← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

🥝 Chapter 67

“မဟုတ်ဘူးလေ၊ နင်က... ငါနဲ့ အရေပြားချင်း ထိတွေ့တဲ့ လေ့ကျင့်ခန်း လုပ်မလို့ ဒီကို လာခဲ့တာ မဟုတ်ဘူးလား?”

စုကျို သူ့နှာခေါင်းကို ပွတ်လိုက်သည်။

[ ဝိညာဉ်ပိုးဖလံဂေဟာမှ ဖုရှင်း၏ဆံပင်တစ်ပင်ကို စစ်ဆေးတွေ့ရှိရသည်။ ]

သူ ထိတ်လန့်သွားပြီး၊ အိပ်ပျော်ခါနီးတွင် သူ့ ညာဘက်လက်ထဲ၌ ဆုပ်ကိုင်ထားမိသော မီးခိုးဖြူရောင်ဆံပင်တစ်ပင်ကို သတိပြုမိလိုက်သည်။

“?”

ဖုရှင်း?

စုကျို ချက်ချင်းနိုးကြားသွားရတော့သည်။

သူ့ရဲ့ ငါးနံပါတ် ၆ လား ?

သူက ပထမထပ်ရဲ့အပြင်ဘက်မှာ သေဆုံးသွားခဲ့တဲ့ ကျင့်ကြံသူ မဟုတ်ဘူးလား ?

သူက ဘယ်လိုလုပ်ပြီး အဆင့် ၃၀ က အခန်းထဲမှာပေါ်လာရတာလဲ ?

ဒါဆို သူ ဘာဖြစ်လို့ ကျင်းချန်ပေးထားတဲ့ ရတနာသေတ္တာထဲက အရင်းအမြစ်တွေကိုမယူခဲ့တာလဲ ?

စုကျို ဆတ်ခနဲ ထထိုင်လိုက်ပြီး ခုတင်တိုင်ကိုလက်ဗလာဖြင့်ဆွဲကာ အပေါ်သို့ခုန်တက်လိုက်သည်။

အဲဒီမှာ ချန်ယွမ် ခုနကရပ်နေခဲ့တဲ့ ခုတင်အပေါ်ပိုင်းမှာ မီးခိုးဖြူရောင်နဲ့ အနက်ရောင် ဆံပင်နှစ်ပင် သုံးပင် ရှိနေသည်။

[ ဝိညာဉ်ပိုးဖလံဂေဟာမှ ဖုရှင်း ဆံပင်တစ်ပင်ကို စစ်ဆေးတွေ့ရှိရသည်။ ]

[ ဝိညာဉ်ပိုးဖလံဂေဟာမှ ဖုရှင်း ဦးရေပြားမှ ဗောက်များကိုစစ်ဆေးတွေ့ရှိရသည်။ ]

အား!

စုကျို အသက်ရှူမှားသွားရသည်။

သူ့ လက်ကို ဆေးကြောသန့်စင်ပြီးနောက် အခန်းပတ်ပတ်လည်ကို ထပ်မံရှာဖွေတော့သည်။

[ ဖုရှင်း၏ ဝိညာဉ်အသိစိတ် အစအနတစ်ခုကို စစ်ဆေးတွေ့ရှိရသည်! ]

စုကျို အခန်းထဲရှိ ရေပူစမ်းကန်၏အတွင်းဘက် နံရံကျောက်သားကိုထိလိုက်မိသောအခါ သူ့ အမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားရတော့သည်။

ဒါ ဘာတွေ ဖြစ်နေတာလဲ? ပထမထပ်က ထိုသားရဲဖုရှင်းက အဆင့် ၃၀ ကို ရောက်ဖူးတာလား?

မဟုတ်မှ သူ ဒီအခန်းမှာ အရင်က နေခဲ့ဖူးတာလား?

မဟုတ်ရင် ဘာဖြစ်လို့ ရေပူစမ်းထဲမှာ သူ့ဦးရေပြားက ဗောက်တွေ ရှိနေရတာလဲ?!

ကယ်ကြပါဦး!

[ ၃ စက္ကန့်ကြာ ထိတွေ့ပါ။ ]

[ ဖုရှင်း၏ ပါရမီစွမ်းအင်အပိုင်းအစ ၉ ခုကို ကူးယူပြီးပါပြီ။ ]

[ ‘ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ’ ပါရမီစွမ်းအင် ပြည့်စုံရန် နောက်ထပ် အပိုင်းအစ ၅၄ ခုကို စုစည်းနိုင်ခြင်း မရှိပါက ၎င်းသည် အသုံးမဝင်ပါ။ ]

စုကျိုသည် လက်အားဆေးကြောပြီးနောက် သူ့ အိပ်ရာလိပ်ကို မကာ အပြင်သို့ထွက်လာခဲ့သည်။ ဘယ်ဘက်သို့ကွေ့ ကာ စုကျီကျီနှင့် စုရှင်းချန်တို့ရှိနေသော ဘေးအခန်းရှိ ခုတင်ပေါ်ဝင်လှဲလိုက်တော့သည်။

အိပ်မပျော်နိုင် ဖြစ်နေကြသော စုကျီကျီနှင့် စုရှင်းချန်: “!”

“ဟိုဘက်အခန်းက... နည်းနည်း ညစ်ပတ်နေလို့”

စုကျို တစ်ဖက်သို့ လှည့်ကာ စောင်ကိုဆွဲခြုံလိုက်သည်။

“မနက်ဖြန် သန့်ရှင်းရေးလုပ်ပြီးမှ ပြန်သွားအိပ်တော့မယ်”

“ဟုတ်ကဲ့!”

စုကျီကျီနှင့် စုရှင်းချန်တို့ မျက်လုံးများမှာ တစ်ပြိုင်နက်တောက်ပသွားသည်။ သူတို့ သူမကိုတစ်ချက်၊ ထုပ်တန်းပေါ်သို့ ခုန်တက်သွားသော ချန်ယွမ်ကို တစ်ချက်ကြည့်လိုက်ကြပြီးနောက် အရင်ကမခံစားဖူးသော လုံခြုံမှုမျိုးကို ခံစားလိုက်ရ သည်။

“အင်း”

အဆင့် ၃၀ မှာ ကုန်ဆုံးရမယ့် သူတို့ရဲ့ပထမဆုံးညမှာတော့ သူတို့အားလုံး အတူတူအနားယူနိုင်ခဲ့ကြသည်။

နောက်မှ ခွဲအိပ်လည်း နောက်မကျပါဘူးလေ။

မောင်နှမနှစ်ယောက်မှာ ချက်ချင်းပြုံးပျော်လျက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြတော့သည်။

[ သင်သည် ကြယ်ငါးပွင့်မိစ္ဆာချန်ယွမ်၏ ထူးခြားချက်အသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်- အနံ့ခံအာရုံ ထက်မြက်ခြင်း။ ]

[ သင်သည် ကြယ်ငါးပွင့်မိစ္ဆာ ချန်ယွမ်၏ ပါရမီကို ရှာဖွေတွေ့ရှိခဲ့သည်- ပစ္စည်းရှာဖွေခြင်း။ ]

စုကျို မျက်လုံးမှိတ်ထားရင်း မိစ္ဆာကျွန်တံဆိပ်ပြားပေါ်ရှိ အချက်အလက်များကို မြင်လိုက်ရပြီးမှ အိပ်ချင်စိတ်လွှမ်းမိုး သွားတော့သည်။

နောက်တစ်နေ့တွင် လူတိုင်းမှာ ဝိညာဉ်ပိုးကောင်များကိုဖမ်းယူနည်းသင်ယူရန် အတန်းသို့သွားကြသည်။

“ဖုရှင်း ? ဒီဝင်းခြံမှာ အဲဒီလိုလူမျိုး တစ်ခါမှမရှိခဲ့ဖူးပါဘူး”

အတန်းသွားရာလမ်းတွင် လျို့ကျားက စဉ်းစားရင်းပြောသည် - “ငါ ဒီမှာ နေတာ သုံးနှစ်ရှိပြီ၊ အဲဒီလိုလူမျိုး ဒီမှာ မရှိဘူး၊ ရှောင်လု... အရင်ကော ဘယ်လိုလဲ ?”

