← Chapters

သာ့ရှ မင်ဝမ်ရှီဇီက မြေခွေးဘုရင်မကို လာရောက်တွေ့ဆုံလို ...

Vol. 21 Ch. 211

သာ့ရှ မင်ဝမ်ရှီဇီက မြေခွေးဘုရင်မကို လာရောက်တွေ့ဆုံလို ...

Vol. 21 Ch. 211

မိစ္ဆာနယ်မြေ၏ အနောက်တောင်ဘက်တွင် ရစ်ခွေနေသော တောင်တန်းများ ရှိပြီး ထိုအထဲတွင် ချင်းယွီအမည်ရှိ တောင်တစ်လုံး ရှိလေသည်။ ထိုတောင်တွင် အေးမြသော ကျောက်စိမ်းများ ထွက်ရှိပြီး မြေခွေးမျိုးနွယ်များသည် ထိုနေရာတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ပေါက်ဖွားလာခဲ့ကြသည်။

ယနေ့ ချင်းယွီတောင်သည် အလွန် စည်ကားလို့နေသည်။ နောက်တစ်လတွင် ကျရောက်မည့် မြေခွေးဘုရင်မ၏ အသက် ၃၀၀၀ ပြည့် မွေးနေ့ပွဲအတွက် အနယ်နယ်အရပ်ရပ်မှ မြေခွေးဘုရင်မ၏ သားသမီးများသည် မိခင်၏ မွေးနေ့ကို ဂုဏ်ပြုရန် တဖြည်းဖြည်း ပြန်ရောက်လာကြသည်။

ချင်းယွီတောင်မှ မြေခွေးမိစ္ဆာများသည်လည်း စောစီးစွာ ပြင်ဆင်နေကြပြီး မွေးနေ့ပွဲနေ့တွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိမည်ကို စိုးရိမ်နေကြသည်။

တောင်ပေါ်လမ်းတွင် အမှိုက်များ ရှင်းလင်းရန် တောင်အောက်သို့ ဆင်းလာသော မြေခွေးမိစ္ဆာနှစ်ကောင်သည် လမ်းလျှောက်ရင်း စကားပြောနေကြသည်။

မြေခွေးမိစ္ဆာတစ်ကောင်က အဖော်ကို တိုးတိုးလေး မေးလိုက်သည်။ "သေဆုံးသွားတဲ့ သခင်လေး ၃ ယောက်ကလွဲရင် အခု အကြီးဆုံးသခင်လေးပဲ ပြန်မရောက်သေးတာ မဟုတ်လား"

မြေခွေးဘုရင်မတွင် သား ၁၃ ယောက် ရှိပြီး အားလုံးသည် ရုပ်ရည်ချောမောကာ စွမ်းရည်မြင့်မားကြကြောင်း မိစ္ဆာလောကတစ်ခုလုံး သိရှိကြသည်။ အထူးသဖြင့် အကြီးဆုံးသား ဖြစ်သော ရှီးကျင်သည် မိခင်ထက်ပင် သာလွန်သည်ဟု ဆိုကြသည်။ သို့သော် သားအမိနှစ်ယောက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လမ်းခွဲခဲ့ကြပြီး အကြီးဆုံးသခင်လေးသည် တောင်ပေါ်မှ ဆင်းသွားပြီးနောက် ပြန်မလာတော့ပေ။

ချင်းယွီတောင်မှာတောင်မှ လူတွေက ဒီလောက်ပဲ သိကြတာ။

ကျန်တစ်ကောင်က နှုတ်ခမ်းကို လက်ညှိုးဖြင့် ပိတ်ကာ အသံတိတ်ရန် အချက်ပြလိုက်သည်။ "ဘာစကားမဆို ပြောရဲတယ်နော်။ တောင်ပေါ်မှာ အကြီးဆုံးသခင်လေးအကြောင်း မပြောရဘူး။ ကြားသွားရင် မင်း အရေခွံ အခွာခံရလိမ့်မယ်"

