← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

🥝 Chapter 69

ဒါတွေအားလုံး စီနီယာအစ်မယို့လု၏ ပါရမီကြောင့် နေ့တိုင်းနှိုက်ရသည့် မဲလိပ်များပင်။

သူမ ထိုသည်များအား မည့်သူ့ကိုမဆိုပေးလို့ရလေသည်။

အဲ့လူက... ဖွင့်ကြည့်ဖို့ သတ္တိရှိနေသရွေ့ပေါ့။

“ရှောင်ကျို၊ အခြေအနေတစ်ခုခု ကြုံလာရင် ဒါကို သုံးလိုက်၊ ဒီနေ့ ငါ့ရဲ့ ကံဇာတာအရဆိုရင်တော့...” ပိုင်ယို့လုက စဉ်းစားရင်း - “ဒီနေ့ နင့်ကို အဆောင်ပေးလိုက်တာက အလကားဖြစ်သွားနိုင်တယ်လေ”

“...”

တကယ့်ကို ယုတ္တိတန်လှပေသည်။

ဒါပေမဲ့ သူ ဒါတွေကို ဘယ်တော့မှ စုဆောင်းမထားခဲ့ဘူး။

စုကျိုသည် ချန်ယွမ်ကျောပေါ်က ကုသရေးအုတ်ဂူမှတ်တိုင်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့ တိုးသွားကာ သူ့ ရှက်သွေးဖြာမှုကို ဂရုမစိုက်ဘဲ၊ အခြေခံအဆင့် အထွတ်အထိပ်မှာရှိသည့် သူ့ မိစ္ဆာခန္ဓာကိုယ်အား အတင်းထိကိုင်လျက်၊ ပိုင်ယို့လု ပေးလိုက်သည့် အဆောင်ကို သူ့ခါးမှာ အမြဲချိတ်ထားတတ်သည့် အိတ်ဟောင်းလေး ထဲသို့ ထည့်ပေးလိုက်သည်။

“ကျွန်မ ဒါကို အခုဖွင့်ကြည့်လိုက်တော့မယ်၊ အကယ်၍ ဒါက အတိတ်နိမိတ် အရမ်းဆိုးနေမယ်ဆိုရင်... ချန်ယွမ်၊ စီနီယာအစ်မယို့လု၊ ကျွန်မကို ကယ်ဖို့ မမေ့ကြနဲ့ဦးနော်”

ဝတ်ရုံနီနှင့် မိစ္ဆာမှာ သူ့လက်ထဲရှိအဆောင်ကို တစ်ချက်၊ ချောက်ထဲ ခုနကမှတက်လာသည့် ပိုင်ယို့လုထံ တစ်ချက်ကြည့်ရင်း တွန့်ဆုတ်လို့နေသည်။

ကြည့်ရသည်မှာ သူသည် ထိုအဆောင်၏အစွမ်းအာနိသင်အပေါ် အလွန်အမင်းသံသယရှိပြီး သတိထားနေပုံရသည်။

ခဏမျှ တွန့်ဆုတ်နေပြီးနောက် အစွယ်ပါမျက်နှာဖုံးနှင့် မိစ္ဆာမှာ စုကျိုကို မလိုလားသလိုနှင့် ခေါင်းညိတ်ပြလိုက်ရ သည်။

“ရှောင်ကျို၊ ငါတို့ ဝင်းခြံထဲ ပြန်ရောက်မှ သုံးရင်မကောင်းဘူးလား ?” ပိုင်ယို့လုလည်း အနည်းငယ် စိုးရိမ်နေသည်။

“ဒါမှမဟုတ် နင် ကုသရေးအုတ်ဂူပေါ်မှာ အရင်လှဲနေမလား ?”

“မလိုပါဘူး”

စုကျို သူ့ဘယ်ဘက်လက်ဖြင့် ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကို ဆက်လက်လုပ်ဆောင်နေသည်။

ဒီပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်က ငါးဖမ်းတာနဲ့တူတယ်၊ စိတ်ရှည်ဖို့လိုသလို ငါးက ဘယ်အချိန် ဟပ်မလဲဆိုတာလည်း မသိနိုင်သလို အကယ်၍ ကံမကောင်းလို့ နေရာမှားချမိတာမျိုး၊ ဒါမှမဟုတ် အတွေ့အကြုံမရှိတာမျိုးဆိုပါက တစ်နေ့လုံး အလကားဖြစ်သွားနိုင်သည်ပင်။

သူ ပိုးကောင်လာဟပ်သည်ကို စောင့်နေရင်း၊ ငြိမ်ငြိမ်လေး စောင့်နေရမှာအတူတူ ဘာလို့ ရတနာမဖွင့်ရမှာလဲ? သူ့ ကံဇာတာက ပိုကောင်းလာရင်ကော? ပိုးကောင်တွေက အရပ်မျက်နှာအနှံ့ကနေ ရောက်လာရင်ကော?

စုကျို သူ့လက်ထဲရှိ ‘စာမေးပွဲအောင်မြင်ကြောင်း အာမခံသည်’ အဝါရောင်စက္ကူကို ကြည့်လိုက်သည်။

သိုလှောင်ရုံ သတင်းအချက်အလက်များပေါ်လာလေသည်။

[ ဒုတိယအဆင့် “စာမေးပွဲအောင်မြင်ကြောင်း အာမခံသည်” အဆောင်- ပိုင်ယို့လုမှ ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ပြီး၊ ဖွင့်လိုက်ပါက ကောင်းသောကံ သို့မဟုတ် ဆိုးသောကံ တစ်ခုခုကိုဆောင်ကြဉ်းလာပါလိမ့်မည်။ ]

[ ထင်မှတ်မထားသော ရလဒ်များကြောင့် ကျင့်ကြံသူ၏အသက်အန္တရာယ်ကို စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်သွားစေနိုင်သည်။ ]

[ ၎င်း၏စွမ်းပကားကို လျှော့မတွက်သင့်ပါ၊ ခန့်မှန်းတန်ဖိုး- ဝိညာဉ်ကျောက်တုံး ၇,၉၉၉။ ]

တန်ဖိုးရှိသားပဲ။

တကယ့်ကို ဒုတိယအဆင့် ရတနာတစ်ခုပဲ။

စုကျို သူ့ ဘယ်ဘက်လက်ညှိုးကို ကောင်းကင်သို့ချက်ချင်းညွှန်ပြကာ ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကို အသက်သွင်းလိုက် သည်။

သူ ညာဘက်လက်ကိုပါးစပ်နားကပ်ပြီး လက်မှာပတ်ထားတဲ့ အဝတ်ကိုကိုက်ဖြတ်ကာ “စာမေးပွဲအောင်မြင်ကြောင်း အာမခံသည်” အဆောင်ကိုဆုပ်ကိုင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ဖြူစင်သောအလင်းတန်းတစ်ခု စုကျိုကို လွှမ်းခြုံသွားတော့သည်။

“အား... နင့်ကို ဒီနေ့ ပေးလိုက်တာ တကယ်အလကားဖြစ်သွားပြီထင်တယ်၊ ဒါက ဘာမှထူးခြားမှုမရှိတဲ့ အလယ် အလတ်အဆောင်ပဲ၊ ကောင်းတာလည်း မဟုတ် ဆိုးတာလည်း မဟုတ်ဘူး၊” ဟု ပိုင်ယို့လုက ညည်းတွားလိုက်သည်။

စုကျို ရှူးရှူးရှဲရှဲ လုပ်လိုက်ပြီး သူ့ ညာဘက်လက်ဝါးပေါ်က မဲလိပ်ကို ကြည့်လိုက်သည်။

အလယ်အလတ် ကံဇာတာ!

ဖော်ပြချက်- ‘အင်အားချင်း မျှနေသည်!’