ယို့လု စဉ်းစားဟန်ဖြင့် - “ငါ ဒီမှာနေတာ အနှစ်ငါးဆယ်ကျော်ပြီ၊ ခဏလောက် စဉ်းစားပါရစေဦး”

ဘာ ?

စုကျို အပါအဝင် လူတိုင်းက စီနီယာအစ်မဟောင်ယို့လုကို အံ့အားသင့်စွာကြည့်လိုက်ကြသည်။

သူမ ဒီအဆင့်မှာကျင့်ကြံနေတာ လျို့ကျားထက် အနှစ်လေးဆယ်တောင်ပိုစောတာပဲ။

“အရင်တုန်းကဆိုရင် ငါက တစ်နှစ်မှာ အခန်းပြင်ကိုတစ်ခါပဲ ထွက်တာလေ၊ မဟုတ်ရင် ငါ သေအောင် အရိုက်ခံရ မှာ သေချာသလောက်ပဲ—”

“အဓိကအချက်ကို ပြောပါဦး” လျို့ကျား မျက်လုံးမှိတ်လျက် ပြောလိုက်သည်။

“ဪ... လွန်ခဲ့တဲ့ အနှစ်ငါးဆယ်အတွင်းမှာ ဖုရှင်း ဆိုတဲ့နာမည်နဲ့ ဘယ်သူမှ ဒီမှာ မနေခဲ့ဖူးဘူး”

ချစ်စရာကောင်းသော စီနီယာအစ်မယို့လုက သူ့ မေးစေ့ကို ပွတ်ရင်း အတိတ်ကို ပြန်ပြောင်းသတိရနေသည်။

“ငါက ငါ့ထက် တော်တဲ့သူတိုင်းကို လေးစားပြီး မှတ်မိနေတတ်တာ”

“‘ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ’ ဆိုတဲ့ ဘွဲ့နဲ့ စံပြအဆင့် ပါရမီရှင်ကျင့်ကြံသူ တစ်ယောက်မှမရှိခဲ့ဘူး”

“အားကျို... နင့်အခန်းမှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ‘တိုးမြှင့်ခြင်း’ဆိုတဲ့ စံပြအဆင့် ပါရမီရှိတဲ့ တစ်ယောက်နေခဲ့ ဖူးတယ်၊ သူ ကျင်းမိသားစုနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိပုံရတယ်”

“ဒါပေမဲ့ သူက အဖွဲ့ထဲကနေ မကြာခင်မှာ ထွက်သွားခဲ့တယ်၊ အဲဒီတုန်းက ငါက ‘အောက်ခြေအဖွဲ့’ ထဲမှာ ဘာမှမဟုတ်တဲ့ အဖွဲ့ဝင်လေးတစ်ယောက်ပဲလေ၊ တစ်နှစ်မှ တစ်ခါပဲ အပြင်ထွက်တာဆိုတော့ အသေးစိတ်တော့ မသိဘူး”

“ဒါနဲ့... နင် ကျင်းကန်းပေါင်ကို မေးကြည့်လို့ရတာပဲ၊ သူက ကျင်းမိသားစုကလေ”

ကျင်းကန်းပေါင် ?

“ဟုတ်တယ်၊ ခဏနေကျရင် ‘ကျောက်စိမ်းတောအုပ်’ မှာ ပိုးကောင်သွားဖမ်းတဲ့အခါ သူ့ကို တွေ့ရလိမ့်မယ်” ယို့လုက ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်သည် - “သူ့ကို မြင်တာနဲ့ တစ်ချက်တည်း တန်းသိမှာပါ”

အဲဒီလိုလား?

စုကျို အနည်းငယ် မျှော်လင့်ချက် ရှိသွားသည်။

“ဒါနဲ့... မောင်လေး၊ ညီမလေးတို့ရေ၊ ဒီနေ့ ငါ့နာမည်က ‘ဟောင်ယို့လု’ မဟုတ်ဘူးနော်”

“ငါ့နာမည်က ‘ပိုင်ယို့လု’”

“??”

လျို့ကျား မျက်လုံးမှိတ်လျက် ပြုံးနေသည် - “...ကြည့်ရတာ ဒီနေ့ နင်နှိုက်တဲ့မဲက အလယ်အလတ်မဲထင်တယ်? ကောင်းတာလည်း မဟုတ်၊ ဆိုးတာလည်း မဟုတ်တဲ့ဟာမျိုးလား?”

စုကျို နှုတ်ခမ်းများ တွန့်သွားသည်။

ယင်လီ ခေါင်းငိတ်ပြသည် - “အလယ်အလတ်မဲပေါ့၊ ကောင်းတာလည်း မဟုတ်၊ ဆိုးတာလည်း မဟုတ်ဘူး၊ ‘ပိုင်ယို့လု’ ဆိုတော့ စိုးရိမ်နေတာက အချိန်ဖြုန်းတာနဲ့ အတူတူပဲ”

“အပြင်ထွက်တာလည်း အလကားခရီး ဖြစ်သွားနိုင်တာပဲလေ” ပိုင်ယို့လု ပြုံးလျက် ပြောသည်။

စုကျီကျီ: “...”

ကျူးပိုင်ယွီ: “...”

အကောင်းဆုံးမဲ နှိုက်မိရင် ‘ဟောင်ယို့လု’ အလယ်အလတ်ဆိုရင် ‘ပိုင်ယို့လု’

ဒါဆို အဆိုးဆုံးမဲ နှိုက်မိရင် ဘယ်လိုခေါ်မလဲ ?

“ဒါက ဒီလိုလုပ်လို့ ရတာလား?”

စုကျို ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။

“ကျဲက နာမည်ကို နေ့တိုင်းပြောင်းလို့ရနေတာကို၊ ဘာလို့ ကျွန်မတို့ အသင်းခေါင်းဆောင် ခြောက်ယောက်ကို စာရင်းသွင်းလို့ မရတာလဲ?”

ပိုင်ယို့လု: “...ဖြစ်နိုင်တာကတော့ ငါ နာမည်ပြောင်းတာက ဒီနေ့ ငါ့ရဲ့ ကံကြမ္မာဆိုးတွေကို သယ်ဆောင်လာ သလားဆိုတာ အဆင့် ၃၀ မှာရှိတဲ့ လူတိုင်းကို အသိပေးဖို့အတွက်ပါ”

ဪ... နားလည်ပြီ

စုကျို သဘောပေါက်သွားသည်။

စကားပြောရင်းနှင့်ပင် သူမသည် အခြားသူများနောက်သို့ လိုက်ပါလာခဲ့ပြီး၊ သခင်တစ်ရာခန်းမရှိ ‘တယ်လီပို့’ ရေတွင်းကို အသုံးပြုကာ ယနေ့၏ဝိညာဉ်ပိုးဖလံ မနက်ခင်းအတန်း တည်ရှိရာ — ‘ကျောက်စိမ်းတောအုပ်’ ပိုးကောင်ဖမ်းကွင်းသို့ ရောက်ရှိလာခဲ့သည်။

နူးညံ့သိမ်မွေ့သော အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦးသည် ‘ကျောက်စိမ်းတောအုပ်’ ဝင်ပေါက်တွင် သူတို့ကို စောင့်ကြိုနေနှင့်ပြီ။

စုကျိုနှင့် အခြား ဝိညာဉ်သန့်စင်ခြင်းအဆင့် တပည့်နှစ်ဦးကို မြင်သောအခါ၊ အုပ်ချုပ်ရေးမှူး ‘ရုယွီ’ မှာ သိသိသာသာ အံ့အားသင့်သွားသော်လည်း၊ မကြာမီမှာပင် သူတို့ကို နူးညံ့စွာပြုံးပြလိုက်သည်။

“ဒီနေ့ရဲ့ ပိုးကောင်ဖမ်းယူမှုကိုတော့ အသင်းငယ်လေးတွေ ခွဲပြီးလုပ်ဆောင်သွားပါမယ်”

“အတွေ့အကြုံရှိတဲ့ စီနီယာတပည့်တွေက တပည့်သစ်တွေကို ကူညီပေးရမှာဖြစ်သလို၊ အတူတူ ကျင့်ကြံတိုးတက် အောင် လုပ်ဆောင်ကြရပါမယ်”

