← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

🥝 Chapter 61

“ငါတို့ သုံးယောက်ရဲ့ စွမ်းအားကို နင်တို့ကို အရင်ပြသင့်တယ်လို့ ငါထင်တယ်၊ အဲဒါပြီးမှ နင်တို့က ငါတို့ရဲ့ မရင့် ကျက်သေးတဲ့ ဒီအသင်းထဲကို ဝင်၊ မဝင် စဉ်းစားလို့ရတာပေါ့”

ယင်လီ၏လှပသော မျက်နှာလေးမှာ ဝင်းပနေသည်။

“ကျူးပိုင်ယွီ... နင်နဲ့ ဒီကလေးနှစ်ယောက်လည်း အတူတူပဲ၊ နင်တို့မှာလည်း ဘယ်အသင်းကိုဝင်မလဲဆိုတာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်”

“ငါ တိုက်ရိုက်ပဲ ပြောပြမယ်၊ ဒီအဆင့်မှာ ခံစားခွင့်တွေ၊ ဆုလာဘ်တွေ၊ မစ်ရှင်တွေ၊ စိန်ခေါ်မှုတွေနဲ့ ပြစ်ဒဏ်တွေအထိ အားလုံးက အသင်းအပေါ်မှာ မူတည်တယ်၊ ငါတို့က ကံကြမ္မာတစ်ခုတည်းကို အတူမျှဝေထားတာ၊ အတူတူ ခံစားကြရမှာပဲ”

“ဒါကြောင့် ငါတို့ရဲ့ ‘အထက်ကလူတွေကို ဖြုတ်ချမည့်’ အသင်းထဲဝင်ဖို့ စိတ်ရင်းနဲ့ ဖိတ်ခေါ်မှုကို လက်ခံဖို့ဆိုရင် ငါတို့ရဲ့ လက်ရှိစွမ်းအားကို ပြဖို့လိုအပ်တယ်”

ယင်လီသည် သင်္ကန်းဝတ်နှင့် မျက်လုံးမှိတ်ထားသူ၊ ကိုယ်ကျပ်ဝတ်စုံဝတ်ထားသူနှင့် ‘စာမေးပွဲတိုင်းအောင်’ အဆောင်လက်ဖွဲ့များ ကပ်ထားသည့် ချစ်စရာမိန်းကလေးတို့ ရှေ့တွင် ရပ်နေသည်။

သူ့ညာဘက်ခြေထောက်မှ ဓားမြှောင်ကို လက်တစ်ဖက်ဖြင့် ဆွဲထုတ်ကာ လက်ချောင်းများကြားတွင် လှည့်ကစားလိုက်သည်။

“ဒါပေါ့... နင်တို့ဘက်ကလည်း စွမ်းအားပြဖို့လိုတယ်၊ နင်တို့က ငါတို့နဲ့ ပူးပေါင်းချင်စိတ်ရှိတယ်၊ ပူးပေါင်းနိုင်စွမ်း ရှိတယ်ဆိုတာကို ပြပေးပါ!”

ချက်ချင်းဆိုသလို ယင်လီသည် ရှေ့သို့ ခုန်ဝင်လိုက်ပြီး လက်ထဲက ဓားဖြင့် သူ့ခါးတွင် ချိတ်ထားသောကြိုးချည်ထားသည့် မျက်နှာဖုံးကိုလှီးဖြတ်ကာ ကျူးပိုင်ယွီ၏မျက် နှာပေါ်သို့ ရိုက်ကပ်လိုက်တော့သည်။

ကျူးပိုင်ယွီ: “!”

အားးးးး!

သူ မျက်နှာကိုလက်ဖြင့် အုပ်လိုက်ပြီးနောက် ပြန်ချလိုက်သည့်အခါ—သူ့မျက်နှာမှာ ‘ချန်းကျို' ၏မျက်နှာဖြစ်နေချေပြီ!

စုကျို မျက်တောင်များ လှုပ်ခတ်သွားသည်၊ သူ ဘယ်နှစ်ကြိမ်မြင်မြင် ထိတ်လန့်နေရဆဲပင်။

ရှေ့သို့ လှမ်းရန်ပြင်နေသော သင်္ကန်းဝတ် လျိုကျားနှင့် မိန်းကလေး ဟောင်ယို့လုတို့မှာလည်း ရုတ်တရက် ရပ်တန့်သွားကြသည်။

“ရှောင်ယင်... ဒါ နင်ပြောတဲ့ ကိုယ့်ကိုကိုယ် ကျော်လွှားဖို့ ရှာတွေ့ထားတဲ့ နည်းလမ်းလား?”

ယင်လီသည် ဤနည်းလမ်းကို အရင်က မသုံးခဲ့ဖူးသည်မှာ သိသာလှသည်။

ဝုန်း ခနဲ အသံနှင့်အတူ ကျူးပိုင်ယွီမှာ ယင်လီ ရိုက်ချမှုကြောင့် မြေပြင်ပေါ်သို့ပုံကျသွားပြီး မကြာမီမှာပင် ခြံဝင်းတစ်ခုလုံးရှိ မိုးမခပင်များမှာတုန်ခါလာတော့သည်။

“ယင်လီ...”

“အရမ်း လွန်မလာနဲ့!”

မိုးမခရွက်များသည် ချက်ချင်းဓားမြှောင်များနှင့် မြားများအဖြစ်ပြောင်းလဲသွားပြီး ယင်လီဆီသို့ တဟုန်ထိုးပျံသန်းသွားတော့သည်!

“အပိုတွေ!”

ယင်လီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - “ငါက အပင်အားလုံးရဲ့အတွေးတွေကို ဖတ်နိုင်တယ် ကျူးပိုင်ယွီ၊ နင် သူတို့ကိုသုံးပြီး ငါ့ရဲ့ ဘယ်ဘက်ကို တိုက်ခိုက်ခိုင်းတာကို ငါ့ဆီက ဖုံးကွယ်လို့ မရဘူး!”

ခဏချင်းမှာပင် သူမ ဘယ်ဘက်သို့ ပျောက်ကွယ်သွားသည်။

ဓားမြှောင်နှင့် မြားအားလုံးမှာ လေဟာနယ်ကိုသာ ထိမှန်သွားပြီး သူမကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။

ကျူးပိုင်ယွီက ချန်းကျိုး၏အရုပ်ဆိုးသော မျက်နှာဖုံးကို အုပ်ထားရင်း - “ဟဲဟဲ... သိပ်ကောင်းတယ် ယင်လီ၊ နင် ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်နိုင်ပြီ”

ခြံဝင်းတစ်ခုလုံးရှိ သစ်သားတန်းများမှာ တုန်ခါသွားပြီး သစ်စများမှာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်ကုန်တော့သည်!

