ပိုင်ရှိုးမင်က ဒီည ပန်းပေးတာရဲ့ အဓိပ္ပာယ်ကို...
Vol. 19 Ch. 181
ယဇ်ပူဇော်စင်ပေါ်မှ ဆင်းလာပြီးနောက် အားချန်သည် ခေါင်းပေါ်က ငှက်မွေးသရဖူကို ချွတ်လိုက်ပြီး ယဇ်ပလ္လင် အနောက်ဘက်ရှိ တိုင်လုံးပေါ်တွင် တင်ထားလိုက်သည်။ ကျန်သုံးယောက်လည်း သရဖူများကို ချွတ်ကာ တင်ထားလိုက်ကြပြီး ယဇ်ပလ္လင်မှ အတူတူ ထွက်လာခဲ့ကြသည်။
အားချန် နောက်လှည့်လိုက်သည်နှင့် ဟွေရွှယ်က သူမကို လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသဖြင့် သူမထံသို့ လျှောက်သွားလိုက်သည်။
သူမ ရောက်လာသောအခါ ဟွေရွှယ်က ကြိုတင် ပြင်ဆင်ထားသော ပန်းကုံးကို သူမအား စွပ်ပေးလိုက်သည်။
တခြားသူများကလည်း အားချန် သတိမထားမိလိုက်ချိန်မှာ ပန်းကုံးလေးများကို သူမ၏ လက်ကောက်ဝတ်တွင် စွပ်ပေးကြလေ။ လှနေသဖြင့်အားချန်လည်း အကုန် လက်ခံလိုက်သည်။
ပတ်ဝန်းကျင်မှ အားပေးသံများမှာ အလွန် ဆူညံနေသဖြင့် ဟွေရွှယ်က အားချန်၏ နားနားကပ်ကာ အော်ပြောလိုက်သည်။ "သွားကြစို့၊ စားပွဲသောက်ပွဲ စပြီ"
အားချန် ဘာမှ မတုံ့ပြန်နိုင်သေးမီမှာပင် ဟွေရွှယ်က သူမကို တခြားနေရာသို့ ဆွဲခေါ်သွားခဲ့သည်။
သူမသည် ပိုင်ရှိုးမင်ကို ရှာဖွေချင်သေးသော်လည်း နောက်လှည့်ကြည့်လိုက်ရာ ပြည့်ကျပ်နေသော လူအုပ်ကြီးကိုသာ တွေ့လိုက်ရပြီး လူအုပ်ထဲမှ သူ့ကို ရှာတွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။
ဟွေရွှယ် ဆွဲခေါ်သွားသဖြင့် အားချန်သည် ယဇ်ပလ္လင် ပတ်လည်တွင် စုဝေးနေသော ရွာသားများနှင့်အတူ ရွာလယ်သို့ လျှောက်သွားခဲ့သည်။
နေရာသို့ မရောက်မီမှာပင် မနီးမဝေးမှ တောက်လောင်နေသော မီးတောက်များကို သူမ မြင်တွေ့နေရပြီ ဖြစ်သည်။
ရှေ့သို့ အနည်းငယ် ဆက်လျှောက်သွားလိုက်ရာ ရွာလယ်ကွင်းပြင်တွင် ကြီးမားသော မီးပုံကြီးတစ်ခုကို တွေ့လိုက်ရသည်။ မီးတောက်များ ကောင်းကင်သို့ တက်နေပြီး ပတ်ဝန်းကျင်သို့ အပူငွေ့များ ဖြန့်ဝေပေးနေကာ ကခုန်နေသော မီးရောင်များသည် လူတိုင်း၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။
မီးပုံပတ်လည်ရှိ ကျောက်ပြားများပေါ်တွင် အရောင်စုံ ပန်းများ၊ တောင်လိုပုံထားသော အရက်အိုးများ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက် သစ်သီးဝလံများနှင့် မွှေးပျံ့နေသော အသားကင်များကို ပုံထားသည်။