“မှတ်ထားပါ၊ ကျောက်စိမ်းတောအုပ်က ပိုးကောင်တွေက ကြောက်တတ်ပြီးနုနယ်ကြတယ်၊ အကယ်၍ နင်တို့ သူတို့ကိုတွေ့ရင် ရွှေသော့ကို အသုံးပြုပြီး ပိုးအိမ်တွေထဲ ထည့်ပါ၊ ပြီးတော့ ပိုးမွေးမြူရေးကျင့်စဉ်တွေနဲ့ဂရုတစိုက် ကျွေးမွေးပါ”

“ပြီးတော့... တစ်လကို ပိုးကောင်အရေအတွက် အကန့်အသတ်ပဲ ရှိတာမို့လို့ ဒီနေ့မှာ တပည့်တွေအချင်းချင်း တရားမျှတစွာ ယှဉ်ပြိုင်ခွင့် ရှိပါတယ်”

“မှတ်ထားရမှာက... ဘယ်သူ့ကိုမှ တမင်သက်သက် ထိခိုက်အောင် မလုပ်ရဘူး၊ ပိုးကောင်တွေကိုလည်း မပျက်စီးစေရဘူး”

“အကယ်၍ ငါ့ရဲ့ အကူအညီ လိုအပ်ရင် တပည့်ခါးချိတ်ပြားကို ကိုင်ပြီး ငါ့ကို လှမ်းခေါ်လိုက်ပါ!”

“ကဲ... ပိုးကောင်ဖမ်းယူခြင်း လေ့ကျင့်ခန်း၊ စတင်လိုက်ကြတော့!”

အမျိုးသမီးအုပ်ချုပ်ရေးမှူး စကားပြောပြီးနောက်၊ ကျောက်စိမ်းတောအုပ် ဝင်ပေါက်တွင် တရားထိုင်လျက် အနားယူ နေလိုက်သည်။

စုကျိုသည်လည်း သူ့ ဝိညာဉ်စစ်ဆေးရေးလက်ပတ်ပေါ်တွင် ပေါ်လာသော ‘ပိုးကောင်ဖမ်းယူခြင်း တာဝန်များ’ ကို တွေ့လိုက်ရသည်... ပိုးကောင်တစ်ကောင်လျှင် ဝိညာဉ်ကျောက်တုံး ၅၀၀ မှ ၁၀၀၀ အထိ တန်ဖိုးရှိသည်။

သူ့ မျက်လုံးများ တောက်ပသွားသော်လည်း၊ တစ်ခဏအတွင်းမှာပင် စိန်ခေါ်စာတစ်စောင်၏တိုက်ခိုက်ခြင်းကိုခံလိုက် ရသည်။

“အောက်ခြေအသင်း!”

“ငါတို့ရဲ့ ‘ကောင်းကင်လက်နက်အသင်း’ က ဒီနေ့ကျောက်စိမ်းတောအုပ်မှာ နင်တို့ကို စိန်ခေါ်တယ်!”

ချက်ချင်းပင်၊ အသားမည်းမည်း ဝဝနှင့် ဝတ်ရုံပေါ်တွင် ‘ဝိညာဉ်လက်နက်ပညာရှင် ကျင်းမိသားစု’၊ ‘ကျင်းကန်းပေါင်’နှင့် ‘ငါ့အစ်ကိုက အဆင့် ၃၅ ရဲ့ ရွှေရောင်ထွန်းတောက် အသင်းခေါင်းဆောင်’ ဟူသော စာသားများ ထိုးထားသည့် လူတစ်ယောက်ပေါ်လာသည်။

စုကျို ရုတ်တရက် သဘောပေါက်သွားပြီး သူ့ဘေးက ပိုင်ယို့လုကိုလှမ်းကြည့်လိုက်သည်။

ပိုင်ယို့လုက သူမကို ပခုံးတွန့်ပြသည် - “တွေ့တယ်မလား? တကယ်သိသာနေတာပဲ မဟုတ်လား?”

“ဟားဟားဟားဟား၊ အောက်ခြေအသင်း! မနေ့ညက နင်တို့ အပြင်က အစွမ်းထက်တဲ့လူ လေးယောက်ရှာတွေ့ထား တယ်လို့ ကြားတယ်! ငါတောင် နည်းနည်းလန့်သွားသေးတယ်!”

“ရလဒ်ကတော့ — ဝိညာဉ်သန့်စင်ခြင်းအဆင့် အမှိုက် သုံးယောက်ပါလား၊ ဟားဟားဟားဟား!”

ကျင်းကန်းပေါင် ရှေ့သို့လှမ်းလာသည်။ သူ၏ ကိုယ်ပေါ်မှ ‘ငါ့အစ်ကိုက အဆင့် ၃၅ ရဲ့ အသင်းခေါင်းဆောင်ကျင်းချန်ပဲ’ ဆိုသည့် စိတ်အနှောင့်အယှက်ဖြစ်စရာ အဝတ်အစားပေါ်ရှိ အလင်းရောင်များတဖျတ်ဖျတ်လင်းနေသည်။ သူ စုကျိုနှင့် အခြားနှစ်ယောက်ကိုကြည့်လိုက်သည်။

သို့သော် သူ စကား ဆက်ပြောတော့မည့်အချိန်မှာပင် သူ့ဆက်သွယ်ရေးကျောက်တုံးမှာ ချက်ချင်းလင်းလက်လာသည်။

“ဟင် ? အစ်ကိုကျင်းချန်... အစ်ကို့ညီလေးကို ရှာနေတာလား?” ကျင်းကန်းပေါင် ဖြေရန် ချက်ချင်းပြေးသွားတော့ သည်။

စုကျို: “...”

အကြွေးတောင်းဖို့လမ်းကြောင်းက ထင်ထားတာထက် သိသိသာသာပိုလွယ်ကူနေပါ့လား။

“ဟေး... အဆင့် ၃၀ မှာ တစ်ယောက်ယောက်က အစ်ကိုတို့ကျင်းမိသားစုရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို သုံးနေတယ် ဟုတ်လား ? ဘာ... ပိုးမွေးမြူတဲ့ ရွှေအိမ် ဆယ်လုံးတောင်ထုတ်သွားတယ်?”

ကျင်းကန်းပေါင် အသံမှာ အလွန်ကျယ်လောင်လှပြီး ဒေါသများဖြင့်ပြည့်နှက်နေသည်။

“ဘယ်သူကများ ဒီလောက်သတ္တိကောင်းနေရတာလဲ?”

စုကျိုနှင့် ကျန်လူ ခုနစ်ယောက်စလုံးမှာ ချက်ချင်းထူးဆန်းသော အမူအရာများဖြစ်သွားကြတော့သည်။

“အဆင့် ၃၀ က တစ်ယောက်ယောက်က အောက်ခြေအဆင့် အမှိုက်တွေဖြစ်တဲ့ ချန်ကျိုး၊ စုကျိုတို့နဲ့ ပူးပေါင်းနေ တယ်လို့ အစ်ကို သံသယရှိနေတာလား?! ကောင်းပြီ... အဆင့် ၃၀ မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ညီလေး အသေအချာ စုံစမ်းပေးပါ့မယ်!”

‘အောက်ခြေအဆင့် အမှိုက်’ စုကျို ပြုံးလိုက်ပြီး ဖုန်းပြောရင်း အလုပ်ရှုပ်နေသော ကျင်းကန်းပေါင်ရှိရာသို့ လမ်းလျှောက်သွားသည်။

သူ ကျင်းကန်းပေါင်၏ပုခုံးကို ပုတ်လိုက်သည်။

“ဘာလဲကွ! အလုပ်ရှုပ်နေတာကို!”

ကျင်းကန်းပေါင် ဒေါသတကြီး နောက်သို့လှည့်ကြည့်ပြီး စုကျိုကို စိုက်ကြည့်လိုက်သည်။

“ဟေး... အစ်ကိုကျင်းချန်ကိုပြောတာ မဟုတ်ပါဘူးနော်...”

