← Chapters

သူ့ရဲ့အားချန်က မိစ္ဆာတစ်ကောင် ဖြစ်နေတယ် ...

Vol. 19 Ch. 189

သူ့ရဲ့အားချန်က မိစ္ဆာတစ်ကောင် ဖြစ်နေတယ် ...

Vol. 19 Ch. 189

အမျိုးသား၏ အရိုးအဆစ် သွယ်လျသော လက်ချောင်းများသည် ပါးလွှာသော စာရွက်ပေါ်တွင် ထောက်လိုက်သည်နှင့် စာရွက်သည် တဖြစ်ဖြစ် အသံမြည်ကာ ကွဲအက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တင်းအားပျောက်ဆုံးသွားကာ အစအနများအဖြစ် ပြောင်းလဲသွားလေသည်။

စက္ကူစလေးများသည် မီးကျွမ်းကာ လိပ်ဝင်သွားပြီး နောက်ဆုံးတွင် ပြာပုံအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုကြီးမားသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည့် စာသည် လုံးဝ ပျောက်ကွယ်သွားသော်လည်း ပိုင်ရှိုးမင်၏ လက်ချောင်းများသည် စားပွဲပေါ်တွင် ထောက်ထားဆဲဖြစ်ပြီး အားစိုက်ထားမှုကြောင့် လက်ချောင်းထိပ်များ ဖြူဖျော့နေလေသည်။

သူ့မျက်စိရှေ့တွင် ဖြန့်ခင်းထားသော အမှန်တရားက သူယခင်က သံသယဝင်ခဲ့ဖူးသော အရာများသည် အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းစွာ ပြောပြနေသယောင်ပင်။

အလင်းရောင်သည် တံခါးကြားမှတစ်ဆင့် ထိုးဝင်လာပြီး ဖုန်မှုန့်လေးများသည် အလင်းတန်းကြားတွင် လွင့်မျောနေကြသည်။ ပိုင်ရှိုးမင်သည် မျက်လွှာချထားပြီး အေးစက်သော ကျောက်ရုပ်တုတစ်ခုကဲ့သို့ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေလေသည်။

အားချန် ... သူ၏လျှာဖျားပေါ်တွင် အကြိမ်ပေါင်းများစွာ ရေရွတ်ခဲ့ဖူးသော နာမည်သည် အမှန်တကယ်ပင် ဒဏ်ရာဗရပွနှင့် ထိုမြေခွေးမိစ္ဆာ ပိုင်ဆိုင်သော အရာဖြစ်နေခဲ့သည်။

ကျိချန်၏ ခန္ဓာကိုယ်ခွံထဲတွင် အားချန်ဟုခေါ်သော မြေခွေးမိစ္ဆာတစ်ကောင် ပုန်းကွယ်နေခဲ့ခြင်းပင်။

သူ့ရဲ့အားချန်က မိစ္ဆာတစ်ကောင်ပဲ။

တံခါးကြားမှ ဝင်ရောက်လာသော အလင်းရောင်သည် တဖြည်းဖြည်း ရွေ့လျားသွားပြီး နေဝင်ချိန်ရောက်သောအခါ အမှောင်ထုထဲတွင် ပျော်ဝင်သွားတော့သည်။

အမှုမှတ်တမ်းကို တင်ပြပြီးကတည်းက ဖုန်းယန်သည် တံခါးအပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ပြီး နေ့တစ်ဝက်ကျော် ကြာမြင့်သွားသော်ငြား အတွင်းထဲမှ မည်သည့်လှုပ်ရှားမှုမှ မကြားရချေ။

ထိုအချိန်တွင် ကျန်းခိုင်သည် အပြင်ဘက်မှ အလျင်အမြန် လျှောက်လှမ်းလာခဲ့သည်။ ဖုန်းယန် တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသောအခါ သူက ထူးဆန်းသလို ကြည့်လိုက်ပြီး မေးလေသည်။ မင်း ဒီမှာ ဘာလုပ်နေတာလဲ"

ဖုန်းယန်က ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်၏။ "မင်းက လူကြီးမင်းကို လာရှာတာလား"

"ဟုတ်တယ်။ ပေဟွမ်ဝမ်က ခုနက လူလွှတ်လိုက်တယ်။ မနက်ဖြန်ကျရင် မြေအောက်အကျဉ်းထောင်ထဲက ဟွမ်လင်းကို တွေ့ချင်တယ်လို့ ပြောတယ်"

