← Chapters

ဒါက မင်း ကိုယ့်ကို ကစားတဲ့ပုံလား ...

Vol. 20 Ch. 200

ဒါက မင်း ကိုယ့်ကို ကစားတဲ့ပုံလား ...

Vol. 20 Ch. 200

"ကိုင်လို့ကောင်းတယ်" အားချန်သည် လက်ပူးလက်ကြပ် မိသွားသည်ကို အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ အခွင့်ကောင်းယူပြီး နှစ်ချက်လောက် ထပ်ကိုင်ကြည့်လိုက်သေးသည်။ "ရှင် ဘာလို့ ဆက်မအိပ်တာလဲ"

ပိုင်ရှိုးမင်က သူမ၏လက်ကို ဖမ်းဆွဲလိုက်ပြီး အောက်သို့ ရွှေ့လိုက်လေသည်။ "မင်း ဘယ်လိုထင်လို့လဲ"

ပါးလွှာသော အဝတ်အစားများ ခြားထားသော်လည်း အသားချင်း ထိတွေ့မှုကြောင့် သူ့လည်ချောင်းထဲမှ ညည်းတွားသံ သဲ့သဲ့ ထွက်ပေါ်လာလေသည်။

သို့သော် မကြာမီမှာပင် အားချန်သည် လက်ကို ပြန်ရုပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ သူ့အပေါ်သို့ တက်ခွလိုက်တော့သည်။

ရုတ်တရက် ဖိအားကြောင့် ပိုင်ရှိုးမင်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး လက်ဖဝါးဖြင့် သူမ၏ ပျော့ပျောင်းသော ခါးလေးကို ကိုင်ခန်းဆီး နက်ရှိုင်းသော အကြည့်များဖြင့် သူမ၏ခန္ဓာကိုယ်ကို အတားအဆီးမရှိ ကြည့်ရှုနေလိုက်သည်။

အားချန် ယနေ့ ဝတ်ဆင်ထားသော ညအိပ်ဝတ်စုံသည် သူ ကိုယ်တိုင် ဝတ်ပေးထားခြင်း ဖြစ်သည်။ နူးညံ့ပြီး ပါးလွှာသော အဝတ်အစားသည် သူမ၏ ခန္ဓာကိုယ်အချိုးအစားကို ပြီးပြည့်စုံစွာ ပေါ်လွင်စေသည်။

သူမသည် လက်နှစ်ဖက်ဖြင့် သူ့ပခုံးကို ထောက်ထားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ရှေ့သို့ ကိုင်းခန်းဆီး သူ့ရင်ဘတ်နှင့် ကပ်သွားသည်အထိ တိုးကပ်လိုက်လေသည်။

"ပိုင်လူကြီးမင်း"

"ဟင်" လည်ဇလုတ်က နိမ့်ချီမြင့်ချီ ဖြစ်သွားပြီး ပိုင်ရှိုးမင်သည် ခက်ခဲစွာ အသံပြုလိုက်၏။

"ကျွန်မ အိပ်မပျော်ဘူး။ ကျွန်မနဲ့ အတူတူ ကစားပေးမလား"

"မင်း ဘာကစားချင်လို့လဲ"

"ရှင်လေ"

အားချန်သည် သူ့သဘောတူညီချက်ကို မစောင့်တော့ဘဲ လျှာဖျားလေး ထုတ်ကာ သူ့လည်ဇလုတ်ကို လျက်လိုက်လေသည်။ အောက်မှ အမျိုးသား၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပူနွေးလာသလို ဖြစ်သွားပြီး နှလုံးခုန်သံကြောင့် သူမ၏ လက်ဖဝါးပင် လိုက်ပါ တုန်ခါသွားလေသည်။

သူက ထရန် ကြိုးစားလိုက်သော်လည်း အားချန်က ပြန်ဖိချထားလိုက်၏။ "ရှင် လှုပ်မနေနဲ့"

"ကောင်းပြီ"

ပိုင်ရှိုးမင်သည် သူမစိတ်ကြိုက် မိမိခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ပေးလိုက်လေသည်။ သူ့လက်ဖဝါးက သူမ၏ ဆံနွယ်များကို သပ်တင်လိုက်ပြီး သူမ၏ လှုပ်ရှားမှုနှင့်အတူ ဖြည်းဖြည်းချင်း အောက်သို့ လျှောဆင်းသွားသည်။