လူများ ပိုမို စုဝေးလာသည်နှင့်အမျှ ယနေ့ ယဇ်ပူဇော်ပွဲတွင် ကပြခဲ့သော ကပြသူ လေးဦးကို လူအုပ်ကြီးက ဝိုင်းရံကာ မီးပုံနားသို့ ခေါ်ဆောင်လာကြပြီး အားလုံး လက်ချင်းချိတ်ကာ မီးပုံကို ပတ်ပြီး ကခုန်ကြသည်။
ဗုံသံနှင့် ညကောင်းကင်ယံကို ထိုးဖောက်သွားနိုင်လောက်သော သီချင်းသံများ ထွက်ပေါ်လာပြီး ယနေ့ည စားပွဲသောက်ပွဲ တရားဝင် စတင်လေသည်။
အဖွဲ့လိုက် ကခုန်ပြီးနောက် အားချန်သည် ဟွေရွှယ်နှင့် လက်တွဲကာ ကခုန်လိုက်ပြီးနောက် သူစိမ်းတစ်ယောက်က ဟွေရွှယ်ကို လဲလှယ်သွားသဖြင့် ကခုန်ဖော် အသစ်နှင့် ဆက်လက် ကခုန်နေရသည်။
လူတိုင်း၏ ကခုန်ပုံ မတူညီကြပေ။ သင်ယူထားခြင်း မရှိဘဲ လက်ရှိ စိတ်ခံစားချက်အတိုင်း ရင်ထဲက ပျော်ရွှင်မှုများကို ကခုန်မှုဖြင့် ဖော်ပြကြခြင်း ဖြစ်သည်။
ဤကဲ့သို့ သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်တွင် အားချန်သည်လည်း စိတ်ညစ်စရာ၊ စိုးရိမ်စရာများကို မေ့ပျောက်သွားပြီး ရင်ထဲတွင် ပျော်ရွှင်မှုများသာ ကျန်ရှိတော့သည်။
အကြိမ်အနည်းငယ် ပတ်ပြီးနောက် သူမ တကယ် မခံနိုင်တော့သဖြင့် မောပန်းစွာဖြင့် ဟွေရွှယ်ကို လိုက်ရှာလိုက်ရာ ဟွေရွှယ်ကို မတွေ့ရဘဲ ကခုန်နေသော လူအုပ်ထဲတွင် မိန်းကလေး အချို့ ဝိုင်းရံနေသော လျဲ့ရှင်းကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးများသည် ယနေ့တွင် လှပစွာ ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ပန်းစည်းများကို ကိုယ်စီ ကိုင်ဆောင်ထားကာ လျဲ့ရှင်းကို ပေးရန် ပြင်ဆင်နေပုံရသည်။
လူအများ၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် လျဲ့ရှင်းသည် တစ်ယောက်သောသူ၏ လက်ထဲမှ အဖြူရောင် ပန်းစည်းကို လက်ခံယူလိုက်ရာ ကျန်လူများ၏ မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လာပြီး လူအုပ်ထဲမှ ထွက်ခွာသွားကြသည်။ ကျန်ရစ်ခဲ့သော မိန်းကလေးကတော့ ရှက်သွေးဖြာနေသော မျက်နှာဖြင့် လျဲ့ရှင်း၏ လက်ကို တွဲလိုက်သည်။
ဘေးနားရှိ လူများ၏ အားပေးသံများကြားတွင် နှစ်ယောက်သား လူအုပ်ထဲမှ ထွက်ခွာသွားကြသည်။
အားချန်သည် ဤအရာအားလုံးကို မြင်တွေ့လိုက်ရပြီး အရေးကြီးသော ကိစ္စတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤကဲ့သို့ တစ်တွဲ တွေ့ပြီးနောက် အနီးအနားတွင် လူငယ် စုံတွဲ အများအပြားလည်း ထိုနည်းတူ တစ်ဖက်သား ပေးသော ပန်းကို လက်ခံယူပြီး အတူတူ ထွက်ခွာသွားကြသည်ကို အားချန် သတိထားမိလိုက်သည်။