ဖုန်းယန်သည် မျက်မှောင်ကြုတ်လိုက်ကာ "သူက မြေအောက်အကျဉ်းထောင်ကို ဘာနေရာမှတ်လို့ ဝင်ချင်တိုင်း ဝင်လို့ရရမှာလဲ"

ကျန်းခိုင်က အသံကို နှိမ့်ချလိုက်ပြီး "တပ်မှူးချုပ်က သဘောတူလိုက်ပြီလို့ ပြောတယ်။ ဒါကြောင့် ငါက လူကြီးမင်းရဲ့ သဘောထားကို လာမေးမလို့လေ"

ပြောပြီးသည်နှင့် သူက တံခါးကို ခေါက်ရန် ပြင်လိုက်သည်။

ကျန်းခိုင် လက်လှမ်းလိုက်သည်နှင့် ဖုန်းယန်က ကမန်းကတန်း တားဆီးလိုက်လေသည်။ "မင်း နေဦး။ လူကြီးမင်းက အခုချိန်မှာ ဘယ်သူ့ကိုမှ တွေ့ချင်မှာ မဟုတ်ဘူး။ မင်းဝင်သွားရင် ကံဆိုးသွားလိမ့်မယ်"

"ဘာကိစ္စဖြစ်လို့လဲ" ဖုန်းယန်၏ သတိပေးစကားကို ကြားလိုက်ရသောအခါ ကျန်းခိုင်၏ စိတ်ထဲတွင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။

"မမေးနဲ့"

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အခန်းတံခါးသည် အတွင်းဘက်မှ တွန်းဖွင့်ခံလိုက်ရပြီး ပိုင်ရှိုးမင် ထွက်လာခဲ့လေသည်။

"လူကြီးမင်း" သူတို့နှစ်ဦးသည် ချက်ချင်းပင် ပိုင်ရှိုးမင်ကို ဂါရဝပြုလိုက်ကြ၏။

ပိုင်ရှိုးမင်သည် ခြေလှမ်းရပ်တန့်သွားပြီး ခေါင်းလှည့်ကာ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအေးစက်သော အကြည့်ကြောင့် သူတို့နှစ်ဦးမှာ အသက်ပင် အောင့်ထားလိုက်မိသည်။

"ပိုင်ကျန့်ဟွမ်က ဟွမ်လင်းကို တွေ့ချင်တာလား"

"ဟုတ်ကဲ့" ကျန်းခိုင်သည် တံတွေးကို မျိုချလိုက်ပြီး ပြန်ဖြေလိုက်၏။

"ဒါဆိုရင် သူ့ကို ပေးတွေ့လိုက်"

ပြောပြီးသည်နှင့် သူသည် လှည့်ပင်မကြည့်ဘဲ လျှောက်လှမ်းကာ ထွက်ခွာသွားတော့သည်။

သူ၏အရိပ် ပျောက်ကွယ်သွားသည့် အချိန်မှသာ သူတို့နှစ်ဦးသည် အသက်ဝဝ ရှူရဲကြတော့သည်။

"လူကြီးမင်းက ဘာဖြစ်သွားတာလဲ" ကျန်းခိုင်က ဖုန်းယန်ကို တံတောင်နှင့် တွန်းလိုက်သည်။

ဖုန်းယန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ကိစ္စကြီးတော့မယ် ထင်တယ်"

တကယ်လို့ ကျိမိန်းကလေးရဲ့ အထောက်အထားသာ တကယ်ပြဿနာရှိနေရင် လူကြီးမင်းက မိစ္ဆာမျိုးနွယ်ကို ဒီလောက်မုန်းတီးတာဆိုတော့ လူသတ်မှုများ ဖြစ်သွားမလား။

ဖုန်းယန်၏ စိတ်ထဲတွင် အလွန်ထိတ်လန့်နေသော်ငြား ဤကိစ္စကို ပြင်ပလူများအား ပြောပြ၍ မရနိုင်သဖြင့် သူသည် ကျန်းခိုင်ကို ဆွဲခေါ်ကာ ထွက်ခွာသွားရတော့သည်။