မှောင်မိုက်နေသော အခန်းထဲတွင် ကုတင်ခန်းဆီးကို ချထားသော်လည်း မရေရာသော အသံများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ ကုတင်ပေါ်တွင် ထပ်နေသော အရိပ်များကိုပင် မသဲမကွဲ မြင်တွေ့နေရလေသည်။

အစပိုင်းတွင် အားချန်သည် စမ်းသပ်ကြည့်ရုံသာ ဖြစ်ပြီး အဆင်မပြေလျှင် လက်လျှော့လိုက်မည်ဟု တွေးထားသော်လည်း ဒီလိုကိစ္စမျိုးသည် မြှားတစ်စင်း လွှတ်လိုက်ပြီးလျှင် ပြန်လှည့်၍ မရတော့ပေ။

အတန်ကြာ ဖိအားပေး အနိုင်ကျင့်ခံရပြီး မြည်းစမ်းသင့်သည်များကို အကုန်မြည်းစမ်းပြီးနောက် သူမသည် ဝမ်းနည်းစွာ ရှိုက်ငိုနေရတော့သည်။ ပိုင်ရှိုးမင် လက်လွှတ်လိုက်သည့် အချိန်တွင် သူမသည် သေချင်ယောင်ဆောင်ပြီး သူ့ဝမ်းဗိုက်ပေါ်တွင် မှောက်လျက်သား ငြိမ်နေလိုက်တော့သည်။

ပိုင်ရှိုးမင်သည် ကုတင်ပေါ်တွင် ပက်လက်လှန် အိပ်နေပြီး လက်မောင်းဖြင့် မျက်လုံးများကို ကာထားကာ ရင်ဘတ်က နိမ့်ချီမြင့်ချီ ဖြစ်နေသည်။ အားချန်၏ နုနယ်သော ခန္ဓာကိုယ်သည် သူမ၏ ကြီးမားသော ရည်မှန်းချက်နှင့် မကိုက်ညီကြောင်း ထင်ရှားနေလေသည်။ အစပိုင်းလောက်သာ ကစားပြီး လူကို တန်းလန်းကြီး ဖြစ်အောင် မြူဆွယ်ထားပြီးမှ ဆက်မလှုပ်ရှားချင်တော့ပေ။

"မင်းက ကိုယ့်ကို ဒီလို ကစားနေတာလား" သူက အံကြိတ်ပြီး ပြောလိုက်ရာ အသံမှာ အက်ရှနေလေသည်။

အားချန် စကားမပြောချင်တော့ဘဲ နောင်တပင် ရနေမိသည်။

"ကျွန်မတို့ အရင် အိပ်လိုက်ကြရအောင်" သူမက ရိုးသားစွာ အကြံပြုလိုက်၏။

အိပ်ရာနိုးရင် ဆက်လုပ်နိုင်ကောင်း လုပ်နိုင်မှာပါ။

ပိုင်ရှိုးမင်သည် သူမကြောင့် ဒေါသထွက်လွန်း၍ ရယ်ချင်မိသွားသည်။ သူက ထထိုင်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် သေချင်ယောင်ဆောင်နေသော သူမကို ပွေ့ဖက်လိုက်ကာ လက်တစ်ဖက်ဖြင့် ခါးကို ကိုင်ထားပြီး သူ့ကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်း တင်လိုက်လေသည်။

ကုတင်ခန်းဆီးပေါ်တွင် အမျိုးသမီး၏ ကောက်ကြောင်းလှလှ အရိပ်တစ်ခု ပေါ်လာသော်လည်း ပြင်းထန်စွာ လှုပ်ခါနေပြီး လေတိုက်ခတ်ခံရသော ပန်းခက်ကဲ့သို့ ဖြစ်နေလေသည်။

အားချန်သည် လူကို အကြီးအကျယ် စော်ကားမိသောကြောင့် ဒုက္ခရောက်ရသည်ကို ထားလိုက်ပါတော့။ သို့သော် ပိုင်ရှိုးမင်က ရန်ငြိုးထားတတ်ပြီး သူမကို အပေါ်တွင်သာ နေစေချင်နေသည်။

ရေချိုးပြီး ကုတင်ပေါ် ပြန်လှဲလိုက်သည့်အချိန်တွင် အားချန်သည် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသည်ဟု ခံစားလိုက်ရ၏။ သူမ အရင်က ကျင့်ကြံခဲ့စဉ်ကတောင် ဒီလောက် ဒုက္ခမရောက်ဖူးပေ။

