← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

51

ယင်လီက သူ့ ရင်ဘတ်ပေါ်တွင် လွင့်မျောနေသော အမျိုး သမီးပုံသဏ္ဌာန် တာအိုလမ်းစဉ်ကို တစ်ချက်ကြည့်လိုက်သည်။ ယခုအခါ ၎င်းမှာ ပိုသေးငယ်သွားသော်လည်း ဆီးနှင်းလို ဖြူဖွေးသိပ်သည်းနေသည်။ သူမက ၎င်းကို နှလုံးသားထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် စုကျိုကို ရှင်းပြသည်။

"အဲဒီလို သဘောပါပဲ၊ ဒီနည်းလမ်းနဲ့ ငါတို့ရဲ့ တာအိုလမ်းစဉ်က အညစ်အကြေးတွေကို ဖယ်ရှားပြီးတဲ့အခါ၊ မကြာခင် အဆင့်တက်ဖို့ ကြိုးစားတဲ့အခါမှာ ငါတို့ရဲ့ နှလုံး သားက လတ်တလော ကျင့်ကြံမှုတွေနဲ့ ကောင်းကျိုးတွေနဲ့ပဲပြည့်နေပြီး သူတစ်ပါးအပေါ် အကြွေးတင်နေတာမျိုးလို နာကျင်စရာ ခံစားချက်တွေကို ခဏမေ့နေစေတာ”

ယင်လီက စုကျိုကို ရှင်းပြရင်း သူ့ကိုယ်ပိုင်တာအိုလမ်းစဉ်ကိုလည်း ပြန်လည်ခံစားကြည့်နေသည်။

"ငါက ငါ့ရဲ့ နာမည်ကျော်ကြားမှုအောက်မှာ ပိနေပြီး အဆင့် ၃၀ ကိုတောင် တက်ဖို့ အရမ်းကြောက်နေခဲ့တာ... အခုတော့ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စလိုပဲ၊ တကူးတကအားစိုက်ပြီး မစဉ်းစားရင် မေ့တောင်နေပြီ၊ ဒါပေမဲ့ ငါ့ရဲ့ အားနည်းချက်ကို ငါကျော်လွှားနိုင်ခဲ့တဲ့ ဂုဏ်ယူစရာ အခိုက်အတန့်ကိုတော့ ငါမှတ်မိနေတုန်းပဲ၊ ဟားဟားဟား... ဒါတွေအားလုံးက နင့်ကြောင့်ပါ စုကျို၊ နင်နဲ့ မိတ်ဆွေဖွဲ့ခဲ့တာ ငါ လုံးဝမမှားဘူး!"

စုကျို မျက်ခုံးပင့်လိုက်သည်။ ယင်လီကတော့ တော်တော်လေးကို မောက်မာလာပုံရသည်။

"ကျီကျီလည်း ကျဲ ကျောက်စိမ်းခုတင်နဲ့ အင်္ကျီလက်တွေပေးပြီး ဘယ်လောက်ကောင်းခဲ့လဲဆိုတာ မှတ်မိနေတုန်းပဲ!"

စုကျီကျီ ခေါင်းလေးစောင်းကာ ခံစားကြည့်ပြီး အမြန်ပြောသည်။

"ဒါပေမဲ့ အရင်တုန်းကလိုမျိုး ကိုယ့်ကိုယ်ကိုယ် အားငယ်တာ ဒါမှမဟုတ် ဝမ်းနည်းနေတာမျိုးတော့ မခံစားရတော့ဘူး”

"အခုတော့ ကျီကျီနှလုံးသားထဲမှာ ကျဲအပေါ် ချစ်ခင်မှုနဲ့ ကျေးဇူးသိတတ်မှုတွေနဲ့ပဲ ပြည့်နေပြီး အမြန်ဆုံးအား ကောင်းလာအောင် ကြိုးစားချင်နေပြီ၊ ဒါမှ ကျဲနောက်ကို အမီလိုက်နိုင်ပြီး ကျဲကို ပင်ပန်းအောင်မလုပ်မိတော့မှာ!"

"ကျီကျီ အားနည်းပေမဲ့ နေ့တိုင်းကြိုးစားပြီး အားကောင်း လာအောင် လုပ်လို့ရတာပဲ!"

စုကျီကျီ ခံစားချက်မှာ ယင်လီနှင့် ကွဲပြားသော်လည်း၊ သူ့ စိတ်မိစ္ဆာများ ပျောက်ကွယ်သွားသည်နှင့်အမျှ သူမသည်လည်း ယုံကြည်မှုများရှိလာတော့သည်။

ယင်လီ ကလေးမလေးကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုပဲ ဆက်လုပ်ပါ၊ တာအိုလမ်းစဉ်က သန့်ရှင်းနေပြီး ဇွဲနဲ့ ယုံကြည်မှုတွေ မြင့်တက်နေတဲ့ ဒီကာလမှာ ကျီကျီက ကြိုးကြိုးစားစား ကျင့်ကြံရမယ်၊ မဟုတ်ရင် ရက်အနည်း ငယ်လောက်ပျင်းနေလိုက်တာနဲ့ ကျီကျီရဲ့လုပ်ရပ်တွေက တာအိုလမ်းစဉ်နောက်မှာကျန်ခဲ့ပြီး အညစ်အကြေးတွေ ပြန်ပေါက်လာလိမ့်မယ်”

စုကျိုကမူ အကြမ်းဖျင်း နားလည်သွားပြီဖြစ်သည်။

တာအိုလမ်းစဉ်မှ အညစ်အကြေးများကို ဖယ်ရှားခြင်းက မှတ်ဉာဏ်များအား အမှန်တကယ် ဖျက်ပစ်လိုက်ခြင်း မဟုတ်ပေ။

၎င်းမှာ ကျင့်ကြံသူများအတွက် မလိုအပ်သော အားငယ်မှု၊ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှုနှင့် ငြင်းပယ်မှုကဲ့သို့သော အပျက်သဘောဆောင်သည့် ခံစားချက်အမြောက်အမြားကို ဖယ်ရှားပေးခြင်းသာ။

သို့သော် ၎င်းမှာ ရောဂါလက္ခဏာကိုသာ ကုသပေးခြင်းဖြစ်ပြီး အရင်းအမြစ်ကို ကုသပေးခြင်းမဟုတ်ပေ။

အကယ်၍ အမှန်တကယ် ပြဿနာကို မဖြေရှင်းနိုင်ပါက စိတ်မိစ္ဆာများသည် ခဏအကြာတွင် ပြန်လည်ပေါ်ပေါက်လာဦးမည်ဖြစ်သည်။

ချန်ကျိုး၏တာအိုလမ်းစဉ် အညစ်အကြေးများက ဤတံစဉ်လေးပေါ် အမြဲရှိနေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။

ဒီကောင်ကတော့ အကြွေးလည်းမဆပ်၊ အလုပ်လည်းမလုပ်ဘဲ သူများအပေါ်မှာအမြဲမှီခိုနေတဲ့ ကောင်ပဲ၊ စိတ်မိစ္ဆာ အညစ်အကြေးတွေကလည်း အမြဲတမ်း တိုးပွားနေပြီး ရက်အနည်းငယ်လောက်တောင် သန့်သန့်ရှင်းရှင်း မနေနိုင်ဘူး၊ သူကတော့ ဒီ ‘တာအိုလမ်းစဉ် သန့်စင်ဆိုင်’ရဲ့ ဖောက် သည်ဟောင်းကြီး ဖြစ်မှာပဲ။

စုကျို ဂိုဒေါင်အားကြည့်ရင်း စိတ်ထဲမှရေရွတ်လိုက်သည်။

[ ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် ၆ ရှိ ‘ချန်ကျိုး’ ၏တာအိုလမ်းစဉ် အညစ်အကြေးများကို အောင်မြင်စွာကူးယူပြီးပါပြီ၊ မိတ္တူ ၉ ခု ရရှိပါသည်။ ]

ကယ်ကြပါဦး!

