← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

🥝 Chapter 65

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ယင်လီ၏ လှေငယ်ပေါ်သို့တက်လိုက်ကြပြီး ဝင်းခြံပြင်ပသို့တိုက် ရိုက် ပျံသန်းထွက်ခွာလာခဲ့ကြသည်။ တံခါးဝတွင် ကျူးပိုင်ယွီကို လာရောက်ဆွဲဆောင်ရန် စောင့်ဆိုင်းနေကြသူများကို ဂရုမစိုက်ဘဲ အဆင့် ၃၀ ရှိ သခင်တစ်ရာခန်းမသို့ ရောက်ရှိလာခဲ့ကြသည်။

ဝိညာဉ်ပိုးဖလံဂေဟာ၏အဆင့် ၃၀ သည် ပထမထပ်နှင့် သိသိသာသာ ကွဲပြားခြားနားလှသည်။

စုကျိုမှာ တောရိုင်းမြေမှ မြို့ပြထဲသို့ ရောက်ရှိသွားသကဲ့ သို့ပင် ထင်ယောင်ထင်မှားဖြစ်မိသည်။

ဤအဆင့်ရှိ သခင်တစ်ရာခန်းမမှာ ခန့်ညားထည်ဝါလှပြီး လူသူအသွားအလာ မပြတ်ရုံတင်မကဘဲ၊ ဝင်ပေါက်တွင်လည်း ကျင့်ကြံခြင်းဆိုင်ရာ ဆိုင်ခန်းမျိုးစုံခင်းကျင်းထား သည်။ ဝိညာဉ်စုစည်းမှု လေဟုန်စက်များ၊ ဆေးလုံးများနှင့် ဆီးသီးယိုများမှာ ဈေးတန်းတစ်ခုကဲ့သို့ စုံလင်လှရာ စုကျိုပင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အချို့ကိုဝယ်ယူ ချင်စိတ် ပေါက်သွားမိသည်။

သို့သော် သူ့ ဝဲယာကိုကြည့်လိုက်မိသောအခါ သူ့ နှုတ်ခမ်းထောင့်များ တွန့်သွားရသည်။

လှေပေါ်မှ ဆင်းလာသော ခြောက်ယောက်မှာ သူမ၏ ဝဲဘက်တွင် သုံးယောက်၊ ယာဘက်တွင် သုံးယောက်ဖြစ်နေပြီး သူမကို အလယ်ဗဟိုနေရာတွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်စေသည်။

“အသင်းခေါင်းဆောင်မဟုတ်တဲ့ တစ်ဦးတည်းသောသူ... ကြွပါ” လျိုကျား မျက်လုံးမှိတ်လျက်ပြုံးကာ ပြောလိုက်သည်။

စုကျို: “...”

အခုထိ အငြိုးထားနေတုန်းပဲလား၊ တကယ်ကြီး လိုအပ်လို့လား ?

ဒီနေ့အတွက် အသင်းခေါင်းဆောင် မဲနှိုက်တာလေးပဲ မဟုတ်လား ?

“ဒီနေ့အတွက်တင် မဟုတ်ဘူး၊ အခုက ညနေစောင်းနေပြီ၊ ဒီနေ့ရဲ့တာဝန်ကျ အသင်းခေါင်းဆောင်တွေက မနက်ဖြန် ညနေမှ တာဝန်ပြီးမှာ”

ယို့လု လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

နောက်တစ်ကြိမ် အသင်းခေါင်းဆောင်မဲ နှိုက်ရမှာက မနက်ဖြန် ညနေမှဖြစ်သည်။

သူတို့ ခြောက်ယောက်စလုံး၏မျက်နှာတွင် ခါးသီးသော အမူအရာများ ရှိနေကြသည်။

“အကျို... နောက်ဆို ဒါမျိုး ထပ်မလုပ်တော့ဘူးလို့ ကျိန်ဆိုစမ်းပါ” ယင်လီ နှုတ်ခမ်းများ တောင့်တင်းနေသည်။

“…”

စုကျိုသည် စကားတစ်လုံးမှမပြောဘဲ ခြေလှမ်းကျဲကျဲဖြင့် သခင်တစ်ရာခန်းမအတွင်းသို့ လှမ်းဝင်သွားသည်။

“…!”

“…”

ဤအဆင့်ရှိ သခင်တစ်ရာခန်းမမှာ ပိုမိုကျယ်ဝန်းပြီးခြံဝင်းကြီး ငါးခုနှင့် ဘေးခြံဝင်းသုံးခုရှိကာ ပင်မဝင်းခြံမှာ အဆုံးမရှိသယောင် ထင်ရသည်။

အတွင်းသို့ လမ်းလျှောက်ဝင်သွားသောအခါ အဆောက် အအုံ တည်ဆောက်ပုံမှာ ပထမထပ်နှင့်ဆင်တူသည်။

[ဆေးကုသမှုခံယူရန်]

[တပည့်စာရင်းသွင်းရန်]

[ဝိညာဉ်လက်နက် ပြုပြင်ရန်]

[ကျင့်စဉ်ဆိုင်ရာ ဆွေးနွေးရန်]

[လက်ရှိတာဝန်များ]…

ပိုးချည်ငင်သည့် လိုက်ကာကို ကျော်ဖြတ်ပြီးနောက် မတူ ညီသော အခန်းပြတင်းပေါက်များ ပေါ်လာသည်။

ထိုနေရာတိုင်းတွင် လူများ ပြည့်နှက်နေသည်ကို စုကျို တွေ့လိုက်ရသည်။ မြို့လယ်ခေါင်ကဲ့သို့ပင် စီမံခန့်ခွဲရေးခန်းမ၏ပြတင်းပေါက်များမှာလည်း လူများဖြင့်ပြည့်နှက်နေတော့သည်။

“အုပ်ချုပ်ရေးမှူးဟူ”

အသင်းခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သော ယင်လီသည် စုကျိုအား [တပည့်စာရင်းသွင်းရန်] အခန်းပြတင်း ပေါက်သို့ အမြန်ခေါ်ဆောင်သွားပြီး တရားမှတ်နေသော ဗူးသီးပုံစံ မျက်နှာရှိသည့် အုပ်ချုပ်ရေးမှူးကို လှမ်းကြည့်လိုက်သည်။

“ကျွန်မတို့ ‘အောက်ခြေ’ အသင်းမှာ တပည့်သစ်အချို့ရှိလို့ပါ”

“သူတို့တွေ ဒီနေ့ ဝင်းခြံထဲကိုပြောင်းလာကြမှာ၊ ပြီးတော့ ကျွန်မတို့ရဲ့ အသင်းခေါင်းဆောင်လည်း ပြောင်းသွားပါပြီ”

ဗူးသီးမျက်နှာနှင့် အုပ်ချုပ်ရေးမှူးက မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ သူ့ရှေ့တွင် ယင်လီနှင့် အခြားနှစ်ယောက်ကိုမြင်သောအခါ ပျင်းရိငြီးငွေ့သော အမူအရာဖြစ်သွားသည်။

“နင်တို့တွေပဲကိုး၊ အဆင့် ၃၀၀ ကောင်တွေ၊ ကျင့်စဉ်ကို သေချာမကျင့်ဘဲ လူသစ်ရှာဖို့ ဘာလို့ ဒီလောက် အလော တကြီးဖြစ်နေရတာလဲ?”

“ညဝင်တော့မယ်၊ မြန်မြန်သွားပြီး တရားမှတ်ကြစမ်း”

သူ ပြောရင်း ပြတင်းပေါက်ပေါ်က ဆိုင်းဘုတ်ကိုညွှန်ပြလိုက်သည်။

“ဒီည တာဝန်ကျအရာရှိ- အုပ်ချုပ်ရေးမှူး တောက်ရန်”

“ညမှ ပြန်လာခဲ့”

သူ့ တာဝန်ပြီးဆုံးရန် အလောတကြီးဖြစ်နေသည်။

သူတို့၏အပြောင်းအရွှေ့ကိစ္စကို မကိုင်တွယ်ချင်ဘဲ ညပိုင်းတာဝန်ကျသူဆီသို့သာ လွှဲချရန်ကြံစည်နေခြင်းဖြစ် သည်။

သူတို့က တကယ် အချိန်ဆွဲနေကြတာပဲ။

စုကျိုက သူ့ခါးချိတ်ပြားပေါ်တွင် ‘ပထမထပ်၊ အဆင့် ၃၀’ ဟူသော အဆင့်အတန်းများ လင်းလက်နေသည်ကို တစ်ချက်ကြည့်လိုက်ပြီး၊ ယင်လီကို ဘေးသို့ဖယ်ရန် အချက်ပြလိုက်သည်။

“အုပ်ချုပ်ရေးမှူး၊ ကျွန်မတို့ ဒီနေ့မှ ပထမထပ်ကနေ အဆင့် ၃၀ ကို ရောက်လာတာပါ”

“ခါးချိတ်ပြားအရဆိုရင် ကျွန်မတို့ အဆင့် ၃၀ ရှိ သခင်တစ်ရာခန်းမမှာ စာရင်းသွင်းရမယ်၊ အချိန် တစ်နာရီပဲ ကျန်တော့တယ်”

“ဒါထက် နောက်ကျသွားရင်တော့ ကျွန်မတို့ အဆင့် ၄၀ ကို တက်သွားရတော့မယ်”

ဗူးသီးမျက်နှာနှင့် အုပ်ချုပ်ရေးမှူး : “???”

ဘာလဲ ?