ဒီနေ့တွင် အားချန်သည် နေ့စဉ်ရက်များအတိုင်း ဖြတ်သန်းခဲ့ပြီး လင်းမိသားစု၏ ကိစ္စက သူမ၏ စိတ်အခြေအနေကို သက်ရောက်မှု မရှိခဲ့ပေ။ ညစာစားချိန်တွင် သူမသည် ဟင်းရည်ကိုပင် ပန်းကန်လုံးအသေး တစ်ဝက်ခန့် ပိုသောက်ခဲ့လေသည်။

ဟိုင်အချိန် အစပိုင်းတွင် ခြံဝင်းငယ်လေးထဲက မီးရောင်များ ငြိမ်းသွားခဲ့ပြီး အားချန်သည် စောင်ပါးလေးကို ပိုက်ကာ အိပ်ပျော်သွားခဲ့လေသည်။ ခေါင်းအုံးဘေးတွင် မဖတ်ရသေးသော ဝတ္ထုစာအုပ်တစ်အုပ်ကို ဖွင့်လျက်သား တင်ထားလေသည်။

သူမ ကိုယ်ကိုလှည့်လိုက်သည့် အချိန်တွင် လက်မောင်းက စာအုပ်ကို ကုတင်စွန်းဘက်သို့ တွန်းပို့လိုက်မိသည်။ စာအုပ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေချိန်တွင် မမြင်ရသော စွမ်းအားတစ်ခုက စာအုပ်ကို ပင့်တင်လိုက်ပြီး အမှောင်ထဲတွင် ပုန်းကွယ်နေသော အမျိုးသား၏ လက်ထဲသို့ ရောက်ရှိသွားခဲ့လေသည်။

အားချန် ဒီနေ့ဖတ်နေသည့် စာအုပ်မှာ သရဲတစ္ဆေ ဇာတ်လမ်းဖြစ်ပြီး စာပေသမားတစ်ဦးက ပျက်စီးနေသော ဘုရားကျောင်းတွင် ညအိပ်ရာ ရုပ်ရည်ချောမောလှပသည့် မြေခွေးမိစ္ဆာ၏ ဖြားယောင်းမှုကို ခံရသည့် ရိုးရှင်းသော ဇာတ်လမ်းမျိုးသာ ဖြစ်လေသည်။

နောက်ပိုင်းတွင် မြေခွေးမိစ္ဆာက စာပေသမားသည် မိစ္ဆာဖမ်းသူ ဖြစ်ကြောင်း သိရှိသွားပြီး လူတစ်ယောက်နှင့် မိစ္ဆာတစ်ကောင် အပြန်အလှန် ချစ်ကြိုက်သွားကြသော်ငြားလည်း ဂုဏ်ပုဒ်များကြောင့် ဝမ်းနည်းပူဆွေးဖွယ်ရာ အချစ်ဇာတ်လမ်း ဖြစ်သွားခဲ့လေသည်။

ဒါသည် မကြာသေးမီက ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်ပြီး သူဌေးရွှီက အထူးတလည် ညွှန်းဆိုထားခြင်း ဖြစ်လေသည်။

စာအုပ်စာရွက်များသည် လေတိုက်ခတ်ခြင်း မရှိဘဲ သူ့အလိုလို လှုပ်ရှားနေပြီး တစ်ရွက်ပြီးတစ်ရွက် တိတ်ဆိတ်စွာ လှန်နေလေသည်။ နောက်ဆုံးစာမျက်နှာသို့ ရောက်ရှိပြီး ပိတ်သွားသည့်အချိန်အထိ ဒီဇာတ်လမ်းက စာအုပ်ဖတ်သူကို စိတ်လှုပ်ရှားမှု တစ်စက်ကလေးမှ မပေးစွမ်းနိုင်ခဲ့ချေ။

ပိုင်ရှိုးမင်သည် စာအုပ်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး ကုတင်ရှိရာသို့ ကြည့်လိုက်ရာ အမှောင်ထုသည် သူ၏အမြင်အာရုံကို လုံးဝ တားဆီးနိုင်ခြင်း မရှိချေ။

ယခုအချိန်တွင် သူ၏မြင်ကွင်းထဲ၌ အားချန်သည် သူ့ဘက်သို့ မျက်နှာမူကာ ဘေးတိုက် အိပ်စက်နေပြီး ခန္ဓာကိုယ်သည် အသက်ရှူလိုက်တိုင်း နိမ့်ချီမြင့်ချီ ဖြစ်နေလေသည်။ သူမ၏ ရင်ခွင်ထဲတွင် စောင်တစ်ပုံကို ပိုက်ထားပြီး ဖြူဖွေးဝင်းပသော ခြေထောက်တစ်ဖက်က ကျန်နေသည့် စောင်ပေါ်တွင် တင်ထားလေသည်။