သူမသည် ပါးလွှာသော စောင်ကို ပတ်ထားပြီး ပိုင်ရှိုးမင်ကို ကျောပေးကာ အိပ်ပျော်အောင် ကြိုးစားနေရသည်။ သူက ဖိပြီး အနိုင်ကျင့်မှာကို စိုးရိမ်နေမိ၏။ သို့သော် အရင်က အိပ်ထားသည်မှာ များလွန်းသဖြင့် ယခုအချိန်တွင် အိပ်ချင်စိတ် လုံးဝမရှိတော့ချေ။

ခဏအကြာတွင် ပိုင်ရှိုးမင်သည် အေးစက်စက် ကိုယ်ငွေ့ဖြင့် သူမဘေးတွင် လာကပ်အိပ်ပြီး လက်မောင်းက သူမ၏ ကိုယ်ပေါ်သို့ သဘာဝကျကျ တင်လာလေသည်။

"အားချန် ..." သူ့အသံက အားချန်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာပြီး အသံမှာ အက်ရှနေကာ မကုန်ဆုံးသေးသော ရမ္မက်ဆန္ဒများ ပါဝင်လို့နေသည်။

အားချန်၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားပြီး ရှေ့သို့ တိတ်တဆိတ် တိုးလိုက်သော်လည်း နောက်မှလူက သူမ၏ လှုပ်ရှားမှုကို သတိထားမိပုံရပြီး တိုက်ရိုက် ကပ်လာလေသည်။

"နှစ်ကြိမ်ရှိပြီ။ မလုပ်တော့ဘူး" အားချန်က ဝမ်းနည်းပက်လက် ငြင်းဆန်လိုက်ပြီး ဒီဆိုးရွားသော ကိုယ်နေဟန်ထားကို ဦးနှောက်ထဲမှ ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်ကာ နောက်ဘယ်တော့မှ မစမ်းသပ်တော့ဟု တွေးလိုက်လေသည်။

ပိုင်ရှိုးမင်က ခပ်ဖွဖွ ရယ်မောလိုက်ရာ ရင်ဘတ်က လိုက်ပါ တုန်ခါသွားသည်။

အတန်ကြာမှ ရယ်သံရပ်သွားပြီး သူက မေးလိုက်၏။ "ဒါဆို အားချန် ကစားရတာ ပျော်ရဲ့လား"

"ပျော် ... ပျော်တာပေါ့" မပျော်ဘူးဟု မပြောရဲပေ။ နောက်ထပ် နှစ်ကြိမ်လောက် ထပ်လုပ်မှာကို ကြောက်နေမိသည်။ ကုတင်ပေါ်တွင် ပိုင်ရှိုးမင်၏ ဆိုးသွမ်းမှုသည် ပြောမပြနိုင်လောက်အောင်ပင်။

"မင်း ကိုယ့်ကို ဒီလို ကစားထားတာ တစ်ခုခုတော့ ပြန်ပေးဆပ်သင့်တယ် မဟုတ်လား"

ဟာ ... လူပါးဝလိုက်တာ။

"အင်း ... ရှင်က ဘာလိုချင်လို့လဲ"

ကျောပြင်ပေါ်တွင် နွေးထွေးစိုစွတ်သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် အားချန်သည် စောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။

ပိုင်ရှိုးမင်၏ နှုတ်ခမ်းသည် သူမ၏ ဖြူဝင်းသော ကျောပြင်ပေါ်တွင် လည်ပတ်နေပြီး လက်ဖဝါးက စောင်ထဲသို့ တိုးဝင်ကာ အဆင့်အတန်း တောင်းဆိုရန် အာရုံစိုက်နေလေသည်။ "အားချန်က ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ပြီဆိုတော့ တာဝန်ယူသင့်တယ်လေ"

"လက်ထပ်တယ် ဆိုတာ မိဘတွေရဲ့ အမိန့်၊ ကြီးကဲသူတွေရဲ့ စကားကို နားထောင်ရတာ မဟုတ်ဘူးလား" အားချန်က မျက်လုံးများကို မှေးစင်းထားလိုက်သည်။ ထိုနူးညံ့သော အထိအတွေ့ကြောင့် ကျောပြင် တောင့်တင်းသွားပြီး ခြေချောင်းလေးများ ကွေးသွားလေသည်။

သူမသည် လူသားတို့၏ မင်္ဂလာဆောင်ခြင်းနှင့် ပတ်သက်သော စည်းကမ်းအချို့ကို ဦးနှောက်ထဲမှ ခက်ခက်ခဲခဲ ရှာဖွေလိုက်ရသည်။