“စိတ်မပူပါနဲ့ အစ်ကို၊ အဆင့် ၃၀ မှာ ဒီလိုကျိန်စာသင့်တဲ့ကောင် ရှိနေတယ်ဆိုရင် ကျွန်တော် သေချာပေါက် ရှာပေးပါ့မယ်—”

“ဟေး... ဟေး... ဟေး... အစ်ကိုကျင်းချန်?”

ကျင်းချန်ကတော့ မာနကြီးစွာဖြင့် ဆက်သွယ်မှုကို ဖြတ်တောက်သွားပြီဖြစ်ကြောင်း ကျင်းကန်းပေါင် ကျိန်ဆိုရဲသည်။

“အဲ့ဒါ နင့်ကြောင့်၊ ငါ အစ်ကိုကျင်းချန်နဲ့ စကားပြောနေတာကို...”

သူ စကားမဆုံးသေးခင်မှာပင် သူ့ရှေ့တွင် ပြုံးနေသော ကျင့်ကြံသူမလေးကို စိုက်ကြည့်လိုက်မိသည်။

သူမ ခါးတွင် ချိတ်ဆွဲထားသော ရွှေရောင်ပိုးအိမ်၊ ပိုးမွေးမြူရေး ကျောက်စိမ်းပြားနှင့် ပိုးထိန်းချုပ်သည့် ကံကောင်းစေ သော အဆောင်လေးခုကို သူ မြင်လိုက်ရသည် —

ဒါတွေက ကျင်းမိသားစုရဲ့ တပည့်ခံစားခွင့် အစုံလိုက်ကြီးပဲ!

“!”

ကျင်းကန်းပေါင် ခဏတာမှင်သက်သွားပြီးနောက် စုကျိုကို လက်ညှိုးထိုးကာ - “နင်...”

“ငါ ဘာဖြစ်လဲ?”

စုကျို ပြုံးလိုက်ပြီး သူ့မယဉ်ကျေးသော လက်ချောင်းများကိုဆွဲညှစ်လိုက်သည်။ ထို့နောက် မျက်လွှာချကာ သူ့ကိုယ် ပေါ်ရှိ ‘ကျင်းချန်က ငါ့အစ်ကို’ ဟု တစ်ကမ္ဘာလုံးကိုကြေညာနေသည့် ထိုးကွင်းပုံစံကိုကြည့်လိုက်သည်။

ဟက်~

စုကျို ပြုံးစိစိဖြင့် - “ကျင်းမိသားစုက မောင်လေး... နင့်အစ်ကိုကျင်းချန်ရဲ့ အကြွေးကို နင် ပြန်ဆပ်ပေးချင်တာလား?”

ကျင်းကန်းပေါင် လွှတ်ခနဲ ပြောလိုက်သည် - “ဒါပေါ့! ငါ့အစ်ကို ကျင်းချန်အတွက် ငါ့ အသက်ကိုတောင် ရင်းရဲတာပဲ၊ ဘာဖြစ်လဲ! ဟမ်?”

ဘာ ?

ဘာ အကြွေး ပြန်ဆပ်တာလဲ ?

ကျင်းကန်းပေါင် မျက်လုံးများ ပြူးကျယ်သွားသည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ တစ်ခဏအတွင်းမှာပင် သူ့နဖူးပေါ်ရှိ ‘၃၅၅’ အသင်းအဆင့်သတ်မှတ်ချက်မှ အနက်ရောင်ချည်မျှင်မျှင်လေးတစ်ခုထွက်ပေါ်လာပြီး၊ စုကျို နဖူးပေါ်ရှိ ‘၃၉၉’ နှင့် ရောယှက်ကာ ပိုးစာရွက်ပုံစံ ကတိကဝတ်တစ်ခု ဖြစ်ပေါ်လာတော့သည်။

“အသင်းခေါင်းဆောင်!”

ဤအဆင့်တွင် အဆင့် ၃၅၅ ရှိသော ကောင်းကင်လက်နက်အသင်းမှ အခြားအဖွဲ့ဝင်များမှာ ထိတ်လန့်သွားကြသည်။

“သစ္စာစကား ပိုးစာကတိကဝတ်လား?”

သူတို့အော်ဟစ်လိုက်စဉ်မှာပင် သူတို့နဖူးရှိ ‘၃၅၅’ အသင်းဝိညာဉ်ပုံစံမှ အနက်ရောင်ချည်မျှင်တစ်ခုစီ ထွက်ပေါ်လာ ပြီး စုကျိုရှေ့ရှိ ပိုးစာကတိကဝတ်နှင့်ပေါင်းစည်းသွားသည်။

တစ်ခဏချင်းမှာပင် ပိုးစာကတိကဝတ်မှာပိုမိုကြီးမားလာတော့သည်။

စုကျို ဇဝေဇဝါဖြင့် နောက်သို့လှည့်ကာ ယင်လီကိုကြည့်လိုက်သည်။

ယင်လီ ခေါင်းငြိမ့်ပြသည်။

“မမှားဘူး၊ အဆင့် ၃၀ အထက်မှာ အသင်းဝင်တွေဟာ ဂုဏ်သိက္ခာနဲ့ အရှက်ရမှုကို အတူတူ ခံစားကြရတယ်၊ ပြိုင်ပွဲ စတင်တာနဲ့ အသင်းခေါင်းဆောင်က ဆုံးဖြတ်ချက်ချပြီး အသင်းတစ်သင်းလုံးကိုအမိန့်ပေးနိုင်တယ်”

စုကျို ခဏမျှ ပြုံးလိုက်သည်။

သစ္စာစကား ပိုးစာကတိကဝတ်မှာ လေထဲအပြည့်အဝ ဖြစ်တည်လာပေပြီ!

[ ကောင်းကင်လက်နက်အသင်းဝင်များသည် အကြွေးပြန်ဆပ်ခြင်းဟု မှတ်ယူကာ စုကျိုအား ထိတွေ့ခွင့်ကိုလိုလိုလား လား ခွင့်ပြုခဲ့သည်။ ]

[ ကောင်းကင်လက်နက်အသင်းဝင်များသည် နောက်ဆက်တွဲ အကျိုးဆက်အားလုံးကို ခံယူပါမည်။ ]

ကောင်းကင်လက်နက်အသင်း: “?”

ကျင်းကန်းပေါင်: “?”

အတွေ့အကြုံရင့်ကျက်သည့် အမူအရာဖြင့် ကျူးပိုင်ယွီဝင်ပြောလိုက်သည် - “အားလုံးပဲ... ခန္ဓာကိုယ် ထုံကျဉ်စေတဲ့ ဆေးလုံး လိုချင်ကြလား ? ကျွန်တော် စစ်ဆေးပြီးပြီ၊ အဆင့် ၃၀ မှာ ဒါကို ဝယ်လို့မရဘူး”

“အခု ကျွန်တော့် ဆီက ဝယ်မယ်ဆိုရင် ငါးရာပဲ ကျသင့်မှာပါ—”

သူ စကားမဆုံးခင်မှာပင် ကျင်းကန်းပေါင်က လှောင်ပြုံးဖြင့် ဖြတ်ပြောလိုက်သည် - “ဘာပေါက်ကရတွေလဲ! ငါတို့လို အခြေခံအဆင့် ကျင့်ကြံသူတွေက သာမန်ခန္ဓာကိုယ်ထုံဆေးကို ဘာလုပ်ဖို့လိုမှာလဲ ? နင်တို့လို အောက်တန်းစားတွေ လာပြီး လူရယ်စရာ မလုပ်ကြစမ်းနဲ့!”

သူ စကားပြောပြီးသည်နှင့် သူ၏ ဦးခေါင်းနောက်ဘက်တွင် ထူးဆန်းသော ပုတ်ခတ်မှုကို ခံစားလိုက်ရသည်!

“???”

“!!!”

