← Chapters

မတော်တဆမှုတွေကြားက မတော်တဆမှု။ တကယ်ပဲ ...

Vol. 20 Ch. 193

မတော်တဆမှုတွေကြားက မတော်တဆမှု။ တကယ်ပဲ ...

Vol. 20 Ch. 193

သားဖြစ်သူ၏ သေတော့မလို ရှင်တော့မလို့ ပုံစံကိုကြည့်ပြီး မင်ဝမ်သည် သူ့စကားများကို ယုံကြည်ရန် ခဲယဉ်းနေတော့သည်။

"ချင်ဟန်က ဒီရက်ပိုင်း မင်းရုံးမတက်ဘူးဆိုပြီး ဒီဝမ်ရယ်ကို လာတိုင်တယ်"

"မနက်ဖြန် သွားလိုက်ပါ့မယ်"

"မနက်ဖြန်လည်း သွားစရာမလိုတော့ပါဘူး" ချင်းကျိုးမှာ မိစ္ဆာကြီးတစ်ကောင် ပေါ်လာတယ်။ ရုံးတော်တွေက လူတစ်ဝက်လောက် သေကုန်ပြီ။ ဒေသခံကျန့်ရှီဖူလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်။ မင်း လူခေါ်ပြီးသွားကြည့်လိုက်အုံး"

ပိုင်ရှိုးမင်သည် လက်ထဲက အရက်အိုးကို လွတ်ချလိုက်ပြီး ကြမ်းပြင်ပေါ်က ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ဇရပ်တိုင်လုံးကို ကိုင်ကာခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။ "သိပါပြီ"

"ဒါနဲ့ တကယ်ပဲ ဘာဖြစ်တာလဲ" အရေးကြီးကိစ္စ ပြောပြီးသည်နှင့် မင်ဝမ်သည်သူ၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းရန် မမေ့မလျော့ မေးလိုက်ပြန်သည်။

ပိုင်ရှိုးမင်က သည်းခံလိုက်ရပြီးမှ နောက်ဆုံးတွင်တော့ စိတ်ထဲက သံသယကို မေးမြန်းလိုက်တော့၏။ "ဖုဟွမ် မနှစ်က ရှန့်ယွမ်ပွဲတော်တုန်းက ရှန့်ကျင်းကိုဝင်လာတဲ့ မြေခွေးမိစ္ဆာကို မှတ်မိသေးလား"

မင်ဝမ်၏ မျက်ခုံးများက မသိမသာ ပင့်တက်သွားပြီး "သေချာမှတ်မိတာပေါ့"

"ဖုဟွမ်က အဲဒါမိတ်ဆွေဟောင်းရဲ့ သမီးပါလို့ ပြောခဲ့တယ်" ပိုင်ရှိုးမင်သည် ခဏလောက် ရပ်တန့်လိုက်ပြီး သူ့ကိုစူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်လေသည်။ "သူ မသေသေးဘူး ဆိုတာကို ဖုဟွမ် သိနေတယ် မဟုတ်လား"

မင်ဝမ်သည် ချောင်းဟန့်လိုက်ပြီး သားဖြစ်သူ၏ ခေါင်းမာသော အကြည့်အောက်တွင် အရှုံးပေးလိုက်ရတော့သည်။ "အဲဒါက ... ကြည့်လိုက်တာနဲ့ သိသာနေတာပဲလေ"

"ဒါဆို အဲဒီတုန်းက ကျွန်တော့်ကိုဘာလို့ မပြောပြခဲ့တာလဲ"

မင်ဝမ်၏ မျက်လုံးများက ဟိုရွေ့ဒီရွေ့ ရွေ့လျားသွားပြီး "ကောင်မလေးကလည်း ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေလုပ်တာမှ မဟုတ်တာ။ နှစ်ဦးသဘောတူ ဆိုတော့လည်း ခန္ဓာကိုယ် အတင်းလုယူတယ်လို့ ပြောလို့မရပါဘူး"

"ဒါဆိုရင် ဖုဟွမ်က သူ ဘယ်သူလဲဆိုတာ အစအဆုံးသိနေတာပေါ့"

"ဪ ... အဲဒါက" မင်ဝမ်သည် ဘယ်ညာကြည့်လိုက်ပြီး ရှောင်လွဲရန် ကြိုးစားလိုက်လေသည်။ "မင်းက သူ့ကို သဘောကျနေတာ မဟုတ်ဘူးလား"

ပိုင်ရှိုးမင်၏ မျက်စိရှေ့တွင် အမှောင်ကျသွားသလို ခံစားလိုက်ရ၏။ သူတို့ကြားက ကိစ္စသည် မင်ဝမ် ဖုံးကွယ်ထားခြင်းနှင့် မသက်ဆိုင်သော်ငြား သူသည် မနေနိုင်ဘဲ တွေးမိတော့သည်။

တကယ်လို့ သူသာ စောစောကတည်းက သိခဲ့ရင် ...

