← Chapters

အခန်း (၁၈၆)

Vol. 16 Ch. 186

အခန်း (၁၈၆)

Vol. 16 Ch. 186

​ကျောက်တံခါးကြီးရဲ့ အောက်ခြေမှာတော့ တကယ်ပဲ ရွှေတွေ အမြောက်အမြား ရှိနေခဲ့သည်။ အနည်းဆုံး ခန့်မှန်းခြေ ရွှေတုံး ရာဂဏန်းလောက် ရှိပြီး၊ အပြင်လောကတွင် ငွေသားနဲ့ လဲလှယ်မယ်ဆိုပါက ငွေတေး သောင်းနဲ့ချီ၍ တန်ဖိုးရှိနိုင်သည်။

​ သူတို့အားလုံးဟာ အစေခံတွေသာ ဖြစ်ကြပြီး ဒီလောက်များပြားတဲ့ ရွှေတွေကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဒါကြောင့်ပဲ လူတိုင်းက စိတ်လှုပ်ရှားစွာနဲ့ ရွှေတွေပေါ်ကို အလုအယက် ခုန်အုပ်လိုက်ခဲ့ကြတော့သည်။

​ "ရွှေတွေ... ရွှေတွေ အများကြီးပဲကွ"

"ဒီရွှေတွေ အားလုံးက ငါ့ဟာတွေ၊ ငါ့ဟာတွေချည်းပဲ"

"မလုနဲ့၊ ဒါက ငါ့ဟာ"

"စကားမများနဲ့၊ ငါတို့အားလုံးအတွက် လောက်ငနေတာကို။ ငါတို့ အခု ချမ်းသာပြီကွ"

"ချမ်းသာပြီကွ၊ ဟား…ဟား…"

​ လူတိုင်းဟာ ရွှေတုံး တစ်ဒါဇင်နီးပါးလောက်ကို လက်ထဲမှာ ကိုင်ထားကြပြီး တချို့ကလည်း ရွှေချောင်းတွေကို ပိုက်ထားကြသည်။ သူတို့ရဲ့ မျက်နှာတွေမှာတော့ ပျော်ရွှင်မှုတွေက အတိုင်းအထက်အလွန်ပင် ဖြစ်နေကြသည်။

​ "ကျင်းထဲကို ပြုတ်ကျပြီးမှ ဒီလောက် ရွှေတွေ အများကြီး တွေ့ရမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ကောင်းကင်ဘုံက ငါတို့ကို တကယ်ပဲ စောင်မတာပဲ"

"ဒါ ငါ ဒီရက်ပိုင်း ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ဆုတောင်းနေလို့ ဖြစ်ရမယ်၊ ဘုရားက မဟာကရုဏာတော် ပြလိုက်တာပဲ"

"ဒါကတော့ ချမ်းသာခြင်းနတ်ဘုရားရဲ့ ကောင်းချီးပဲ ဖြစ်ရမယ်။ ပြန်ရောက်ရင်တော့ ငါ ကြီးကြီးကျယ်ကျယ်ကို ပူဇော်ပသရမယ်"

"ငါ ကျန်းစန်း တစ်ယောက်၊ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာ... နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီကွ"

"ပြန်ရောက်တာနဲ့ မိန်းမ ချက်ချင်းယူပြီး ကလေး သုံးယောက်လောက် ယူပစ်မယ်"

​ ထိုအချိန်မှာပဲ သူတို့ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။ ဒီမှာ ဘာလို့ ဒီလောက် ရွှေတွေ အများကြီး ရှိနေရတာလဲ၊ အတွင်းထဲမှာရော ဒီထက်မက ရှိနေဦးမလား ဆိုတာပင်။

​ ဒါကြောင့် သူတို့တွေ ဆက်လက် ရှာဖွေကြရာမှာ ကျောက်စာတိုင်တစ်ခုပေါ်က အဖြေကို တွေ့ရှိခဲ့ကြသည်။ ဤနေရာသည် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခု ဖြစ်ပြီး၊ ကျောက်တံခါးကြီးရဲ့ နောက်ကွယ်မှာ ရှေးခေတ် ဘုရင်တစ်ပါးကို မြှုပ်နှံထားကြောင်းကို သိလိုက်ရသည်။ ခေတ်ကာလအားဖြင့်တော့ မည်သူမျှ ခန့်မှန်း၍ မရနိုင်လောက်အောင်ပင် ရှေးကျလွန်းလှသည်။