🥝 Chapter 68

ကျောက်စိမ်းတောအုပ်အတွင်း၌ ကျင်းကန်းပေါင်က စုကျိုတို့အဖွဲ့ထံသို့ ပစ်ပေါက်လိုက်သော စိန်ခေါ်စာသည် အသင်း နှစ်သင်းကို နယ်နိမိတ်အဖြစ်သတ်မှတ်ကာ တိုက်ပွဲဝင်တယ်လီပို့အစီရင်စုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

[ ကျောက်စိမ်းတောအုပ်ရှိ သီးသန့်တိုက်ပွဲနေရာသို့ တယ်လီပို့လုပ်တော့မည်။ ]

[ ကျောက်စိမ်းတောအုပ် သီးသန့်တိုက်ပွဲ- တစ်နာရီအတွင်း တန်ဖိုးအရှိဆုံး ပိုးဥများကို အများဆုံးဖမ်းနိုင်သူက အနိုင်ရ မည်! ]

[ အသင်းသားအချင်းချင်း သတ်မှတ်ထားသော နယ်ပယ်အတွင်း တိုက်ခိုက်ခွင့်ရှိသော်လည်း တပည့်အချင်းချင်း တမင်တကာ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းမပြုရ၊ မဟုတ်ပါက ကုသိုလ်အကုသိုလ်ခန်းမမှ မိုးကြိုး ငါးတန်ပြစ်ဒဏ်ကို ရင်ဆိုင်ရမည်! ]

[ တိုက်ပွဲခက်ခဲမှုအဆင့်- အခြေခံအဆင့် အနိမ့်စား ]

[ တိုက်ပွဲဆုလာဘ်နှင့် ဒဏ်ကြေး- ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀! ]

[ ကောင်းကင်လက်နက်အသင်း- ၁၀ ယောက် ]

[ အောက်ခြေအသင်း- ၇ ယောက် ]

ကျင်းကန်းပေါင်သည် မိမိရှေ့ရှိ ကောင်းကင်ကျောက်တုံးပေါ်မှ တိုက်ပွဲသတင်းအချက်အလက်များကို ကြည့်လိုက်ပြီး နောက်၊ မည်သည့်အချိန်က အသင်းသားများကြားထဲသို့ ပြန်ဆုတ်သွားမှန်းမသိသော အားနွဲ့သည့်ပုံစံရှိသည့် ကျင့်ကြံသူမလေး စုကျိုကိုလှမ်းကြည့်လိုက်သည်။

သူက တော်တော်လေး လှသားပဲ...

မဟုတ်သေးဘူး!

“ခုနက ငါ့ခေါင်းကို ဘယ်သူရိုက်လိုက်တာလဲ ?”

ကျင်းကန်းပေါင်သည် သူ့ဦးခေါင်းနောက်ဘက်ကို ပွတ်ရင်းလှည့်ကြည့်လိုက်သည်။

သူ့နောက်တွင်ရပ်နေသော ကောင်းကင်လက်နက်အသင်းသားများကို သူ စိုက်ကြည့်လိုက်သည်!

“နင်တို့တွေ လွန်မလာကြနဲ့နော်?”

ကျင်းကန်းပေါင် ဒေါသထွက်သွားသည်။ သူ တခြားအသင်းကို စိန်ခေါ်နေတာကို၊ သူ့အသင်းသားတွေက သူ့ကို လာရိုက်ရဲတယ်လား ?

ကောင်းကင်လက်နက်အသင်းတွင် လူဆယ်ယောက်ရှိပြီး တန်းစီလျက် ကျင်းကန်းပေါင်နောက်တွင် ပေါ့ပေါ့ပါးပါးရပ် နေကြသည်။

စွပ်စွဲချက်ကို ကြားလိုက်ရသောအခါ ရှေ့တန်းမှ လေးယောက်မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာမျက်မှောင်ကြုတ် သွားကြသည်။

အထူးသဖြင့် ကျင်းကန်းပေါင်နောက် တည့်တည့်တွင် ရပ်နေသော ဒု-အသင်းခေါင်းဆောင်ပင်!

“ဒုတိယအစ်ကို၊ အစ်ကို ကျွန်တော့်အပေါ် ပြဿနာရှိလို့လား?”

ဒု-အသင်းခေါင်းဆောင်မှာ ဇဝေဇဝါဖြစ်သွားသည်၊ သူ လက်တောင်မလှုပ်ရသေးချေ။

“တတိယညီလေး၊ ဒါ မင်း လက်ချက်လား ?”

“ဟင် ? မဟုတ်ပါဘူး!”

“ကျွန်တော်တို့ လက်တစ်ဖက်တောင် မလှုပ်ရသေးဘူး”

ကျင်းကန်းပေါင် မျက်မှောင်ကြုတ်လိုက်သည်။ ဒါ ငါ့စိတ်ထင်လို့ပဲလား?

ဟိုလူသစ် ကျူးပိုင်ယွီကလည်း အဆင့် ၃၀ မှာ ဝယ်မရတဲ့ ခန္ဓာကိုယ်ထုံဆေးလိုမျိုး အသုံးမကျတဲ့အရာတွေကို ဈေးကြီးကြီးနဲ့ လာရောင်းနေသေးတယ်။

ဒီအရူးက ဘာကို ဆိုလိုတာလဲ?

“ခေါင်းဆောင်၊ ခုနက သူ ခေါင်းဆောင်ကို တစ်ခုခု ထူးထူးဆန်းဆန်းထိလိုက်လို့လား၊ အဲဒီ ပိုးစာကတိကဝတ်နဲ့ ပတ်သက်နေမလား ?”

“မဖြစ်နိုင်တာ၊ သူ့ပါရမီက ပွားများခြင်းဆိုတာ ငါသတင်းရထားတယ်၊ ဒါပေမဲ့ ထွက်နှုန်းလေးဆပဲထွက်တာဆို တော့ ပြောပလောက်စရာမရှိပါဘူး”

“ဘာခန္ဓာကိုယ်ထုံဆေးလဲ ? အဲ့ဒါ လူကြောက်အောင် လျှောက်ပြောနေတာ!”

ကျင်းကန်းပေါင် သူ့ကိုတိုက်ခိုက်လာသည့် မည်သည့်ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုကိုမျှ မခံစားရသဖြင့် ၎င်းကို လျစ်လျူရှုလိုက်တော့သည်။

သူသည် တယ်လီပို့အစီရင်စုအတွင်း ပိတ်မိနေပြီး သဲအပုံလိုက်သလို လူစုကွဲရပ်နေကြသော အောက်ခြေအသင်းမှ ဝေဝါးနေသည့် ပုံရိပ်ခုနစ်ခုကို လှမ်းအော်လိုက်သည်။

“ဟေး ကျင့်ကြံသူမ၊ အဲ့ဒီရွှေအိမ်ကို နင် ဘယ်ကရတာလဲ? နင် ဝန်မခံမချင်း ငါနင့်နောက်ကို လိုက်နေမှာနော်!”

“ပြီးတော့ ယင်လီ၊ နင် ဒီအသုံးမကျတဲ့အသင်းကနေ ထွက်ပြီး ငါတို့ဆီ ဝင်လို့ရသေးတယ်! ငါတို့ ကောင်းကင်လက် နက်အသင်းက အခုလောလောဆယ် လူသုံးရာကျော်ပဲ ရှိသေးပေမဲ့၊ ငါက ဝိညာဉ်လက်နက်ပညာရှင် ကျင်းမိသားစုရဲ့ မျိုးဆက်ပဲ”

“ငါတို့မှာ အဆက်အသွယ်တွေ ရှိတယ်!”

ယင်လီ တယ်လီပို့အစီရင်စုကြားမှနေ၍ သူ့အား အရူးတစ်ယောက်လို စိုက်ကြည့်လိုက်သည်။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ စုကျိုလက်ထဲမှ အရာကိုမြင်ပြီး မျက်ဝန်းများတုန်ရင်သွားရသည်။

လူတိုင်း၊ မျက်လုံးမှိတ်ထားသည့် လျို့ကျားပင်လျှင်မရယ်နိုင်တော့ချေ။ အမြဲတမ်း စိုးရိမ်ပူပန်တတ်သော ပိုင်ယို့လုမှာ လည်း သူ့အားငယ်စိတ်ကိုမေ့သွားပြီး၊ ကျူးပိုင်ယွီမှာမူ သူ့လက်ထဲက ထုံဆေးလုံးကို ဆုပ်ကိုင်ထားမှပဲ စိတ်အေးသွား တော့သည်။

စုကျို လက်ထဲတွင် လုံးဝန်းပြီး မညီမညာဖြစ်နေသော အရာတစ်ခုကိုကိုင်ထားသည်။

ကြည့်ရသည်မှာ... ခေါင်း၏ နောက်စေ့ကဲ့သို့ပင်!