စုကျို သူ့ နဖူးကို ပွတ်သပ်ရင်း နောက်သို့ တစ်လှမ်းဆုတ်ကာလမ်းဖယ်ပေးလိုက်သည်။

သူမသည် သူ့ရှေ့ရှိ မျက်လုံးမှိတ်ထားသော ရဟန်းတော် လျိုကျားနှင့် မိန်းကလေး ယို့လုတို့ကို ကြည့်လိုက်သည်။

“သူတို့ကတော့ ခဏလောက်တိုက်နေကြဦးမှာပဲ”

“နင်တို့နှစ်ယောက်ထဲက ဘယ်သူအရင်လာမလဲ?”

လျိုကျားသည် မျက်လုံးမှိတ်လျက်ပြုံးကာ ရှေ့သို့ တစ်လှမ်းတိုးလာသည် - “ညီမလေးစုကျို... ညီမလေးယင် ပြောပြလွန်းလို့ နင့်အကြောင်း အမြဲကြားနေရတာ”

“ဒီနေ့တော့ ငါ နင့်ဆီကနေ ပညာနည်းနည်း သင်ယူပါရစေဦး”

စုကျီကျီနှင့် စုရှင်းချန်တို့သည် တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။

စုကျိုကမူ ခေါင်းညိတ်ပြပြီး သူတို့ကိုလက်ယမ်းခေါ်လိုက်သည် - “ငါ့ရဲ့ ဝှီးချဲကို ယူလာပေးကြ”

လျိုကျား : “?”

စုကျို သူ့ကို ကြည့်လိုက်သည် - “မတ်တပ်ရပ်နေရင် အသက်ရှူနှုန်းနဲ့ သွေးလည်ပတ်မှုကို အားစိုက်ရတယ်၊ ထိုင်ပြီး တိုက်ခိုက်တာက ပြဿနာမရှိဘူး မဟုတ်လား?”

လျိုကျား၏မှိတ်ထားသော မျက်လုံးများမှာ ချက်ချင်းပင် လခြမ်းကွေးပုံစံဖြစ်သွားသည်။

“အမိတ္တဘ” သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း

“ဒကာမလေး... ဒုက္ခပင်လယ်က အတိုင်းအဆမဲ့ကျယ်ပြောလှပေမဲ့ လှည့်ကြည့်လိုက်ရင် ကမ်းခြေကို တွေ့နိုင်ပါတယ်”

စုကျိုသည် သူ့ရှေ့တွင် တိုက်ခိုက်နေကြသော ကျူးပိုင်ယွီနှင့် ယင်လီတို့မြင်ကွင်းမှာ ဖြည်းဖြည်းချင်း သူ့နောက်ဘက်သို့ ရောက်သွားသလို ခံစားလိုက်ရသည်။

သူ မလှုပ်ရှားပေ။

သူ့ ဦးခေါင်းက အလိုအလျောက်လည်သွားခြင်းဖြစ် သည်...

ဒါ ‘လှည့်ကြည့်လိုက်ရင် ကမ်းခြေကို တွေ့နိုင်တယ်’ ဆိုတဲ့ အဓိပ္ပာယ်လား ?

လေပြင်းတစ်ချက်နှင့်အတူ သင်္ကန်းမှ ထွက်ပေါ်လာသော အလင်းတန်းများ လွင့်မျောလာပြီး သူမ၏ဂုတ်နားတွင် လူရိပ်တစ်ခု လျှပ်ခနဲပေါ်လာသည်။

စုကျိုသည် သူ့ကျောဘက်တွင် စူးရှသော အကြည့်တစ်ချက်ကို ချက်ချင်းခံစားလိုက်ရပြီး ဆူးဖြင့် အထိုးခံရသကဲ့သို့ ရှိနေသည်။

သို့သော် သူ စဉ်းစားနေရန် အချိန်မရှိချေ။ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်သုံးမျိုးကို တစ်ပြိုင်နက် အသက်သွင်းကာ ကိုယ်ကိုလိမ်လျက် နောက်သို့ဆုတ်လိုက်သည်။

သူ နောက်သို့လှည့်မကြည့်ဘဲ ထိုလူ့ ရင်ဘတ်ကို လက်သီးဖြင့် အားရပါးရထိုးလိုက်တော့သည်!

“ညီမလေးစု... ဘာလို့ ဒီလောက်တောင် တိုက်ခိုက်သတ် ဖြတ်ချင်နေရတာလဲ ?”

“သတ်ဖြတ်မယ့် ဓားကို ချလိုက်စမ်းပါ၊ အခုချက်ချင်းပဲ ဗုဒ္ဓအဖြစ် ရောက်ရှိသွားနိုင်တယ်”

လေထဲတွင် မရေမတွက်နိုင်သော ဗုဒ္ဓဂါထာတော်များ ရွတ်ဆိုသံများ ပဲ့တင်ထပ်နေပြီး စုကျို နားထဲသို့ တိုးဝင်လာသည်။

စုကျိုသည် နောက်ဆုံးတွင် ခေါင်းလှည့်ကြည့်လိုက်ရာ လျိုကျား ခါးတွင် ချိတ်ထားသော ခရမ်းရွှေရောင်သစ် သားပြားကို တွေ့လိုက်ရသည်—

[ လျိုကျား (အခြေခံအဆင့် အဋ္ဌမအဆင့်) ]

[ မြင့်မြတ်သောပါရမီ- လက်နက်ဖယ်ရှားခြင်း ]

“လက်နက်ဖယ်ရှားခြင်း”

လျိုကျား၏ နူးညံ့သောအသံသည် သူ့ နားနားသို့ တိုးကပ်လာသည်။

စုကျို မျက်ဆန်များမှာ ချက်ချင်းကျုံ့သွားပြီးနောက် သူ့ ဆံပင်တွင် ထိုးထားသောသစ်သားနှင့် ကျောက်စိမ်းဆံထိုးများမှာ မိုးရေစက်များကဲ့သို့ မြေပေါ်သို့ကြွေကျသွားတော့ သည်။

သူ့ ခါးတွင် ချိတ်ထားသော ‘မုန်ညင်းစေ့အိတ်’ မှာလည်း ဘုန်း ခနဲ အသံနှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဝိညာဉ်ရတနာများမှာ အိတ်ထဲမှ တစ်ခုပြီးတစ်ခု ထွက်လာပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။

စုကျို ခေတ္တမျှ မှင်သက်သွားပြီးနောက် မျက်ခုံးပင့်လျက် ရယ်မောလိုက်သည်။

“ဩော်... ဒါ စီနီယာအစ်ကိုရဲ့ ‘လက်နက်ဖြုတ်သိမ်းခြင်း’ လား? ပထမအဆင့်နဲ့ အထက်မှာရှိတဲ့ ဝိညာဉ်ရတနာ အားလုံးကို ပစ်မှတ်ထားတာပေါ့လေ ?”