​ ဂူကို တည်ဆောက်ခဲ့တဲ့သူတွေဟာ ရှေးဟောင်းဂူထဲက ဘုရင်မင်းမြတ်ရဲ့ အိပ်စက်ခြင်းကို မနှောင့်ယှက်စေရန် သတိပေးချက်အဖြစ် ကျောက်စာတိုင် စိုက်ထူထားခဲ့တာဖြစ်သည်။

"ရွှေကို လိုချင်ရင် ယူသွားပါ၊ ဒါပေမဲ့ ကျောက်တံခါးကိုတော့ မဖွင့်ပါနဲ့။ ဂူဗိမာန်ရဲ့ အရှင်သခင်ကို လုံးဝ မနှောင့်ယှက်ပါနဲ့၊ မဟုတ်ရင် ပြစ်ဒဏ် ခံရလိမ့်မည်"

​ "အော်... ဒီလိုကိုး" သူတို့တွေ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိ ကြည့်လိုက်ကြသည်။

​ ထို့နောက် ကြိုတင်ညှိနှိုင်းထားခြင်း မရှိဘဲ သူတို့အားလုံးဟာ နောက်ကွယ်က ကျောက်တံခါးကြီးဆီကို စပ်စုချင်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လိုက်ကြသည်။

​ "အဝင်ဝမှာတင် ရွှေတွေ ဒီလောက်ရှိနေတာ၊ အတွင်းထဲမှာတော့ ပိုရှိမှာ အသေအချာပဲ။ ငါတို့ တူးဖွင့်ကြည့်ကြမလား"

"ဒါပေမဲ့ ကျောက်စာမှာက တံခါးဖွင့်ရင် ပြစ်ဒဏ် ခံရမယ်လို့ ရေးထားတယ်လေ"

"အလကား စကားတွေပါ။ သေသွားတာဖြင့် ကြာလှပြီဖြစ်တဲ့ လူတွေက ဘယ်လိုလုပ် ပြစ်ဒဏ်ခံရအောင် လုပ်နိုင်မှာလဲ"

"ဟုတ်တယ်၊ ဒါ လူတွေကို ခြောက်ရုံ သက်သက်ပဲလို့ ငါထင်တယ်"

"ကွန်​ဖြူးရှပ်စ်တောင် သဘာဝလွန်တွေအကြောင်း ဘာမှ မပြောခဲ့ဘူး၊ ငါလည်း ဒါတွေကို မယုံဘူး"

"သူရဲဘောကြောင်ရင်တော့ ငတ်သေမယ်၊ သတ္တိရှိရင် ဗိုက်ဝမယ်ဟေ့"

​ သူတို့တွေ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲမှာ တစ်ခုတည်းသော အတွေး ပေါ်လာခဲ့ကြသည်။ "အထဲဝင်မယ်"

​ ဒါနဲ့ သူတို့ဟာ ရွှေတွေကို အိတ်ကပ်ထဲ ထည့်ပြီးနောက်၊ အထဲဝင်ဖို့အတွက် ကျောက်တံခါးကြီးရဲ့ အပေါ်အောက် လိုက်လံစစ်ဆေးပြီး လျှို့ဝှက်ခလုတ်ကို ရှာဖွေလိုက်ကြသည်။ ဒါပေမဲ့ ဘာခလုတ်မှ မတွေ့တာကြောင့် တံခါးကို ဝိုင်းတွန်းဖို့ပဲ ဆုံးဖြတ်လိုက်ကြသည်။

​ "ကဲ... အားလုံး တူတူတွန်းကြည့်ရအောင်"

"ကောင်းပြီ၊ အားစိုက်ကြ"

​ သူတို့ဟာ ကျောက်တံခါးကြီးရှေ့မှာ ရပ်ပြီး လက်တွေနဲ့ အားကုန် တွန်းထုတ်လိုက်ကြသည်။ သူတို့ရဲ့ ကြိုးစားမှုကြောင့် ကျောက်တံခါးဟာ ရွေ့သွားပြီး လမ်းကြောင်းလေး တစ်ခု ပေါ်လာခဲ့သည်။

