← Chapters

မင်းက ဘယ်လို အကွာအဝေးမျိုးကို ကြိုက်တာလဲ...

Vol. 19 Ch. 182

မင်းက ဘယ်လို အကွာအဝေးမျိုးကို ကြိုက်တာလဲ...

Vol. 19 Ch. 182

ရေချိုးခန်းထဲက ဝေါခနဲ ရေကျသံနှင့်အတူ အားအင်ကုန်ခမ်းနေသော အားချန်သည် ပိုင်ရှိုးမင်၏ ပွေ့ချီခြင်းကို ခံလိုက်ရလေသည်။ သူမ၏ လက်မောင်းနှစ်ဖက်က သူ့ပုခုံးပေါ်တွင် ရစ်သိုင်းထားပြီး ခေါင်းကို သူ့လည်ပင်းပေါ် မှီထားကာ ခန္ဓာကိုယ်ခြင်း နီးကပ်စွာ ထိတွေ့နေလေ၏။

ကုတင်ပေါ်တွင် ပြန်ချထားချိန်မှ အားချန်သည် အိပ်ရာခင်းကိုစမ်းမိပြီး ရှေ့တွင်ကာထားရန် ဆွဲယူလိုက်ရာ ပေါ့ပါးသောအိပ်ရာခင်းက သူမ၏ကိုယ်ကို လွမ်းခြုံသွားတော့သည်။

ပိုင်ရှိုးမင်သည် သူမ၏လုပ်ရပ်အားလုံးကို ကြည့်ရှုနေပြီးမှ ဖြည်ညင်းစွာကိုယ်ကို ကိုင်းချလိုက်၏။

သူလက်တစ်ဖက်က အားချန်၏ဘေးတွင် ထောက်ထားပြီး ကွဲရှသည့်အသံက အမှောင်ထဲတွင် ထွက်ပေါ်လာခဲ့၏။ "ရေချိုးပြီးပြီနော်"

အားချန်သည် အမှတ်တမဲ့ အခင်းလွှားကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးထဲတွင် နားမလည်နိုင်မှုများ ပေါ်လာတော့သည်။ ပြီးသွားပြီ မဟုတ်ဘူးလား။

သို့သော်ငြား ပိုင်ရှိုးမင်တွင် မတူညီသော အတွေးများ ရှိနေပုံရလေသည်။ သူ့အတွက်ကတော့ ခုနက အရာအားလုံးက အစပျိုးရုံ သက်သက်သာဖြစ်၏။

သူသည် တဖြည်းဖြည်း နီးကပ်လာသည်ကို ခံစားမိသည်နှင့် အားချန်သည် စိတ်ထဲတွင် ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို ကိုယ်ကိုလှန်ချကာ လက်ရောခြေထောက်ပါ အသုံးပြုပြီး ကုတင်အတွင်းဘက်သို့ လေးဖက်ထောက်ကာ သွားလေ၏။ သူမ ကထပ်ပြီး ရုန်းကန်နိုင်သေးသည်ဟု ထင်မှတ် နေမိလေသည်။

နှစ်လှမ်းပင် မသွားလိုက်ရဘဲ ခြေမျက်စိမှ ဖမ်းဆွဲခံနိုင်ရပြီး သူမသည် ကိုယ်ပေါ်တွင် ရစ်ပတ်ထားသော အခင်းလွှားနှင့်အတူ ကုတင်အစွန်းဘက်သို့ ပြန်ဆွဲခြင်း ခံလိုက်ရတော့သည်။

ပိုင်ရှိုးမင်က နှာခေါင်းရှုံ့လိုက်ကာ "ဘာလို့ထွက်ပြေးနေတာလဲ"

အားချန်ကလည်း အားမပါဘဲ ရုန်းကန်လိုက်၏။ "ကျွန်မ အိပ်တော့မယ်။ လွှတ်တော့"

သူမ၏ အနောက်ဘက်က ရယ်မောသံထွက်ပေါ်လာပြီး စိုစွတ်ပူနွေးနေသော အသက်ရှူသံများက သူမ၏ပါးလွှာသော ကျောပြင်ပေါ်သို့ ကျရောက်လာသဖြင့် ခန္ဓာကိုယ်မှာ တုန်ယင်သွားတော့သည်။

အားချန်သည် နောက်ကလူ၏ လှုပ်ရှားမှုကို မမြင်ရသော်လည်း ခန္ဓာကိုယ်ကတော့ ပိုပြီးအာရုံခံစား လွယ်လှသည်။ ယခုသူမ၏ ပုံစံမှာ လက်ဖဝါးထဲတွင် အဖမ်းခံထားရသည့် လိပ်ပြာလေး တစ်ကောင်နှယ် သနားစရာကောင်းနေတော့သည်။

"အခုမရဘူး" သူ့လက်ဖဝါးက အားချန်၏ဝမ်းဗိုက်မှ အပေါ်သို့တက်လာပြီး နှုတ်ခမ်းကတော့ သူမ၏ ပခုံးသားတလျှောက် အောက်သို့ ဆင်းလာကာ အသံကလည်း ပိုပြီးမသဲမကွဲ ဖြစ်လာတော့သည်။ "မင်းက ကိုယ့်ရဲ့ပန်းကို လက်ခံပြီးပြီလေ။ ဒီတော့ မင်းက ကိုယ့်အပိုင်ပဲ"

အားချန်သည် အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိ၏။ အနောက်ကလူ၏ လှုပ်ရှားမှုနှင့်အတူ မျက်ဝန်းထဲတွင် မျက်ရည်များဝဲလာပြီး အသံများလည်း တုန်ယင်လာတော့သည်။ "ဘာ... ဘာပန်းလဲ။ ကျွန်မ မသိဘူး"

"လူလိမ်မလေး"

"အာ..."