ဤဦးခေါင်းခွံနှင့်တူသော အရာဝတ္ထုကို အမာဆုံးသော အနက်ရောင် သံသစ်သားဖြင့် ပြုလုပ်ထားပုံရသော်လည်း ကျောက်စိမ်းကဲ့သို့ အရောင်တောက်နေသည်။

ပထမတစ်ချက်ကြည့်လိုက်လျှင် အစစ်နှင့် အလွန်တူလှသည်။

ဤလုံးဝန်းသော နောက်စေ့ပေါ်မှ ဆံပင်များမှာ ထူထဲသော်လည်း မီးခိုးရောင်ဆံပင်အချို့ရောနှောနေကာ၊ ကျင်းမိသားစုအမည် ထွင်းထုထားသည့် အနုစိတ်လှသော ငွေရောင်သရဖူတစ်ခုဖြင့် စည်းနှောင်ထားသည်။

သူတို့ ခြောက်ယောက်စလုံး တယ်လီပို့အစီရင်စုကြားမှ ဝေဝါးသွားသော ကျင်းကန်းပေါင်၏ပုံရိပ်ကို တညီတညွတ် တည်း မော့ကြည့်လိုက်ကြသည် — အို... ဘုရား‌ရေ၊ သူတို့ မော့ကြည့်လိုက်သည့်အခါ ကျင်းကန်း ပေါင်၏ ဦးခေါင်းပေါ်တွင် စုကျိုလက်ထဲကနှင့် တစ်ပုံစံတည်းတူသော ကျင်းမိသားစုအမည်ပါ ဆံပင်သရဖူကိုမြင်လိုက်ရသည်!

“ယင်လီ၊ နင် ခုနကပြောတာ... ချန်ကျိုးရဲ့မျက်နှာကို တစ်ယောက်ယောက်ရဲ့ မျက်နှာပေါ်မှာကပ်လိုက်ရင် အလွယ်တကူ ကျွတ်ကျသွားနိုင်တယ် ဆိုတာလား ?” စုကျို စဉ်းစားရင်း မေးလိုက်သည်။

“...”

ယင်လီ ငုံ့ကြည့်လိုက်ရာ စုကျို သူ့ထံသို့ ထိုဦးခေါင်းခွံကို ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။

သူမ အနီးကပ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်မှာ... စာသားသေးသေးလေးတစ်ကြောင်းက 【 ကျင်းကန်းပေါင်၏ နောက်စေ့ ၁ 】 ဟု ရေးသားထားခြင်းပင်။

“အားကျို... တကယ်တော့ ငါ့ရဲ့ အားနည်းချက်က အခုမှ နည်းနည်းသက်သာသွားသလိုပဲ...”

ယင်လီ ဆက်ပြီး မခံစားနိုင်တော့ချေ။

သူ့ရှေ့တွင် စောင့်ကြိုနေမည့် တိုက်ပွဲမြင်ကွင်းများကို ယင်လီ စိတ်ပင်မကူးရဲတော့ပါ။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် စုကျိုသည် လူတိုင်းလက်ထဲသို့ ထိုအရာတစ်ခုစီကို အတင်းထည့်ပေး လိုက်လေပြီ။

“!”

“...”

လူတိုင်းက ပင်ကိုဗီဇအရ နောက်သို့ ဆုတ်လိုက်ကြသည်။

【 ကျောက်စိမ်းတောအုပ်ရှိ ပိုးလောင်းလေးများသည် နုနယ်ပြီး အာရုံခံစားမှု ထက်မြက်ကြသည်။ လူဦးရေအလွန် အမင်း များပြားခြင်းကြောင့် ပိုးလောင်းလေးများကို အနှောင့်အယှက်မဖြစ်စေရန် အသင်းနှစ်သင်းလုံးမှ အဖွဲ့ဝင်များကို ကျောက်စိမ်းတောအုပ်အတွင်းရှိ မတူညီသော နေရာများသို့ ကျပန်းခွဲထုတ်၍ တယ်လီပို့လုပ်ပါမည်။ 】

ချက်ချင်းဆိုသလို သတိပေးစာသားများပေါ်လာပြီး တယ်လီပို့အစီရင်စုမှာ စတင်တုန်ခါလာတော့သည်။

နောက်သို့ ဆုတ်နေဆဲဖြစ်သော အောက်ခြေအသင်းမှ အဖွဲ့ဝင်ခြောက်ယောက်စလုံးမှာ အလျှင်အမြန်တုံ့ပြန်ရန် ကြိုးစားပြီး နေရာပြန်ယူလိုက်ကြသည်။

သို့သော် နောက်ကျသွားလေပြီ။ ၎င်းတို့၏ပြန့်ကျဲနေသော လူစုမှာတယ်လီပို့လုပ်ဆောင်စဉ်အတွင်း တစ်ခဏချင်းမှာ ပင် ပျောက်ကွယ်သွားရတော့သည်။

စုကျို မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ့ကိုယ် သူ တောက်ပသော အလင်းရောင်များဝန်းရံနေသည့် ခန့်ညားလှသော ပိုးစာတောအုပ်ကြီးထဲတွင် ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။

ဝိညာဉ်ပိုးဖလံဂေဟာမှ ပိုးကောင်ဖမ်းယူရန် သီးသန့်အသုံးပြုသည့် ‘ကျောက်စိမ်းတောအုပ်’ သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

သူမ ဒီလောက်အထိသေချာနေရခြင်းမှာ ဤနေရာရှိ ပိုးစာပင်တိုင်းသည် သူ ပထမထပ်တွင် တစ်ခါစိုက်ပျိုးခဲ့ဖူးသည့် ရွှေရောင်ကိုင်းနှင့် ကျောက်စိမ်းအရွက်များဖြင့် ပြည့်စုံနေသောကြောင့်ဖြစ်သည်။

ဤအချိန်တွင် ရွှေရောင်ပိုးစာပင်အချို့ပေါ်၌ ငါးရောင်ခြည် သို့မဟုတ် ခုနစ်ရောင်ခြည် တောက်ပနေသည့် ကျောက်စိမ်းပိုးကောင်များ ရှိနေကြသည်။

ပိုးစာကိုင်းများပေါ်တွင် ကမ္ပည်းပြားများ ချိတ်ဆွဲထားသည်။

“‘ပိုးမွေးမြူရေး သိမှတ်ဖွယ်ရာ’ ကျင့်စဉ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ ‘ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်’ ကို လေ့ကျင့်ပါ။ သင်၏ပါရမီနှင့် ကိုက်ညီသော ပိုးကောင်သည် သင့်ထံသို့ လာရောက်ဆက်သွယ်ပါလိမ့်မည်။ ထိုအခါ ရွှေဇွန်းကို အသုံးပြု၍ ၎င်းတို့ကိုခပ်ယူပါ...”