ထိုမြေခွေးမိစ္ဆာသည် ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ဘေးဘီကို သတိထားကြည့်ကာ တခြားမျိုးနွယ်တူများ မရှိသည်ကို မြင်မှ စိတ်ချသွားတော့သည်။

သို့သော် တောင်ပေါ်မှ လှုပ်ရှားမှုမှန်သမျှကို မြေခွေးဘုရင်မ သိလိုလျှင် သူမက သိနိုင်သည်သာ။

ချင်းယွီတောင်၏ အဓိကတောင်ထိပ်ရှိ ဂူတစ်ခုအတွင်းတွင် ဂူနံရံလေးဘက်၌ မြေခွေးမျိုးနွယ်၏ သမိုင်းကြောင်းများကို ရေးဆွဲထားပြီး ယခုအချိန်တွင် နံရံထက်ဝက်ခန့် လွတ်နေသေးကာ နောင်လာနောက်သားများ ဖြည့်စွက်ရန် ချန်ထားလေသည်။

ဂူ၏ အဆုံးတွင် မီးရောင်များ ထိန်လင်းနေပြီး ကြီးမားသော ကျောက်စားပွဲခုံတစ်ခု ရှိလေသည်။ ကျောက်စားပွဲခုံပေါ်တွင် လက်ဖျံအရှည်အရွယ် ကျောက်တိုင်များစွာ တင်ထားပြီး အပေါ်တွင် ရေးထိုးထားသော နာမည်များသည် မြေခွေးမျိုးနွယ်၏ ဘိုးဘေးများ ဖြစ်ကြသည်။

အောက်ဘက်တွင် ကျောက်တိုင်များနှင့် လောင်ကျွမ်းနေသော မီးခွက်များ တစ်လှည့်စီ စီတန်းထားသည်။

မြေခွေးဘုရင်မ၏ ဝိညာဉ်မီးခွက်သည် တောက်ပနေဆဲ ဖြစ်ပြီး သူမနှင့် ရွယ်တူ မြေခွေးအကြီးအကဲ အချို့မှာမူ ကျောက်တိုင်ပေါ်မှ နာမည်များအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။

အောက်ဆုံးတန်းတွင် မူလက ဝိညာဉ်မီးခွက် ၁၃ လုံး ထားရှိသော နေရာ၌ ယခုအခါ ကျောက်တိုင် ၄ တိုင် ရောက်ရှိနေပြီ ဖြစ်သည်။

အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေသရဖူ ဆောင်းထားကာ လူသားအသက် ၃၀ ကျော်အရွယ်သာ ရှိပုံရသော မြေခွေးဘုရင်မသည် ယခုအချိန်တွင် ကျောက်စားပွဲခုံရှေ့၌ ရပ်နေလေသည်။

သူမသည် ကျောက်စားပွဲခုံ၏ အောက်ဆုံးတန်း၊ ပထမဆုံးနေရာတွင် ရှိသော ကျောက်တိုင်ပေါ်မှ နာမည်ကို စိုက်ကြည့်နေသည်။

တောင်ပေါ်မှ နားမလည်တတ်ကြသော မြေခွေးလေးများ အကြီးဆုံးသခင်လေးအကြောင်း ပြောဆိုနေကြသည်ကို နားထဲတွင် မသဲမကွဲ ကြားနေရသည်။

မွေးနေ့ နီးကပ်လာတိုင်း သူမသည် သူမ၏ သားကြီးကို သတိရမိသည်။

သူသည် သူမ၏ ပထမဆုံး သားဖြစ်ပြီး သူမနှင့် မွေးနေ့တူသည်။ သူမ၏ မျှော်လင့်ချက် အားလုံးကို ပုံအပ်ထားပြီး သူသည်လည်း သူမကို ဘယ်တော့မှ စိတ်ပျက်စေခြင်း မရှိခဲ့ပေ။

