← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

🥝 Chapter 63

"ဝိညာဉ်ပိုးဖလံစခန်းရဲ့ အဓိကတာဝန်တွေအပြင်၊ ဒီအဆင့်မှာ ဝိညာဉ်ကျောက်တုံးရနိုင်တဲ့ နေ့စဉ်ဝင်ငွေလမ်းကြောင်းတွေထဲမှာ တပည့်အချင်းချင်း စစ်ဆေးမှုတွေ၊ ကွင်းပြင်တိုက်ပွဲတွေ၊ တစ်ဦးချင်းနဲ့ အသင်းလိုက်တိုက်ပွဲတွေ စတာတွေ ပါဝင်တယ်”

"သီအိုရီအရတော့ လူများလေ ဝိညာဉ်ကျောက်တုံးပိုရလေပဲ၊ အဲဒီအခါ အဆင့်သတ်မှတ်ချက်ကလည်း ပိုမြင့်လာမှာပေါ့”

ယင်လီ အခန်းနံရံပေါ်တွင် လက်ရှိအသင်းများ၏အဆင့်သတ်မှတ်ချက်မှာ ချက်ချင်းပေါ်လာသည်။

လစဉ်အသင်းလိုက် ဝိညာဉ်ကျောက်တုံး စုဆောင်းမှု—

[၁။ အောက်ထျန်းအသင်း - ဝိညာဉ်ကျောက်တုံး ၃.၈၃ သန်း]

[၂။ လော့ရှန်းအသင်း - ဝိညာဉ်ကျောက်တုံး ၃.၇၂ သန်း]

...

[၁၀၀။ ယွီဟွာဖေးရှန့်အသင်း - ဝိညာဉ်ကျောက်တုံး ၂.၈၉ သန်း]

...

[၂၀၀။ နီရှန်းရွှမ်းဝူအသင်း - ဝိညာဉ်ကျောက်တုံး ၁.၉၉ သန်း]

...

[၃၉၉။ ရှဒီခဲ့ရှန့်အသင်း - ဝိညာဉ်ကျောက်တုံး ၈ သိန်း ၇ သောင်း]

၎င်းတို့သည် အဆင့် ၂၀၀ နှင့် ဝိညာဉ်ကျောက်တုံးတစ် သန်းခန့် ကွာဟနေသည်ကို စုကျို ချက်ချင်းသတိပြုမိလိုက်သည်။

စုကျီကျီနှင့် စုရှင်းချန်တို့ နှစ်ယောက်စလုံးမှာ စိုးရိမ်ပူပန်သော အမူအရာများဖြစ်ပေါ်လာသည်။

"ငါ့အစ်မက တစ်သက်မှာ ကိုးခါ၊ ဝိညာဉ်ကျောက်တုံး ရှာဖို့ ဘယ်တော့မှမကြောက်ဘူး”

ဒါပေမဲ့ သူတို့ အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမလား ?

စုကျီကျီနှင့် စုရှင်းချန်တို့သည် အခြေခံအဆင့် အဋ္ဌမအဆင့်ရှိပြီး သင်္ကန်းဝတ်ကာမျက်လုံးမှိတ်ထားသော လျိုကျားကိုကြည့်လိုက်ကြသည်။ ထို့နောက် အခြေခံအဆင့် ပဉ္စမအဆင့်ရှိ ယင်လီနှင့် စတုတ္ထအဆင့်ရှိကျူးပိုင်ယွီတို့ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့က ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာ၊ ဒီလူတွေနဲ့ အသင်းတစ်သင်းတည်း နေလို့ရပါ့မလား ?

စုကျီကျီ တွန့်ဆုတ်နေစဉ်မှာပင် စိတ်ဓာတ်ကျနေသော အသံတစ်ခုထွက်ပေါ်လာသည်။

"အား... ငါက ဘယ်လိုလုပ်ပြီး နင်တို့နဲ့ အသင်းတစ်သင်းတည်း နေဖို့ ထိုက်တန်မှာလဲ ? နင်တို့အားလုံးက ခန္ဓာကိုယ်လည်းသန်မာတယ်၊ ကျင့်စဉ်လည်း မြင့်တယ်၊ ပါရမီလည်း ကောင်းကြတယ်၊ ငါကတော့ သာမန်ကာလျှံကာ လူတစ်ယောက်ပါ၊ မနေ့က ကျင့်စဉ်လေ့ကျင့်တာတောင် ပျင်းနေမိသေးတယ်..."

"ငါ နင်တို့နဲ့ ပူးပေါင်းဖို့ လုံးဝ မထိုက်တန်ပါဘူး ဟုတ်တယ်မလား ?"

"ငါ နင်တို့နဲ့ စားပွဲတစ်လုံးတည်းမှာထိုင်ပြီး စကားပြောရဲသေးတယ်နော်”

စုကျီကျီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဒါ သူမရဲ့ ခံစားချက်တွေကို အတိအကျဖော်ပြနေတာပဲ။

ဒါဟာ သူမရဲ့ ကိုယ်ပိုင်အသံလို့ ထင်လိုက်ပေမဲ့ခေါင်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ "စာမေးပွဲတိုင်းအောင်" ဆိုတဲ့ စတစ်ကာတွေကပ်ထားတဲ့ စီနီယာအစ်မ ဟောင်ယို့လုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

နောက်တစ်ခဏမှာပင် စုကျို သူ့လက် ရုတ်တရက်အဆွဲခံလိုက်ရသည်။

ပန်းရောင်ဝတ်ထားပြီး မျက်နှာဝိုင်းဝိုင်းနှင့် ဟောင်ယို့လုဆိုသည့် မိန်းကလေးသည် စုကျိုအားတတွတ်တွတ်ခေါင်း ညိတ်ပြနေသည် - "တကယ် စိတ်မကောင်းပါဘူး ညီမလေးစုရယ်! နင်က အရမ်းတော်တာပဲ၊ ငါလို သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး နင်နဲ့ သိကျွမ်းချင်ရတာလဲ ? ငါ နင့်ကို နှောင့်ယှက်မိပြီ!"

"ငါ အသင်းကနေ နှုတ်ထွက်လိုက်တာ ပိုကောင်းမယ် ထင်တယ်၊ ပစ္စည်းတွေသိမ်းပြီး အခုပဲ ထွက်သွားတော့မယ်”

စုကျို အံ့သြသွားသည်။ သူ့ စူးရှသောမျက်လုံးများက ပျာပျာသလဲ ဖြစ်နေပြီး မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့နေသော ဟောင်ယို့လု ခါးရှိ ခရမ်းရွှေရောင်သစ်သားပြားကို လှမ်းမြင်လိုက်သည်။

[ဟောင်ယို့လု - အခြေခံအဆင့် အထွတ်အထိပ်]

[စံပြအဆင့်ပါရမီ - ထိပ်တန်းလျှို့ဝှက်ချက်]

စုကျို: "..."

