← Chapters

အခန်း (၁၈၂)

Vol. 16 Ch. 182

အခန်း (၁၈၂)

Vol. 16 Ch. 182

​ဤအဖြစ်အပျက်က လင်းပိုင်ဖန်ကိုပင် ထိတ်လန့်သွားစေခဲ့သည်။

​ လင်းပိုင်ဖန် ရောက်ရှိလာချိန်တွင် သူတို့မှာ အချင်းချင်း သတ်ပုတ်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် အလွန်ဒေါသထွက်သွားပြီး "တော်ကြစမ်း။ မင်းတို့ ဒီလိုမျိုးနဲ့ ဘယ်သူ့ကိုမှ သတ်လို့ရမှာမဟုတ်ဘူး။ အစောင့်တွေ၊ သူတို့ကို လက်နက်တွေပေးလိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။

​ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။" နန်းတွင်းကိုယ်ရံတော်များသည် ချက်ချင်းပင် ဓားများကို ဆွဲထုတ်ကာ ဧကရာဇ်များ၏ ရှေ့မှောက်သို့ ပစ်ချပေးလိုက်ကြသည်။

​ ဧကရာဇ်များသည် မြေပြင်ပေါ်တွင် အေးစက်စက် တောက်ပနေသော လက်နက်များကို ကြည့်ပြီး၊ ထိုဓားများနှင့် အထိုးခံရလျှင် မည်မျှနာကျင်မည်နည်း၊ အသက်အန္တရာယ်ပင် ရှိသွားနိုင်မည်ဟု တွေးတောမိသွားကြသည်။ သူတို့သည် တုန်တုန်ရင်ရင်ဖြင့် တစ်ဦးကိုတစ်ဦး လွှတ်လိုက်ကြပြီး ရန်ပွဲကို ရပ်တန့်လိုက်ကြသည်။

​ "ဒါမှပေါ့။ မင်းတို့အားလုံးက ဧကရာဇ်တွေပဲလေ၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိတ်မထိန်းနိုင်ဘဲ ဖြစ်နေကြတာလဲ"

​ လင်းပိုင်ဖန်သည် ဒေါသအနည်းငယ် ရှိနေသေးကာ "မင်းတို့ ချချင်သေးရင်လည်း ချလို့ရတယ်၊ ဒါပေမဲ့ အခုကစပြီး လက်နက်နဲ့ တိုက်တာမဟုတ်ဘဲ 'စာပေတိုက်ပွဲ' နဲ့ပဲ တိုက်ရမယ်" ဟု ပြောလိုက်သည်။

​ ဧကရာဇ်များသည် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး "စာပေတိုက်ပွဲဆိုတာ ဘာလဲ၊ လက်နက်နဲ့ တိုက်ပွဲဆိုတာကကော ဘာလဲ" ဟု မေးလိုက်ကြသည်။

​ "ခုနက မင်းတို့လုပ်နေသလို တစ်ဦးကိုတစ်ဦး လုံးထွေးသတ်ပုတ်တာတွေ၊ အင်္ကျီတွေ ဆွဲဖြဲတာတွေ၊ ဆံပင်တွေ ဆွဲတာတွေက လူမိုက်တွေလိုမျိုး အင်အားသုံးတိုက်ခိုက်နေတာပဲ။ ဒါပေမဲ့ ညဏ်ပညာနဲ့ တိုက်တဲ့ တိုက်ပွဲကတော့ အဲဒါနဲ့ မတူဘူး"

​ "ညဏ်ပညာတိုက်ပွဲက ဘယ်လိုမျိုးလဲ" ဟု အားလုံးက မေးလိုက်ကြသည်။

​ လင်းပိုင်ဖန်က ပြုံးလျက် "စာပေတိုက်ပွဲဆိုတာ ပိုပြီး ယဉ်ကျေးတဲ့ တိုက်ခိုက်နည်းပဲ။ အားလုံးက အေးအေးဆေးဆေး ထိုင်နေကြမယ်၊ ပြီးရင် မင်းက ငါ့ကို တစ်ချက်ထိုး၊ ငါက မင်းကို တစ်ချက်ပြန်ထိုး၊ တစ်ဖက်က ပြန်မခုခံနိုင်တော့တဲ့အထိ အလှည့်ကျ ထိုးကြတာပဲ"