ကုတင်ပေါ်က ခန်းဆီးများသည် ကျဆင်းလာပြီး အတွင်းက ရှုခင်းများကို ဖုံးကွယ်ထားလိုက်လေသည်။ ကုတင်အပြင်ဘက်သို့ ကျနေသော အခင်း၏ ထောင့်စွန်းလေးသည် အခင်းတစ်ခုလုံးကို ဆုပ်ကိုင်လိုက် ပြန်လွှတ်လိုက်ပြုလုပ်ခြင်း ခံနေရသဖြင့် ပုံသဏ္ဍာန်များ အမျိုးမျိုး ပြောင်းလဲနေလေသည်။

ကုတင်တိုင်ပေါ်တွင် ချိတ်ဆွဲထားသော အလှဆင်ပစ္စည်းများသည် တစ်ချက်ပြီးတစ်ချက် လှုပ်ယမ်းနေပြီး မိုးလင်းခါနီးမှ ရပ်တန့်သွားလေတော့သည်။

နေ့လယ်ခင်း နေရောင်ခြည်သည် တံခါးကြားမှတစ်ဆင့် ဝင်ရောက်လာသောအခါ ကုတင်ပေါ်တွင် အိပ်နေသော အမျိုးသားမှာ မျက်လုံးပွင့်လာခဲ့၏။

ကိုယ်ပေါ်တွင် အလေးချိန်တစ်ခု ခံစားလိုက်ရသဖြင့် ပိုင်ရှိုးမင်သည် ခေါင်းကိုအနည်းငယ်မော့ကာ ငုံ့ကြည့်လိုက်မိသည်။

အားချန်သည် သူ့ကိုပေါ်တွင် တဝက်မှောက်လျက် အိပ်ပျော်နေလေသည်။ ခေါင်းကိုဆောင်းထားပြီး သူ့ဝမ်းဗိုက်ပေါ်တွင် ခေါင်းအုံးကာ နှစ်ခြိုက်စွာ အိပ်မောကျလို့နေသည်။ ပါးလွှာသော အခင်းလွှား တစ်စွန်းတစ်စသာ သူမ၏ကိုယ်ပေါ်တွင် ရစ်ပတ်ထားပြီး တွန့်နေသည့် နေရာများက သူမ၏ကောက်ကြောင်းအလှကို ပိုမိုပေါ်လွင် နေစေတော့သည်။

ဗလာကျင်းနေသော အသားအရေပေါ်တွင် အနီရောင် အမှတ်အရာများ ပြည့်နှက်လို့နေ၏။

ပိုင်ရှိုးမင်၏ လက်ချောင်းများက သူမ၏ပေါ်နေသော မျက်နှာတစ်ခြမ်းလေးကို ဖွဖွလေး ပွတ်သပ်လိုက်လေသည်။ အိပ်နေတာတောင် ချစ်စရာကောင်း နေသေးသည်။ အားချန်က ဘာတုံ့ပြန်မှုမှ မရှိချေ။ မနေ့ညက သူမ တော်တော်လေး ပင်ပန်းသွားရှာလေသည်။

သူသည် အားချန်ကို ရင်ခွင့်ထဲသို့ ပြန်ထည့်ထားလိုက်ပြီး သက်တောင့်သက်သာ ရှိသောအနေအထားဖြင့် ပြင်ပေးကာ မျက်လုံးကိုပြန်မှိတ် ထားလိုက်တော့သည်။

အားချန်သည် တစ်ရက်လုံးလုံး အိပ်ပျော်သွားခဲ့၏။ ဝိုးတဝါးဖြင့် မျက်လုံးဖွင့်လိုက်ချိန်တွင် အပြင်ဘက်က ကောင်းကင်မှာ မှောင်မည်းနေပြီဖြစ်ကာ ယနေ့ဘာ နေ့ဖြစ်သည်ကိုပင် သူမ မခွဲခြားနိုင်တော့ပေ။

အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လာပြီး ခန္ဓာကိုယ်က ကိုက်ခဲမှုကြောင့် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်းပြန်သတိရသွားတော့သည်။

မနေ့ညက သူမ မည်သို့တောင်းပန်ခဲ့ရပုံ၊ ပုံမှန်အချိန်များတွင် စကားပြောရလွယ်ကူသော အမျိုးသားက ပါးစပ်က ချော့မော့နေသော်ငြား လက်တွေ့မှာတော့ သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် လိမ်ညာခဲ့ပုံများကို မှတ်မိသွားလေ၏။

အားချန်သည် ခန္ဓာကိုယ်ကိုထောက်ကာ ထထိုင်လိုက်ပြီး ကုတင်ဘေးတွင် ချထားသော အဝတ်အစားသစ် တစ်စုံကို တွေ့လိုက်ရလေသည်။ အပေါ်ဆုံးက အတွင်းထပ်အင်္ကျီကို လှမ်းယူလိုက်ရာ ခါးကနာကျင်မှုကြောင့် အံကြိတ်ပြီး "တိရစ္ဆာန်ကောင်" ဟု ဆဲရေးမိလေတော့သည်။