"မင်းအဖေက ကိုယ့်ကို တွေ့ဖူးပြီ။ ကိုယ့်အဖေကလည်း သဘောတူတယ်" ပိုင်ရှိုးမင်၏ အနမ်းသည် သူမ၏ ခါးဘေးသို့ ရောက်ရှိသွားပြီး အသံမှာ အနည်းငယ် ဝေဝါးနေသည်။ "မနက်ဖြန် ကိုယ် လာကမ်းလှမ်းလို့ ရပြီ"

"မဖြစ်ဘူး" အားချန်သည် ငြင်းဖို့ နောက်ကျသွားလျှင် မနက်ဖြန် အခြေအနေကို ထိန်းသိမ်းနိုင်မည် မဟုတ်ဟု စိုးရိမ်လိုက်မိသည်။

"ဟင်" နောက်ကလူက မကျေမနပ်ဖြင့် သူမ၏ ခါးမှ အသားနုနေရာကို ဖွဖွလေး ကိုက်လိုက်လေသည်။

အားချန်က ခြေထောက်ကို ကွေးလိုက်ပြီး နောက်သို့ ကန်လိုက်၏။ "ဒီလိုကိစ္စမျိုးကို ကျွန်မ သေချာ စဉ်းစားရဦးမယ်"

"ဘယ်လောက်ကြာကြာ စဉ်းစားမှာလဲ"

"အရင်ဆုံး ဆယ်နှစ်၊ ခုနစ်နှစ် ... ငါးနှစ်လောက် စဉ်းစားလိုက်မယ်"

ငါးနှစ်ဆိုသော အချိန်သည် တိုတောင်းလွန်းသည်ဟု အားချန်တစ်ယောက် ခံစားနေရ၏။ ဒီလို ဘဝတစ်သက်တာ ကိစ္စမျိုးကို သေချာပေါက် ဂရုတစိုက် စဉ်းစားသင့်သည်။

"ငါးနှစ် ... ရပါတယ်" ပိုင်ရှိုးမင်၏ အသံထဲတွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းကို ခွဲခြားမရပေ။

ဒီတစ်ကြိမ်တွင်တော့ အားချန်က အံ့ဩသွားရသည်။

သူက ဒီတိုင်း သဘောတူလိုက်တာလား။

ပိုင်ရှိုးမင်ကို သူမ နားလည်ထားသလောက် ...

"ဒါဆိုရင် ဒီည ငါးကြိမ်ပဲ"

နောက်တစ်စက္ကန့်တွင် သူမ၏ ကိုယ်ပေါ်မှ စောင်ပါးလေး လွင့်စင်သွားပြီး ပိုင်ရှိုးမင်က သူမအပေါ်သို့ ဖိချလိုက်ရာ သူမ ရုန်းကန်ရန် အခွင့်အရေးပင် မရှိတော့ပေ။

အားချန်သည် မည်သည့်အချိန်က အိပ်ပျော်သွားမှန်း မမှတ်မိတော့ပေ။ နိုးလာသည့်အချိန်တွင် နေ့လယ်စောင်းနေပြီ ဖြစ်သည်။

ပိုင်ရှိုးမင်သည် ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်ခေါင်းရင်းတွင် မှီထိုင်ကာ စာဖတ်နေလေသည်။ ဆံပင်ရှည်များကို တူညီသော အရောင်ရှိသည့် ခေါင်းစည်းကြိုးဖြင့် စည်းထားသဖြင့် ပေါ့ပါးသောပုံစံ ပေါက်နေလေသည်။

"ဘယ်အချိန် ရှိပြီလဲ" အားချန် စကားပြောလိုက်မှ သူမ၏ အသံ လုံးဝ အက်ရှနေကြောင်း သတိထားမိလိုက်သည်။

ပိုင်ရှိုးမင်သည် စာအုပ်ကို ချထားလိုက်ပြီး ဘေးမှ ရေနွေးခွက်ကို ယူကာ အားချန်ကို ရေတစ်ဝက်ခန့် တိုက်လိုက်ပြီးမှ သူမ၏ မေးခွန်းကို ဖြေလိုက်လေသည်။ "နေ့လယ် တစ်နာရီခွဲ ရှိပြီ"

"မနေ့ည အိပ်မပျော်ခင်က ရှင် ကျွန်မကို ကတိပေးထားတယ်။ ဒီနေ့ ကျွန်မကို အိမ်ပြန်ပို့ပေးမယ်ဆိုတာ မှတ်မိသေးတယ်မလား" အားချန်က သူ ကတိဖျက်မည်ကို စိုးရိမ်သဖြင့် သတိပေးလိုက်သည်။ သူမသည် သူ့အိမ်တွင် ဒုတိယည ထပ်မအိပ်ချင်တော့ပေ။