ဟွေရွှယ် ဘယ်အချိန်က ပြန်ရောက်လာသည်ကိုပင် မသိလိုက်ချေ။ အားချန်က စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သောအခါ အမွှေးနံ့သာနံ့ သင်းပျံ့နေသော သစ်သီးယမကာ တစ်ခွက်ကို ကမ်းပေးလိုက်သည်။
"ရွာထဲမှာ ဖောက်ထားတဲ့ သစ်သီးယမကာလေ၊ မြည်းကြည့်ပါဦး"
အားချန်သည် အချိန်အကြာကြီး ကခုန်ထားသဖြင့် ရေငတ်နေသောကြောင့် ပန်းကန်လုံးကို ယူကာ တစ်ဝက်ကျော်ကျော် သောက်လိုက်သည်။
သစ်သီးယမကာတွင် ယမကာအနံ့ သင်းသင်းလေးသာ ပါဝင်ပြီး ပါးစပ်ထဲ ရောက်သည်နှင့် လတ်ဆတ်သော သစ်သီးနံ့များ ပြည့်နှက်သွားသဖြင့် သူမ ကျန်ရှိနေသော ယမကာများကိုပါ ကုန်စင်အောင် သောက်လိုက်မိသည်။
ပန်းကန်ခွက်လွတ်ကို ဟွေရွှယ်ထံ ပြန်ပေးလိုက်ပြီး အားချန် စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ တိုးတိုးလေး မေးလိုက်သည်။ "သူတို့ ဘယ်သွားကြတာလဲ"
ဟွေရွှယ်က နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။ အားချန်လဲ မနေနိုင်ဘဲ မေးမယ်ဆိုတာ သူမ သိနေတယ်လေ။ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်က ဒီလို စပ်စုခဲ့တဲ့သူက သူမ ကိုယ်တိုင် ဖြစ်နေလို့လေ။
"အတူတူ အိမ်ပြန်ကြတာ နေမှာပေါ့"
အိမ်ပြန်ကြတာ ဟုတ်လား။
အားချန် မျက်လုံး ပြူးသွားပြီး မျက်တောင် အကြိမ်ကြိမ် ခတ်ကာ ထူးဆန်းနေသည်ကို ထောက်ပြလိုက်သည်။ "ဒါပေမဲ့ သူတို့က သိပ်ရင်းနှီးပုံ မရဘူးနော်"
ဟွေရွှယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "ဒီည ပြီးသွားရင် ရင်းနှီးသွားမှာပါ"
ဝူမျိုးနွယ်တွေဆီမှာ ကြင်ဖက်ရှာတာက မိဘတွေကတဆင့် လုပ်စရာ မလိုဘူးလေ။ ယဇ်ပူဇော်ပွဲတိုင်းရဲ့ အနောက်မှာ ကြီးကျယ်ခမ်းနားတဲ့ စားပွဲသောက်ပွဲ ရှိတယ်။ ရွာထဲက လူငယ်တွေအတွက်တော့ ဒါက အကောင်းဆုံး ဆက်သွယ်ရေး နေရာပဲပေါ့။
တကယ်လို့ တစ်ယောက်ယောက်ကို သဘောကျရင် ပန်းသွားယူပြီး ပေးလို့ရတယ်။ တကယ်လို့ တစ်ဖက်လူက လက်ခံလိုက်ရင် ရှေ့ဆက်တိုးလို့ ရပြီ။
အားချန်မှာ အနည်းငယ် ပါးစပ်အဟောင်းသားလေး ဖြစ်သွားတော့သည်။ သူမ နားလည်ထားတဲ့ အဓိပ္ပာယ်အတိုင်းပဲလား။
သူမသည် ဗဟုသုတ များသော မြေခွေးမလေး ဖြစ်သော်လည်း ဤကဲ့သို့သော ဓလေ့ထုံးစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဝူမျိုးနွယ်တွေက တကယ် လွတ်လပ်တာပဲ။
နှစ်ယောက်သား စကားပြောနေစဉ် လူငယ် စုံတွဲတစ်တွဲက သူတို့ရှေ့မှ လက်တွဲကာ ထွက်ခွာသွားပြန်သည်။
