← Chapters

မင်းတို့ပိုင်မျိုးနွယ်တွေက တကယ် အရှက်မရှိကြဘူးပဲ ...

Vol. 21 Ch. 208

မင်းတို့ပိုင်မျိုးနွယ်တွေက တကယ် အရှက်မရှိကြဘူးပဲ ...

Vol. 21 Ch. 208

ယဲ့ချန်သည် ပြန်လည်နှုတ်ဆက်ရန် အစီအစဉ်မရှိခဲ့ချေ။ သူသည် ပိုင်ရှိုးမင်ကို ခဏကြာအောင် စိုက်ကြည့်နေပြီးမှ ဖွင့်ဟမေးမြန်းလာ၏။ "ပိုင်ယွီရော သေသွားပြီလား"

ပိုင်ရှိုးမင်၏ မျက်နှာအမူအရာကတော့ တည်နေလေသည်။ "ကျွန်တော့်အဖေက အလုပ်များနေလို့ လုံဝမ်ကို ဧည့်ခံဖို့ကျွန်တော့်ကို အထူးတလည် လွှတ်လိုက်တာပါ"

"အဟက် !" ယဲ့ချန်သည် လှောင်ရယ်လိုက်ပြီး ပိုင်ရှိုးမင်၏ ကိုယ်ပေါ်က အကြည့်ကို လွှဲလိုက်ကာ တိတ်ဆိတ်စွာပင် မကျေနပ်မှုကို ဖော်ပြလိုက်လေသည်။

ပိုင်ရှိုးမင်သည် သူ့အဖေက ပိုင်လုံဝမ်အပေါ် အာဃာတ ကြီးမားရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားခဲ့လေသည်။ ဒီလိုကိစ္စမျိုးက တကယ်ပဲ တခြားလူဆီမှာ အကြောင်းအရင်း ရှာသင့်သည်ပင်။

သိပ်မကျယ်ဝန်းလှသည့် ဆိုင်ခန်းလေးထဲသို့ အရပ်ရှည်ရှည် အမျိုးသားနှစ်ဦး ဝင်ရောက်လာသည့်တွင် ရုတ်တရက် ကျဉ်းကျပ်သွားသလို ခံစားလိုက်ရ၏။

ထိုအပြင် လူနှစ်ယောက်ကြားက အခြေအနေကလည်း သိပ်ပြီးမရင်းနှီးလှချေ။ စကားနှစ်ခွန်း မပြောရသေးခင်မှာပင် ချန်ဟွေ့ကို သူတို့နှစ်ဦးဆိုင်ကို လှန်ပစ်တော့မည်ဟု ထင်ယောင်ထင်မှား ဖြစ်စေလေတော့သည်။

ချန်ဟွေ့သည် ခေါင်းလှည့်ကာ အားချန်နှင့်အားမန်တို့ကို ကြည့်လိုက်ရာ ညီအစ်မနှစ်ယောက်ကတော့ စိတ်ဝင်တစား ပွဲကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဒီနှစ်ယောက်ကိုလည်း အားကိုးလို့မရတော့ချေ။

သူမသည် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ခေါင်းမာမာဖြင့် ရှေ့တိုးကာ ပြောလိုက်တော့၏။ "မတ်တတ်ရပ် မနေကြပါနဲ့တော့ ပြောစရာရှိရင် ထိုင်ပြီးပြောကြပါ"

ပြောပြီးသည်နှင့် သူမသည် မတ်တပ်ရပ်နေသည့် လူနှစ်ယောက်ကို မကြည့်တော့ဘဲ အားချန်နှင့်အားမန်ကို ခေါ်ဆောင်ကာ စားပွဲနားသို့ သွားထိုင်လိုက်လေသည်။

ပိုင်ရှိုးမင်သည် အခြေအနေကို မြင်သည်နှင့် နောက်မှလိုက်သွားပြီး အားနာခြင်းမရှိဘဲ အားချန်၏ ဘေးတွေဝင်ထိုင်လိုက်လေသည်။

ယဲ့ချန်ကကတော့ အားချန်၏တစ်ဖက် ဘေးတွင်ကပ်နေသော အားမန်ကို ဆွဲခွာလိုက်ပြီး သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။