"မှတ်မိတာပေါ့။ ထမင်းစားပြီးရင် ကိုယ် မင်းကို ပြန်ပို့ပေးမယ်"

"ကောင်းပြီလေ" အားချန်က မတတ်သာဘဲ သဘောတူလိုက်ရသည်။

ဒီတစ်ကြိမ်တွင်တော့ ပိုင်ရှိုးမင် ကတိတည်လေသည်။ သူ့အိမ်တော်တွင် ပေါ့ပါးသော အစားအစာများကို စားသောက်ပြီးနောက် ပိုင်ရှိုးမင်သည် သူမနှင့်အတူ မြင်းလှည်းစီးပြီး ချန်းဖိင်ဖန်းသို့ ထွက်ခွာလာခဲ့လေသည်။

ယခုအချိန်တွင် အပြင်ဘက်၌ နေပူကျနေချိန် ဖြစ်နေပြီ။ မြင်းလှည်း ပြတင်းပေါက် ဖွင့်ထားသဖြင့် လေပြေလေညင်းများ ဝင်ရောက်လာ၏။ အားချန်သည် ပြတင်းပေါက်ဘောင်ကို မှီပြီး အပြင်ဘက် လမ်းမများနှင့် ဖြတ်သန်းသွားလာနေသော လူများကို ကြည့်ရှုရင်း လမ်းကြားများမှ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများကို နားထောင်ကာ ဘဝခြားသွားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ဆိုရင် ငါ ရှန့်ကျင်းမှာ နေရမယ့်အချိန်တွေ အများကြီး ရှိလာဦးမှာဆိုတော့ မဆိုးပါဘူး။

ထိုအချိန်တွင် ရှေ့ဆက်သွားနေသော မြင်းလှည်းသည် ရုတ်တရက် အရှိန်လျှော့လိုက်လေသည်။ ရှေ့တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေပုံရပြီး လူအုပ်ကြီး စုဝေးနေကာ လမ်းပိတ်နေလေသည်။

အားချန်သည် စူးစမ်းလိုစိတ်ဖြင့် ကိုယ်တစ်ဝက်ကို အပြင်သို့ ထုတ်ပြီး ကြည့်လိုက်ရာ လူအုပ်ထဲတွင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသော လူအချို့ကို တွေ့လိုက်ရသည်။ ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ မြို့တော်ဝန်ရုံးမှ အမှုထမ်းများ ဖြစ်ပုံရသည်။

"ရှေ့မှာ တစ်ခုခု ဖြစ်နေပုံရတယ်" အားချန်က ခေါင်းလှည့်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။

ပိုင်ရှိုးမင် ပြန်မဖြေခင်မှာပင် အပြင်ဘက်မှ မြင်းလှည်းမောင်းသူက ပြောလာလေသည်။ "သခင်လေး ရှေ့မှာ လူသေမှု ဖြစ်နေတယ်။ ကျွန်တော်တို့ လမ်းလွှဲသွားကြမလား"

အားချန်၏ မျက်နှာပေါ်တွင် ‘ငါ အရမ်းစပ်စုချင်နေပြီ’ ဟူသော အမူအရာ ပေါ်နေသည်ကို မြင်သောအခါ ပိုင်ရှိုးမင် မရယ်ဘဲ မနေနိုင်တော့ပေ။ "လမ်းဘေးကပ် ရပ်လိုက်။ တို့တွေ ဆင်းကြည့်ကြတာပေါ့"

"ဟုတ်ကဲ့ပါ"

မြင်းလှည်းမောင်းသူသည် မြင်းလှည်းကို လမ်းဘေးကပ် ရပ်လိုက်သည်နှင့် အားချန်သည် ဂါဝန်စကို မကာ အောက်သို့ ဆင်းလိုက်လေသည်။ အကယ်၍ သူမ နေမကောင်းဖြစ်မနေလျှင် ပြေးပင် ပြေးသွားလောက်ပြီ ဖြစ်သည်။

ပိုင်ရှိုးမင်သည် ဖြည်းဖြည်းမှန်မှန် သူမနောက်မှ လိုက်သွားခဲ့ပြီး မကြာမီ သူတို့နှစ်ဦး လူအုပ်စုဝေးရာ နေရာသို့ ရောက်ရှိသွားခဲ့သည်။