"တကယ်လို့ ဒီညပြီးသွားမှ အဆင်မပြေဘူးဆိုတာ သိလိုက်ရရင် ဘယ်လိုလုပ်မလဲ" အားချန်က အဝေးသို့ ထွက်ခွာသွားသော လူငယ် စုံတွဲကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါဆို နောက်တစ်ခေါက် စားပွဲသောက်ပွဲကျမှ အသစ်တစ်ယောက် ထပ်ရွေးလိုက်ပေါ့၊ အဆင်ပြေတဲ့လူနဲ့ တွေ့မှာပါ" ဟွေရွှယ်က မြင်ဖူးနေကျမို့ ထူးဆန်းမနေတော့ပေ။ "စားပွဲသောက်ပွဲ ပြီးတိုင်း ရွာထဲမှာ လက်ထပ်တဲ့သူတွေ အများကြီးပဲ"
သဘောကျရင် အိမ်ခေါ်သွားပြီး စမ်းကြည့်လို့ ရတာလား။
ယမကာသောက်ထားလို့လား၊ ပတ်ဝန်းကျင် အခြေအနေကြောင့်လား မသိ၊ အားချန်လည်း စိတ်လှုပ်ရှားလာသည်။
သူမသည် မီးပုံဘေးတွင် ပုံထားသော ပန်းများကို ကြည့်လိုက်သည်။ မကြာခဏဆိုသလို လူတွေက ပန်းသွားယူနေကြသည်ကို တွေ့ရသဖြင့် သူမလည်း သွားယူချင်လာသည်။
ဒါပေမဲ့... ယဇ်ပူဇော်ပွဲ စကတည်းက ပိုင်ရှိုးမင်ကို မတွေ့ရဘူး။
သူမ ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို လိုက်ရှာနေစဉ် ပန်းစင်နားတွင် ရင်းနှီးသော ကျောပြင်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ့ကို မိန်းကလေး တချို့က တားထားသည်။ ဝေးလွန်းသဖြင့် အားချန် သူတို့၏ မျက်နှာထားများကို သေချာ မမြင်ရပေ။
သူမ၏ အကြည့်က သိသာလွန်းနေသလား မသိ၊ ပိုင်ရှိုးမင်က အာရုံခံမိသကဲ့သို့ ရုတ်တရက် ခေါင်းလှည့်လာပြီး ကခုန်နေသော လူအုပ်ကြီးကို ကျော်ဖြတ်ကာ အားချန်၏ အကြည့်နှင့် တိုက်ရိုက် ဆုံသွားသည်။
သူက အဝေးကနေ အားချန်ကို ကြည့်နေရုံသာ၊ အနားသို့ လာမည့်ပုံ မပေါ်ပေ။
"ဟွေရွှယ်" အားချန်က ဘေးနားရှိ လူကို ရုတ်တရက် ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ငါ ပန်းသွားယူလိုက်ဦးမယ်"
ရှန်းဟွေရွှယ်မှာ ကြောင်သွားတော့သည်။ သူမ ပန်းစင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ပိုင်ရှိုးမင်ကို တွေ့လိုက်ရသည်။
သူမလည်း ချက်ချင်း နားလည်သဘောပေါက်သော အပြုံးဖြင့် "သွားလေ" ဟု ပြောလိုက်တော့သည်။
အားချန်သည် ခေါင်းပေါ်က ပန်းကုံးကို ပြင်လိုက်ပြီး လူအုပ်ကို တိုးဝှေ့ကာ မီးပုံစင်ဘက်သို့ လျှောက်သွားလိုက်သည်။
ကံဆိုးစွာဖြင့် အနားမရောက်မီမှာပင် ကခုန်နေသော လူအုပ်ကြီးက လမ်းပိတ်သွားခဲ့ပြန်သည်။ သီချင်းဆို ကခုန်နေသော လူအုပ်ကြီး ထွက်ခွာသွားသောအခါ ပိုင်ရှိုးမင်၏ အရိပ်အယောင် မရှိတော့ပေ။
သူမ လှည့်ကြည့်လိုက်ရာ လူအုပ်ကြီး၏ အပြင်ဘက်တွင် သူ့ကို တွေ့လိုက်ရပြန်သည်။
