← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

57

“ပထမထပ်မှာရှိတဲ့ လူအားလုံးပဲ!”

အနက်ရောင် လိပ်ပြာဝတ်စုံ တဖျတ်ဖျတ်လွင့်နေသော ယင်လီသည် တောက်ပနေသည့် တိမ်လွှာလှေကား ထက်တွင် ရပ်နေပြီး သူမ၏ မျက်မှောင်ကြားရှိ ‘ပထမ’ (首) ဟူသော စာလုံးမှာ ဝင်းခနဲ လင်းလက်နေ သည်။

“ခွဲခွာခြင်းဆိုတာ ရှောင်လွှဲလို့မရပါဘူး၊ တစ်နေ့နေ့မှာ ငါတို့ ပြန်ဆုံကြမှာပါ”

“ငါ ယင်လီ ထွက်သွားပြီ၊ အဆင့် ၃၀ မှာ နင်တို့အားလုံးကို စောင့်နေမယ်”

ပထမထပ်ရှိ လူအားလုံးသည် မော့ကြည့်နေကြပြီး ထိပ်တန်းဆယ်ယောက်ထဲမှ ကျင့်ကြံသူများပင် တည်ကြည်လေးနက်သော အမူအရာများ ဖြစ်နေကြသည်။

အများစုမှာ နှမြောတသမှု၊ အားကျမှု၊ မနာလိုမှုနှင့် စိတ်ပျက်အားငယ်မှုများပင် ပြသနေကြသည်။

ယင်လီက သက်ပြင်းချလိုက်ပြီး “လူအများစုက အဆင့် ၃၀ အထိ တက်မလာနိုင်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ အဲဒါ ကိစ္စမရှိပါဘူး”

ယင်လီသည် မြူခိုးများထဲသို့ လှမ်းဝင်လိုက်ပြီး မြေပြင်ပေါ်ရှိ သူမနှင့် ခုနစ်ပုံ ရှစ်ပုံခန့် တူညီသော လူတစ်ရပ်နီးပါးရှိ ကျောက်ရုပ်တုကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။

စုကျိုကမူ ရုပ်တုပေါ်ရှိ အကြွေစေ့ထည့်သည့် အပေါက်လေးကို ပုတ်ပြလိုက်သည်။

ပထမထပ်ရှိ ကျင့်ကြံသူအားလုံး မယုံနိုင်ဘဲ စိုက်ကြည့်နေကြသည်။

ယင်လီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - “ငါ့ကို သတိမရနေကြနဲ့! ငါထွက်သွားပေမဲ့ ငါတကယ် ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊ ဟားဟား! နင်တို့က ကျင့်စဉ်လမ်းစဉ် အားနည်းတဲ့ အမျိုးသားကျင့်ကြံ သူပဲဖြစ်ဖြစ်၊ အမျိုးသားတွေထက် သာလွန်ချင်တဲ့ အမျိုးသမီးကျင့်ကြံသူပဲဖြစ်ဖြစ်... ခွန်အားနဲ့ ယုံကြည် ချက်တွေ လိုအပ်လာတဲ့အခါ ပထမထပ်မှာ ငါထားရစ်ခဲ့တဲ့ ဒီသူရဲကောင်းပုံရိပ်ကို လာပြီး ပူဇော်ကြစမ်း!”

“ဟား ဟား ဟား ဟား !”

မောက်မာသော ရယ်သံသည် ကျောက်ရုပ်တုကြီး၏ထူးဆန်းသော ဖက်ထားသည့်ပုံစံနှင့် တကယ့်ကို တစ်ထပ်တည်းကျနေသည်။

“ဘာလဲ ? ခေါင်းဆောင်ယင်ကို ချီးမွမ်းဖို့ ဝိညာဉ်ကျောက်တုံး ၃၀၀ ထည့်လိုက်ရင် အခြေခံအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို တစ်ခါခံနိုင်ရည်ရှိတယ် ဟုတ်လား?”

“အဲဒါ တကယ်ကြီးလား?”

လူတိုင်း မှင်သက်သွားကြသည်။

ခွဲခွာရခြင်း၏ဝမ်းနည်းမှုများသည် ရယ်စရာကောင်းမှုနှင့် အံ့သြမှင်သက်မှုများအဖြစ် ပြောင်းလဲသွားတော့ သည်။

“စုကျို၊ နင်ပြောတာ မှန်ကောင်းမှန်လိမ့်မယ်၊ နောက်ဆုံးတော့ လူတိုင်းက ကိုယ့်ကိုကိုယ်ပဲ အားကိုးရမှာ၊ နင် ငါ့ကို မလိုတာလည်း ဖြစ်နိုင်ပါတယ်”

ယင်လီ ဝိညာဉ်အာရုံ စကားသံသည် တိမ်လွှာများထက်မှ စုကျိုတို့ဆီသို့ လွင့်ပျံလာသည်။

“ငါတော့ ပြောင်းပြန်ပဲ၊ တခြားအမျိုးသမီးကျင့်ကြံသူတွေရဲ့ အားကျတဲ့အကြည့်တွေကို ငါ လိုအပ်တယ်လို့ ထင်တယ်”

“ဒါက ငါ့ရဲ့ နှစ်ပေါင်းများစွာ မရပ်မနား ကြိုးစားလာခဲ့ရတဲ့ တွန်းအားဖြစ်သလို ငါ့ရဲ့ စွဲလမ်းမှုလည်း ဖြစ်နိုင် တယ်”

“ပထမနေရာကို ရောက်အောင် တက်လှမ်းခဲ့တဲ့ ငါ့ရဲ့ ကြိုးစားမှုတွေဟာ ဒီစွဲလမ်းမှုကြောင့်ပဲ”

“ဒါတွေ ဖြစ်လာအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးပါ စုကျို”

“နောင်တစ်ချိန်မှာ ဒီအဆင့်မှာရှိတဲ့ လူတိုင်းက ငါ ယင်လီ တစ်ချိန်က ဒီမှာ ရှိခဲ့ဖူးတယ်ဆိုတာ သိနေကြတော့ မှာပဲ!”

ယင်လီက အားရပါးရ ရယ်မောလိုက်ရာ သူမ၏ စကတ်လွင့်ပျံသွားပြီး ဖြူဖွေးသန်မာသော ပေါင်ကြွက်သား များနှင့် ၎င်းပေါ်ရှိ ချွန်ထက်သော ဓားမြှောင်များကို မြင်လိုက်ရသည်။

“ငါက ဒီအဆင့်မှာ နံပါတ်တစ်ပဲ!”