ဂိုဒေါင်မြေပုံပေါ်ရှိ အမည်းရောင် အမှုန်အမွှားပုံကြီး ၉ ပုံကို ကြည့်ပြီး စုကျို မျက်နှာမှာ ပြာနှမ်းသွားတော့သည်... သူ့ ဂိုဒေါင်ကြီး ညစ်ပတ်သွားပြီလေ။

“ဘာဖြစ်လို့လဲ စုကျို ? ငါတို့က တာအိုလမ်းစဉ်ကို သန့်စင်ထားတာဆိုတော့ အစောပိုင်းမှာ ခေါင်းနည်းနည်း မူးနေတာ သဘာဝပဲ၊ နင်က သန့်စင်တာလည်း မလုပ်ဘဲနဲ့ ဘာလို့ ကြောင်နေတာလဲ ?”

ကျူးပိုင်ယွီ ကုတင်ပေါ်မှ နောက်ဆုံးမှ ထလာရင်း မေးလိုက်သည်။

သူ့တာအိုလမ်းစဉ်မှာ မြူခိုးမည်းများ ဖြစ်နေသဖြင့် သန့်စင်ရန် အချိန်အကြာဆုံးယူခဲ့ရကာ ဘေးနားမှဝန်ထမ်း လေးမှာလည်း ပင်ပန်းလွန်းသဖြင့် မျက်လုံးများပင် နီရဲနေရှာသည်။

ကျူးပိုင်ယွီက ထိုဝန်ထမ်းလေးကို ရွှေတုံးကြီးတစ်တုံး မုန့်ဖိုးပေးလိုက်ပြီးမှ သူ့နီလာပြာရောင် ဝတ်ရုံကိုပြန်ဝတ်လိုက်သည်။

သူ ပြုံးရွှင်စွာဖြင့် - “ငါ ပြန်ရှင်သန်လာပြီ၊ ငါ့ရဲ့ တာအိုလမ်းစဉ်က အရမ်းကိုသန့်ရှင်းသွားတာ၊ ဒီလိုမျိုး မခံစားရတာ အနည်းဆုံး အရွယ်ဝက် (၆ လ) လောက်ရှိပြီ၊ သိပ်ကောင်းတာပဲ! အခုဆိုရင် ငါ ဂူအောင်းပြီး အဆင့်တက်ဖို့ ပြင်ဆင်လို့ရပြီ! စုကျို... ငါတို့ကို သိပ်ပြီး အားမကျနေနဲ့ဦး”

စုကျို: “...” သူက ဘာကို အားကျရမှာလဲ ?

စိတ်ကျေနပ်မှုကြောင့် မျက်နှာဝင်းပနေသော လေးယောက် လုံးထံကြည့်ပြီး၊ အညစ်အကြေးတိုက်တဲ့ ဓားမြှောင်က လူတိုင်းနှင့် မျှဝေသုံးစွဲနေသည့် ‘မိုးကြိုးဒဏ်သင့်စရာ’ အရာကြီးဖြစ်ကြောင်း မပြောပြတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ သူတို့လေးယောက်ကသာ သူ့အပေါ် အရမ်းရိုးသားကြပြီး သူတို့ရဲ့ထူးဆန်းတဲ့ တာအိုလမ်းစဉ်တွေကိုတောင် ထုတ်ပြခဲ့ကြတာလေ၊ သူက ဒီလိုကိစ္စလေးကို ဖုံးကွယ်ထားရမလား ?

စုကျို အမူအရာမှာ ရှုပ်ထွေးသွားပြီး ဆုံးဖြတ်ရခက်နေ သည်။

စုကျီကျီ အပျင်းကြောဆန့်ရင်း စုကျိုကုတင်အထက်တွင် ချိတ်ဆွဲထားသော ‘နှလုံးသားကြည့်မှန်’ ကို လှမ်းကြည့်လိုက်ရာ ချက်ချင်းထိတ်လန့်သွားပြီး မျက်နှာလေး ဖြူဖျော့သွားသည်။

“အာ... ကျဲရဲ့ တာအိုလမ်းစဉ်က အရင်ကထက် ပိုပြီး မှောင်သွားသလိုပဲ!”

“ဘာ!? ငါ့လိုလူမှာလည်း တာအိုလမ်းစဉ်ရှိသေးတာလား?” စုကျို အံ့သြတကြီးဖြင့် ကုတင်ပေါ်မှ မှန်ကို မော့ကြည့်လိုက်သည်။

ကျူးပိုင်ယွီနှင့် ကျန်သုံးယောက် : “...”

စုကျိုသည် စောစောက အခြားသူများ၏တာအိုလမ်းစဉ် အညစ်အကြေးများကို ကြည့်ကာ ဘာမှမဖြစ်သလိုရယ် မောနေခဲ့သော်လည်း၊ ယခု သူ့ ‘လပြည့်ဝန်း’ တာအိုလမ်း စဉ်၏ညာဘက်အပေါ်ထောင့်တွင် အမည်းစက်တစ်ခုတိုးလာသည်ကို မြင်သောအခါ တိတ်ဆိတ်သွားတော့သည်။

သူ့မှာလည်း အညစ်အကြေး ရှိလာခဲ့ပြီ၊ တာအိုလမ်းစဉ်က ညစ်နွမ်းသွားခဲ့ပြီ။

“နင် စောစောက ငါတို့ကို စိတ်ထဲကနေ ရယ်နေတာ မဟုတ်လား ?”

ကျူးပိုင်ယွီက မေးစေ့ကိုပွတ်ရင်း “အဲဒါကြောင့် နင့်တာအိုလမ်းစဉ်က ထိခိုက်ပြီး အပြစ်ရှိသလို ခံစားနေရတာလေ”

စုကျို အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းငါးဦးထွက်သွားပြီးနောက် သူမသည် လေးယောက်လုံးကို လေးနက်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူ့ ညာဘက်လက်ကို သန့်ရှင်းသောအဝတ်ဖြူဖြင့် ဖြည်းဖြည်းချင်းပတ်လိုက်ပြီးမှ လေးပင်သော အသံဖြင့် ပြောလိုက်သည်။

“ငါ နင်တို့ကို ဖုံးကွယ်ထားချင်တဲ့ ကိစ္စတစ်ခုရှိတယ်”

စုကျီကျီနှင့် စုရှင်းချန်တို့ မျက်လုံးများ ပြူးကျသွားပြီး စိတ်မကောင်းဖြစ်သွားသည့် အရိပ်အယောင်များ မျက်နှာထက်ပေါ်လာခဲ့သည်။ ယင်လီကမူ စပ်စုသည့်အကြည့်ဖြင့် ကြည့်လာသည်။

စုကျို: “ငါ ခုနက တစ်ခုခုကို ကူးယူလိုက်မိတယ်”

လေးယောက်လုံး အနားတိုးလာပြီး သူ့ညာဘက်လက်ကို စိုက်ကြည့်လိုက်ကြသည်။

စုကျို အဝတ်ဖြူပတ်ထားသည့် သူ့လက်ကို လှန်ပြလိုက်ရာ လက်ဖဝါးပေါ်တွင် အမည်းရောင် အဖတ်ပုံကြီး ၉ ပုံ ပေါ်လာတော့သည်။

“!”

“???”

“...”

“!”

သူ့အားကြည့်ပြီး လေးယောက်လုံး နောက်သို့ ပြိုင်တူလန်ကျသွားကြသည်။ သူတို့မျက်နှာများမှာ ဖြူဖျော့လာပြီး

“ငါ ကူးယူလိုက်တာက... ချန်ကျိုးရဲ့ တာအိုလမ်းစဉ် အညစ်အကြေးတွေပဲ”

“အော့...”

စုကျီကျီနှင့် ယင်လီတို့မှာ မခံစားနိုင်တော့ဘဲ မျက်နှာလွှဲကာ ပါးစပ်ကိုအုပ်လိုက်ကြသည်။ စုရှင်းချန် အကြည့်များမှာ တောင့်တင်းသွားပြီး ကျူးပိုင်ယွီမှာလည်း နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။

“အရမ်း စိတ်မလှုပ်ရှားကြပါနဲ့”

စုကျိုက စိတ်ထဲမှ လပြည့်ဝန်းပေါ်ရှိ အမည်းစက်လေး အနည်းငယ် သေးသွားသည်ကို သတိပြုမိသော်လည်း မသေချာသဖြင့် အမြန်ထပ်ပြောလိုက်သည်။

“ဒါ့အပြင်... ဝန်ထမ်းမိန်းကလေးပေးတဲ့ တံစဉ်လေးပေါ်မှာလည်း အုပ်ချုပ်ရေးမှုးတောက်ရန်တို့ တစ်ထပ်လုံးရဲ့ အညစ်အကြေးတွေကို ငါ မြင်လိုက်ရသေးတယ်”

“...!”