သူသည် လက်ဖက်ရည်သောက်ရင်း “ယနေ့ ဝိညာဉ်ပိုးဖလံဂေဟာ မသေမျိုးအရှင်သခင် တိုက်ပွဲသတင်း” ကိုဖတ်ကာ အေးအေးဆေးဆေး တာဝန်ပြီးဆုံးချိန်ကို စောင့်ဆိုင်းရန် ကြံစည်ထားသော်လည်း၊ အခုတော့ ဝန်ဆောင်မှုပြတင်း ပေါက် အပြင်ဘက်ရှိတပည့်များကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိတော့သည်။

အမှန်ပင်... မာနကြီးပြီး ထင်ပေါ်လှသော တပည့်မလေး ယင်လီ၏ဘေးတွင် လခြမ်းပုံ မျက်ခုံးနှင့် ပန်းငုံကဲ့သို့သော မျက်ဝန်းများရှိသည့် လှပသောတပည့်မလေးတစ်ဦးရပ်နေ သည်။ ပထမတစ်ချက်ကြည့်ရုံနှင့် သူ မမှတ်မိသော်လည်း၊ အသေအချာကြည့်လိုက်သောအခါ သူမ မျက်ဝန်းများထဲတွင် ဖော်ပြမရသော ထက်မြက်မှုတစ်ခုကို သတိပြုမိလိုက်သည်။

သူ သူမကို မသိချေ။

ဤတပည့်မလေးသည် အဆင့် ၃၀ သို့ အမှန်တကယ် လူသစ်ရောက်လာခြင်းပင် ဖြစ်တော့သည်!

ဒါပေမဲ့ ထူးဆန်းတာက စုကျိုကို အကြိမ်အနည်းငယ်ပိုကြည့်ပြီးနောက်မှာတော့ အုပ်ချုပ်ရေးမှူးဟူကျယ်ကျင့်က ဒီမိန်းကလေးကို တစ်နေရာရာမှာ မြင်ဖူးသလိုလို ဝေဝါးဝေဝါး ခံစားလိုက်ရသည်။

“ဟင် ?”

“တကယ် ပထမထပ်က လာတာလား?”

ဗူးသီးမျက်နှာနှင့် ဟူကျယ်ကျင့်သည် “မသေမျိုးအရှင် သခင် နေ့စဉ်သတင်းလွှာ” ကို ချလိုက်သည်။ သူ့မျက်နှာထက် အံ့အားသင့်မှုများပြည့်နှက်သွားပြီး စားပွဲပေါ်ရှိ ကျောက်စိမ်းပြားအဆင့်ဆင့်ကို လှမ်းယူလိုက်သည်။

“ဒါပေမဲ့ ဒီနေ့ ငါ အောက်ထပ်က တပည့်တွေကို အဆင့် ၃၀ ရဲ့ ‘ကောင်းကင်လှေကား’ ဆီ လွှတ်ပေးလိုက်တာမျိုး မရှိပါဘူး”

ပြတင်းပေါက်အပြင်ဘက်ရှိ လူခုနစ်ယောက်စလုံး မှင်သက်သွားကြသည်။

စုကျိုကမူ မျက်မှောင်ကြုတ်လိုက်မိသည်၊ သူ ခန့်မှန်းခဲ့သည်မှာ မှန်နေပေပြီ။

အထက်ထပ်မှာ တာဝန်ကျနေတဲ့ အုပ်ချုပ်ရေးမှူးတွေ ဒါမှမဟုတ် တပ်ဗိုလ်တွေကသာ လှေကားကိုချပေးခဲ့တာ ဖြစ်ရမည်။

“အဲဒါတော့ ကျွန်မလည်း မသိဘူးလေ”

စုကျို ဘာမှမသိနိုးနိုးဖြင့် လက်ကို ဘေးသို့ဖြန့်ပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးကတော့ အဲဒီလှေကားကနေ တက်လာခဲ့ကြတာပဲ”

“ဟေ? နင်တို့အားလုံးလား ?” ဟူကျဲကျင့် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည် - “နင်တစ်ယောက်တည်း မဟုတ်ဘူးလား?”

စုကျိုက အလိုက်သင့် ခေါင်းငိတ်ပြရင်း၊ အနည်းငယ် ကိုယ်ကိုစောင်းပေးလိုက်ရာ ရှုပ်ထွေးသော အမူအရာများရှိနေသည့် ကျူးပိုင်ယွီ၊ စုကျီကျီနှင့် စုရှင်းချန်တို့ကို တွေ့လိုက်ရသည်။

“ကျွန်မတို့ လေးယောက်ပါ၊ အော်... ပြီးတော့ ကျွန်မခေါ်လာတဲ့ မိစ္ဆာတစ်ကောင်လည်း ပါသေးတယ်”

“မိစ္ဆာကျွန်ကတော့ နင်နဲ့အတူ ပါလာတာ သဘာဝပါပဲ၊ ဒါပေမဲ့—”

ဟူကျယ်ကျင့်သည် ဝိညာဉ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းမှာပဲ ရှိသေးတဲ့ အရွယ်မရောက်တရောက် ကလေးနှစ်ယောက်ကို ပြတင်းပေါက်အပြင်မှာ မြင်လိုက်ရတဲ့အခါ မျက်လုံးများပင် ပြာဝေသွားရသည်။

စုကျိုကို ပြန်ကြည့်လိုက်တော့လည်း ဝိညာဉ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းမှာပဲ ရှိသေးတာပဲ!

သူ လုံးဝ ဆွံ့အသွားရတော့သည်။

“နင်တို့လေးယောက်လုံးက ‘ကောင်းကင်လှေကား’ ကနေ တက်လာကြတာလား...?”

“ပထမထပ်ကနေ တိုက်ရိုက်... အဆင့် ၃၀ ကိုလေ ?”

“ဟုတ်ပါတယ်၊ တစ်ဟုန်ထိုး တက်လာတာ အဆင့် ၄၀ ကိုတောင် ရောက်တော့မလို့ပဲ”

ဟု စုကျိုက ရိုးသားစွာ ပြောပြရင်း ထိတ်လန့်နေဆဲအမူ အရာကို ပြသလိုက်သည်။

“တော်သေးတာပေါ့၊ ကျွန်မတို့က လိမ္မာလို့ အဆင့် ၃၀ တံခါးဝကို မြင်တာနဲ့ အမြန်ဆင်းလာခဲ့လို့”

“!”

သူ့မျက်လုံးတွေ ပွင့်သွားရချေပြီ!

ဟူကျဲကျင့်မှာ အလွန်အမင်း တုန်လှုပ်သွားသည်။ ဘယ်မျက်စိမရှိတဲ့ကောင်က ဝိညာဉ်သန့်စင်ခြင်းအဆင့်ကျင့် ကြံသူတွေပဲ သုံးတဲ့ ‘ဝိညာဉ်မြက်မြစ်’ အနိမ့်ဆုံးအဆင့်ကို ဆွဲနှုတ်ပြီး၊ အခြေခံအဆင့် တပည့်တွေပဲ တက်နိုင်တဲ့ အဆင့် ၃၀ အထိ ရောက်အောင်ပို့ပေးလိုက်ရတာလဲ!

ဒီအသုံးမကျတဲ့ကောင်၊ ဒီတာဝန်ပေါ့လျော့တဲ့ကောင်က တော့ အဆင့် ၃၀ ကို တာဝန်ယူရတဲ့ မသေမျိုးအရှင်သခင်ဆီမှာ ခွေးတစ်ကောင်လို အဆူခံရတော့မှာ သေချာပြီ!

“ဒါ ဒီနေ့ မဟုတ်ဘဲ မနေ့ကဖြစ်ရမယ် မဟုတ်လား? နင်တို့ မနေ့ညက ရောက်တာမလား”

ဒီတာဝန်ပေါ့လျော့တဲ့ကောင်က ဒီနေ့ တာဝန်ကျသူ မဖြစ်ရလေအောင် သူ ကြိုးစားလိုက်ခြင်းပင်!

ဟူကျဲကျင့်၏ မုတ်ဆိတ်မွေးများ တုန်ခါနေသည်။

“လွန်ခဲ့တဲ့ သုံးနာရီလောက်ကတင် ကျွန်မတို့ကို ခေါ်ဆောင်လာတာကို လူတိုင်း မြင်ကြပါတယ်၊ သူတို့ သက်သေခံပေးနိုင်တယ်”

စုကျို ထို ‘တက်လှမ်းလာသည့် မြင်ကွင်း’ ကို မြင်တွေ့ခဲ့ရသော ယင်လီကို စကားပြောရန် လမ်းဖယ်ပေးလိုက်သည်။

“အာ... ဟုတ်ပါတယ်”

ယင်လီ နှုတ်ခမ်းများတွန့်သွားသည်။

လျိုကျားကမူ သေလူတစ်ယောက်လို မျက်လုံးမှိတ်ထားရင်း အတော်ကြာမှ ခေါင်းငြိမ့်ပြသည်။

ယို့လုကတော့ အင်္ကျီစကို ဆုပ်ကိုင်ရင်း မျက်နှာနီမြန်းလျက် - “ဟုတ်ပါတယ်၊ ကျွန်မလို အသုံးမကျတဲ့ အခြေခံအဆင့် အထွတ်အထိပ် ကျင့်ကြံသူတောင် အဆင့် ၄၀ ကို မရောက်နိုင်တာ၊ ညီမလေးစုကတော့ ရောက်လုနီးပါးဖြစ်ခဲ့တာပါ”

“...တော်ပြီ၊ တော်ပြီ၊”

ဟူကျဲကျင့်က ဆတ်ခနဲ ထရပ်လိုက်ပြီး သူမကို စကားဖြတ်ခိုင်းလိုက်သည်။

“ငါ အခုပဲ နင်တို့အတွက် စာရွက်စာတမ်းတွေ လုပ်ပေးမယ်၊ တိတ်တိတ်နေကြစမ်း”

ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဘယ်သူကများဖန်တီးလိုက်တာပါလိမ့်!