အင်အားချင်းမျှနေသည်ဆိုတာ တကယ့်ကို ကောင်းတာလည်းမဟုတ် ဆိုးတာလည်းမဟုတ်တဲ့ ကံမျိုးပင်။

“ဒါတွေအားလုံး ငါ့အပြစ်တွေပါ၊ ငါက အရမ်းအသုံးမကျတာပဲ၊ ဘာလို့ ပိုကောင်းတဲ့ ကံကို မရခဲ့တာလဲ? အလယ် အလတ်အဆင့်လေးရရင်တောင် တော်ဦးမယ်၊ ငါက တကယ့်ကို မစွမ်းဆောင်နိုင်တဲ့သူပဲ”

ပိုင်ယို့လုမှာ ကိုယ့်ကိုကိုယ် နောင်တရပြီး အပြစ်တင်စိတ်တွေသာ လွှမ်းမိုးနေတော့သည်။

“ဟင်... တစ်ယောက်ယောက် လာနေတာလား ?” ပိုင်ယို့လုက သူတို့ရှေ့တည့်တည့်က နေရာကို စိုးရိမ်တကြီး မော့ကြည့်လိုက်သည်။

စုကျိုလည်း ထိုအသံကိုကြားလိုက်ရသည်။

“အောက်ခြေအသင်းက ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမ၊ နင် ဒီမှာရှိနေတာ ငါသိတယ်!”

“လိမ္မာပါးနပ်စွာနဲ့ အပြင်ထွက်ခဲ့စမ်း!”

ကျင်းကန်းပေါင်၏မာနကြီးသောအသံမှာ ပိုးစာပင်များကြားမှ ထွက်ပေါ်လာသည်။ သူနှင့် နောက်ထပ်အခြေခံအဆင့် ကျင့်ကြံသူ တစ်ဦးတို့သည် သစ်ကိုင်းကြားမှ ဝေဝါးစွာပေါ်လာကြသည်။ ၎င်းတို့သည် စုကျိုနှင့် ဆယ်မီတာခန့်သာ ဝေးတော့သည်!

“ငါ့အပြစ်တွေပါ၊ ငါ့အပြစ်တွေပါ... အလယ်အလတ်ကံနဲ့ အပြင်ထွက်ခဲ့မိတာ၊ အခုတော့ ရှောင်ကျို နင့်ကိုလည်း အလယ်အလတ်ကံပဲ ပေးမိသွားပြီ...” ပိုင်ယို့လုမှာ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း စိတ်ပျက်နေရှာသည်။

သို့သော် စုကျို သူ့ကျောကို လှမ်းဖမ်းလိုက်စဉ်မှာပင်၊ အပေါ်က ပျံသန်းသွားသော ငှက်ကြီးတစ်ကောင်၏ ခြေသည်းကြားမှပြုတ်ကျလာသော သစ်သီးတစ်လုံးမှာ သူမကိုထိမှန်သွားရသည်။

သူ ခဏတာ မှင်သက်သွားပြီးနောက် သူ့ စွမ်းအင်များမှာ ရုတ်ချည်းမြင့်တက်လာတော့သည်။

[ တတိယအဆင့် အင်မော်တယ်သစ်သီးကို သိရှိသည်- မူးယစ်နေသကဲ့သို့ ခံစားရမည်ဖြစ်ပြီး၊ ကျင့်ကြံသူ၏ ကျင့်စဉ်အဆင့်ကို ဘေးထွက်ဆိုးကျိုးမရှိဘဲ နာရီဝက်ခန့် အကြီးအကျယ်မြှင့်တင်ပေးနိုင်သည်။ သို့သော် အာနိသင်မှာ ကြာရှည်မခံသဖြင့် အချိန်အကန့်အသတ်ရှိသည်ကိုသတိပြုပါ။ ]

အခြေခံအဆင့် အဆင့် ၇ ရှိသော ကျင်းကန်းပေါင်နှင့် အခြေခံအဆင့် အဆင့် ၃ ရှိသော နောက်ထပ်ကျင့်ကြံသူ တစ်ဦးတို့သည် စုကျိုရှေ့တွင် ဝင့်ကြွားသော အပြုံးများဖြင့် နောက်ဆုံး၌ပေါ်လာကြသည်။

စုကျိုအဆင့်မှာမူ ဝိညာဉ်သန့်စင်ခြင်းနောက်ဆုံးအဆင့်မှသည် ထိုသူနှစ်ဦး၏ပျမ်းမျှအဆင့်ဖြစ်သော အခြေခံအဆင့် အဆင့် ၅ သို့ ခုန်တက်သွားခဲ့ပြီဖြစ်သည်!

ကျင်းကန်းပေါင်: "???"

စုကျိုသည် သူ့လက်ထဲရှိ ‘အင်အားချင်းမျှနေသည်’ ဟူသော မဲလိပ်ကို ကြည့်လိုက်ပြီး “...ဪ”

အနှစ်ငါးဆယ်အတွင်း ဝိညာဉ်သန့်စင်ခြင်းအဆင့် ဂျူနီယာညီမလေးမျိုး တစ်ခါမျှမတွေ့ဖူးခဲ့သော ပိုင်ယို့လုမှာလည်း “အာ”

ဒါက ‘အင်အားချင်းမျှနေသည် - ကြားနေကံဇာတာမဲ’ ကို အသုံးပြုရမယ့် မှန်ကန်တဲ့နည်းလမ်းပေါ့!

အင်အားချင်းမျှခြင်း!

တစ်ခဏအတွင်းမှာပင် သူမသည် ရန်သူနှင့် အင်အားချင်းတူညီသွားခဲ့သည်။

‘ယာယီ အခြေခံအဆင့်’ ရောက်သွားသော စုကျိုသည် ဤမဲလိပ်၏မိတ္တူတစ်ခုကို သူ့ သိုလှောင်အိတ် ညာဘက်ခြမ်းတွင် အလျှင်အမြန် ဂရုတစိုက်ထည့်လိုက်သည်။

သူ့ ခန္ဓာကိုယ်အတွင်း၌ တစ်ခါမျှမခံစားဖူးသော ဝိညာဉ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးပွားလာမှုကို ခံစားရင်း၊ စုကျို ကျင်းကန်းပေါင်ကို ပြုံးပြလိုက်ပြီးနောက် သူ့ အဝတ်ပတ်မထားသော ညာဘက်လက်ညှိုးဖြင့် လှမ်း၍လက်ယပ်ခေါ် လိုက်သည်။

“လာခဲ့လေ”

...

အဆင့် ၃၀ တွင် ကျောက်စိမ်းတောအုပ်မှ အနားယူနေကြသော တပည့်များစွာမှာ ကောင်းကင်ပေါ်ရှိ ပုံရိပ်ယောင်ပြ ကွက်ကို မော့ကြည့်နေကြသည်။

ကောင်းကင်ယထက် ဤအဆင့်၌ ဖြစ်ပွားနေသော တိုက်ပွဲအားလုံးကို နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ပြသလေ့ရှိသည်။

များစွာသောပုံရိပ်ငယ်လေးများထဲတွင် ‘အောက်ခြေအသင်း’ နှင့် ‘ကောင်းကင်လက်နက်အသင်း’ တို့၏တိုက်ပွဲမှာ ၎င်းတို့၏အာရုံကို လျင်မြန်စွာဖမ်းစားသွားခဲ့သည်။

“ဒါ ချက်ချင်းဆိုသလို လူလေးယောက်တိုးလာတဲ့ အောက်ခြေအသင်းလား ? ဝိညာဉ်သန့်စင်ခြင်းအဆင့် သုံးယောက်တောင် ပါတာ၊ လျို့ကျားတော့ တကယ်သတ္တိကောင်းတာပဲ”

“ဘာတွေဖြစ်နေတာလဲ ? ဟောင်ယို့လုဆိုတဲ့ စိုးရိမ်တတ်တဲ့ကောင်မလေးက အစွမ်းထက်တဲ့သူတွေကို ရှာပြီး အသင်းထဲ ထည့်မှာလို့ ငါထင်ထားတာလေ”