ပိုင်ရှိုးမင်သည် ကုတင်ဘေးသို့ လျှောက်သွားပြီး မျက်လွှာချကာ သူမကို စိုက်ကြည့်နေမိတော့၏။

အားချန် အိပ်ပျော်နေသည့် ပုံစံသည် အေးချမ်းပြီး လိမ်မာပုံရသော်ငြား မျက်လုံးပွင့်လာသည်နှင့် တပြိုင်နက် ဒီခန္ဓာကိုယ်အောက်တွင် ဖုံးကွယ်ထားသော ဝိညာဉ်က သူမကို ချက်ချင်း သက်ဝင်လှုပ်ရှား လာစေလေသည်။

သူမကို ပထမဦးဆုံး စတွေ့သည့် အချိန်ကတည်းက သူမသည် သူ၏အမြင်အာရုံထဲတွင် ကာလကြာရှည်စွာ တည်ရှိနေခဲ့လေသည်။ ထိုနောက်ပိုင်းတွင် တစ်ကြိမ်တွေ့လိုက်တိုင်း ပိုပြီး စွဲလမ်းလာခဲ့ရသည်။

သူမက အလိုလိုက်ခံရတာကို ကြိုက်ပြီး သူ့နာမည်ကို လေသံအမျိုးမျိုးဖြင့် ခေါ်ကာ သူ့ကို "လူကြီးမင်း" ဟု ခေါ်ပြီး သူမ၏ ရည်ရွယ်ချက်လေးများ ပြည့်မြောက်အောင် ချော့မော့တတ်လေသည်။

သူမက အငြိုးအတေးလည်း ကြီးပြီး အနည်းငယ် အရှုံးပေါ်သည်နှင့် ချက်ချင်း လက်တုံ့ပြန်တတ်လေသည်။

သူသည် သူမ၏ မတူညီသော ပုံစံများကို အလွန် နှစ်သက်မိလေသည်။

ပိုင်ရှိုးမင်၏ လက်ချောင်းထိပ်လေးများသည် အားချန်၏ နှုတ်ခမ်းလွှာကို ညင်သာစွာ ထိတွေ့လိုက်၏။ ထိုနူးညံ့မှုက သူ့ကို စုပ်ယူနမ်းရှိုက်ခဲ့သည့် ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ပြန်လည်အမှတ်ရ စေလေသည်။

ဒီပါးစပ်လေးက တကယ်ကို ချိုမြိန်လွန်းလှသည်။ ပြောလိုက်သည့် စကားများက ပျားရည်သုတ်ထားသလို ဖြစ်နေပြီး အတွင်းထဲတွင် အဆိပ်များ ပါဝင်နေလျှင်ပင် သူ့ကို ခေါင်းမူးနောက်သွားအောင် လှည့်စားနိုင်ကာ နစ်မွန်းသွားပြီး ရုန်းမထွက်နိုင်အောင် ပြုလုပ်နိုင်လေသည်။

သူ၏လက်ပေါ်က အားက အနည်းငယ် များသွားပုံရပြီး အားချန်သည် ညည်းညူသံလေး ပြုလုပ်ကာ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး ပြန်ပိတ်သွားလေသည်။

ပိုင်ရှိုးမင် လက်ကိုလွှတ်လိုက်သောအခါ နှုတ်ခမ်းသား အရောင်သည် ချက်ချင်းဆိုသလို ပိုပြီးတောက်ပ လာတော့သည်။

သူသည် ဖြားယောင်းမှုကို ခံလိုက်ရသကဲ့သို့ လက်ကို အားချန်၏ ခေါင်းအုံးဘေးတွင် ထောက်လိုက်ပြီး ဖြည်းဖြည်းချင်း ငုံ့ကိုင်းလိုက်ရာ မြင့်မားသော ခန္ဓာကိုယ်သည် သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးကို လုံးဝ ဖုံးအုပ်သွားတော့သည်။