“နှုတ်ဆက်ခဲ့ပါတယ် စုကျို”

ယင်လီ အသံကြောင့် စုကျို မျက်နှာမှာ ရှုပ်ထွေးသွားရသည်။

သူမ ရင်ခွင်ထဲပိုက်ထားသော ထိုင်နေသည့် ဂွမ်းအရုပ်မလေး သုံးရုပ်နှင့် ဂိုဒေါင်ထဲမှ ကျန်ခြောက်ရုပ်သည် လည်း တစ်ပြိုင်နက်တည်း အသံထွက်လာသည်။

“နှုတ်ဆက်ခဲ့ပါတယ် စုကျို”

“နှုတ်ဆက်ခဲ့ပါတယ် စုကျို”

...

“နှုတ်ဆက်ခဲ့ပါတယ် စုကျို”

စုကျို သူ့ဘညာဘက်နားကို မသိမသာ ထိလိုက်မိသည်။

ကျောက်ရုပ်တုကြီးကြောင့် လူအုပ်နောက်သို့ တဖြည်းဖြည်း ရောက်သွားသော ကျူးပိုင်ယွီက အံ့အားသင့် ကာ သူမကို လှည့်ကြည့်ပြီး

“ဟင်? ဒါက ဝိညာဉ်အသိစိတ်နဲ့ ဆက်သွယ်ထားတဲ့ အသံလား ?”

စုကျို ခေါင်းခါပြလိုက်သည်။

သို့သော် နောက်ထပ် ထိုအသံကပင် သူ့ ရင်ခွင်ထဲမှ ထပ်ထွက်လာပြန်သည်။

“ဟင်? ဒါက ငါ့ရဲ့ ကိုယ်ပိုင်အသံနဲ့ ဆက်သွယ်ထားတာလား?”

“ဟင်? ဒါက ငါ့ရဲ့ ကိုယ်ပိုင်အသံနဲ့ ဆက်သွယ်ထားတာလား?”

“ဟင်... ငါ့ကိုယ်ပိုင်အသံလား?”

ကျူးပိုင်ယွီ: “...”

သူ ဂွမ်းအရုပ်လေး သုံးရုပ်ကို ငုံ့ကြည့်လိုက်သည်။

စုကျို စာရင်းကိုပြန်စစ်ကြည့်ရာ ထိုဂွမ်းအရုပ်လေးများသည် ယင်လီ၏ ‘အသံ’ နှင့် ‘ရုပ်ရည်’ ကို အမှန်ပင် ကူးယူထားခြင်းဖြစ်သည်။

သူ ချက်ချင်းဆိုသလို အရုပ်တစ်ရုပ်ကို လေထဲရှိ တိမ်လွှာလှေကားဆီ လှမ်းပစ်ပေးလိုက်သည်။

“ယင်လီ၊ ဖမ်းလိုက်!”

“ငါတို့... မကြာခင်မှာ ပြန်ဆုံကြမယ်”

စုကျို မော့ကြည့်ရင်း ကောင်းကင်ကြီးကို ပြုံးပြလိုက်သည်။

“ဟင်?”

တိမ်လွှာများပေါ်ရှိ တောက်ပသော ရွှေရောင်အလင်းတန်းများကြားတွင် မျက်ရည်များကို တိတ်တဆိတ် သုတ်နေသော ယင်လီသည် သူမ၏ရုပ်ရည်နှင့်တူလှသည့် ခြေတိုလေးနှင့် ဂွမ်းအရုပ်လေးကို မျက်လုံးနီနီ လေးဖြင့် ဖမ်းယူလိုက်သည်။

“ဒါ အသံလွှင့်လို့ ရတာလား?”

“ဒါဆို ငါအပေါ်ထပ် ရောက်သွားတဲ့အခါမှာလည်း နင် ငါ့အသံကို ကြားနိုင်ဦးမှာလား?”

“ဟေး ဟေး ဟေး ? ဟားဟားဟား၊ ဒါဆိုရင် ငါ့အသံက ဒီအဆင့်တစ်ခုလုံးမှာ ရှိနေနိုင်သေးတာပေါ့!”

“အော်... မေ့တော့မလို့၊ စုကျို... ငါ ကျူးပိုင်ယွီကို နင့်ရဲ့ ကောင်လေးကို ပညာပေးဖို့ ခိုင်းထားတယ်နော်၊ မစိုးရိမ်ပါနဲ့၊ ငါသူ့ကို သတ်တော့ မသတ်ခိုင်းထားပါဘူး”

“နင့်ရဲ့ ငါးကြယ်ပွင့်မိစ္ဆာကြီးကိုလည်း ဒေါသမထွက်ဖို့ ပြောလိုက်ဦး”

အဲ့ဒါ ချန်ယွမ်နဲ့ ဘာဆိုင်လို့လဲ?

စုကျို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သော်လည်း ယင်လီ ရုပ်တုထဲသို့ အကြွေစေ့ထည့်ရန် ကြိုးစားနေသည့် လူအုပ်ကြီးမှ သူမကို အရှေ့သို့ ချက်ချင်းတွန်းပို့လိုက်သည်။

လူများမှာ တိုးဝှေ့နေကြသည်။

စုကျိုသည် လူစီးကြောင်းနှင့်အတူ တိမ်လွှာလှေကားဆီသို့ ပါသွားတော့သည်။

သူ့ညာဘက်လက်သည် တိမ်လွှာလှေကားထက်သို့ ချက်ချင်းဆိုသလို ဖိကပ်သွားပြီးနောက် သူ့ အမူအရာမှာ ထူးဆန်းသွားတော့သည်။

[ဝိညာဉ်ပိုးဖလံဂေဟာ၏ အပေါ်ထက်သို့တက်လှမ်းသည့် တိမ်လွှာလှေကား ထစ်သုံးထောင်အား မှတ်မိပြီးပါပြီ...]

[အမှတ်အသားအရေအတွက် တစ်ရာပြည့်သွားသဖြင့် စွမ်းရည်အဆင့်မြှင့်တင်လိုက်ပါပြီ...]

“စုကျို၊ နင့်ရဲ့ ကလေးနှစ်ယောက်က ငါ့ဆီမှာ ခဏနေခဲ့လိမ့်မယ်၊ ငါ တခြား ထိပ်တန်းဆယ်ယောက်နဲ့အတူ သူတို့ကို လေ့ကျင့်ပေးလိုက်ဦးမယ်”

ကျူးပိုင်ယွီက စုကျိုအားလက်ယမ်းပြလိုက်ပြီးနောက် စုရှင်းချန်နှင့် စုကျီကျီတို့ကို ခေါ်ဆောင်ကာ ပိုးစာခင်း ဆီသို့ ဦးတည်သွားတော့သည်။

စုကျိုသည် ငြိမ်သက်နေသော ဂိုဒေါင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ညာဘက်လက်ကို မြှောက်ကာ သူတို့ကို ပြန်လည်လက်ယမ်းပြလိုက်သည်။

“သွားကြလေ၊ ဆေးတွေ အများကြီးရှိပါတယ်”