စုရှင်းချန်မှာတော့ လုံးဝမခံစားနိုင်တော့ဘဲ မျက်နှာလေး ပြာနှမ်းသွားကာ ပျို့အန်ချင်စိတ်ကို အနိုင်နိုင်အောင့်အီးရင်း စုကျီကျီတို့ အုပ်စုထဲသို့အပြေးဝင်သွားတော့သည်။

စုကျို ကျူးပိုင်ယွီထံတစ်ချက်ကြည့်လိုက်ပြီး - "ကျင်းယွီထန်က စာရင်းကိုင်နဲ့ ဆိုင်မန်နေဂျာ သုံးလေးယောက်ရဲ့ အညစ်အကြေးတွေကိုလည်း ငါ တွေ့လိုက်ရသေးတယ်..."

ကျူးပိုင်ယွီ နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားပြီး ဒေါသကြောင့် ဆံပင်များပင်ထောင်ထွက်လာတော့သည်။ သူ့ကိုယ်ပေါ်ရှိ ကျောက်စိမ်းခါးပတ်ရှစ်ခုလုံး တဖျတ်ဖျတ်လွင့်သွားကာ မျက်နှာဖြူဖျော့လျက် အခန်းထဲမှ ဝုန်းကနဲ ပြေးထွက်သွားတော့သည်။

"သူ... အဆင်ပြေပါ့မလား ?" စုကျို မှန်ထဲရှိ သူ့ တာအိုလမ်းစဉ်ကို ပြန်ကြည့်လိုက်ရာ ယခုအခါ လပြည့်ဝန်းအသွင်ဖြင့် ပြန်လည်ကြည်လင်ကာ အပြစ်ဆိုဖွယ်မရှိ သန့်ရှင်းနေပြီဖြစ်သည်။

အမှန်ပင်... အကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပြီးနောက် သူ့ တာအိုလမ်းစဉ်မှာ ပြန်လည်ပြီးပြည့်စုံသွားခဲ့ပြီ!

စုကျို အလွန်ပင် စိတ်သက်သာရာရသွားပြီး အခန်းပြင်သို့ ပြေးထွက်သွားသော ကျူးပိုင်ယွီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

ယင်လီကမူ မျက်နှာဖြူဖျော့လျက် လက်ယမ်းပြကာ

"သူ့ဘာသာသူ သွားပေါက်ကွဲပါစေဦး၊ ငါတော့ သူ့ကို လိုက်ချော့ဖို့ အင်အားမရှိတော့ဘူး”

သူတို့လေးယောက်လုံး ရွံရှာစက်ဆုပ်နေကြပြီဖြစ်သည်။

သန့်စင်တဲ့ ကိရိယာတွေအားလုံးက အသစ်စက်စက်တွေဖြစ်ပြီး သုံးပြီးရင် ဖျက်ဆီးပစ်မယ်လို့ ကတိပေးထားတာလေ! တကယ်တော့ လူပေါင်းစုံသုံးထားတဲ့ ပစ္စည်းတွေ ဖြစ်နေတာလား! သေချာတောင် မသန့်စင်ထားကြဘူး!

ကုန်သည်တွေဆိုတာ တကယ့်လူလိမ်တွေပဲ။

လောကကြီးက အရင်လိုမဟုတ်တော့ဘူး၊ လူ့နှလုံးသားတွေက တကယ်ကိုခန့်မှန်းရခက်လှသည်။

သန့်စင်ခန်း VIP ခန်းထဲတွင် ကျန်ခဲ့သည့် သုံးယောက်မှာ မျက်နှာမကောင်းကြပေ။

၁၅ မိနစ်ခန့် ကြာပြီးနောက် ဒေါသထွက်နေသော ကျူးပိုင်ယွီ အခန်းထဲ ပြန်ဝင်လာသည်။ သူ စုကျို ပေးထားသည့် လူခြောက်ယောက်စာ သန့်စင်ခများကိုပြန်တောင်းလာပြီး ဒေါသတကြီး ကြိမ်းမောင်းတော့သည်။

"အဲဒီ အကျင့်မကောင်းတဲ့ ရှီးရှန်ဆောင်! သူတို့ အခုထိ ပိုက်ဆံပြန်အမ်းဖို့ ငြင်းနေတုန်းပဲ! သူတို့ရဲ့ အဖိုးတန် ‘တတိယအဆင့် နှလုံးသားထင်ဟပ်မှန်’ ကို ထုတ်ပြီး ဒီတံစဉ်လေးတွေကို စစ်ဆေးမယ်လို့ ငါ ပြောလိုက်တော့မှ သူတို့ ပြာပြာသလဲ ဖြစ်သွားကြတာ၊ အခု ဧည့်သည်တွေအကုန်လုံးကို နှင်ထုတ်လိုက်ပြီ၊ ငါ့ကို ရှင်းပြချက်ပေးမယ်တဲ့!"

စုကျို မျက်ခုံးပင့်လိုက်သည် - "တတိယအဆင့် နှလုံးသားထင်ဟပ်မှန် ?"

ကျူးပိုင်ယွီ နှာခေါင်းရှုံ့ကာ ထောက်ခံသည် - "ငါတို့ သန့် စင်တုန်းက သုံးခဲ့တာက ဒုတိယအဆင့် ကြေးမှန်ပဲလေ၊ အဲဒါက တာအိုလမ်းစဉ်က အစက်အပြောက်တွေကိုပဲ မြင်ရတာ၊ သေချာ မကြည်လင်ဘူး”

"ဒါပေမဲ့ ရှီးရှန်ဆောင်ရဲ့အဖိုးတန်ရတနာဖြစ်တဲ့ တတိယအဆင့် ကြေးမှန်ကတော့ အညစ်အကြေးတွေထဲမှာ ရှိနေတဲ့ ကျင့်ကြံသူရဲ့စိတ်မိစ္ဆာအပိုင်းအစတွေကိုပါ ထင်ဟပ်နိုင်တယ်၊ ဒီအညစ်အကြေးတွေက ငါတို့ဟာ မဟုတ်ဘဲ တခြားသူတွေဟာဆိုရင် အဲဒီမှန်ထဲမှာ အကုန်အရှင်းသား မြင်ရလိမ့်မယ်!"

ကျူးပိုင်ယွီ စကားပြောနေစဉ် ယင်လီ ဖြူဖျော့နေကာ သူ့ ပါးစပ်ကိုအုပ်ထားသည်။

"မဟုတ်ဘူး... ငါတော့ မကြည့်ချင်တော့ဘူး..." ယင်လီသည် ဤဒဏ်ကို မခံနိုင်တော့ပေ။

"ငါ့ တာအိုလမ်းစဉ်က ထိခိုက်နေပြီ၊ အဲဒါက တခြားသူရဲ့ အညစ်အကြေးတွေလေ၊ ငါ မကြည့်ချင်ဘူး”

စုကျီကျီ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စုရှင်းချန်လည်း မျက်လုံးမှိတ်ကာ ငြင်းဆန်လိုက်သည်။

စုကျိုတစ်ယောက်သာ စိတ်ဝင်တစားရှိပြီး သွားကြည့်ချင်နေမိသည်။

ကျူးပိုင်ယွီက မျက်နှာသေဖြင့် ရယ်လိုက်သည်။

"ငါ အဲဒီ တတိယအဆင့်မှန်ကို တံခါးဝမှာ ချိတ်ခိုင်းထားတယ်၊ ငါတို့ ထွက်သွားတဲ့အခါ အကုန်ပြန်စစ်မယ်၊ တကယ်လို့ တခြားသူရဲ့ အညစ်အကြေးတွေ ငါတို့ဆီကပ် ပါလာရင် သူတို့ ဆိုင်ပြုတ်သွားတဲ့အထိ လျော်ကြေးတောင်းပစ်မယ်!"