လျိုကျားထက်တောင် ပိုသန်မာနေတာပဲ။

"အစိမ်းလေး... စိတ်အေးအေးထားစမ်း”

မျက်လုံးမှိတ်ထားသော လျိုကျားမှ ဝင်ပြောလိုက်သည်။

ဟောင်ယို့လုသည် သူ့ရင်ဘတ်ကို ဖိလျက် - "အို”

နောက်ဆုံးတွင် သူ့ ပန်းရောင်မျက်နှာဝိုင်းလေးမှာ ထိတ် လန့်နေရာမှ တည်ငြိမ်သွားသော်လည်း စုကျို၊ စုကျီကျီနှင့် အခြားသူများကို သတိကြီးစွာလှမ်းကြည့်နေဆဲဖြစ်ကာ - "စိတ်မကောင်းပါဘူး" ဟု တိုးတိုးလေး ပြောရှာသည်။

စုကျီကျီကမူ သူမကို အားပေးသည့်အနေဖြင့် ပြုံးပြလိုက်သည် - "သမီးက အောက်ဆုံးမှာပဲရှိသေးတာပါ အစ်မရယ်၊ မထိတ်လန့်ပါနဲ့”

"ဒီလို အသုံးမကျတဲ့ သာမန်လူတစ်ယောက်ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်” ဟောင်ယို့လု ကျေးဇူး တင်စွာဖြင့် သူ့ကိုယ်ပေါ်မှ "စာမေးပွဲအောင်ရမည်" ဆိုသည့် အဆောင်တစ်ခုကိုခွာပြီး စုကျီကျီထံ ပေးလိုက်သည်။

ယင်လီက သူ့နဖူးကို လက်ဖြင့်ဖိကာ စုကျိုအားခပ်တိုးတိုး ချောင်းဟန့်ပြလိုက်ပြီး စုကျီကျီခေါင်းကို ပုတ်ပေးလိုက်သည်။

"ငါ မိတ်ဆက်ပေးပါရစေဦး”

"ငါတို့ရဲ့ ဒီအောက်ခြေအသင်းမှာ အခုလောလောဆယ် အသန်မာဆုံးက စီနီယာအစ်မ ယို့လုပဲ”

"အာ” စုကျီကျီ မှင်သက်သွားသည်။

စုကျိုကတော့ အခြေအနေကို နားလည်သွားပြီး သူ့လက် ဖက်ရည်ခွက်ကို မလိုက်သည်။

ကျူးပိုင်ယွီကတော့ အံသြတကြီး ခေါင်းလှည့်ကြည့်လိုက်ရာ ဟောင်ယို့လု၏ ရှက်ကိုးရှက်ကန်းအပြုံးကို တွေ့လိုက်ရသည်။

"စိတ်မကောင်းပါဘူးနော်၊ ငါ အရမ်းအားနည်းလို့ပါ၊ အခြေခံအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာ၊ ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း အခြေခံအဆင့် အထွတ်အထိပ်ပဲ ရှိသေးတယ်၊ ငါ့ရဲ့ပါရမီကလည်း သာမန်စံပြအဆင့်ပါပဲ၊ ပြီးတော့ ညကလည်း ကောင်းကောင်းမလေ့ကျင့်ဘဲ အပတ်စဉ် ၁၈၀ ပဲ လေ့ကျင့်နိုင်ခဲ့တာကို နင်တို့ထဲမှာ အသန်မာဆုံး ဖြစ်နေရတယ်လေ”

"ငါ တကယ်ကို သေသင့်တာပါ”

"..."

"............"

မျက်လုံးမှိတ်ထားသော လျိုကျားသည် သူမကို တိုက်ရိုက်ပင် စကားဖြတ်လိုက်ပြီး၊ စုကျိုတို့အဖွဲ့ဘက်သို့ အားနာစွာဖြင့် လှည့်ကာလက်အုပ်ချီလိုက်သည်။

"သူက ဒီလိုပဲ၊ သူ့ရဲ့ပါရမီက အားနည်းချက်တစ်ခုပါလာတယ်၊ အဲဒါကတော့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့တာပဲ”

"သူက ကွင်းပြင်တိုက်ပွဲတွေကို တစ်ယောက်တည်း မတိုက်နိုင်ဘူး၊ သူ့ရဲ့ အခြေခံအဆင့် အထွတ်အထိပ်စွမ်းအားတွေကို အပြည့်အဝထုတ်သုံးနိုင်ဖို့အတွက် သူ့ဘက်မှာ တစ် ယောက်ယောက်က အမြဲအားပေးနေဖို့လိုတယ်၊ နောက်ပြီး ဒီနေ့အတွက် ဗေဒင်တွက်ချက်မှုက မကောင်းဘူးဆိုရင်လည်း သူ အပြင်မထွက်ဘူး၊ အဲဒီအခါ ကွင်းပြင်တိုက်ပွဲကို အရှုံးပေးရတာပေါ့”

မိမိတို့ကိုယ်ကို အလွန်နိမ့်ကျလှပြီဟု ထင်မှတ်ထားကြသော စုကျီကျီနှင့် စုရှင်းချန်တို့မှာ ဆွံ့အသွားကြရသည်။

လျိုကျား သူတို့ကို ခေါင်းငြိမ့်ပြလိုက်ပြီး - “ယို့လု ဒီမှာရှိနေသရွေ့တော့ မင်းတို့တွေ ကိုယ့်ကိုကိုယ် နိမ့်ကျတယ်လို့ ခံစားနေဖို့ မလိုပါဘူး”

“...”

လျိုကျား မျက်လုံးမှိတ်လျက် ပြုံးကာ ခပ်တိုးတိုးရယ်မော လိုက်သည် - “ဘာပဲဖြစ်ဖြစ်... ကွင်းပြင်တိုက်ပွဲကို မသွားဘဲငြင်းဆိုပြီး ဒဏ်ငွေ ဝိညာဉ်ကျောက်တုံး ငါးသိန်းအရှုံး ပေးလိုက်တဲ့ သူထက်စာရင်တော့ ပိုကောင်းတာပေါ့”

စုကျီကျီနှင့် စုရှင်းချန်တို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ဟောင်ယို့လုသည် မျက်နှာနီမြန်းသွားကာ ခေါင်းငုံ့လိုက်ပြီး

“အဲဒီနေ့က အပြင်ထွက်ရင် ငါ သေမှာလေ”

သူမသည် စုကျို၊ ကျူးပိုင်ယွီနှင့် ကလေးနှစ်ယောက်ကို ရှက်ကိုးရှက်ကန်း လှမ်းကြည့်လိုက်သည်။

“ငါက အရမ်းအရည်အချင်းမရှိတဲ့သူဖြစ်ပြီး အားလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပါ၊ နင်တို့ ငါတို့နဲ့ မပူး ပေါင်းတာ ပိုကောင်းပါလိမ့်မယ်”

စုကျို သူ့နားထင်ကို ဖိလိုက်ပြီး - “ဒါနဲ့ စီနီယာအစ်မ... အစ်မရဲ့ပါရမီက ဘာလဲဟင် ?”

ဟောင်ယို့လု အလန့်တကြား ရေရွတ်လိုက်သည်။

“သာမန်ပါပဲ...”

လျိုကျား ပြုံးလျက် သူ့စကားကို တိုက်ရိုက်ဖြတ်လိုက်သည်။

“သူ့မှာ စံပြအဆင့်ပါရမီ ရှိတယ်၊ အဲဒါကတော့ ‘စာမေးပွဲမတိုင်မီ အိတ်သွန်ဖိတ်စင် ကံစမ်းခြင်း’ ပဲ”

“ဟင် ?” ဟောင်ယို့ယု ကိုယ်ပေါ်တွင်ကပ်ထားသော စာမေး ပွဲအောင် အဝါရောင်အဆောင်များကို စုကျီကျီ မကြည့်ဘဲ မနေနိုင်တော့ပေ။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဟောင်ယို့လု၏ ခရမ်းရွှေရောင် သစ်သားပါရမီပြားပေါ်ရှိ လျှို့ဝှက်စာလုံးများမှာ ပြောင်း လဲသွားတော့သည်။

[ စံပြအဆင့်ပါရမီ- စာမေးပွဲမတိုင်မီ ကံစမ်းခြင်း၊ အသက်နှင့်သေခြင်းကို ဆုံးဖြတ်ခြင်း! ]

ဟစ်~

စုကျိုသည် မသိမသာဖြင့် နောက်သို့ လက်မဝက်ခန့် ဆုတ်လိုက်မိသည်။

ပထမစာသားလေးလုံးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်။

ဒါပေမဲ့ ‘အသက်နှင့်သေခြင်းကို ဆုံးဖြတ်ခြင်း’ ဆိုတဲ့ စာသားနဲ့ တွဲလိုက်တဲ့အခါမှာတော့ အကျိုးသက်ရောက်မှုက တော်တော်လေး ကြောက်စရာကောင်းသွားသည်။

သူ ထင်ထားသလိုများ ဖြစ်နေမလား ?