ပြောထားသည့်အတိုင်း မြို့တော်ဝန်ရုံးမှ အမှုထမ်းများ အမှုစစ်ဆေးနေခြင်း ဖြစ်သည်။ ဘေးမှ လူများပြောစကားအရ လူတစ်ယောက် အရက်ဆိုင်ထဲတွင် အသက်ရှူကျပ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အလောင်းသည် အရက်ဆိုင်ထဲတွင် ရှိနေသေးပြီး အပေါ်မှ အဖြူရောင် အဝတ်ဖြင့် ဖုံးအုပ်ထားသည်။ အဖြူရောင် အဝတ်၏ မို့မောက်နေပုံကို ကြည့်ရသည်မှာ သေဆုံးသူသည် အသက်ရှိစဉ်က အတော်လေး ဝဖြိုးပုံရလေသည်။

အရက်ဆိုင်ပိုင်ရှင်သည် စိတ်ညစ်ညူးနေသော မျက်နှာဖြင့် အမှုထမ်းများကို သေဆုံးသူအကြောင်း ရှင်းပြနေပြီး ဘေးမှ ပွဲကြည့်ပရိသတ်များကလည်း သေချာနားထောင်နေကြသည်။

ဆိုင်ပိုင်ရှင်သည် စိတ်ထဲတွင် ကံဆိုးလိုက်တာဟု ညည်းတွားနေသော်လည်း ဖုံးကွယ်ထားရန် မဝံ့ရဲဘဲ အမှန်အတိုင်း ပြောပြလိုက်လေသည်။ "လူကြီးမင်းများခင်ဗျာ၊ ဒီဧည့်သည်က ဆိုင်ကို ရက်ဆက် လာသောက်နေတာပါ။ မကြာခဏဆိုသလို မူးလဲတဲ့အထိ သောက်တတ်တယ်။ မူးလာရင်လည်း ငိုပြီး သူ့သား မတရားသေဆုံးရတာပါ ဆိုပြီး ပြောတတ်တယ်။ သူက ရန်မရှာတတ်တော့ ကျွန်တော်မျိုးလည်း မမောင်းထုတ်ခဲ့ပါဘူး"

"ဒါဆို သူက ဒီနေ့ ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ"

ဆိုင်ပိုင်ရှင်က မျက်နှာကို သပ်လိုက်ပြီး ပြောပြလေသည်။ "ကျွန်တော်မျိုး လှည့်ပြီး အရက်ထည့်ပေးနေတုန်း သူက စားပွဲပေါ်မှောက်ပြီး အိပ်ပျော်သွားတာ တွေ့လိုက်ရတယ်။ ဒီလိုအခြေအနေမျိုးက ရှိတတ်တော့ ကျွန်တော်မျိုးလည်း ဂရုမစိုက်မိပါဘူး။ လွန်ခဲ့တဲ့ တစ်နာရီလောက်က သူ အိပ်နေတာ ကြာလွန်းလို့ သွားနှိုးလိုက်တာ၊ တွန်းလိုက်တာနဲ့ လူက လဲကျသွားတာပါပဲ"

"လူကြီးမင်းများခင်ဗျာ၊ ကျွန်တော်မျိုး ပြောတာ အကုန်အမှန်တွေချည်းပါပဲ။ ဒီအတောအတွင်း ဆိုင်မှာ အရက်သောက်နေတဲ့ လူတွေရှိပါတယ်။ သူတို့ သက်သေပြနိုင်ပါတယ်"

မပြန်သေးသော အရက်သောက်သူများက ဘေးတွင် ပြွတ်သိပ် ရပ်နေကြပြီး ဆိုင်ပိုင်ရှင်က သူတို့ကို ရည်ညွှန်းပြောဆိုလိုက်သောအခါ မလိုလားသော်လည်း ခေါင်းငြိမ့် ထောက်ခံလိုက်ကြသည်။ "ကျွန်တော်တို့လည်း မြင်ပါတယ်။ ဆိုင်ရှင်က တစ်ချက်ပဲ တွန်းလိုက်တာ လူက လဲကျသွားတာပါ"

"သူက မကြာခဏ လာသောက်တယ်ဆိုတော့ သူ့နာမည်ကို သိလား" ခေါင်းဆောင်အမှုထမ်းက ဆက်မေးလိုက်သည်။

ဆိုင်ပိုင်ရှင်က စဉ်းစားလိုက်ပြီး "ဒီဧည့်သည်ရဲ့ မျိုးရိုးနာမည်က ကျိ ဖြစ်ပုံရပါတယ်" ဟု ဖြေလိုက်လေသည်။