​ "ရွေ့နေပြီ၊ ကျောက်တံခါး ရွေ့နေပြီဟေ့"

"အားထည့်ကြဦး"

"တံခါးကို တွန်းဖွင့်နိုင်တာနဲ့ အထဲက ရွှေတွေ အကုန်လုံးက ငါတို့အပိုင်ပဲ"

"ဟားဟား... အားလုံး ပိုအားစိုက်ထုတ်ကြစမ်း"

​ ထိုအချိန်မှာပဲ 'ဝှူး... ဝှူး' ဆိုတဲ့ အသံနဲ့အတူ ကျောက်တံခါးရဲ့ ဟနေတဲ့ အပေါက်ထဲကနေ မြားတိုလေးတွေ ထွက်လာပြီး တွန်းနေတဲ့သူတွေကို ထိမှန်သွားခဲ့သည်။

​ နာကျင်စွာ အော်ဟစ်သံတွေနဲ့အတူ သူတို့အားလုံး မြေပြင်ပေါ် လဲကျသေဆုံးသွားခဲ့ကြသည်။ နောက်ဆုံးမှာ ရပ်နေတဲ့သူ တစ်ယောက်သာ မြားမမှန်ဘဲ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ဒါပေမဲ့ သူဟာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အမ်းသွားခဲ့ရသည်။

​ "သေကုန်ပြီလား။ သူတို့ တကယ်ပဲ သေကုန်ကြပြီလား"

​ ထို့နောက် သူ ထိတ်လန့်သွားပြီး- " ဒါ ပြစ်ဒဏ်ခံလိုက်ရတာပဲ။ ငါ ဒီမှာ မနေရဲတော့ဘူး၊ ထွက်သွားမှ ဖြစ်မယ်။ မဟုတ်ရင် ငါလည်း သူတို့လို အသတ်ခံရလိမ့်မယ်"

​ သူဟာ ကြောက်လန့်တကြားနဲ့ အပြင်ကို ပြေးထွက်သွားခဲ့သည်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ နှမြောတသစွာနဲ့ ပြန်ပြေးလာခဲ့သည်။ မြေပြင်ပေါ်က ရွှေတွေကို ဒီအတိုင်း ထားခဲ့ဖို့ နှမြော​နေခြင်းကြောင့်ပင်။ ရွှေတွေကို အမြန်ကောက်ပြီးမှ ထပ်ပြေးမယ်လို့ သူ ကြံစည်ထားခဲ့သည်။

​ ဒါပေမဲ့ သူ ပြန်ရောက်တဲ့အခါမှာတော့ မှင်တက်သွားခဲ့ရပြန်သည်။

"ရွှေတွေ ဘယ်ရောက်ကုန်တာလဲ။ ရွှေတွေ ဘာဖြစ်သွားတာလဲ။ ဘယ်သူ ယူသွားတာလဲ"

​ မြေပြင်တွင် အလောင်းအချို့ကလွဲလို့ ဘာမှမရှိတော့ဘဲ ပြောင်ရှင်းနေသည်။ အရာအားလုံးကလည်း ထူးဆန်းလွန်းနေခဲ့သည်။ ကျောက်တံခါးကြီးဟာ သူ့ကို ဝါးမျိုတော့မယ့် သားရဲကြီးတစ်ကောင်ရဲ့ ပါးစပ်လို ထိတ်လန့်စရာ ကောင်းနေတဲ့ အတွက်ကြောင့် သူ နောက်တစ်ကြိမ် ကြောက်လန့်တကြား ပြေးထွက်သွားခဲ့လိုက်သည်။

​ "ငါ…ငါ အသေမခံနိုင်ဘူး။ ရွှေတွေကိုလည်း ဂရုမစိုက်တော့ပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့"

​ သုံးရက်အကြာမှာတော့ သူဟာ လူတစ်ဒါဇင်လောက်နဲ့အတူ အဲဒီနေရာကို ပြန်ရောက်လာခဲ့သည်။ ပါလာတဲ့ သူတွေထဲမှာ ခန့်ညားတဲ့ အဝတ်အစားတွေ ဝတ်ထားပြီး အရှိန်အဝါရှိတဲ့ လူလတ်ပိုင်း တစ်ယောက် ပါဝင်နေသည်။