သူမက အဝတ်အစားဝတ်ပြီး ကုတင်အောက်သို့ ဆင်းလိုက်သည်တွင် အခန်းထဲတွင် သန့်ရှင်းရေး လုပ်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။ အထူးသဖြင့် ရေချိုးကန်ပတ်လည်တွင် မနေ့ညက ကျန်ရစ်ခဲ့သော အရာများ လုံးဝပျောက်ကွယ် သွားပြီဖြစ်သည်။

ဒီနေရာကို မြင်လိုက်သည်နှင့် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်သတိရသွားပြီး ဒီရေချိုးကန်ကိုပင် ဖျက်စီးချင်စိတ်များ ပေါက်လာတော့သည်။

သူမက အကြည့်လွှဲလိုက်ပြီး စားပွဲနောက်သို့ လျှောက်သွားကာ ရေတစ်ခွက်ကို ငှဲ့သောက်လိုက်လေသည်။ ရေနွေအိုးထဲက ရေကနွေးနေသဖြင့် ပိုင်ရှိုးမင် ထွက်သွားသည်မှာ သိပ်မကြာသေးဘူးဟု သိလိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင်။ မကြာမီ အခန်းတံခါးပွင့်လာပြီး ပိုင်ရှိုးမင်သည် ကြက်သားမျှင်ခေါက်ဆွဲပြုတ် တစ်ပန်းကန် ကိုင်ကာဝင်လာခဲ့၏။

ပင်ပန်းနွမ်းနယ်နေသည့် တစ်ကိုယ်လုံး ကိုက်ခဲနေသော အားချန်နှင့်ယှဉ်လျှင် သူကတော့ လန်းဆန်းတက်ကြွနေပြီး သူကသာ လူ့အသက်ကို စုပ်ယူတတ်သော မြေခွေးမိစ္ဆာနှင့် တူလို့နေတော့သည်။

သူ့မျက်နှာကို မြင်လိုက်ရသည်နှင့် အားချန်မှာ ချက်ချင်းဆိုသလို မျက်နှာလွှဲထားလိုက်ပြီး အခိုက်အတန့်လေးပင် သူ့ကို မမြင်ချင်တော့ပေ။

ပိုင်ရှိုးမင်ကလည်း တမင်တကာ စနောက်ခြင်းမပြုဘဲ ခေါက်ဆွဲပန်းကန်ကို သူမအရှေ့တွင် ချထားပေးပြီး ဘေးတွင် ထိုင်ကြည့်နေလေသည်။ အားချန်မှာ တစ်ရက်လုံး ဘာမှ မစားရသေးသဖြင့် ဗိုက်ဆာလွန်းသောကြောင့် သူ့ကိုစိတ်ကောက်ရန် အချိန်မရတော့ဘဲ တူကိုကောက်ကိုင်ကာ ခေါင်းငုံပြီး ခေါက်ဆွဲကို စားလိုက် လေတော့သည်။

သူမက စားပြီးသွားသည့်နောက် တူချလိုက်မှပိုင်ရှိုးမင်သည် ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်၏။ "ဒါက ယဇ်ပုရောဟိတ်ကြီး ပေးလိုက်တာ"

ယဇ်ပုရောဟိတ်ကြီး အကြောင်းကြားလိုက်မှအားချန်မှာ အနည်းငယ် စိတ်ဝင်စားသွား လေသည်။ "ဒါကဘာဆေးလဲ"

"အကြောပြေဆေး။ အာနိသင် တော်တော်ကောင်းတယ်လို့ ကြတယ်။ စမ်းကြည့်မလား"

အားချန်သည် ပိုင်ရှိုးမင်ကို သတိထားပြီး ကြည့်လိုက်ရာ သူ့မျက်နှာထားမှာ ပုံမှန်အတိုင်း တည်ငြိမ်လို့နေသည်။

သူမက ပြန်မဖြေရသေးခင်မှာပင် ခါးကနာကျင်မှုက တစ်ဖန်ပြန်ပေါ်လာသဖြင့် အားချန်သည် ထပ်မစဉ်းစားနိုင်တော့ဘဲ ခေါင်းငြိမ့်လိုက်ရတော့၏။

"ကောင်းပြီလေ။ ဒါဆို စမ်းကြည့်မယ်"

ပိုင်ရှိုးမင်သည် အသံမထွက်ဘဲ ပြုံးလိုက်ပြီး သူမဘေးနားသို့ လျှောက်သွားကာ ကုတင်ပေါ်တွင် မှောက်ခိုင်းလိုက်ပြီးနောက် ဖိနပ်ချွတ်ပေးကာ ခါးပတ်ကို ဖြည်လိုက်လေ၏။ အားချန်က ကုတင်ပေါ်တွင် မှောက်လိုက်သောအခါ သူက သူမ၏အင်္ကျီအစွန်းကို အသာအယာ မ,လိုက်ပြီး ဆေးကို လက်ထဲတွင်ထည့်ကာ ပူနွေးလာအောင် ပွတ်သပ်ပြီးနောက် ဖြူဖွေးနုနယ်နေသော ခါးပေါ်သို့ ဖိနှိပ်လိုက်လေသည်။

အချိန်အတော်လေး ကြာသွားသောအခါ အားချန်သည် ခါးတွင်ပူနွေးလာသည်ကို ခံစားလာရပြီး ကိုက်ခဲမှုများကလည တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