​ ဧကရာဇ်များမှာ "သောက်ကျိုးနည်း" ဟု ရေရွတ်မိသွားကြသည်။

​ ဤသို့ တိုက်ခိုက်နည်းက ပို၍ပင် ရက်စက်သည်ဟု သူတို့ ခံစားလိုက်ရသည်။ တစ်ချက်ချင်း အပြန်အလှန် ထိုးကြမည်ဆိုလျှင် ရန်သူကို ထိခိုက်မှု တစ်ထောင် ပေးနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ်လည်း ရှစ်ရာလောက် ထိခိုက်မည်ဖြစ်ရာ အဆုံးတွင် နှစ်ဦးစလုံး ဒုက္ခရောက်ကြမည်ဖြစ်သည်။

​ "ကဲ၊ ဉာဏ်ပညာတိုက်ပွဲ စတော့မယ်၊ ဘယ်သူ အရင်စမလဲ"

​ လင်းပိုင်ဖန်က သူ၏ လက်အင်္ကျီများကို ခါလိုက်ပြီး "ငါကိုယ်တော်ကပဲ စိတ်မပါပေမယ့် ဒိုင်လူကြီး လုပ်ပေးလိုက်မယ်"

​ ဧကရာဇ်များသည် ခေါင်းများကို အသည်းအသန် ခါယမ်းကြကာ "မတိုက်တော့ဘူး၊ မတိုက်တော့ပါဘူး။ ကျွန်တော်မျိုးတို့ မချတော့ပါဘူး"

​ လင်းပိုင်ဖန်က "ငါကိုယ်တော်ကို အားမနာပါနဲ့၊ မင်းတို့ ချနိုင်ရင် စကားပဲ ပြောမနေနဲ့"

​ ဧကရာဇ်များက- "တကယ် အားနာလို့ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးတို့ စကားပဲ ပြောချင်တာပါ၊ မချချင်တော့ပါဘူး"

​ လင်းပိုင်ဖန်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး "ကောင်းပြီ၊ မင်းတို့ မချချင်ဘူးဆိုရင်လည်း ငါကိုယ်တော် မနှောင့်ယှက်တော့ဘူး။ မှတ်ထားကြ၊ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ငါကိုယ်တော်ကိုယ်တိုင် စာပေတိုက်ပွဲ စီစဉ်ပေးမယ်"

​ "မှန်လှပါ အရှင်မင်းကြီး။" ဧကရာဇ်များမှာ ချွေးပြန်နေကြသည်။

​ လင်းပိုင်ဖန် ထွက်သွားပြီးနောက် ဧကရာဇ် ၅ ပါးမှာမူ တစ်ဦးကိုတစ်ဦး ကြည့်မရဖြစ်နေကြဆဲပင်။

​ ဘူးသီးများကဲ့သို့ ဖူးရောင်နေသော နဖူးကို ကိုင်ထားရင်း မဟာယွဲ့ ဧကရာဇ်က "လူကြီးလူကောင်းဆိုတာ ရန်ငြှိုးကို လက်စားချေရတယ်၊ ဒါကို အားလုံး မှတ်ထားကြ" ဟု ခြိမ်းခြောက်လိုက်သည်။

​ ကျန်ဧကရာဇ် လေးပါးမှာလည်း ခေါင်းတွင် ဖူးရောင်နေကာ အသေအလဲ ရိုက်ခံထားရသော်လည်း မဟာယွဲ့ဧကရာဇ်လောက်တော့ အခြေအနေမဆိုးပေ။ သူတို့က အခွင့်ကောင်းယူကာ "ဘာလဲ၊ မင်းက ပြန်ချချင်လို့လား။ အရှင်မင်းကြီးက မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား" ဟု လှောင်ပြောင်လိုက်ကြသည်။

​ "ဒါပေါ့၊ ငါက အရှင်မင်းကြီးရဲ့ စကားကို နားထောင်ရမှာပဲ၊ ဒါပေမဲ့ လက်စားလည်း ချေရမယ်"