မူလက အားချန်သည် အပျော်သဘော လာကြည့်ခြင်း ဖြစ်သော်လည်း သေဆုံးသူ၏ မျိုးရိုးနာမည်မှာ ကျိ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မျက်နှာအမူအရာက ပြောင်းလဲသွားလေသည်။

သူမ သိကျွမ်းသူများထဲတွင် ကျိမျိုးရိုးရှိသူ တစ်ယောက် ရှိပြီး မကြာသေးမီကမှ သားဖြစ်သူ သေဆုံးသွားခဲ့သူ ဖြစ်သည်။

သူမသည် ဘေးမှလူ၏ အင်္ကျီလက်စကို ဆွဲလိုက်ရာ ပိုင်ရှိုးမင်က ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

အားချန်က သူ့နားနားကပ်ပြီး ပြောလိုက်လေသည်။ "ကျွန်မ အလောင်းကို တစ်ချက်လောက် ကြည့်လို့ရမလား။ အဲဒီ လူကို ကျွန်မ သိလောက်တယ်"

"ကိုယ့်နောက် လိုက်ခဲ့" သူက စကားအများကြီး မပြောဘဲ အားချန်ကို ခေါ်ကာ အရက်ဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။

လူတစ်ချို့ ရှေ့တိုးလာသည်ကို မြင်သောအခါ ဘေးမှ အမှုထမ်းများက အော်ဟစ် တားဆီးရန် ပြင်လိုက်သော်လည်း သူတို့ အနားမရောက်မီမှာပင် ပိုင်ရှိုးမင်က တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်လေသည်။

မင်ကျင့်စီး၏ ခါးချိတ်တံဆိပ်ပြားကြောင့် အမှုထမ်းအချို့ ချက်ချင်း ခြေလှမ်းရပ်တန့်သွားပြီး ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ "လူကြီးမင်း"

ပိုင်ရှိုးမင်က ခေါင်းငြိမ့်ပြလိုက်သည်။ "ဒီအရာရှိက အလောင်းကို တစ်ချက်လောက် ကြည့်ချင်လို့"

"လူကြီးမင်း ဒီဘက်ကို ကြွပါ"

စစ်ဆေးမေးမြန်းနေသော အမှုထမ်းသည် အလျင်အမြန် လျှောက်လာပြီး ပိုင်ရှိုးမင်ကို လမ်းပြပေးလိုက်လေသည်။

သူသည် ပိုင်ရှိုးမင်၏ ဘေးမှ အားချန်ကိုလည်း မြင်တွေ့လိုက်သော်လည်း မမြင်ချင်ယောင်ဆောင်ပြီး နှစ်ယောက်သားကို ခေါ်ဆောင်သွားလိုက်သည်။

အရက်ဆိုင်ထဲ ရောက်သောအခါ လမ်းပြပေးသော အမှုထမ်းက ရှေ့တိုးပြီး အလောင်းပေါ်မှ အဖြူရောင် အဝတ်ကို လှပ်ပေးလိုက်ရာ အားချန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရင်းနှီးသည့် မျက်နှာကို ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။

"သိလို့လား" ပိုင်ရှိုးမင်က မေးလိုက်၏။

"သူ့နာမည်က ကျိကျွမ်း။ ကျင့်ယန်မြို့စားရဲ့ ဆွေမျိုးပဲ။ ကျွန်မနဲ့ နှစ်ကြိမ်လောက် တွေ့ဖူးတယ်"

"မင်းကို ဒုက္ခလာပေးဖူးလား"

အားချန်က ခေါင်းခါလိုက်၏။ "ဒုက္ခပေးတယ်လို့ မဆိုနိုင်ပါဘူး။ အလိုက်သိတဲ့လူပါ။ ကျွန်မတို့ နောက်ဆုံးတွေ့တာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ။ သူက စာသင်ကျောင်းရှေ့မှာ သွားသောင်းကျန်းနေတာလေ။ သူ့သားက အရက်သောက်ပြီး စာသင်ကျောင်းထဲမှာ ရေနစ်သေသွားလို့တဲ့"

အားချန်၏ စကားကို ကြားသောအခါ အမှုထမ်းအချို့လည်း ဝိုင်းအုံလာပြီး စိတ်ဝင်တစား နားထောင်နေကြသည်။