ပိုင်ရှိုးမင်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပါးလွှာသော နှုတ်ခမ်းများက အားချန်၏ နှုတ်ခမ်းနှင့် ထိတွေ့လုနီးပါး ဖြစ်နေချိန်တွင် ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားလေသည်။

အိပ်မောကျနေသော အားချန်သည် ရင်းနှီးသော အငွေ့အသက်ကို ခံစားမိလိုက်သကဲ့သို့ "ပိုင်ရှိုးမင် ..." ဟု ရေရွတ်လိုက်လေသည်။

ထိုအသံသည် လေပြည်တစ်ချက် သူ့ရင်ထဲသို့ ဖြတ်သန်းသွားသလို ဖြစ်သွားပြီး သူ့စိတ်နှလုံးကို ချက်ချင်း ပျော့ပျောင်းသွားစေကာ မူလက တောင့်တင်းနေသော ခန္ဓာကိုယ်သည် နောက်ဆုံးတွင် သဘာဝဗီဇကို မလွန်ဆန်နိုင်တော့ဘဲ လက်တစ်ကမ်းတွင် ရှိနေသော နှုတ်ခမ်းကို ငုံခဲလိုက်လေတော့သည်။

အားချန် အိပ်ပျော်နေချိန်တွင် တစ်ကိုယ်လုံး ပျော့ပျောင်းနေပြီး နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟနေသဖြင့် သွားတန်းလေးများကို အလွယ်တကူ ဖွင့်ဟနိုင်ကာ ပါးစပ်အတွင်းက အရည်ကြည်များကို စိတ်ကြိုက် မွှေနှောက်ခွင့် ပြုလိုက်လေသည်။

သူမအပေါ်တွင် အုပ်မိုးထားသော အမျိုးသားသည် အလွန် လောဘကြီးလွန်းလှပြီး တော်သင့်ရုံနှင့် မရပ်တန့်ဘဲ အားချန် အသက်ရှူမဝ ဖြစ်လာသည်အထိ နမ်းရှိုက်နေမှသာ သူမသည် နောက်ဆုံးတွင် မျက်လုံးပွင့်လာခဲ့လေသည်။

အားချန်သည် ကုတင်ပေါ်တွင် ကြောင်အမ်းအမ်းဖြင့် ပက်လက်လှန်နေပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။ စိုစွတ်ပြီး ပူနွေးကာ ရင်းနှီးနေသော အသက်ရှူငွေ့များသည် သူမ၏ ပူလောင်နေသော နားရွက်မှတစ်ဆင့် သွယ်လျပြီး နူးညံ့သော လည်ပင်းသို့ ပျံ့နှံ့သွားလေသည်။

"ရှင် ... အွန်း ..." ရုတ်တရက် ဝင်ရောက်လာမှုကြောင့် မျက်လုံးဝိုင်းလေးများ အနည်းငယ် မှေးစင်းသွားလေသည်။ အားချန်၏ ဦးနှောက်သည် တဖြည်းဖြည်း မူးဝေလာပြီး သူ ဒီနေရာကို ဘာကြောင့် ရောက်နေသည်ကို မေးမြန်းရန်ပင် မေ့လျော့သွားတော့သည်။ သူမသည် သူ၏လက်တစ်ဖက်ဖြင့် ဖြားယောင်းမှုကို ခံလိုက်ရပြီး သူ့ခါးပတ်ကို ဖြေလျော့ပေးနေမိတော့သည်...

အမှောင်ထုထဲတွင် အဝတ်စများ စုတ်ပြဲသံသည် ထူးထူးခြားခြား ရှင်းလင်းနေပြီး ပါးလွှာသော ညအိပ်ဝတ်စုံလေးသည် အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရကာ အမျိုးသား၏ ဝတ်ရုံရှည်ပေါ်သို့ ကျရောက်သွားလေသည်။

အားချန်သည် ကုတင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး လက်တစ်ဖက်က ပိုပြီး ပြင်းထန်သော အားကို လက်မခံနိုင်တော့သကဲ့သို့ သွယ်လျနေသော ခါးပေါ်တွင် ဖိထားကာ အပြန်ပြန်အလှန်လှန် ပွတ်သပ်နေလေသည်။

"အားချန် ... အားချန် ... ကိုယ့်ကို သဘောကျလား"

သူသည် သူမ၏ နာမည်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ခေါ်ဝေါ်နေပြီး အလွန်အမင်း နူးညံ့သိမ်မွေ့နေလေသည်။