ဘာလုပ်မိမှာလဲ။

ကိုယ့်ဟာကိုယ် ထိန်းချုပ်ပြီး အားချန်နဲ့ အနာဂတ်မရှိအောင် တားဆီးနိုင်မှာလား။

ဒီဖြစ်နိုင်ခြေကို တွေးမိလိုက်သည်နှင့် ပိုင်ရှိုးမင်၏ ရင်ဘတ်ထဲတွင် စူးအောင့်ကာ နာကျင်လာလေတော့၏

အမှန်တရားကို မသိခြင်းကသာ အကောင်းဆုံး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သားဖြစ်သူက စိတ်ဓါတ်ပြန်ကျသွားသည်ကို မြင်လိုက်ရသောအခါ မင်ဝမ်ကလည်း စူးစမ်းစွာဖြင့် မေးလိုက်၏။ "သူ့ရဲ့သရုပ်မှန်ကို သိသွားလို့ ရန်ဖြစ်ကြတာလား"

သူ ပြန်မဖြေသည်ကို မြင်ရသောအခါ မင်ဝမ်က ထပ်မေးလိုက်လေသည်။ "မင်း ကိုယ်ထိလက်ရောက် လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်"

သားဖြစ်သူက မိစ္ဆာမျိုးနွယ်အပေါ် ထားရှိသည့် သဘောထားကို သိနေသဖြင့် မင်ဝမ်သည် ယခင်ကလည်း ဖျောင်းဖျခဲ့ဖူးသော်ငြား အသုံးမဝင်ခဲ့ချေ။ ကျင့်ကြံခြင်း လမ်းစဉ်တွင် ပြင်းထန်လွန်းသော စွဲလမ်းမှုရှိနေခြင်းသည် အဆင့်တက် ရောက်ရန်အတွက် အကျိုးမရှိဘဲ အဆိုးသာဖြစ်စေနိုင်သည်ကို ပြောပြသော်လည်း နားမဝင်ခဲ့ချေ။

ထို့ကြောင့် သားဖြစ်သူ သဘောကျနေသည့် ကောင်မလေး၏ သရုပ်မှန်တွင် ပြဿနာရှိနေကြောင်း သိလိုက်ရသည့်အချိန်က သူသည် တားဆီးခြင်း မပြုခဲ့သည့်အပြင် ဖြစ်လာမည့်အကျိုးရလဒ်ကိုလည်း စောင့်ကြည့်ချင်ခဲ့ မိလေသည်။

တလွဲများ ဖြစ်သွားပြီလား။ မဖြစ်လောက်ပါဘူး။

ပိုင်ရှိုးမင်သည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးထားလိုက်ပြီး "မလုပ်ပါဘူး"

ရန်တောင် မဖြစ်လိုက်ရပါဘူး။ သူက တစ်ဖက်သတ် အစွန့်ပစ်ခံလိုက်ရတာပါ။

"မလုပ်ရင် ပြီးတာပါပဲ။ ကိစ္စရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပြီးတာပဲလေ" အချစ်ရေးကိစ္စများကို နားမလည်သော မင်ဝမ်သည် သားဖြစ်သူ၏ ရင်ထဲကပြိုလဲ ပျက်စီးနေမှုကို လုံးဝ မမြင်တွေ့ခဲ့ချေ။

"သိပါပြီ" ပိုင်ရှိုးမင်သည် ကိုက်ခဲနေသော နားထင်ကိုဖိလိုက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဖခင်ဖြစ်သူ၏ ပါးစပ်ကို ပိတ်ချင်စိတ် ပေါက်သွားတော့၏။ "ဖုဟွမ် အရင်ပြန်နှင့်ပါ"