သေဆုံးသူ၏ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းရန် အချိန်အတန်ကြာမည်ဟု ထင်မှတ်ထားသော်လည်း မထင်မှတ်ဘဲ အလှည့်အပြောင်း ဖြစ်ပေါ်လာပြီး သေဆုံးသူကို သိရှိသူနှင့် တွေ့ဆုံခဲ့ရသည်။

သို့သော် ဒီမိန်းကလေးဘေးမှ လူကြီးမင်းသည် သူတို့ မထိပါးရဲသော ပုဂ္ဂိုလ်ဖြစ်သဖြင့် သူတို့လည်း ဝင်ရောက်မေးမြန်းရန် မဝံ့ရဲဘဲ ဘေးတွင်သာ စောင့်ဆိုင်းနေလိုက်ကြသည်။

ပိုင်ရှိုးမင်သည် အားချန်ကို ကောင်းစွာ နားလည်သဖြင့် ချက်ချင်းပင် မေးလိုက်၏။ "သူ့သား သေဆုံးမှုမှာ ပြဿနာရှိတယ်လို့ မင်း ထင်လား"

အားချန်က ပြုံးလိုက်လေသည်။ "ရှင် သိလား။ ကျင့်ယန်မြို့စားက မယားငယ် ယူလိုက်တယ်။ မယားငယ်ယူတဲ့နေ့မှာ ကျိကျွမ်းက သူ့သားကို ခေါ်ပြီး ကျင့်ယန်မြို့စားအိမ်တော်ကို ဂုဏ်ပြုစကား သွားပြောခဲ့တယ်။ ပြန်ရောက်တော့ သူ့သားက မတော်တဆ သေဆုံးသွားတယ်တဲ့"

သူမသည် ကျိကျွမ်း၏ အလောင်းကို ကြည့်ပြီး လေသံအေးအေးဖြင့် ပြောလိုက်၏။ "အဲဒီနေ့က စာသင်ကျောင်းရှေ့မှာ ကျွန်မတို့ ခဏလေး တွေ့လိုက်ရတယ်။ ကျွန်မ သူ့ကို သတိပေးခဲ့ပါသေးတယ်။ ကျင့်ယန်မြို့စားအိမ်တော်နဲ့ စာသင်ကျောင်းမှာ သံသယဖြစ်စရာတွေ အတူတူပဲ ရှိနေတယ်လို့လေ။ မထင်မှတ်ဘဲ ရက်ပိုင်းလောက် မတွေ့လိုက်တာနဲ့ သူလည်း သေသွားပြီ"

သူတို့နှစ်ဦး၏ စကားဝိုင်းသည် မြို့စားအိမ်တော်နှင့် ပတ်သက်နေသည်ကို မြင်သောအခါ ဘေးမှ အမှုထမ်းများ၏ မျက်နှာ ပျက်သွားကြသည်။ ဒီအမှုသာ မြို့တော်ဝန်ရုံးသို့ ရောက်ရှိသွားပါက မြို့တော်ဝန်ကြီး အိပ်မပျော်နိုင်တော့မည်မှာ သေချာလေသည်။

"ကျင့်ယန်မြို့စားအိမ်တော် ..."

ပိုင်ရှိုးမင်သည် အားချန်၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီး ဖြစ်သော်လည်း သူတို့နှစ်ဦး ဒီကိစ္စကို သေချာ မဆွေးနွေးခဲ့ကြပေ။ သို့သော် အားချန်သည် ကျင့်ယန်မြို့စားအိမ်တော်ကို ပစ်မှတ်ထားနေကြောင်း၊ ပိုပြီးတိကျစွာ ပြောရလျှင် ကျိချန်အပေါ် အပြစ်ရှိသူများကို ပစ်မှတ်ထားနေကြောင်း သူ သိလေသည်။

ယခု ကျင့်ယန်မြို့စားအိမ်တော်တွင် ကျင့်ယန်မြို့စား တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ပိုင်ရှိုးမင်က ခေါင်းလှည့်ကာ အားချန်ကို ကြည့်လိုက်သည့်အချိန်တွင် အားချန်ကလည်း သူ့ကို ကြည့်နေလေသည်။

သူမသည် သူ့လက်ချောင်းကို ချိတ်လိုက်ပြီး ဖွဖွလေး လှုပ်ယမ်းလိုက်၏။ "ပိုင်လူကြီးမင်း"

သူမ၏ အကြံအစည်ကို သူ တစ်ချက်တည်းနှင့် သိလိုက်လေသည်။ "ကိုယ့်ကို ဒီအမှုကို လက်ခံစေချင်တာလား"

"ဒါဆို ရှင် လက်ခံမှာလား"

...

All Chapters