စုကျို ခဏမျှ စဉ်းစားနေစဉ်၊ ‘စာမေးပွဲအောင်မည်’ ဆိုသည့် အဆောင်ကိုကိုင်ထားသော စုကျီကျီက စပ်စုလိုစိတ်ကို မထိန်းနိုင်ဘဲမေးလိုက်သည်။

“ဒါက အသက်နဲ့သေခြင်းကို ဘယ်လိုဆုံးဖြတ်တာလဲ ? စာမေးပွဲမတိုင်ခင် ဘယ်လို ကံစမ်းမဲမျိုးကို နှိုက်လို့ရတာလဲဟင် ?”

သူ့ စကားဆုံးသည်နှင့် တပြိုင်နက်၊ သူ့လက်ထဲက ‘စာမေး ပွဲအောင်’ အဆောင်သည် လုံးဝမည်းနက်သော အလင်း တန်းများ ထွက်ပေါ်လာပြီး သူမ တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားတော့သည်။

“မကောင်းတော့ဘူး!” ယင်လီ အော်ဟစ်လိုက်သည်။

“ကျီကျီ၊ ဝပ်လိုက်!”

လျိုကျားသည် “လက်နက်ဖြုတ်သိမ်းခြင်း” ဟူသော စကားလုံးကို တိုးတိုးလေး ရွတ်ဆိုလိုက်ရာ၊ ချက်ချင်းဆိုသလို အခန်းထဲတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များ၊ သစ်သားစားပွဲ၏ချွန်ထက်သော ထောင့်စွန်းများ၊ အိမ်တိုင်များနှင့် ရက်မများအားလုံးမှာ အချောကိုင်ခံလိုက်ရသကဲ့သို့ အန္တရာယ်မရှိသော အဝိုင်းပုံစံထောင့်စွန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက် စုကျိုသည် စုကျီကျီလက်ထဲရှိ ‘စာမေးပွဲအောင်’ အဆောင်မှာ ရုတ်တရက်မည်းနက်သော သစ်သားတံဆိပ်ပြားလေးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

အဆိုးဆုံး ကံကြမ္မာမဲပင် ဖြစ်သည်!

ထိုကံကြမ္မာမဲတွင် ရေးထားသည်မှာ - “ကယ်တင်ရန် လမ်းစမရှိ!”

ဗုန်း ခနဲ အသံနှင့်အတူ စုကျီကျီ လက်များမှာ တစ်ခုနှင့်တစ်ခုကပ်နေသကဲ့သို့ ဖြစ်သွားပြီး ထိုင်ခုံပေါ်မှ လျောကျသွားသည်။

ယခုလေးတင် ‘လက်နက်ဖြုတ်သိမ်း’ ထားသော မျက်နှာကျက်မှ အဝိုင်းပုံစံ ရက်မကြီးမှာ သူ့ပေါ်သို့ ကျယ်လောင် သော အသံနှင့်အတူ ပြုတ်ကျလာတော့သည်!

စုကျီကျီ ကာကွယ်ရန် လက်ကိုအမြန်မြှောက်သော်လည်း သူ့လက်များမှာ ထိုင်ခုံလက်တန်းများကြားတွင် ညပ်နေသဖြင့် မြှောက်၍မရချေ။

ယင်လီကမူ ထိုရက်မကြီးကို ရိုက်ထုတ်လိုက်ရင်း - “စီနီယာအစ်မ ယို့လု!” ဟု အော်လိုက်သည်။

ရက်မကြီးမှာ နံရံကိုသွားတိုက်မိပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ၊ ချွန်ထက်သောသစ်စများမှာ စုကျီကျီ၏ ညာဘက်မျက်လုံးဆီသို့ လွင့်စင်လာသော်လည်း စုကျိုကမူ သူ့ကို အမြန်ဆွဲဖယ်လိုက်သည်။

ခဏမျှ ဆွဲလိုက်ပြီးနောက် စုကျိုသည် စုကျီကျီအားရွှေ့ ၍မရတော့သည်ကို သတိပြုမိလိုက်သည်၊ စုကျီကျီ၏ လက်များမှာ စားပွဲခြေထောက်တွင် ထပ်မံညပ်နေပြန်ပြီ!

“အားးးးး သွားပြီ၊ ငါတို့တွေ ကယ်လို့မရတော့ဘူး!”

ဟောင်ယို့လုသည် ပျာပျာသလဲဖြင့် သူ့ကိုယ်ပေါ်မှ “ကံကောင်းစေသော အဆောင်” အများအပြားကို ထုတ်ကာ စုကျီကျီ အဝတ်အစားများထဲသို့ အတင်းထိုးထည့်လိုက်သည်။

“မြန်မြန်... ကံစမ်းမဲအသစ် ပြန်နှိုက်စမ်း!”

မင်္ဂလာရှိသော ကံစမ်းမဲ!

အားလုံး အဆင်ပြေစေမည့် ကံစမ်းမဲ!

အနီရောင်အလင်းတန်းတစ်ခု ဝင်းခနဲဖြစ်သွားပြီး အမှောင် ရိပ်များကို ဖယ်ရှားပစ်လိုက်သည်။

ခဏချင်းမှာပင် စားပွဲခြေထောက်တွင် ငြိနေသော စုကျီကျီ၏ညာဘက်လက်မှာ လွတ်ထွက်သွားတော့သည်!

သူ့ ညာဘက်မျက်လုံးကို ဦးတည်လာသော သစ်စမှာလည်း လျိကျား၏အလျင်စလို ခြေလှမ်းကြောင့် လွင့်ထွက်သွားသော ကျောက်ခဲလေးတစ်လုံးနှင့် ထိမှန်သွားပြီး လမ်း ကြောင်းပြောင်းကာ မြေပြင်ပေါ်သို့ ဘေးကင်းစွာကျသွားသည်။

“ဖူးးးး”

ဟောင်ယို့လု သက်ပြင်းချလိုက်ပြီး၊ မျက်နှာပေါ်က ချွေးများကို သုတ်ကာထိုင်ချလိုက်သည်။

“တော်သေးတာပေါ့၊ ‘အားလုံး အဆင်ပြေစေမယ်’ ဆိုတဲ့ မဲကို နှိုက်မိလို့”

စုကျီကျီ: “...”

စုကျို: “...”