အားချန်သည် သူ့နောက်သို့ လိုက်ရင်း မသိလိုက်မသိဘာသာဖြင့် လူအုပ်ကြီးထဲမှ ထွက်လာခဲ့ပြီး ဆူညံနေသော စားပွဲသောက်ပွဲနှင့် ဝေးကွာသွားခဲ့သည်။
တမင်တကာ သူမ လိုက်မမီအောင် လုပ်နေသကဲ့သို့ ဖြစ်နေသော ရှေ့က လူအရိပ်နောက်သို့ လိုက်ရင်း အမှောင်ထုကို ဖြတ်ကျော်ကာ ရင်းနှီးသော လမ်းအတိုင်း လျှောက်လာခဲ့ရာ အားချန်သည် ရွာအဆုံးရှိ ယဇ်ပလ္လင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
မီးဖိုထဲရှိ မီးတောက်များ တဖြည်းဖြည်း ငြိမ်းသွားပြီး မီးဖိုထဲမှ အလင်းရောင်များသာ ပတ်ဝန်းကျင်ကို လင်းလက်နေစေသည်။
ဒီအချိန်တွင် ပိုင်ရှိုးမင်သည် ယဇ်ပူဇော်စင်အောက်ရှိ လှေကားထစ်တစ်ခုပေါ်တွင် ထိုင်နေပြီး သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
အားချန်သည် လှေကားထစ်များကို နင်းကာ ယဇ်ပူဇော်စင်ပေါ်သို့ တစ်လှမ်းချင်း တက်သွားပြီး ပိုင်ရှိုးမင်၏ ရှေ့တွင် ရပ်လိုက်၏။
အဝေးက ဆူညံသံများကြောင့် သည်နေရာက အလွန် တိတ်ဆိတ်နေသယောင်ပင်။ တစ်ယောက်က မတ်တပ်ရပ်ပြီး တစ်ယောက်က ထိုင်နေသဖြင့် အားချန်မှာ ပိုင်ရှိုးမင်ကို ငုံ့ကြည့်နေရသည်။
သူမက မေးလိုက်သည်။ "ဘာလို့ ဒီနေရာကို လာတာလဲ"
သူမ မျှားခေါ်ခံလိုက်ရတာ သေချာတယ်။
"မင်း ဒီနေရာမှာ ငါ့အတွက် ကပြတာကို ကြည့်ချင်လို့၊ ငါ တစ်ယောက်တည်းအတွက်ပဲ ကပြတာကိုလေ" ပိုင်ရှိုးမင်က အားချန်ကို မော့ကြည့်လိုက်သည်။ စကားပြောလိုက်တိုင်း လည်စေ့က နိမ့်ချီမြင့်ချီ ဖြစ်နေသည်။
ဒီလို အနေအထားမျိုးမှာတွင် သူက အားနည်းသူ ဖြစ်နေသော်ငြား ပူလောင်ပြီး ပွင့်လင်းလှသော အကြည့်များကြောင့် အားချန်မှာ ငြင်းဆန်ဖို့ ခက်ခဲနေလို့သည်။
"ရမလား" သူက အသံတိုးတိုးဖြင့် မေးလိုက်သည်။ အရသာရှိသော အစာဖြင့် မျှားနေသော ထောင်ချောက်တစ်ခု ကဲ့သို့ပင်။
အားချန်၏ ခန္ဓာကိုယ်သည် အပူချိန် တက်လာသလို ခံစားလိုက်ရပြီး နှလုံးခုန်သံများ စည်းချက်လွဲလို့နေသည်။ သူမသည် ခြောက်သွေ့ခြင်း မရှိသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ဖြေလိုက်သည်။ "...ရပါတယ်"
ပိုင်ရှိုးမင်၏ အကြည့်အောက်တွင် အားချန်သည် လှေကားထစ် တစ်ထစ် တက်လိုက်ပြီး ယဇ်ပူဇော်စင်ပေါ်သို့ ရောက်ရှိသွားသည်။