​ မဟာယွဲ့ဧကရာဇ်က အော်ဟစ်လိုက်ကာ- "ငါတို့ရဲ့ လက်အောက်ငယ်သားတွေကို ငါတို့ကိုယ်စား တိုက်ခိုက်ခိုင်းမယ်။ ရှုံးတဲ့သူက နိုင်တဲ့သူကို ဦးချကန်တော့ပြီး အရိုအသေပေးရမယ်၊ ဘယ်လိုလဲ"

​ နိုင်ငံငယ်လေးများမှ ဧကရာဇ်လေးပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး "ကောင်းပြီ၊ သဘောတူတယ်" ဟု သဘောတူလိုက်ကြသည်။

​ ခေတ္တမျှ ဆွေးနွေးပြီးနောက် တစ်ဖက်လျှင် အတော်ဆုံး တိုက်ခိုက်ရေးသမား ငါးဦးစီ ရွေးချယ်ကာ ပြိုင်ပွဲ ငါးချီ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ရှုံးနိမ့်သူသည် နိုင်သူအား လက်ဖက်ရည် တည်ခင်းပေးကာ တောင်းပန်ရမည့်အပြင် မိမိမျက်နှာကိုလည်း ပြန်ရိုက်ရမည်ဖြစ်သည်။

​ ဒီဧကရာဇ်များသည် မာန်မာနကြီးပြီး အချိန်အားယားနေကြသူများ ဖြစ်ကြသဖြင့် ပြန်ရောက်သည်နှင့် ပြိုင်ပွဲအတွက် ပညာရှင်များကို ချက်ချင်း ရှာဖွေတော့သည်။ ဤအလောင်းအစားတွင် ဧကရာဇ် ငါးပါးလုံး ပါဝင်နေသဖြင့် ကိစ္စက ပို၍ ကြီးကျယ်လာလေသည်။

​ "ကြားပြီးပြီလား။ မြို့စားကြီး ငါးယောက်က ပုဂ္ဂိုလ်ရေး အငြှိုးအတွက် လူစားထိုး တိုက်ခိုက်ကြတော့မယ်တဲ့"

"တကယ်လား။ အဲဒါ အမှန်ပဲလား"

"အမှန်ပေါ့၊ သတင်းက ပျံ့နေပြီ။ သူတို့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်ဒြပ်တွေကြောင့် ကိုယ်တိုင် မချနိုင်တဲ့အတွက် သိုင်းပညာရှင်တွေကို ရှာနေကြတာ။ ငါးချီပြိုင်ပွဲတဲ့၊ ရှုံးတဲ့သူက လက်ဖက်ရည် ငှဲ့ပေးပြီး တောင်းပန်ရမယ့်အပြင် ကိုယ့်မျက်နှာကိုယ်လည်း ရိုက်ရဦးမှာ"

"ဒီတိုက်ပွဲက တော်တော် စိတ်ဝင်စားဖို့ကောင်းမှာပဲ၊ သွားကြည့်ရမယ်"

"ကြည့်ရမှာပေါ့၊ ဟားဟား…."

​ အခြေအနေတွေက ပိုမိုကြီးထွားလာရာ လင်းပိုင်ဖန်သည် ထိုအကြောင်းကို သိရှိသောအခါ ဖြေရှင်းရန် အထူးရောက်လာခဲ့သည်။

​ လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် "ငါ့စကားကို မင်းတို့က လေထဲလွှင့်ပစ်လိုက်တာလား။ ငါထွက်သွားတာနဲ့ မင်းတို့ အချင်းချင်း ပြန်ချနေကြတာလား" ဟု မေးလိုက်သည်။

​ ဧကရာဇ်များမှာ ကြောက်လန့်တုန်ရီသွားကြပြီး "အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ တကယ် တိုက်နေတာ မဟုတ်ပါဘူး"

​ လင်းပိုင်ဖန်က ဒေါသထွက်နေဆဲဖြစ်ကာ "တကယ် မတိုက်ဘူး ဟုတ်လား။ မင်းတို့ရဲ့ လက်အောက်ငယ်သားတွေကို လက်သီးချင်း ဖလှယ်ခိုင်းတာက တိုက်တာပဲ မဟုတ်ဘူးလား"