တောက်~

ရက်မကြီး ပြုတ်ကျသွားသည့်နေရာတွင် မြေပြင်၌ ချိုင့် ခွက်လေးတစ်ခု ဖြစ်ပေါ်နေသည်။

အမိုးပေါ်က လျှို့ဝှက်ကျင်းလေးထဲမှ အနီရောင် ပိုးအိတ်ကလေးတစ်အိတ်မှာ ထိတ်လန့်နေဆဲဖြစ်သော စုကျီကျီ ကိုယ်ပေါ်သို့ ပြုတ်ကျလာတော့သည်။

【တပည့် ***၊ ပင်းရင်နှစ်၊ ၁၁ လပိုင်းမှာ ခိုးရာပါငွေ ဝိညာဉ်ကျောက်တုံး ၅၀၃ တုံးကို ဒီမှာဝှက်ထားခဲ့သည်။】

စုကျီကျီ ကောက်ယူကြည့်လိုက်ရာ စာရွက်ပေါ်ရှိ အမည်မှာဝေဝါးနေပြီး ဖတ်၍မရတော့ချေ။

ကြည့်ရတာ နှစ်ပေါင်းတစ်ရာလောက်တောင် ကြာနေပြီ ထင်တယ်!!

သူ ပိုက်ဆံဆုံးရှုံးသွားတာ မဟုတ်ဘဲ!

အခမဲ့ ရလိုက်ခြင်းဖြစ်သည်!

စုကျီကျီ၏ မျက်နှာလေး နီမြန်းသွားသည်။

“စီနီယာအစ်မ ယို့လုရဲ့ အကောင်းဆုံးကံစမ်းမဲဆိုတော့လည်း... တကယ့်ကို ကံကောင်းတဲ့သူပဲ”

ယင်လီသည်လည်း သူ့ချွေးများကို သုတ်ကာ ထိုင်ချလိုက်သည်။

“ဒီမှာ ဝိညာဉ်ကျောက်တုံးတွေ ဝှက်ထားမှန်း ငါတောင် မသိဘူး”

“ဟင်း... ကြည့်ရတာ ဒီနေရာမှာ သစ်သားဓာတ် အာရုံခံမှုကိုတားဆီးထားတဲ့ အထူးအစီအရင်တစ်ခု ရှိနေတာပဲ”

စုကျီကျီ ပြုံးလျက် ထရပ်လိုက်စဉ် သူ့ခြေထောက်အောက်မှ တဂျွတ်ဂျွတ်အသံကို ကြားလိုက်ရပြန်သည်။ ငုံ့ကြည့်လိုက်သည့်အခါ ကွဲအက်နေသော ကြမ်းပြင်ကြွေပြားများကြားမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

နောက်ထပ် ဝှက်ထားသော ခိုးရာပါငွေ ဝိညာဉ်ကျောက်တုံး ၃၀၀!

“!!”

စုကျိုပင် အားကျသော အမူအရာကို မပြဘဲမနေနိုင်တော့ချေ။

နောက်ဆုံးတွင် အားလုံးသစ်သားစားပွဲတွင် ပြန်ထိုင်လိုက်ကြသည်။ လျိုကျား ခပ်တိုးတိုးရယ်မောလျက် သူချွေးသုတ်နေသော လက်ကိုင်ပုဝါကိုသိမ်းလိုက်သည်။

“ဒါ ယို့လုရဲ့ ပါရမီပဲ၊ သူက ကိုယ့်အတွက်ရော သူများအတွက်ပါ နေ့တိုင်း ကံစမ်းမဲနှိုက်ပေးလို့ရတယ်”

“နှိုက်လိုက်တဲ့မဲရဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းအပေါ် မူတည်ပြီး သူ့ရဲ့ ကံတရား၊ ကျင့်စဉ်အဆင့်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ အားလုံးက သိသိသာသာပြောင်းလဲသွားနိုင်တယ်”

“တကယ့်ကို မင်္ဂလာရှိတဲ့မဲဆိုရင် သူ့ ခွန်အားက သုံးဆလောက် တက်လာတတ်တယ်”

“တကယ့်ကို ကံဆိုးတဲ့မဲဆိုရင်တော့ အဲဒီနေ့မှာ တစ်ခုခုအတိုက်ခံရတာမျိုးဖြစ်ဖြစ်၊ ဒုက္ခိတဖြစ်ပြီး မလှုပ်နိုင်တာမျိုးဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်”

ကျူးပိုင်ယွီ နှုတ်ခမ်းများ တွန့်သွားရသည်။

စုကျိုကမူ မေးစေ့ကို ပွတ်သပ်လိုက်ရင်း - “စိတ်ဝင်စားဖို့ကောင်းသားပဲ”

တကယ်လို့ သူသာ ယို့လုနှိုက်လိုက်တဲ့ မင်္ဂလာရှိတဲ့မဲကို ထိတွေ့လိုက်ရင်၊ အဲဒီမဲ ကိုးခုကိုသိမ်းထားပြီး ဖြည်းဖြည်းချင်း ပြန်သုံးလို့ရမယ့်သဘောမျိုး မဟုတ်ပါလား ?

လျိုကျား မျက်လုံးမှိတ်လျက် ပြုံးလိုက်သည်။

“ဟီးဟီး... သူက မနက်တိုင်း ကိုယ့်အတွက် ကိုယ် မဲနှိုက်တယ်၊ တကယ်လို့ ကံမကောင်းတဲ့မဲဆိုရင် သူ အပြင်မထွက်ဘူး၊ ဘယ်ပြိုင်ပွဲမှာမှလည်း မပါဘူး”

ဟောင်ယို့လု အမှားတစ်ခုခုလုပ်ထားသကဲ့သို့ ခေါင်းငုံ့ကာ တိုးတိုးလေးပြောရှာသည်။

“ဒီနေ့တော့ ငါ တကယ့်ကို မင်္ဂလာရှိတဲ့မဲ နှိုက်မိထားတာ”

ကျူးပိုင်ယွီ နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး၊ စုကျီကျီနှင့် စုရှင်းချန်တို့မှာလည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ချွေးသုတ်နေကြသည်။

ဒီနေ့တော့ သူ တိုက်ခိုက်လို့ရပြီပေါ့!

ပုံမှန်ထက် သုံးဆပိုပြင်းတဲ့ အခြေခံအဆင့် အထွတ်အထိပ် တိုက်ကွက်မျိုးဖြစ်နေနိုင်တာပဲ!

“ဒါက ငါနဲ့ ယို့လုတို့ရဲ့ ကျင့်စဉ်တိုးတက်မှုနဲ့ မွေးရာပါ စွမ်းရည်တွေပဲ၊ ယင်လီ့အကြောင်းကိုတော့ နင်တို့ ကောင်း ကောင်းသိမှာဆိုတော့ ငါ အကျယ်တဝင့်မပြောတော့ဘူး”

လျိုကျားသည် စုကျိုနှင့် အခြားသူများကိုတည်ကြည်စွာ ကြည့်လိုက်သည်။

“ငါတို့အသင်းမှာ ယို့လုက တစ်နေ့မှာ အရမ်းသန်မာနေနိုင်သလို၊ တခြားတစ်နေ့မှာတော့ အရမ်းအားနည်းနေတာမျိုး ဒါမှမဟုတ် လုံးဝပျောက်ကွယ်သွားတာမျိုး ဖြစ်နိုင်တယ်”

“ပြီးတော့... ကံစမ်းမဲအပေါ် စပ်စုမိတာကြောင့် အသင်းထဲက တခြားသူတွေပါ ကံဆိုးသွားတာမျိုးလည်း ရှိနိုင်တယ်”

“နင်တို့ ပူးပေါင်းချင်ရဲ့လား ?”