"ပြီးတော့ ငါတို့ရဲ့တာအိုလမ်းစဉ် အစိတ်အပိုင်းတွေ တံစဉ်ပေါ်မှာ ကျန်ခဲ့လားဆိုတာပါ စစ်ရမယ်”

ကျူးပိုင်ယွီ စုကျိုအား တစ်ချက်ကြည့်လိုက်ပြီး

"မဟုတ်ရင် တစ်ယောက်ယောက်က အဲဒါကို ကူးယူပြီး ထူးထူးဆန်းဆန်းတွေ လုပ်လိုက်ရင် ငါတို့တော့ သွားပြီပဲ”

ယင်လီ၏ လှပသောမျက်နှာမှာ စက္ကူလိုဖြူလျော့သွားရသည်။

စုကျီကျီနှင့် စုရှင်းချန်တို့ကလည်း စုကျိုထံ စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

စုကျို: "?"

သူ့ကို ဘာလို့ ကြည့်နေကြတာလဲ ? ဘာတွေ စိတ်ကူးလာယဉ်နေကြတာလဲ ?

"ငါက အဲဒီလောက် ယုတ်မာတဲ့သူလား ?"

စုကျိုက သက်ပြင်းချလိုက်သည်။ သူမ အခန်းထဲတွင် တာအိုလမ်းစဉ် အတောက်ပဆုံးလူ မဟုတ်ပါလား ?

"ငါက ဘယ်လိုလုပ် သူတစ်ပါးရဲ့အားနည်းချက်ကို သုံးပြီး တိုက်ခိုက်မှာလဲ ?"

သို့သော် သူ မတ်တတ်ရပ်လိုက်ပြီး အဝတ်ဖြူထဲမှ အညစ် အကြေး ၉ ပုံကို ယူကာ VIP ခန်းထဲမှ ထွက်လာခဲ့သည်။

"ငါ အပြင်ထွက်ပြီး ချန်ကျိုးရဲ့စိတ်မိစ္ဆာတွေကို သွားကြည့်လိုက်ဦးမယ်”

"..."

"..."

"!!"

"..."

စုကျီကျီ မျက်နှာလေး ဖြူဖျော့လျက် စုရှင်းချန်ကိုကြည့်ကာ - "ဒုတိယအစ်ကို... နောက်ဆိုရင် ညီမတို့ ကိုယ့်အား ကိုယ်ကိုးပြီးပဲ တာအိုလမ်းစဉ်ကို ထိန်းသိမ်းကြရအောင်နော်”

စုရှင်းချန် လည်ပင်းတောင့်ထားပြီး အမြန်ပင်သဘောတူလိုက်သည်။

ကျူးပိုင်ယွီနှင့် ယင်လီတို့ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်နှာများပိုပျက်လာကြသည်။

စုကျို... နင်ကတော့ တကယ့် ‘မိစ္ဆာ’ ပဲ!

စုကျိုသည် VIP ခန်းလမ်းလျှောက်လမ်းအတိုင်း ထွက်လာခဲ့သည်။ ဝန်ဆောင်မှုပြဿနာကြောင့် ဧည့်သည်အများစုကိုနှင်ထုတ်ထားသဖြင့် တိတ်ဆိတ်နေသည်။ ထိုစဉ်ထူး ဆန်းပြီး လေးလံသော တရွတ်တိုက်သံတစ်ခုကိုကြား လိုက်ရသည်။

တရွတ်တိုက်သံ တစ်ချက်တိုင်းတွင် မြေကြီးနှင့်ဆောင့်မိသံကဲ့သို့ အသံဗလံတစ်ခု ပါဝင်နေပြီး အဝတ်အစားများ ပွတ်တိုက်သံနှင့်အတူ လမ်းလျှောက်လမ်း ရှေ့ဘက်ဆီမှ ထွက်ပေါ်လာနေသည်။

ထိုအသံသည် ပိုနီးကပ်လာပြီး သူရှိရာသို့ ဦးတည်လာနေပုံရသည်။

စုကျို မျက်မှောင်ကြုတ်ကာ ခြေလှမ်းများကို ရပ်လိုက်တော့သည်။

တိတ်ဆိတ်စွာပင် သူ လူခြောက်ယောက်စာ VIP ခန်းထဲသို့ ပြန်ဆုတ်ဝင်လိုက်သည်။

သူ တံခါးကို အသာလေးပြန်စိလိုက်သည်။

"ဘာဖြစ်လို့လဲ ?"

တစ်ခုခု မှားနေပြီဆိုတာကို ရိပ်မိသွားပြီး ယင်လီ ချက် ချင်းထရပ်လိုက်သည်။

သူ အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်ရာ မျက်နှာက ချက်ချင်းပတည်ကြည်လေးနက်သွားပြီး စုကျို ရှေ့ရှိ သစ်သားတံခါးကို သူ့ ညာဘက်လက်ဖြင့် ထိလိုက်သည်။

"ငါ့ရဲ့ သစ်သားဓာတ် အာရုံခံနိုင်စွမ်းက တစ်ခါ ထပ်ပျက် ကွက်သွားပြန်ပြီ!"

ယင်လီ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

"အန္တရာယ်ပဲ! အကောင်ကြီးတစ်ကောင် ဖြစ်လိမ့်မယ်၊ အပြင်က သစ်ပင်ပန်းမန်တွေအားလုံးက ကြမ်းတမ်းတဲ့ အငွေ့အသက်ကို အာရုံခံမိနေပြီး အသက်တောင် ဝဝမရှူရဲကြဘူး”

ကျူးပိုင်ယွီ မျက်မှောင်ကြုတ်ကာ လျှောက်လာသည်။

"ရှီးရှန်ဆောင်ရဲ့အမှားကြီးကို စုကျို သိသွားလို့ သူတို့က ငါတို့ကို နှုတ်ပိတ်ချင်နေတာလား ?"

စုကျီကျီနှင့် စုရှင်းချန်တို့ကမူ စုကျိုအား ဘေးတစ်ဖက် တစ်ချက်စီကနေ ကာကွယ်လိုက်ကြသည်။

စုကျို ခဏမျှ နားစွင့်ကြည့်လိုက်ရာ ထိုတရွတ်တိုက်သံသည် သူတို့ တံခါးရှေ့တွင် အမှန်တကယ် ရပ်တန့်သွားကြောင်း သိလိုက်ရသည်။

သံခြေချင်း ကျောက်စိမ်းကြမ်းပြင်ပေါ်သို့ ရိုက်ခတ်သံမှာ အလွန်စူးရှစွာ ထွက်ပေါ်လာသည်။

52

ချန်ယွမ်လား?

စုကျိုသည် သူ့ အိတ်ထဲရှိ မိစ္ဆာကျွန်ထိန်းချုပ်ရေးလက် ပတ်ကို ကြည့်လိုက်ရာ ချန်ယွမ်ကို ကိုယ်စားပြုသည့် အနီရောင်အစက်မှာ သူ့ အစိမ်းရောင်အစက်နှင့် တစ်ထပ်တည်း ကျနေသည်ကို မြင်လိုက်ရသည်။

သူ တံခါးကို ချက်ချင်းတွန်းဖွင့်လိုက်ရာ အုတ်ဂူကျောက် စာတိုင်၏ဒဏ်ကြောင့် ပျောက်ကွယ်သွားခဲ့သော မိစ္ဆာကျွန်လေးကို တွေ့လိုက်ရသည်။

သူသည် သတိမေ့နေသော လူသားသဏ္ဌာန် အရာတစ်ခုကို တရွတ်တိုက် ဆွဲလာခြင်းဖြစ်သည်။

ထိုသူမှာ ကျင်းယွီထန်၏ယူနီဖောင်းဖြစ်သော မြေနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့လက်နှစ်ဖက်မှာ ကျိုးသွားသကဲ့သို့ ပျော့ခွေကျနေသည်။