"ခါးနာသေးလား" ပိုင်ရှိုးမင်က မေးလိုက်၏။

"မနာတော့ဘူး" အားချန်သည် သူ နှိပ်နယ်ပေးနေသည့် အခြေအနေကြောင့် အိပ်ချင်လာပြီး မျက်လုံးမှိတ်ကာ ညည်းလိုက်လေသည်။ "နောက်ထပ် နည်းနည်းလောက် ထပ်နှိပ်ပေးဦး"

ပိုင်ရှိုးမင်က ရယ်မောမိတော့သည်။ "ဒါဆို ဒီနေရာရော"

ဘယ်အချိန်ကတည်းကမှန်းမသိ။ လက်တစ်ဖက်က သူမ၏ ဂါဝန်စအောက်သို့ ရောက်ရှိနေလေပြီ။

အားချန်မှာ သတိဝင်လာပြီး မျက်လုံးကို ဖွင့်လိုက်ပြီး ခြေထောက်ကို နောက်ပြန်ကန်လိုက်ရာ ပိုင်ရှိုးမင်က သူမ၏မငြိမ်မသက် ဖြစ်နေသည့် ခြေထောက်ကို ဖမ်းဆွဲထားလိုက်ပြီး ကန်မိလုနီးပါး ဖြစ်သွားသောနေရာကို ဖိကပ်ထားလိုက်လေသည်။ "ဖြည်းဖြည်းလုပ်ပါ"

သူမကတော့ နားမထောင်ဘဲ တမင်တကာ နှစ်ချက်လောက် ဖိနှင်းလိုက်ရာ ခြေထောက်အောက်က အထိအတွေ့ကြောင့် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး မျက်နှာများ ပူထူသွားကာ ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်တော့၏။ "ကျွန်မ အိပ်တော့မယ်။ ရှင်ဘေးအခန်းမှာသွားအိပ်ချည်"

ပိုင်ရှိုးမင်က မျက်ခုံးပင့်လိုက်ကာ "သုံးပြီးတာနဲ့ လွှင့်ပစ်တော့မလို့လား"

"မဟုတ်ပါဘူး" အားချန်က ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တလေးတနက် ပြောလိုက်လေသည်။ "ယောကျာ်းနဲ့ မိန်းမနှစ်ယောက်တည်းရှိနေရင် သင့်တော်တဲ့ အကွာအဝေးကို ထိန်းသိမ်းထားသင့်တယ်"

ဒါက ဟွေ့ညန် ယခင်က ပြောခဲ့ဖူးသည့် စကားပင်။ သို့သော်ငြား အရေးကြီးနေသည့်အချိန်ကျမှ သူမသည် မမှတ်မိလိုက်ချေ။ ကိစ္စပြီးသွားမှ သူမလည်း သတိရလာတော့ ယခုမှပဲ ပြန်ပြင်ဆင်ဖို့ ကြိုးစားရတော့သည်။

"သင့်တော်တဲ့ အကွာအဝေး ဟုတ်လား" ပိုင်ရှိုးမင်၏ လေသံတွင် စိတ်ဝင်စားမှုများ ပါဝင်နေ၏။

"ဒါပေမဲ့ မနေ့ညတုန်းက ကိုယ်သင့်တော်တဲ့ အကွာအဝေးကို ထိန်းသိမ်းချင်တုန်းက မင်း သဘော မတူခဲ့ဘူးနော်"

"ရှင် မပြောနဲ့တော့" အားချန်က မျက်နှာကိုစောင်ထဲတွင် အတင်းအပ်ထားလိုက်၏။ သူမ နားလည်လိုက်ပါပြီ။

"ကောင်းပြီလေ မပြောတော့ပါဘူး။ ဒါဆိုရင် ကိုယ်ဘေးအခန်းကို သွားတော့မယ်နော်"

ပိုင်ရှိုးမင်က လိုက်လျောလိုက်တာလား။

အားချန်၏ စိတ်ထဲတွင် သံသယဝင်သွားပြီး ထပ်မစဉ်းစား ရသေးခင်မှာပင် တစ်ကိုယ်လုံးကို ဆွဲမခံလိုက်ရပြီး ပိုင်ရှိုးမင်က သူမကို ပခုံးထမ်းကာ ဘေးအခန်းသို့အတူ ခေါ်သွားလိုက်လေသည်။

ကံကောင်းသည်မှာ သူသည် လူစိတ်ရှိသေးသဖြင့် သူမ၏အဝတ်အစားများကို ချွတ်ပေးပြီး ကုတင်ပေါ်တွင် ပြန်ချပေးကာ တခြားကိစ္စများ မလုပ်ခဲ့ချေ။

အားချန်သည် အတွင်းခံအင်္ကျီသာ ဝတ်ဆင်ထားပြီး စောင်ပေါ်တွင် မှောက်လျက် မျက်လုံးဝိုင်းလေးများဖြင့် သူ့ကိုသတိထားပြီး ကြည့်နေမိသည်။ သူဘယ်သွားသွား သူမ၏ အကြည့်ကတော့ နောက်ကလိုက်ပါလာလေသည်။

ပိုင်ရှိုးမင်က ရယ်မောမိတော့သည်။ "မအိပ်ချင်ဘူးလား။ ဒါဆိုရင် ကိုယ်တို့တွေ တိုင်ပင်ကြရအောင်... မင်းက ဘယ်လို အကွာအဝေးမျိုးကြိုက်တာလဲ"