“သွားပြီ! စီနီယာအစ်ကို လျိုကျား... ပြေးတော့! အမြန်ပြေး!”

ယင်လီသည် လျိုကျားနှင့် ယို့လုတို့၏ လှုပ်ရှားမှုကိုလှမ်းကြည့်လိုက်ရင်း ရုတ်တရက် မျက်လုံးပြူးကာ အော်ဟစ်လိုက်သည်။

လျိုကျားသည် အံ့သြသွားပြီး မျက်လုံးမှိတ်လျက်ပင် စုကျိုကိုအာရုံခံကြည့်လိုက်သည်။

သူ နားကြားမှားတာလား ?

ညီမလေး ယင်လီက ဘယ်သူ့ကို ပြေးခိုင်းနေတာလဲ?

သူ မျက်လုံးဖွင့်မကြည့်သော်လည်း ရှေ့က ကျင့်ကြံသူမလေးတွင် တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန် ပထမအဆင့် ဝိညာဉ်ရတနာ တစ်ခုမှမကျန်တော့သည်ကို သူ အာရုံခံမိနေသည်။

ညီမလေး ယင်လီ စကားမှားသွားတာ နေမှာပါ ?

မျက်တောင်တစ်ခတ်အတွင်းမှာပင် ယင်လီသည် လျိုကျား နောက်ဘက်မှ ပျံသန်းလာသည် - “စုကျိုက နားလည်မှုလွဲနေတာ၊ စီနီယာအစ်ကို လျိုကျား... စုကျိုကို မတိုက်ခိုက်နဲ့တော့၊ သူက စစ်ဆေးခံရမယ့် ပစ်မှတ်မဟုတ်ဘူး! ရပ်လိုက်တော့!”

လျိုကျားမှာ မှင်သက်သွားပြီး ဇဝေဇဝါဖြင့်ရပ်ကာ လှည့်ကြည့်လိုက်သည်။ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူ့ ကိုယ်ပိုင်အသံသည် သူ့ နားထဲတွင် ကိုးကြိမ်တိုင်တိုင် ပဲ့တင်ထပ်သွားတော့သည်။

‘လက်နက်ဖယ်ရှားခြင်း’

‘ဖြုတ်သိမ်းခြင်း’

...

‘ဖြုတ်သိမ်းခြင်း’

ငါ့နားတွေ ပျက်သွားတာလား ?

လျိုကျား မျက်လုံးမှိတ်လျက် မျက်မှောင်ကြုတ်လိုက်စဉ် သူ့ကိုယ်ပေါ်တွင် အေးစိမ့်စိမ့်ခံစားချက်တစ်ခု ဖြစ်တည်လာရသည်။

ရှေ့က ကျင့်ကြံသူမလေးသည် သူ့ ရင်ဘတ်ကို လက်ညှိုးဖြင့် ညင်သာစွာ ထိလိုက်ပုံရသည်။

ဖောက် ဖောက် ဖောက် ဖောက် ဖောက်

ဖောက် ဖောက်

ဖောက်...

နောက်တစ်ခဏတွင် လေတိုးသံများနှင့်အတူ ပစ္စည်းများ မြေပေါ်သို့ ပြုတ်ကျသံများရောထွေးကာ ထွက်ပေါ်လာသည်။

ထို့နောက်—သူ့ ဒုတိယအဆင့် အဖိုးတန်သင်္ကန်း၊ သူ့ ခါးတွင် ချိတ်ထားသော ဒုတိယအဆင့် သစ်သားငါးနှင့် လက်ထဲမှ သံဃာ့တောင်ဝှေးတို့မှာ လွင့်ထွက်သွားတော့သည်!

အလွှာလိုက် အလွှာလိုက်ဖြင့်... သူ့ အတွင်းဝတ် ပထမအဆင့် ကိုယ်ကျပ်အနက်ရောင် ဝတ်စုံ၊ ပထမအဆင့် ခါးပတ်၊ ပထမအဆင့် အဖြူရောင် အတွင်းခံအင်္ကျီနှင့် ဘောင်းဘီများမှာ... ကြက်သွန်နီခွံနွှာသကဲ့သို့ တစ်ခုပြီးတစ်ခု ကွာကျသွားသည်။

နောက်ဆုံးတွင် သူ့ ကိုယ်ပေါ်၌ ကျန်ရှိနေသည်မှာ တစ်ခုတည်းသာရှိတော့သည်- ဖြူရောင်ဝတ်စုံနွမ်းနွမ်း ဘောင်း ဘီတိုတစ်ထည်နှင့် ခြေအိတ်တစ်စုံသာ။

လျိုကျား : “?”

စုကျို အမောတကောဖြင့် နောက်သို့ ဆုတ်လိုက်သည်။

သူ့ တုန်ရီနေသော ညာဘက်လက်ကိုမြှောက်လိုက်ပြီး သူမကိုယ်ပေါ်မှ စုတ်ပြတ်နေသော အဝတ်စများကို ဆွဲခွာရန် တစ်ဝက်ခန့်ပြင်နေသည်။

သူ့ နဖူးပေါ်ရှိ ချွေးများကိုလက်ဖြင့် သုတ်လိုက်သေးသည်။

“တကယ် အန္တရာယ်များလိုက်တာ... ငါတော့ အသတ်ခံရတော့မလို့”

“တော်သေးတာပေါ့၊ စီနီယာအစ်ကိုရဲ့ကွက်ကွက်ကွင်း ကွင်း လှုပ်ရှားမှုကို ငါ ကူးယူနိုင်လိုက်လို့”

စုကျိုသည် ဆိုးသွမ်းသောအကြည့်များဖြင့် မော့ကြည့်လိုက်ပြီး၊ လျိုကျား၏ ကြွက်သားအမြောင်းမြောင်းနှင့် ညိုမောင်းသော အသားအရေကိုကြည့်ကာ ပြုံးလျက် လေချွန်လိုက်သည်။

“စီနီယာအစ်ကိုရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်မိုက်တာပဲ၊ အဲ... ငါပြောတာက စီနီယာရဲ့လက်နက်ဖြုတ်သိမ်းတဲ့ အတတ်ပညာက တကယ်အံ့သြဖို့ကောင်းတာပဲလို့”

လျိုကျား : “!!!”