လူတိုင်းအံ့အားသင့်နေကြပြီး အသင်းနှစ်သင်း၏တိုက်ပွဲအကြောင်းကို အချိန်နှင့်တပြေးညီ ဆွေးနွေးမှုများတွင် တက်တက်ကြွကြွ ပါဝင်နေကြသည်။

သူတို့၏ဝိညာဉ်စစ်ဆေးရေးလက်ပတ်များမှ ဝိညာဉ်စာသားများ လျင်မြန်စွာထွက်ပေါ်လာသည်။

[ ဒီတိုက်ပွဲအတွက် လောင်းကြေးဒိုင် ရှိ၊ မရှိ ဘယ်သူသိလဲ ? ]

[ မရှိဘူး ထင်တာပဲ။ ]

[ နှမြောစရာပဲ! ငါ့ရဲ့ အနိုင်လောင်းရမယ့် အခွင့်အရေးကြီး ဒီအတိုင်း ဆုံးရှုံးသွားတော့မှာလား? ]

[ သတင်းပို့ပါတယ်! သခင်တစ်ရာခန်းမမှာ လောင်းကြေးဒိုင် ဖွင့်လိုက်ပြီ! ပိုးကောင်ဖမ်းပြီးတဲ့သူတွေ မြန်မြန်သွား လောင်းကြ!]

[ သောက်ကျိုးနည်း၊ ဒါမှန်းသိရင် ငါလည်း မနေ့ကတည်းက အောက်ခြေအသင်းကိုစိန်ခေါ်လိုက်ပါတယ်! ကောင်းကင်လက်နက်အသင်းက ငါ့ထက် ဦးသွားတာပဲ!]

[ ကြည့်ဦး၊ အောက်ခြေအသင်းက ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမနဲ့ ဒီနေ့ကံမကောင်းရှာတဲ့ ပိုင်ယို့လု တို့ကတော့ ကျင်းကန်းပေါင်နဲ့ သူတို့ရဲ့ ခုနစ်ယောက်မြောက်ညီလေးအရိပ်ရဲ့ ဝိုင်းရံတာ ခံထားရပြီ!]

ပုံရိပ်ယောင်ပြကွက်အတွင်း၌

လူအများ၏အာရုံစိုက်မှုကို ခံနေရသည်ကို သတိမထားမိသော စုကျိုသည် သူ့ ဒန်ထျန်အတွင်း ယခုအခါရက်လုပ်ထား သော ပိုက်ကွန်ကဲ့သို့ ဖြစ်နေသည့် ဝိညာဉ်စွမ်းအင်ပင်လယ်ကိုခံစားနေရသည်...

ဒါအခြေခံအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခံစားချက်မျိုးလား ?

သူမသည် အခြေခံအဆင့်ရှိသော အရာဝတ္ထုများကို ယခုအခါ လွတ်လပ်စွာကူးယူပွားများနိုင်ပြီဟု ထူးဆန်းသော ခံစားချက်မျိုး ခံစားနေရသည်။

သူ ပြုံးလိုက်ပြီး မြူနှင်းများ၏အခြားတစ်ဖက်မှ ပေါ်လာသော ကျင်းကန်းပေါင်နှင့် နောက်ထပ် အခြေခံအဆင့် ကျင့်ကြံသူတစ်ဦးကို လှမ်းကြည့်လိုက်သည်။

“ဒါက ကျောက်စိမ်းတောအုပ်ရဲ့ မသေမျိုးသစ်သီးကိုး၊ သူ့အစွမ်းက နာရီဝက်ပဲ ခံတာပါ၊”

ကျင်းကန်းပေါင်နှင့် သူ့အဖော်မှာ သူမထံသို့ လျင်မြန်စွာချဉ်းကပ်လာပြီး ရှေ့နောက်ဝိုင်းရံလိုက်ကြသည်။

“နင့်ရဲ့ တကယ့်အစွမ်းက ဝိညာဉ်သန့်စင်ခြင်းအဆင့်ပဲ ရှိတာ၊ ဒီလောက် အချိန်တိုအတွင်းမှာ အခြေခံအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းရည်တွေကို နင် ဘယ်လိုမှ တတ်မြောက်နိုင်မှာမဟုတ်ဘူး”

“ဒီနေ့ ပိုင်ယို့လုရဲ့ လုပ်ရပ်ကတော့ တကယ် အလကားဖြစ်သွားမှာပဲ!”

“ဘယ်သူမှ နင့်ကို ကူညီနိုင်မှာမဟုတ်ဘူး၊ ပြောစမ်း၊ နင့်ခါးမှာ ချိတ်ထားတဲ့ ရွှေအိမ်ကို ဘယ်က ရတာလဲ?”

စုကျို သူ့ ဘယ်ဘက်လက်ကို ကောင်းကင်သို့ညွှန်ကာ ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကို အဆက်မပြတ်အသုံးပြုနေရင်း၊ သူမ အကြည့်ကို ကျောက်စိမ်းပင်များထံမှ ကျင်းကန်းပေါင်ထံသို့လွှဲလိုက်သည်။

ထို့နောက် သူ့ဘေးတွင် တိုက်ပွဲဝင်ရန်ပြင်နေသည့် သူ့ စီနီယာအစ်မ ပိုင်ယို့လုထံ လှမ်းကြည့်လိုက်သည်။

သို့သော် သူမမှာ အနေအထားပြင်လိုက်ရုံရှိသေး၊ အစောပိုင်း မသေမျိုးသစ်သီးချပေးခဲ့သော ငှက်ကြီးမှာ သူမအား သုတ်ယူသွားတော့သည်...

“ရှောင်ကျို၊ ငါ့အတွက် စိတ်မပူနဲ့၊ ငါ ချက်ချင်းပြန်လာပြီး ကူညီမယ်!”

ပိုင်ယို့လု အော်ဟစ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ကောင်းကင်ပေါ်ရှိ ငှက်ကြီးနှင့်စတင်တိုက်ခိုက်တော့သည်။

စုကျို: “…”

ဒါတကယ်ပဲ အရာအားလုံး အလကားဖြစ်သွားတဲ့ နေ့တစ်နေ့လား ?

“ဟားဟား၊ ဘယ်သူမှ နင့်ကို မကူညီနိုင်တော့ဘူး! နင် ဒီကို ရောက်တာ တစ်ရက်ပဲရှိသေးတာ”

ကျင်းကန်းပေါင် သူမ ခါးထက် ဆင်ယင်ထားသော၊ သူ့ဟာနှင့် တစ်ပုံစံတည်းတူသည့် ကျင်းမိသားစု၏ပိုးမွေးမြူရေး ကိရိယာအစုံကို တစ်ချက်ကြည့်လိုက်သည်။

“နင့်ရဲ့ ရွှေချည်မျှင်ပိုးအိမ် ဝယ်ယူထားတဲ့ မှတ်တမ်းကို ငါ့ကို ပြစမ်း”

“ငါ့အစ်ကို ကျင်းချန်က ဆယ်စုံ ဆုံးရှုံးထားတာ၊ နင့်လက်ချက်လား?”

“နင် ငါတို့နဲ့ မပူးပေါင်းဘူးဆိုရင် ဒီနေ့ ပိုးကောင်တစ်ကောင်တောင် ရမှာမဟုတ်ဘူး—”

“ဒါတွေက ကျင်းမိသားစုဆီက ရတာလေ”

စုကျို သူ့ကိုကြည့်ပြီး ပြုံးပြလိုက်သည်။

ကျင်းကန်းပေါင် မှင်သက်သွားသည်။

“ဘာ... ဘာပြောတယ်?”