သတိမေ့နေစဉ်မှာပင် သူ့မျက်နှာထက် နာကျင်မှုများ ထင်ဟပ်နေပြီး ညည်းတွားသံတိုးတိုး ထွက်ပေါ်နေသည်... သူကတော့ အခြားသူမဟုတ်၊ အစောပိုင်း ကျင်းယွီထန်မှာ မောက်မာခဲ့သည့် မန်နေဂျာပင်။

ထိုမန်နေဂျာ၏ ကော်လာတွင် 'ကျူယွမ်' ဟူသော စာလုံးကိုပန်းထိုးထားသည်။ အစောက ကျင်းယွီထန် အဝင်ဝတွင် ဝန်ထမ်းက ဝိညာဉ်စစ်ထုတ်ခြင်းအဆင့်ရှိသော အဘိုးနှင့်မြေးကို ပေါ့ပေါ့ပါးပါးပင် အပြင်သို့ ပစ်ထုတ်လိုက်သည်ကို သူမြင်ခဲ့ပြီး၊ ယင်လီနှင့် ကျူးပိုင်ယွီတို့ကိုလည်း တောင်းပန်စကား တစ်လုံးမှမဆိုဘဲ ပြုံးလျက် ခြိမ်းခြောက်ခဲ့သူဖြစ်သည်။

သူသည် ကိုယ့်ကိုကိုယ် အထင်ကြီးပြီး သာမန်ကျူယွမ်အဆင့် ကျင့်ကြံသူများကိုပင် ထည့်မတွက်ခဲ့သည်မှာ သိသာလှသည်။

သို့သော် ယခုအခါတွင်တော့ ထိုကျူယွမ်အဆင့်ရှိသော ကျင်းယွီထန် မန်နေဂျာမှာ ခွေးသေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ ချန်ယွမ် သူ့လက်မောင်းကို သံကြိုးဖြင့် ဖောက်၍ ဆွဲလာခဲ့ခြင်းဖြစ်သည်။

ချန်ယွမ် ထိုသူကို အထုပ်တစ်ထုပ်ကို ပစ်ချသကဲ့သို့ စုကျို၏ရှေ့သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်တော့သည်။

"!"

ကျူးပိုင်ယွီနှင့် ယင်လီတို့ နောက်သို့ တစ်လှမ်းဆုတ်သွားကြသည်။

စုရှင်းချန်နှင့် စုကျီကျီတို့မှာတော့ မျက်လုံးအပြူးသားဖြစ်သွားကြရသည်။

"နင့်ရဲ့ ဒဏ်ရာတွေက တကယ် အများကြီးသက်သာသွားတာပဲ”

စုကျို မော့ကြည့်လိုက်ရာ သူ့အကြည့်မှာ ထိုပိန်ပါးသော မိစ္ဆာကျွန်လေး၏လက်မောင်းများပေါ်သို့ ကျရောက်သွားသည်။ သံကြိုးများက သူ့ပုခုံးများကို ဖောက်ထွက်နေပြီး မြေပြင်ပေါ်သို့ ကျနေသည်။ သူ့ခြေထောက်များတွင်လည်း လေးလံလှသော ရွှေနက်ခြေချင်းများခတ်ထားသော် လည်း ယခုအခါ ပန်းရောင်သန်းနေသော အသားနုအသစ်များ တက်နေသည်ကိုမြင်တွေ့ရသည်။

သူ ကျင်းယွီထန် မန်နေဂျာကို အလွယ်တကူအလဲထိုးခဲ့ပြီး၊ လက်နှစ်ဖက်ကို လိမ်ချိုးကာ သူမ ရှေ့သို့ တရွတ်တိုက်ဆွဲလာခဲ့ခြင်းဖြစ်သည်။

စုကျို ခဏမျှ စဉ်းစားလိုက်သည်။

ငါးကြယ်ပွင့်အဆင့်ရှိသော ‘နောက်လိုက်’ ကို စွန့်စားရွေးချယ်ခဲ့ခြင်းမှာ အလွန်မှန်ကန်ကြောင်း သူ ခံစားလိုက်ရသည်။ သူက တကယ်ကို ကြမ်းတမ်းပြီးစွမ်းအားကြီးလှသည်။ ၎င်းသည် တိုက်ခိုက်ရာမှာ အရမ်းတော်လွန်းသည်။

ဒါပေမဲ့ ဒါက ဘာကို ဆိုလိုတာလဲ?

စုကျိုသည် သူ့ခြေရင်းတွင် အသက်ကို လုရှူနေရသော ကျင်းယွီထန် မန်နေဂျာကိုကြည့်လိုက်သည်။

"သူက ဘယ်သူလဲ...?"

ယင်လီ ဆံပင်များမှာ ထောင်ထွက်မတတ် ကြောက်လန့်သွားရသည်။ သူမ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ အကြည့်အောက်ရောက်နေသကဲ့သို့ခံစားနေရပြီး၊သစ်သား ဓာတ်ရှိသော ဝိညာဉ်ပင်များဆီမှလည်း မည်သည့်သတင်းအချက်အလက်မှမရရှိတော့သဖြင့် အလွန်ထိတ်လန့်နေမိသည်။

ချန်ယွမ်ကမူ သူ့ စကားကိုကြားပုံမရသလို၊ သူ့ကိုလည်းမြင်ပုံလည်း မရပေ။

စွယ်များပါသည့် ကြမ်းတမ်းသော ကြေးနှုးမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူ့အေးစက်စူးရှသော အပြာရောင်မျက်လုံးများက စုကျိုကို တည့်တည့် စိုက်ကြည့်နေသည်။

ခဏအကြာတွင် သူ့အကြည့်မှာ စုကျို ဆံပင်ပေါ်ရှိ သစ်ခွဆံထိုးပေါ်သို့ ကျရောက်သွားပြီးနောက်၊ စုကျီကျီနှင့် စုရှင်းချန်တို့ ပန်ထားသည့် ပုံစံတူ သစ်သားဆံထိုးများဆီသို့ ရွေ့လျားသွားသည်။

မီးလျှံများကဲ့သို့ ရဲရဲတောက်နေသော သူ့ ဝတ်ရုံရှည်ကြီးမှာ မြေပြင်ပေါ်တွင် တရွတ်တိုက်နေပြီး အနားသတ်များမှာမညီမညာဖြင့် သွေးညှိနံ့များထွက်နေသည်။ သူ အမှောင်နက်ထဲ အမဲလိုက်ရာမှ အခုတင်ပြန်ရောက်လာသကဲ့သို့ပင်။

ဒါက လူတိုင်းကို သူ့အနားမကပ်ရန် သတိပေးနေခြင်း ဖြစ်သည်။

"ငါးကြယ်ပွင့်အဆင့်ရှိတဲ့ ကြမ်းတမ်းတဲ့ မိစ္ဆာလား ?"

ကျူးပိုင်ယွီ အံ့သြတကြီး ရေရွတ်လိုက်သည်။

ဝိညာဉ်ပိုးဖလံဂေဟာရှိ ချမ်းသာသော ကျင့်ကြံသူများသည် အလုပ်ခိုင်းရန်အတွက် မိစ္ဆာကျွန်များကိုငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။

မိစ္ဆာတစ်ကောင်၏အဆင့်နှင့် အမျိုးအစားကို ၎င်းတို့ဝတ် ဆင်ထားသည့် အဝတ်အစားနှင့် အဆင်တန်ဆာများကို ကြည့်ခြင်းဖြင့် သိရှိနိုင်လေသည်။

ဒဏ္ဍာရီများအရ အကြမ်းတမ်းဆုံးနှင့် ယဉ်ပါးအောင် မွေးမြူရန် အခက်ခဲဆုံး ငါးကြယ်ပွင့်အဆင့် မိစ္ဆာများ သည် သွေးကဲ့သို့ ရဲရဲတောက်နေသောဝတ်ရုံကို ဝတ်ဆင်လေ့ရှိကြသည်။ ဤဝတ်ရုံသည် ထိုမိစ္ဆာ၏အထူးအဆင့် အတန်း၊ စွမ်းအားနှင့် ၎င်းသခင်မှာ မည်မျှအရှိန်အဝါကြီးမားကြောင်းကို ဖော်ပြနေသလို၊ သခင်နှင့် ဘေးပတ် ဝန်းကျင်ရှိ လူများအတွက်လည်း သတိပေးချက်တစ်ခု ဖြစ်နေသည်။