သူ့ မှိတ်ထားသော ပြုံးနေသည့်မျက်လုံးများမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားရတော့သည်။

တုန်ရီနေသော သူ့မျက်ခွံများကြားမှ မျက်လုံးမှာအက် ကြောင်းလေးတစ်ခုပမာ ပွင့်လာချေပြီ!

🥝 Chapter 62

ခြံဝင်းငယ်လေးအတွင်း

လေပြေတစ်ချက် စုကျို၏မျက်နှာအား ဖြတ်တိုက်သွားပြီး လူတိုင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် ငေးကြည့်နေကြသည်။

တိတ်ဆိတ်ခြင်းသည် လျိုကျားကိုယ်ပေါ်ရှိ အတွင်းခံဘောင်းဘီကဲ့သို့ပင် လေတိုက်သော်လည်း မလှုပ်မယှက်ရှိနေသည်။

ဝင်းခြံအတွင်းရှိ လူများမှာ အချိန်များရပ်တန့်သွားသကဲ့ သို့ တောင့်တင်းနေကြသည်။

ယင်လီသည် ကျူးပိုင်ယွအား ပစ်ထားခဲ့ပြီး လေထဲတွင် တောင့်တင်းနေသော လျိုကျားဆန့်တန်းထားသည့် ညာ ဘက်လက်မောင်းကိုတားဆီးရန် အပြေးအလွှား သွားလိုက်သည်။

ကျူးပိုင်ယွီ စိတ်အစဉ်မှာလည်း ကမောက်ကမဖြစ်နေပြီး ဥယျာဉ်အတွင်း လက်နက်များအဖြစ် ပြောင်းလဲထားသော မိုးမခရွက်များ၊ သစ်ကိုင်းများနှင့် အိမ်ရှိသစ်သားတိုင်များအားလုံး... ရပ်တန့်သွားကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

စုကျီကျီ၊ စုရှင်းချန်နှင့် ဟောင်ယူလူတို့သည်လည်း တစ်ဦးနှင့်တစ်ဦးဆီသို့ ပြေးသွားတော့မည့်ဟန်ဖြင့် တောင့်တောင့်ကြီးဖြစ်နေကြသည်။

ဝင်းခြံပြင်ပရှိ စိန်ပန်းပင်ပေါ်တွင် ရပ်နေသော မိစ္ဆာကြီး ချန်ယွမ်သည် သူ့ကိုယ်ပေါ်ရှိ သွေးရောင်ဝတ်စုံကိုငုံ့ကြည့်လိုက်ပြီး ခဏချင်းမှာပင် ထိုနေရာမှပျောက်ကွယ်သွားတော့သည်။

“စီနီယာအစ်ကို... အဝတ်အစားတွေ မြန်မြန်ပြန်ဝတ်လိုက် ပါ၊ အအေးမိနေပါဦးမယ်”

စုကျိုမှာ “နင့်ရဲ့မိစ္ဆာကြီးက စိတ်အခြေအနေ မတည်မငြိမ်ဖြစ်ပြီး အိမ်ပေါ်ကဆင်းသွားပြီ” ဆိုသည့် အခြေအနေကို တစ်ချက်ကြည့်ကာ ခပ်ခြောက်ခြောက်ရယ်လိုက်ပြီး၊ ပုံမှန်ထက်ပို ‘အေးမြ’ နေသော လျိုကျားအား စိုးရိမ်တကြီးဖြင့် အမြန်မေးလိုက်သည်။

“ဒါကို ငါ့ကလေးတွေ ဒါမှမဟုတ် မိစ္ဆာကြီးမြင်သွားရင် မကောင်းဘူးလေ”

“နေ့ခင်းကြောင်တောင်ကြီးမှာ...”

လျိုကျား မျက်လုံးတစ်ဖက်ကို ဖွင့်လိုက်ရာ ဖန်သားကဲ့သို့ကြည်လင်တောက်ပသော မျက်လုံးများပေါ်ထွက်လာသည်။

ခဏချင်းမှာပင် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးပြန်မှိတ်သွားပြီး နောက်သို့လန်ကျတော့မည့်အလား ဖြစ်သွားသည်!

ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုကို မြန်ဆန်စေသော ‘ချန်ကျိုး၏ညာဘက်လက်’ဝတ်ဆင်ထားသည့် စုကျီကျီသည် ကြင်နာစွာဖြင့် လက်ဟန်ခြေဟန်ပြုလုပ်ကာ သူမ၏ “သစ်ရွက်ကြီးထွားခြင်းပါရမီ” ကိုသုံး၍ လျိုကျားပတ်ပတ် လည်တွင် သစ်ရွက်စိမ်း ကုလားကာတစ်ခုကို ဖန်တီးပေး လိုက်သည်။

“ဦးလေး လျိုကျား”

“ဝမ်းမနည်းပါနဲ့၊ သမီးတို့ ခိုးမကြည့်ပါဘူး”

“တကယ်လို့ ဦးလေးကိုမြင်လိုက်ရတယ်ဆိုရင်လည်း ဒါ ရေစက်ပေါ့”

“သမီးကျဲက ပြောတယ်၊ ဦးလေးက ပန်းချီကားထဲက အမျိုးသမီးတွေထက်တောင် ပိုပြီး ဆွဲဆောင်မှုရှိပြီး ထူးခြားတယ်တဲ့”

“!”

“...”

စုရှင်းချန် အပြေးအလွှားလာရောက်ကာ သူ့ညီမလေး ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။

သူ လျင်မြန်စွာ လက်လှမ်းလိုက်ပြီး သူမ ညာဘက်လက် မောင်းတွင် ပတ်ထားသော အလွှာရှစ်ထပ်ပါသည့် ‘အင်္ကျီလက်’ များကို ဆွဲချွတ်လိုက်သည်။

သူ့နဖူးပေါ်ရှိ သစ်မြစ် ဝိညာဉ်စာလုံးများ ပေါ်ထွက်လာပြီး ‘သန်မာသောသစ်သား’ ဝိညာဉ်စွမ်းအားသည် လျင်မြန်စွာဖြင့် တောင်ဝှေးနှစ်ချောင်းကိုထောင်လိုက်ရာ၊ ဘေးပတ် ပတ်လည်ရှိ သစ်ရွက်စိမ်းများကြားတွင် လျိုကျား၏ယိုင်နဲ့နေသော ခန္ဓာကိုယ်ကိုထောက်ကူပေးလိုက်သည်။

သူတို့ရှေ့ရှိ ‘စာမေးပွဲတိုင်းအောင်’ မိန်းကလေးမှာ နောက် သို့ သုံးလှမ်းဆုတ်ကာ ယင်လီဘေးတွင် ကပ်လျက်တိတ် တဆိတ်ရပ်လိုက်သည်။