ဟူကျယ်ကျင့် စဉ်းစားလေလေ စိတ်ဓာတ်ကျလေလေ ဖြစ်လာသည်။ ဝိညာဉ်ပိုးဖလံဂေဟာရဲ့အောက်ထပ်ကနေ အထက်ထပ်ကိုသွားဖို့ဆိုတာ အထက်က တာဝန်ကျအုပ် ချုပ်ရေးမှူးတွေ၊ တပ်ဗိုလ်တွေကပဲ ‘ကောင်းကင်လှေကား’ ကို ချပေးနိုင်တာလေ။

ဟူကျဲကျင့်သည် ‘မသေမျိုးအရှင်သခင် နေ့စဉ်သတင်း လွှာ’ ကို မုန်းတီးသွားတော့သည်၊ အဲဒါက အရမ်းဖတ်လို့ကောင်းလွန်းလို့ သူ့ကို လမ်းမှားစေခဲ့တာပဲ။

သူ နောက်ဆို အလုပ်ကို ပေါ့ပေါ့တန်တန်မလုပ်တော့ဘူး!

“ကဲ၊ အားလုံး ပြီးပြီ”

ချွေးများ ရွှဲနစ်နေသော ဟူကျဲကျင့်သည် သူတို့ ခါးချိတ်ပြားများကိုအသုံးပြု၍ အဆင့် ၃၀ တပည့်များအဖြစ် တရားဝင် စာရင်းသွင်းပေးလိုက်သည်။

စာရင်းသွင်းတဲ့အချိန်ကို မိုးချုပ်ပြီးနောက် မနက် ၆ နာရီ ၄၅ မိနစ်လို့ မှတ်တမ်းတင်ထားတာကို စုကျို ချက်ချင်း သတိပြုမိလိုက်သည်။ အဲဒါက နေ့ဆိုင်းနဲ့ ညဆိုင်း တာဝန် ခံတွေ အလှည့်ကျ ပြောင်းလဲတဲ့ အချိန်အတိအကျပဲ။ ဒါ နေ့ဆိုင်းသမား အမှားလား၊ ညဆိုင်းသမား အမှားလားဆိုတာ ဝေခွဲမရအောင် သူ လုပ်လိုက်ခြင်းပင်။

ဒါ တကယ့် နန်းတွင်းလုပ်ကြံမှုကျနေတာပဲ! စုကျိုက နှုတ် ခမ်းမဲ့လိုက်ရင်း

“မေ့တော့မလို့ အုပ်ချုပ်ရေးမှူးဟူ၊ ကျွန်မတို့ရဲ့ ‘အောက် ခြေမှ အထက်သို့’ အသင်းရဲ့ ဒီနေ့အတွက် အသင်းခေါင်း ဆောင်အသစ်တွေကတော့ ယင်လီ၊ လျိုကျား၊ ဟောင်ယို့လု၊ ကျူးပိုင်ယွီ၊ စုကျီကျီနဲ့ စုရှင်းချန်တို့ပါ”

ခြောက်ယောက်စလုံး: “...”

ဟူကျဲကျင့်: “...!”

သူ မျက်လုံးပြူးကြည့်လိုက်ပြီး - “ဟမ် ?”

“သွားကြစို့! ဒီကနေ ထွက်သွားကြစမ်း! ဒါ ဘာတွေ လာရှုပ်နေတာလဲ!”

ဟူကျဲကျင့် ဒေါသထွက်သွားသည် - “အသင်းတစ်သင်းမှာ ခေါင်းဆောင် တစ်ယောက်ပဲ ရှိရမယ်!”

“ဘာလဲ၊ အဲဒီလို လုပ်လို့မရဘူးလား ?”

စုကျို အလွန်အမင်း အံ့အားသင့်သွားဟန်ပြလိုက်သည်။ သူ့နောက်က လူခြောက်ယောက်ကတော့ သူမကို မှင်သက်စွာကြည့်နေကြသည်။ ဘယ်လိုစိတ်နဲ့များ အဲဒီလိုလုပ်လို့ရမယ်လို့ သူ ထင်နေရတာလဲ ?

“ငါ နင်တို့အားလုံးကို စာရင်းသွင်းပေးပြီးပြီ၊ အခုကစပြီး ‘အောက်ခြေအသင်း’ ထဲကို ဝင်ကြတော့!”

ဟူကျဲကျင့်မှာ စိတ်မရှည်နိုင်တော့ချေ။ သူသည် ဖုန်များတင်နေပြီး လက်ဝါးခန့်သာရှိသည့် သေသပ်လှပသော သစ်သားပိုးအိမ်လေးလုံးကို ဘေးသို့ပစ်ထုတ်လိုက်သည်။ ဟိုဟိုဒီဒီ ရှာဖွေပြီးနောက်တွင် ပင့်ကူမျှင်များ ဖုံးလွှမ်းနေပြီး ဖျော့တော့သော ဝိညာဉ်ကျောက်တုံးများ မြှုပ်နှံထားသည့် ဝါးခြမ်းပြားလေးခု “အောက်တန်းစား ပိုးမွေးမြူခြင်းနှင့် ပိုးချည်ငင်ခြင်းအတတ်” နှင့် “နှစ်အလိုက် ထူးချွန်တပည့်များ၏ ပိုးမွေးမြူရေးမှတ်တမ်း” လေးစုံတို့ကိုဆွဲ ထုတ်ကာ ပစ္စည်းအရောင်းအဝယ်ပွဲကဲ့သို့ စားပွဲပေါ်သို့ပစ်တင်ပေးလိုက်သည်။

“ဒါတွေကို ပြန်ပြီး သေချာလေ့လာကြ၊ ဒီနေ့ကစပြီး နင်တို့တွေ အဆင့် ၃၀ နဲ့ အထက်မှာပဲ ရနိုင်တဲ့ ‘ပိုးမွေးမြူရေးကျင့်စဉ်’ ကိုကျင့်ကြံရတော့မယ်၊”

ဟူကျဲကျင့်က အမြန်ပြောလိုက်သည်။ ထို့နောက် သူ စားပွဲကိုတစ်ချက်ခေါက်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု ချက် ချင်းပေါ်လာပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် ဝိညာဉ်စာသားများ လင်းလက်လာသည်

[အဆင့် ၃၀ မှစတင်၍ ကျင့်ကြံသူများသည် ‘ပိုးမွေးမြူခြင်းနှင့် ပိုးချည်ငင်ခြင်းကျင့်စဉ်’ သို့ ပြောင်းလဲကျင့်ကြံနိုင်သည်။ အခြေခံသဘောတရားများကို ကျွမ်းကျင်ပြီးနောက် ‘ကျောက်စိမ်းတောအုပ်’ သို့ သွားရောက်ကာ ဝါးခြမ်းပြားများနှင့် ပိုးအိမ်များကို အသုံးပြု၍ ပိုးဥများနှင့် ပိုးလောင်းများကို ဖမ်းယူရန်ကြိုးစားနိုင်သည်။]

[ပိုးကောင်းတစ်ကောင်သည် ချည်ငင်နိုင်သည်နှင့်တစ်ပြိုင် နက် အဆင့် ၄၀ နှင့် အထက်ရှိသူများထံသို့ ဝိညာဉ်ကျောက်တုံးဖြင့် လဲလှယ်ရောင်းချနိုင်သည်။]

[“သာမန်အရည်အသွေးမြင့် ပိုးတစ်ကောင်လျှင် ၁၀,၀၀၀ စီ ကျသင့်ပြီး၊ ထူးခြားသော ပိုးများကိုမူ ၎င်းတို့၏ အခြေ အနေအရ ဈေးနှုန်းသတ်မှတ်သည်”]

“တကယ်လို့ ကျွန်မ ပိုးမမွေးချင်ရင်ကော?”

စုကျို သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ပိုးမွေးပြီး ပိုက် ဆံရှာတာက သူမရဲ့နည်းလမ်းတွေကို ကူးယူတာလောက် အမြတ်မထွက်ဘူးလေ။ ဟူကျဲကျင့် သူ့ကို လှမ်းကြည့်ကာ -

“နင့် သဘောပဲ”

သို့သော် ယင်လီကမူ သူမကို နောက်သို့ ဆွဲလိုက်သည်။

“ပိုးကောင်တွေက တန်ဖိုးမကြီးပေမဲ့ သူတို့က နေ့တိုင်း ချည်ငင်ကြတာ၊ နင်သာ သေချာမွေးမယ်ဆိုရင် နေ့တိုင်း ပိုးချည်တွေ ရောင်းလို့ရတယ်”

“အချို့ပိုးကောင်တွေဆိုရင် ဆေးဖော်စပ်တာနဲ့ လက်နက် ပြုပြင်တာတွေမှာသုံးတဲ့ အဖိုးတန်ပိုးချည်တွေကိုတောင် ငင်ပေးနိုင်တာ၊ အဲ့ဒါ တကယ်တန်ဖိုးရှိတာ”

စုကျို အနည်းငယ် စိတ်ဝင်စားသွားသည်။ ဝတ္ထုထဲက မင်းသားကြီး လုံအောင်ထျန်းက ဆေးဖက်ဝင်ပိုးတစ်ကောင်ကို မွေးမြူပြီး ဆေးလုံးဂိုဏ်းဆီကို တိုက်ရိုက်ခေါ်ဆောင်ခြင်း ခံခဲ့ရဖူးသည်။ ဒါပေမဲ့ သူကတော့ သိပ်ပြီး စိတ်မပါသေးဘူး၊ ဖြည်းဖြည်းချင်း... အဲဒါက ဘယ် လောက်တောင် ကြာဦးမှာလဲ?