​ "အရှင်မင်းကြီး၊ ဒါက မိတ်ဆွေအချင်းချင်း နောက်ပြောင်ကြတာပါ၊ ဒါက သဘာဝကျပါတယ်။ တကယ်တော့ ကျွန်တော်မျိုးတို့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်၊ အားလုံးက ချစ်ခင်ရတဲ့ မိသားစုဝင်တွေလိုပါပဲ" ဟု မဟာယွဲ့ဧကရာဇ်က ရိုးရိုးသားသား ပြောလိုက်သည်။

​ ကျန်ဧကရာဇ် လေးပါးကလည်း ထပ်ခါတလဲလဲ ခေါင်းငြိမ့်လိုက်ကြသည်။

"ဟုတ်ပါတယ်၊ ကျွန်တော်မျိုးတို့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်၊ အရက် အတူတူသောက်ပြီး စကားတောင် ပြောနေခဲ့ကြတာပါ"

"ဘဝကြီးက ပျင်းစရာကောင်းလို့ လက်အောက်ငယ်သားတွေကို ယှဉ်ပြိုင်ခိုင်းပြီး အပျင်းဖြေရုံသက်သက်ပါပဲ"

"အရှင်မင်းကြီး၊ ဒါကို အတည်မယူပါနဲ့၊ ကျွန်တော်မျိုးတို့အားလုံးက ချစ်ခင်ရတဲ့ မိသားစုတွေပါပဲ"

​ လင်းပိုင်ဖန်က ခေါင်းခါကာ "ငါကိုယ်တော် မယုံဘူး။ မင်းတို့ ဒါကို စာပေပြိုင်ပွဲနဲ့ပဲ ရှင်းလိုက်ကြ၊ အဲဒါက ရိုးရှင်းပြီး တိုက်ရိုက်ကျတယ်"

​ ဧကရာဇ်များမှာ ငိုချင်စိတ်တွေ ဖြစ်သွားကြသည်။ အကယ်၍ စာပေပြိုင်ပွဲ (အလှည့်ကျ အထိုးခံရခြင်း) သာ စတင်ခဲ့လျှင် သူတို့တွေ သေရချည်ရဲ့ပင်။

​ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ တကယ် မလိမ်ပါဘူး"

"သူတို့နဲ့ ကျွန်တော့်မျိုးရဲ့ ဆက်ဆံရေးက ဘောင်းဘီတစ်ထည်တည်းတောင် အတူ ဝတ်လို့ရတဲ့အထိ ကောင်းပါတယ်"

"ကျွန်တော်မျိုးတို့က ကစားနေရုံတင်ပါ၊ အတည်မယူပါနဲ့"

​ လင်းပိုင်ဖန်က ခေါင်းကို ခါလိုက်ကာ- "ငါကိုယ်တော် မယုံသေးဘူး၊ အဲဒါက..."

​ ဧကရာဇ်များ၏ မျက်လုံးများ လင်းလက်သွားပြီး "ဘာဖြစ်လို့လဲ"

​ "အဲဒါက..." လင်းပိုင်ဖန်က လူယုတ်မာအပြုံးဖြင့် မဟာယွဲ့ဧကရာဇ်ကို လက်ညှိုးထိုးကာ "မင်းတို့ သူ့ရဲ့ ပါးကို တစ်ယောက်တစ်ခါ နမ်းလိုက်ကြ"

​ ဧကရာဇ်များ- "ငါ့လခွီး…"

​ "နမ်းလိုက်ရင် မင်းတို့ရဲ့ ဆက်ဆံရေးက တကယ်ကို ခိုင်မြဲတယ်လို့ ငါကိုယ်တော် ယုံပေးမယ်။ အကယ်၍ ငြင်းမယ်ဆိုရင်တော့ မင်းတို့ဆက်ဆံရေးမှာ ပြဿနာရှိတယ်လို့ သက်သေပြနေတာပဲ၊ အဲဒီကျရင်တော့ မင်းတို့ တကယ် စာပေတိုက်ပွဲ လုပ်ဖို့ ငါကိုယ်တိုင် ကြီးကြပ်ပေးမယ်" ဟု လင်းပိုင်ဖန်က အပြုံးဖြင့် ပြောလိုက်သည်။