ယင်လီသည် မှင်သက်နေရာမှ သတိပြန်ဝင်လာပြီး လေထဲတွင် မြှောက်ထားသော သူ့လက်ကို နောက်ဆုံးတွင် အောက်သို့ ချလိုက်သည်။

“နားလည်မှုလွဲတာပါ”

“စီနီယာအစ်ကို လျိုကျား၊ စီနီယာအစ်မ ယို့လု... အားကျိုကတိုက်ခိုက်ရေးပါရမီ မရှိဘူး၊ သူက ပြိုင်ပွဲမှာ ပါဝင်ဖို့မလိုပါဘူး”

“ငါ့ဦးနှောက်ကို ကြည့်စမ်း... ငါ တစ်ခုခုပြောဖို့ မေ့သွားတယ် ထင်တယ်”

“စီနီယာအစ်ကို... ငါ အခုမှ မှတ်မိတော့တယ်၊ ဟီးဟီး”

ယင်လီ အပြစ်ရှိသကဲ့သို့ ရယ်မောလိုက်သော်လည်း သူ့ စကားဆုံးသည်နှင့် တပြိုင်နက် သူ့ ညာဘက်ခြေထောက်နှင့် လက်ရှိချွန်ထက်သော ဓားမြှောင်လေးစင်းမှာ တစ်စစီ ဖြစ်သွားသကဲ့သို့ ဖောက် ခနဲ အသံနှင့်အတူ ထက်ပိုင်းကျိုးသွားတော့သည်!

သူမ အပြုံးမှာ ချက်ချင်းတောင့်တင်းသွားရသည်။

“အမိတ္တဘ”

လျိုကျားသည် မျက်လုံးမှိတ်လျက်ပြုံးကာ မြက်ကုလား ကာကို ဆွဲဖယ်လိုက်ရာ၊ သူသည် ကိုယ်ကျပ်အနက်ရောင် ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။ သူ့လက်မောင်းကြွက်သားများမှာ ဖောင်းကြွနေပြီး အဝတ်စကိုပင် ပေါက်ထွက်မတတ်ဖြစ်နေသည်! သူသည် ပုခုံးပေါ်တွင် တစ်ဝက်တစ်ပျက်တင်ထားသော သင်္ကန်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် မျက်လုံးမှိတ်ကာ စုကျိုကို ခေါင်းငိတ်ပြလိုက်သည်။

“ညီမလေးစု... ငါ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခု အရင်ဖြေရှင်းရဦးမယ်၊ ခဏလောက် ခွင့်ပြုပါဦး”

လှည့်အထွက်တွင် သူ့ဝတ်ရုံမှာ လေထဲတွင် လွင့်မျောနေပြီး ကိုယ်ကျပ်ဝတ်စုံမှာ သူ့ကြွက်သားများကိုထင်ရှားစေ သည်။ သူသည် ကိုယ်ကိုလိမ်လိုက်ပြီး လက်နက်မဲ့သွားသော ယင်လီအားမြေကြီးထဲသို့ လက်သီးဖြင့် ထိုးချလိုက်ရာ ကျင်းကြီးတစ်ခုဖြစ်သွားတော့သည်!

“နင် မေ့အောင် ငါ လုပ်ပေးမယ်!”

“နင် မေ့အောင် ငါ လုပ်ပေးမယ်!”

“စီနီယာအစ်ကိုက နင် မှတ်မိသွားအောင် ကူညီပေးပါ့မယ်!”

“မှတ်မိအောင် ကူညီပေးမယ်!”

စုကျို ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီး “ဟိုလေ... တကယ်တော့ ငါလည်း တိုက်ခိုက်လို့ရပါတယ်”

လေ့ကျင့်မှုများလေ တိုးတက်လေပင်။ ကျူးပိုင်ယွီ မျက် နှာထကါ ရုတ်တရက် အမှန်တရားကိုသိမြင်သွားသည့် အမူအရာမျိုး ပေါ်လာပြီး

“စုကျို... ငါ အခု အားအင်တွေ ပြန်ပြည့်လာသလိုပဲ”

“စီနီယာအစ်ကို လျိုကျားနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ဒေါသက ဘာပြောစရာရှိလို့လဲ ? ချက်ချင်းကို စိတ်သက်သာရာရသွားတာပဲ”

ဘုန်း ခနဲ အသံနှင့်အတူ သူသည် လျိုကျား၏လှည့်ပတ်ခြင်းကို ခံလိုက်ရပြီး ယင်လီဘေးတွင် လက်သီးဖြင့် အထိုးခံလိုက်ရသည်။ သူတို့နှစ်ဦးစလုံး၏ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကွယ်ပျောက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးစလုံး မြေမြှုပ်ခံလိုက်ရတော့ သည်။ စုကျို နှုတ်ခမ်းများတွန့်သွားရသည်။

အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်တွင် လျိုကျား နောက်ဆုံး၌ ရပ်တန့်သွားသည်။ သူသည် လွင့်မျောနေသော သင်္ကန်းကိုလက်တစ်ဖက်ဖြင့် ဆွဲယူကာ သူ့စုတ်ပြတ်နေသော အဝတ်အစားများပေါ်တွင် လွှမ်းခြုံလိုက်ပြီး ခန့်ညားထည်ဝါကာပြုံးရွှင်နေသော မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

“ငါက ရေစက်ရှိသူတွေကို ကယ်တင်ဖို့ ဒီကိုရောက်နေတာပါ”

“ညီမလေးစုကို စောင့်ခိုင်းမိသွားပြီ”

“...”

စုကျို ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီး၊ သူ့မျက်မှောင်ကြားရှိ ဗုဒ္ဓအမှတ်အသားကိုပြုံးလျက် ကြည့်ကာ - “ဒါဆို စီနီယာအစ်ကို လျိုကျားရဲ့ ‘သတ်ဖြတ်မယ့်ဓားကိုချပြီး လက် နက်ဖြုတ်သိမ်းခြင်း’ ပါရမီက ဝိညာဉ်ရတနာတွေကိုတင် ပစ်မှတ်ထားတာမဟုတ်ဘဲ ကျင့်ကြံသူတွေရဲ့ကာကွယ် ရေး ဝိညာဉ်စွမ်းအားကိုပါ ချေဖျက်နိုင်တာပေါ့လေ ?”