သူ ဒါကို လုံးဝမထင်မှတ်ထားခဲ့ချေ။

ဒီကျင့်ကြံသူမလေးက တကယ့်ကို သတ္တိခဲပဲ၊ ဖုံးကွယ်ဖို့တောင်မကြိုးစားဘဲ အကျယ်ကြီးထုတ်ပြောရဲတယ်ပေါ့၊ သူက မသေမျိုးသစ်သီးလေး စားထားရုံနဲ့ ထာဝရအခြေခံအဆင့်မှာ ရှိနေမယ်လို့ ထင်နေတာလား?

စုကျို ရယ်မောလိုက်သည် - “ကျွန်မမှာ မဝန်ခံရဲစရာ ဘာအကြောင်းမှမရှိဘူး”

သူမ စာရွက်တစ်ရွက်ကို ကျင်းကန်းပေါင် မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်သည်။

ကျင်းကန်းပေါင် ၎င်းကို ခွာယူကြည့်လိုက်ပြီးနောက် ဆွံ့အသွားတော့သည်။

[ အဆင့် ၃၅ ၏အသင်းခေါင်းဆောင် ကျင်းချန်သည် ယီစီနှစ်၊ ဒီဇင်ဘာလတွင် စုကျိုထံမှ ဝိညာဉ်ကျောက်တုံး ၁၃၉,၂၂၀ (အရင်းနှင့် အတိုး) အကြွေးတင်ရှိနေသည်။ ]

[ ယနေ့မှစ၍ ကျင်းချန်သည် အကြွေးပြန်ဆပ်ရန် ဆက်လက်ပျက်ကွက်နေပါက၊ စုကျိုအနေဖြင့် အကြွေးပြန်လည် ရရှိရန် အင်အားသုံးဖြေရှင်းနည်းများကို အသုံးပြုသွားမည်ဖြစ်သည်။ ]

[ ဖြစ်ပေါ်လာမည့် အကျိုးဆက်အားလုံးကို ကျင်းချန်ကိုယ်တိုင် တာဝန်ယူရမည်။ ]

ကျင်းကန်းပေါင် ထိတ်လန့်သွားသည်။

“...ပေါက်ကရတွေ! ငါ့အစ်ကိုက အဆင့် ၃၅ မှာရှိတာ၊ နင်က ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးပဲကို...”

ကျင်းမိသားစုက အလွန်ကြီးကျယ်ခမ်းနားပြီး၊ ကျင်းချန်ဆိုသည်မှာလည်း မိသားစုခေါင်းဆောင်၏ မွေးစားသားဖြစ် ကာ ကိုယ်တိုင်ကြိုးစားမှုဖြင့် မျိုးဆက်သစ်တွေထဲမှာ အစွမ်းအထက်ဆုံး ဖြစ်လာသူဖြစ်သည်။ မိသားစုခေါင်း ဆောင်ကိုယ်တိုင်က သအား သားအရင်းလိုဆက်ဆံသည်ဟု ပြောထားသည်။

ကျင်းချန်လိုလူမျိုးက ဘယ်လိုလုပ် ပိုက်ဆံပြတ်လတ်နိုင်မှာလဲ ?

မွေးစားသားဖြစ်သော်လည်း မိသားစု၏တန်ဖိုးထားမှုကို ခံရသူဖြစ်ရာ၊ ကျင်းချန်သည် ကျင်းမိသားစုဝင် အနွယ်ဝင် လူငယ်ကျင့်ကြံသူများ၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါးလိုပင်။

သူက ဘယ်လိုလုပ် ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမလေးတစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်သိန်းသုံး သောင်းလောက် အကြွေးတင်နေရမှာလဲ?

ချက်ချင်းဆိုသလို ကျင်းကန်းပေါင်၏မျက်ခုံးနှစ်ခုကြားတွင် သစ်သားတူ ဝိညာဉ်တံဆိပ်တစ်ခုပေါ်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ခုနစ်ယောက်မြောက်ညီလေး၊ အတူတူ တိုက်ကြမယ်! သူ့ကို ချည်နှောင်လိုက်စမ်း၊ ငါ အစ်ကိုကျင်းချန်အတွက် ပုံရိပ်ယောင်ကျောက်တုံးကိုသုံးပြီး သူ့ကို အပြစ်ပေးမယ်!”

ပုံရိပ်ယောင်ကျောက်တုံး ?

သေချာသွားပြီ။

စုကျို ပြုံးလိုက်သည်၊ သူမသည် ဤအဆင့်မြင့်အသင်းခေါင်းဆောင်များ၏သေစေနိုင်သော အားနည်းချက်ကို နောက်ဆုံးတော့ စမ်းသပ်တွေ့ရှိသွားပြီဖြစ်သည်။

သူ အပေါ်ထပ်ကိုတက်လို့မရသလို၊ ၎င်းတို့လည်း အောက်ထပ်ကိုဆင်းလာလို့မရချေ။

သူမသည် ဥပဒေပြင်ပရှိ အရူးမတစ်ယောက်လို... ၎င်းတို့၏ အသက်များအား စိတ်ကြိုက်ရိတ်သိမ်းနေသော်လည်း၊ အဆင့်မြင့်မြင့်နေရာရှိ သူများမှ သူ့အား ဘာမှလုပ်လို့မရပေ။

သိပ်ကောင်းတာပဲ၊ သူ အဆင့် ၇၂ မှာလည်း ငါးတစ်ကောင် ရှိသေးတယ်လေ။

ဒီတစ်ခေါက် ကျင်းချန်နဲ့ ရင်ဆိုင်ရတာက တကယ့်ကို အသုံးဝင်တဲ့ အတွေ့အကြုံပဲ။

စုကျို ပြုံးလိုက်သည်။

【 ? ဒီဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမက ရယ်တောင် ရယ်ရဲသေးတယ်?! 】

【 သူ့ နောက်မှာ! 】

တိုက်ပွဲအရှိန်တက်နေစဉ် စုကျိုသည် ကွင်းပြင်ပရှိ လူအုပ်ကြီး၏ဟိန်းဟောက်သံများကို ကြားလိုက်ရသလို ခံစားရပြီး သူ့နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ့နောက်ကွယ်ရှိ မှောင်မိုက်သောပုံရိပ်မှာ ထိတ်လန့်သွားသည်၊ သူ သူ့အားရှာတွေ့လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ ချေ!

သူ့ရဲ့ပါရမီက အရိပ်လုပ်ကြံခြင်းလေ!

ဘယ်သူမှ သူ့ကို ရှာမတွေ့နိုင်ဘူး!

“ဟင်း”

သို့သော် စုကျိုသည် ကမ္ဘာပျက်ကပ်အတွင်းမှာပင် အံ့ဩစရာကောင်းသော အာရုံခံနိုင်စွမ်းကို လေ့ကျင့်ထားပြီးသားဖြစ် သည်။ သူ့ ဓားမြှောင်မှ သူမ ခါးဆီသို့ထိုးစိုက်လာချိန်မှာပင်၊ သူမသည် ညာဘက်လက်ဖြင့် ‘ဘောလုံး’တစ်လုံးအား ချက်ချင်းဆွဲထုတ်ကာ ဓားမြှောင်ကိုခုခံလိုက်သည်!

ဖတ်~

လုပ်ကြံသူ၏ပါးလွှာသော ဓားသွားမှာ ဦးခေါင်းခွံ၏အမာဆုံးအပိုင်း၌ တစ်ဆို့သွားတော့သည်။

ထိုအမှောင်ပုံရိပ်: “?”

သူမရဲ့တုံ့ပြန်မှုက မြန်လှချည်လား ?

တိုက်ဆိုင်မှုများလား?

သူ မယုံကြည်နိုင်ဘဲ ဓားကို ပြန်ဆွဲထုတ်ကာ အမြန်နှုန်းဖြင့် သုံးကြိမ် ဆက်တိုက် ထိုးစိုက်လိုက်ပြန်သည်!