ဒီတကြိမ်တွင်တော့ မင်ဝမ်သည် သားဖြစ်သူ၏ ငြီးငွေ့မှုကို အမှန်တကယ် ခံစားလိုက်ရသဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေ၏။ "ငါက မင်းကို ဂရုစိုက်ချင်လွန်းလို့ မှတ်နေလား"

မင်ဝမ်ကို ပြန်လွှတ်လိုက်ပြီးနောက်တွင် ပိုင်ရှိုးမင်သည် ပြန်သွားပြီး ရေချိုးလိုက်ကာ တကိုယ်လုံးတွင် ဆွဲကပ်နေသော အရက်နံ့များကို ဆေးကြောသန့်စင်လိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်စက်လိုက်တော့သည်။ အားချန်ဆီမှ ပြန်လာကတည်းက သူသည် တစ်ခါမှ မျက်လုံးမမှိတ်ခဲ့ရချေ။

ဒီတစ်ခါ အိပ်စက်ခြင်းကတော့ နှစ်ခြိုက်ခြင်း မရှိလှချေ။ အိပ်မက်ထဲတွင် အားချန်၏ ပုံရိပ်များသာ ပြည့်နှက်နေပြီး မျက်လုံးဖွင့်လိုက်သည့် အခါတွင်တော့ ဟာလာဟင်းလင်း ဖြစ်နေသော အခန်းကိုကြည့်ရင်း စိတ်ထဲတွင် လစ်ဟာမှုများသာ ကျန်ရစ်လေတော့သည်။

နောက်တစ်နေ့ မနက်စောစောတွင် ပိုင်ရှိုးမင်သည် လူများကိုဦးဆောင်ကာ မြို့တော်မှထွက်ခွာသွားပြီး ချင်းကျိုးသို့ တန်းတန်းမတ်မတ် သွားရောက်လေ၏။

ပိုင်ကျန့်ဟွမ်၏ နားထဲသို့ သတင်းရောက်ရှိသွားချိန်တွင် သူသည် စာကြည့်ခန်းထဲ၌ လက်ရေးလှစာလုံးကို ရေးနေလေသည်။

ပိုင်ကျန့်ဟွမ်၏ လက်ရေးသည် အလွန်ကောင်းမွန်သည့်အပြင် သူသည် တခြားသူ၏ လက်ရေးကိုလည်း တုပနိုင်သည့် ပါရမီလည်း ရှိလေသည်။ အားချန် ပေဟွမ်သို့ စရောက်လာစဉ်က သူကသူမကို စာရေးနည်းသင်ပေးခဲ့ပြီး သူမကလည်း ကောင်းကောင်းမွန်မွန် သင်ယူတတ်မြောက်ခဲ့သည်။

"ဝမ်ရယ် ပိုင်ရှိုးမင်က ဒီနေ့မနက်ပဲ ချင်းကျိုးကို သွားပါပြီ။ ပေ့ယန်ဆီကလည်း သတင်းရောက်လာပါတယ်။ ချင်းကျိုးဘက်မှာ အားလုံးအဆင်သင့်ဖြစ်ပါပြီတဲ့"

ဟွမ်ဝူက စားပွဲဘေးတွင် ရပ်ကာသတင်းပို့လိုက်လေသည်။

"ကောင်းတယ်" နောက်ဆုံးစာကြောင်းကို ရေးဆွဲပြီးနောက် ပိုင်ကျန့်ဟွမ်သည် စုတ်တံကို ချထားလိုက်ပြီး "မြင်းလှည်း ပြင်ခိုင်းလိုက်။ ဒီဝမ်ရယ် နန်းတော်ထဲ ဝင်စရာရှိတယ်"

"ဝမ်ရယ် ဘာလုပ်ချင်လို့လဲ"

"ဒီဝမ်ရယ်လည်း ရှန့်ကျင်းကို ရောက်နေတာကြာပြီပဲ။ အရှင်မင်းကြီးဆီမှာ ပေဟွမ်ကိုပြန်ဖို့ ခွင့်တောင်းသင့်တဲ့ အချိန်ရောက်ပြီလေ"

"ဒါပေမဲ့ ဝမ်ရယ်က ကိစ္စတွေ မပြီးပြတ်သေးခင် ရှန့်ကျင်းကနေ မထွက်ခွာဘူးလို့ ပြောထားတယ် မဟုတ်လား" ဟွမ်ဝူက နားမလည်နိုင်စွာ ပြန်မေးလိုက်၏။