သိပ်မကြီးမားလှသည့် စားပွဲတစ်လုံးတွင် လူလေးယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ချန်ဟွေ့ကအလယ်တွင် ထိုင်နေလေသည်။ ကြည့်ရသည်မှာ စကားစမြည် ပြောဆိုနေခြင်းမဟုတ်ဘဲ စေ့စပ်ဆွေးနွေးပွဲ လုပ်နေသည်နှင့်တူနေပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည့် အခြေအနေ ဖြစ်နေလေ၏။

ချန်ဟွေ့သည် ဒီလိုအခြေအနေမျိုးတွင် သူမ ရှိနေရန် မသင့်လျော်ဟု ခံစားမိသဖြင့် တိတ်ဆိတ်စွာပင် မတ်တပ်ထရပ်လိုက်ရာ လှပနေသည့် မျက်လုံးတစ်စုံနှင့် ဆုံလိုက်ရတော့၏။

သူမမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ အားချန်နှင့် အားမန်တို့သည် ရုပ်ရည်ချင်း မတူညီကြသော်ငြားလည်း အမူအရာနှင့် အသေးစိတ် လှုပ်ရှားမှုလေးများက ထပ်တူကျနေကြသဖြင့် အားမန်ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်ငြား စိမ်းသက်နေသည်ဟု မခံစားရ ပေ။

သူမသည် လေသံကိုလျှော့ကာ ထိုနှစ်ယောက်ကို ပြောလိုက်လေသည်။ "ရှင်တို့အတွက် မက်မွန်ဖျော်ရည် သွားကျိုပေးမယ်"

နှစ်ယောက်သားက တပြိုင်တည်း ခေါင်းငြိမ့်လိုက်ကြပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နက်နေလေသည်။

ချန်ဟွေ့သည် အနောက်ဘက် ခြံဝင်းသို့ ထွက်ခွာသွားပြီးနောက် အားချန်နှင့် အားမန်တို့သည် ဘေးကလူနှစ်ယောက်ကို လုံးဝလျစ်လျူရှုထားလိုက်ပြီး ကိုယ့်ဘာသာကိုယ် စကားစမြည် ပြောဆိုနေကြလေသည်။

"ငါ ရှန့်ကျင်းမှာ ရှိနေတယ်ဆိုတာ နင် ဘယ်လိုသိတာလဲ" အားချန်ကစိတ်ထဲတွင် အသိချင်ဆုံး မေးခွန်းကိုအရင်ဆုံး မေးလိုက်၏။

"လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက နဂါးဖြူလေးတစ်ကောင် နဂါးမျိုးနွယ်ဆီ ပြန်ရောက်လာပြီး ယဲ့ချန်ဆီကို ပို့လိုက်ကြတယ်လေ" အားမန်သည် ဘေးနားက အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။ "ငါ ကြားတာက... နဂါးလေးက ပြောတယ်။ စိတ်ထားကောင်းတဲ့လူက သူ့ကိုကယ်ခဲ့တာတဲ့။ အဲဒီစိတ်ထားကောင်းတဲ့လူက နာမည်က အားချန်လို့ ခေါ်ရုံတင်မကဘူး။ လူအသွင်ပြောင်းထားတဲ့ အမြီးရှစ်ချောင်း မြေခွေးဖြစ်တယ်တဲ့။ ငါက နင် ဖြစ်မယ်လို့ သံသယရှိတာနဲ့ နင့်ဆီကို ခေါ်လာပေးဖို့ ငါ သူ့ကို ပြောလိုက်တာ"

ယဲ့ချန်သည် အားမန်ကို ကြည့်လိုက်၏။ ပြောရတာတော့ လွယ်ကူသောငြား သူ့ကို အစ်မဖြစ်သူထံ ခေါ်သွားပေးရန် စကားနှစ်ခွန်းလောက်ဖြင့် ပြီးသွားသည့် ကိစ္စမဟုတ်ချေ။

သူမသည် သူ့နားနားတွင် ဆယ်ရက်ကျော်လောက် အော်ဟစ်ငိုယို နေခဲ့သဖြင့် နောက်ဆုံးတွင် ခေါင်းကိုက်လာရပြီး သဘောတူလိုက်ရခြင်း ဖြစ်လေသည်။

အားချန်သည် အားမန်၏ အကြည့်အတိုင်း မျက်နှာချင်းဆိုင်က အမျိုးသားကို ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် သိသာထင်ရှားသည့် စူးစမ်း ဆန်းစစ်မှုများ ပါဝင်နေတော့သည်။