"ရှင် ထွက်သွား !" အားချန်က သူ့ကို ဂရုမစိုက်ချင်ပေ။ သူမသည် အလိမ်ခံရလွန်းသဖြင့် ဒုက္ခရောက်ခဲ့ရပြီ ဖြစ်ရာ နောက်ထပ် အလိမ်ခံရတော့မည် မဟုတ်ချေ။

သို့သော် ထိုအဖြေစကားသည် သူ့ကို ပိုပြီး ကျေနပ်သွားစေသယောင် ရှိလေသည်။

အားချန်သည် တိုးတိုးလေး ရှိုက်ငိုနေပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေကာ ထိုအမျိုးသား စိတ်ပျော့သွားစေရန် ကြိုးစားလိုက်သော်ငြား သူက သူမ၏ စိတ်ကူးလေးကို ဖောက်ထွင်းမြင်နေရသကဲ့သို့ သူမ၏ ဆန္ဒအတိုင်း လိုက်လျောရန် လုံးဝ ငြင်းဆန်လေသည်။

ခန္ဓာကိုယ် လှုပ်ရှားလိုက်သည့် အကြိမ်တိုင်းသည် သူ့ကို ပိုမို ရက်စက် ကြမ်းကြုတ်လာစေရုံသာ ရှိလေသည်။

ဒီနေ့ညတွင် အားချန်သည် သူမ၏ ခန္ဓာကိုယ် ကျန်းမာရေး ပြန်ကောင်းလာခဲ့သည်ကို အကြိမ်ကြိမ် နောင်တရနေမိတော့သည်။ အကယ်၍သာ အရင်ကဆိုလျှင် သူမ သတိမေ့သွားနိုင်လောက်ပြီ ဖြစ်လေသည်။

ယခုတော့ သူမသည် ထိုအမျိုးသား၏ ကိုယ်ချင်းစာစိတ်ကိုသာ မျှော်လင့်ရတော့သည်။ သို့သော် ထိုအမျိုးသားတွင် နှလုံးသား မရှိချေ။

အချိန်မည်မျှ ကြာသွားသည်ကို မသိတော့ချေ။ ပြတင်းပေါက် စက္ကူပေါ်တွင် ထင်ဟပ်နေသော အရောင်သည် မည်းမှောင်ရာမှ ဖျော့တော့သော အစိမ်းရောင်သို့ ပြောင်းလဲသွားသည်ကိုသာ သူမ သိလိုက်သည်။

မိုးလင်းတော့မည်။

ပိုင်ရှိုးမင်သည် နောက်ဆုံးတွင် အားချန်ကို လွှတ်ပေးလိုက်တော့သည်။ သူမသည် သူ၏ရင်ခွင်ထဲတွင် ကျုံ့နေပြီး ခန္ဓာကိုယ်သည် ထိန်းချုပ်မရဘဲ ဆက်လက် တုန်ယင်နေကာ အသိစိတ်များ ဝေဝါးလာတော့သည်။

နောက်ဆုံးမြင်ကွင်းတွင် ပိုင်ရှိုးမင်က သူမ၏ နှာခေါင်းထိပ်လေးကို နမ်းကာ နူးညံ့သည့် အသံဖြင့် ပြောလိုက်သည်ကို မြင်လိုက်ရ၏။ "အိပ်တော့"

တိရစ္ဆာန်ကောင်။

အားချန်သည် စိတ်ထဲတွင် ဆဲဆိုလိုက်ပြီးနောက် အသိစိတ် လုံးဝ လွတ်သွားလေတော့သည်။

ပိုင်ရှိုးမင်သည် ကုတင်အောက်သို့ ကျနေသော စောင်ပါးကို ကောက်ယူလိုက်ပြီး အားချန်၏ ကိုယ်ပေါ်တွင် လွှမ်းခြုံပေးလိုက်သည်။ ထိုနောက်တွင် သူ ထထိုင်လိုက်ရာ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ကြည့်ရဆိုးသော ဒဏ်ရာများ ရှိနေလေသည်။

ကုတ်ရာ ခြစ်ရာ ကိုက်ရာများ ပြည့်နှက်နေပြီး လည်ပင်းဘေးက ကိုက်ရာတစ်ခုပေါ်တွင် သွေးစများပင် စို့နေသေးသည်။