စုကျီကျီနှင့် စုရှင်းချန်တို့နှစ်ဦးစလုံးမှာ စုကျိုဘက်သို့ လှည့်ကြည့်လိုက်ကြပြီး သူမ ဆုံးဖြတ်ချက်ကို ဦးစားပေးကြသည်။

ကျူးပိုင်ယွီကမူ ဝေခွဲမရဖြစ်နေသည့် အမူအရာရှိသည်။

ဒီအသင်းမှာ ဘာလို့ လူသုံးယောက်ပဲ ရှိရသလဲဆိုတာကို စုကျို အခုမှနားလည်သွားတော့သည်။

တကယ်တော့ ယင်လီသည် ဒီလမှ အဆင့် ၃၀ ထဲရောက် လာခြင်းဖြစ်ရာ အဖွဲ့ဝင်နှစ်ယောက်သာရှိခဲ့သည်ဟု ဆိုရမည်။

သူတို့နှစ်ယောက်တည်းနဲ့ ဒီအချိန်ထိ အတူလျှောက်လှမ်းလာခဲ့ကြတာပဲ။

စုကျို မျက်လုံးမှိတ်ထားသော လျိုကျားအား မော့ကြည့်လိုက်သည်။

“ငါ့မှာ အကြောင်းပြချက်တစ်ခု လိုအပ်တယ်၊ စီနီယာအစ်ကိုရဲ့ လက်နက်ဖြုတ်သိမ်းခြင်းအတတ်က အရမ်းအစွမ်းထက်သလို၊ စီနီယာအစ်မ ယို့လုက ကံဆိုးမှုတွေရှိနိုင်တယ်ဆိုပေမဲ့ သူ စွမ်းအားတွေ ထုတ်သုံးတဲ့အခါ ပြိုင်ဘက်နှစ်ယောက်ကို တစ်ပြိုင်တည်းရင်ဆိုင်နိုင်တာပဲ၊ ဒါကြောင့် ဒါ ပြဿနာမဟုတ်ပါဘူး”

“တကယ်လို့ အဆိုးဆုံးမဲနှိုက်မိတဲ့နေ့မှာ အပြင်မထွက်ဘဲနေမယ်၊ တခြားဘယ်သူကမှလည်း သူ့ဆီမှာ မဲမနှိုက်ဘူးဆိုရင် အားလုံးအဆင်ပြေမှာပဲ၊ သာမန်အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေအတွက်တော့ ဒီအသင်းက ရွေးချယ်စရာကောင်းတစ်ခု ဖြစ်သင့်တာပေါ့ မဟုတ်ဘူးလား?”

“နင်တို့မှာ လူအမြဲလိုနေတာပဲ၊ ငြင်းပယ်ခံခဲ့ရတာလား ? ဒါဆို ဒီနေ့ ငါတို့ဆီကို ဘာလို့ လာခဲ့တာလဲ?”

စုကျို အခြေအနေအရပ်ရပ်ကို အဆုံးထိ သိချင်နေသည်။

ဘယ်နေရာမှာမဆို အသင်းဖွဲ့တဲ့အခါ ကိုယ့်ရဲ့နောက်ကျောကို အသင်းဖော်တွေဆီ ယုံယုံကြည်ကြည် ပေးအပ်ထားရမည်။

အဲဒါ ယုံကြည်မှုတည်ဆောက်ခြင်းရဲ့ အစပဲ။

ဒီအသင်းဟာ နောင်တစ်ချိန်မှာ သူ အမှီပြုနိုင်မယ့် အသင်းဘမျိုး ဟုတ်၊ မဟုတ် သူ ဆုံးဖြတ်ဖို့လိုအပ်သည်။

စုကျို ပြတ်သားစွာ မေးလိုက်သည်။

“ယင်လီက ငါတို့နဲ့ အသင်းတစ်သင်းတည်း နေချင်ရုံနဲ့ နင်တို့က သူ့ကို အပြည့်အဝလက်ခံလိုက်တာမျိုးတော့ မဟုတ်လောက်ဘူး ထင်တယ်”

ယင်လီ စကားပြောရန် အားသန်နေသော်လည်း လျိုကျားကမူ တားလိုက်သည်။

“ညီမလေးယင်... ဒါကို ငါပဲ ဖြေပါရစေ”

လျိုကျား စုကျိုကို ခေါင်းငြိမ့်ပြလိုက်သည်။

“မှန်ပါတယ်၊ အရင်တုန်းက ငါတို့ဆီကို လူအချို့လာပူး ပေါင်းခဲ့ကြဖူးတယ်၊ ဒါပေမဲ့ သူတို့အားလုံးကို ငါတို့ပြန်ထုတ်ပစ်ခဲ့ကြတာ”

🥝 Chapter 64

စုကျီကျီ၊ စုရှင်းချန်နှင့် ကျူးပိုင်ယွီတို့သည် ချက်ချင်းဆိုသလို ကိုယ်ကိုမတ်မတ်ထိုင်လိုက်ကြသည်။

“ဒီအဆင့်ရဲ့ နေ့စဉ်လေ့ကျင့်ရေးတာဝန်တွေက အကုန်လုံး ကျပန်းတွေပဲ၊ အသင်းတစ်သင်းက စိန်ခေါ်မှုကို သုံးကြိမ်ပဲ ငြင်းပယ်ခွင့်ရှိတယ်၊ တကယ်လို့ အဲဒီနေ့က နှစ်ယောက်ချင်းတိုက်ရမယ့် ကွင်းပြင်တိုက်ပွဲဖြစ်နေပြီး ငြင်းပယ်ခွင့်ကလည်း ကုန်နေပြီဆိုရင်တော့ နင့်ကို ပစ်မသွားမယ့် အဖော်တစ်ယောက် လိုအပ်လိမ့်မယ်”

လျိုကျား ပြောလိုက်ရာ၊ ယို့လုသည် မိမိကိုယ်ကို အပြစ် တင်သည့်အမူအရာဖြင့် ခေါင်းငုံ့သွားသည်။

“ဒါတွေအားလုံး ငါ့အမှားတွေပါ...”

“ငါ့ရဲ့ပါရမီက ဗေဒင်တွက်တာနဲ့ ကံကြမ္မာဟောတာ၊ ဒါပေမဲ့ အားနည်းချက်ကတော့ ငါက ကိုယ့်ကိုကိုယ် ယုံကြည်မှု လုံးဝမရှိတာပဲ၊ အသင်းဖော်တွေရဲ့ စွန့်ပစ်တာကို ခံရရင် ငါက အရမ်းထိခိုက်လွယ်တယ်၊ အရင်တုန်းက လျိုကျားနဲ့ ငါ့မှာ အသင်းဖော်အသစ်တွေ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ကွင်းပြင်တိုက်ပွဲမှာ ငါကံမကောင်းတဲ့မဲ နှိုက်မိတာကိုမြင်တော့ သူတို့တွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုပျောက်ဆုံးပြီး ရန်သူကို ရင်ဆိုင်ဖို့သတ္တိမရှိတော့ဘဲ ငါ့ကိုပစ်ထားခဲ့ပြီး ထွက်ပြေးသွားကြတယ်...”