ယဲ့ချန်သည် အားချန်၏ စိုက်ကြည့်နေသည်ကို ခံစားမိသဖြင့် ခံစားချက်မပါသည့် မျက်နှာထားဖြင့် ပြန်ကြည့်လိုက်ကာ "အင်း" ဟုတစ်ချက်သာ ဖြေလိုက်ပြီး အားမန်၏ စကားကို ထောက်ခံလိုက်သယောင်ပင်။

အားမန်၏ အာရုံအားလုံးသည် အားချန်တွင်သာရှိနေပြီး ဘေးလူကို လုံးဝဂရုမစိုက်ဘဲ ဆက်ပြောလိုက်လေသည်။ "ငါ သတိရလာပြီးတော့ နင့်ကိုရှာဖို့ ချင်းယွီတောင်ကို သွားခဲ့သေးတယ်။ သူတို့က ပြောတယ်။ နင် ထွက်သွားပြီတဲ့။ နင် ဘယ်ရောက်နေလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ တကယ်တမ်း ဘာတွေဖြစ်သွားခဲ့တာလဲ။ နင် ဘာဖြစ်လို့အခုပုံစံ ပြောင်းလဲသွားရတာလဲ"

စကားနှစ်ခွန်းလောက် ပြောပြီးရုံနှင့် သူမသည် မျက်ရည်များ ဝဲလာပြန်၏။ အပြင်ဘက်တွင် မိုးကလည်းပိုပြီး သည်းလာကာ မိုးရေစက်များသည် အိမ်ခေါင်မိုးပေါ်သို့ တဖွဲဖွဲကျဆင်း လာလေသည်။

အားချန်သည် လက်ကိုင်ပုဝါကိုထုတ်ကာ အားမန်၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီးမှ ပြန်ဖြေလိုက်၏။ "အဲဒီတုန်းက နင် ရုတ်တရက် ပျောက်သွားလို့ ငါ တောင်ပေါ်မှာ အကြာကြီး ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ ဦးလေး၄အိမ်က အမွှာတွေက ပြောတယ်။ နင်တောင်အောက် ဆင်းသွားတာကို မြင်လိုက်တယ်တဲ့။ အဲဒါနဲ့ ငါလည်း တောင်အောက် လိုက်ဆင်းလာတာ"

"သူတို့ လျှောက်ပြောနေတာ။ သူတို့က ငါ့ကို ရေအေးကန်ထဲ တွန်းချပြီး သတ်ပစ်ခဲ့ကြတာ ! "

အားမန်၏ နီရဲနေသော မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေပြီး အပြင်ဘက်တွင် ရုတ်တရက် မိုးခြိမ်းသံနှစ်ချက် ထွက်ပေါ်လာခဲ့လေသည်။

ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည့် ပိုင်ရှိုးမင်သည် အိမ်အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးတော့ အကြည့်ကို ယဲ့ချန်၏ ကိုယ်ပေါ်သို့ ပြန်လွှဲလိုက်ကာ လူနှစ်ဦးသည် အသံတိတ် အကြည့်ခြင်း ဖလှယ်လိုက်ကြပြီး ဆက်ပြီးထိုင်နေလိုက်ကြ၏။

"သူတို့ဖြစ်နေတာကိုး" အားချန်၏ အသံကလည်း အေးစက်သွားတော့သည်။ "သူတို့ကိုဂရုစိုက် နေစရာမလိုတော့ပါဘူး။ ငါပြီးခဲ့တဲ့တစ်ခေါက်က ချင်းယွီတောင်ကို သွားတုန်းက သူ့တို့တွေ ရေအေးကန်ထဲ ချော်ကျပြီး ရေနစ်သေသွားကြပြီ" အားမန်သည် ရန်သူနှစ်ဦး၏ အဆုံးသတ်ကို ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အရေးကြီးကိစ္စကို မေးမြန်းရန်မမေ့ခဲ့ ချေ။

"နင်တောင်အောက်ဆင်းပြီးတော့ ဘာတွေကြုံတွေ့ခဲ့ရတာလဲ"