​ "လျူစန်း... မင်းပြောတဲ့ နေရာက ဒီနေရာလား"

လျူစန်း ဆိုတဲ့ လူက ခေါင်းတညိတ်ညိတ်ဖြင့် "ဟုတ်ပါတယ်၊ ဒီနေရာပါပဲ။ ဟိုမှာကြည့်... သူတို့ အလောင်းတွေတောင် ရှိသေးတယ်၊ ပုပ်စော်တောင် နံနေပြီ"

​ "မင်းက ဒီမှာ ရွှေတွေ ရှိတယ်ဆို" ထိုလူလတ်ပိုင်း အမျိုးသားက ထပ်မေးလိုက်သည်။

​ လျူစန်းက ကြောက်စိတ်မပြယ်သေးတဲ့ အသံနဲ့ "တကယ် ရှိတာပါ။ အစက ဒီကျောက်တံခါးအောက်မှာ ရှိနေတာ၊ ကျွန်တော်တို့ ညီအစ်ကိုတွေတောင် ကောက်ခဲ့ကြသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လောဘတက်ပြီး တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့တဲ့အတွက် ဂူအရှင်သခင်ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်မိသွားတဲ့အတွက် ပြစ်ဒဏ်ခံရပြီး အခုလို သေကုန်ကြတာပါ။ ရွှေတွေလည်း ပျောက်ကုန်ပြီ"

​ လူလတ်ပိုင်း အမျိုးသားက နှာခေါင်းရှုံ့ရင်သေချာဖတ်ကြည့်လိုက်သည်။ "ပြစ်ဒဏ်လား၊ အဓိပ္ပာယ်မရှိတာ၊ ဒါက ထောင်ချောက်ဆိုတာ အသိသာကြီးးကို။ မင်းတို့က တံခါးကို တွန်းတော့ ယန္တရားကို သွားထိမိပြီး မြားနဲ့ အပစ်ခံရတာပေါ့။ သေတာတောင် နည်းသေးတယ်"

​ အဲဒီလူဟာ ကျောက်စာတိုင်နားကို ချဉ်းကပ်ပြီး ။ သူ့မျက်နှာမှာ ပျော်ရွှင်မှုတွေ ပေါ်လာပြီးတော့- "ဒီဂူရဲ့ အရှင်သခင်က သက်ရှိထင်ရှား ရှိစဥ်တုန်းက ဘုရင်တစ်ပါး ဖြစ်ခဲ့တာပဲ။ ဘုရင်တွေဆိုတာ ချမ်းသာကြတာ ထုံးစံပဲ၊ အထဲမှာ ရွှေငွေ ရတနာတွေ အများကြီး ရှိမှာ အသေအချာပဲ။ ဟားဟား... ဘာမှ အားမစိုက်ရဘဲ ရတနာသိုက်ကို တွေ့ပြီဟေ့။ ကဲ... တစ်ယောက်ယောက် ဒီတံခါးကို ချိုးဖျက်စမ်း"

​ "သခင်ကြီး... ဒါ မဖြစ်ပါဘူး၊ ကျွန်တော်တို့ ကျိန်စာသင့်ပါလိမ့်မယ်။ ကျန်းချွမ်တို့ အဖွဲ့ကို ကြည့်ပါဦး၊ သူတို့ တံခါးကို တွန်းလို့ ဒီမှာတင် သေကုန်ကြတာ" လျူစန်းက တားဆီးလိုက်သည်။

​ "သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ကောင်၊ ဖယ်စမ်း။ ငါ့ရဲ့ အရေးကြီးတဲ့ ကိစ္စကို မနှောင့်ယှက်နဲ့"

​ လူလတ်ပိုင်း အမျိုးသားက လျူစန်းကို ဘေးဖယ်ထုတ်လိုက်ပြီး အနောက်က လူတွေကို အမိန့်ပေးလိုက်သည်။ "မင်းတို့ အားလုံး... ဒီတံခါးကို ချိုးဖျက်ကြစမ်း"

"ဟုတ်ကဲ့ပါ သခင်ကြီး"