တောက် တောက် ဟူသော ခေါက်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။ ပိုင်ရှိုးမင်၏ လက်ချောင်းများ ကွေးညွှတ်ကာ သစ်သား လှေကားထစ်ပေါ်တွင် ခေါက်လိုက်ခြင်း ဖြစ်သည်။ ခေါက်သံသည် ဗုံသံလောက် မကျယ်လောင်သော်လည်း ယဇ်ပူဇော်ပွဲ ဗုံသံ စည်းချက်နှင့် တစ်သားတည်း ဖြစ်နေသည်။
ရင်းနှီးသော ဗုံသံ စည်းချက်အတိုင်း အားချန်၏ ခန္ဓာကိုယ် လှုပ်ရှားလာသည်။
ဝူမျိုးနွယ်၏ ယဇ်ပူဇော်သည့် အကသည် ရှေးခေတ် ဝူမျိုးနွယ် ဘိုးဘေးများ၏ အမဲလိုက်သည့် လုပ်ငန်းစဉ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယောကျာ်းလေးများ ကသည့်အခါ ကြမ်းတမ်း ခက်ထန်သော်လည်း မျက်စိရှေ့က လူ၏ လှုပ်ရှားမှုတိုင်းသည် ပိုင်ရှိုးမင်၏ မျက်လုံးထဲတွင် ညှို့ဓာတ်များ ပြည့်နှက်နေသည်။
သူမ၏ နောက်သို့ လှန်ထားသော လည်တိုင်၊ လှုပ်ရှားနေသော လက်မောင်းနှင့် ခါးတို့သည် ပိုင်ရှိုးမင်အား အကြည့်မလွှဲနိုင်အောင် ဖြစ်ရစေသည်။ အကယ်၍ သူသာ အားချန်၏ သားကောင် ဖြစ်ခဲ့လျှင် ထွက်ပြေးဖို့ ရွေးချယ်မှာ မဟုတ်ဘဲ လက်မြှောက် အရှုံးပေးပြီး သူမ သဘောအတိုင်း ပြုမူခွင့် ပေးလိုက်မှာ သေချာသည်။
ယဇ်ပူဇော်စင်ပေါ်တွင် သူမကို မြင်လိုက်ရသည့် အချိန်ကစပြီး သူ့ခေါင်းထဲတွင် ဆန္ဒများ ရူးသွပ်စွာ ကြီးထွားလာခဲ့ပြီး ယခုအချိန်တွင်တော့ လုံးဝ ထိန်းချုပ်၍ မရတော့ပေ။
ဗုံသံက ရုတ်တရက် ရပ်တန့်သွား၏။ အားချန်က ခေါင်းလှည့်ပြီး ပိုင်ရှိုးမင်ကို ကြည့်လိုက်ရာ သူသည် ထရပ်ပြီး သူမဆီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
သူ့လက်ထဲတွင် ပန်းစည်း တစ်စည်း ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိ။ အပြာရောင် ပန်းပွင့်လေးများ စုစည်းထားပြီး ပန်းဆုပ်လေး တစ်ဆုပ်နှင့် တူနေသည်။
ပန်းစည်းကို အားချန်၏ မျက်စိရှေ့သို့ မြှောက်ပြလိုက်ပြီး "သဘောကျလား" ဟု မေးလိုက်သည်။
အားချန်က ခေါင်းကို စောင်းလိုက်သည်။ ပိုင်ရှိုးမင် ဒီည ပန်းပေးတာရဲ့ အဓိပ္ပာယ်ကို သိရဲ့လားဆိုတာ သူမ သိချင်မိတယ်။
သူမကလည်း လက်မြှောက်ကာ ပန်းစည်းကို လှမ်းယူလိုက်သည်။
နောက်တစ်စက္ကန့်တွင် အားချန်၏ ခန္ဓာကိုယ် ပေါ့ပါးသွားပြီး ခါးမှ ပွေ့ချီခြင်း ခံလိုက်ရသည်။ ခေါင်းပေါ်မှ ပန်းကုံး မြေကြီးပေါ်သို့ ကျသွားသော်လည်း ပိုင်ရှိုးမင်က ဂရုမစိုက်ဘဲ သူမကို ပွေ့ချီကာ အမှောင်ထုထဲသို့ လျှောက်သွားလိုက်သည်။
အခန်းတံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်ပြီး ရစ်ပတ်နေသော လူအရိပ်နှစ်ခုသည် ကုတင်ဆီသို့ ဒယိမ်းဒယိုင် လျှောက်သွားကြသည်။ နှုတ်ခမ်းနှင့် လျှာ ထိတွေ့သံ တိုးတိုးလေးများက အမှောင်ထဲတွင် ပိုမို ထင်ရှားလို့နေသည်။