စုကျီကျီနှင့် စုရှင်းချန်တို့မှာ အတုန်တုန် အရင်ရင် ဖြစ်သွားကြရသည်။

ယင်လီကို ကူးယူပြီးနောက် လုံးဝငြိမ်းသတ်သွားသော ဝိညာဉ်စစ်ဆေးသည့် လက်ပတ်အလင်းရောင်ကို စုကျို တစ်ချက်ကြည့်လိုက်သည်။

သူ လှည့်ပြန်လာခဲ့ပြီး သစ်သားအိမ်အတွင်း၌ အနားယူရန်ပြင်လိုက်သည်။

သို့သော် ကျောက်စိမ်းခုတင်ပေါ်တွင် ထိုင်နေရင်း သူ့ကျောပြင်ကို သူမ မသိမသာ ပြန်စမ်းမိသည်။

“တကယ် ကြောက်စရာကောင်းလိုက်တာ”

“တစ်ယောက်ယောက် ငါ့ကို ဖက်လိုက်တာနဲ့... ငါ့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ပျောက်ဆုံးသွားရတယ်”

“ခြေထောက်တွေတောင် မရွှေ့နိုင်တော့ဘူး”

စုကျိုသည် အကြည့်များဗလာကျင်းလျက် ခုတင်ပေါ်တွင် လှဲလျောင်းရင်း သစ်သားအိမ်အမိုးကိုငေးကြည့် နေမိသည်။

ယင်လီ သူမကို ဖက်လိုက်သည့်အချိန်တွင် သူ တုံ့ပြန်ရန်မတတ်နိုင်ခဲ့ပေ။ ထိုအချိန်ကသာတစ်ချက်တည်းနှင့် အသတ်ခံရမည်ဆိုလျှင် သူမ သေသွားနိုင်ပေသည်။ ကမ္ဘာပျက်ကပ်တုန်းကတောင် သူမ ဤမျှလောက် အားမနည်းခဲ့ဖူးပါ...

“ဒါက ငါ့ရဲ့ ထူးခြားလှတဲ့ ပါရမီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးလား? ငါ့ရဲ့ ကိုးဘဝစာ ပါရမီရှင်ဘဝအတွက် ပေးဆပ်ရတဲ့ ရလဒ်လား?”

ယင်လီ၏ထိပ်တန်း ဝိညာဉ်အပင်များနှင့် ဆက်သွယ်နိုင်စွမ်းမှာ လှပသောအရာများကို မတွန်းလှန်နိုင်ခြင်းဟူ သော အဖိုးအခနှင့် လဲလှယ်ထားရခြင်းဖြစ်သည်။

ကျူးပိုင်ယွီသည် သစ်ပင်အားလုံးကို ထိပ်တန်းထိန်းချုပ်နိုင်စွမ်းရှိသော်လည်း သူမ၏မတည်ငြိမ်သော စိတ်ခံစားချက်များကြောင့် စိတ်လွတ်သွားတတ်ပြီး အပင်များ၏ပြန်လည်တိုက်ခိုက်မှုကြောင့် အသတ်ခံ ရနိုင်ဖွယ် အန္တရာယ်ရှိသည်။

တောက်!

သူ့ ဘေးထွက်ဆိုးကျိုးမှာ ဝိညာဉ်စွမ်းအားဆုံးရှုံးခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်က ဖက်ထားလိုက်လျှင် လုံးဝအင်အားချည့်နဲ့သွားခြင်း ဖြစ်နေတာလား ?

စုကျိုက သူ့ မေးစေ့ကို ပွတ်သပ်ရင်း ဗလာကျင်းနေသော သစ်သားအိမ်လေးကို သေချာစွာလေ့လာနေမိ သည်။

နောက်တစ်ခဏတွင် သူမသည် မူလပိုင်ရှင်တတ်မြောက်ထားသည့် ‘ပုစဉ်းရင်အုပ်ထိလှမ်းခြင်း’ ခြေလှမ်းကျင့် စဉ်ကို အသုံးပြုကာ...

အိမ်ခေါင်မိုးတန်းပေါ်သို့ ပေါ့ပါးစွာခုန်တက်လိုက်သည်။

ချန်ယွမ် တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး အုတ်ဂူများကြားရှိ ‘ကြောင်တက်စင်’ ကို မှီကာ ငြိမ်သက်နေသော် လည်း အခန်းတွင်းရှိ လေထုမှာ တင်းမာနေကြောင်း စုကျို အကဲခတ်မိသည်။

သူ့ကို ချည်နှောင်ထားသော သံကြိုးများမှာတင်းကျပ်နေပြီး သူသည် အလွန်စိတ်လှုပ်ရှားနေသကဲ့သို့ပင်။

“ချန်ယွမ်... ငါ့ရဲ့ ကျင့်ကြံမှုမှာ ကြီးမားတဲ့ ပြဿနာတစ်ခုကြုံနေရတယ်”

“ဒါကြောင့်—”

မီးတောက်များကဲ့သို့ နီရဲသော ဝတ်ရုံကိုဝတ်ဆင်ထားသည့် မိစ္ဆာလူငယ်လေးမှာ အိမ်ခေါင်မိုးတန်းပေါ်တွင် ခေတ္တမျှ တိတ်ဆိတ်သွားပုံရသည်။

သူ့ မြစိမ်းရောင် မျက်လုံးများထဲနက်ရှိုင်းသော အမှောင်ထုတစ်ခု ဖြတ်ပြေးသွားသည်။

ဒါဆို... တခြားအသုံးမကျတဲ့ လူသားကျင့်ကြံသူတွေလိုပဲ သူ့အပေါ်မှာ အငြိုးအတေးလာပုံချတော့မှာလား ? သူမက တခြားသူတွေနဲ့ကွဲပြားလိမ့်မယ်လို့ သူ ထင်ခဲ့တာ...

သို့သော် နောက်တစ်ခဏတွင် စုကျိုသည် သူ့ လက်မောင်းများကိုဆန့်ထုတ်လိုက်ပြီး သူ့အား ချက်ချင်းဆိုသလို ရင်ခွင်ထဲသို့ဆွဲသွင်းကာ ဖက်လိုက်တော့သည်။

သူမ ကိုယ်ကိုင်းလိုက်ပြီး သူ့ပွယောင်းနေသော ဆံပင်နက်များကြားထဲသို့ သူမ၏ခေါင်းလေးဖြင့် ပွတ်ကာသီ ကာပြုလိုက်သည်။

ချန်ယွမ်၏မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ တုန်ရင်သွားသည်။

“နင် နားလည်တယ် မဟုတ်လား ?”