ပိုင်ကျန့်ဟွမ်က ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "တကယ်လို့ ပိုင်ရှိုးမင်က ကံကောင်းထောက်မစွာနဲ့ မသေခဲ့ရင် ဒီဝမ်ရယ်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ သူ မြို့တော်ကို ပြန်မရောက်လာခင် သူရဲ့နောက်ဆုံးအသက်ရှင်နိုင်မယ့် လမ်းစကို ဖြတ်တောက်ပစ်ရမယ်"

ဟွမ်ဝူသည် ထိုသို့ ပြုလုပ်နိုင်ခြေ မရှိဟုထင်မြင်သော်ငြား ပိုင်ကျန့်ဟွမ်၏ အမိန့်အတိုင်း သွားရောက်ဆောင်ရွက်လေတော့သည်။

ဒီအချိန်တွင် အားချန်သည်လည်း စိတ်ငြိမ်သက်သွားပြီဖြစ်ကာ လွန်ခဲ့သည့်နှစ်ရက်လောက်က ဝမ်းနည်းပူဆွေးခြင်းလည်း မရှိတော့ချေ။

ကိုယ့်အတွက် နောက်ဆုတ်စရာ လမ်းမရှိအောင် လုပ်လိုက်ပြီးမှ သူမသည် နောင်တရရန်လည်း မစဉ်းစားတော့ချေ။ ဒီရက်ပိုင်းအတွင်း သူမသည် နေ့စဉ် ၁နာရီခန့်အချိန်ပေးပြီး အမြုတေထဲက မိစ္ဆာစွမ်းအင်များကို ထိန်းချုပ်ကာ မိမိ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လွှမ်းမိုးလိုက်လေသည်။

ဒါသည် အချိန်အများကြီး ပေးရသည့် လုပ်ငန်းစဉ် ဖြစ်သော်ငြား မိစ္ဆာပြောင်းလဲခြင်း၏ အရေးအကြီးဆုံး အဆင့်၅ အဆင့်လည်း ဖြစ်လေသည်။ လူသားခန္ဓာကိုယ်ကို မိစ္ဆာစွမ်းအင်ရှိနေခြင်းနှင့် ကျင့်သားရအောင်ဖြည်းဖြည်းချင်း လုပ်ဆောင်ရသည်မှာ မိစ္ဆာစွမ်းအင်ပမာဏကို တိုးမြင့်ပို့လွှတ်ရမည်။

မိစ္ဆာတစ်ကောင် ဖြစ်သည့်အတွက် မိစ္ဆာအသွင် ပြောင်းလဲခြင်း သဘောတရားကို အားချန် နားလည်သော်ငြား ကိုယ်တိုင် လက်တွေ့လုပ်ဆောင်သည့် အခါတွင်တော့ ထင်ထားသလောက် မလွယ်ကူလှချေ။

ပါးလွှာသော မိစ္ဆာစွမ်းအင်ကို ခန္ဓာကိုယ်ထဲတွင်အချိန်ကြာမြင့်စွာ သိုလှောင်ထားခြင်းကြောင့် ခန္ဓာကိုယ်သည် သက်သောင့်သက်သာ မရှိသော တုံ့ပြန်မှု အမျိုးမျိုး ပြသလာလေသည်။ ယခုအချိန်တွင် နှိုင်းယှဉ်ချက်အရ ဘေးကင်းသော လက်မောင်းနေရာထဲတွင်သာ မိစ္ဆာစွမ်းအင်ကို သိုလှောင်ထားနိုင်ပြီး တခြားနေရာများကိုတော့ ဖြည်းဖြည်းချင်း စမ်းသပ်နေရဆဲပင်။

ပိုင်ရှိုးမင် မြို့တော်က ထွက်ခွာသွားပြီး ငါးရက်မြောက်နေ့တွင် အားချန်သည် ပထမဦးဆုံးအကြိမ် မိစ္ဆာစွမ်းအင် တစ်မျှင်ကို ကိုယ်တွင်းကလီစာများဆီသို့ ပို့ဆောင်ရန် ကြိုးစားလိုက်လေသည်။ ကိုယ်တွင်းကလီစာများသည် အထိအခိုက်မခံဆုံး ဖြစ်သဖြင့် သူမသည် မိစ္ဆာစွမ်းအင်ကို ဂရုတစိုက် ထိန်းချုပ်ကာ ခန္ဓာကိုယ်ထဲသို့ စီးဝင်ခိုင်းလိုက်၏။ နှလုံးသားနှင့် ထိတွေ့လုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားပြီး မကောင်းသော ကိစ္စတခုခုဖြစ်တော့မည့်အလား ခံစားလိုက်ရသည်။