သူသည် ထိုအရာများကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်က အဝတ်အစားများကို ကောက်ယူကာ ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်ပြီး တံခါးဖွင့်ကာ ထွက်ခွာသွားလေသည်။

ချန်ဟွေ့သည် အိပ်စက်ရန် မလိုအပ်သော်ငြား သူမသည် ပုံမှန် အသက်ရှင်နေသော လူများကဲ့သို့ အိပ်စက် အနားယူလေ့ရှိသည်။ သို့သော် သူမ၏ အိပ်စက်မှုက အလွန်တိမ်ပြီး အသံအနည်းငယ် ကြားရုံဖြင့် နိုးထလာတတ်သည်။

ဒီတစ်ကြိမ်တွင် သူမသည် ရေတွင်းထဲသို့ ရေပုံးကျသွားသည့် အသံကို ကြားလိုက်ရလေသည်။

ချန်ဟွေ့က မျက်လုံးဖွင့်လိုက်၏။

လေးပုံးမြောက် ရေကို ဆွဲတင်လိုက်သည့် အချိန်တွင် မျက်နှာချင်းဆိုင် အခန်းတံခါး ပွင့်သွားခဲ့သည်။ အတွင်းကလူသည် ထွက်မလာဘဲ တံခါးပေါက်တွင် ရပ်ကာ အပြင်သို့ ကြည့်နေလေသည်။

ပိုင်ရှိုးမင်သည် ရေပုံးကို ကိုင်ဆောင်ထားရင်း တံခါးအတွင်းက ချန်ဟွေ့နှင့် အကြည့်ချင်း ဆုံလိုက်ပြီး သူ့အကြည့်များက တည်ငြိမ်နေလေသည်။

တံခါးသည် ဝုန်းခနဲ အသံနှင့်အတူ ပြန်ပိတ်သွားပြီး ခြံဝင်းငယ်လေးသည် ဘာမှမဖြစ်ခဲ့သလို တိတ်ဆိတ်ငြိမ်သက် သွားပြန်သည်။

ပိုင်ရှိုးမင်သည် ရေပုံးကို ကိုင်ကာ တခြားအခန်းထဲသို့ ပြန်ဝင်သွားပြီး ရေပုံးထဲက ရေများကို ရေချိုးကန်ထဲသို့ လောင်းထည့်လိုက်ကာ လက်ဖြင့် မွှေလိုက်သည်တွင် ရေနွေးငွေ့များ ထွက်ပေါ်လာတော့သည်။

သူသည် ကုတင်ဆီသို့ ပြန်သွားပြီး အားချန်ကို ပွေ့ချီလိုက်ကာ ရေချိုးကန်ထဲသို့ ထည့်လိုက်ပြီးနောက် အဝတ်အစားများကို ချွတ်ကာ သူပါ ဝင်ထိုင်လိုက်လေသည်။

အသိစိတ်လွတ်နေသည့် အားချန်သည် သူ့ရင်ခွင်ထဲတွင် မှီနေပြီး ပိုင်ရှိုးမင်သည် သူမ၏ ဆံပင်များကို စုစည်းလိုက်ကာ လေးလေးနက်နက် အမူအရာဖြင့် သူမအတွက် ဆံပင်များကို သပ်ရပ်အောင် ပြင်ဆင်ပေးလိုက်သည်။ ထိုနောက်တွင် ရေကို လက်ခုပ်ဖြင့် ခပ်ယူကာ သူမ၏ ပခုံးပေါ်သို့ လောင်းချပေးလိုက်၏။

သူမ၏ ပါးပြင်သည် ပိုင်ရှိုးမင်၏ ရင်ဘတ်တွင် ကပ်နေပြီး ခန္ဓာကိုယ်သည် သူ၏ အသက်ရှူသံနှင့်အညီ နိမ့်ချီမြင့်ချီ ဖြစ်နေလေသည်။

ပိုင်ရှိုးမင်၏ လက်သည် သူမ၏ ခန္ဓာကိုယ် နေရာအနှံ့ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ လည်ပင်း၊ နှလုံး၊ ကျောရိုးမကြီး၊ အစအဆုံး အားချန်ထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ချေ။ သူမ တကယ်ကို ပင်ပန်းနေပြီ ဖြစ်လေသည်။