အခန်းထဲ ရောက်သည်နှင့် ပိုင်ရှိုးမင်သည် ထိန်းချုပ်မှု လွတ်ကင်းသွားသကဲ့သို့ ဖြစ်သွားသည်။
အားချန်သည် သူ့ရစ်ပတ်မှုကြောင့် ခြေသလုံးများက ကုတင်ဘောင်နှင့် တိုက်မိသွားပြီး ခန္ဓာကိုယ် ဟန်ချက်ပျက်ကာ နောက်သို့ လဲကျသွားသည်။
ပိုင်ရှိုးမင်သည် ကုတင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး ပူလောင်သော လက်ဖဝါးဖြင့် သူမ၏ ခါးနောက်ကို အုပ်ကိုင်ကာ သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် မထားပေးသဖြင့် သူမ ပြုတ်ကျမသွားခဲ့ပေ။
အားချန်၏ ကျောပြင် နူးညံ့သော စောင်နှင့် ထိတွေ့သွားသောအခါ သူ၏ သွယ်လျ ကျစ်လစ်သော ခန္ဓာကိုယ်သည် သူမအပေါ်သို့ ဖိချလိုက်လေသည်။
ရုတ်တရက် ကျရောက်လာသော အလေးချိန်ကြောင့် သူမ မနေနိုင်ဘဲ ညည်းသံ သဲ့သဲ့ ထွက်သွားပြီး လက်သေးသေးလေးများက ပိုင်ရှိုးမင်၏ လည်ပင်းနောက်မှ ရင်ဘတ်ဆီသို့ လျှောကျလာကာ နှစ်ယောက်ကြားတွင် ခံထားလိုက်ရသည်။
လက်အောက်မှ ကြွက်သားများ တင်းမာနေပြီး အဝတ်အစား ခံနေလျှင်ပင် ကြွက်သား အဖုအထစ်များကို ရှင်းရှင်းလင်းလင်း စမ်းမိနေသည်။
အားချန်က အပေါ်ကလူကို တွန်းလိုက်သော်လည်း လုံးဝ မလှုပ်ပေ။
သူ၏ ယနေ့ အလွန် ကြမ်းတမ်းသော အနမ်းကြောင့် အားချန်တစ်ယောက် တဖြည်းဖြည်း အားကုန်လာခဲ့သည်။ သူမသည် ခေါင်းမော့ထားပြီး သူ၏ ကျူးကျော်မှုကို အတင်းအဓမ္မ လက်ခံနေရကာ အသက်ရှူမဝတော့မှ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။
ပိုင်ရှိုးမင်က ရပ်တန့်မည့်ပုံ မပေါ်ဘဲ သူ၏ စိုစွတ် ပူနွေးသော နှုတ်ခမ်းများက အောက်သို့ ဆင်းလာကာ သူမ၏ မေးစေ့လေးပေါ်သို့ ကျရောက်ပြီး ထိုမှတဆင့် နုနယ်သော လည်တိုင်သို့ ရောက်ရှိသွားပြန်သည်။
အားချန်သည် သူ့အောက်တွင် ပက်လက်လှန်နေပြီး မျက်လုံးများ ဝေဝါးနေကာ နီရဲနေသော နှုတ်ခမ်းများ အနည်းငယ် ဟထားပြီး လတ်ဆတ်သော လေကို ရှူရှိုက်နေရလေသည်။
သူမ၏ ခန္ဓာကိုယ် မီးလောင်နေသကဲ့သို့ ခံစားရပြီး နေရာတိုင်း ပူလောင်လို့နေသည်။
"ပူလိုက်တာ..." သူမက တိုးတိုးလေး ညည်းလိုက်သည်။
"ဘယ်နေရာ ပူတာလဲ" ပိုင်ရှိုးမင်က သူမ၏ နားသီးလေးကို ငုံထားရင်း မသဲမကွဲ မေးလိုက်သည်။
အားချန် သူ့ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ပူတယ်၊ ရေချိုးချင်တယ်..."