စုကျို “ပိုးမွေးမြူရေး သိမှတ်ဖွယ်ရာ” စာအုပ်ကို ချက်ချင်းဖွင့်၍ ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကိုဖတ်ရှုလိုက်သည်။

ကျောက်စိမ်းတောအုပ်သည် ဝိညာဉ်ပိုးဖလံဂေဟာ၏အဆင့်မြင့်ပိုးကောင်များ မွေးမြူရာနေရာဖြစ်သည်။

အဆင့် ၃၀ အထက်ရှိသူများသာ ဤတောအုပ်အတွင်းသို့ဝင်ရောက်ကာ ကိုယ်ပိုင် ဝိညာဉ်ပိုးကောင်များနှင့် ပိုးဥများကို ရယူနိုင်သည်။

သို့သော် ကန့်သတ်ချက်များရှိသည်။

အပြည့်အဝကြီးထွားပြီးသား ဝိညာဉ်ပိုးကောင်များသည် သခင်ကို အသိအမှတ်မပြုတတ်သလို၊ နောင်တွင်လည်း လူသားအသွင် ပြောင်းလဲနိုင်မည် မဟုတ်ပေ။

မိမိ စိတ်ဝိညာဉ်နှင့် ထပ်တူကျသော ပိုးဥများကိုရရှိရန်အတွက် ပိုးလောင်းအဆင့်ရှိသော ပိုးဥများကိုသာ အဓိကထား ရှာဖွေရမည်ဖြစ်သည်။

ထို့အပြင် ခုနစ်ရောင်ခြည်ပိုးဥများသည် ငါးရောင်ခြည်ထက် သာလွန်ပြီး၊ ငါးရောင်ခြည်မှာ သုံးရောင်ခြည်ထက် သာလွန်ကာ၊ အရောင်မပါသော ပိုးဥများထက် ပိုကောင်းမွန်သည်။

သို့သော် အရောင်အသွေးပိုစုံလေလေ၊ ထိုပိုးကောင်များသည် သခင်ကို လိုလိုလားလား လက်ခံရန် ပိုခက်ခဲလေလေ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ လိုလိုလားလားသခင်အဖြစ်လက်ခံလာစေရန် ‘ပိုးမွေးမြူရေးလမ်းညွှန်’ ၏ပထမအဆင့်တွင် သင်ကြားပေးသော “ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်” ကို အသုံးပြုရန်လိုအပ်သည်။

“ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကို စတင်သင်ယူချိန်မှာ အောင်မြင်ဖို့အနည်းဆုံးနာရီဝက်ခန့်ကြာမြင့်တတ်တယ်”

“မာနထောင်လွှားခြင်းနှင့် စိတ်မရှည်ခြင်းတို့ကို ရှောင်ကြဉ်ရမယ်၊ ပိုးကောင်များကို လုံးဝ အနှောင့်အယှက်မပေးရ၊ မဟုတ်ရင် ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ရဲ့ အာနိသင်ပျက်ပြယ်သွားလိမ့်မယ်”

“မအောင်မြင်ခဲ့ရင်လည်း ကိစ္စမရှိဘူး၊ နောက်ရက်အနည်းငယ်ကြာရင် ထပ်ပြီး ကြိုးစားကြည့်လို့ရပါတယ်၊ ပထမတစ် နှစ်လုံးမှာ ဝိညာဉ်ပိုးတစ်ကောင်ပဲရခဲ့တဲ့ အသုံးမကျတဲ့သူ တစ်ယောက်ဖြစ်နေတာထက်စာရင် အများကြီးတော်ပါ သေးတယ်”

စုကျိုသည် စီနီယာအစ်မယို့လုမှ သူမ၊ ကလေးနှစ်ယောက်နှင့် ကျူးပိုင်ယွီတို့အတွက် ကြိုတင်ပြင်ဆင်ပေးထားသော ‘ပိုးမွေးမြူရေးအတွေ့အကြုံ’ မှ မှတ်စုများကို တစ်ချက်ကြည့်လိုက်သည်။

ထိုနေရာတွင် လျို့ကျားနှင့် ယင်လီတို့၏ မှတ်ချက်များလည်း ရှိနေသည်။

[ လျို့ကျား ]: မကြောက်နဲ့၊ ဘယ်နှစ်ကြိမ်ပဲ ရှုံးရှုံး၊ တစ်နှစ်လုံးအပြင်မထွက်ဘဲ ကျောက်စိမ်းတောအုပ်မှာ တစ်နှစ်ကြာ ကျင့်ကြံပြီး ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက် ဒဏ်ရိုက်ခံရတဲ့သူထက်စာရင် အများကြီးသာပါသေးတယ်

[ ယင်လီ ]: ငါဖမ်းမိခဲ့တဲ့ ငါးရောင်ခြည် ကျောက်စိမ်းပိုးကောင်ဆိုတာ စီနီယာအစ်ကို လျို့ကျားနဲ့ စီနီယာအစ်မယို့လုတို့ ရဲ့ ပူးပေါင်းကူညီမှုကြောင့်ရခဲ့တာ၊ လူသစ်တွေက စိတ်မရှည်တတ်ကြလို့ ဖမ်းမိဖို့ခက်တယ်၊ ဒါကြောင့် စိုးရိမ်မနေနဲ့

စုကျို ပြုံးလိုက်ပြီး မှတ်စုများကို သိမ်းလိုက်သည်။

“ယင်လီ၊ နင့် သစ်သားအာရုံခံပါရမီကိုသုံးပြီး ခုနစ်ရောင်ခြည်ပိုးကောင်တွေ ဘယ်မှာအများဆုံးရှိလဲ ကြည့်ပေးဦး” သူ့ အသံမှာ တိုးဝင်သွားတော့သည်။

ဘေးဘီသို့ ခေါင်းလှည့်ကြည့်လိုက်ရာ စုကျိုသည် ရွှေရောင်သစ်ပင်များနှင့် ကျောက်စိမ်းရောင်အရွက်များ ဝန်းရံထား သော၊ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် နေရာတစ်ခုတွင် ရောက်နေကြောင်းတွေ့လိုက်ရသည်။ အဝေးဆီမှ သားရဲများ၏ ဟိန်းဟောက်သံများကိုပင် အတိုင်းသားကြားနေရသည်။

သို့သော် သူ တစ်ယောက်တည်းသာ...

သူ့ဘယ်ညှာတွင် ဝင်လုဆဲဆဲ နေမင်းကြောင့် ဖြစ်ပေါ်နေသော သူ့ အရိပ်ကိုသာ တွေ့ရတော့သည်။

စုကျို: "..."

စုကျို: "?"

"ဘစ် ဘစ် ဘစ်..."

သူ့ ခါးနောက်တွင် ကပ်ထားသော မီးနီရောင်ဂွမ်းရုပ်လေး 'ယင်လေး' ထံမှ အသံထွက်လာသည်။

"သောက်ကျိုးနည်း... အားကျို၊ ကျီကျီ၊ ရှောင်ချန်း၊ ကျူးပိုင်ယွီ... နင်တို့ ဘယ်မှာလဲ?"

"..."

"ဒါတွေအားလုံးက ကျင်းကန်းပေါင်ရဲ့နောက်စေ့ကြောင့်ပဲ၊ အဲဒါ တကယ်တုန်လှုပ်စရာကြီးလေ၊ ငါ မေ့သွားတယ်၊ ကျောက်စိမ်းတောအုပ်က ပိုးကောင်တွေက နုနယ်တယ်၊ ကျောက်စိမ်းတောအုပ်ထဲမှာ တိုက်ပွဲဖြစ်ရင် အသင်းတွေကို ကျပန်းလူစုခွဲပစ်လိမ့်မယ်၊ အများဆုံး အခြေခံအဆင့် ကျင့်ကြံသူနှစ်ယောက်ပဲ အတူတူ သွားလို့ရတာ!"

ယင်လေး ပြောလိုက်သည်။

"အားကျို၊ ကျီကျီ၊ ရှောင်ချန်း... နင်တို့နဲ့ ဘယ်သူပါသွားလဲ!"

စုကျို ထိုအရုပ်မလေး၏ နူးညံ့သော ဦးခေါင်းကိုညှစ်လိုက်သည်။

စုကျီကျီနှင့် စုရှင်းချန်တို့၏အသံများ နောက်ဆုံးထွက်ပေါ်လာကြသည်။

"ကျွန်မတို့က အစ်ကိုကျူးနဲ့ အတူတူပါပဲ၊ တယ်လီပို့ဖြစ်သွားတဲ့အချိန်မှာ စီနီယာအစ်မယို့လု ခလုတ်တိုက်ပြီး လဲကျမလိုဖြစ်တာကို မြင်လိုက်တယ်၊ အဲဒါကို ချန်ယွမ် ရိုက်ထုတ်လိုက်တာ”

"..."