အားချန်သည် ကြိုးပမ်းမှုကို ရပ်တန့်လိုက်သော်လည်း ရင်ဘတ်ထဲက ထိတ်လန့်တုန်လှုပ်မှုသည် ပျောက်ကွယ်မသွားဘဲ သူမကို ဂဏမငြိမ်နိုင်အောင် ဖြစ်လာစေတော့သည်။

တစ်ချိန်တည်းမှာပင် ချင်းကျိုးတွင်။

တောင်ကြားတစ်ခုတွင် ဘေးတစ်ဖက်တစ်ချက်စီ ရှိသောသစ်ပင်များသည် သဘာဝဘေးအန္တရာယ်၏ ဖျက်စီးမှုကို ခံထားရသလို တချို့မှာအမြင့်မှ ကျိုးပဲ့နေပြီး တစ်ချို့မှာ အပိုင်းပိုင်းပြတ်တောက် နေကြ၏။

မြစ်ငယ်လေးတစ်စင်းသည် တောင်ကြားမှစီးဆင်းလာပြီး အထက်ပိုင်းတွင် မိုးရွာထားသဖြင့် မြစ်ရေများက နောက်ကျိလို့နေသည်။

ပေါင်းပင်များ ပေါက်ရောက်နေသော မြစ်ကမ်းပါးတွင် လူတစ်ယောက် အသံတိတ်လဲကျနေ၏။ ထိုလူ၏ ကိုယ်ပေါ်ကသွေးများမှာ မရပ်မနား စီးကျနေပြီး စီးထွက်လာသောသွေးများသည် မြစ်ရေထဲသို့ ကျရောက်ကာ လျင်မြန်စွာ မျောပါသွားတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ရှုပ်ထွေးသောခြေသံများက ထွက်ပေါ်လာပြီး အရာရှိဝတ်စုံ ဝတ်ဆင်ထားသော မင်းကျင့်စီး အစောင့်တစ်ဦးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ပိုင်လူကြီးမင်း ဒီမှာရှိတယ်"

ထိုအသံ ထွက်လာပြီးနောက် လူရိပ်အများအပြား ပြေးဝင်လာကြပြီး ခန္တာကိုယ်တစ်ဝက်ရေထဲသို့ ရောက်နေသည့် အမျိုးသားကို မတင်လိုက်ကြကာ ဘေးကမြေပြင် ညီညာသောနေရာတွင် ချထားလိုက်ကြသည်။

လိုက်ပါလာသော မင်းကျင့်စီးသမားတော်သည် ရင်ဘတ်ထဲက ကျောက်စိမ်းပုလင်းတစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်ပြီး ပုလင်းထဲက ဆေးလုံးကို လောင်းထည့်ကာ ပိုင်ရှိုးမင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။

နောက်မှရောက်ရှိလာသော ရှန်ကျော်သည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။ "သမားတော်။ ပိုင်ရှိုးမင် ဘယ်လိုနေလဲ"

ချင်းကျိုးအမှုသည် မူလ ကရှန်ကျော်၏ တာဝန်မဟုတ်သော်ငြား ပိုင်ရှိုးမင်က ရှန့်ကျင်းမှ ထွက်ခွာလာစဉ် ချင်ဟန်ကို တောင်းဆိုပြီး သူနှင့်ဖန်ချီကို ချင်းကျိုးသို့ လာရောက်ကူညီရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

လာစဉ်က သူသည် ပိုင်ရှိုးမင်က အသေးအဖွဲ့ကိစ္စကို ပုံကြီးချဲ့သည်ဟု ထင်မှတ်ခဲ့သော်ငြား အမှောင်ထဲတွင် ပုန်းကွယ်နေသော မိစ္ဆာများနှင့် တကယ်တမ်းလက်တွေ့ ရင်ဆိုင်လိုက်ရသည့်အခါမှ ပိုင်ရှိုးမင်၏ သတိကြီးမှုက အကြောင်းအရင်း ရှိနေကြောင်း ဝန်ခံလိုက်ရတော့သည်။