“ငါ့လို လူပေါင်းများစွာကို သတ်ခဲ့တဲ့သူ၊ အလောင်းပေါင်းများစွာကို မြှုပ်ခဲ့တဲ့သူ၊ ရက်စက်လာရင် အလောင်းတွေကိုတောင် စားနိုင်တဲ့သူမျိုးမှာ ဘာခံစားချက်မှ မရှိတော့ဘူး...”

“ဒါပေမဲ့ ယင်လီ ငါ့ကို ရုတ်တရက် ဖက်လိုက်တဲ့အချိန်မှာ... အဲဒီခံစားချက်က တကယ်ထူးဆန်းနေတယ်”

“ငါ ဘာလုပ်ရမှန်းမသိဘူး... ငါ့ လက်တွေကို ဘယ်မှာထားရမှန်းတောင် မသိတော့ဘူး...”

စုကျိုသည် မြက်ခင်းနံ့သင်းပျံ့သော ရနံ့ကိုရှူရှိုက်ရင်း လက်စားချေသည့်အနေဖြင့် သူမရင်ခွင်ထဲက မိစ္ဆာကြီး၏ကျောပြင်ကို ပြင်းပြင်းထန်ထန်ပွတ်သပ်ပစ်လိုက်သည်။

“အဲဒီအချိန်တုန်းက ငါ့ရဲ့ အင်အားတွေအားလုံး ပျောက်ဆုံးသွားပြီး သူ့ကို တွန်းထုတ်ဖို့ ကြိုးစားတဲ့အခါ ငါ့ လက်တွေက ပျော့ခွေသွားတယ်...”

ချန်ယွမ်သည် သူမကို ချက်ချင်းတွန်းထုတ်လိုက်ရာ သံကြိုးများမှာ သတ္တုချင်းရိုက်သံများ ထွက်ပေါ်လာ သည်။ သူသည် ဝုန်းကနဲမတ်တပ်ရပ်လိုက်ပြီး မိစ္ဆာလူငယ်လေး၏ရှည်လျားကာ သွေးကြောစိမ်းလေးများ ထင်ရှားနေသော လည်ပင်းမှာ ပန်းရောင်သန်းသွားတော့သည်!

စုကျို စကားစရပ်လိုက်ပြီး သူ့အားတွန်းထုတ်လိုက်သည့် လက်တစ်ဖက်စာ အကွာအဝေးကို ငုံ့ကြည့်လိုက် သည်။

ပြီးနောက် တွေဝေနေဆဲဖြစ်သော သူ့ပြာလဲ့လဲ့မျက်လုံးများနှင့် မီးတောက်တော့မည့်အလား နီမြန်းနေသော သူ့ ဖြူဖွေးသည့် ညှပ်ရိုးလေးကို ကြည့်လိုက်သည်။

မကြာမီမှာပင်...

သူမ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

“ဟဲဟဲ”

သူမ လည်ချောင်းထဲမှ ခပ်နောက်နောက်ရယ်မောလိုက်ပြီး “ဒါဆို... နင်လည်း အဲဒီလိုပဲပေါ့?”

“ဒီပြဿနာက ငါတစ်ယောက်တည်းမှာ ရှိတာမဟုတ်ဘူးပဲ”

စုကျို ပြန်စဉ်းစားလိုက်သည်။

“ဒါဆိုရင် ဒီကမ္ဘာက ပါရမီအတွက် ပေးဆပ်ရတဲ့ အဖိုးအခနဲ့တော့ ဘာမှမဆိုင်တော့ဘူးပေါ့”

“ချန်ယွမ်... ဒါက ငါတို့တွေ သက်ရှိလူသားတွေနဲ့ မထိတွေ့ရတာ ကြာလွန်းလို့ ဖြစ်နေတာ၊ အသားကျဖို့ အချိန်နည်းနည်းယူရမယ်”

စုကျိုက သူ့ မေးစေ့ကို ပွတ်သပ်ရင်း - “ဒီပြဿနာကို ငါတို့ အမြန်ဆုံး ကျော်လွှားရမယ်၊ မဟုတ်ရင် သတိမထားမိတဲ့အချိန်မှာ အသတ်ခံလိုက်ရနိုင်တယ်...”

ချန်ယွမ်၏ဗလာကျင်းနေသော ခြေထောက်များသည် နီမြန်းသွားကာ အုတ်ဂူကျောက်စာတိုင်ကို နင်းလျက်၊ စုကျို စကားပင် မဆုံးသေးမီမှာပင် လျှပ်စီးလက်သကဲ့သို့ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ခုန်ထွက်သွား တော့သည်!

“ဟုတ်ပြီလေ၊ အခုလို ထွက်ပြေးချင်တဲ့ ခံစားချက်မျိုးပဲ”

ဒီကမ္ဘာက မတူဘူးပဲ။

ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး။

စုကျိုသည် သူ့ ပါရမီကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးမဟုတ်ကြောင်း အတည်ပြုပြီးနောက် စိတ်ပေါ့ပါး သွားသည်။

“ပိုပြီး ခဏခဏဖက်ကြည့်ရင် အဆင်ပြေသွားမလားမသိဘူး?” သူ အလေးအနက် စဉ်းစားနေမိသည်။

စုကျို ခေတ္တမျှစဉ်းစားပြီးနောက် သစ်သားအိမ်ထဲမှ ထွက်လာခဲ့သည်။ ကလေးနှစ်ယောက်ကို ကျူးပိုင်ယွီ ဘယ်နေရာ ခေါ်သွားသည်ကို သူ မသိပေ။

သူမနှင့်အတူ လေ့ကျင့်ပေးမည့်သူလည်း မရှိ။

စုကျို ခေါင်းခါလိုက်မိစဉ်၊ သူ့ လက်ဖမိုးပေါ်ရှိ ‘ငါးရက်အတွင်း ရတနာပိုးစာရွက်များ သိမ်းဆည်းရန်’ ဟူသော မက်ဆေ့ချ်မှာ ‘နှစ်ရက်အတွင်း’ ဟူ၍ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

ထို့နောက် သူ့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ပိုးစာခင်းဆီသို့လျှောက်သွားတော့သည်။

သူမသည် ပြုပြင်ထားသော ရွှံ့ရုပ်တု၏ကိုယ်အထက်ပိုင်းကို အသုံးပြုကာ ကျောက်စိမ်းကတ်ကြေးဖြင့် အရွက်များခူးစေပြီး ကျောက်စိမ်းခြင်းထဲသို့ထည့်ခိုင်းလိုက်သည်။

ဤအလုပ်သည် နှစ်ရက်တိုင်တိုင်ဆက်လက်လုပ်ဆောင်ခဲ့ပြီး၊ ပထမထပ်သို့ လေပြင်းနှင့် မိုးစက်များ ရောက်ရှိလာသော ပဥ္စမမြောက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

သူမသည် အဆင့် ၃၀ သို့ ပို့ဆောင်မည့် ပိုးစာရွက်သယ်ယူပို့ဆောင်ရေး အဆောင်ကို ဒုတိယအဆင့် ကျောက်စိမ်းခြင်းတွင် ကပ်လိုက်သည်။