မိစ္ဆာ၏စွမ်းအားမှာ ခန့်မှန်းရခက်ပြီး ၎င်းအန္တရာယ်မှာ ချောက်ကမ်းပါးကြီးကဲ့သို့ နက်ရှိုင်းလှရာ မည်သည့်အချိန်တွင်မဆို သခင်အား ပြန်လည်ဝါးမျိုသွားနိုင်သည်။

ချန်ယွမ်၏ကျယ်ပြန့်သော သွေးရောင်ဝတ်ရုံအောက်တွင် သံကြိုးလေးချောင်းမှာ သူ့ပုခုံး၊ နှလုံးသား၊ ကျောရိုးနှင့် လက်မောင်းများကို အသီးသီး ဖောက်ထွက်ချိတ်ဆက်ထားသည်။ သူ့ဗလာကျင်းနေသော ခြေထောက်နှစ်ဖက်မှာ ဝတ်ရုံအနားသတ်အောက်တွင် ဝှက်နေသော်လည်းလေးလံ အေးစက်သော ခြေချင်းဝတ်များကို တရွတ်တိုက်ဆွဲလာနေသည်။

သံကောင်ထဲတွင် ပိတ်လှောင်ခံထားရသည့် ငါးကြယ်ပွင့်မိစ္ဆာတစ်ကောင်ပင် ဤမျှအရှိန်အဝါမကြီးနိုင်ပေ။

ယင်လီနှင့် ကျူးပိုင်ယွီတို့ မျက်နှာများ ချက်ချင်းပျက်သွားသည်။

"ဒီကြမ်းတမ်းတဲ့မိစ္ဆာက ဘယ်ကနေ လွတ်လာတာလဲ?"

"စုကျို... နင်တို့နှစ်ယောက် အမြန်ပြေး! ကျူးပိုင်ယွီနဲ့ ငါက အခြေခံအဆင့်ရောက်နေပြီဆိုတော့ အမွှေးတိုင်တစ်ဝက်စာလောက် အချိန်ဆွဲပေးထားလို့ရတယ်! သွားတော့!"

ယင်လီ စုကျိုအား နောက်သို့ တွန်းပို့လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် ယင်လီ တောင့်တင်းသွားရသည်။

သူ့ ရှေ့မှ စွယ်များပါသော မျက်နှာဖုံးဝတ်ထားသည့် ကြမ်း တမ်းသော မိစ္ဆာ၏သက်မဲ့နေသော အပြာရောင်မျက်လုံးများမှာ သူမက စုကျိုအားတွန်းလိုက်သည့် လက်ပေါ်သို့ အေးစက်စွာ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။

သူ စုကျိုပေါ်တင်ထားသော ထိုလက်အား မည်သို့ချိုးပစ်ရမလဲဟု စဉ်းစားနေပုံရသည်။

ယင်လီသည် ချက်ချင်းချွေးအေးများထွက်လာပြီး လှုပ်ရှားဖို့အင်အားစိုးစဉ်းမျှပင် မရှိတော့ပေ။ ဒါ မဖြစ်နိုင်တာ! သူက အခြေခံအဆင့် ၅ တောင် ရောက်နေတာလေ!

သူ့ရှေ့ရှိ စွမ်းအားကြီးမိစ္ဆာမှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထားတဲ့ မိစ္ဆာနှိမ်နင်းရေး သံကြိုး ၈ ချောင်းတောင် ရှိနေတာ၊ သူ့အင်အားက အများကြီးလျော့နည်းနေသင့်တာကို ဘာလို့ ဒီလောက်တောင် ဖိနှိပ်တဲ့ အငွေ့အသက်တွေရှိနေရတာလဲ!

"နေဦး... ရပါတယ်”

စုကျိုက ယင်လီ ပုခုံးကို ပုတ်ကာ သူ့လက်ကို ယူပြီး ထိုသွေးရောင်ဝတ်ရုံနှင့် မိစ္ဆာလေးရှေ့တွင် ပြလိုက်သည်။

ယင်လီ: "???"

"မိတ်ဆက်ထားလိုက်ဦး၊ ငါတို့အားလုံးက တစ်ဖက်တည်းသားတွေပဲ”

စုကျို ကမ္ဘာပျက်ကပ်တုန်းက ဦးနှောက်မရှိတဲ့ ဇွန်ဘီတွေက လူများအား အနံ့နှင့် ခွဲခြားသည်ကို သတိရပြီး၊ ဒီကမ္ဘာရှိ မိစ္ဆာများလည်း အတူတူပဲနေမည်ဟု ယူဆလိုက်သည်။

၎င်းတို့၏အနံ့ခံအာရုံမှာ သာမန်လူတွေထက် ပိုထက်မြက်လိမ့်မည်။ သူစိမ်းဆိုရင် ကြမ်းတမ်းနိုင်ပေမဲ့ ရင်းနှီးသွားရင်တော့ အဆင်ပြေသွားလိမ့်မည်။

“ဒါ ငါ့သူငယ်ချင်းတွေ"

စုကျို ယင်လီ၏တောင့်တင်းနေသော လက်မောင်းကို အသာအယာ ပြန်ချပေးလိုက်ပြီး ဘေးသို့တိုးရန် အချက် ပြလိုက်သည်။ ထို့နောက် သူ ကျူးပိုင်ယွီကိုလက်ညှိုးထိုးပြကာ သွေးစွန်းနေသော မိစ္ဆာလူငယ်ချန်ယွမ်ကို ပြလိုက်သည်။

“သူတို့ကို မှတ်ထားပေးဦး”

ချန်ယွမ်ဘမျက်လုံးများက မှောင်မှိုက်သွားပြီး သူတို့ကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်သည်။

ယင်လီကမူ ကျောရိုးထဲအထိ အေးစိမ့်သွားပြီး ပတ်ဝန်း ကျင်က သစ်သားဓာတ်ရှိသည်ု အပင်များပါ တုန်လှုပ်နေကြသည်။

“ကျို... လျှောက်မလုပ်နဲ့ဦး... ငါးကြယ်ပွင့်မိစ္ဆာတွေက အရမ်းဉာဏ်ကောင်းတာ၊ သခင်အစစ်မဟုတ်ဘဲ ဟန်ဆောင်မိရင် အပိုင်းပိုင်းအဆွဲခံရလိမ့်မယ်”

“…"

စုကျို နှုတ်ခမ်းများ တွန့်သွားရသည်။

ယင်လီနှင့် ကျူးပိုင်ယွီတို့က ကလေးတွေကို တစ်ဖက်စီ ဆွဲခေါ်ကာ “အမြန်ထွက်သွားတော့!” ဟု တိုးတိုးလေး ကပ်ပြောနေကြသည်။

သို့သော် နောက်တစ်ခဏတွင် တဖျတ်ဖျတ်မြည်သံတစ်ခု ကြားလိုက်ရသည်။

သွေးစွန်းနေသော ဝတ်ရုံဝတ်မိစ္ဆာလေးသည် သူ့လက် ချောင်းများမှ လက်မဝက်ခန့်ရှည်သော ချွန်ထက်သည့် လက်သည်းများကိုထုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ ကျင်းယွီထန် မန်နေဂျာလက်မောင်းကို ထိုးဖောက်ကာ ထိုသူ့၏ ခန္ဓာကိုယ်တစ်ဝက်ကို မလိုက်သည်။

သူ့ ကျောက်စိမ်းကဲ့သို့ မျက်လုံးများက စုကျိုဆံပင်ပေါ်ရှိ ဆံထိုးကို စိုက်ကြည့်ကာ ခဏမျှစဉ်းစားနေသည်။

ထို့နောက် သူ့ လက်သည်းများဖြင့် ကုတ်ခြစ်လိုက်ရာ ကျင်းယွီထန် မန်နေဂျာ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ကြားမှ တောက်ပသော ကျောက်စိမ်းဆံထိုးနှစ်ချောင်းကို ဆွဲယူလိုက်သည်။ ၎င်းတို့မှာ စုကျိုလက်ထဲသို့ ‘တင့်’ ကနဲ အသံနှင့်အတူ ကျလာတော့သည်။