ဟောင်ယို့လုသည် ကြိုးနီလေးကို ဆုပ်ကိုင်ရင်း သူ့အသံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။

“အဲဒီနောက်ပိုင်း ခြောက်လလောက်အထိ ငါ အခန်းပြင်မထွက်ခဲ့ဘူး”

“အဲဒီနောက်မှာတော့ ငါတို့အသင်းထဲကို လူ အလွယ်တကူ မခေါ်တော့ဘူး”

လျိုကျား မျက်လုံးမှိတ်လျက် ပြုံးလိုက်သည်။

“ငါယုံကြည်ပါတယ်၊ တစ်နေ့မှာ ရှောင်လုကို ဖြည့်ဆည်းပေးနိုင်ပြီး သူ့ကို သတ္တိတွေပေးနိုင်မယ့် ကျင့်ကြံသူတစ်ယောက်နဲ့ ဆုံတွေ့ရလိမ့်မယ်ဆိုတာ”

“ငါတို့အသင်းမှာ တခြားတောင်းဆိုချက်မရှိပါဘူး၊ တိုက်ပွဲမှာ ရှုံးနိမ့်သွားလည်း ကိစ္စမရှိဘူး၊ သူ့ကို ပစ်မသွားဖို့ပဲ လိုတယ်”

“တကယ်လို့ နင်တို့ ဒါကိုလုပ်နိုင်တယ်ဆိုရင်၊ ကျင့်စဉ်အဆင့် ဒါမှမဟုတ် ပါရမီက ဘယ်လိုပဲရှိရှိ ငါတို့က နင်တို့အားလုံးကို ကြိုဆိုပါတယ်”

ကျူးပိုင်ယွီ နှုတ်ခမ်းမဲ့လိုက်ရင်း - “နေပါဦး... မင်းတို့က... တာအိုလက်တွဲဖော် တွေလား ?”

“မဟုတ်ပါဘူး” ယို့လု အနည်းငယ် ပြုံးလိုက်သည်။

"လျိုကျား ကျင့်စဉ်ကို အရမ်းကြိုးစားပြီး အာရုံငါးပါးကို ခဏခဏ ပိတ်ထားတတ်တော့ လမ်းမှားတာ၊ လူမှားတာနဲ့ သူများဝင်းခြံထဲ မှားဝင်တာမျိုးတွေဖြစ်တတ်တယ်၊ ဒါပေမဲ့ ငါ့မှာ သူ့ရဲ့အားနည်းချက်ကို ကုသပေးနိုင်တဲ့ ‘စမ်းသပ်ပူဖောင်း’ ရှိပါတယ်”

“လျှောက်မပြောနဲ့” လျိကျား ပြုံးသည်

“အလန့်တကြားဖြစ်အောင် လုပ်နေတာ”

စုကျို: “...”

ကျူးပိုင်ယွီ: “...”

ဒီအသင်းက အရူးတွေနဲ့ ပြည့်နေတာပဲ

ဒါပေမဲ့ စိတ်ဝင်စားဖို့တော့ ကောင်းသား

စုကျီကျီနှင့် စုရှင်းချန်တို့ မျက်လုံးများမှာအရောင်တောက် ပလာကြသည်။

ပထမဆုံးအကြိမ်အဖြစ် စုကျီကျီ စုကျိုအား ကြည့်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ - “ကျဲ...ကျီကျီကတော့...” သူ ဤနေရာတွင် နေချင်သည်။

ဤနေရာတွင်ဆိုလျှင် သူ့ ကိုယ့်ကိုကိုယ် နိမ့်ကျသည်ဟု ခံစားနေရတော့မည်မဟုတ်!

“ကျီကျီ အမြဲတမ်း ကိုယ့်ကိုကိုယ် နိမ့်ကျတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သမီးထက်ပိုတော်တဲ့သူတွေက အမြဲရှိနေမှာပဲ!”

စုရှင်းချန်သည်လည်း တွန့်ဆုတ်နေပြီး စကားပြောချင်သော်လည်း ပြန်ထိန်းထားသည်။

စုကျို နှုတ်ခမ်းမဲ့လိုက်ပြီး လျိုကျားနှင့် အခြားနှစ်ယောက်ကိုကြည့်ကာ ပြုံးလိုက်သည်။

“နင်တို့အကြောင်း နင်တို့ မိတ်ဆက်ပြီးပြီဆိုတော့ အခု ငါတို့အလှည့်ပေါ့”

စုကျီကျီနှင့် စုရှင်းချန်တို့၏မျက်လုံးများ တောက်ပသွားသည်။ စုကျို ခပ်တိုးတိုးရယ်မောလျက် သူ့ညာဘက်လက်ကို စားပွဲပေါ်တင်ကာ၊ ပတ်တီးစများကို တစ်ပတ်ချင်း ဖြည်းဖြည်းချင်းဖြေလိုက်သည်။ လျိုကျ၊ ယို့လု၊ ယင်လီနှင့် ကျူးပိုင်ယွီတို့အားလုံး တစ်ပြိုင်နက်တည်း နောက်သို့ မှီလိုက်ကြသည်။ စုကျို ရယ်မောလျက် သူတို့ကိုကြည့်လိုက်သည်။

“ငါ့ရဲ့ပါရမီက၊ လေးဆသော အထွက်နှုန်း... အော် ဆော်ရီး၊ ငါ ကြွားလုံးထုတ်နေတာ ကြာသွားလို့ ငါ့ရဲ့ တကယ့်စွမ်းရည်နာမည်ကိုတောင် မေ့တော့မလို့”

“............”

“အစကနေ ပြန်စရအောင်”

“ငါ့ရဲ့ပါရမီကို ‘တံဆိပ်ခတ် ကူးယူခြင်း’လို့ ခေါ်တယ်”

“တစ်ခုကနေ ကိုးခုဖြစ်သွားနိုင်သလို၊ ငါ့ စိတ်အခြေအနေပေါ်မူတည်ပြီး အကန့်အသတ်မရှိလည်းဖြစ်သွားနိုင်တယ်”

စုကျို ပြုံးလိုက်သည်။ လျိုကျား၊ ဟောင်ယို့လု၊ ယင်လီနှင့် ကျူးပိုင်ယွီတို့သည် သူမ ဤမျှတည်ကြည်စွာ ပြောသည်ကို ယနေ့ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သည်။ ခဏ ချင်းမှာပင် သူတို့အမူအရာများမှာ ရှုပ်ထွေးသွားကြသည်။ တကယ် ထူးဆန်းတဲ့ပါရမီပဲ! ပြီးတော့ အရမ်းလည်း အစွမ်းထက်တယ်! တကယ် အံ့ဩစရာပဲ။

“မှန်တာပေါ့၊ ငါ့ရဲ့ပါရမီက အရမ်းအစွမ်းထက်လွန်းတော့ ကောင်းကင်ဘုံကတောင် မနာလိုဖြစ်ရတဲ့ အမှားအယွင်းအချို့ရှိနေနိုင်တယ်”

“............”

စုကျိုသည် အရှက်မရှိစွာပင် ရှေ့သို့ ကိုယ်ကိုကိုင်းလိုက်ပြီး ထိုလေးယောက်ကို တည်ကြည်စွာပြောလိုက်သည်။

“အစကတော့ ဒီပါရမီရဲ့အားနည်းချက်က ငါ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်လို့ထင်ခဲ့တာ”

“ဒါပေမဲ့ အဲဒါ မဖြစ်နိုင်ဘူး”

“တကယ့် မွေးရာပါအားနည်းချက်ကတော့—”

စုကျိုက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ငါ့မှာ နောင်တစ်ချိန်ကျ ‘အင်မောတယ် အရှင်သခင်’ တွေ ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ ရန်သူ ခုနစ်ယောက်ရှိတယ်”

“ဖွီးးး!”

“ဝူး ဝူး”

ကျူးပိုင်ယွီ လက်ဖက်ရည်ကို ထွေးထုတ်လိုက်ပြီး

“ဘာ ပြောလိုက်တာ ?”

ယင်လီသည်လည်း တည်ကြည်သွားပြီး၊ ဟောင်ယို့လုကမူ စိုးရိမ်ပူပန်မှုတွေမေ့သွားကာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။

“ငါ...”