ရေနွေးကြမ်းတစ်ခွက် သောက်စာခန့် အချိန်အတွင်းမှာပင် တိမ်လွှာများထက်မှ ငွေရောင်ချိတ်များပါသော ရွှေရောင်ကြိုးသုံးချောင်းဆင်းသက်လာကာ၊ ကျောက်စိမ်းအရွက်များပါသော ခြင်းတောင်းကို ချိတ်လျက် လေထဲသို့ ဖြည်းဖြည်းချင်း ဆွဲတင်သွားတော့သည်။

အဆင့် ၃၀ က ပိုးစာရွက်များကို စစ်ဆေးပြီး စာရင်းရှင်းပေးမည့်အချိန်ကိုစောင့်ဆိုင်းနေစဉ်၊ စုကျိုသည် ကျူးပိုင်ယွီတို့နှင့်အတူ ဝိညာဉ်ပိုးဖလံဂေဟာမှထွက်ခွာကာ ကျင်းကွေ့မြို့ရှိ ‘ကျင်းယွီထန်’ ဆိုင်သို့ သွားခဲ့ကြသည်။

“မေးချင်တာ မေး၊ ငါ အကုန်သိတယ်”

စုကျိုသည် ကျင်းယွီထန်၏ပဟေဠိပွဲတော် အဝင်ဝတွင် ဆရာကြီးတစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ် ကာပြောလိုက်သည်။

“တတိယအဆင့် ရတနာတစ်ခုကို ရွှမ်သံမဏိကန်ထဲမှာ ထည့်သွင်းလိုက်ရင်၊ အဲဒါ ဘယ်လောက်ကြာမှ...”

ဆိုင်ရှင် စကားမဆုံးသေးမီမှာပင် စုကျို တစ်ပတ်လှည့်ကာ သူ့မျက်နှာကို ဝတ်ရုံလက်ဖြင့် အုပ်လျက် - “သုံးရက်နဲ့ ခြောက်နာရီ!” ဟု လွှတ်ခနဲ ဖြေလိုက်သည်။

ဆိုင်ရှင်: “???”

သူကဖြင့် မေးခွန်းဒုတိယပိုင်းကိုတောင် မမေးရသေးဘူးလေ!

သို့သော် သူ ပဟေဠိအဖြေကို စစ်ဆေးကြည့်ရာ - “...ဟုတ်တယ်၊ အဖြေမှန်တယ်! ဝိညာဉ်ပိုးဖလံဂေဟာက ဒီအမျိုးသမီးကျင့်ကြံသူကို ဂုဏ်ပြုပါတယ်!”

“ဝါး... အထင်ကြီးစရာပဲ”

“ဝိညာဉ်ပိုးဖလံဂေဟာကလူတွေက ဝိညာဉ်လက်နက်တွေအကြောင်းတောင် သိတာလား ?”

“သိပ်တော်တာပဲ!”

စုကျို ရယ်မောလျက် လက်အုပ်ချီနှုတ်ဆက်ကာ - “မပြောပါနဲ့ရှင်၊ ဒါက ဘာမှမဟုတ်ပါဘူး”

“နောက်တစ်ခု မေးဦးလေ!” စုကျို ဆိုင်ရှင်အား လက်ယမ်းပြလိုက်သည်။

ကျင်းယွီထန် ဆိုင်ရှင်မှ မျက်စောင်းထိုးလျက် - “တစ်ယောက်ကို တစ်ခုပဲ ဖြေရတာလေ! ဒီကျင့်ကြံသူမ လေး... နင် မှန်အောင်ဖြေပြီးပြီပဲ၊ နောက်နှစ်မှ ပြန်လာခဲ့တော့”

စုကျို ချက်ချင်းပင် နှမြောတသ မျက်နှာထားအားပြလိုက်သည်။ သို့သော် လေးငါးခတ်အတွင်းမှာပင် သူမသည် ပဟေဠိဆုကြေး ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ရရှိသွားပြီး ကျင်းယွီထန်မှ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

58

ထို့နောက် ကျူးပိုင်ယွီ လူအုပ်ကြားမှထွက်လာသည်။

“မေးစမ်း၊ ငါ အကုန်သိတယ်!”

ခေတ္တအကြာတွင် ကျင်းယွီထန်၏မေးခွန်း ပထမပိုင်းကို ကြားရသည်နှင့် သူ တစ်ပတ်လှည့်ကာ၊ ဝတ်ရုံလက် ဖြင့် မျက်နှာအုပ်လျက် အောင်မြင်စွာဖြေဆိုလိုက်ပြန်သည်!

ကျင်းယွီထန် အရောင်းစာရေး: “???”

မကြာမီမှာပင် ကျူးပိုင်ယွီသည်လည်း အပြုံးများ၊ ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့်အတူ ထွက်ခွာသွား သည်။

“မေးပါ... ကျွန်မလည်း ဖြေနိုင်ပါတယ်” စုကျီကျီ မျက်နှာနီမြန်းလျက် ဆက်လုပ်သည်။

“ကျွန်တော့်ကိုလည်း မေးပါ... ကျွန်တော်လည်း အကုန်သိပါတယ်” စုရှင်းချန်လည်း သူ့ညီမနောက်မှ ကပ်လိုက်လာသည်။

ကျင်းယွီထန် အရောင်းစာရေး: “???”

သူတို့ လေးယောက်လုံးသည် တစ်ပုံစံတည်းပင် ဝတ်ရုံလက်ဖြင့် မျက်နှာကိုအုပ်ကြပြီးနောက်၊ ရလာသော ဆုလာဘ်များနှင့်အတူ အိမ်သို့ပြန်ကြတော့သည်။

“မျက်နှာကို ဝတ်ရုံနဲ့ အုပ်လိုက်တာက ဝိညာဉ်အာရုံ စူးရှလာအောင်လုပ်တဲ့ နည်းပညာတစ်မျိုးလား?”

တကယ်တော့ အဖြေတွေကိုခိုးကြည့်ဖို့အတွက် လုပ်သည့်အမူအရာသာ။ စုကျိုနှင့် အခြားသုံးယောက်တို့ သည် ကျေနပ်အားရစွာဖြင့် ကြေးနီနွားလှည်းပေါ်သို့တက်လိုက်ကြသည်။

“ဒါ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက မျက်လှည့်ဆရာတွေနဲ့ နေရာလုပြီး လူသေပြန်ရှင်အောင် လုပ်ပြခဲ့တဲ့ လေးယောက် မဟုတ်ဘူးလား?”

“တကယ်ကြီး! အဲ့ဒီလူတွေ ထင်တယ်!”

