူးဆန်းတဲ့အရာ မဟုတ်တော့ပါဘူး… ဟိုမှာကြည့်လေ... သူတို့ဆိုရင် ဘာမှမဖြစ်သလိုပဲမလား"

ဧည့်သည် (၄) ဦးစလုံး ကျောက်စိမ်းဂိုဏ်း မြွေနဂါးတောင်မှ ကျင့်ကြံသူများနှင့် အလုပ်သမားများကို လှမ်းကြည့်လိုက်မိသည်။ ဝမ်မူချွမ်ပြောသည်မှာ မှန်နေလေ၏။

ထိုသူများမှာ ဘာမှမဖြစ်သကဲ့သို့ပင် သူတို့၏ အလုပ်များကို ပုံမှန်အတိုင်း ဆက်လုပ်နေကြသည်။

ဤမြင်ကွင်းကြောင့် ပင်လယ်နတ်ဘုရားကျွန်း၏ ခေါင်းဆောင်ငယ်ဖြစ်သူ နတ်ဘုရားပြောင်းလဲအဆင့်သို့ ကူးပြောင်းရန် အဆင်သင့်ဖြစ်နေသော ရှီကျင့်ထျန်းမှာ အကြီးအကျယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ အလားတူပင် ချန်းယွမ်ဂိုဏ်းမှ ပါရမီရှင် တုချန်းချင်း လည်း မျက်နှာပူသွားမိလေသည်။

သူတို့ကဲ့သို့ ထိပ်တန်းပါရမီရှင်များသည် အောက်ခြေတပည့်များ၊ အစေခံများလောက်ပင် စိတ်ဓာတ်မခိုင်မာသကဲ့သို့ ဖြစ်သွားသောကြောင့်ပင်။

…

မြွေနဂါးတောင်ကြီး၏ တောရိုင်းမြေကွက်လပ်တွင် ရှန်မိုတစ်ယောက် အပေါ်ပိုင်းဗလာကျင်းလျက် ရပ်နေပြီး သူ၏ ကြွက်သားအမြောင်းမြောင်းနှင့် ခန္ဓာကိုယ်မှာ အထင်းသား မြင်တွေ့နေရသည်။ သူ၏ တစ်ကိုယ်လုံးမှ ထွက်လာသော ချွေးများကြောင့် ဝတ်ဆင်ထားသော ဘောင်းဘီနှင့် ဖိနပ်များမှာ စိုရွှဲနေပြီး ပတ်ဝန်းကျင်ရှိ သဲများပင် စိုစွတ်နေတော့သည်။

ထိုအချိန်အတွင်း သူ့ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ဟိန်းဟောက်သံများလည်း ပိုမိုပြင်းထန်လာပြီး ရှေးဦးခေတ် သတ္တဝါကြီးတစ်ကောင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ရုန်းထွက်လာတော့မည့်အလား ထင်မှတ်မှားရသည်။ ထိုအသံကြောင့် တောင်ပေါ်ရှိ နတ်ဆိုးသားကောင်ကြီးများပင် အားလုံး ကြောက်လန့်တကြား ငြိမ်သက်နေကြရလေ၏။

မလှမ်းမကမ်းတွင်တော့ နန်းတွင်းဝတ်စုံနှင့် လှပနေသော အမျိုးသမီးတစ်ဦးဖြစ်သူ မူယုံးယွဲ့သည် ရှန်မို့ကို ချစ်မြတ်နိုးသော မျက်ဝန်းများဖြင့် ငြိမ်သက်စွာ ငေးကြည့်နေသည်။ နောက်ဆုံးတွင် အလွန်ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက် ရှန်မိုလည်း သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။

သူ အောင်မြင်သွားပြီ!

ရှေးဟောင်းဆင်မင်း၏ သွေးကို သန့်စင်ပြီး ဆင်အကောင်တစ်ရာ၏ အင်အားကို နိုးထစေနိုင်ခဲ့လေပြီ။ ဤသည်မှာ နတ်ဆင်မင်း ငရဲနှိမ်နင်းခြင်းကျင့်စဉ်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ သူ၏ စိတ်ထဲတွင် သူတော်စင်ဘုရင် ခန္ဓာကိုယ်အတွက် ကျင့်ကြံရန် နည်းလမ်းများလည်း အလိုအလျောက် တွေးနေမိလေ၏။

မူယုံးယွဲ့သည် ရှန်မို့ထံသို့ လှပစွာ လျှောက်လှမ်းလာပြီး သူ၏ မျက်နှာနှင့် ရင်ဘတ်ရှိ ချွေးများကို ပုဝါဖြင့် အသာအယာ သုတ်ပေးနေ၏။ ရှန်မိုမှာ ကျင့်ကြံသူတစ်ဦးပီပီ ချွေးများကို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ချက်ချင်း အငွေ့ပျံသွားအောင် ပြုလုပ်နိုင်သော်လည်း သူ မလုပ်ခဲ့ပေ။ ဇနီးသည်က ခင်ပွန်းသည်ကို ဂရုစိုက်သကဲ့သို့ မူယုံးယွဲ့၏ ဂရုစိုက်မှုကိုသာ သာယာစွာ ခံယူနေလိုက်သည်။ အရာရာကို စိတ်ဝိညာဉ်စွမ်းအင်ဖြင့်သာ အကုန်လိုက်လုပ်နေလျှင် ဘဝ၏ အရသာ ပျောက်ဆုံးသွားမည် မဟုတ်ပါလား။