အားချန်က စောင်ထဲသို့ အမြန်ဝင်လိုက်ပြီး ကျောပေးကာ အိပ်ပျော်အောင် ကြိုးစားလိုက်လေ၏။

ဒီည သူ့ကို စကားမပြောချင်တော့ဘူး။

မနေ့ညက အားအင်ကုန်ခမ်း သွားသောကြောင့် ဖြစ်ပေမည်။ မကြာမီ သူမသည် အိပ်ပျော်သွားခဲ့၏။ ပိုင်ရှိုးမင်က ဘေးတွင်ထိုင်ပြီး သူမ၏ အိတ်မောကျနေသော မျက်နှာလေးကိုကြည့်ကာ အချိန်အတော်ကြာမှ ဘေးတွင် ဝင်လှဲလိုက်လေသည်။ အားချန်သည် အာရုံခံမိလိုက်သကဲ့သို့ သူ့ရင်ခွင်ထဲသို့အလိုလို တိုးဝင်လာခဲ့၏။

ပိုင်ရှိုးမင်းကလည်း သူမကို ပွေ့ဖက်ထားလိုက်ပြီး အတူတူ အိပ်ပျော်သွားလေ၏။

နှစ်ရက်တိတိ အနားယူပြီးနောက် အားချန်သည် အားအင်များ ပြန်ပြည့်လာခဲ့လေသည်။

ယခုအခါ ယဇ်ပူဇော်သောပွဲလည်း ပြီးဆုံးသွားပြီဖြစ်သဖြင့် အပြန်ခရီးကို စတင်ရပေတော့မည်။

အားချန်တွင် ဒီနေရာ၌ နေထိုင်ရန် အချိန်အများကြီး ရှိသော်ငြား ပိုင်ရှိုးမင်တွင်တော့ ရာထူးတာဝန်ရှိနေပြီး သူမအတွက် ရက်ပေါင်းများစွာ ကြန့်ကြာနေပြီဖြစ်သဖြင့် ဆက်ပြီးနေထိုင်လို့ မဖြစ်တော့ချေ။ ထို့အပြင် ရှန့်ကျင်းမှ ထွက်ခွာလာသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် ဟွေ့ညန်ကိုလည်း သတိရမိလေသည်။

ကံကောင်းချင်တော့ လာမည့်လအနည်းငယ်အတွင်း လျဲ့ကျန်းတို့သည် ကုန်ပစ္စည်းများနှင့်အတူ ပိုင်ရှိုးမင်နဲ့ အရောင်းအဝယ် လုပ်ထားသော မြင်းများကို ရှန့်ကျင်းသို့ လာရောက်ပို့ဆောင်ပေးမည် ဖြစ်သဖြင့် တွေ့ဆုံရန် အခွင့်အရေးရှိသေးသည်။ ဖြစ်နိုင်လျှင် သူမက ဟွေ့ညန်ကိုခေါ်ပြီး လာလည်လို့ရသေးသည်။ ထိုကြောင့် ဒီတစ်ခေါက် ပြန်သွားသည်ကလည်း စိတ်ထဲတွင် ဝမ်းနည်းစရာ မရှိလှချေ။

မထွက်ခွာခင်တွင် အားချန်သည် ယဇ် ပုရောဟိတ်ကြီးကို သွားရောက် တွေ့ဆုံလိုက်သေးတယ်။

သူမ ရောက်လာသောအခါ ယဇ်ပုရောဟိတ်ကြီးအရှေ့တွင် မီးဖိုတစ်ခုချထားပြီး သူမသည် အဖြူရောင် လိပ်ခွံတစ်ခုကို မီးဖိုထဲသို့ ပစ်ထည့် နေ၏။

အားချန်က သူမကို မနှောက်ယှက်ဘဲ ဘေးတွင် တိတ်တဆိတ် ထိုင်ကြည့်နေလိုက်လေသည်။ ဒါက ဗေဒင်မေးသည့် နည်းလမ်းတစ်ခုဖြစ်ပြီး တချို့လူများက လိပ်ခွံပေါ်ရှိ အက်ကြောင်းများကို ကြည့်ကာ ကံကြမ္မာလမ်းကြောင်းကို မြင်နိုင်သည်ဟု ကြားဖူးသော်ငြားလည်း အားချန်ကတော့ သူမမှာ ထိုပါရမီရှိသည်ကို သေချာသိနေသည်။

လိပ်ခွံသည် မီးထဲတွင် တဖျစ်ဖျစ်အသံများ မြည်နေပြီး မကြာမီ အပေါ်တွင် အကြောင်းအနည်းငယ် ပေါ်လာခဲ့၏။

ယဇ်ပုရောဟိတ်ကြီးက လိပ်ခွံကို မီးညှပ်ဖြင့် ကောက်ယူလိုက်ပြီး ဘေးတွင်ချထားကာ အပေါ်ကအကြောင်းများကို သေချာစွာ လေ့လာကြည့်ရှုနေ လေသည်။ သူမသည် အချိန်အတော်ကြာအောင် ကြည့်ရှုနေပြီး စကားမပြောသဖြင့် အားချန်ကလည်း မနေနိုင်ဘဲ မေးလိုက်တော့သည်။ "ယဇ်ပရောဟိတ်ကြီး ဘာအကြောင်း ဗေဒင်မေးနေတာလဲ"