လျိုကျား မျက်လုံးမှိတ်လျက် ခေါင်းညိတ်ပြသည်။

“မှန်တာပေါ့၊ ငါ့ရဲ့တာဝန်က ဒီလောကမှာရှိတဲ့ မကောင်းမှုအပေါင်းကို ပယ်ဖျောက်ဖို့ပဲ”

ကျင်းဟောင်းကြီးအတွင်း သုံးမီတာခန့်အနက်တွင် ရှိနေပြီး ယခုထိပြန်မထနိုင်သေးသော ကျူးပိုင်ယွီနှင့် ယင်လီတို့ကို ကြည့်ရင်း စုကျိုမျက်ခုံးများ လှုပ်ခတ်သွားသည်။ အလောင်းများကဲ့သို့ ငြိမ်သက်စွာ လဲလျောင်းနေကြသည် မှာ... အမှန်ပင် မကောင်းမှုအပေါင်းကွယ်ပျောက်သွားပြီး ငြိမ်းချမ်းမှုအပြည့် ရရှိသွားပုံရသည်။

“စီနီယာအစ်ကိုရဲ့ပါရမီက တကယ် အစွမ်းထက်တာပဲ”

စုကျို စိတ်ရင်းဖြင့် ချီးမွမ်းလိုက်သည်။ တကယ်လို့ သူသာ ထိုစွမ်းရည်ကို ကူးယူလို့မရခဲ့လျှင် ၎င်းကို မည်သို့ကိုင် တွယ်ဖြေရှင်းရမည်ကို သူလည်း စဉ်းစားမိမည်မဟုတ်ပေ။

“ငါတို့တွေ လက်ဗလာနဲ့ပဲ အတင်းအံတု တိုက်ခိုက်ရတော့မယ် ထင်တယ်”

“ညီမလေး... နင့်ရဲ့စွမ်းရည်က ကူးယူခြင်းလား?”

လျိုကျား လက်အုပ်ချီလိုက်ပြီး စုကျိုတို့အဖွဲ့ မည်သို့ ‘အပေါ်တက်လာသည်’ ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ စုကျို ခပ်တိုးတိုးရယ်မောလျက် သူ့ထံ လက်ကမ်းပေးလိုက်သည်။

“ဟုတ်ကဲ့ ‘ကိုးဆပြန်တုံ့ပြန်မှု’ ဆိုတာ ကျမ အသစ်ရထားတဲ့ တိုက်ခိုက်ရေးပါရမီပဲ”

“နောင်လည်း လမ်းညွှန်ပေးပါဦး”

လျိုကျား ခေတ္တမျှတုံ့ဆိုင်းသွားပြီး မျက်လုံးမှိတ်ထားသော သူ့ငြိမ်းချမ်းသည့် မျက်နှာကို အနည်းငယ်ငုံ့လိုက်သည်။ ထို့နောက် သူ လက်ကမ်းလိုက်ပြီး ပတ်တီးများပတ်ထားသည့် စုကျို ညာဘက်လက်သီးကို တုန်ရီစွာဖြင့် ထိတွေ့လိုက်ကာ -

“...ကောင်းပါပြီ”

“ဒါဆို ငါ အခု ဘာလုပ်ရမလဲ ?”

ဟောင်ယို့လုသည် ကျင်းအစွန်းတွင် အကူအညီမဲ့စွာရပ် နေပြီး အောက်သို့ငုံ့ကြည့်ကာ ပက်လက်လှန်နေသော ယင်လီအား မေးလိုက်သည်။

“ငါတို့ ဆက်တိုက်ကြဦးမလား? ငါ နည်းနည်းတော့ ကြောက်လာပြီ၊ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်လား?”

ယင်လီ စိတ်ပျက်လက်ပျက်ဖြင့် ထရပ်လိုက်သည်။ ကျူးပိုင်ယွီသည်လည်း ကျင်းထဲတွင် ငြိမ်းချမ်းစွာထထိုင်လိုက်ပြီး - “ငါ အခုချိန်မှာ ဘာမှမတိုက်ချင်တော့ဘူး၊ ငါ တကယ်ကို ပျော်နေတာ”

ယင်လီသည် သူ့နဖူးကို လက်ဖြင့်ဖိကာ စုကျိုနှင့် ကလေးနှစ်ယောက်ကိုကြည့်လျက် ရှင်းပြလိုက်သည် -

“ဒါက စီနီယာအစ်ကို လျိုကျားရဲ့စံပြအဆင့်ပါရမီဖြစ်တဲ့ ‘လက်နက်ဖြုတ်သိမ်းခြင်း’ အတတ်ရဲ့စွမ်းအားပဲ၊ ဝိညာဉ်လက်နက် ဒါမှမဟုတ် ရတနာတွေ ဆုံးရှုံးသွားတာက သိပ်မဆိုးသေးဘူး၊ အဆိုးဆုံးကတော့ အဲဒီအတတ်ရဲ့ဒဏ်ကို ခံရတဲ့သူတွေဟာ သူ့ရှေ့မှာ ခဏလောက်အထိ ဘာတိုက် ခိုက်လိုစိတ်မှ မရှိတော့တာပဲ”

“ကျင့်စဉ်အဆင့်အပေါ် မူတည်ပြီး သူတို့တွေဟာ ငြိမ်းချမ်းမှုနဲ့ တိတ်ဆိတ်မှုကို အတိုင်းအဆအမျိုးမျိုးနဲ့ တောင့်တလာကြပြီး ပြန်မတိုက်နိုင်တော့ဘူး”

“ငြိမ်းချမ်းပြီးပျော်ရွှင်တဲ့ အမူအရာနဲ့တောင် အသေအရိုက်ခံရနိုင်တယ်ပေါ့”

စုကျီကျီနှင့် စုရှင်းချန်တို့က ဝင်ပြောလာကြသည်။ စုကျိုလည်း ခေါင်းငိတ်လျက် ထောက်ခံလိုက်သည်။

“ဒါဆို ငါ ကူးယူလိုက်တဲ့ လက်နက်ဖြုတ်သိမ်းခြင်း အတတ်က မပြည့်စုံတဲ့ ဗားရှင်းပေါ့လေ”

လျိုကျားက မျက်လုံးမှိတ်လျက် ပြုံးလိုက်သည်။

“...ညီမလေးစုက တကယ်အထင်ကြီးစရာပဲ၊ ငါ့အပေါ် သုံးလိုက်တဲ့ လက်နက်ဖြုတ်သိမ်းခြင်း ကိုးကြိမ်စလုံးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ့ရဲ့ပါရမီအခြေအနေအတိုင်းပဲ၊ အဲဒီတုန်းက ငါ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်အခြေအနေကို မထိခိုက်စေနိုင်သေးဘူး”

စုကျို ခေါင်းငြိမ့်လိုက်သည်။ ကူးယူထားသည့်အရာက လုပ်ဆောင်ချက်အချို့ လျော့နည်းသွားခြင်းမှာ သဘာဝပင်။ ကမ္ဘာပျက်ကပ်ထဲက ပရင်တာတစ်လုံးကအလုပ်လုပ်နေသေးရင်ပဲ တော်လှပြီ။ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေခြင်းက စိတ်ကူးယဉ်ဆန်လွန်းသည်။ ဘာပဲဖြစ်ဖြစ် သူနှင့် လျိုကျား၏ကျင့်စဉ်အဆင့်ကြားတွင် သိသာသော ကွာဟချက် ရှိနေသည်မဟုတ်ပါလား ?