ဒါပေမဲ့ ဝူမျိုးနွယ် အမျိုးသမီးတစ်ယောက်အတွက်နဲ့ သူ့ကိုယ်သူ ဖျက်ဆီးပစ်လိုက်တယ်လေ။

စဉ်းစားမိတိုင်း သူမ ဒေါသထွက်မိသည်။ ရှီးကျင် သေဆုံးပြီးနောက် ကျရောက်သော မွေးနေ့တိုင်း သူမ မပျော်ရွှင်ခဲ့ရပေ။

သူမ၏ သားကြီးသည် သေပြီးတာတောင် သူမကို အေးအေးဆေးဆေး မနေစေခဲ့ပေ။

ထိုအချိန်တွင် မြေခွေးဘုရင်မ၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားပြီး အင်္ကျီလက်စကို ခါလိုက်ကာ ဂူအပြင်ဘက်သို့ လှည့်ထွက်သွားလိုက်သည်။

သူမ ဂူအပြင်သို့ ရောက်သောအခါ ဂူဝမှ ရှုပ်ထွေးသော အစီအရင် တစ်ခုသည် လက်ခနဲ ဖြစ်သွားပြီး တောင်ထိပ်၏ လေထဲတွင် အနက်ရောင် ဖိတ်စာကဒ်တစ်ခု ပျံဝဲနေသည်ကို သူမ မော့ကြည့်လိုက်မိသည်။

သူမ လက်ကို မြှောက်လိုက်ရာ ထိုဖိတ်စာကဒ်သည် "ရွှီ" ခနဲ သူမ၏ လက်ဖဝါးထဲသို့ ကျရောက်လာသည်။

မြေခွေးဘုရင်မသည် လက်ထဲမှ ဖိတ်စာကဒ်ကို ရွံရှာစွာ ကြည့်လိုက်သည်။ ဒီလို ဟန်ဆောင်မှုတွေက လူသားတွေပဲ ကြိုက်တာ။

သူမ ဖိတ်စာကဒ်ကို ဖွင့်လိုက်ရာ အပေါ်တွင် စာရေးထားသည်ကို တွေ့လိုက်ရသည် - "သာ့ရှ မင်ဝမ်ရှီဇီ ပိုင်ရှိုးမင်က မြေခွေးဘုရင်မကို လာရောက်တွေ့ဆုံလို"

အောက်ဆုံးတွင် သာ့ရှ မင်ဝမ်ရှီဇီ၏ တံဆိပ်တုံးကို ရိုက်နှိပ်ထားသည်။

ဒီဖိတ်စာကဒ်ပေါ်က လေသံကတော့ ယဉ်ကျေးသည်ဟု ပြော၍ မရပေ။

မြေခွေးဘုရင်မသည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ပြီး သွေးဆူလွယ်သော လူငယ်ပေါင်းများစွာကို တွေ့ဖူးခဲ့ရာ ဒီကိစ္စကြောင့် ဒေါသထွက်မည် မဟုတ်ပေ။ သူမ ပိုဂရုစိုက်သည်မှာ မင်ဝမ်ရှီဇီ ဆိုသော အခေါ်အဝေါ်ပင်။

သူမ တွက်ချက်ထားတာ မမှားဘူးဆိုရင် သာ့ရှရဲ့ လက်ရှိ မင်ဝမ်က သိပ်အသက်မကြီးသေးဘူး။ အဲဒီလူက ရှီးကျင်နဲ့ ရင်းနှီးတယ်။ ဒီနှစ်တွေမှာ သူက သိုသိုသိပ်သိပ် နေပြီး မိစ္ဆာမျိုးနွယ်တွေနဲ့ အေးအေးဆေးဆေး နေခဲ့တာ။