ရှပ်... ရှပ်... ရှပ်~

ဓားသွားနှင့် ဦးခေါင်းခွံ ပွတ်တိုက်မိသံမှာ နားမခံသာအောင် ထွက်ပေါ်လာသည်။

အရိပ်လုပ်ကြံသူ ဓားမှာ တစ်ဆို့သွားပြီး ပြန်ဆွဲထုတ်၍မရတော့ချေ!

ထိုအခါမှ သူ မျက်လုံးပြူးကာ ထို ‘လုံးဝန်းသောအရာ’ ကို သေချာစစ်ဆေးကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သွား တော့သည်။

သူ့ အသင်းခေါင်းဆောင်ရဲ့နောက်စေ့ကို ထိုးလိုက်မိတာပဲ!

အရိပ်လုပ်ကြံသူမှာ နောက်သို့ သုံးလှမ်းခန့်ဆုတ်သွားရင်း “ခေါင်းဆောင်... ခေါင်းဆောင်...”

နှစ်ပေါင်းများစွာ အတူရှိခဲ့သူပီပီ သူ ချက်ချင်းမှတ်မိသွားသည်!

ဒီလိုမျိုး တောက်တောက်ပြောင်ပြောင် ကျင်းမိသားစု ခေါင်းစည်း!

ဒီလိုမျိုး လူငယ်လေးတစ်ယောက်ရဲ့ ဆံပင်!

ဒီလိုမျိုးလုံးဝန်းတဲ့ ဦးခေါင်းပုံစံ!

သူ အလျှင်အမြန်နောက်ဆုတ်လိုက်ပြီး နောက်ဆုံးတွင် ရွှတ်~ ဟူသော အသံနှင့်အတူ တစ်ဆို့နေသော ဓားသွားကို ဆွဲထုတ်နိုင်ခဲ့သည်!

စုကျို သွားဖြဲပြလိုက်ပြီး ထိုခေါင်းအား ဘောလုံးတစ်လုံးလို အပေါ်အောက်ခုန်ပေါက်ကစားပြလိုက်ရာ ဖြူဖွေးသော ဦးခေါင်းခွံနှင့် လွင့်ပျံနေသော ဦးခေါင်းစည်းတို့မှာထင်ရှားလာရသည်။

“ခေါင်းဆောင်... ခေါင်းဆောင်...”

အရိပ်လုပ်ကြံသူ လှည့်ကြည့်လိုက်သည်။

“မင်း ဘာလုပ်နေတာလဲ! အား...”

လက်ဟန်ပြုကာ သံမဏိမီးဖိုကြီးတစ်ခုကိုဖန်တီးနေသော ကျင်းကန်းပေါင်မှာ ရုတ်တရက် မျက်နှာဖြူဖျော့သွားပြီး ညည်းတွားသံ ထွက်လာသည်။

“အား... အား...”

[ ? ]

[ ?? ]

[ ! ]

🥝 Chapter 70

[ ကျင်းကန်းပေါင် ရူးသွားတာလား? ]

[ ဟမ်? ]

[ ပြီးတော့ သူတို့ရဲ့ ခုနစ်ယောက်မြောက်ညီလေးက ဘာဖြစ်နေတာလဲ? သူ ဆက်ပြီး မထိုးနိုင်တော့ဘူးလား? ]

[ ငါ ခုနကပဲ လောင်းကြေးထပ်ထားတာ၊ မဟုတ်လောက်ပါဘူး ? ]

[ နေဦး၊ ဟိုကျင့်ကြံသူမလေး အပေါ်အောက် ခုန်ပေါက်ကစားနေတာက ဘာကြီးလဲ? ]

အသင်းခေါင်းဆောင်၊ အဲ့ဒါ အစ်ကို့ခေါင်းကြီးဗျ!

တောအုပ်ထဲက အမှောင်ပုံရိပ်မှာ စိတ်ပျက်အားငယ်သောအမူအရာဖြစ်သွားသော်လည်း၊ အလွန်အမင်း ထိတ်လန့်နေ သောကြောင့် အသံပင် မထွက်နိုင်တော့ချေ။

သူသည် မိမိဦးခေါင်းကိုကိုင်လျက် သုံးကြိမ်ဆက်တိုက် ငိုရှိုက်နေသော ကျင်းကန်းပေါင်ကို ကြည့်ကာ သူ့ဓားမြှောင်ကို အမြန်သိမ်းလိုက်သည်။

အသင်းခေါင်းဆောင်ရဲ့နောက်စေ့ကို ထိုးခဲ့တာ သူ မဟုတ်ပါဘူး!

သူ့ရဲ့သုံးကြိမ်ဆက်တိုက် လုပ်ကြံမှုလည်း မဟုတ်ရပါဘူး။

သေချာပေါက် သူ မဟုတ်ရပါဘူး။

ထိုအမှောင်ပုံရိပ်သည် ဦးခေါင်းခွံပေါ်ရှိ အမည်ကိုမြင်လိုက်ရလေသည်။

【 ကျင်းကန်းပေါင်၏ နောက်စေ့ ၁ 】!

ကြည့်ရတာ ၁၊ ၂၊ ၃၊ ၄... အား

ထိုအမှောင်ပုံရိပ်သည် သူ့အားပြုံးကြည့်နေသော စုကျိုထံကြောက်လန့်တကြား လှမ်းကြည့်လိုက်သည်။

“အိုး... နင်က နင့်အသင်းခေါင်းဆောင်အပေါ် တော်တော်ရက်စက်တာပဲနော်၊ မဟုတ်ဘူးလား ?”

စုကျို တဟားဟား ရယ်မောလိုက်သည်။

“ဒါဆို နင် သူ့အပေါ် အမြဲတမ်း ရန်ငြိုးထားနေပြီး၊ အခု အခွင့်အရေးရတုန်း လက်စားချေလိုက်တာပေါ့”

တဆစ်ဆစ်နာကျင်နေသော ဦးခေါင်းကိုကိုင်ထားသည့် ကျင်းကန်းပေါင်မှာ မှင်သက်နေသော ထိုပုံရိပ်ကို လှမ်းကြည့် လိုက်သည်။

“ခုနစ်ယောက်မြောက်ညီလေး၊ ဒါ မင်းပဲ! မင်း ခုနကတည်းက ငါ့ခေါင်းကို ရိုက်နေတာ”

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ! မင်းရဲ့ စံပြအဆင့် လုပ်ကြံသတ်ဖြတ်မှုပါရမီက ငါ့ကိုတောင် လှည့်စားနိုင်ခဲ့ တာပဲ!”

‘လူမသိအောင်’ ချဉ်းကပ်နိုင်သည့် ထိပ်တန်းလုပ်ကြံမှုပါရမီကို ပိုင်ဆိုင်ထားသော ထိုသူမှာ ဆွံ့အသွားတော့သည်။

“...?”

သူ မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် သူ့အပြစ်ကို ဆေးကြောနိုင်တော့မှာ မဟုတ်ဘူး။

လူမသိအောင်ပတ်ချာလည် လျှောက်သွားလို့ရတဲ့ ဒီပါရမီက တကယ်ဒုက္ခပေးတာပဲ!

“ကောင်းပြီ၊ ဒါဆို ဒီနေ့ ငါ အိမ်သန့်ရှင်းရေးလုပ်ရတော့မယ်! မင်းနဲ့ ဒီကျင့်ကြံသူမကိုပါ အတူတူသတ်ပစ်မယ်!” ကျင်းကန်းပေါင် ဟိန်းဟောက်လိုက်ရာ၊ သူ လက်နှစ်ဖက်ဖြင့် ဖွင့်လိုက်သော မီးဖိုကြီးမှာ ကျောက်စိမ်းတောအုပ် အတွင်း အပြည့်အဝပေါ်ထွက်လာတော့သည်။

“တကယ်တော့ ဒီပိုးကောင်ဖမ်းတဲ့ အဆင့်နိမ့်တိုက်ပွဲမှာ ငါ့ ပါရမီရဲ့ စွမ်းအားအသစ်ကိုသုံးရတာ နှမြောစရာပဲ”

“ဒါပေမဲ့ အခုတော့ မင်းတို့ ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်နိုင်ပြီ!”