စုကျို အကြွေးစာရင်းကိုထုတ်ကာ တစ်ချက်ကြည့်လိုက်ပြီး - “သေချင်ယောင်ဆောင်နေတဲ့ သူတွေကို ဖယ်လိုက်ရင်တောင်...”

“လောလောဆယ် အဆင့် ၃၅ မှာ တစ်ယောက်၊ အဆင့် ၇၂ မှာတစ်ယောက်၊ ပြီးတော့ အဆင့် ၈၉ နဲ့ ၁၀၀ မှာ အရင်က ပြိုင်ဘက်ဟောင်းတွေ ရှိသေးတယ်”

“!”

“!!”

“............”

လျိုကျား၏ မှိတ်ထားသော ပြုံးနေသည့်မျက်လုံးများမှာ နောက်တစ်ကြိမ် အက်ကြောင်းလေးတစ်ခုပမာပွင့်ဟလာရပြန်သည်! စုကျို ပြုံးလိုက်ကာ -

“ငါ့ရဲ့ကလေးနှစ်ယောက်နဲ့ စီနီယာအစ်မ ယို့လုတို့နဲ့ ယှဉ်လိုက်ရင်—”

“ငါ့ရဲ့ပြဿနာ ပိုလို့တောင်ကြီးနေသေးတယ် ထင်တယ်၊ ဒါဆိုရင်... နင်တို့ကကော ဒါကို လက်ခံနိုင်ပါ့မလား?”

အခန်းအတွင်း အချိန်များရပ်တန့်သွားသကဲ့သို့ ရှည်လျား သော တိတ်ဆိတ်မှုတို့လွှမ်းမိုးသွားသည်။ အပြင်ဘက်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာမှသာ လူတိုင်း သတိပြန်ဝင်လာကြသည်။ ပထမဆုံး စကားစပြောသူမှာ အမြဲတမ်း မိမိကိုယ်ကို ယုံကြည်မှုနည်းပြီး စိုးရိမ်ပူပန်တတ်သော စီနီယာအစ်မယို့လု ဖြစ်နေသည်မှာ အံ့သြစရာပင်။

“ညီမလေးစု... ငါ့ကို ရှောင်လုလို့ပဲ ခေါ်လို့ရပါတယ်၊ နင့်ကို စီနီယာအစ်မလို့ခေါ်ခိုင်းဖို့ဆိုတာ ငါ့အတွက်တော့ တကယ်ကို သတ္တိတွေ အများကြီးလိုအပ်တာမို့လို့ပါ...”

ယင်လီ ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။

ဟောင်ယို့လု သူမကိုတစ်ချက်ကြည့်၊ လျိုကျားကိုတစ်ချက်ကြည့်ပြီးနောက် - “ငါ့စိတ်ထဲတော့ ဒါက အဆင်ပြေပါတယ်လို့ ထင်တာပဲ”

“ဟုတ်တယ်မလား ? ငါ့ရဲ့ အသင်းခေါင်းဆောင် တာဝန်က ဒီနေ့မှာ နောက်ဆုံးတော့ မဲ အသစ်ပြန်နှိုက်လို့ရပြီပေါ့? ကောင်းလိုက်တာ! ဒီအသုံးမကျတဲ့သူလေးတော့ ကယ်တင်ခြင်းခံရပြီ!”

သူ ချက်ချင်း ပြုံးရွှင်သွားတော့သည်။

“အဖွဲ့ဝင်အသစ်တွေ ရောက်လာပြီဆိုတော့ ဒီမနက်က နှိုက်ထားတဲ့ အသင်းခေါင်းဆောင်မဲက အတည်မဖြစ်တော့ဘူး၊ ပြန်နှိုက်ရမယ်”

လျိုကျား နှုတ်ခမ်းများ တွန့်သွားပြီး ခေါင်းငြိမ့်လိုက်သည်။

“ငါတော့ မနှိုက်တော့ဘူး၊ မနေ့က ငါ အသင်းခေါင်း ဆောင် လုပ်ပြီးပြီ”

သို့သော် လူငယ်လေး ဟောင်ယို့လုမှာမူ မဲနှိုက်သည့် ဝါးကျည်တောက်ကို ထုတ်ပြီးနေပြီဖြစ်ရာ သူမက မည်သူ့ထက်မဆို ပိုမြန်နေသည်။

“ငါ့ကို မကြည့်နဲ့၊ ငါ ဒီမနက် နှိုက်ပြီးပြီ၊ ငါ အသင်းခေါင်း ဆောင်မဟုတ်ဘူး၊ ပြန်မနှိုက်ဘူး၊ လုံးဝ ပြန်မနှိုက်ဘူး”

ယင်လီ လက်ခါပြပြီး နောက်သို့ မှီလိုက်သည်။

“နင်တို့ပဲ နှိုက်ကြတော့ ညီမလေးတို့၊ မောင်လေးတို့”

လျိုကျား ပြုံးလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်!”

ယင်လီ မဲနှိုက်သည့် ကျည်တောက်ကို စုကျို ရှေ့တည့်တည့်သို့ တိုးပေးလိုက်သည်။

စုကျို နောက်သို့ ဆုတ်လိုက်သည်။

ကျူးပိုင်ယွီက မျက်လုံးပြူးကြည့်ကာ - “မဟုတ်မှလွဲရော... နင်တို့တွေက ဒီကိစ္စကို ဒီလောက်တောင် ပေါ့ပေါ့ပါးပါး လုပ်ကြတာလား ?”

စုကျီကျီနှင့် စုရှင်းချန်တို့မှာ မှင်သက်နေကြသည်။

“သမီးတို့ကို လက်ခံလိုက်ပြီပေါ့ ဟုတ်လား ?”

ယင်လီကမူ သူတို့ကို ပုတ်ပေးလိုက်သည်။

“ပြဿနာမရှိဘူး၊ စိတ်မပူနဲ့”

“ဟုတ်တယ်... ငါလို သာမန်လူတောင် ဒီမှာရှိနေတာပဲ၊ မကြောက်ကြနဲ့၊ နင်တို့အားလုံးက ငါ့ထက် သာတာ သေချာပါတယ်”

စီနီယာအစ်မယို့လု စိတ်ရင်းဖြင့် ချီးမွမ်းလိုက်သည်။

စုကျီကျီနှင့် စုရှင်းချန်တို့သည် ဤနေရာသည် သူတို့အတွက် အသင့်တော်ဆုံးနေရာဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ဒီမှာဆိုရင်တော့ ကိုယ့်ကိုကိုယ် နိမ့်ကျတယ်လို့ ခံစားရဖို့ အခွင့်အရေး လုံးဝမရှိနိုင်တော့ဘူး။

သူတို့ ပြောမယ့်စကားလုံးတွေကို ဟောင်ယို့လုက အကုန် လုပြောသွားပြီလေ!

ဤသို့ စကားဖြတ်နေစဉ်မှာပင်၊ စုကျို ရှေ့တွင် စီနီယာအစ်မယို့လု ထုတ်ထားသော ဗေဒင်ကျည်တောက်ထဲမှ သစ်သားချောင်းလေးတစ်ချောင်းသည် ခုန်ထွက်လာပြီး စုကျို လက်ထဲသို့ ကျရောက်သွားသည်။

သူမ ထိတ်လန့်သွားပြီး၊ တစ်ချိန်တည်းမှာပင် သစ်သားဗေဒင်ကျည်တောက်ပေါ်ရှိ စာသားများကို ရှင်းရှင်းလင်း လင်းမြင်လိုက်ရသည်။

“အောက်ခြေအသင်းအတွက် နေ့စဉ် အသင်းခေါင်းဆောင် ရွေးချယ်သည့် ဗေဒင်ကျည်တောက်”

ကောင်းရော၊ ကောင်းရော !