သူမသည် မေးမရမချင်း လက်လျှောမည့်ပုံ မပေါ်သဖြင့် အားချန်ကလည်း အမှန်အတိုင်း ပြောပြလိုက်တော့သည်။ "ငါ ကြားဖူးတာက တိလင်းချဲ့ စာအုပ်က လူရှာဖို့ အလွယ်ကူဆုံးပဲတဲ့။ အဲဒါနဲ့ တိလင်းချဲ့ စာအုပ်ပိုင်ရှင်ကို သွားရှာပြီး ငှားသုံးဖို့လုပ်တာ။ သူ့အိမ်က လူတွေက ငါ့ကို ကြည့်မရလို့ ငါနဲ့ပြဿနာတက်ပြီး ငါလည်း အပြင်းအထန် ဒဏ်ရာရပြီးတော့ ရှန့်ကျင်းကို ရောက်လာခဲ့တာ။ သေခါနီးလူတစ်ယောက်နဲ့တွေ့ပြီး သူက သူ့ခန္ဓာကိုယ်ကို ငါ့ကို ပေးခဲ့တာ။ သူ့အတွက် နောက်ဆုံးကိစ္စတွေ ဖြေရှင်းပေးဖို့ ပြောခဲ့တယ်"

"ဖြေရှင်းလို့ပြီးပြီလား။ တကယ်လို့ မပြီးသေးရင် ငါ ကူညီပြီး လူတွေကို ရေနစ်သေအောင် လုပ်ပေးလို့ရတယ်လေ" အားမန်၏မျက်နှာတွင် စိတ်အားထက်သန်မှုများ ပေါ်လွင်နေလေသည်။

ဒီအကြောင်း ပြောမိသည်တွင် အားချန်သည် ညီမဖြစ်သူကို ညည်းညူမိတော့၏။ "အစက သူ့အဖေပဲ ကျန်တော့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ ရက်ပိုင်းတုန်းက ငါ ရုတ်တရက် သိလိုက်ရတာက သူ့ရဲ့အခုအဖေက အတုကြီး ဖြစ်နေတာ"

အားမန်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး စူးစမ်းလိုစိတ်များ ပြင်းထန်လာကာ ဒီလိုဇာတ်လမ်းမျိုးက ရှားပါးသည် မဟုတ်ပါလား။ "အစစ်ကရော"

"အစစ်က အခုမိစ္ဆာမျိုးနွယ်ဆီမှာ ရှိနေတယ်။ မကြာသေးခင်ကမှ အဆင့်၅နယ်ပယ်ကို ချိုးဖျက်ဝင်ရောက် သွားတယ်"

"အဆင့်၅ဟုတ်လား" ညီမနှစ်ယောက် စကားပြောနေသည်ကို နားထောင်နေသည့် ယဲ့ချန်က ရုတ်တရက်ဝင်ပြောလိုက်၏။

ပိုင်ရှိုးမင်သည် ဘေးနားက လက်ဖက်ရည် ကရားကိုမလိုက်ပြီး အားချန်နှင့်အားမန်တို့အတွက် ရေတစ်ခွက်စီငှဲ့ပေးကာ သူတို့နှစ်ဦး အရှေ့သို့ တွန်းပေးလိုက်လေသည်။

အားချန်က ယဲ့ချန်ကို ပြန်မဖြေရသေးခင်မှာပင် သူကရုတ်တရက် ဝင်ပြောလိုက်တော့သည်။ "နဂါးစိမ်းပုလဲ အလုခံလိုက်ရတာက သူ့ကို အဆင့်တက်ဖို့ အသုံးပြုခံလိုက်ရတာပဲ။ လုံဝမ် ဒီကိစ္စကို မှတ်မိဦးမယ် ထင်ပါတယ်"

“ဒီလုံဝမ်က မမေ့ပါဘူး။ မင်းက ငါတို့နဂါးမျိုးနွယ်ရဲ့ ကိစ္စတွေကို တော်တော်လေး မှတ်မိနေတာပဲ"

"ငယ်ရွယ်သေးတော့ မှတ်ဉာဏ်ကောင်းတယ်လေ" ပိုင်ရှိုးမင်က လက်ဖက်ရည် ကရားကိုပြန်ချထားလိုက်၏။

ထိုနောက်တွင် သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။

အားချန်သည် အနည်းငယ် စိုးရိမ်မိသွားတော့၏။ နောက်တခဏတွင် လူတစ်ယောက်နှင့် နဂါးတစ်ကောင်သည် သူမ၏အိမ်ခေါင်မိုးကို ဖောက်ထွက်သွားပြီး ရှန့်ကျင်းကို မြေလှန်ပစ်လိုက်မည်ဟု ခံစားနေရလေသည်။