ယဇ်ပုရောဟိတ်ကြီးက လိပ်ခွံပေါ်က အကြည့်ခွာလိုက်ပြီး အားချန်ကို ကြည့်လိုက်၏။ "မင်း ဒီရက်ပိုင်း ပြန်တော့မယ် မဟုတ်လား"

အားချန်က ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့။ ထွက်လာတာ တစ်လနီးပါးရှိနေပြီ။ ပြန်သင့်ပြီလေ"

"ပြန်တော့မယ် ဟုတ်လား... ရှန့်ကျင်းမှာ နေရတာ အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်။ ရှန့်ကျင်း အရမ်းစည်ကားတယ်။ ယဇ်ပုရောဟိတ်ကြီး အခွင့်အရေးရရင် လာလည်ပါအုံး"

ယဇ်ပုရောဟိတ်ကြီးက ပြုံးလိုက်ပြီး အားချန်၏ မေးခွန်းကို ဖြေလိုက်၏။ "ငါလည်း မင်းကို ပေးစရာ လက်ဆောင်မရှိပါဘူး။ မင်း မပြန်ခင် ဗေဒင်တစ်ခု မေးပေးမလို့ပါ။ မင်း မေးချင်တာရှိလား"

"ကျွန်မ အားမန်ကို ဘယ်တော့တွေ့နိုင်မလဲ ဆိုတာ တွက်လို့ရလား" အားချန်က မေးလိုက်သည်။

ယဇ်ပုရောဟိတ်ကြီးက ခေါင်းခါပြလိုက်၏။ "မင်းတို့နှစ်ယောက်ရဲ့ ကံကြမ္မာက မူလလမ်းကြောင်းကနေ လွဲချော်သွားပြီ တွက်လို့မရဘူး"

"ဒါဆိုရင် ကျွန်မ လုပ်မယ့်ကိစ္စက နောက်ဆုံးကျရင် အောင်မြင်မှာလား" အားချန်က ထပ်မေးလိုက်သည်။

လူကနေ မိစ္ဆာအဖြစ် ပြောင်းလဲတာက အရမ်းအန္တရာယ် များတဲ့ကိစ္စပဲ။ သူမအနေနဲ့ ကံကောင်းပါ့မလားဆိုတာ သေချာမသိဘူးလေ။

ယဇ်ပုရောဟိတ်ကြီးကတော့ ခေါင်းခါမြဲ ခေါင်းခါလိုက်လေသည်။ "ငါက မင်းကို ဆုတောင်းပေးလို့ပဲ ရမယ်။ ရလဒ်ကို ပြောပြလို့မရဘူး။ အားချန် မင်းရဲ့ အနာဂတ်က မင်းရဲ့ရွေးချယ်မှု အပေါ်မှာပဲ မူတည်တယ်။ မင်း နောင်တမရမယ့် ရွေးချယ်မှုကို လုပ်သရွေ့ ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး"

အားချန်၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများ ဖြတ်ပြေးသွားလေသည်။ ယဇ်ပုရောဟိတ်ကြီးက တစ်ခုခု ပြောလိုက်သော်ငြား သူမသည် နားမလည်ပါလားဟု ခံစားမိလိုက်၏။

မည်သို့ဆိုစေ သူမသည် ကျရှုံးခံမည်တော့ မဟုတ်ပေ။

"ကျွန်မ အောင်မြင်မှာပါ" အားချန် ကယုံကြည်မှု ရှိရှိပြောလိုက်လေသည်။

ယဇ်ပုရောဟိတ်ကြီးက ပြုံးလိုက်ပြီး အေးသွားပြီဖြစ်သော အဖြူရောင်လိပ်ခွံကို အားချန်အားပေးလိုက်၏။ "ဒါက ပိုင်ကွေ့ရဲ့လိပ်ခွံပဲ။ မင်းရဲ့ဘေးမှာ ဆောင်ထားရင် အန္တရာယ်ကို ကြိုတင် သတိပေးနိုင်တယ်။ ယူသွားလိုက်"

အားချန်သည် လိပ်ခွံကိုယူလိုက်ရာ အပေါ်ကအက်ကြောင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြည်လင်တောက်ပနေသော အဖြူရောင်လိပ်ခွံသည် ကျောက်စိမ်းကောင်း တစ်တုံးကို ထွင်းထုထားသကဲ့သို့ ဖြစ်သွားလေသည်။ သူမက ခဏလောက် ကိုင်ကြည့်လိုက်ပြီး ပြန်ရောက်လျှင်တော့ ဟွေ့ညန်ကို အဆင့်တန်ဆာလေး တစ်ခုလုပ်ခိုင်းကာ ကိုယ်မှာ ဆောင်ထားလိုက်မည်ဟု ဆုံးဖြတ်လိုက်၏။

နှစ်ရက်အကြာတွင် အားခြံနှင့်ပိုင်ရှိုးမင်တို့ ပစ္စည်းများ သိမ်းဆည်းလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်ကြလေသည်။ လျဲ့ကျန်းက သူတို့အတွက် အထူးတလည် မြင်းတစ်ကောင်ကို ပြင်ဆင်ပေးထား၏။