“ဝိညာဉ်ပိုးဖလံဂေဟာရဲ့လုပ်ငန်းနယ်ပယ်က အခု ဒီလောက်တောင်ကျယ်ပြန့်သွားပြီလား? ဝိညာဉ်လက်နက် အတတ်ပညာတွေကိုတောင် ဖြေနိုင်ကြတယ်လား? နောက်ပြီး မျက်လှည့်တွေရော ပြတတ်ကြတာလား?”

စုကျိုနှင့် အခြားသုံးဦးတို့သည် ကြေးနီနွားလှည်းလိုက်ကာများကို ဝုန်းခနဲ ပိတ်လိုက်ပြီး အလျင်အမြန် ထွက်ပြေးခဲ့ကြ သည်။ နွားလှည်းပေါ်တွင် စုကျိုသည် သူ့ ချွေးများကို သုတ်လိုက်ပြီး ခါးကြားတွင် ထိုးထားသည့် ‘ယင်လီလေး’ ဂွမ်းအရုပ်ကို ဆွဲထုတ်လိုက်သည်။

“ယင်လီလေးရေ... ငါတို့ လေးယောက်လုံးအောင်မြင်ခဲ့တယ်၊ ပြဿနာမရှိဘူး”

“ကောင်းပြီ၊ ဒါဆို ဒီပဟေဠိဘဏ်တစ်ခုလုံးအကြောင်းကို ပထမထပ်မှာရှိတဲ့သူတွေသိအောင် ဒုတိယအစ်ကို့ကို လိုက်ဖြန့်ခိုင်းလိုက်မယ်”

“ပထမထပ်မှာရှိတဲ့ လူအားလုံး အကျိုးရှိအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးပါပဲ စုကျိုရယ်”

စုကျို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်။

“မလိုပါဘူး၊ ဒါတွေအားလုံးက နင့်စာရင်းထဲကပဲ နှုတ်မှာလေ”

“...!”

“နောက်တာပါ၊ ငါ ကိုယ်တိုင်လည်း တစ်ခုပဲ ဖြေလို့ရတာပဲဥစ္စာ”

ပဟေဠိဘဏ်တစ်ခုလုံးရဲ့အဖြေတွေကို သိနေပါလျက်နဲ့ အသုံးမချရဘူးဆိုရင် တကယ်အထီးကျန်စရာပဲ မဟုတ်လား ?

ဒါကြောင့် သူတို့တွေ အသုံးချဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

မကြာမီမှာပင် ကျင်းယွီထန် အနီးအနားရှိ ကျင့်ကြံသူများသာမက ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်မှ မထွက်ခွာရသေး သူများပါ ယခင် ဒုတိယအဆင့်ရှိပြီး ယခုလက်ရှိခေါင်းဆောင်ဖြစ်သူထံမှ သတင်းစကားတစ်ခု လက်ခံရရှိလိုက်ကြ သည်!

【အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ ပထမထပ်က ကျင့်ကြံသူလေး စုကျိုပါ၊ ကျွန်မ အပြင်ထွက်ရင်းနဲ့ ကျင်းယွီထန်ရဲ့ ပဟေဠိအဖြေတွေကို မတော်တဆရှာတွေ့ခဲ့လို့ အားလုံးနဲ့မျှဝေပေးလိုက်ပါတယ်။】

【ပဟေဠိအဖြေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...】

【တစ်ယောက်ကို တစ်ခုပဲ ဖြေပြီး ဝိညာဉ်ကျောက်တုံး တစ်သိန်းစီ သွားထုတ်ကြပါ၊ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြ ပါစေ၊ ကျင့်စဉ်တွေလည်း တိုးတက်ကြပါစေရှင်!】

ခဏချင်းမှာပင် ဝိညာဉ်ပိုးဖလံဂေဟာမှ ကျင့်ကြံသူများသည် မြို့ကြီးများရှိ ကျင်းယွီထန် ပဟေဠိပွဲတော်အားလုံးကို သိမ်းပိုက်လိုက်ကြသည်။

လူပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီသော ကျင့်ကြံသူများသည် ကျင်းယွီထန်မှ ဆုကြေး ဝိညာဉ်ကျောက်တုံး တစ်သိန်းစီကို ကိုင်ဆောင်ကာ ထွက်ခွာလာကြသည်။

နေ့ခင်းပိုင်းရောက်သော် ကျင်းယွီထန်တွင် ပေးစရာ ဝိညာဉ်ကျောက်တုံးများ ကုန်သွားသဖြင့် လူတိုင်းသည် အကြွေး စာချုပ်များ သို့မဟုတ် ဆိုင်ရှိ ဝိညာဉ်ရတနာများကိုပင် အလဲအလှယ်လုပ်ကာ ဝိညာဉ်ပိုးဖလံဂေဟာသို့ ပြန်လာခဲ့ကြရသည်။

ထိုနေ့တွင် ပတ်ဝန်းကျင်ရှိ မြို့ပေါင်း ၁၂ မြို့မှ ကျင်းယွီထန်ဆိုင်များသည် ပဟေဠိဆုကြေးများကြောင့် လုံးဝပြောင် သလင်းခါသွားတော့သည်!

မူလက ကျင်းမိသားစုသည် သူတို့လူယုံများသာ ဖြေနိုင်မည့် ခက်ခဲသော ပဟေဠိများကို ထုတ်ပြီး အမြတ်ငွေများကို မိသားစုအတွင်းမှာပဲ သိမ်းထားရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ရက်အတွင်း လူတစ်ထောင်ကျော်က မှန်အောင် ဖြေနိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း!

ကျင်းမိသားစုဝင်များပင်လျှင် ပဟေဠိဖြေဆိုမည့် လူအုပ်ကြီးကြားထဲ တိုးမဝင်နိုင်တော့ပေ!

ကျင်းယွီထန်၏ပဟေဠိပွဲတော်မှာ တစ်ရက်အတွင်း အရှုံးပေါ်သွားခဲ့ပြီး ဆိုင်ရှိ ဝိညာဉ်ရတနာများအားလုံး ဆုကြေး အဖြစ် အလုအယက်အယူခံလိုက်ရသည်။

ထို့ကြောင့် ကျင်းယွီထန်သည် ဆိုင်ကို သုံးရက်ကြာ ပိတ်လိုက်ရပြီး ယခုနှစ်၏ ပဟေဠိပွဲတော်ကို စောစီးစွာအဆုံးသတ် လိုက်ကြောင်း ကြေညာလိုက်ရတော့သည်။

ကျင်းယွီထန်အတွက် ပဟေဠိများ ထုတ်ပေးခဲ့သူများမှာလည်း ပြင်းထန်စွာ အပြစ်ပေးခံလိုက်ရသည်!