သူမသည် အတွေးများကို အချိန်မီရပ်တန့်လိုက်ပြီး ဆက်လက်တွေးတောခြင်း မပြုတော့ပေ။

ပိုင်ရှိုးမင်ကတော့ ယဲ့ချန်ကို ဒီအတိုင်း လွှတ်ပေးမည့်ပုံမရပေ။ "ဖုဟွမ် ပြောတာကြားဖူးတယ်။ ပိုင်လုံဝမ် ငယ်ရွယ်စဥ်တုန်းက မိစ္ဆာဧကရာဇ်ရဲ့လက်ထဲမှာ မနည်းမနော အထိနာခဲ့ဖူးပြီး မိစ္ဆာမျိုးနွယ်တွေဆီမှာ သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်ဆို"

ယဲ့ချန်သည် မျက်ခွံကို ပင့်လိုက်ကာ "ဒါဆိုရင် ပိုင်ယွီကရော ပြောပြဖူးလား။ သူ ငါ့လက်ချက်နဲ့ ပင်လယ်ထဲ ပစ်ချခံရပြီး ပင်လယ်တစ်ခုလုံး ဖို့ပစ်ဖို့တောင် နည်းနည်းလေးပဲ လိုတော့တယ်ဆိုတာလေ"

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်ကို ကွေးထားကာ "ဖုဟွမ်က ပြောပါတယ်။ ပိုင်လုံဝမ်က သူ့အကြောင်း ပြောသမျှအားလုံးက စွပ်စွဲချက်တွေပဲတဲ့"

"မင်းတို့ပိုင်မျိုးနွယ်တွေက တကယ်အရှက်မရှိကြဘူးပဲ"

"မြှောက်လွန်းနေပါပြီ။ ကျွန်တော်က လုံဝမ်ပြောတဲ့ စကားလုံးတိုင်းကို ဖုဟွမ်ဆီ အမှန်အတိုင်း ပြန်ပြောပြလိုက်ပါမယ်" ပိုင်ရှိုးမင်သည် ယဲ့ချန်၏ လှောင်ပြောင်မှုကို အကုန်လက်ခံလိုက်ပြီး စကားလမ်းကြောင်းကို မူလလမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်လိုက်လေသည်။ "နဂါးစိမ်းပုလဲ အခိုးခံလိုက်ရတာကို ဖုဟွမ်ကလည်း အချိန်အတော်ကြာအောင် စိတ်မကောင်း ဖြစ်နေခဲ့တာ။ အခုနောက်ဆုံးတော့ သဲလွန်စ ရှာတွေ့ပြီဆိုတော့ လုံးဝမ်ကို သေချာပေါက် မျှဝေပေးရမှာပေါ့။ ကျေးဇူးတင်စရာ မလိုပါဘူး"

ယဲ့ချန်က လှောင်ရယ်လိုက်ကာ "ဒီလောက်တုံးတဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ပိုင်ယွီက မင်းကို သင်ပေးလိုက်တာလား။ မင်းတို့လူသားတွေက သစ္စာဖောက်ပြီး ထွက်ပြေးသွားတာကို မင်းက ငါ့ကို လူသတ်ခိုင်းနေတာလား"

"လုံဝမ် ပြောတာ မှားနေပါပြီ။ ကျွန်တော့်အစား လူသတ်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့လက်တွဲဖို့ ပြောနေတာပါ" တစ်ဖက်လူက ချက်ချင်းငြင်းဆန်ခြင်း မရှိသည်ကို တွေ့ရသောအခါ ပိုင်ရှိုးမင်သည် လေးနက်သည့် မျက်နှာထားဖြင့် ပြောလိုက်တော့သည်။ "လုံဝမ်က တစ်ဖက်လူကို သတ်ပြီး နဂါးစိမ်းပုလဲကို ပြန်ယူ။ နဂါးဂိတ်တံခါးကို တည်ငြိမ်စေဖို့ လိုအပ်တယ်။ ကျွန်တော်က လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်ကို သတ်ဖို့ပဲ လိုအပ်တာပါ"

အားချန်သည် ပိုင်ရှိုးမင်ကို အံ့အားသင့်စွာ ကြည့်နေလေတော့၏။ သူက ပိုင်လုံဝမ်နှင့်လက်တွဲဖို့ အဆိုပြုလိမ့်မည်ဟု သူမထင်မှတ်မထားမိခဲ့ ချေ။