“တကယ်လို့ နင်က အတွင်းကျင့်စဉ်ကို တတိယအဆင့်အထိရောက်အောင် ကျင့်နိုင်ရင် ပိုးကောင်တွေကို ထိန်း ချုပ်ပြီး တိုက်ခိုက်လို့ရတယ်၊ လူအတော်များများက ပိုးကောင်ထိန်းချုပ်တဲ့ အတွင်းကျင့်စဉ်ကို ကျွမ်းကျင်ဖို့အတွက် ‘ဝိညာဉ်ပိုးဖလံဂေဟာ’ ကို လာကြတာ”

“ဂုဏ်သရေရှိ ပညာရှင်အချို့ရဲ့ ဝိညာဉ်ပိုးကောင်တွေဆိုရင် လူသားအသွင်တောင် ပြောင်းလဲနိုင်ပြီး သူတို့နဲ့အတူ အတက်အဆင်း၊ အဝင်အထွက် လုပ်နိုင်ကြတယ်”

“ဒီအဆင့်ကို စောင့်ကြပ်တဲ့ မသေမျိုးအရှင်သခင်လုရဲ့ အစေခံဆိုရင်လည်း အစက သူက မွေးထားတဲ့ ပိုးကောင်ဝိညာဉ်ပဲ၊ သူ့ကို မိစ္ဆာကျင့်ကြံသူတစ်ဦးလို့လည်းသတ်မှတ် လို့ရတာပေါ့”

“!”

စုကျီကျီနှင့် စုရှင်းချန်တို့မှာ မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်ကြသည်။ စုကျိုကတော့ အခြေအနေကို နားလည်သွားပြီ၊ အနည်းငယ် စိတ်ဝင်စားစရာကောင်းသော်လည်း အများကြီးတော့ မဟုတ်သေးချေ။ သူ့မှာ ‘ချန်ယွမ်’ ရှိနေပြီလေ။

“အဲဒီ ပိုးကောင်ဝိညာဉ်လေးက မနက်တိုင်း နိုးလာရင် သူ့ရဲ့ ကုတင်နဲ့ အခန်းတစ်ခုလုံးမှာ တစ်ညလုံး ငင်ထားတဲ့ အဆင့် ၅ အဖိုးတန် ပိုးချည်မျှင်တွေ ပြည့်နေတာကို တွေ့ရတတ်တယ်၊ မသေမျိုးအရှင်သခင်လုက ဘာမှမလုပ်ဘဲ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာ အဆင့် ၅ ပိုးချည်ပုံကြီးတွေကနေတင် တစ်နေ့ကို ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် ဝင်ငွေရနေတာတဲ့”

“!”

ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ဒီလို မျက်စိစပါးကြည်စရာကောင်းတဲ့ ဝန်ထုပ်ဝန်ပိုးမျိုးကို သူမပဲ ထမ်းပိုးပါရစေတော့! စုကျိုသည် “အောက်တန်းစား ပိုးမွေးမြူရေးကျင့် စဉ်” ကို အမြန်လက်ခံလိုက်သည်။

“ဘယ်အဆင့်ရောက်ရင် တစ်နေ့ကို ဝိညာဉ်ကျောက်တုံး တစ်သန်း ရှာနိုင်မှာလဲဟင် ?”

“ချီးပဲ”

ဗူးသီးမျက်နှာနှင့် ဟူကျဲကျင့်သည် ဝန်ဆောင်မှုပြတင်း ပေါက်ကို ပိတ်ရန် မတ်တပ်ထရပ်လိုက်စဉ် ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်တော့သည်။

“နင်တို့တွေ တော်တော်လေး အလှမ်းဝေးတာတွေကို တွေးနေကြတာပဲ”

သူ စုကျိုလက်ထဲမှ အောက်တန်းစားကျင့်စဉ်နှင့် ဖုန်တက် နေသော သစ်သားအိမ်ကိုအထင်သေးသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

“အရင်ဆုံး သာမန် ပိုးကောင်းတစ်ကောင်လောက်ရအောင် မွေးကြည့်ကြပါဦး”

[အဆင့် ၃၀ တပည့် စုကျို၊ မနက်ဖြန်အတွက် ကျင့်ကြံခြင်းတာဝန်ကို ထုတ်ပြန်လိုက်သည်။]

[မနက်ခင်း ပိုးကောင်ဖမ်းယူခြင်း အတန်း- ရွှေအိမ်၊ ကျောက်စိမ်းအိမ် စသည်တို့ကို သယ်ဆောင်၍ ကျောက် စိမ်းတောအုပ်သို့ သွားရောက်ကာ ပိုးဥများ ဖမ်းယူရန်။]

စုကျို မျက်မှောင်ကြုတ်လိုက်သည်။ ဟူကျဲကျင့်၏ အထင်သေးသောအမူအရာကို တစ်ချက်ကြည့်၊ သူ့လက်ထဲက သစ်သားအိမ်ကို တစ်ချက်ကြည့်လိုက်သည်။ ရွှေအိမ် ? ကျောက်စိမ်းအိမ်? ဟောင်ယို့လု ဝင်ပြောလိုက်သည်။

“ဒါတွေကို သီးခြားစီ ဝယ်ရတာ၊ ရွှေအိမ်ဆိုရင် ဖမ်းယူနိုင်စွမ်း ပိုမြင့်တယ်၊ ဒါပေမဲ့ ရပါတယ်၊ မနက်ဖြန်ကျရင် ငါ့ရဲ့ ရွှေအိမ်ကို နင် သုံးလို့ရတယ်၊ ဘာပဲဖြစ်ဖြစ် ငါက အပြင်ထွက်ဖို့ ကြောက်နေမှာ သေချာသလောက်ပဲဆိုတော့လေ”

“...”

လျိုကျား မျက်လုံးမှိတ်လျက် - “နင်တို့အားလုံး ငါ့ဟာကို သုံးလို့ရပါတယ်”

ဒါပေမဲ့ စုကျိုက တစ်ခုခုကိုမေ့နေသလို ခံစားနေရပြီး၊ အခု အုပ်ချုပ်ရေးမှူး ဟူကျဲကျင့်ရဲ့ အထင်သေးတဲ့ အကြည့်တွေကိုမြင်မှပဲ သူမ ရုတ်တရက် သတိရသွားတော့သည်။

အထူးသဖြင့် ဟူကျဲကျင့်က တာဝန်ပြီးလို့ ထွက်ခွာဖို့ ပြင်ဆင်ရင်း တံခါးကို ဖွင့်လိုက်တဲ့အခါမှာ ဖြစ်သည်။ အတွင်းထဲမှာ အနီရောင်စာရွက်တွေ ကပ်ထားတဲ့ စင်တွေနဲ့ ရတနာဗီရိုတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။

【ရှင်းမို့နှစ်၊ ဆရာသခင်ချန်း၏ ရတနာသေတ္တာ】

【တင်းချောင်နှစ်၊ ကျောက်ခေါင်းဆောင်၏ ရတနာသေတ္တာ】

【တင်းယို့နှစ်၊ ချန်မိသားစု၏ ရတနာသေတ္တာ】

ဪ... စုကျို သတိရသွားပြီ။ ယင်လီ စုကျိုအကြည့်နောက်ကို လိုက်ကြည့်ရင်း ထိုသိုလှောင်သေတ္တာများကို မြင်ချိန် ပြုံးလိုက်မိသည်။

“အားကျို... ဒါကယ နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့တဲ့ ရတနာသေတ္တာတွေလေ”

“အရင်က အဆင့်တက်သွားတဲ့သူတွေ၊ အင်အားကြီးမျိုးနွယ်စုတွေနဲ့ ဆရာသခင်တွေက သူတို့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို သူတို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် ချန်ထားခဲ့ကြတာ”

ယင်လီက ထိုရတနာသေတ္တာတွေကို ကြည့်ပြီး နှုတ်ခမ်းမဲ့ကာ - “ငါတော့ အဲ့လူတွေကို အရမ်းအားကျတာပဲ”

“နှမြောစရာကောင်းတာက ငါတို့မှာ ဘာနောက်ခံမှ မရှိဘူးလေ၊ ငါတို့က ဘယ်အင်အားကြီးမျိုးနွယ်ရဲ့ သားသမီးမှ မဟုတ်ကြဘူး”

“မဟုတ်ရင်တော့ အဆင့် ၃၀ ရောက်တာနဲ့ မိသားစုက ချန်ထားခဲ့တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အမွေဆက်ခံလို့ ရနေပြီ”

စုကျို ပြုံးလျက် သူမကို လှည့်ကြည့်လိုက်သည်။

“နင်လည်း တစ်ခုလောက် လိုချင်လို့လား?”