တစ်ခဏချင်းမှာပင် တောင်တန်းနှင့် တောအုပ်များတုန်ခါသွားသည်။

မီးဖိုကြီးပွင့်လာပြီး ကျင်းကန်းပေါင်နှင့် အရပ်အမောင်း၊ ကျင့်စဉ်အဆင့် တူညီသော ကြေးညိုရောင် သစ်သားရုပ်သေး ရုပ်ကြီး တစ်ရုပ်မှာ ခန့်ညားထည်ဝါစွာထွက်ပေါ်လာသည်။

ရန်သူအားရှာတွေ့သွားသကဲ့သို့ တစ်ခဏအတွင်းမှာပင် ၎င်းသည် စုကျိုထံသို့ပြေးဝင်သွားပြီး သူမ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်!

[ ပြီးပြီ ]

[ ဟူး... ကျင်းကန်းပေါင်က ညည်းတွားတတ်ပေမဲ့ အားကိုးလို့ရသားပဲ ]

သို့သော် ပုံရိပ်ယောင်ပြကွက်ပေါ်ရှိ ချီးကျူးစကားများသည် နှစ်ကြိမ်မျှသာပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွား သည်။

မည်းမှောင်သော တိမ်တိုက်ကဲ့သို့ ရုပ်သေးရုပ်၏လက်ဝါးမှာ စုကျို ဦးခေါင်းပေါ်သို့ အရိပ်ကျလာသည်။

တစ်ခဏအတွင်း ဝတ်ရုံနီတစ်ခုလွင့်ပျံလာပြီး သူမနှင့် ရုပ်သေးရုပ်ကြားပေါ်လာခဲ့သည်!

သူ လက်တစ်ဖက်တည်းဖြင့် ရုပ်သေးရုပ်၏တိုက်ခိုက်မှုကို ခုခံလိုက်သည်!

“ချန်ယွမ်၊ နောက်ဆုတ်လိုက်”

“ငါ အဆင်ပြေတယ်၊ ငါ ကိုယ်တိုင် ကိုင်တွယ်နိုင်တယ်၊ နင် ဟိုဘက်မှာ အနားယူနေလိုက်”

စုကျိုသည် သူမ၏ ခြောက်သွေ့ယားယံနေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

အခြေခံအဆင့် ၅ ရှိသော သူ့ ညာဘက်လက်မှာ မငြိမ်မသက်ဖြစ်နေပြီး အထီးကျန်နေပေပြီ!

၎င်းသည် သားကောင်ကိုမစောင့်နိုင်တော့ချေ!

ချန်ယွမ်၏စိမ်းဖန့်ဖန့်မျက်ဝန်းများ အနည်းငယ် လင်းလက်သွားပြီးနောက် သူ ခေါင်ငြိမ့်ပြကာဘေးသို့ ခုန်ထွက် သွားပြီး အမှောင်ပုံရိပ်ကိုဖမ်းဆုပ်လိုက်သည်။

“အား!” အမှောင်ပုံရိပ် အော်ဟစ်လိုက်သည်။

“နင့်မှာ ဒီလောက်အစွမ်းထက်တဲ့ မိစ္ဆာကျွန်ရှိတာလား? အခြေခံအဆင့် ခန္ဓာကိုယ်အစွမ်းလား?”

ကျင်းကန်းပေါင် အံ့ဩတကြီး ရေရွတ်လိုက်သည်။

သို့သော် ထို့နောက် သူ ရယ်မောလိုက်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော စုကျိုကို ကြည့်ကာ

“နှမြောစရာပဲ၊ နင်က အရမ်းမာနကြီးလွန်းတယ်!”

သူ စကားမဆုံးခင်မှာပင် ကြေးညိုရုပ်သေးရုပ်သည် ၎င်း၏ထိပ်တန်းအဆင့် ၃၀ ကျင့်စဉ်ဖြစ်သော ‘ပိုးစားခြင်း’ကို စုကျိုထံသို့ ထုတ်လွှတ်လိုက်သည်!

၎င်းသည် သူမ ခန္ဓာကိုယ်ကို ကိုးကြိမ်တိုင်တိုင် လျင်မြန်စွာရိုက်ခတ်လိုက်သည်!

ရိုက်ချက်တစ်ခုစီသည် ကျင့်ကြံသူ၏ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအင်နှင့် ဒန်ထျန်ရှိ ဝိညာဉ်အမြစ်ကိုပင် ဝါးမျိုသွားစေလိမ့် မည်!

ဒါ ဝိညာဉ်ပိုးဖလံဂေဟာရဲ့အဆင့်မြင့်လူတွေသာ ပိုင်ဆိုင်တဲ့ တိုက်ခိုက်ရေးကျင့်စဉ်ပဲ!

“ဒီလို အသေအလဲတိုက်ခိုက်မှုမျိုးက သေတာ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရတာပဲ ဖြစ်လိမ့်မယ်! စုကျို၊ ငါ နင့်ကို တကယ်ထိခိုက်စေချင်တာ မဟုတ်ပါဘူး၊ အစ်ကိုကျင်းချန်ဆီက ယူသွားတဲ့ ဟာတွေကိုပြန်ပေးပြီး သူ့ကို တောင်းပန်လိုက်စမ်း”

ကျင်းကန်းပေါင် အော်ပြောလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် သူ မှင်သက်သွားရတော့သည်။

စုကျိုသည် ကိုးကြိမ်ဆက်တိုက် ရိုက်ခတ်ခံလိုက်ရသော်လည်း၊ ကြေးညိုရုပ်သေးလက်များက မြက်ခြောက်ပုံကို ရိုက်လိုက်သလို အသံများသာထွက်ပေါ်လာသည်။

ထို့နောက် မြက်ခြောက်များနှင့် ပေါင်းပင်များ အရပ်မျက်နှာအနှံ့လွင့်စင်သွားသည်ကို သူ မြင်လိုက်ရသည်!

ခြောက်လှန့်စာသစ်သားရုပ်ရဲ့ ခေါင်းတောင် လွင့်ထွက်သွားသေးတယ်!

ကျင်းကန်းပေါင်: “? ဒဏ်ရာအစားထိုး အရုပ်လား?!”

စုကျိုနှင့် အရပ်အမောင်းတူသော ခြောက်လှန့်စာသစ်သားရုပ် သုံးရုပ်မှာ မြေပြင်ပေါ်လဲလျောင်းနေတော့သည်!

ရုပ်သေးရုပ်၏ဆန့်ကျင်ဘက်အရပ်သို့ လှည့်ကြည့်လိုက်သောအခါ၊ စုကျိုသည် အုတ်ဂူမှတ်တိုင်နှင့်တူသော ထူးဆန်း သည့် ကျောက်တိုင်တစ်ခုပေါ်ရပ်လျက် တစ်ချက်ကလေးမျှ ဒဏ်ရာမရဘဲ ချက်ချင်းပေါ်လာသည်!

သူ့ကိုယ်တွင် ရွှေဒင်္ဂါးပြားအချို့ကို ချည်နှောင်ထားပြီး ၎င်းတို့မှာအလွန်ရင်းနှီးနေပုံရသည် — မိစ္ဆာကျွန်ဂေဟာရှိ ‘ကြမ်းခင်းအုတ်ချပ်’ များပင်။

သူမ ညာဘက်လက်မှာ ကြေးညိုရုပ်သေးရုပ်၏လက်မောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်!

“ငါ့ကို ကိုးကြိမ်တောင် ရိုက်ရဲတယ်ပေါ့၊” စုကျို လှောင်ပြုံးပြုံးလိုက်သည်။

ကျင်းကန်းပေါင်: “???”

သူ့ကို တကယ်ကော ရိုက်မိလိုက်လို့လား?

သူ မေးချင်တာက သူမရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိမိရဲ့လားလို့ပါ ?!