ဒီရက်ပိုင်းအတွင်းတွင် အားချန်သည် ရွာထဲတွင် ခင်မင်ရသည့် လူအများက သူမကိုလာနှုတ်ဆက်ကြပြီး လတ်လတ်ဆတ်ဆတ် သစ်သီးများနှင့် ရက္ခာခြောက်များလည်း လက်ဆောင်ပေးကြသည်။ ဟွေရွှယ်က ဟွေ့ညန်ကို ပေးရန် လက်ဆောင်ထည့် ပေးလိုက်ပြီး လျဲ့ကျန်းကတော့ သူတို့အတွက် မြင်းတစ်ကောင် ပြင်ဆင်ပေးလေသည်။

ပစ္စည်းများ သိမ်းဆည်းပြီးနောက် အားလုံးကိုနှုတ်ဆက်ကာ ပိုင်ရှိုးမင်က အားချန်ကို မြင်းပေါ်တင်ပေးလိုက်ပြီး သူသည်လည်း မြင်းပေါ်သို့တက်လိုက်၏။

"ကျွန်မတို့ သွားတော့မယ်။ နှုတ်ဆက်ပါတယ်" အားချန်က သူတို့ကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်၏။

"မိန်းကလေးအားချန် နှုတ်ဆက်ပါတယ်"

"နှုတ်ဆက်ပါတယ်"

အောက်ကမြင်းသည် အဝေးသို့ ပြေးထွက်သွားသည်တွင် အားချန်က နောက်လှည့်ကြည့်လိုက်ပြီး ရှေးဟောင်းရွာလေးနှင့် တဖြည်းဖြည်း ဝေးကွာသွားသော လူများကို ကြည့်လိုက်ကာ သူတို့က သူမကို လက်ဝှေ့ယမ်းပြနေဆဲပင်။

နှစ်ဦးသား အပြန်ခရီးက သိပ်မမြန်လှပေ။ လာတုန်းက အလျင်လိုနေသဖြင့် မနားမနေ ခရီးနှင်ခဲ့ရသော်ငြားလည်း ပြန်သည့်အချိန်တွင်တော့ ထိုမျှလောက် အလျင်လိုစရာ မလိုတော့ပေ။

ဒီတစ်ခေါက်တွင်တော့ သူတို့သည် ပင်ပန်းလာလျှင် အနားယူလိုက် ရှုခင်းလှသည့် နေရာတွေ့လျှင် ရှုခင်းကြည့်လိုက် ညအိပ်နားနေလိုက် လုပ်လို့ရပေသည်။

ပြီးခဲ့သည့် တစ်ခေါက်က သာ့ရှနယ်စပ်မှ နေ၍ ကန္တာရနယ်မြေကို သွားခဲ့သည်မှာ နှစ်ရက်ကျော်သာ ကြာခဲ့သော်ငြား ဒီတစ်ခေါက်ပြန်လာသည့် အချိန်တွင်တော့ ငါးရက်ကြာသွားခဲ့သည်။

သာ့ရှကို ပြန်ရောက်လာသောအခါ အားချန်၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် ပိုင်ရှိုးမင်က သူမကို ပိုင်လုံရွာသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ဒီအချိန်တွင် ပိုင်လုံရွာအပြင်ဘက်၌ မင်းကျင့်စီး အစောင့်များက စောင့်ကြပ်နေလေသည်။ လူ လာနေသည်ကို မြင်သောအခါ သူတို့က မောင်းထုတ်ရန် ပြင်လိုက်သော်လည်း ရွာထဲက လူတချို့ထွက်လာသည်ကို တွေ့လိုက်ရ၏။

ဦးဆောင်လာသူမှာ တည်ငြိမ်ခန့်ငြားသော လူလတ်ပိုင်းအရွယ် တစ်ဦးဖြစ်ပြီး ပိုင်ရှိုးမင်ကို မြင်သောအခါ မျက်လုံးပင့်ကြည့်လိုက်၏။ "ပိုင်ရှိုးမင် မင်း ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"

ဒီလူနာမည်မှာ ဖန်ချီ ဖြစ်လေသည်။ ပိုင်ရှိုးမင် မတိုင်ခင်က ရှန့်ကျင်းမြို့တော်၏ ကျန့်ရှီဖူရာထူးကို ယူခဲ့သူဖြစ်၏။

ပိုင်ရှိုးမင်က မြင်းစီးကာ အနားကပ်သွားပြီး တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်၏။ "လမ်းကြုံလို့ပါ။ ဒီမှာ ရွာတစ်ရွာရှိတာမြင်လို့ ခဏနားမလို့"

"နားမလို့ ဟုတ်လား" ဖန်ချီက သူ့ရင်ခွင်ထဲတွင် ထိုင်နေသည့် အားချန်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသော်ငြား သူ့စကားကိုတော့ ယုံလိုက်ပုံရလေသည်။

"ခင်ဗျားကရော။ ခင်ဗျားက ယိုးကျိုးမှာ မဟုတ်ဘူးလား" ပိုင်ရှိုးမင်က မေးလိုက်၏။

" ပေဟွမ်ဝမ် မြို့တော်ကို လာတာ။ ငါ လမ်းတလျှောက် လိုက်စောင့်ရှောက်ပြီး ကျီကျိုးရောက်မှ ပြန်လှည့်လာတာ။ လမ်းမှာ ဒီနေရာက ထူးဆန်းတဲ့ အမှုတစ်ခုဖြစ်နေတယ်။ နဂါးမျိုးနွယ်နဲ့ ပတ်သက်နေနိုင်တယ်လို့ ကြားလို့ လာကြည့်တာ"