​ ဧကရာဇ်များ- "F**k"

​ "ကဲ၊ စလို့ရပြီ။" လင်းပိုင်ဖန်က လက်ကို နောက်ပစ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

​ ဧကရာဇ် လေးပါးသည် မဟာယွဲ့ဧကရာဇ်ကို လှည့်ကြည့်လိုက်ရာ၊ ဆီဦးထုပ်ဆောင်းထားသကဲ့သို့ ပြည့်ဖောင်းပြီး အဆီပြန်နေသော မျက်နှာကြီးကို တွေ့လိုက်ရသည်။ ထို့အပြင် ကျဲတောက်တောက် မုတ်ဆိတ်မွှေးများတွင်လည်း ဟင်းရွက်ဖတ်များ ကပ်နေသေးရာ သူတို့မှာ ထိုမျက်နှာကို မည်သို့မှ နမ်းနိုင်မည်မဟုတ်ပေ။

​ ထိုအချိန်တွင် မဟာယွဲ့ဧကရာဇ်ကိုယ်တိုင်လည်း ရွံရှာဖွယ် အမူအရာ ဖြစ်နေသည်။ ဤဧကရာဇ် လေးပါးလုံးတွင် အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် ရုပ်ရည် ကွဲပြားနေကြသော်လည်း ချွင်းချက်မရှိ အားလုံးက ရုပ်ဆိုးကြသည်။

​ "ဒီရုပ်ဆိုးတဲ့ ငတုံးလေးယောက်က ငါ့ရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးတော့မှာလား။ အို... မိုးနတ်မင်းကြီး၊ ကျွန်တော်မျိုး ဘယ်လို အပြစ်တွေ လုပ်ခဲ့လို့ ဒီလိုမျိုး အပြစ်ပေးရတာလဲ"

​ ထိုစဉ် လင်းပိုင်ဖန်က လက်ဝေ့ယမ်းကာ "စကြတော့လေ၊ ငါကိုယ်တော်ကို အခက်တွေ့အောင် မလုပ်နဲ့"

​ ဧကရာဇ် လေးပါးမှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ချဉ်းကပ်လာကြသည်။ မဟာယွဲ့ဧကရာဇ်မှာ ထောင့်တစ်နေရာတွင် ကပ်ကာ တုန်တုန်ရင်ရင်ဖြင့် "မလုပ်နဲ့။ အနားမလာနဲ့။ ထပ်ပြီး အနားကပ်လာရင် ငါအော်မှာနော်"

​ ဧကရာဇ် လေးပါးမှာလည်း စိတ်ထဲတွင် မခံစားနိုင်တော့ပေ။

"အောင့်ထားလိုက်စမ်းပါ၊ ခဏနေ ပြီးသွားမှာပါ"

"ငါတို့လည်း မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ရွေးချယ်စရာ မရှိလို့ပါ။ မျက်စိပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ပြီးသွားမှာပါ"

"ကောင်းပြီ၊ စိတ်လျှော့ထား"

​ "နေဦး" မဟာယွဲ့ဧကရာဇ်က အကျယ်ကြီး အော်လိုက်သည်။

​ "ဘာလိုသေးတာလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။

​ "ငါ့အလှည့်ပဲ" မဟာယွဲ့ဧကရာဇ်သည် ကံကြမ္မာကို အရှုံးပေးလိုက်သည့် အမူအရာဖြင့် သူကိုယ်တိုင်ပင် စတင်နမ်းရှိုက်လိုက်တော့သည်။

​ "အနားမလာနဲ့၊ မင်းရဲ့ အသက်ရှူသံက နံတယ်"

"အနားမလာနဲ့။ ထပ်လာရင် ငါအော်မှာနော်။ အား.."

"သွားပါပြီ၊ ငါ့ဘဝတော့ ညစ်နွမ်းသွားပြီ"

"အား…."