ကျူးပိုင်ယွီ၊ စုကျီကျီနဲ့ စုရှင်းချန်တို့ရဲ့ အမူအရာတွေက ထူးဆန်းသွားကြသည်။

“ဘယ်သူက အားမကျဘဲ နေမှာလဲ—”

ယင်လီ စကားပြောလို့ မဆုံးသေးခင်မှာပဲ စုကျို သူ့ခါးက အိတ်ထဲနှိုက်နေသည်ကို သတိပြုမိလိုက်သည်။ သူမ ရွှေစီထားတဲ့ ကျောက်စိမ်းနဂါး ဆွဲသီးတစ်ခုကို ဆွဲထုတ်လိုက်သည်။

[ ဝိညာဉ်ပိုးဖလံဂေဟာ ကျင်းမိသားစုသိုလှောင်ရုံ - ရွှေချည်မျှင်ပိုးအိမ် တစ်လုံး၊ ရွှေနှင့် ကျောက်စိမ်း ပိုးလောင်းဖောက်ပြား တစ်စုံ၊ အစာကျွေးသည့် အဆောင် တစ်စုံနှင့် အဆင့်မြင့် ကျင့်ကြံခြင်းကျင့်စဉ် တစ်ခုကိုထုတ်ယူရန်။ ]

“!”

“!!!”

ကျင်းမိသားစု ?

ဘယ်က ကျင်းမိသားစုလဲ ?

ဒါကတော့ ပြောရရင် ဇာတ်လမ်း နည်းနည်းရှည်သည်။ ကျူးပိုင်ယွီ လက်လှမ်းလိုက်ပြီး စကားပြောဖို့ဟန်ပြင်သော်လည်း တွန့်ဆုတ်နေသည်။ သို့သော် ယင်လီ ထိုကျောက်စိမ်းဆွဲသီးအား ထိလိုက်သည့်ခဏမှာပင် သတင်းအချက်အလက်တွေအများကြီး သူ့ခေါင်းထဲ စီးဝင်လာတော့သည်!

စုကျိုရဲ့ ငါးနံပါတ် ၅ ဖြစ်တဲ့ ကျင်းချန်ဟာ လူမှုဆက်ဆံ ရေးနယ်ပယ်ကျယ်ပြန့်ပြီး ထူးချွန်သူတွေကို စည်းရုံးနိုင်ခဲ့သူ ဖြစ်သည်။ သူက ဒီကျောက်စိမ်းဆွဲသီးကို ပထမထပ်က ပါရမီရှင်ဟောင်း ငါးနံပါတ် ၆ ဖုရှင်းကို ပေးခဲ့သည်။ ဖုရှင်း သေဆုံးသွားတဲ့အခါမှာတော့ ဒီဆွဲသီးအား ချန်ကျိုး တိတ်တဆိတ်ရယူခဲ့သည်။ ယခုမူ ဒါ ဖုရှင်း၏အကြွေးတွေအတွက် အစားထိုးသည့်အနေနှင့် စုကျိုလက်ထဲသို့ရောက်ရှိနေပြီ ဖြစ်သည်။

“သူတို့တွေက တကယ့်တိရစ္ဆာန်တွေပဲ”

စုကျို လက်နှစ်ဖက်ကို ကောင်းကင်ဘက်သို့မြှောက်ကာ စုလိုက်ရင်း ပြောသည်။

“အလှည့်အပြောင်းတွေ အများကြီးကြုံပြီးတဲ့နောက်မှာတော့ သူတို့က ဒါကို ငါ့ကိုအတင်းလက်ခံခိုင်းနေကြတာ”

“သူတို့အားလုံး အေးချမ်းစွာအနားယူနိုင်ကြပါစေ”

“!!!”

စုကျို ကျင်းမိသားစုပစ္စည်းများကို ထုတ်ယူဖို့အတွက် ထိုနဂါးဆွဲသီးအားသုံးပြီး ဖဲချပ်တွေ ချိုးသလိုမျိုး ကတ်ပြားကိုးခု မြန်မြန်ဆန်ဆန်ထုတ်ယူလိုက်သည်။

“…!”

“…………”

သူမ ရှေ့ကို တစ်လှမ်းတိုးလာတဲ့ အုပ်ချုပ်ရေးမှူး ဟူကျဲကျင့်ကို လက်လှမ်းပြလိုက်ပြီး

“အုပ်ချုပ်ရေးမှူးဟူ၊ ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ ကျင်းမိသားစုက ပစ္စည်းတွေလာထုတ်တာပါ!”

🥝 Chapter 66

ဟူကျဲကျင့်သည် တာဝန်ဆင်းရန် ပြင်ဆင်နေပြီး သုံးလှမ်းခန့်ပင် လှမ်းသွားပြီးပြီဖြစ်သည်။

ဤစကားကို ကြားလိုက်ရသောအခါ သူသည် နောက်သို့လှည့်ကြည့်လိုက်ပြီး ထိုနေရာမှာတင် မှင်သက်သွားတော့ သည်။

စုကျိုလက်ထဲ ရွှေနှင့်ကျောက်စိမ်းများစီခြယ်ထားသည့် ရတနာတစ်ပါးဖြစ်သော ‘ပန်လုံ’ (နဂါးရုပ်) ဆွဲသီးများ အမှန်တကယ် ရှိနေသည်ကို သူ မြင်လိုက်ရသည်!

ဤဆွဲသီး တစ်ခုချင်းစီသည် ရတနာသေတ္တာအားဖွင့်နိုင်သည့်သော့များပင်။

များသောအားဖြင့် အလွန်ကံထူးသူများ၊ သို့မဟုတ် မသေမျိုးများနှင့် အင်အားကြီးကျင့်ကြံရေးမျိုးနွယ်စုများမှ တိုက်ရိုက်ဆင်းသက်လာသူများသာ ဤကဲ့သို့သော အရာမျိုးကိုပိုင်ဆိုင်နိုင်ကြသည်။

ဟူကျဲကျင့်သည် စုကျိုလက်ထဲရှိ ဆွဲသီးဆယ်ခုကိုမျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်! ၎င်းတို့သည် အမှန်ပင် ကျင်းမိသားစုမှ ဖြစ်သည်။

ဆွဲသီး... ဆယ်ခုတောင်...

“ဟင်? လွန်ခဲ့တဲ့ တစ်နှစ်က ဒါတွေအားလုံးဟာ ကျင်းချန်ရဲ့ နာမည်အောက်မှာရှိခဲ့တာပဲ”

ဟူကျဲကျင့် ပန်လုံဆွဲသီးများကိုယူလိုက်ပြီး စစ်ဆေးရန် လက်ဟန်ခြေဟန်ဖြင့် ကျွမ်းကျင်စွာပြုလုပ်လိုက်ရာ၊ ဆွဲသီးများ၏ကျောဘက်တွင် ထူးခြားသော ပန်လုံပုံစံမှတ်တမ်းကိုတွေ့ရှိလိုက်ရသည်။

【 ကျင်းမိသားစု - ကျင်းချန် ထုတ်ယူခွင့် 】

အဆင့် ၃၅ ရဲ့ ထိပ်တန်းတပည့်ဖြစ်သူ ကျင်းချန်ဟာ သူတို့ရဲ့ ထူးချွန်တဲ့ မျိုးဆက်သစ်တွေအတွကချန်ထားတဲ့ ကျင်းမိသားစုရဲ့ ကျင့်ကြံရေး အရင်းအမြစ်ဆယ်စုစာကို တခြားသူတွေကို တကယ်ပေးလိုက်တာပေါ့!

တကယ်ရက်ရောတဲ့ လုပ်ရပ်ပဲ!

“ခဏစောင့်ဦး”

ဟူကျဲကျင့်သည် အခန်းထဲသို့ အမြန်ဝင်သွားပြီး မကြာမီမှာပင် ရတနာခန်းမရှိ ညာဘက်အပေါ်ဆုံးမှ ရတနာသေတ္တာ ကိုဖွင့်လိုက်သည်။

အတွင်းထဲတွင် ပိုးကောင်မွေးမြူရန် ရွှေချည်မျှင်ပိုးအိမ်တစ်လုံး၊ အဆင့်မြင့် “ပိုးမွေးမြူရေးလမ်းညွှန်” တစ်အုပ်၊ ပိုးဥများအတွက် ပုလဲတစ်ဆယ့်နှစ်လုံးစီထားသည့် ကျောက်စိမ်းပြားတစ်ခုနှင့် ပိုးကောင်ဝိညာဉ်များကို မွေးမြူရန် ကံကောင်းစေသော အဆောင်လေးခုပါဝင်သည်!

တစ်စုံလုံးကို ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ တန်ဖိုးရှိသည်။

သေတ္တာအား ဖွင့်လိုက်တိုင်း တစ်စုံစီပေါ်လာတတ်သည်။

သူ တစ်စုံကိုထုတ်ယူလိုက်လျှင် သေတ္တာမှာ အချည်းနှီးဖြစ်သွားသည်။ ထို့နောက် သေတ္တာကိုပြန်ပိတ်လိုက်သည်။ ပြန်ဖွင့်လိုက်သောအခါ နောက်ထပ်တစ်စုံထပ်ပေါ်လာပြန်သည်၊ ဤအတိုင်းပင်...

ဟူကျဲကျင့်သည် သေတ္တာအားဆယ်ကြိမ်ဆက်တိုက် ဖွင့်လိုက်ရသဖြင့် လက်များပင် နာကျင်လာရတော့သည်!