ဒီတစ်ကြိမ်တွင် ချင်းကျိုးမိစ္ဆာ ဘေးအန္တရာယ်တွင် လေလုံးထွားပြီး သောင်းကျန်းနေသည်မှာ အဆင့်၄မိစ္ဆာကြီး နှစ်ကောင်ဖြစ်ပြီး တစ်ကောင်က အလင်းထဲတွင်ရှိနေကာ နောက်တစ်ကောင်က အမှောင်ထဲတွင် ရှိနေလေသည်။ ထိုမျှမကပဲ အဆင့်၄ လူသားကျင့်ကြံသူတစ်ဦးကပါ ဘေးမှကူညီပေးနေသေးသည်။

ထိုကိစ္စကို တွေးမိသည်နှင့် ရှန်ကျော်မှာ အံကြိတ်မိ လိုက်တော့၏။ ကံကောင်းလို့ ပိုင်ရှိုးမင်က သေစေနိုင်တဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ဒဏ်ရာနဲ့တစ်ကောင်ကိုသတ်၊ တစ်ကောင်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့လို့သာပဲ။ သူတို့က တတိယလူကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ အခွင့်အရေးရခဲ့တာ။ မဟုတ်ရင် သူတို့အားလုံး ဒီနေရာမှာ မြေမြှုပ်ခံလိုက်ရလောက်ပြီ။

ဒါက မတော်တဆမှု မဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်။ ကြိုတင်ကြံစည်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုပဲ။

ရှန်ကျော်က စဉ်းစားနေစဉ်မှာပင် သမားတော်က ပိုင်ရှိုးမင်း၏ ကိုယ်ပေါ်က အရာရှိဝတ်စုံကို ကတ်ကြေးဖြင့် ညပ်လိုက်ပြီး နှလုံးသားကိုဖောက်ထွင်းလု နီးပါးဖြစ်နေသော ဒဏ်ရာကိုကုသပေးရင်း ပြန်ဖြေလိုက်၏။ "ရှန်လူကြီးမင်း စိတ်ချပါ။ ပိုင်လူကြီးမင်းရဲ့ဒဏ်ရာက အသက်အန္တရာယ် မရှိတော့ပါဘူး။ ပြီးတော့ ... ဟင်!"

သမားတော်သည် ဒဏ်ရာကိုကြည့်ပြီး သံသယဖြစ်သွားသည့်အသံ ပြုလိုက်၏။

"ဘာဖြစ်လို့လဲ"

သမားတော်က ခေါင်းခါလိုက်ပြီး ကိစ္စမရှိကြောင်း ပြသလိုက်ကာ ချီးကျူးလိုက်ပြန်သည်။ "ပိုင်လူကြီးမင်းရဲ့ သွေးလည်ပတ်မှုက ဒီလောက်တောင် အားကောင်းနေတာပဲ။ ဒဏ်ရာကိုတောင် ပြန်လည်ကုစားနေပြီ"

သမားတော် ပြောလိုက်သည့် စကားကိုကြားလိုက်ရသောအခါ ရှန်ကျော်သည်လည်း ငုံ့ကြည့်လိုက်ရာ ပိုင်ရှိုးမင်၏ ရင်ဘတ်ပေါ်က ပန်းကန်လုံး အရွယ်အစားရှိသော ဒဏ်ရာသည် မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ကျုံ့ဝင်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့၏။

"ဒါက ဘယ်လိုအခြေအနေလဲ" ဒဏ်ရာအသေးအဖွဲတချို့ကိုတော့ ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်က သူ့အလိုလို ပြန်လည် ကုစားနိုင်ပေမယ့် ပိုင်ရှိုးမင်ရဲ့ဟာကတော့ နည်းနည်းလေး ပိုလွန်းနေပြီလေ။

သမားတော်က အသားတက်စေသည့် သွေးတိတ်စေသော ဆေးမှုန့်များကို ဒဏ်ရာပေါ် ဖြူးပေးရင်း ပြောလိုက်လေသည်။ "ချီနဲ့သွေးဓာတ် ကုန်ခမ်းမှုကို အရင်းပြုပြီး ဒဏ်ရာကို အတင်းအဓမ္မ ပြန်လည်ကုစားတာပါ။ ဒီလိုနည်းလမ်းက သွေးဓာတ်အထွတ်အထိပ် အခြေအနေမှာ ရှိနေမှ လုပ်လို့ရတာ။ ကြည့်ရတာ ပိုင်လူကြီးမင်းက အဆင့်တက်ဖို့ သိပ်မလိုတော့ဘူးနဲ့တူတယ်"