"ကောင်းပြီ၊ ရေချိုးကြမယ်" ပိုင်ရှိုးမင် ကိုယ်ကို လှန်လိုက်ပြီး သူမကို ပွေ့ချီလိုက်၏။
အားချန်မှာ သည်လိုပုံစံမျိုးနှင့် ပထမဆုံးအကြိမ် ပွေ့ချီခံလိုက်ရသဖြင့် လန့်သွားပြီး ခြေထောက်နှစ်ဖက်နှင့် သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။
ပိုင်ရှိုးမင်က သူမကို ရေချိုးကန်နား ခေါ်သွားပြီး အားချန်က လက်မလွှတ်သဖြင့် သူမနှင့်အတူ ရေချိုးကန်ထဲသို့ ဝင်လိုက်တော့သည်။
အားချန်သည် ရေထဲသို့ ပက်လက်အနေအထား ဝင်ရောက်သွားပြီး ကိုယ်ပေါ်က ယဇ်ပူဇော်ပွဲ ဝတ်စုံသည် ရေစိုသွားပြီး ကိုယ်မှာ ကပ်နေကာ သူမ၏ ပြင်းထန်သော အသက်ရှူသံနှင့်အတူ ရင်ဘတ် နိမ့်ချီမြင့်ချီ ဖြစ်နေသည်ကို ထင်ရှားစွာ မြင်နေရသည်။ ပိုင်ရှိုးမင်သည် လက်တစ်ဖက်ဖြင့် ရေချိုးကန်ဘောင်ကို ကိုင်ထားပြီး မျက်ဝန်းများ ပိုမို နက်မှောင်လာကာ မျက်လုံးထောင့်တွင် အနီရောင် သမ်းလာတော့သည်။
သူမ ကြည့်နေစဉ်မှာပင် သူက ခါးပတ်ကို ဖြည်လိုက်ပြီး ကိုယ်ပေါ်က ရေစိုနေသော ဝတ်ရုံရှည်ကို ဆွဲချွတ်ကာ ဘေးသို့ ပစ်ထုတ်လိုက်တော့သည်။
အားချန်၏ အကြည့်များ အောက်သို့ လျှောကျသွားလေ၏။ သူ၏ ကြွက်သား အဖုအထစ်များ ထင်ရှားနေသော ဝမ်းဗိုက်အောက်တွင် အပြာရောင် သွေးကြောကြောင်းလေး တစ်ခု အနည်းငယ် ထောင်တက်နေပြီး ဘောင်းဘီခါးပတ်ထဲသို့ ဝင်ရောက်သွားသည်။ သူမ တံတွေး မျိုချလိုက်ပြီး ကွေးထားသော ခြေထောက်များ အလိုလို နောက်ဆုတ်မိသွားတော့သည်။
ပိုင်ရှိုးမင်သည် ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်က သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး သူမ၏ စိတ်ခံစားမှု အပြောင်းအလဲ အနည်းငယ်ကိုပင် လက်လွှတ်မခံပေ။
သူ့လက်မောင်း ရေထဲသို့ ဝင်ရောက်သွားပြီး သူမ၏ ခြေမျက်စိကို ဖမ်းဆွဲထားလိုက်သည်။ လက်ဖဝါးကြီးက နုနယ်သော ခြေထောက်လေးကို ဆုပ်ကိုင်လိုက်သဖြင့် အားချန်မှာ မနေနိုင်ဘဲ တုန်ယင်သွားတော့သည်။
လက်ဖဝါးကို ဖြေလျော့လိုက်ပြီး ခြေသလုံးအတိုင်း အပေါ်သို့ တက်လာလေသည်။
နွေးထွေးသော ရေသည် အားချန် ကိုယ်ပေါ်က အပူများကို မလျှော့ချပေးနိုင်ပေ။ ရေချိုးကန်ထဲက ရေများသည် ပင်လယ်လှိုင်းများကဲ့သို့ တစ်လှိုင်းပြီး တစ်လှိုင်း တက်လာပြီး ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကာ ရေကွက်များ ထင်ကျန်ရစ်တော့သည်။
ဖြူဖွေးသော ခြေထောက်တစ်စုံသည် ရေလှိုင်းနှင့်အတူ ယိမ်းနွဲ့နေပြီး မျက်စိကျိန်းလောက်အောင် ဖြူဖွေးလို့နေလေသည်။
ညဉ့်နက်ပြီး နှင်းရည်ကျနေသော်လည်း အပြင်ဘက်က ပျော်ပွဲရွှင်ပွဲ မပြီးဆုံးသေးပေ။ မှောင်မည်းနေသော အခန်းထဲတွင်တော့ ချစ်တင်းနှောနေသော အငွေ့အသက်များက ပျစ်ချွဲလို့နေတော့သည်။
...