ထိုစဉ် ရှန်မိုတစ်ယောက် အနီးအနားသို့ ချဉ်းကပ်လာသော အရှိန်အဝါ (၅) ခုကို အာရုံခံမိလိုက်သည်။ သူ ချက်ချင်းပင် သတိအနေအထားဖြင့် လှမ်းကြည့်လိုက်ရာ ဝမ်မူချွမ်လည်း အဝေးမှနေ၍ လှမ်းအော် သတိပေးလေ၏။

"ရှန်မို! မတိုက်ခိုက်နဲ့ဦး! သူတို့က ချန်းယွမ်ဂိုဏ်းနဲ့ ပင်လယ်နတ်ဘုရားကျွန်းက လာတဲ့ ဧည့်သည်တွေပါ!"

ရှန်မိုမှာ မူယုံးယွဲ့၏ လက်ထဲမှ အပြာရောင် ဝတ်ရုံရှည်ကို ယူကာ အသာအယာ ဝတ်ဆင်လိုက်သည်။

"ကြိုဆိုပါတယ်ဗျ… ကျွန်တော်က ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုပါ… ဒါကတော့ ကျွန်တော့်ရဲ့ ဆရာမ မူယုံးယွဲ့ပါ"

သူ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

ဧည့်သည်တော်များကလည်း သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။

အိုရန်လန်: ပင်လယ်နတ်ဘုရားကျွန်း၏ စတုတ္ထမြောက် ကျွန်းသခင် (အဘိုးအို)။

ရှီကျင့်ထျန်း: ပင်လယ်နတ်ဘုရားကျွန်း၏ ခေါင်းဆောင်ငယ် (လူငယ်)။

ထုံယွမ်: ချန်းယွမ်ဂိုဏ်း၏ တတိယမြောက် အကြီးအကဲ (အဘွားအို)။

တုချန်းချင်း: ချန်းယွမ်ဂိုဏ်း၏ ခေါင်းဆောင်ငယ် (လူငယ်)။

…

ရှီကျင့်ထျန်းက စိတ်လှုပ်ရှားစွာဖြင့်

"ရှန်မို… မင်း ကျင့်နေတာ ဘာကျင့်စဉ်လဲ… ငါနဲ့တူတူပဲ သွေးစွမ်းအင်ကျင့်စဉ်ကို ကျင့်နေတာ မဟုတ်လား"

ရှန်မို ပြုံးလျက် ဝန်ခံလိုက်သည်။

ရှီကျင့်ထျန်းလည်း ထိုစကားကြောင့် အားကျသွားလေ၏။

လူသားကျင့်ကြံသူများတွင် စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင် နှစ်မျိုးလုံးကို ကျွမ်းကျင်အောင် ကျင့်ကြံနိုင်သူမှာ အလွန်ရှားပါးလှသည်။

ရှီကျင့်ထျန်းလည်း သူ၏ ဝေလငါး ပင်လယ်ဝါးမြိုခြင်း ကျင့်စဉ် အကြောင်းနှင့် သူ၏ အောင်မြင်မှုများကို တတွတ်တွတ် ပြောပြနေလေ၏။

"ငါ့ရဲ့ ကျင့်စဉ်က ပဉ္စမအဆင့်ရဲ့ ထိပ်ဆုံးကိုတော့ ရောက်နေပြီ… ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ဟိန်းဟောက်သံတွေက ငါ့ထက် အများကြီး ပိုအားကောင်းနေသလိုပဲ"

အိုရန်လန်မှာ ရှီကျင့်ထျန်း၏ ပါးစပ်ကို အတင်းပိတ်ကာ တောင်းပန်လိုက်ရသည်။

"အားနာပါတယ်ဗျာ… ကျွန်တော်တို့ ခေါင်းဆောင်ငယ်က နည်းနည်း စကားများတတ်လို့ပါ… တကယ်တော့ သူက ပဉ္စမအဆင့်ကို မရောက်သေးပါဘူး"

သို့သော် ရှီကျင့်ထျန်းမှာ အိုရန်လန်၏ လက်ကြားမှ အတင်း ရုန်းထွက်ကာ

"ဟာ... အဘိုးကလည်း… ကျွန်တော်က ဝေလငါးကျင့်စဉ်တင် မကဘူး… ကောင်းကင်အဆင့်ရှိတဲ့ ပင်လယ်စောင့်ရှောက်သူ ဘီလူးကျမ်းကိုတောင် တတိယအဆင့်အထိ ကျင့်ထားတာ... အင်း... အင့်...!"

သူ့စကား မဆုံးခင်မှာပင် အိုရန်လန်က သူ၏ပါးစပ်ကို နောက်တစ်ကြိမ် အမြန်ပြန်ပိတ်လိုက်ပြန်သည်။ မူယုံးယွဲ့မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း မအောင့်နိုင်ဘဲ ရယ်မောနေမိ၏။

ရှီကျင့်ထျန်းသည် သူ့ဂိုဏ်း၏ လျှို့ဝှက်ချက်များကို တစ်ဖက်လူအား အကုန်ပြောပြနေသောကြောင့်ပင် ဖြစ်လေသည်။

All Chapters