သူက စုရှင်းချန် ဆံပင်ပေါ်ရှိ ဆံထိုးနှင့် မန်နေဂျာဆီက ရလာသည့် ဆံထိုးနှစ်ချောင်းကို အရှည်နှင့် အလေးချိန် တူ၊ မတူ နှိုင်းယှဉ်ကြည့်နေပုံရသည်။

ထို့နောက် သူသည် လှည့်ထွက်သွားရာ သံကြိုးသံများ ဆူညံသွားပြီး စင်္ကြန်လမ်းအမှောင်ရိပ်ထဲသို့ အမြန်ပင် ပျောက်ကွယ်သွားတော့သည်။

စုကျိုသည် သူ့လက်ထဲရှိ ဒုတိယအဆင့်ကျောက်စိမ်းဆံထိုးနှစ်ချောင်းနှင့် မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်လိုလှဲနေသည့် မန်နေဂျာကို ကြည့်လိုက်သည်။

သူ အဲ့လူကို ဒီအထိ တရွတ်တိုက်ဆွဲလာတာက ငါ့ကို ဆံထိုးနှစ်ချောင်း ပေးဖို့အတွက်ပဲလား ?

[ ကျင်းယွီထန် ဒုတိယအဆင့် အမျိုးသားဝတ်ဝိညာဉ်ဆံထိုးကို တွေ့ရှိရပါသည်… ]

[ ကျင်းယွီထန်၏နှစ်သစ်ကူး အထူးအရောင်းပွဲတော် - ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တန် ပဟေဠိအဖြေကိုတွေ့ရှိရပါသည်! ]

စုကျို အမူအရာမှာ ပြောမပြတတ်အောင် ထူးဆန်းသွားတော့သည်။ တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့မိစ္ဆာလေးပဲ။

"ကြောင်ကြီးတွေက အမဲလိုက်ပြီးပြန်လာရင် သူတို့ရဲ့ ကြောင်ပေါက်လေးတွေအတွက် စားစရာတွေ ပါလာတတ်တယ်ဆိုတဲ့ ပုံပြင်တွေကို လူ့ပြည်မှာတုန်းက ဖတ်ဖူးတယ်"

စုရှင်းချန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထူးဆန်း သောအမူအရာဖြင့် စုကျိုကိုလှည့်ကြည့်လိုက်သည်။

စုကျို — ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် ကျင့်ကြံသူလေး။

ချန်ယွမ် — ယင်လီတောင် ကြောက်ရတဲ့၊ အခြေခံအဆင့် ထက်မက စွမ်းအားရှိတဲ့ ငါးကြယ်ပွင့်မိစ္ဆာကြီး။

ကျင်းယွီထန်ရဲ့ မန်နေဂျာ — အခြေခံအဆင့်ရှိပေမဲ့ မိစ္ဆာထံမှ သားကောင်အဖြစ် တရွတ်တိုက်ဆွဲလာခံရသူ။

အဖြေက ရှင်းနေပါပြီ။

စုကျီကျီ အံ့သြတကြီး အော်ဟစ်လိုက်သည်။

စုကျို မျက်ခုံးများမှာ တဆတ်ဆတ်တွန့်နေတော့သည်။ ဒါက ဘာသဘောလဲ ? သူ ခေါ်လာတဲ့ မိစ္ဆာက သူ့ကို ကြောင်ပေါက်လေးတစ်ကောင်လို ဆက်ဆံနေတာလား ?

"နေဦး... ဘာတွေဖြစ်ကုန်တာလဲ ? စုကျို... နင် မိစ္ဆာကျွန်ဂေဟာကနေ ခေါ်လာတဲ့ကျွန်က အစောက တစ်ယောက်ပဲလို့တော့ မပြောနဲ့နော်"

ကျူးပိုင်ယွီ လုံးဝ မှင်သက်သွားရသည်။

"နင် ရူးနေတာလား ?"

စုကျီကျီကမူ "အစ်ကိုကျူး အခုထိ မသိသေးဘူးပဲ၊ ညီမတို့ ချန်ယွမ်နဲ့ ကြေးနွားလှည်းတစ်စီးတည်း အတူတူလာခဲ့ကြတာလေ" ဟု ဝင်ပြောလိုက်သည်။

ကျူးပိုင်ယွီ: "?"

ယင်လီ: "?"

လမ်းတစ်လျှောက်လုံး သူ့ သစ်သားဓာတ်အာရုံခံစားမှုတွေ ဘာလို့ တစ်ခါတလေထက်မြက်ပြီး တစ်ခါတလေအား နည်းနေရတာလဲဆိုတာ အခုမှ သဘောပေါက်တော့သည်။

စုကျို သူတို့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"သူက ဈေးလျှော့ပေးနေလို့လေ”

"ဒါနဲ့ပဲ ငါ ယူလိုက်တာ”

"အရမ်းတန်တဲ့ အရောင်းအဝယ်မို့ ငါ လက်မလွှတ်နိုင်ဘူး”

"..."

"...ငါးကြယ်ပွင့်မိစ္ဆာတောင် ဈေးလျှော့ရောင်းတာ ရှိသေး တာလား ?"

"အင်း... ဘာလို့လဲဆိုတော့ သူက သူ့ရဲ့အရင်သခင် လေးငါးယောက်လောက်ကို သတ်ပစ်ခဲ့လို့တဲ့”

"..."

ယင်လီနှင့် ကျူးပိုင်ယွီတို့မှာ စကားပင် မထွက်နိုင်တော့ဘဲ စုကျိုကို ‘မလေးစားဘဲ မနေနိုင်’ သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

"စုကျို... နင်ကတော့ တကယ့်ကို အန္တရာယ်အရှိဆုံးလူပဲ”

"ငါးကြယ်ပွင့်မိစ္ဆာကိုတောင် နင်က ရဲရဲဝံ့ဝံ့ကိုင်တွယ်ရဲတယ်ပေါ့”

"ငါ အရင်က တာဝန်တွေ ထမ်းဆောင်တုန်းက မိစ္ဆာအသေးလေးတစ်ကောင်ပဲ ရဖူးတာ၊ နောက်တော့ ခိုင်းစရာမရှိလို့ အိမ်ပြန်လွှတ်လိုက်ရတယ်၊ အခုတော့ စုကျို... နင့်ကိုကျေးဇူးတင်ရမှာပဲ နင့်ကြောင့် ငါတို့ပါ အသည်းယားနေရပြီ”

စုကျို သူတို့ကို ဂရုမစိုက်ဘဲ မိစ္ဆာတံဆိပ်ကိုကြည့်လိုက်ရာ ချန်ယွမ်၏ စိတ်အခြေအနေမှာ ‘ဆိုးရွား’ ရာမှ ‘အလွန် အမင်း ဆိုးရွား’ သို့ ပြန်ပြောင်းသွားသည်ကိုတွေ့လိုက်ရသည်။

သူက လူသစ်နှစ်ယောက်နဲ့ တွေ့လိုက်လို့လား ?

ဒါမှမဟုတ် အိမ်နဲ့ဝေးနေတာ ကြာလို့လား ?

စုကျိုလည်း ဇဝေဇဝါ ဖြစ်နေသဖြင့် နောက်မှ မိစ္ဆာမွေးမြူသည့် ကျင့်ကြံသူများကိုမေးကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ချန်ယွမ်သည် သူ့ စိတ် အခြေအနေ မည်သို့ပင်ရှိစေကာမူ မည်သူ့ကိုမျှအန္တရာယ်မပြုသေးပေ။

ခဏမျှ စဉ်းစားပြီးနောက် သူ မိစ္ဆာကျွန်တံဆိပ်ကို ပြန်သိမ်းလိုက်သည်။

"ကျဲ... ဘာဆက်လုပ်ကြမလဲ ?"

စုကျီကျီက ဒူးထောက်ထိုင်ကာ သတိမေ့နေသည့် အခြေခံအဆင့်ပညာရှင် ကျင်းယွီထန် မန်နေဂျာကို စိုးရိမ်တကြီးဖြင့် တို့ကြည့်လိုက်သည်။

သူမ တို့လိုက်သည်နှင့် တစ်ပြိုင်နက် မန်နေဂျာ၏မျက် တောင်များလှုပ်ရှားလာပြီး နိုးတော့မည့်ပုံစံဖြင့် ညည်းတွား သံထွက်လာသည်!