"အားချန်" ပိုင်ရှိုးမင်သည် ရင်ခွင်ထဲကလူကို ငုံ့ကြည့်လိုက်ပြီး နာမည်ကို ခပ်တိုးတိုး ခေါ်လိုက်လေသည်။ ဒီလိုဆိုရင် သူမက သူ့တစ်ယောက်တည်း ပိုင်ဆိုင်သည့်အရာ ဖြစ်သွားသလိုပင်။

ဒီအခြေအနေ ရောက်မှတော့ သူ ဝန်ခံရပေတော့မည်။ နေ့လယ်က စာထဲက အကြောင်းအရာများက သူ့အပေါ် သက်ရောက်မှု ရှိသော်ငြား အားချန်၏ နာမည်နှင့် ပေဟွမ်ဝမ်ဆိုသည့် နာမည်သုံးလုံး ယှဉ်တွဲနေသည်ကို မြင်လိုက်ရသည့် ဒေါသလောက်တော့ မပြင်းထန်ခဲ့ချေ။

သူမ ဘာကြောင့် ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့သည်ကို သိလိုခြင်းထက် သူ ပိုသိချင်သည်မှာ သူမ ပေဟွမ်ဝမ်ဘေးတွင် ရှိနေစဉ် နှစ်များ၌ ပိုင်ကျန့်ဟွမ် အပေါ်တွင်လည်း ထိုကဲ့သို့ စိတ်မျိုး ရှိခဲ့ဖူးသလား ဆိုသည်ကိုပင်။

ဒီအတွေး ပေါ်လာသည်နှင့် တပြိုင်နက် သူ့မျက်လုံးထဲတွင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ လှိမ့်ဝင်လာတော့သည်။

သို့သော် လျင်မြန်စွာပင် ထိန်းချုပ်လွတ်ကင်းနေသော စိတ်ခံစားချက်များကို အတင်းအကြပ် ဖိနှိပ်လိုက်လေသည်။

သူမ ဒီလိုဖြစ်မှာ မဟုတ်ဘူး။

အကယ်၍ တစ်ချိန်က အနည်းငယ် ရှိခဲ့ဖူးရင်တောင် အခုချိန်မှာတော့ လုံးဝ ကျန်ရှိတော့မှာ မဟုတ်ဘူး။

သူ့ရဲ့အားချန်က ဒီလောက် အငြိုးအတေး ကြီးတာပဲ။ ပေဟွမ်ကနေ ရှန့်ကျင်းကို ရောက်လာခဲ့တဲ့ ခန္ဓာကိုယ် အနှံ့က ဒဏ်ရာတွေက ပိုင်ကျန့်ဟွမ်အတွက် ဖြစ်နိုင်ခြေ ရှိသမျှ အားလုံးကို ဖြတ်တောက်ဖို့ လုံလောက်နေပြီ။

ဒါပေမဲ့ သူက သူမ၏ ပါးစပ်ကနေ အဖြေကို ကြားချင်နေမိသည်။ တကယ်လို့ သူမကို မေးရင်တော့ သူမက ပြောပြမှာ မဟုတ်ဘူး။

ပိုင်ရှိုးမင်၏ လက်သည် သူမ၏ မေးစေ့ကို ကိုင်လိုက်ပြီး မျက်နှာကို ဆွဲမော့လိုက်ကာ နှုတ်ခမ်းကို သူမ၏ နားရွက်ဘေးတွင် ကပ်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်လေသည်။ "အားချန် ... မင်း ကိုယ့်ကို ပြောခဲ့တဲ့ စကားတွေထဲမှာ ဘယ်လောက်များများက အမှန်တွေလဲ။ ဘယ်လောက်များများက အလိမ်အညာတွေလဲ"

အားချန်ကတော့ ဘာမှပြန်မဖြေခဲ့ချေ။ အကြောင်းမှာ သူမ ဘာမှ မကြားရသောကြောင့်ပင်။

အချိန်အတော်ကြာမှ ပိုင်ရှိုးမင်သည် ကံတရားကို လက်ခံလိုက်သကဲ့သို့ နှာခေါင်းထိပ်ဖြင့် သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်လေသည်။ "ထားလိုက်ပါတော့။ မင်း ထာဝရ မပြောင်းလဲသရွေ့တော့ မင်းပြောသမျှ စကားတွေ အားလုံးက အမှန်တွေလို့ပဲ သတ်မှတ်လိုက်ပါ့မယ်"

...

All Chapters