​ အစေခံ တစ်ဒါဇင်လောက်က သစ်လုံးကြီးတစ်ခုကို ထမ်းပြီး တံခါးကို အရှိန်နဲ့ တိုက်လိုက်ကြသည်။

'ဒုန်း... ဒုန်း'

အကြိမ်အနည်းငယ် ကြိုးစားပြီးတဲ့ နောက်မှာတော့ ကျောက်တံခါးဟာ ပွင့်ထွက်သွားခဲ့သည်။

မြားတွေ အများကြီး ပစ်ထွက်လာပြီး အစေခံ တစ်ဒါဇင်လုံး သေဆုံးသွားခဲ့သည်။

​ လျူစန်းဟာ ကြောက်လွန်းလို့ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။ သူဟာ အနောက်ကို ဆုတ်ရင်း "ငါ သိသားပဲ... တံခါးကို ဖွင့်ရင် ပြစ်ဒဏ်ခံရမယ်လို့... မင်းတို့ မယုံကြဘူး၊ အခုတော့ အားလုံး သေကုန်ပြီ"

​ လူလတ်ပိုင်း အမျိုးသားကတော့ လျူစန်းကို ဂရုမစိုက်ဘဲ ကျောက်တံခါးဆီကို လျှောက်သွားလိုက်သည်။ ထိုအချိန်မှာ မြားတွေက ထပ်ထွက်လာခဲ့ပြန်သည်။ သူဟာ သူ့ရဲ့ သိုင်းပညာကို အသုံးပြုပြီး မြားတွေကို ရှောင်တိမ်းကာ တံခါးဝကို ရောက်သွားခဲ့သည်။

​ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူဟာ အလွန် စိတ်လှုပ်ရှားသွားခဲ့ရသည်။

"ရွှေတွေ... ရွှေတွေ အများကြီးပဲ"

တံခါးနောက်ကွယ်က မြေပြင်ပေါ်မှာ ရွှေ၊ ငွေ ရတနာတွေ ပြန့်ကျဲနေတာကို မြင်လိုက်ရပြီး အနည်းဆုံး ငွေတေး တစ်သောင်းကျော် တန်ဖိုးရှိနေသည်။

​ ဒီလောက်များပြားတဲ့ ရတနာတွေကို သူ မမြင်ဖူးတာ မဟုတ်ပေမဲ့၊ မြေပြင်ပေါ်မှာ ဒီအတိုင်း ပစ်ထားတာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒီအတိုင်း ပစ်ထားတာ နှမြောစရာကြီးပဲ" သူက မြေပြင်ပေါ်က ရတနာတွေကို ကောက်ယူပြီး ပုံလိုက်ရာ ရွှေတောင်လေးတစ်ခု ဖြစ်သွားခဲ့သည်။

"မဆိုးဘူး၊ မဆိုးဘူးပဲ။ ဒီခရီးက တကယ်တန်တယ်။ ဟားဟား….."

​ ထိုအချိန်မှာပဲ သူ့ရှေ့မှာ နောက်ထပ် တံခါးတစ်ခုကို တွေ့လိုက်ရသည်။ အဲဒါကတော့ ကြေးနီတံခါးကြီး ဖြစ်ပြီး၊ ဘေးမှာလည်း ကျောက်စာတိုင်တစ်ခု ရှိနေခဲ့သည်။ သူ သေချာ ဖတ်ကြည့်လိုက်တဲ့အခါ အပြင်က စာသားတွေနဲ့ ဆင်တူနေတာကို တွေ့လိုက်ရလေသည်။

​ "ဂူဖောက်သူတွေအတွက် သတိပေးချက် - ဤနေရာအထိသာ လာသင့်သည်။ မြေပြင်ပေါ်က ရွှေ၊ ငွေ၊ ရတနာများကို ယူ၍ ထွက်သွားပါ။ ကြေးနီတံခါးကို မဖွင့်ပါနှင့်။ ဂူအရှင်သခင်၏ ထာဝရအိပ်စက်ခြင်းကို မနှောင့်ယှက်ပါနှင့်။ မဟုတ်လျှင် အကျိုးဆက်ကို ခံစားရလိမ့်မည်"

All Chapters