အသင်းခေါင်းဆောင်က နေ့တိုင်းအလှည့်ကျလုပ်ရတာပေါ့

တကယ့်ကို ထူးခြားတဲ့ အသင်းပဲ

“အသင်းခေါင်းဆောင်လုပ်ရတာရဲ့ အားသာချက်၊ အား နည်းချက်တွေက ဘာလဲ?”

ကျူးပိုင်ယွီလည်း သူ့လက်ထဲသို့ အတင်းထိုးထည့်ခြင်း ခံလိုက်ရသော သစ်သားမဲချောင်းကြောင့် ဂဏာမငြိမ်ဖြစ် လာရသည်။

ယင်လီ စဉ်းစားခန်း ဝင်သွားသည်။

“အင်း...”

“အလုပ်ရှုပ်တာပေါ့”

လျိုကျား မျက်လုံးမှိတ်လျက် ပြောလိုက်ပြီးမှ အမြန် ချောင်းဟန့်လိုက်သည်။

“မဟုတ်ပါဘူး... ငါဆိုလိုတာက အတွေ့အကြုံရတာပေါ့”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”

ယင်လီက အဖွဲ့ဝင်သစ် လေးယောက်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

“အသင်းခေါင်းဆောင်က အတွေ့အကြုံတွေ ရမှာလေ၊ ဥပမာ - လူတိုင်းရဲ့ ကျင့်စဉ်တိုးတက်မှုကို အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ရတာ၊ ပြိုင်ပွဲတွေအတွက် စာရင်းသွင်းရတာ၊ ‘သခင်တစ်ရာခန်းမ’ ကို အခေါက်ခေါက်အခါခါ သွားပြီး အဖွဲ့အတွက် ရိက္ခာတွေ၊ ပစ္စည်းတွေ ထုတ်ရတာ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ရင်းနှီးခွင့် ရတာမျိုးပေါ့...”

“အဆင်ပြေပါတယ်၊ သူတို့က ငါတို့ကို လေ့ကျင့်ပေးနိုင်တာပဲ”

စုကျို: “...”

ကျူးပိုင်ယွီ: “...”

သူတို့အားလုံးလက်ထဲက မဲချောင်းတွေကို ကြည့်ပြီး စိတ်ထဲ တစ်မျိုးဖြစ်သွားကြရသည်။

ဘယ်လို အကျိုးကျေးဇူးမှ မကြားရဘဲ ဒုက္ခတွေပဲ ကြားနေရတာလေ။

ချက်ချင်း စုကျိုသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ သူ့လက်ထဲရှိ အနီရောင်ခေါင်းတပ်ထားသော အသင်းခေါင်း ဆောင်မဲကို မျက်နှာချင်းဆိုင်ရှိ လူများဆီသို့ ပစ်ပေါက်လိုက်တော့သည်!

“အားးးး! သေစမ်း!”

“အနားမကပ်နဲ့! အနားမကပ်နဲ့!”

“အားးးး ဒါ အသင်းခေါင်းဆောင်မဲပဲ၊ ငါနဲ့ မတန်ဘူး!”

“ထွက်သွား...”

“ဝါးးးး”

စားပွဲပေါ်တွင် လက်ခုနစ်ဖက်မှာ အသင်းခေါင်းဆောင်မဲအား မထိမိအောင် ပုတ်ထုတ်နေကြသည်မှာ ‘ဒေါ့ဂျ်ဘော’ ကစားနေကြသကဲ့သို့ပင်!

[စုကျို၊ စုကျီကျီ၊ စုရှင်းချန်၊ ကျူးပိုင်ယွီ... ‘ကောင်းမှုဆိုးမှုခန်းမ’ မှ သင်တို့ အဆင့် ၃၀ သို့ရောက်ရှိနေကြသည်မှာ နှစ်နာရီကျော်သွားပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။]

[ဂုဏ်ယူပါသည်! သင်တို့သည် ‘ဝိညာဉ်လယ်သမားလှေ ကားထစ်’ ကို ကျော်ဖြတ်ပြီး ‘ဝိညာဉ်ကျင့်ကြံခြင်းလမ်း စဉ်’ — ‘ပိုးချည်ငင်လမ်းစဉ်’ သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ် သည်။]

[ကျေးဇူးပြု၍ အဆင့် ၃၀ ရှိ ‘သခင်တစ်ရာခန်းမ’ သို့ သွားရောက်စာရင်းသွင်းပြီး၊ တပည့်ဝတ်စုံနှင့် “ပိုးဖလံမွေးမြူခြင်းနှင့် ပိုးချည်ငင်ခြင်း စိတ်ပညာ” ကိုသွားရောက် ထုတ်ယူပါ။]

[စုကျို၊ စုကျီကျီ... အဆင့် ၃၀ သို့ ရောက်ရှိသည်မှာ သုံးနာရီကျော်သွားပြီ ဖြစ်သည်။ ကျေးဇူးပြု၍ ‘သခင်တစ်ရာခန်းမ’ သို့ ချက်ချင်း သွားရောက်ပါ!!!]

ဖတ် ဖတ် ဖတ်~ ဖတ် ဖတ် ဖတ် ~

လက်ခုနစ်ဖက်မှာ အသင်းခေါင်းဆောင်မဲကို ရှောင်ရှားရင်း စားပွဲကို အပီအပြင်ရိုက်ပုတ်နေကြသည်။ သုံးနာရီတောင် ကြာသွားပြီလား ??

ရုတ်တရက် လေထဲတွင် နောက်ထပ် သစ်သားမဲခြောက်ချောင်းပေါ်လာပြီး ဟိုဟိုဒီဒီ ပျံသန်းနေတော့သည်!

“ရပ်လိုက်စမ်း”

စုကျို လူပုံမကျ ဖြစ်နေသော အနေအထားမှ မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်ကာ

“အလုပ်ကိစ္စ စကြရအောင်၊ သခင်တစ်ရာခန်းမကို သွားပြီး သတင်းပို့ကြမယ်၊ အသင်းခေါင်းဆောင်မဲ နှိုက်မိတဲ့သူက ရှေ့ကနေ လမ်းပြပါ”

“...”

လူတိုင်း သူတို့လက်ထဲက သစ်သားမဲချောင်းတွေကို ငုံ့ကြည့်လိုက်ကြသည်။

“သေစမ်း”

“အသင်းခေါင်းဆောင်မဲ ခြောက်ခုတောင်လား !?”

“အား... စုကျို၊ နင် မတရားလုပ်တာပဲ! နင်ကတော့ တကယ့် သားရဲပဲ...”

စုကျို သူတို့လက်ထဲရှိ သူမ ကူးယူထားသော အသင်းခေါင်းဆောင် မဲခြောက်ခုကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

သူမသည် ခေါင်းငုံ့လျက် သူတို့ကမ်းပေးခဲ့သည့် တကယ့် အသင်းခေါင်းဆောင်မဲကို သူ့ အင်္ကျီလက်ထဲတွင်တိတ်တ ဆိတ် ဝှက်ထားလိုက်သည်။

“နင်တို့အားလုံးက အသင်းခေါင်းဆောင်မဲတွေ နှိုက်မိထားတာဆိုတော့ ငါတော့ အသင်းခေါင်းဆောင်မဟုတ်တာ သေချာသွားပြီပေါ့”

“သွားကြစို့”

All Chapters