“ဒါပေမဲ့ ညီမလေးစု... နောက်ဆိုရင်တော့ ဓားကိုမထုတ်ဘဲ ကျင့်ကြံသူတစ်ယောက်ရဲ့ရင်ဘတ်ကို ကိုးကြိမ်တိုင်တိုင် သွားမတို့ပါနဲ့ဦး...” ဟု စီနီယာအစ်ကို လျိုကျား ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။

အတွင်းခံနဲ့ ခြေအိတ်တွေပါ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်သွားတာလေ!

စုကျို ခပ်တိုးတိုး ချောင်းဟန့်လိုက်ရင်း - “ဒါတွေအားလုံး ယင်လီ့ အမှားပဲ၊ သူ ငါ့ကို ကြိုမပြောထားဘူးလေ”

ယင်လီ ကျင်းထဲသို့ အမြန်ပြန်ခုန်ဆင်းကာ ပက်လက်ပြန်လှန်အိပ်လိုက်တော့သည်။

ဤနှောင့်ယှက်မှုကြောင့် ဆက်လက်၍အစွမ်းပြိုင်လိုသော သူတို့စိတ်ဆန္ဒများ ပျက်ပြယ်သွားတော့သည်။

ယင်လီသည် စုကျိုနှင့် အခြားသူများကို ခြံဝင်း၏အဓိကအိမ်ဆောင်အတွင်းသို့ ခေါ်ဆောင်သွားပြီး သူတို့နေထိုင်ရမည့်နေရာများကို လိုက်လံပြသပေးသည်။

“ငါ ဒီခြံကို မရောက်ခင်တုန်းက စီနီယာအစ်ကို လျိုကျားတို့နှစ်ယောက်တည်းရှိတာ၊ ဒါတောင် သူတို့အဆင့် ၄၅၀ အထိ ရောက်အောင်ကြိုးစားနိုင်ခဲ့ကြတယ်၊ ငါရောက်လာပြီးတဲ့နောက်မှာတော့ ငါတို့သုံးယောက်ပေါင်းပြီး အဆင့် ၁၀၀ ကျော် တက်လှမ်းနိုင်ခဲ့တာပေါ့”

ယင်လီသည် စုကျီကျီနှင့် စုရှင်းချန်တို့ အားကျနေသည့် ကျောက်စိမ်းခုတင်အကြီးစားနှင့် ပိုးထည်အိပ်ရာများကို ညွှန်ပြလိုက်သည်။

ထို့ပြင် အနီရောင်ပိုးသားများ လွှမ်းခြုံထားသော ထွင်းထုထားသည့် ကုလားထိုင်များနှင့် ကျင့်ကြံရာတွင်သုံးသော ဖျာများလည်းရှိနေသည်။

ထိုပစ္စည်းများအားလုံးပေါ်တွင် ‘အဆင့် ၃၀၀-၄၀၀ အ တွင်း လဲလှယ်နိုင်သည်’ ဟူသော စာသားများ ထွင်းထုထားသည်။

“ဒါတွေက ငါတို့အသင်း အဆင့် ၃၉၉ အတွင်း ရောက်လို့ အခမဲ့ရတဲ့ ပစ္စည်းတွေပဲ”

ယင်လီကပြောရင်း သူတို့ကို စီနီယာအစ်ကို လျိုကျားနှင့် စီနီယာအစ်မ ဟောင်ယိုလုတို့၏ အခန်းများဆီသို့ခေါ်သွားသည်။ ထိုနေရာတွင် မှောင်အတိကျနေသော တရားမှတ်ခန်းတစ်ခုကိုတွေ့ရပြီး အတွင်းရှိ ကုလားထိုင်များပေါ်တွင် “အဆင့် ၉၀၀ ရှိ အမှိုက်ထိုင်ခုံ” ဟူ၍လည်းကောင်း၊ သစ် သားခုတင်များပေါ်တွင် “အဆင့် ၉၀၀ ရှိနေပြီးတော့တောင် ဒီမှာ အိပ်ရဲသေးတယ်ပေါ့” ဟူ၍လည်းကောင်း ကမ္ပည်းထိုးထားသည်ကို တွေ့ရသည်။

ယင်လီက “ဒါတွေက စီနီယာအစ်မ ဟောင်ယို့လု အရင် အဆင့် ၉၀၀ ထဲမှာကပ်ပါတုန်းက အခမဲ့ရခဲ့တဲ့ ပရိဘောဂတွေပေါ့”

စုကျို: “...”

ခြံဝင်း အပြင်ဘက်မှကြည့်လျှင် အဘယ်ကြောင့် အမည်း၊ အဖြူ၊ အစိမ်းရောင်များ ဖာထေးထားသကဲ့သို့ ဖြစ်နေရသနည်းဆိုသည်ကို သူ နားလည်သွားပုံရသည်။

ယင်လီ ခေါင်းငိတ်ပြပြီး လျိုကျားအခန်းကိုလည်း အနည်း ငယ် ပြသပေးသည်။ အတွင်း၌ အဆင့် ၄၀၀ အတွင်းရှိသူများအတွက် သတ်မှတ်ထားသောအဖြူရောင်ပရိဘောဂများကိုတွေ့ရပြီး အတန်ငယ် ပိုကြည့်ကောင်းသည်။

“အဆင့် ၃၀ မှာရှိတဲ့ ဘယ်အိမ်မှာမဆို နေလို့ရတယ်၊ ဒါပေမဲ့ ပရိဘောဂတွေ၊ ခြံဝင်းရဲ့တည်ဆောက်ပုံနဲ့ အစီအရင်တွေကအစ အသင်းရဲ့ အဆင့်သတ်မှတ်ချက်အလိုက်ပဲ ခွဲဝေပေးတာ” ဟု ယင်လီ ဆိုကာ စုကျိုနှင့် ကလေးနှစ်ယောက်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။