နောက်ဆုံးတွင် ကျင်းမိသားစု၏ကျင့်ကြံရေး အရင်းအမြစ်ဆယ်စုံကို သူ ထုတ်ယူနိုင်ခဲ့သည်။

“ဒီတစ်စုံက ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ တန်ဖိုးရှိတဲ့ အဆင့် ၃၀ ပိုးမွေးမြူရေး အစပြုပစ္စည်းတွေပဲ”

ဟူကျဲကျင့် စုကျိုအားကြည့်လိုက်ရာ၊ သူ့ အမူအရာမှာ အထင်သေးရာမှ တန်ဖိုးထားသည့် အမူအရာသို့ပြောင်းလဲသွား တော့သည်။

“စစ်ဆေးကြည့်လိုက်ဦး”

စုကျို ပြုံးလိုက်သည်။

“ပြဿနာမရှိပါဘူး”

[သခင်လေးကျင်းချန်၊ ယခုလအတွက် အဆင့် ၃၀ ရှိ ပိုးမွေးမြူရေး ကျင့်ကြံခြင်း အရင်းအမြစ်ဆယ်စုံကို မိသားစုစာရင်းမှ ထုတ်ယူခဲ့ပြီးဖြစ်ပါသည်၊ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ ဖြစ်သည်။]

[ယခုလအတွက် မိသားစုမှထုတ်ယူခွင့်ရှိသော ခွဲတမ်းမှာ ကုန်ဆုံးသွားပြီဖြစ်သည်။]

အဆင့် ၃၅ တွင် ထက်မြက်လှသော ပါရမီရှင်လူငယ်ကျင်းချန်သည် တရားထိုင်ကျင့်ကြံနေစဉ် မျက်လုံးပွင့်လာကာ ထိုသတင်းစကားကို မြင်လိုက်ရပြီး ချက်ချင်းမျက်လုံးပြန်မှိတ်လိုက်သည်။

နေပါဦး၊

ဒါ နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား?

ဒါက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ?

[သခင်လေးကျင်းချန်၊ ယခုလအတွက် မိသားစုထံမှ ကျင့်ကြံခြင်းဆိုင်ရာ ထောက်ပံ့မှုကို ရရှိနိုင်တော့မည် မဟုတ်ပါ။]

[သင့် ကျင့်စဉ်အဆင့်အားမြှင့်တင်ခြင်း သို့မဟုတ် ဝိညာဉ်ပိုးဖလံဂေဟာမှ ဆုလာဘ်များ ရရှိပြီး ကျွန်ုပ်တို့၏ အင်အား ကြီးဝိညာဉ်ပစ္စည်းလုပ်ငန်းရှင် ကျင်းမိသားစု၏ဂုဏ်သတင်းကို ပျံ့နှံ့စေခြင်းဖြင့်သာ မိသားစုထံမှဝိညာဉ်ကျောက်တုံး ရန်ပုံငွေကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။]

ကျင်းချန်: “???”

ဒါ ဘာကြီးလဲ!

သောက်ကျိုးနည်း!

ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသော ကွိုင်ငါးပြတိုက်အတွင်း ကျင်းချန်သည် တည်ငြိမ်စွာထရပ်လိုက်သည်။

ဟို ပိုက်ဆံလှေ ပြဿနာပဲ မဟုတ်လား?

လူငယ်လေး ကျင်းချန်၏မာနကြီးသော မျက်နှာမှာ ချက်ချင်းတွန့်သွားရသည်။ သူ ဆက်သွယ်ရေးကျောက်တုံးအား ထုတ်ကာ ချေမွလိုက်ပြီး၊ ကျင်းမိသားစု မြေအောက်လှောင်အိမ်ရှိကြီးကြပ်ရေးမှူးထံသို့ ဒေါသတကြီးလှမ်းပြော လိုက်သည်။

“ချန်ကျိုး အခု ဘာတွေလုပ်နေတာလဲ! သူ ထွက်ပြေးသွားပြီလား ?”

“သခင်လေးကို တင်ပြပါတယ်၊ မဟုတ်ပါဘူး၊ သူ မြေအောက်လှောင်အိမ်ထဲမှာပဲ ရှိနေပါသေးတယ်”

ဒါဆို သူ့မှာ ကြံရာပါတွေ ရှိနေတာပေါ့?

ကျင်းချန်၏မာနကြီးသော ဖီးနစ်မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့်ပြူးကျယ်သွားသည်။ ဘယ်သူက သူ့ကို စောင့်ကြည့်နေတာလဲ?

သူတို့က ဘာဖြစ်လို့ သူ့ကိုပဲ သီးသန့်ပစ်မှတ်ထားပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ပစ္စည်းတွေကိုပဲ ခိုးယူနေကြတာလဲ?

“ချန်ကျိုးကို စစ်ဆေးစမ်း! သူ ဘာလှည့်ကွက်တွေ သုံးထားတာလဲ? ငါ့ရဲ့ ရတနာသေတ္တာသော့ဖြစ်တဲ့ ပန်လုံဆွဲသီးကို သူ ခိုးသွားတာလား!?”

လွန်ခဲ့တဲ့ ငါးနှစ်လုံးမှာ ကျင်းချန် မှတ်မိသလောက်တော့ ဝိညာဉ်ကျောက်တုံး သုံးတုံးသာ ပေးခဲ့ဖူးခြင်းပင်!

တစ်လကို ဝိညာဉ်ကျောက်တုံးဆယ်တုံးစာ သူ ဘယ်က ရလာတာလဲ?

ဒါအမွှေးတိုင်တစ်တိုင် ကုန်အောင်တောင် မခံဘူးလေ။

ကျင်းမိသားစု၏မြေအောက်လှောင်အိမ်တွင် ကျင်းမိသားစုအတွက် နေ့တိုင်း ပန်းပဲထုပေးခြင်းဖြင့် မိမိကိုယ်ကို ရောင်းစားထားသော ချန်ကျိုးသည် မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်လိုအနားယူနေစဉ် နောက်တစ်ကြိမ် ထပ်မံဆွဲ ခေါ်သွားခံရပြီး အပြင်းအထန်အရိုက်ခံရပြန်သည်!

“ပြောစမ်း! မင်း သခင်လေးကျင်းချန်ရဲ့ ပစ္စည်းတွေကို နောက်တစ်ခါ ထပ်ခိုးတာလား?!”

“???”

“ငါတို့ ထပ်သတိပေးဖို့ လိုဦးမလား? ဝိညာဉ်ပိုးဖလံဂေဟာက ရတနာသေတ္တာသော့ ပန်လုံဆွဲသီးအကြောင်းလေ!”

“!!!”

ချန်ကျိုးသည် ဤကိစ္စကို ကျင်းမိသားစုမှ သိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ကျွန်တော် မခိုးပါဘူး၊ ကောက်ရတာပါ”

ထိုစဉ် ပထမထပ်တွင် စုကျိုနှင့် အတန်ငယ်ရင်းနှီးပြီး စံပြအဆင့်ပါရမီရှိသည့် ဖုရှင်းဆိုသည့်ကောင်မှာ အပြင်တွင် ရုတ်တရက် သေဆုံးသွားခဲ့သည်။

ဖုရှင်းတွင် ကောင်းနိုးရာရာ တစ်ခုခုကျန်ခဲ့လိမ့်မည်ဟုတွေးကာ ချန်ကျိုး ၎င်းနေအိမ်သို့ တိတ်တဆိတ် သွားရောက်ရှာ ဖွေခဲ့သည်။

ရလဒ်အနေဖြင့် ကံကောင်းထောက်မစွာဖြင့် ဖုရှင်းအမြဲအိပ်လေ့ရှိသည့် သစ်သားအိမ်ရှိအိပ်ရာအောက်တွင် အဆင့် ၃၀ မှ ၄၀ ကြားရှိ ကျင်းမိသားစု၏ရတနာသေတ္တာများကို ဖွင့်နိုင်သည့်သော့ ‘ပန်လုံဆွဲသီး’ တစ်ခုကို သူ ရှာတွေ့ခဲ့သည်!

ချန်ကျိုး ထိုစဉ်ကပင် ၎င်းကိုဝှက်ထားခဲ့ပြီး အဆင့် ၃၀ သို့ တက်လှမ်းနိုင်သည့်အခါမှ အသုံးပြုရန်ကြံစည်ထားခဲ့ခြင်း ဖြစ်သည်!

သူသည် မိမိ၏ မိခင်ဖြစ်သူကိုပင် ပေးမသိဘဲ မည်သူ့ကိုမျှ ပြောမပြခဲ့ချေ။

ကျင်းချန် ဒါကို ဘယ်လိုသိသွားရပြန်တာလဲ?

ဒီပန်လုံဆွဲသီးက ကျင်းချန်ရဲ့ဟာလား?

ချန်ကျိုးသည် ကြောက်လန့်တကြားဖြင့် ရက်စက်ကြမ်းကြုတ်သော ကျင်းမိသားစု အစောင့်အကြပ်ကို ကြည့်လိုက် သည်။

“ကျွန်တော် ယူခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ ကောက်ရတာပါ! ကျွန်တော် ဒါကို မသုံးရသေးပါဘူး၊ ကျွန်တော်က အခုထိ ပထမထပ်မှာပဲ ရှိနေသေးတာလေ!”

“ဟက်... အံ့ဩစရာပဲ!”

ကျင်းမိသားစု အစောင့်အကြပ်မှာ အမှုတစ်ခုကို ဖော်ထုတ်လိုက်နိုင်သည့် အမူအရာမျိုး ချက်ချင်းပြသလိုက်ပြီးနောက် သူ့လက်ထဲရှိ ဆက်သွယ်ရေးကျောက်တုံးဘက်သို့ ရိုသေစွာ လှည့်လိုက်သည်။

“သခင်လေးကျင်းချန်၊ ကြားလိုက်ရဲ့လားခင်ဗျာ?”

“ချန်ကျိုး ဝန်ခံသွားပါပြီ!”

“ပန်လုံဆွဲသီးနဲ့ သခင်လေးတို့ မိသားစုရဲ့ ရတနာသေတ္တာသော့ ဆယ်ခုကို ခိုးသွားတဲ့သူက ချန်ကျိုးပါပဲ!”

ချန်ကျိုး: “???”