တစ်ချိန်တည်းမှာပင် ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်တွင် စုကျို၏အမည်မှာ လူတိုင်း သိသွားကြတော့သည်။

“စုကျိုက တကယ့်ကြင်နာတတ်တဲ့သူပဲ”

“နတ်သမီးလေးစု... ကျွန်မကိုယ်တိုင်ကင်ထားတဲ့ ဝိညာဉ်ကြက်ကင်လေး မြည်းကြည့်ပါဦးလား?”

“နတ်သမီးလေးစု... အားမနာပါနဲ့၊ ကျွန်တော်ဆွဲထားတဲ့ ‘နေဝန်း’ လေးကို လိုသလိုသုံးနိုင်ပါတယ်ဗျာ”

ပထမထပ်ရှိ ကျင့်ကြံသူအားလုံးသည် ချမ်းသာသွားကြပြီး စုကျိုကို ၎င်းတို့ကျေးဇူးရှင်ကြီးသဖွယ် ဆက်ဆံကြတော့ သည်။

ရက်အနည်းငယ်အကြာတွင် စုကျိုသည် အဆင့် ၃၀ သို့ ပို့ထားသော ပိုးစာရွက်များ စစ်ဆေးပြီးနောက် ရရှိလာသည့် ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိခဲ့သည်။

[ပထမထပ်မှ စုကျိုသည် အဆင့်မြင့် ‘ကျောက်စိမ်းပိုးစာရွက်’ အခုတစ်ရာအား ရောင်းချခဲ့ရာ အဆင့် ၃၀ ရှိ ပိုးကောင် များအတွက် လုံလောက်သောအစာဖြစ်ပေသည်။]

[ဝိညာဉ်ကျောက်တုံး ၉၉,၀၀၀ လက်ခံရရှိပါသည်။]

စုကျို နဖူးပေါ်ရှိ ငွေရောင်အမှတ်အသားမှာ ချက်ချင်းရွှေရောင်သို့ ပြောင်းလဲသွားသည်။

နဖူးပေါ်ရှိ [ကိုး] (九) ဟူသောစာလုံးသည် မှောင်မိုက်သော ညဉ့်ကောင်းကင်ယံမှ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေတော့ သည်။

“စုကျို... နင် အဆင့်တက်တာ ဒီလောက်မြန်လိမ့်မယ်လို့ ငါ တကယ်မထင်ထားဘူး”

“နောက်နှစ်ကျရင် နင်က ပထမထပ်ရဲ့ထိပ်တန်းစံပြ ကျင့်ကြံသူဖြစ်လာတော့မှာပဲ”

“ပုံမှန်ထက် လေးဆလောက်ပိုထွက်တာက တကယ်ပဲ အဲဒီလောက်အစွမ်းထက်တာလား?”

ယင်လီ ထွက်သွားပြီးနောက် အသစ်တက်လာသည့် ထိပ်တန်းဆယ်ယောက်ဖြစ်သော သန်မာသည့် အမျိုးသားများ၊ မိန်းကလေးငယ်များနှင့် ဝတ်ရုံဝတ်ကျင့်ကြံသူများသည် စုကျို အဆင့်ကိုးသို့ရောက်လာခြင်းကို အကောင်းဆုံး ဝိုင်များနှင့် အစားအစာများဖြင့် လာရောက်ဂုဏ်ပြုကြသည်။

“ဒီနှစ် ယင်လီ ထွက်သွားပြီးနောက် အဆင့်သတ်မှတ်ချက်တွေ ဒီလောက်ပြောင်းလဲသွားလိမ့်မယ်လို့ မမျှော်လင့်ထား ဘူး”

သစ်သားအိမ်အတွင်းရှိ စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း တစ်ညတည်းနှင့်ပင် လူကြီးလေးများသဖွယ် သိသိသာသာ ရင့်ကျက်သွားကြပုံရသည်။

“ဟင်? နင့်ရဲ့နံပါတ် ၆ ငါး (ဖူရှင်း) ရဲ့ ပစ္စည်းတွေလား? စုကျို... ဒါ ထောင်ချောက်များ ဖြစ်နေမလား? ဒီလူ့မှာ တခြား ဘာရတနာတွေ ရှိသေးလို့လဲ?”

ကျူးပိုင်ယွီ တောက်တစ်ချက်ခေါက်လိုက်ရင်း

“အဲဒါကို မဖွင့်ခင် လောင်ချီကို ခုခံကာကွယ်တဲ့ အဆောင်တစ်ခု အရင်ရေးခိုင်းလိုက်မယ်”

သို့သော် သူ့ စကားပင် မဆုံးသေးမီမှာပင် စုကျို လက်တစ်ဖက်ဖြင့် သေတ္တာ၏ခလုတ်ကိုနှိပ်ကာ ဖွင့်ချလိုက်သည်။

သေတ္တာထဲတွင် ဖူရှင်း၏အုတ်ဂူ အဖောက်ခံထားရသည်ကို ပြသနေသည့် ပုံရိပ်ဖော်ကျောက်တုံးတစ်ခုအပြင်၊ နဂါးရုပ်ထွင်းထားသော ကျောက်စိမ်းဆွဲပြားတစ်ခုလည်း ရှိနေသည်။ ၎င်းပေါ်တွင် “အဆင့် ၃၀ မှ ၄၀ အတွင်းရှိ ကျင်းမိသားစု တပည့်များအတွက် ရတနာသေတ္တာဖွင့်သည့်သော့” ဟု ကမ္ပည်းထိုးထားသည်။

ဆွဲပြား၏တောက်ပသော အလင်းရောင်သည် စုကျိုနှင့် ဘေးနားရှိသူများကို ချက်ချင်းလွှမ်းခြုံသွားတော့သည်။

“ဒါက အပေါ်ထပ်က ရတနာသေတ္တာတွေကို ဖွင့်တဲ့သော့ပဲ” ကျူးပိုင်ယွီမှ သူ ကြားဖူးနားဝရှိသည်ကို ရှင်းပြသည်။

“မိသားစုကြီးတွေက သူတို့ရဲ့ တပည့်တွေ အပေါ်ထပ်ကို အဆင့်တက်သွားတဲ့အခါ ကျင့်ကြံမှု အရင်းအမြစ်တွေ မပြတ် လပ်အောင်လို့ ဝိညာဉ်ပိုးဖလံဂေဟာရဲ့သက်ဆိုင်ရာ အဆင့်တွေမှာ ရတနာတွေ သိမ်းထားတတ်ကြတယ်”

“တပည့်တွေ အဲဒီအဆင့်ကိုရောက်တာနဲ့ မိသားစုကပေးထားတဲ့ ဒီသော့ကို သုံးပြီး ကျင့်ကြံခြင်းဆိုင်ရာ ရတနာတွေကို ထုတ်ယူလို့ရတာပေါ့”

“ဒါပေမဲ့ ထူးဆန်းတာက ဖူရှင်းကအောက်ထပ်မှာ သေသွားတာကို၊ ဘယ်လိုလုပ်ပြီး အပေါ်ထပ်ကသော့ကို သူ ရနေတာလဲ?”