"သောက်ကျိုးနဲ။ သူက တိရစ္ဆာန်ကောင်လား !" ရှန်ကျော်သည် မနေနိုင်ဘဲ ဆဲရေးလိုက်မိ၏။ ဒါက ပုံမှန်လူတစ်ယောက်မှာ ရှိသင့်တဲ့ အဆင့်တက်နှုန်းလား။ သူက ပိုင်ရှိုးမင် သေမလား ရှင်မလားဆိုတာကို စိုးရိမ်ချင်စိတ်ပင် လုံးဝမရှိတော့ပေ။

သမားတော်ကတော့ သွားများပေါ်သည်အထိ ပြုံးလိုက်ကာ မှာကြားရန်လည်း မမေ့ခဲ့ပေ။ "ဒီဒဏ်ရာက ပြန်ကောင်းနေပေမယ့် ချီနဲ့သွေးဓာတ်ကို ကုန်ခမ်းသွားစေတဲ့အတွက် ပိုင်လူကြီးမင်းက အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါသေးတယ်။ တခြားသူတွေနဲ့ တိုက်ခိုက်တာမျိုး ထပ်မလုပ်တာ အကောင်းဆုံးပါပဲ"

"သိပြီ"

ရှန်ကျော်က လူကိုဒီအတိုင်း ပစ်ထားချင်ခဲ့သော်ငြားလည်း နောက်ဆုံးတွင်တော့ ရဲဘော်ရဲဘက် သံယောဇဉ်ကြောင့် သို့တည်းမဟုတ်လည်း ဒီလူက နောက်ကျလျှင် အငြိုးအတေးနှင့် စာရင်းရှင်းမှာကို ကြောက်ရသောကြောင့် လက်အောက်ငယ်သားများကို ပိုင်ရှိုးမင်းအား ထမ်းခေါ်သွားခိုင်း လိုက်လေသည်။

ဒီအချိန်တွင် သူကိုယ်တိုင်လည်း ဒဏ်ရာများနှင့် ဖြစ်နေသော်ငြား လက်ကျန်ကိစ္စများကို တော့ ရှင်းလင်းရန် နေခဲ့ရဦးမည်။ အဆင့်၄သုံးယောက်ထဲတွင် နှစ်ယောက်က သေဆုံးသွားပြီး ကျန်နေသည့် လူသားကျင့်ကြံသူတစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားသည်မှာ ဘယ်နေရာပင် ရောက်သွားမှန်း မသိချေ။ အမှောင်ထဲတွင် ချောင်းမြောင်းနေနိုင်သဖြင့် သေချာပေါက် ပေါ့ဆလိုတော့ မဖြစ်ပေ။

ရှန်ကျော်၏ သတိထားပုံကလည်း အသုံးမဝင်ခဲ့ချေ။ ထိုအဆင့်၄ လူသားကျင့်ကြံသူသည် ပျောက်ကွယ်သွားပြီး နောက်ထပ်ပေါ်မလာတော့ပေ။

ဒီအချိန်တွင် ပေ့ယန်သည် ဒဏ်ရာများဖြင့် ရှန့်ကျင်းသို့ ပြန်လာခဲ့လေသည်။ သူသည် လုပ်ငန်းတာဝန် မအောင်မြင်ခဲ့သည့် သတင်းကို ဝမ်ရယ်ကို ပထမဦးဆုံး အချိန်မီသတင်းပို့ရမည် ဖြစ်ပြီး ဝမ်ရယ်အနေဖြင့် ဒုတိယအဆင့် အစီအစဉ်ကို ပြင်ဆင်ရန်အချိန် ရနိုင်ပေမည်။

နောက်တစ်နေ့ နေဝင်ချိန်တွင် ပေ့ယန်သည်မြို့တော်သို့ ပြန်ရောက်လာပြီး ရွှေရောင်မင်းသမီး၏ လက်အောက်ငယ်သား မိစ္ဆာကြီးနှစ်ကောင် အသတ်ခံလိုက်ရကာ ပိုင်ရှိုးမင်က ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်သတင်းကို ယူဆောင်လာခဲ့သည်။

မတော်တဆမှုတွေကြားက မတော်တဆမူဆိုသည်မှာ အမှန်တကယ် ဖြစ်လာခဲ့လေသည်။

ပိုင်ကျန့်ဟွမ်က သတင်းရရှိချိန်တွင် ညစာစားနေပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်ဒေါသထွက်မှုများက သိပ်မပေါ်လွင်သော်ငြား လက်ထဲက ကျောက်စိမ်းတူကိုတော့ မထိန်းနိုင်ဘဲ ချိုးမိလိုက်တော့၏။