နေပါဦး။

ဘယ်က ဆယ်ခုလဲ?!

သူ တစ်ခုပဲ ယူခဲ့တာလေ!

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ချန်ကျိုးပေါ့လေ ဟုတ်လား? သူ့ကို သေအောင်ရိုက်စမ်း! ဝိညာဉ်ကျောက်တုံး ငါးသိန်း ပြန်ပေးနိုင်တဲ့အထိ ရိုက်!”

“ပိုက်ဆံမရှိဘူးလား? ဒါဆိုရင် သူ့အရေခွံကိုခွာပြီး အလေးချိန်နဲ့ ချိန်ရောင်းပစ်လိုက်!”

နေပါဦး ခဏလေး

ချန်ကျိုးသည် အော်ဟစ်ငိုယိုရင်း သူhလက်မောင်းကို ချိုးလိုက်သော သန်မာသည့် အမျိုးသားကြီးကို စိုက်ကြည့်နေမိသည်!

ချက်ချင်းဆိုသလို သူ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားတော့သည်။ နဂါးဆွဲသီး ဆယ်ခု... ဘယ်လိုလုပ်ပြီး ဆယ်ခု ဖြစ်နေရတာလဲ...

အဲဒီနေ့က ပါရမီကိုးခု... ပြီးတော့ သူ့ရဲ့ ပိုနေတဲ့ သစ်သားခြေထောက်တွေ...

“ဒါ စုကျို လက်ချက်လား... အား!”

“မဟုတ်ဘူး၊ ကျွန်တော် မဟုတ်ဘူး!”

“ဒါ စုကျို...! သူမရဲ့ ထူးဆန်းတဲ့ ပါရမီကြောင့် ဒီလိုဖြစ်ရတာ!”

မြေအောက်လှောင်အိမ် အစောင့်အကြပ်မှာ ချက်ချင်း သူ့လက်မောင်းများကို ဓားဖြင့်မွှန်းကာ ဝိညာဉ်သွေးများညှစ်ထုတ်ပြီး ကျင်းမိသားစု၏ ဝိညာဉ်လက်နက်သွန်းလုပ်သည့် ကန်အတွင်းသို့ ထည့်လိုက်သည်။

“သွေးတွေကို ဖြည်းဖြည်းချင်းထွက်ပါစေ၊ ပိုက်ဆံကိုလည်း ဖြည်းဖြည်းချင်းပြန်ဆပ်ပေါ့! ငါ့ကို လာပြီး ပေါက်ကရတွေ လာမပြောနဲ့၊ ဘာ စုသန်း၊ စုကျိုလဲ...”

“မဟုတ်ဘူး—”

ချန်ကျိုးသည် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားပြီးနောက် အတိတ်က စုကျို နေ့စဉ်နေ့တိုင်း လက်မောင်း အမွှန်းခံရကာ သွေးများ အတင်းအကျပ်အညှစ်ထုတ်ခံခဲ့ရသည့် နာကျင်မှုကို ယခုမှပင် နားလည်သွားတော့သည်။

-

အဆင့် ၃၅

ကျင်းချန်သည် ဆက်သွယ်ရေးကျောက်တုံးကို သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ရာ၊ မာနကြီးသော လူငယ်လေး၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်ဟန် တစ်ခုပေါ်လာသည်။

“စုကျို ?”

တကယ် ရင်းနှီးနေတဲ့ နာမည်ပဲ

ချန်ကျိုးရဲ့ ကြံရာပါလား?

ကျင်းချန် နောက်ဆုံးတော့ သတိရသွားပြီ၊ ပထမထပ်က အသုံးမကျတဲ့ ကျင့်ကြံသူမလေးပဲ

သူ့မျက်နှာ ညိုမည်းသွားပြီးနောက် တစ်ခဏအတွင်းမှာပင် သူ့လက်ချောင်းများကြားတွင် ပိုးစာရွက်တစ်ရွက်ကို စုစည်းလိုက်သည်။

[ အဆင့် ၃၅ ရှိ ကျင့်ကြံသူများအားလုံး သတိပြုရန်! ပထမထပ်မှ စုကျိုအား ဖမ်းဆီးရန် ဆုငွေထုတ်ပြန်လိုက်သည်! ]

[ ပထမထပ်ရှိ ကျင့်ကြံသူများအားလုံး စုကျိုအားဖမ်းဆီးပြီး အင်အားကြီး ဝိညာဉ်ပစ္စည်းလုပ်ငန်းရှင် ကျင်းမိသားစုထံ လွှဲပြောင်းပေးရန်အမိန့်ထုတ်ပြန်သည်။ ဆုငွေအဖြစ် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ပေးမည်! ]

သို့သော် သူ ရေးသားပြီးသည်နှင့် တပြိုင်နက် သူ့လက်ချောင်းထိပ်ရှိ ပိုးစာရွက်မှာပြာအဖြစ် ပြောင်းလဲသွားသည်။

“တောင်းပန်ပါတယ်၊ အဆင့် ၃၅ မှ ကျင်းချန်၊ သင်၏ ယခုလအတွက် ဝိညာဉ်ကျောက်တုံးခွဲတမ်းမှာ တာဝန် ၁၀,၀၀၀ ထုတ်ပြန်ရန် မလုံလောက်ပါ!”

ကျင်းချန်: “?”

ကျင်းချန်: “!”

[ စုကျိုအား ဖမ်းဆီးပြီး လက်နက်ပြုပြင်ရေးမိသားစုဖြစ်သော ကျင်းမိသားစုထံ လွှဲပြောင်းပေးပါက ဆုငွေ ဝိညာဉ် ကျောက်တုံး ၅,၀၀၀ ပေးမည်! ]

“တောင်းပန်ပါတယ်၊ အဆင့် ၃၅ မှ ကျင်းချန်၊ သင်၏ ယခုလအတွက် ဝိညာဉ်ကျောက်တုံး ခွဲတမ်းမှာ တာဝန် ၅,၀၀၀ ထုတ်ပြန်ရန် မလုံလောက်ပါ!”

“ချန်ကျိုး!!!”

“မန်နေဂျာချန်၊ သူ့ကို အသားတွေ ကြေမွသွားတဲ့အထိ ရိုက်စမ်း!”

ကျင်းချန် ဒေါသတကြီးဖြင့် ဝိညာဉ်ပိုးဖလံဂေဟာရှိ သခင်တစ်ရာခန်းမမှ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ချေးယူ ကာ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ တန် ဆုငွေကိုထုတ်ပြန်နိုင်ခဲ့သည်။

တစ်ခဏချင်းမှာပင် စုကျိုအား ဖမ်းဆီးရန် ဆုငွေထုတ်ပြန်ချက်မှာ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်ရှိ ကျင့်ကြံသူတိုင်း ၏လက်ထဲသို့ ပျံသန်းရောက်ရှိသွားတော့သည်!

သို့သော် အောက်ခြေအဆင့် ကျင့်ကြံသူများအားလုံးမှာ ဘာမှမသိနိုးနိုး အမူအရာများဖြင့် မော့ကြည့်လိုက်ကြသည်။

“နတ်သမီးလေးစုလား ?”

“နတ်သမီးလေးစုက ငါတို့ကို ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက်ရအောင် လမ်းပြပေးခဲ့တာ၊ အဆင့် ၃၅ က လူတွေက ဝိညာဉ်ကျောက်တုံး ၅,၀၀၀ လောက်နဲ့ ငါတို့ကိုလာပြီး လာဘ်ထိုးဖို့ ကြိုးစားနေတာလား?”

“ဟွန်း! ပထမထပ်က လူတွေကို အခွင့်အရေးသမားတွေလို့ သူတို့ ထင်နေတာလား!”

“ဒါ့အပြင် နတ်သမီးလေးစုက အခု ပထမထပ်မှာ မရှိတော့ဘူးလေ”

“ဘာတွေဖြစ်နေတာလဲ... ငါတို့က အဆင့် ၃၀ ကို ကျော်ပြီးတော့မှ နတ်သမီးလေးစုကို ဖမ်းဝရမ်းထုတ်ရတယ်လို့...”

“အဆင့် ၃၅ က လူတွေကတော့ တကယ့် အရူးတွေပဲ!”

ပထမထပ် ဘယ်သူမှ ဒီဖမ်းဝရမ်းအား လက်မခံကြချေ။

နောက်ထပ် တစ်နှစ်တာလုံးမှာတော့ ဒီဝရမ်းထုတ်တဲ့ဖြစ်ရပ်ဟာ ‘ယီစီ’နှစ်ရဲ့ ဝိညာဉ်ပိုးဖလံဂေဟာမှာ အထူးဆန်း ဆုံးပုံပြင်ဆယ်ပုဒ်ထဲက တစ်ခုအဖြစ်စာရင်းဝင်သွားတော့သည်။

...