သူသည် မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော မြက်ရုပ်များနှင့် သူမ၏ခံစစ်အုတ်ခဲကဲ့သို့ မာကျောသောခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။

သူ ပြောသားပဲ! သူ ဘယ်နားကို ရိုက်မိလို့လဲ?!

ဒီဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမက ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ထူးဆန်းတဲ့မှော်ရတနာတွေကို ပိုင်ဆိုင်ထားရတာလဲ ?

ကျင်းကန်းပေါင် မျက်နှာမှာ တဆတ်ဆတ်တုန်ယင်လာသည်။

“ကျင်းကန်းပေါင်!”

စုကျို တဟားဟား ရယ်မောလိုက်ပြီး၊ ‘ပိုးစားခြင်း’ ကျင့်စဉ်ကို ထပ်မံထုတ်လွှတ်ရန် ကြိုးစားနေသော ကြေးညိုရုပ် သေးရုပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြန်သည်!

“ကျင်းမိသားစုရဲ့စည်းမျဉ်းက အကြွေးတစ်ခုကို ဆယ်ဆပြန်ဆပ်ရမယ်တဲ့”

“နင် ငါ့ကို ကိုးကြိမ် ရိုက်ရဲတယ်ဆိုတော့—”

ဘုန်း!

သူမ ညာဘက်လက်ဝမှာ ပေါက်ထွက်သွားပြီး ရုပ်သေးရုပ်ပြုလုပ်ရန် ကုန်ကြမ်းများဖြစ်သည့် ကြေးညိုသလင်းခဲများ နှင့် အနက်ရောင် သံသစ်သားပုံကြီးများမှာ တောင်ပုံရာပုံတောအုပ်ထဲသို့ ပြုတ်ကျလာတော့သည်!

ကျင်းကန်းပေါင်: “?”

သူ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်!

ဒါ ဘာတွေ ဖြစ်နေတာလဲ?

“နင်က လက်သမားပညာ ပါရမီပါ ရှိတာလား—”

အထွက်နှုန်းက လေးဆပဲဖြစ်ရမှာ မဟုတ်ဘူးလား?

ဟူကျဲကျင့် သူ့ဆီက ဝိညာဉ်ကျောက်တုံးငါးထောင်ယူပြီး အဲဒီလိုပဲ ပြောခဲ့တာလေ!

[ တတိယအဆင့် ကြေးညိုရုပ်သေးရုပ်ကို ခွဲခြားသိရှိရသည်! ]

[ ကူးယူပွားများခြင်း လုပ်ငန်းစဉ်အတွင်း အမှားအယွင်းအချို့ဖြစ်ပေါ်ခဲ့သည်! ]

[ ကြေးညိုသလင်းခဲနှင့် အနက်ရောင် သံသစ်သားကုန်ကြမ်းတောင်ပုံ ၉ ပုံကို ရရှိသည် ]

စုကျို လျှာသပ်လိုက်ရင်း - “ဆောရီးပဲ ကျင်းအာရေ၊ ငါ မှားသွားလို့”

“ခဏလောက် စောင့်ဦး၊ ငါ ထပ်ပြီး စမ်းကြည့်ဦးမယ်”

ကျင်းကန်းပေါင်: “???”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း၊ သူမက ရုပ်သေးရုပ်၏ကြေးညိုလက်မောင်းများကိုဖက်ထားပြီး သူမ၏ ညာဘက်လက်ဝမှာ ထပ်မံလှုပ်ခတ်သွားပြန်သည်!

ကျင်းကန်းပေါင်မှာ အလွန်အမင်းထိတ်လန့်နေသောကြောင့် ကြေးညိုရုပ်သေးရုပ်မှာ ထိန်းချုပ်မှုလွတ်နေပေပြီ။

“ဟေ့၊”

စုကျိုက မြေပြင်ပေါ်သို့ ထပ်မံကျလာသော ဒုတိယအဆင့် သံမဏိတူ ၉ ခုကို ကြည့်လိုက်သည်။

“နင် ကံကောင်းတာပဲ”

ကျင်းကန်းပေါင်: “???”

သူ လုံးဝ နားမလည်နိုင်တော့ချေ။

သူ့အတွက် ဘာက ကံကောင်းတာလဲ!

[ ဘာတွေ ဖြစ်နေတာလဲ? ကျင်းကန်းပေါင်ရဲ့ သိုလှောင်အိတ်ပေါက်နေတာလား? ငါတို့ကို သူ့ရဲ့ လက်နက်လုပ်တဲ့ ကိရိယာတွေ လာကြွားဖို့ တိုက်ပွဲထဲ ဝင်လာတာလား? ]

[ ဒါက သေချာပေါက် ချမ်းသာကြောင်းကြွားနေတာပဲ! ကျင်းမိသားစုကတော့ ကွပ်ကဲနေတာပဲ! ]

[ ကောင်းတယ်၊ ကောင်းတယ်၊ ကျင်းကန်းပေါင်... မင်းက တိုက်ပွဲမှာ တကယ့်ကို လမ်းကြောင်းသစ်တစ်ခု ထွင်လိုက် တာပဲ။ ]

[ လူသစ်တွေကို အထင်သေးပြီး သူတို့ရဲ့ကျင့်စဉ်အပေါ် ယုံကြည်မှုကို ရိုက်ချိုးပစ်တာ တကယ့်ကို ရက်စက်တာပဲ၊ ကျင်းကန်းပေါင်။ ]

တိုက်ရိုက်ထုတ်လွှင့်မှု၏ဆွေးနွေးခန်းမှာ ဆူညံပွက်လောရိုက်နေသည်။ ‘ကျင်းကန်းပေါင်က လူသစ်တစ်ယောက်ကို လက်နက်လုပ်တဲ့ ကိရိယာ ၉ စုံနဲ့ပစ်ပေါက်လိုက်တယ်’ ဆိုသည့် အကြောင်းအရာကြောင့် စုကျို၏တိုက်ပွဲကို ကြည့်ရှုနေသော တပည့်အရေအတွက်မှာထိုးတက်သွားတော့သည်!

ကျောက်စိမ်းတောအုပ်အတွင်း ပုံရိပ်ယောင်ပြကွက်ကို တိတ်တဆိတ် ကြည့်နေကြသော ကောင်းကင်လက်နက် အသင်းမှ ကျန်အဖွဲ့ဝင်များပင် အကြီးအကျယ်ထိတ်လန့်သွားကြသည်။

ယင်လီနှင့် ရင်ဆိုင်နေရသော ကောင်းကင်လက်နက်အသင်း၏ ဒု-အသင်းခေါင်းဆောင်က လှောင်ပြုံးဖြင့်

“ယင်လီ၊ လျို့ကျား... အရှုံးပေးလိုက်ကြစမ်း! နင်တို့ရဲ့ လူသစ် စုကျိုကတော့ ငါတို့ အသင်းခေါင်းဆောင်ဆီက အပြင်းအထန် အရိုက်ခံနေရပြီ!”

အသင်းခေါင်းဆောင် ကျင်းကန်းပေါင်ကတော့ အစွမ်းထက်လိုက်တာ!

ဒု-အသင်းခေါင်းဆောင်၏မျက်နှာထက် အံ့အားသင့်မှုများပြည့်နှက်နေသည်။

“အသင်းခေါင်းဆောင်က ကျင့်စဉ်ကနေ ထွက်လာတာနဲ့ လူတိုင်းကို ဒီလောက် အံ့အားသင့်စရာကြီး ပေးလိမ့်မယ်လို့ ငါတို့ လုံးဝထင်မထားခဲ့ဘူး! သူ တကယ်ပဲ ဒီလို တိုက်ခိုက်နည်းအသစ်ကို တီထွင်လိုက်တာပဲ!”