"!"

စုကျီကျီသည် ချက်ချင်း စုကျိုဘေးသို့ ပြန်ကပ်သွားသည်။

"ကျန်းဟန်! ငါ့ အကြွေးဝယ်ကတ်ထဲက နောက်ဆုံးနှုတ်ယူသွားတဲ့စာရင်းက ရှီးရှန်ဆောင်ကပဲ အခုချက်ချင်းပြန်အမ်းလိုက်!"

"မင်း သူ့ကို ရှီးရှန်ဆောင်မှာ တွေ့လိုက်သေးလား ?! ငါ့ကို ဖြေစမ်း! ပြောစမ်း!"

"ကျန်းဟန်... မင်း ဘယ်မှာလဲ ?!"

ကျင်းချန် !?

စုကျီကျီနှင့် စုရှင်းချန်တို့သည် စုကျိုအား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

၃၅ ထပ်၏အကြီးအကဲတပည့်၊ ကျင်းယွီထန်၏မွေးစား သား၊ ဝိညာဉ်လက်မှုပညာဂိုဏ်း သခင်လေးကျင်းချန် သည် သူတို့ကိုဖမ်းရန် လူလွှတ်လိုက်ပြီဖြစ်သည်။

"ဒီကောင် တော်တော်မြန်တာပဲ... ဟူး... မနက်ဖြန်ကျရင်တော့ သူ့ကတ်ကို သုံးလို့ရတော့မှာ မဟုတ်ဘူး”

စုကျို နှမြောတသသော အမူအရာပြလိုက်သော်လည်း ချက်ချင်းမျက်ခုံးပင့်လိုက်သည်။ သူမ လက်ထဲရှိ ကျင်းယွီထန် မန်နေဂျာ၏ကျောက်စိမ်းဆံထိုးနှစ်ချောင်းအား ပြုံးလျက်ကြည့်ကာ နှစ်ပိုင်းချိုးလိုက်ရာ အတွင်းမှစက္ကူလိပ်လေးနှစ်ခု ထွက်လာသည်။

【 ကျင်းယွီထန် နှစ်သစ်ကူး အထူးအရောင်းပွဲတော် - မီးအိမ်ပဟေဠိများ 】

【 ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တန် မီးအိမ်ပဟေဠိ မေးခွန်းဟောင်းများ 】

【 ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန် မီးအိမ်ပဟေဠိ မေးခွန်းဟောင်းများ 】

ယင်လီ၊ ကျူးပိုင်ယွီ: "!"

စုကျို ဝမ်းသာအားရဖြင့် ပစ္စည်းများကိုစစ်ဆေးပြီးနောက် ဒူးထောက်ထိုင်လိုက်သည်။ နိုးခါနီးဖြစ်နေသော ကျင်းယွီထန် မန်နေဂျာရှေ့တွင် မြို့အဝင်ဝတုန်းက ယင်လီ ပေးခဲ့သော ‘ချန်ကျိုး’ မျက်နှာဖုံးကို သူ့ အိတ်ထဲမှ ဖြည်းဖြည်းချင်းထုတ်လိုက်သည်။

သူမ ထိုမျက်နှာဖုံးကို သူ့မျက်နှာပေါ်တွင် ဖြည်းဖြည်းချင်း စွပ်လိုက်တော့သည်။

ယင်လီ၊ ကျူးပိုင်ယွီ: "!!"

"ဘာကြည့်နေကြတာလဲ ?"

"ချန်ကျိုး ငါ့ကို ပေးစရာရှိတဲ့ အကြွေး ၉၀,၀၀၀ ကို ဒီနေ့ အပြတ်ရှင်းရမယ်လေ”

စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း ချက်ချင်းတည်ကြည်လေးနက်သွားကြသည်။

မကြာမီမှာပင် ကျင်းယွီထန် မန်နေဂျာသည် နာကျင်စွာ ညည်းတွားရင်း နောက်ဆုံးတွင် ဖြည်းဖြည်းချင်းနိုးလာတော့သည်။ သူ နိုးနိုးချင်းမှာတော့ ခေါင်းတွေ မူးနောက်နေသည်။ သခင်လေး ကျင်းချန် ကတ်ခိုးသုံးသူအား လိုက်ဖမ်းခိုင်းသည့်ကိစ္စကို သတိရလိုက်ချိန်မှာတော့ သူ ဘာဖြစ်ခဲ့လဲဆိုတာ ရိပ်မိသွားသည်။

သွားပြီ! သူ ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရတာပဲ!

အစောတင်က သူ လူဆိုးနောက်ကို ရှီးရှန်ဆောင် အဝင်ဝအထိလိုက်လာရင်း တစ်ချက်တည်းနှင့် အလဲထိုးခံလိုက်ရခြင်းပင် !

သူ့လက်မောင်းနှစ်ဖက်လုံး ကျိုးနေပြီဖြစ်ရာ နာကျင်မှုကြောင့် မူးမေ့သွားရခြင်းဖြစ်သည်!

အခုပြန်စဉ်းစားကြည့်တော့ သခင်လေးကျင်းရဲ့ ဝိညာဉ်တံဆိပ်ကို ခိုးယူသွားတဲ့ လူယုတ်မာကပဲ သူ့ကိုတိုက်ခိုက်ခဲ့တာဖြစ်ရမယ်!

မန်နေဂျာသည် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သူကို ဒေါသတကြီး စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

"ငါတို့ရဲ့ ကြီးမြတ်လှတဲ့ ဝိညာဉ်လက်မှုပညာရှင် မိသားစု၊ ကျင်းမိသားစုကို ဘယ်သူ ဆန့်ကျင်ရဲတာလဲ!"

"ကျင်းမိသားစုက မင်းကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး!"

သူသည် အားနည်းစွာ အော်ဟစ်ရင်း၊ လူဆိုး၏ရုပ်ပုံလွှာကို မှတ်တမ်းတင်ရန် သူ့အင်္ကျီလက်အတွင်းရှိ 'ပုံရိပ်ဖော်ကျောက်တုံး' ကို တိတ်တဆိတ်ဖွင့်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရှေ့မှလူကိုမြင်လိုက်ရသည့် ခဏမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားတော့သည်။

သူ့ရှေ့တွင် ထိုင်နေကြသည့် လူခြောက်ယောက်လုံး၏ မျက်နှာမှာ တစ်ပုံစံတည်းဖြစ်နေသည်။

မျက်နှာ ခြောက်ခုလုံးက... လုံးဝ ထပ်တူညီနေတာလား !?

ကျင်းယွီထန် မန်နေဂျာ : "???"

သရဲ! တကယ့်သရဲပဲ!

အလယ်ဗဟိုတည့်တည့်ရှိ 'ပညာရှိ' ရုပ်သွင်နှင့်သူက သူ့ပါးစပ်ကို အဝတ်ဖြူတစ်ထုပ်ဖြင့် ပိတ်လိုက်သဖြင့် သူသည် အသံမထွက်ဘဲ အတင်းရုန်းကန် အော်ဟစ်နေရတော့သည်။

"ငါ ဘယ်သူလဲ ဟုတ်လား? ဟက်~”

ကျန်ငါးယောက်နှင့် တစ်ပုံစံတည်းတူသော ထိုဆင်းရဲသား ပညာရှိလေးက အက်ရှရှအသံဖြင့် ရယ်မောလိုက်သည်။

"ငါကတော့ နာမည်မပျက်၊ ကိုယ်ရောင် မဖျောက်တဲ့ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်ရဲ့ထိပ်တန်းကျင့်ကြံသူ 'ချန်ကျိုး' ပဲ!"

"ရန်ရှိရင် ရန်ရှင်း၊ အကြွေးရှိရင် အကြွေးရှင်ဆီ သွားရစမြဲပဲ”

"ကျင်းမိသားစု... ငါတို့ မင်းတို့ကို ဓားပြတိုက်နေတာ!"

All Chapters