“ပြီးတော့ သူ့ကိုယ်ပိုင် အုတ်ဂူကျောက်စာတိုင်ကိုပြတဲ့ ပုံရိပ်ဖော်ကျောက်တုံးကို ဝှက်ထားရတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ?”

ကျူးပိုင်ယွီမှာ လုံးဝဇဝေဇဝါဖြစ်သွားရသည်။

စုကျိုကမူ အများကြီး စဉ်းစားမနေတော့ဘဲ သူ့ ညာဘက်လက်တွင် ပတ်ထားသောအဝတ်စကိုဖြေလျက် ထိုနဂါးရုပ် ကျောက်စိမ်းဆွဲပြားကို ကောက်ကိုင်လိုက်သည်။

သို့သော် ချက်ချင်းဆိုသလို သူ မျက်ခုံးပင့်သွားမိသည်။

မကြာသေးမီက အဆင့်မြှင့်တင်နေသဖြင့် စနစ်ကို အသုံးပြု၍မရသည်ကို သူ မေ့သွားခြင်းဖြစ်သည်။

သူမက ထိုကျောက်စိမ်းဆွဲပြားကို နှမြောတသစွာဖြင့် ပြန်ချရန်ပြင်လိုက်စဉ်မှာပင်၊ ဂိုဒေါင်ထံမှ မက်ဆေ့ချ်များစွာ ရုတ်တရက် ပေါ်လာသဖြင့် သူမ အံ့အားသင့်သွားရသည်။

【 စနစ် အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ! 】

【 နောက်ဆုံးရ ဂိုဒေါင်ဆံ့ပမာဏ- ၁၀ စတုရန်းမီတာ! 】

【 ဖူရှင်းမှ ကျင်းချန်အား ပေးထားသော ကျင်းမိသားစုကျင့်ကြံခြင်းဆိုင်ရာ ရတနာသေတ္တာသော့ - နဂါးရုပ်ကျောက် စိမ်းဆွဲပြားအား ရှာဖွေတွေ့ရှိသည်! 】

【 ကျောက်စိမ်းဆွဲပြားတွင် တွယ်ကပ်နေသော ဖူရှင်း၏ဝိညာဉ်အသိစိတ် အစအနတစ်ခုအားရှာဖွေတွေ့ရှိသည်! 】

【 ဖူရှင်း၏ ‘ဆေးဆရာကြီး’ ပါရမီ အစိတ်အပိုင်း ၉ ခုအား ကူးယူပြီးပါပြီ! 】

...

【 ယင်လီ အသုံးပြုခဲ့သော အဆင့် ၃၀ သို့ တက်လှမ်းသည့် တိမ်လွှာလှေကားထစ် ၃၀၀၀ အား ရှာဖွေတွေ့ရှိသည်! 】

【 ကူးယူခြင်း စတင်နေသည်... 】

【 ယင်လီ၏ဝိညာဉ်ပိုးဖလံဂေဟာသို့ ဦးတည်သော ကျောက်လှေကားထစ် ၉၉၉ ထစ်အား ကူးယူပြီးပါပြီ! 】

...

【 တောင်းပန်ပါတယ်။ အဆင့်မြှင့်တင်ထားသော ၁၀ စတုရန်းမီတာရှိ ဂိုဒေါင်ဆံ့ပမာဏမှာ မလုံလောက်တော့သဖြင့် ပစ္စည်းများ လျှံထွက်တော့မည်ဖြစ်သည်။ 】

“?”

“...”

လွန်ခဲ့သော ဆယ်ရက်ကျော်က သမိုင်းဝင်အချက်အလက် နောက်ဆုံးနှစ်ခုကြောင့် စုကျို အကြီးအကျယ်ထိတ်လန့် သွားရသည်။

သူမ ခေတ္တမျှ မှင်သက်သွားပြီးနောက် ဂိုဒေါင်မြေပုံကိုကြည့်လိုက်ရာ၊ အဆင့်တက်လှမ်းသည့် လှေကားထစ် ၉၀၀ ကျော်မှာ လျှံထွက်နေသည်ကို တွေ့လိုက်ရသည်။

သူ အခန်းထဲရှိ လူများကိုဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

“ဟေး... ကိစ္စကြီးတစ်ခုတော့ ဖြစ်တော့မယ်”

စိတ်ဖိစီးမှုလျော့ကျအောင် ယင်လီ၏ဂွမ်းအရုပ်လေးကို လည်ပင်းကနေကိုင်ပြီး ခါယမ်းနေသည့် ကျူးပိုင်ယွီမှ ထိုစကားကိုကြားသော် မော့ကြည့်လာသည်။

“ဟင်?”

စုကျိုအား ရေနွေးကြမ်း ငှဲ့ပေးပြီးနောက် ကျင့်စဉ်ကျင့်နေသည့် စုရှင်းချန်နှင့် အပ်ချုပ်ရင်း အဆောင်လက်ဖွဲ့ပုံဆွဲရန် စဉ်းစားနေသည့် စုကျီကျီတို့သည်လည်း သူ့ကို မော့ကြည့်လာကြသည်။

စုကျို သူ့ မေးစေ့ကို ပွတ်လိုက်သည်။

“ငါ့အကြံပြုချက်ကတော့... အခုချက်ချင်း တစ်ခုခုကိုမြဲမြဲဆုပ်ကိုင်ထားကြ၊ ပြီးတော့ နင်တို့ရဲ့ ကိုယ်တွင်းစွမ်းအားကို သုံးပြီး ခန္ဓာကိုယ်ကာကွယ်ရေးကို မြှင့်ထားကြတော့”

“?”

နောက်တစ်ခဏတွင် -

သူတို့ရှိနေသော သစ်သားအိမ်လေးအောက်မှ သစ်သားချင်းပွတ်တိုက်တုန်ခါနေသည့် စူးရှသော အသံကြီးများ ထွက်ပေါ်လာတော့သည်။

သစ်သားအိမ်အောက်တွင် တစ်စုံတစ်ခုမှာမြေကြီးထဲမှ ထိုးထွက်လာနေသည့်အလား!

ဘန်း! ခနဲ အသံနှင့်အတူ သစ်သားအိမ်တစ်ခုလုံး မြေပြင်မှမြောက်တက်သွားသည်။

၎င်းမှာ မြေအောက်မှ အတင်းတွန်းထုတ်ခံလိုက်ရသည့်ပုံပင်!

“အားလုံး မြဲမြဲကိုင်ထားကြ” စုကျို တိုးတိုးလေးပြောလိုက်သည်။

“ငါတို့... အပေါ်ကို ပျံတက်တော့မယ်”

“!!!”

“???”

All Chapters