မျက်လုံးမှိတ်ထားသော ယင်လီနှင့်လျို့ကျားတို့မှာမူ ထူးဆန်းသော အမူအရာမျာ ဖြစ်နေကြသည်။

“...အာ အဲ့ဒီလိုလား?”

“နင် ပြောချင်တာက နင့်အသင်းခေါင်းဆောင်ရဲ့ ရုပ်သေးရုပ် ၉ စုံစာ ကုန်ကြမ်းတွေနဲ့ သူ့ရဲ့ သံမဏိတူ ၉ ခုက တိုက်ပွဲကွင်းပြင်ထဲမှာ ရောက်နေပြီလို့ပြောတာလား?”

“ဒါပေါ့!”

ကောင်းကင်လက်နက်အသင်း ဒု-အသင်းခေါင်းဆောင်က အကျယ်ကြီး ရယ်မောလိုက်သည်။

“တုန်လှုပ်သွားကြစမ်း! ငါတို့ အသင်းခေါင်းဆောင်ရဲ့ခမ်းနားတဲ့ တိုက်ကွက်က ဒီနေ့ရဲ့ တိုက်ပွဲအဆင့်သတ်မှတ်ချက် ထိပ်တန်း အယောက် ၂၀ ထဲကိုရောက်သွားပြီ!”

အသင်း၏ဝိညာဉ်ကျောက်တုံး ဝင်ငွေတစ်စိတ်တစ်ပိုင်းသည် အခြားတပည့်များ ဝယ်ယူကြည့်ရှုကြသော စိတ်လှုပ်ရှား ဖွယ် တိုက်ပွဲဗီဒီယိုများ၏ကြည့်ရှုနှုန်းပေါ်တွင် မူတည်သည်!

လူတိုင်းထိပ်တန်းအဆင့်က လူတွေရဲ့ တိုက်ခိုက်နည်းတွေကို အကြိမ်ကြိမ်လေ့လာကြလိမ့်မည်!

အဆင့်မြင့်လေလေ၊ လူတွေက ပိုပြီးအတုယူ သင်ယူကြလေလေပင်!

“ငါတို့ အသင်းခေါင်းဆောင်ရဲ့ဝှက်ဖဲက ပေါ်သွားပြီဆိုပေမဲ့ ကိစ္စမရှိပါဘူး...”

ကောင်းကင်လက်နက်အသင်း ဒု-အသင်းခေါင်းဆောင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

“တကယ့် အစွမ်းဆိုတာ ဖုံးကွယ်ထားဖို့ မလိုဘူးလေ!”

“ငါတို့ ကောင်းကင်လက်နက်အသင်းက အရင်နဲ့မတူတော့ဘူးဆိုတာ အဆင့် ၃၀ မှာရှိတဲ့ တပည့်အားလုံးကို ငါတို့ သိအောင်လုပ်ပြမယ်၊ ဟားဟားဟား!”

မျက်လုံးမှိတ်ထားကြသော ယင်လီနှင့် လျို့ကျားတို့မှာ ဆွံ့အလျက်ရှိသည်။ အရင်နှင့်မတူတော့သော ကောင်းကင် လက်နက်အသင်းခေါင်းဆောင် ကျင်းကန်းပေါင်သည် နောက်ဆုံးတွင် သူတို့နှင့် အလွန်ဝေးကွာသော ကျောက်စိမ်း တောအုပ်ရှိ အနောက်တောင်ဘက်ထောင့်မှ စုကျို၏ သက်ပြင်းချသံကို တစ်ဖန်ကြားလိုက်ရပြန်သည်။

“နောက်ဆုံး.. ဒီတစ်ခါတော့ မှန်သွားပြီ”

စုကျို ပြုံးလိုက်ပြီး တစ်ခဏအတွင်းမှာပင် သူ့ ညာဘက်လက်ဝမှာ ပေါက်ကွဲထွက်သွားတော့သည်!

ဘုန်း၊ ဘုန်း ဘုန်း ဘုန်း ဘုန်း၊ ကျောက်စိမ်းတောအုပ် တစ်ခွင်လုံးတွင် လေးလံသောအရာဝတ္ထုများ ကျရောက်သံများ ဆက်တိုက်ဆိုသလို ဟိန်းထွက်သွားခဲ့သည်။

ကျင်းကန်းပေါင် မှင်သက်လျက် ရှေ့သို့ ကြည့်လိုက်ရာ မြင့်တက်လာသော ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးများကို တွေ့လိုက်ရသည်...

သူ့ ကြေးညိုရုပ်သေးရုပ်မှာ အဖော်မဲ့နေသော မိဘမဲ့ကလေးတစ်ဦးနှင့်ပင် တူသွားတော့သည်။

တစ်ခဏအတွင်းမှာပင် သူနှင့်တစ်ပုံစံတည်းတူသော အခြေခံအဆင့်ရုပ်သေးရုပ်ညီအစ်ကို ကိုးရုပ်မှာ သူ့ဘေးတွင် ပေါ်လာခဲ့ပြီဖြစ်သည်!

စုကျို နူးညံ့သောအသံမှာ လွင့်ပျံလာသည်။

“ဝိညာဉ်လက်နက်ပညာရှင် ပါရမီလား ?”

“မဟုတ်ဘူး၊ ငါက အထွက်နှုန်းကိုမှ လေးဆထွက်နှုန်း”

“???”

“!!!”

စုကျို မျက်နှာမှာ ဖြူဖျော့နေပြီး အင်အားကုန်ခမ်းမှုကြောင့် သွေးစအချို့မှာ သူ့ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သို့သော် သူမသည် ဖုရှင်းအုတ်ဂူမှတ်တိုင်ပေါ်သို့တက်လိုက်ပြီး အားအင်ပြန်ပြည့်ဆေးတစ်ပုလင်းလုံးကို မော့ချလိုက် ရာ သူ့မျက်နှာမှာ အလျှင်အမြန်ပင်ပြန်လည်နီမြန်းလာသည်။ သူမ ထုတ်ယူထားသော ဝှီးချဲပေါ်တွင်ထိုင်လိုက်ပြီး သူ့ ကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းသည့် ကျင့်စဉ်အလင်းရောင်များ တဖျတ်ဖျတ်လင်းလက်လာသည်။

သူမ ကောင်းကင်သို့ လက်ဖျစ်တစ်ချက် တီးလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျင်းကန်းပေါင်၏အထီးကျန်ရုပ်သေးရုပ်မှာ ရုပ်သေးရုပ်ညီအစ်ကို ကိုးရုပ်၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး၊ ၎င်းတို့က သံမဏိတူကိုးခုကို အသုံးပြုကာ ကျင်းကန်းပေါင်၏ရုပ်သေးကို အပိုင်းကိုးပိုင်း ဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက် ထိုအပိုင်းအစများကို ကြေးညိုသလင်းခဲနှင့် အနက်ရောင်သံသစ်သား ကုန်ကြမ်းတောင်ပုံ ကိုးပုံထဲသို့ အတင်းထည့်ပစ်လိုက်ကြသည်။

တစ်ခဏချင်းမှာပင် အမျိုးအစားခွဲခြားခြင်းနှင့် သိုလှောင်ခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးသွားတော့သည်။

“?”

စုကျို မော့ကြည့်ကာ ကျင်းကန်းပေါင်ကို ပြုံးပြလိုက်သည်။

“လိမ္မာပါးနပ်စွာနဲ့ ဒီကို လာခဲ့စမ်း”

“ခုနက ငါ့ကို ကိုးကြိမ် ရိုက်ဖို့ ဘယ်ဘက်လက်ကိုသုံးခဲ့တာလဲ၊ ဟင် ?”

ကျင်းကန်းပေါင်: “???”

သူ့ ဦးခေါင်းနောက်ဘက်တွင် လက်ဝါးကိုးချက်နှင့် အုပ်ရိုက်ခံလိုက်ရသလို သူ ချက်ချင်းခံစားလိုက်ရသည်!

ကျင်းကန်းပေါင်: “!!!!”

All Chapters