"မင်းရဲ့ဒဏ်ရာ ဘယ်လိုနေသေးလဲ" မကြာမီမှာပင် ပိုင်ကျန့်ဟွမ်သည် စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်လိုက်ပြီး နှစ်ပိုင်းကျိုးသွားသော တူကိုချလိုက်ကာ ပေ့ယန်၏ ခန္ဓာကိုယ် အခြေအနေကို မေးမြန်းလိုက်၏။

ပေ့ယန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုး ဆေးလုံးသောက်ပြီးပါပြီ။ အချိန်တစ်ခုလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ။ ဝမ်ရယ်ရဲ့ ယုံကြည်မှုကိုမဖြည့်ဆည်းပေးနိုင်ဘဲ ပိုင်ရှိုးမင်ကို အသက်ရှင်ခွင့် ပေးလိုက်မိတာ ကျွန်တော်မျိုးရဲ့အပြစ်ပါ"

ပိုင်ကျန့်ဟွမ်က လက်ခါပြလိုက်ကာ "ကိုယ့်ဟာကိုယ် အထင်မသေးပါနဲ့။ ပိုင်ရှိုးမင်က မင်ဝမ် သဘောကျတဲ့ သူပဲလေ။ တကယ်လို့ အရည်အချင်း နည်းနည်းမှမရှိရင် အစောကြီးကတည်းက သေသွားလောက်ပြီ"

သူသည် ပေ့ယန်၏ အလုပ်မဖြစ်မြောက်မှုအတွက် သိပ်မကျေနပ် သော်ငြားလည်း ထုတ်ဖော်မပြခဲ့ချေ။ ကိစ္စက မပြီးပြတ်သေးဘဲ ဒီအချိန်တွင် ပေ့ယန်ကို ဆူပူကျိန်းမောင်းနေလည်း အလကားပင်။

"ဝမ်ရယ် အဲဒီပိုင်ရှိုးမင်ရဲ့ ဒဏ်ရာက ကျွန်တော်မျိုးထက် ပိုပြီးပြင်းထန်ပါတယ်။ ကျွန်တော်တို့ အခွင့်ကောင်းယူပြီး သူ့ကို ရှင်းပစ်ကြမလား"

တစ်ဖက်လူက တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ယှဉ်ပြိုင်နိုင်သည့် စွမ်းရည်က ပေ့ယန်ကို ယခုထိတိုင် တုန်လှုပ်နေစေသော်ငြားလည်း ကျားကိုတောထဲသို့ ပြန်လွှတ်လိုက်လျှင် နောင်တစ်ကြိမ် ဒုက္ခများမည်ကို သူကပိုသိနေလေသည်။

သူသည် ပိုင်ရှိုးမင်နှင့် တိုက်ခိုက်စဉ်က တစ်ဖက်လူသည် သူ၏အတွင်းအား အငွေ့အသက်များကို သေချာပေါက် မှတ်မိပေလိမ့်မည်။ ကျင့်ကြံသူများ လူရှာရာတွင် ရုပ်ရည်ကို ကြည့်စရာမလိုဘဲ အတွင်းအား အငွေ့အသက်ရှိရုံဖြင့် လုံလောက်ပေသည်။

အကယ်၍ ပိုင်ရှိုးမင်သာ မသေခဲ့လျှင် နောင်တစ်ချိန် သူက အမြဲတမ်း စိုးရိမ်ထိတ်လန့် နေရပေတော့မည်။ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့် မိစ္ဆာများနှင့် ပူးပေါင်းသည့် ကိစ္စများကလည်း ပေါ်သွားမှာပင် စိုးရိမ်နေရသည်။

ပိုင်ကျန့်ဟွမ်က မျက်လုံးများကို မှေးစဉ်းထားလိုက်ပြီး ပြန်ပြောလိုက်လေ၏။ "လူကိုတော့ သေချာပေါက် ရှင်းပစ်ရမှာပေါ့။ မနက်ဖြန်မနက် လူတစ်ယောက်ကို အရင်သွားကြိုပြီးရင် ငါတို့ ပေဟွမ်ကို ပြန်ကြမယ်"

...

All Chapters