ဒါကကြည့်ရတာ ... မဆိုးတဲ့အကြံတစ်ခုပဲ။

တကယ်တမ်း ဒီမတိုင်ခင်က ပိုင်ရှိုးမင်သည် ကျိဟန်ကို သတ်ဖြတ်ရန် တစ်ယောက်တည်း သွားရခြင်းက မသင့်တော်ဟု မထင်မှတ်ခဲ့ပေ။ သို့သော် အားချန်က ခွင့်မပြုခဲ့ ချေ။

သူမ စိတ်ချသွားစေရန် အကောင်းဆုံးနည်းလမ်းမှာ ပူးပေါင်းမည့်သူကို ရှာဖွေခြင်းသာ ဖြစ်လေသည်။

သူသည် လွန်ခဲ့သည့် နှစ်ရက်က သူ့အဖေထံမှ ပိုင်လုံဝမ်အကြောင်း လေးလေးနက်နက် လေ့လာခဲ့ပြီး တစ်ဖက်လူသည်လည်း ယခင်က မိစ္ဆာဧကရာဇ်ကို သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ဖူးကြောင်းနှင့် သူ့ဖခင်နှင့်အတူ အသေအချာ တိုက်ပွဲဝင်ခဲ့ဖူးကြောင်း သိရှိခဲ့ရသည်။

လူသားမျိုးနွယ် မဟုတ်သလို မိစ္ဆာမျိုးနွယ်နှင့်လည်း ရန်ငြိုးရှိပြီး ကျိဟန်ကို သတ်ဖြတ်ရန် အကြောင်းပြချက်ရှိနေသူ။ ဒီပိုင်လုံဝမ်သည် အသင့်တော်ဆုံး ပူးပေါင်းသူဖြစ်ကြောင်း ထင်ရှားလေသည်။

ပိုင်ရှိုးမင်က ပြောပြီးသွားသည့် နောက်တွင် သူနှင့် အမြဲတမ်း ထိပ်တိုက်တွေ့နေသည့် ယဲ့ချန်သည် ချက်ချင်းငြင်းဆန်ခြင်း မပြုခဲ့ချေ။ စိတ်ထဲတွင် လှုပ်ရှားသွားပြီ ဖြစ်ကြောင်းတော့ ထင်ရှားလေသည်။

သူက ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ငါ စဉ်းစားဖို့လိုတယ်"

"ပြဿနာမရှိပါဘူး"

ပိုင်ရှိုးမင်သည် သေချာပေါက် အဖြေတစ်ခုရရှိရန် အလျင်မလိုပေ။ တစ်ဖက်လူက စဉ်းစားပေးမည်ဆိုလျှင်ပင် လုံလောက်နေပြီဖြစ်၏။

နှစ်ယောက်သား ပြောဆိုလို့ ပြီးသွားသည်ကို မြင်လိုက်ရသည့်အခါ မိမိ၏အိမ်ခေါင်မိုး ဘေးကင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အားချန်ကလည်း မေးဆတ်ပြလိုက်ကာ ပြောလိုက်တော့သည်။ "အားမန် မိတ်ဆက်မပေးတော့ဘူးလား"

အားမန်က သူတို့နှင့်အတူ ရှိနေရသည့်အကြောင်းအရင်းကို သူမစိတ်ထဲတွင် သိချင်နေ၏။

အားမန်သည် ခေါင်းလှည့်ကာ ယဲ့ချန်ကိုကြည့်လိုက်၏။ ယဲ့ချန်က မျက်ခုံးတစ်ဖက် ပင့်ပြလိုက်ကာ သူမသည်နှုတ်ခမ်းကို ဆူလိုက်ပြီး မလိုလားစွာဖြင့် ဖွင့်ဟလိုက်တော့သည်။ "ယဲ့ချန် ငါ့ရဲ့ ... အသက်သခင်ကျေးဇူးရှင်"

"အသက်သခင် ကျေးဇူးရှင် ဟုတ်လား"

"အင်း။ ငါ ရေနှစ်သေပြီးတဲ့နောက် သူက ငါ့ကို ဆယ်ယူခဲ့တာ။ ပြီးတော့ ငါ့ကို ခေါ်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း ငါက အမြဲတမ်းအိပ်ပျော်နေခဲ့ပြီး မနှစ်ကမှ ပြန်နိုးလာတာ"