“နင်တို့ ငါတို့နဲ့မပူးပေါင်းရင်တောင် အဆင့်မြင့်တဲ့ အသင်း တွေရှိတဲ့ အိမ်ကိုပဲရွေးနေကြ၊ မဟုတ်ရင် ပထမထပ်မှာနေရတာထက်တောင် ပိုဆိုးလိမ့်မယ်”

စုကျို သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။

ယင်လီသည် လေထဲတွင် သူ့ဝိညာဉ်စစ်ဆေးရေးလက်ပတ်ကို အသက်သွင်းလိုက်ရာ “အဆင့် ၃၀ ရှိ ထိပ်တန်းအသင်း ၂၀၀” အတွက် အခမဲ့လဲလှယ်နိုင်သည့် ပစ္စည်းစာရင်းများ ပေါ်လာသည်။ ၎င်းတို့တွင် -

ခြံဝင်းအတွင်းရှိ တယ်လီပို့ရေတွင်း

ခြံဝင်း၏ကာကွယ်ရေးအစီအရင်

ခြံဝင်းအတွင်းရှိ ဝိညာဉ်စွမ်းအားစုစည်းမှုအစီအရင်

ခြံဝင်းဧရိယာ တိုးချဲ့မှု နှင့် ထပ်ဆောင်းလေ့ကျင့်ရေးအခန်းများ ပါဝင်သည်။

“ဒါတွေက ငါတို့အသင်း အဆင့် ၂၀၀ ထဲ ရောက်သွားရင် လဲလှယ်ချင်တဲ့ အရာတွေပဲ၊ အထူးသဖြင့် တယ်လီပို့ရေ တွင်းက အဆင့် ၃၀ ရဲ့ အရေးကြီးတဲ့ နေရာတွေကိုအမြန်သွားလို့ရသလို၊ ဝိညာဉ်ပိုးဖလံဂေဟာကနေ ထွက်ခွာရတာကိုလည်း ပိုလွယ်စေမှာ” ဟု ယင်လီ စုကျိုအား သူတို့၏ တည်ဆောက်ရေးစီမံကိန်းများရှင်းပြသည်။

မကြာမီတွင် သူမသည် စုကျိုတို့အဖွဲ့ကို သူ့အခန်းသို့ ပြန်ခေါ်လာသည်။

ယင်လီ အနီရောင်ပိုးသားခုတင်ရှိသော ကျယ်ဝန်းသည့် ထိုင်ခုံကို ညွှန်ပြကာ - “ကြိုက်တဲ့နေရာမှာ ထိုင်ကြ၊ ဒီမှာ လွတ်တဲ့အခန်းတွေ အများကြီးရှိတယ်၊ တကယ်လို့ နင်တို့ ငါတို့နဲ့ ပူးပေါင်းချင်ရင် အခုပဲ ‘သခင်တစ်ရာခန်းမ’ ကိုသွားပြီး စာရင်းသွင်းလို့ရတယ်၊ ဒါဆိုရင် ငါ့အခန်းမှာရှိတဲ့ အသုံးအဆောင်မျိုးတွေကို နင်တို့လည်း အခမဲ့ရမှာပါ”

စုကျို စကားပြောရန်ပြင်လိုက်စဉ် သူ ထိုင်နေသော နေရာအောက်မှ ဝိညာဉ်စွမ်းအားများ လှိုင်းတံပိုးကဲ့သို့ တက်လာသည်ကို သတိပြုမိလိုက်သည်။

ထူးခြားသော ခံစားချက်ကြောင့် သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ယင်လီကို ကြည့်လိုက်သည်။

ယင်လီ ရယ်မောလျက် - “ဒါက အဆင့် ၃၀၀ အတွင်းကသူတွေအတွက် ဝိညာဉ်စွမ်းအားနှိပ်နယ်ပေးတဲ့ ကုလား ထိုင်ပဲ၊ ဒီပေါ်မှာ ထိုင်နေရင် နင့်ရဲ့ ကျင့်ကြံမှုအရှိန်က ၁၀ ရာခိုင်နှုန်း ပိုမြန်လာလိမ့်မယ်”

ကျူးပိုင်ယွီ၊ စုကျီကျီနှင့် စုရှင်းချန်တို့မှာ အံ့သြဘနန်းမြင် ကွင်းတစ်ခုကို ကြည့်နေရသကဲ့သို့ ကျေနပ်အားရသော အမူအရာများရှိနေကြသည်။

“တကယ်လို့ အဆင့် ၂၀၀ ထဲ ရောက်သွားရင်တော့ ဓားကြောကုလားထိုင်၊ ဆူးတစ်ထောင်ကုလားထိုင်၊ မီးတောက်ကုလားထိုင်နဲ့ လျှပ်စီးကုလားထိုင်တွေကိုလဲလှယ်လို့ရတယ်၊ အဲဒီပေါ်မှာ ထိုင်ရတာက... ဓားကြောတွေ၊ ဆူးတွေ၊ မီးတောက်တွေနဲ့ လျှပ်စီးတွေပေါ်မှာ နေ့ညမပြတ်ထိုင်နေရသလိုပဲ၊ နင့်ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုကို လေ့ကျင့်ပေးရာ ရောက်တာပေါ့”

ယင်လီသည် လိုလားတောင့်တသော အမူအရာကိုပြသလိုက်သည်။

စီနီယာအစ်ကို လျိုကျားလည်း ပြုံးလျက် ခေါင်းငြိမ့်ပြပြီး၊ ဟောင်ယို့လုလည်း ထိုအရာကို မျှော်လင့်တကြီးကြည့်နေ သည်။

စုကျို: “...”

ကျူးပိုင်ယွီကမူ အမှန်တကယ် စိတ်ဝင်စားနေပုံရပြီး၊ စုကျီကျီနှင့် စုရှင်းချန်တို့ကလည်း ရှေ့သို့တိုးကြည့်နေကြသည်။

“အဆင့် ၂၀၀ ကိုရောက်ဖို့ ခက်လား ? မဟုတ်ဘူး... နင်တို့က သုံးယောက်တည်းရှိတာ၊ ငါတို့သာ ပူးပေါင်းလိုက်ရင် ငါတို့ရဲ့ အဆင့်ကသိသိသာသာတက်လာမှာ သေချာတယ်”

ယင်လီ ခေါင်းငြိမ့်ပြသည်။

“အဆင့် ၃၀ ရဲ့အဆင့်သတ်မှတ်ချက်က အသင်းလိုက်ရှာ ဖွေရရှိတဲ့ ဝိညာဉ်ကျောက်တုံး စုစုပေါင်းအပေါ်မှာ မူတည်ပြီး လစဉ် အဆင့်သတ်မှတ်တာပဲ”

All Chapters