"တော်သေးတာပေါ့၊ စီနီယာအစ်မယို့လုက ဒီနေ့ 'ပိုင်ယို့လု' ဖြစ်နေလို့၊ တစ်ယောက်တည်း ကျန်ခဲ့ရင်တောင် သူ့အတွက် စိတ်ပူစရာမလိုဘူး၊ လောင်ကျူးရဲ့ ကျင့်စဉ်ကလည်း မဆိုးဘူးဆိုတော့ ကောင်းကင်လက်နက်အသင်းနဲ့ တွေ့ရင်တောင် နင်တို့အတွက် အန္တရာယ်မရှိနိုင်ဘူး” ယင်လီ သက်ပြင်းချလိုက်သည်။

"စုကျို၊ နင်ကော ဘယ်လိုလဲ ?"

"..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယင်လီဘေးမှ လျို့ကျား၏ အားကိုးရာမဲ့သော အသံထွက်လာသည်။

"ညီမလေးယင်... ငါက နင်နဲ့ အတူတူပဲ”

"ငါတို့ စုစုပေါင်းခုနစ်ယောက်ရှိတာ၊ ဘယ်လိုပြောကြမလဲ?"

"!"

"!!"

အခြေခံအဆင့်ကျင့်ကြံခြင်းလည်း မရှိ၊ ပိုးကောင်ဖမ်းသည့် အတွေ့အကြုံလည်းမရှိသော စုကျိုသည် သူ့နောက်ကွယ်မှ တရှဲရှဲ အသံတစ်ခုကိုကြားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သောအခါ သစ်ကိုင်းများကြားမှ ဝတ်ရုံနီနှင့်မိစ္ဆာတစ်ဦး သူမထံသို့ အရှိန်အဟုန်ဖြင့်ပြေးဝင်လာ သည်ကို တွေ့လိုက်ရသည်။

စုကျို ပြုံးလိုက်သည်။

"ရပါတယ်၊ ငါ တစ်ယောက်တည်း မဟုတ်ဘူး”

သူ ယင်လေးကို ခါးကြားသို့ပြန်ထည့်လိုက်သည်။

"ကဲ... ပိုးကောင် စဖမ်းကြစို့”

သို့သော် စုကျို ထရပ်ရန် ပြင်လိုက်စဉ်မှာပင်၊ တောအုပ်အတွင်းမှ သူမထံသို့ ပြေးဝင်လာသောမိစ္ဆာကြီးကြောင့် လှုပ်ခတ်နေသော သစ်ကိုင်းသံများအပြင်၊ တစ်စုံတစ်ခုကိုတရွတ်တိုက်ဆွဲကာ သစ်ပင်စည်ပိုင်းများနှင့် ဆောင့်မိနေသည့် 'ဒုန်း... ဒုန်း' အသံများကိုပါ သတိပြုမိလိုက်သည်။ ထိုအသံက အနည်းငယ်ရင်းနှီးနေသလိုပင်။

"အား... ရှောင်ကျို... မတွေ့ရတာ ကြာပြီနော်..."

ဒီနေ့တွင် သူမ၏ချစ်စရာကောင်းပြီး ဖြူဖျော့သော မျက်နှာနှင့် စီနီယာအစ်မမှာ 'စာမေးပွဲအောင်မြင်ကြောင်း အာမခံသည်' ဟူသော ကြီးမားသည့် အဆောင်ကြီးပေါ်လဲလျောင်းလျက်ရှိသည်။ သူ့အား မိစ္ဆာကြီးမှ သံကြိုးဖြင့် တရွတ်တိုက်ဆွဲလာခြင်းဖြစ်ပြီး သစ်ကိုင်းများစွာနှင့် ဆောင့်မိပြီးနောက်မှ ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာခြင်း ဖြစ်သည်။

သူမ အမူအရာမှာအေးချမ်းနေပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင်စုထားသည်မှာ သေနေသည့်လူနှင့်ပင် တူလှသည် - "တကယ်ပါပဲ၊ ဒီနေ့ ကံဇာတာကတော့ အလယ်အလတ်ပါပဲလေ”

"ဒီနေ့ ငါ့ရဲ့ကံကတော့ ဘာမှထူးခြားမှု မရှိပါဘူး”

"ခုနက တယ်လီပို့ပြီးပြီးချင်း ဆင်းလိုက်တဲ့နေရာက ကျောက်စိမ်းတောအုပ်ရဲ့ အဆုံးမှာရှိတဲ့ အောက်ခြေမမြင်ရတဲ့ ချောက်ကမ်းပါးကြီးပေါ်မှာလေ”

"?"

"ဒါပေမဲ့ ငါ ပြုတ်ကျတော့မယ့်အချိန်မှာပဲ နင့်အိမ်က မိစ္ဆာကြီးက ငါ့ကိုတွေ့ပြီး ဆွဲထုတ်လာတာ”

"..."

ပိုင်ယို့လုသည် အဝါရောင် အဆောင်ကြီးပေါ်မှထရပ်ကာ သက်ပြင်းချလိုက်သည်။

"ကံကြမ္မာကိုတော့ ဆန့်ကျင်လို့မရဘူးပဲ၊ တယ်လီပို့တာတောင် အလကားဖြစ်သွားရတဲ့ နေ့တစ်နေ့ပါလား”

"ဒါမျိုး ဖြစ်လာမယ်မှန်းသိရင် တယ်လီပို့တာ မစခင်ကတည်းက ရှောင်ကျို၊ နင့်ဘေးမှာ ကပ်ရပ်နေခဲ့ပါတယ်လေ”

စုကျို: "..."

ဪ... ဒီလိုကိုး

သူမက ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကို တစ်ခါပဲ လေ့လာရသေးချိန်မှာ စီနီယာအစ်မယို့လုကတော့ 'ထူးခြားတဲ့ဖြစ်ရပ်' တွေ အများကြီးကြုံတွေ့ခဲ့ပြီးပြီပဲ။

"တော်တယ်၊ ချန်ယွမ်” စုကျို ဝတ်ရုံနီနှင့် မိစ္ဆာကြီးကို လက်မထောင်ပြလိုက်သည်။

သူ့ကျောပေါ်တွင် ဖုရှင်းအတွက် ကုသပေးသည့် အုတ်ဂူမှတ်တိုင်ကြီးကို ထမ်းထားသည်ကို သူမ မြင်လိုက်ရသည်။

"ဟုတ်တယ်၊ သူ ငါ့ကို အုတ်ဂူမှတ်တိုင်ပေါ်ကန်တင်လိုက်တာ၊ ချောက်ထဲပြုတ်ကျလို့ ရလာတဲ့ ဒဏ်ရာတွေကို ကုလို့ရအောင်လေ”

"အား... တကယ်ပါပဲ၊ ဒဏ်ရာရတာတောင် အလကားဖြစ်သွားတဲ့ နေ့တစ်နေ့ပါပဲလေ” ပိုင်ယို့လု သူ့ မေးစေ့ကို ပွတ်ရင်း နိဂုံးချုပ်လိုက်သည်။

စုကျို: "..."

"အရမ်းကျေးဇူးတင်ပါတယ် ရှောင်ကျို၊ နင့်ရဲ့ ချန်ယွမ်ကိုလည်း ကျေးဇူးတင်ပါတယ်”

ပိုင်ယို့လု ကျေးဇူးတင်စကားဆိုရင်း သူ့လက်ကို ဆွဲခါလိုက်သည်။ သူမသည် သူ့ကိုယ်ပေါ်မှ 'စာမေးပွဲအောင်မြင် ကြောင်း အာမခံသည်' အဝါရောင်အဆောင်တစ်ခုကိုခွာယူကာ စုကျိုကို ပေးလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် နောက်ထပ် တစ်ခုကိုပါထပ်မံခွာယူ၍ ပေးလိုက်ပြန်သည်။

ထိုသည်မှာ ချန်ယွမ်အတွက် ဖြစ်မည်မှာသေချာသည်။

စုကျို ရှူးရှူးရှဲရှဲဖြစ်သွားပြီး သူ့လက်ထဲက အဝါရောင်အဆောင်အားငုံ့ကြည့်လိုက်သည်။ ၎င်းသည် အဆိပ်ပုလင်းတစ် လုံးလည်း ဖြစ်နိုင်သလို၊ အလွန်အစွမ်းထက်သည့် အားဆေးတစ်ခွက်လည်းဖြစ်နိုင်ပေသည်။

All Chapters