မိမိကိုယ်တိုင် သေဆုံးပြီး ပြန်လည်အသက်ရှင်လာသည့် ဖြစ်စဉ်ကို အားမန်သည် သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိရှိချေ။ ယဲ့ချန်ကလည်း မပြောပြသဖြင့် သူမသည် ယခုအချိန်အထိ ဒီနဂါးက ချင်းယွီတောင်ကို ရုတ်တရက် ဖြတ်သန်းသွားရသည့် အကြောင်းအရင်းကိုလည်း မသိရှိသေးပေ။

အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး ယဲ့ချန်ကို ပြောလိုက်၏။ "အားမန်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာ မလိုပါဘူး။ ဖြစ်သင့်တာပဲလေ"

အားချန်သည် သူမက အတွေးလွန်နေခြင်း ဟုတ် မဟုတ် မသိသော်ငြား တစ်ဖက်လူ၏စကားထဲတွင် လေးနက်သည့် အဓိပ္ပာယ် ပါဝင်နေသည်ဟု ခံစားလိုက်ရ၏။

ပိုင်ရှိုးမင်၏ အလှည့် ရောက်လာသည်တွင် အားမန်က မမေးရသေးခင်မှာပင် သူသည် အားချန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်က အားမန်ကိုပြုံးပြကာ ကိုယ့်ဟာကိုယ် မိတ်ဆက်လိုက်လေတော့သည်။ "ပိုင်ရှိုးမင်။ အားချန်ရဲ့ စေ့စပ်ထားတဲ့သူ။ မင်းရဲ့ခဲအိုလောင်းပေါ့"

အားမန်မှာ ပါးစပ်အဟောင်းသားဖြင့် ဘာပြန်ပြောရမည် မသိဖြစ်နေစဉ် ယဲ့ချန်က ခပ်တိုးတိုး လှောင်ရယ်ပြီး ပြောလိုက်၏။ "သူက မင်း ဘယ်သူလဲဆိုတာ သိချင်နေတာ မဟုတ်ဘူး"

ပိုင်ရှိုးမင်ကလည်း ပြုံးနေပြီး စကားပြန်မပြောခဲ့ချေ။

အားမန်သည် မျက်လုံးများဖြင့် အားချန်ထံမှ အတည်ပြုချက် တောင်းခံနေဆဲပင်။ သူမတို့ခွဲခွာခဲ့ရသည်မှာ သိပ်မကြာသေးချေ။ ဘာကြောင့်များ သူမတွင် ခဲအိုတစ်ယောက် ပေါ်ပေါက်လာရပါသနည်း။

အားချန်က လူသားတစ်ယောက်ရဲ့ လိမ်ညာလက်ဆက်တာကို ခံလိုက်ရတာများလား။

ညီမဖြစ်သူ၏ အတည်ပြုချက် တောင်းခံနေသော အကြည့်အောက်တွင် အားချန်၏ မျက်လုံးများမှာ ဟိုကြည့်ဒီကြည့် ဖြစ်နေသော်လည်း သူတို့နှစ်ဦး၏ ပတ်သက်မှုကို ဝန်ခံလိုက်ပြီး ပိုင်ရှိုးမင်ကို နေရာပေးလိုက်လေတော့သည်။ "သူပြောတဲ့အတိုင်းပဲ"

ပိုင်ရှိုးမင်၏ မျက်ဝန်းထဲက အပြုံးရိပ်များမှာ ပိုမိုနက်ရှိုင်းသွား လေတော့သည်။ အားချန်၏ညီမလေး ကြည့်နေသည်ကို ထောက်ထားပြီးတော့ အလွန်အကျွံ အပြုအမူများကို မလုပ်ဆောင်ဘဲ အားချန်၏လက်ကို ဆုပ်ကိုင်ထားရုံသာ ပြုလုပ်လိုက်တော့သည်။

ပိုင်ရှိုးမင်နှင့် အားချန်၏ ပတ်သက်မှုကို သိရှိသွားပြီးနောက် အားမန်၏ စိတ်ခံစားချက်မှာ သိသားစွာ ကျဆင်းသွားသဖြင့် အားချန်သည် သူမကို ခေါ်ဆောင်ကာ အနောက်ဘက်ခြံဝင်းရှိ ချန်ဟွေ့ကိုသွားရှာလိုက်ပြီး အမျိုးသားနှစ်ဦးကိုတော့ သူတို့အနောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာခိုင်းလိုက်တော့သည်။