တစ်ဖက်တွင်လည်း ကျင်းချန်၏ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသော စုကျိုမှာ ‘အောက်ခြေခြံဝင်း’ ရှိ သူမ၏ အခန်းသစ်တွင် အေးအေးလူလူ ရှိနေပေပြီ။ ကျယ်ဝန်းလှသော အခန်းထဲတွင် လူသုံးယောက် အတူအိပ်နိုင်လောက် အောင် ကြီးမားသည့်ကျောက်စိမ်းခုတင်အသစ်ကြီး တစ်လုံးရှိပြီး၊ ပထမထပ်မှ သူမ သယ်ဆောင်လာသော အဖိုးတန်ကုလားထိုင် လေးလုံးနှင့် ခြေလေးချောင်းပါ သစ်သားစားပွဲကိုလည်း အခန်းအလယ်တွင်ချထားသည်။

ထို့အပြင် ဤအဆင့် ၃၀ ရှိ အခန်းတွင် ကိုယ်ပိုင်အသုံးပြုရန် အိမ်တွင်းရေပူစမ်းကန်တစ်ခုနှင့် အဝတ်အစားများကို အမြဲမပြတ် ရနံ့သင်းပျံ့သန့်စင်ပေးနေသည့် လိုက်ကာဘောင်တစ်ခုပင် ပါရှိသေးသည်။

စုကျိုမှာ တကယ့်ကို သက်သောင့်သက်သာရှိမှုကိုခံစားလိုက်ရသည်။

သူ နူးညံ့လှသော အိပ်ရာပေါ်သို့ ပစ်လှဲလိုက်ပြီး ဇိမ်ခံနေမိသည်။

ထိုစဉ် သူ့ အခန်းတံခါးဝတွင် ရပ်နေသော လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက်၏အထီးကျန်ဆန်သော ပုံရိပ်များကို သတိပြုမိလိုက်သည်။

“?”

သူ အနီးကပ်ကြည့်လိုက်သောအခါ စုကျီကျီနှင့် စုရှင်းချန် ကလေးနှစ်ယောက်မှာ မိစ္ဆာကြီး ချန်ယွမ်၏ဝတ်ရုံနီစကို ဆုပ်ကိုင်လျက် သူ့နောက်ကွယ်မှနေ၍ ဟိုဘက်ဒီဘက်ချောင်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

သူတို့ ဘယ်လောက်တောင် ကြာကြာရပ်နေကြသလဲ မသိသော်လည်း ကြည့်ရသည်မှာ အလွန်အမင်း အထီးကျန်ဆန် လှသည်။

သူတို့အမူအရာများမှာ လမ်းပေါ်တွင်အစွန့်ပစ်ခံရသည့် ကြောင်ပေါက်လေးနှစ်ကောင်ကဲ့သို့ အားကိုးရာမဲ့ပြီး သနားစဖွယ်ဖြစ်နေသည်။

စုကျိုသည် သူ့ကိုယ် သူ မိသားစုအားပစ်ပယ်ထားသည့် ရက်စက်သော အိမ်ထောင်ဦးစီးမကြီးကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုး ခံစားလိုက်ရသည်။

“ကျဲရဲ့ အခန်းက... အာ... အရမ်းကြီးတာပဲ”

“ခုတင်ကတော့... တစ်လုံးတည်းပဲရှိတာ၊ အခန်းကြီးက ဟာနေတာပဲ”

စုကျီကျီ မျက်နှာနီမြန်းလျက် သူမကို ခိုးကြည့်လိုက်သည်။

စုရှင်းချန် နားရွက်များမှာလည်း ရဲတက်နေသည်။ သူ သူ့ညီမကို တစ်ချက်၊ စုကျိုကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း နှုတ်ခမ်းကို ကိုက်ကာ - “ချန်ယွမ်၊ မင်းကော ဘယ်အခန်းမှာ အိပ်မှာလဲ?”

“ဒီမှာတော့ ထုပ်တန်းတွေ မရှိဘူးနော်” စုရှင်းချန် သူ့ ခြေဖျားကိုသာ အမြန်ငုံ့ကြည့်နေတော့သည်။

စုကျို: “...”

ဒီမှာ အခန်းအလွတ်တွေ အများကြီးရှိနေတာကို၊ တကယ်ပဲ အားလုံးစုပြုံပြီး အတူတူအိပ်ကြရမှာလား ?

စုကျို အခန်းမျက်နှာကျက်ကို မော့ကြည့်လိုက်ရာ ထုပ်တန်းများ အမှန်တကယ်မရှိဘဲ တစ်ပြင်လုံးမှာချောမွေ့နေသည့် ကျောက်စိမ်းအမိုးခုံးကြီးဖြစ်နေကာ၊ ဝိညာဉ်စွမ်းအင်များစုစည်းရန် ဝိညာဉ်ကျောက်တုံးများစီခြယ်ထားသည်။

သူမက ကလေးနှစ်ယောက်၏အင်္ကျီစကို ဖခင်တစ်ယောက်ကဲ့သို့ ဂရုတစိုက် ကိုင်ထားပေးသည့် ဝတ်ရုံနီနှင့် လူငယ် လေး ချန်ယွမ်ကိုကြည့်လိုက်သည်။ သူ့ ကြောက်မက်ဖွယ်ရာအစွယ်ပါသော မျက်နှာဖုံးက သူ့ ခံစားချက်အားလုံးကို ဖုံးကွယ်ထားပုံရသည်။

“ချန်ယွမ်၊ နင် ဘယ်မှာ အိပ်ချင်လဲ? ကြိုက်တဲ့အခန်းကို ရွေးလိုက်လေ”

စုကျိုသည် ငါးပိကောင်လို ပြားပြားဝပ် အိပ်နေရင်းကနေ ထိုမိစ္ဆာလူငယ်လေး၏ရန်ငြိုးပါသော အကြည့်ကို ခံစားလိုက် ရသည်။

ထို့နောက် သူသည် စကားတစ်လုံးမှ မပြောဘဲ ကလေးနှစ်ယောက်ကိုပွေ့ချီကာ ဘေးအခန်းသို့ ခေါ်သွားတော့သည်။

စုကျို သက်ပြင်းချနိုင်တော့သည်။

ကောင်းပြီ။

သူ့ မိသားစုနှင့် ကလေးတွေကိုစွန့်ပစ်ထားသည့် ရက်စက်သော မိန်းမတစ်ယောက်ဟူသည့် အပြစ်ရှိစိတ်မှာ ချက်ချင်း ပျောက်ကွယ်သွားရသည်။

သို့သော် သူမ မျက်လုံးမှိတ်လိုက်ပြီး ခဏအကြာမှာပင် နှင်းပွင့်လေးများ ကြွေကျသကဲ့သို့ ညင်သာသော ခြေဗလာသံ မှာ ကျောက်စိမ်းခုတင်၏အထက်ပိုင်းဆီမှ ထွက်ပေါ်လာသည်။

“...”

စုကျို မျက်လုံးများမှာ ကြေးခေါင်းလောင်းပမာ ပြူးကျယ်သွားသည်။ သူက တကယ်ပဲ အမြင့်မှာနေရတာကို ကြိုက်တာလား?

သူမနဲ့ အခန်းအတူတူနေမှ ဖြစ်မှာလား ?

စုကျို ထထိုင်လိုက်ပြီး ဖန်သားပြင်ကဲ့သို့ကြည်လင်နေသည့် ကျောက်စိမ်းခုတင်၏အပေါ်အမိုးကို ကြည့်လိုက်ရာ ကျောက်စိမ်းကဲ့သို့ လှပသောခြေဗလာတစ်စုံကို မြင်လိုက်ရသည်။

“ချန်ယွမ်၊ ငါတို့ သဘောတူညီချက်တစ်ခု လုပ်ရအောင်”

“နင်... အောက်ကို ဆင်းခဲ့စမ်း!”

ဝတ်ရုံနီနှင့် ပုံရိပ်တစ်ခုမှာ သူမရှေ့တွင် တစ်ခဏချင်းပေါ်လာသည်။

ထင်ရှားသော အရိုးတည်ဆောက်ပုံရှိသည့် လူငယ်လေးသည် ခုတင်ပေါ်ရှိ သူမဘက်သို့ သူ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနူးညံ့သော လက်ဝါးကိုဖြည်းညင်းစွာ ဖြန့်ပြလိုက်သည်။

သူမ စိုက်ကြည့်နေစဉ်မှာပင် သူ့ လက်ဝါးပြင်ပေါ်တွင် ပန်းရောင်သန်းသော ရှက်သွေးများတဖြည်းဖြည်းတက်လာ သည်။

စုကျို မျက်မှောင်ကြုတ်လိုက်ပြီး ၎င်းကို တိုက်ရိုက်ထိကိုင်လိုက်သည်။

အေးစက်သောကျောက်စိမ်းကဲ့သို့ သူ့ မာကျောသော အရိုးများကို သူမ ခံစားလိုက်ရသည်။

ဒါက အခြေခံအဆင့်အထွတ်အထိပ်မှာ ရှိနေတဲ့ မိစ္ဆာကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ်လား?

သူမ အနည်းငယ် ညှစ်ကြည့်လိုက်ရာ သူမ ဝိညာဉ်စွမ်းအင်များမှာ သူ့ကြွက်သားများပေါ်တွင် လွင့်စင်သွားပြီး အတွင်း သို့ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိနိုင်သည်ကို တွေ့ရသည်။

စုကျို မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်ညှစ်ကြည့်ပြန်သည်။

ထိုအခါ ချန်ယွမ်လက်ဝါးမှာ ချက်ချင်းတင်းကျပ်သွားပြီး ပန်းရောင်ရင့်ရင့်ပြောင်းသွားသည်ကို သူ ခံစားလိုက်ရသည်!

သူ့ ကျဉ်းမြောင်းသော စိမ်းဖန့်ဖန့် မျက်ဝန်းများမှာ စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားပုံရသည်။ သူ၏ သွယ်လျ သော လက်ချောင်းများမှာ သူမ လက်ထဲမှအမြန်ရုန်းထွက်သွားပြီး ပြတင်းပေါက်ဆီသို့ နောက်ပြန်ခုန်ကူးသွားတော့ သည်!

သူ ခဏတာတွန့်ဆုတ်နေပြီးမှ အပြင်သို့ တွားသွားထွက်ခွာသွားသည်။

All Chapters