ပေဟွမ်ဝမ်အကြောင်း ကြားလိုက်ရသည်တွင် အားချန်က ဒီလူကို သေချာကြည့်လိုက်မိပြီး သူ့ရဲ့အထောက်အထားကိုလည်း ခန့်မှန်းကြည့်လိုက်၏။

"ဘယ်နေရာက ထူးဆန်းတာလဲ" ပိုင်ရှိုးမင်သည် မြင်းပေါ်က ဆင်းလိုက်ပြီး အားချန်ကိုပါ အောက်သို့ချပေးလိုက်၏။ အားချန်ကလည်း သူ့ဘေးတွင် ငြိမ်ငြိမ်လေးရပ်နေပြီး သူတို့ စကားပြောနေသည်ကို နားထောင်နေလေသည်။

ဖန်ချီက နှာခေါင်းရှုံ့လိုက်ကာ "ဒီရွာကလူတွေက သတ္တိကောင်းလွန်းတယ်။ နဂါးတစ်ကောင်ကို ဖမ်းချုပ်ထားတာ။ မကြာသေးခင်က အဲဒီနဂါးလွတ်မြောက်သွားပြီး ရွာသားတွေအကုန် သေကုန်ကျတယ်လေ"

"အကုန်သေကုန်ပြီဆိုရင် ဘာစစ်ဆေးစရာ ရှိတော့လို့လဲ"

"အဲဒီလောက် ရိုးရှင်းရင်ကောင်းတာပေါ့။ ပြီးခဲ့တဲ့နှစ်ရက်က ငါတို့ တွေ့ခဲ့ရတာက သေသွားတဲ့ရွာသားတွေ ပြန်ပေါ်လာကြတယ်" ဖန်ချီက ကောင်းကင်ကို ကြည့်ကာအချိန်ကို ခန့်မှန်းလိုက်ပြီး ပြောလိုက်လေသည်။ "နောက်ထပ် နှစ်နာရီလောက်ကြာရင် သူတို့ ပေါ်လာကြလိမ့်မယ်။ အသက်ရှင်တုန်းက ပုံစံအတိုင်းပဲ။ ပြီးရင် ခန္ဓာကိုယ်တွေက စတင်လောင်ကျွမ်းပြီး ပြာကျသွားလိမ့်မယ်။ ငါထင်တာတော့ သူတို့တွေ အဲဒီတုန်းက အဲဒီလိုမျိုး သေဆုံးခဲ့ကြတာနေမှာ"

ပိုင်ရှိုးမင်၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာတော့သည်။

"မင်းက နဂါးမျိုးတွေ အကြောင်းနားလည်တယ်လို့ ငါ မှတ်မိနေသေးတယ်။ ဒါ ဘယ်လိုဖြစ်တာလဲ ဆိုတာသိလား" ဖန်ချီက မေးလိုက်သည်။

ပိုင်ရှိုးမင်သည် ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။ "အဲဒီနဂါးက လွတ်မြောက်သွားပြီးတော့ နဂါးမျိုးနွယ်ထဲက လူကြီးတွေကို သွားရှာခဲ့ပုံရတယ်။ နဂါးမျိုးနွယ်တွေက ဝိညာဉ်ထိန်းချုပ်တာ မကျွမ်းကျင်ပေမယ့် ချွင်းချက်တော့ ရှိတယ်လေ။ ဒီရွာက လူတွေရဲ့ဝိညာဉ်တွေ ဖမ်းချုပ်ခံထားရပြီး ညတိုင်း သေခါနီးနာကျင်မှုကို ပြန်လည်ခံစားနေရတာဖြစ်မယ်"

ပိုင်လုံရွာကလူတွေ ထင်မထားခဲ့တာပဲ ဖြစ်လောက်တယ်။ သေတုန်းက နာနာကျင်ကျင် သေခဲ့ရသလို သေပြီးသွားတော့လည်း ငြိမ်းချမ်းမှု မရရှိဘူး။

ဖန်ချီသည် မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်တကြီးပြောလိုက်၏။ "ဒီလောက်ရက်စက်တဲ့ နည်းလမ်းဆိုတော့ တစ်ဖက်လူက ရုံးတော်ကိုပါ အငြိုးထားနေမလား"

"မပြောတတ်ဘူး။ ခင်ဗျားက တပ်မှူးချုပ်ကို သတင်းပို့လိုက်လို့ ရတယ်လေ။ တကယ်လာခဲ့ရင်တောင် ခင်ဗျား ရှင်းစရာ မလိုပါဘူး"

ဖန်ချီက ပိုင်ရှိုးမင်ပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွား၏။ ကြည့်ရသည်မှာ လက်သည်တရားခံက အဆင့်၅နဂါးဘုရင် ဖြစ်လောက်သည်။ သို့ဆိုလျှင်တော့ တစ်ဖက်လူက ဒေါသထွက်ရုံ သက်သက်ပဲဖြစ်ပြီး သာ့ရှနယ်မြေထဲသို့ ဝင်လာမည်မဟုတ်ပေ။

ဖမ်းချုပ်ခံထားရသည့် ရွာသားများ၏ ဝိညာဉ်များကတော့ ဒီနေရာတွင် ဆက်နေရပေလိမ့်မည်။ သူတို့မခံနိုင်သည့် တစ်နေ့ကျလျှင်တော့ ကိုယ့်ဘာသာကိုယ် ပျောက်ကွယ်သွားကြပေလိမ့်မည်။

...

All Chapters