ချန်ဟွေ့သည် မက်မွန်ဖျော်ရည်ကို ဖျော်ထားပြီးဖြစ်ကာ တခြားဒယ်အိုးတစ်လုံးထဲတွင် အသားလုံးများကို ကြော်နေလေသည်။ မီးဖိုချောင်တံခါး ပွင့်သွားသည်နှင့် မွေးကြိုင်သောအနံ့များ တိုးဝှေ့ပေါ်လာခဲ့၏။

သူတို့နှစ်ဦး ဝင်လာသည်ကို မြင်သောအခါ သူမသည် အသားလုံးများ ထည့်ထားသည့်ပန်းကန်ကို ကမ်းပေးလိုက်လေသည်။ "အခုလေးတင် ကြော်ထားတဲ့ ကြက်သားလုံးတွေ မြည်းကြည့်ကြဦး"

အားချန်၏ အကြိုက်သည် အမြဲတမ်း တသတ်မှတ်တည်း ရှိခဲ့ရာ သူ၏ညီမလေးသည်လည်း ကြိုက်နှစ်သက် ပေလိမ့်မည်။

အားမန်ကလည်း အမှန်တကယ်ပင် အလွန်နှစ်သက်လေသည်။ ညီအစ်မနှစ်ယောက်သည် မီးဖိုခုံအရှေ့တွင် တိုးဝှေ့ကာ ရွှေဝါရောင် အသားလုံးကြော် တစ်ပန်းကန်ကို ခွဲဝေစားသောက်လိုက်ကြ၏။ အသားလုံးများ ကုန်သွားပြီးနောက် ချန်ဟွေက နေ့လယ်စာဟင်းလျာ စာရင်းကို ပြောပြလိုက်သည့်အခါ အားမန်သည် စောစောက စိတ်မပျော်ရွှင်မှုများ လုံးဝပျောက်ကွယ် သွားတော့သည်။

မွန်းတည့်ချိန်တွင် အိမ်အပြင်ဘက်က မိုးသည်လည်း နောက်ဆုံးတော့ ရပ်တန့်သွားခဲ့လေသည်။

လေးလံသော မိုးတိမ်မည်းများ တဖြည်းဖြည်း ပြယ်လွင့်သွားပြီး နေမင်းသည် ခေါင်းပြူထွက်လာကာ နေရောင်ခြည်က စိုစွတ်နေသော မြေပြင်ကို ဖြာကျနေ၏။

ယနေ့အိမ်တွင် ထမင်းစားမည့်သူ များပြားသဖြင့် ချန်ဟွေ့သည် ထမင်းစားပွဲကို အရှေ့ဘက်ဆိုင်ခန်းတွင် ခင်းကျင်းလိုက်လေသည်။ အားချန်နှင့် အားမန်တို့သည် ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ မီးဖိုချောင်ထဲမှ သယ်ထုတ်လာခဲ့ကြပြီး အပြင်ကလူနှစ်ဦးကို လွဲပြောင်းပေးလိုက်ကြ၏။

ထမင်းဟင်းများ အားလုံးကို သယ်ထုတ်ပြီးသွားသည့်အခါမှ ချန်ဟွေ့သည် ညီအစ်မနှစ်ယောက် နှင့်အတူတူ ထွက်လာခဲ့တော့၏။

လူ၅ယောက်က နေရာယူလိုက်ကြပြီး အားချန်နှင့်အားမန်တို့သည် ချန်ဟွေ့၏ဘယ်ညာ တစ်ဖက်စီတွင် ဝင်ထိုင်လိုက်ကြလေသည်။ တစ်ယောက်က "ချန်ဟွေ့ပင်ပန်းနေပြီ" ဟု ပြောပြီး ကျန်တစ်ယောက်က ချန်ဟွေ့အတွက် ဟင်းထည့်ပေးလိုက်၏။

"ချန်ဟွေ့က အခု ဒါတွေစားလို့ မရသေးဘူး" အားချန်က အားမန်ကို ပြောလိုက်၏။

ထိုအချိန်တွင် ယဲ့ချန်၏ လက်ထဲတွင် သေရည်အိုးငယ်လေး တစ်လုံးရောက်ရှိနေပြီး စားပွဲပေါ်သို့ တင်လိုက်လေသည်။

ပိုင်ရှိုးမင်သည် သေရည်အိုးကို ဖွင့်လိုက်ပြီး သေရေတစ်ခွက်ငှဲ့ကာ ချန်ဟွေ့၏ရှေ့သို့ ချပေးလိုက်ပြီး ပြောလိုက်လေတော့သည်။ "ပင်ပန်းသွားပါပြီ"

...

All Chapters