​ လင်းပိုင်ဖန်က ထိုမြင်ကွင်းတစ်ခုလုံးကို ကြည့်ပြီး သဘောတကျ ပြုံးကာ "အခုတော့ မင်းတို့ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းမှန်း သိလိုက်ရပြီ။ ငါကိုယ်တော် မနှောင့်ယှက်တော့ဘူး၊ မင်းတို့ဘာသာ ဆက်လုပ်ကြတော့" ဟု ပြောကာ ဖုန်ခါပြီး ထွက်သွားတော့သည်။

​ လင်းပိုင်ဖန်ကို ဖယ်ထုတ်ပြီးနောက် သူတို့၏ ဧကရာဇ်အချင်းချင်း တိုက်ပွဲကတော့ ဆက်လက်ရှိနေဆဲပင်။ အကြောင်းမှာ ကိစ္စက ကြီးကျယ်နေပြီဖြစ်သဖြင့် မတိုက်ခိုက်ဘဲ ဖြေရှင်းရန် ခက်ခဲသောကြောင့်ပင် ဖြစ်သည်။

​ တိုက်ပွဲနေ့တွင် မြို့တော်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေပြီး လူတိုင်းက ဤထူးခြားသော ဖြစ်ရပ်ကို ကြည့်ရှုရန် သိုင်းပညာပြိုင်ပွဲကွင်းသို့ စုရုံးလာကြသည်။ လင်းပိုင်ဖန်သည်လည်း ထိုနေရာတွင် ရှိနေပြီး စင်မြင့်ထက်တွင် ထိုင်ကာ အရသာရှိသော အစားအစာများကို စားရင်း တိုက်ပွဲကို ကြည့်ရှုနေသည်။

​ ထိုအချိန်တွင် ဝတ်စုံဖြူဝတ်ထားသော ပုံရိပ်တစ်ခုက လင်းပိုင်ဖန်ထံ ချဉ်းကပ်လာပြီး "အရှင်မင်းကြီး၊ နေကောင်းကျန်းမာပါစေ" ဟု နှုတ်ဆက်လိုက်သည်။

​ လင်းပိုင်ဖန် လှည့်ကြည့်လိုက်သောအခါ ဝမ်းသာသွားပြီး "စုန့်ယွီဖေး၊ မင်း ရောက်လာတာပဲ"

​ သူ၏ရှေ့မှ အံ့သြဖွယ် အလှလေးမှာ လင်းပိုင်ဖန်နှင့် မကြာသေးမီကမှ သိကျွမ်းခဲ့သော စုန့်ယွီဖေးပင် ဖြစ်သည်။ သူမသည် သိုင်းပညာတွင် ကျွမ်းကျင်ရုံသာမက အင်အားကြီးသော နောက်ခံမှလည်း လာသူဖြစ်သည်။

​ မကြာသေးမီ ရက်များအတွင်း စုန့်ယွီဖေးသည် စုန်းမလေးတစ်ဦး၏ ခြေရာကို လိုက်နေခဲ့သလို၊ အနာဂတ်ရဲ့ ထီးနန်းကို ဆက်ခံသူတွေအဖြစ် မင်းသားအမျိုးမျိုးကိုလည်း အကဲဖြတ်နေခဲ့သည်။ သို့သော် အကဲဖြတ်ပြီးနောက် မည်သည့် အိမ်ရှေ့စံမင်းသားမှ လင်းပိုင်ဖန်ကို မယှဉ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

​ ဒီအရွယ်ကတည်းက သူသည် နယ်မြေများကို ချဲ့ထွင်နိုင်ခဲ့ပြီး ကီလိုမီတာ ၁.၅ သန်း ကျယ်ဝန်းကာ လူဦးရေ သန်းပေါင်းများစွာရှိသော နိုင်ငံကြီး၏ ဧကရာဇ် ဖြစ်လာခဲ့ပြီး ပတ်ဝန်းကျင်အားလုံး၏ ရိုသေလေးစားမှုကို ရရှိထားသူဖြစ်သည်။

​ သို့သော် သူ၏ အပြုအမူများကတော့ သူမ စိတ်ကူးထားသည့် ပညာရှိမင်းမြတ်၏ ပုံစံနှင့် အလွန်ပင် ကွာခြားလှနေခဲ့သည်။

All Chapters