ကြည့်ရတာ လွန်ခဲ့တဲ့ ရက်ပိုင်းက အဆင့် ၅ ကို ရောက်သွားတဲ့သူက သူ ပျိုးထောင်ထားတဲ့ ဆက်ခံသူ ဖြစ်မယ်။

လူသားမျိုးနွယ်ရဲ့ ပါရမီက တကယ်ကို အံ့ဩစရာပဲ။

မြေခွေးဘုရင်မသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး "ယွမ်ကျွင်း" ဟု ခေါ်လိုက်သည်။

"အမေ"

ယွမ်ကျွင်းသည် မြေခွေးဘုရင်မ၏ ဒုတိယသား ဖြစ်သည်။ အစ်ကိုကြီး တောင်ပေါ်မှ ဆင်းသွားပြီးကတည်းက သူသည် ချင်းယွီတောင်တွင် နေထိုင်ပြီး မြေခွေးဘုရင်မကို ပြုစုစောင့်ရှောက်ခဲ့သည်။

သူတို့၏ ဖခင် မတူညီသောကြောင့် သူနှင့် ရှီးကျင်တို့သည် ရုပ်ရည်ချင်း မတူကြပေ။ သူ၏ ရုပ်ရည်မှာ ခက်ထန်ပြီး မျက်နှာတည်ထားသောအခါ မြေခွေးဘုရင်မထက်ပင် အသက်ကြီးပုံ ပေါက်နေသည်။

မြေခွေးဘုရင်မ ခေါ်လိုက်သည်ကို ကြားသောအခါ ယွမ်ကျွင်းသည် ချက်ချင်းပင် သူမ၏ ရှေ့သို့ ရောက်လာသည်။

"တောင်အောက်ဆင်းပြီး သာ့ရှ မင်ဝမ်ရှီဇီကို သွားကြိုလိုက်"

"ဟုတ်ကဲ့" ယွမ်ကျွင်းသည် ဘာမှ ဆက်မမေးဘဲ တောင်အောက်သို့ ဆင်းသွားသည်။ ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံဖြင့် သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားတော့သည်။

မြေခွေးဘုရင်မသည် တောင်အောက်ကို တစ်ချက်ကြည့်လိုက်သော်လည်း စိတ်အာရုံဖြင့် စူးစမ်းခြင်း မပြုခဲ့ပေ။

အဆင့် ၅ နယ်ပယ် ကျင့်ကြံသူများအကြားတွင် တစ်ဖက်သားကို စိတ်အာရုံဖြင့် စူးစမ်းခြင်းသည် ရန်စခြင်း ဖြစ်သည်ဟု နားလည်ထားကြသည်။ တစ်ဖက်လူသည် လူငယ်လေး တစ်ဦးသာ ဖြစ်သော်လည်း သူမသည် အကြောင်းပြချက်မရှိဘဲ သာ့ရှနှင့် ရန်သူ မဖြစ်လိုပေ။

ယွမ်ကျွင်းသည် ချင်းယွီတောင်အောက်သို့ ရောက်ရှိလာသော်လည်း မင်ဝမ်ရှီဇီကို မတွေ့ရဘဲ တောင်ခြေရှိ ကျောက်တုံးပေါ်တွင် ထိုင်နေသော လူသားအမျိုးသမီး တစ်ဦးကိုသာ တွေ့လိုက်ရသည်။

ထိုနေရာတွင် ထိုင်နေသူမှာ အားချန်ပင်။

ယဲ့ချန်၏ လမ်းပြမှုကြောင့် သူတို့သည် ချင်းယွီတောင်သို့ လာရာလမ်းတွင် မည်သည့် အနှောင့်အယှက်မှ မကြုံခဲ့ရဘဲ နှစ်ရက်အတွင်း ချင်းယွီတောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။

မူလက ပိုင်ရှိုးမင်သည် သူမနှင့်အတူ တောင်ပေါ်သို့ တက်ရန် စီစဉ်ထားသော်လည်း အားချန်က ငြင်းပယ်ခဲ့သည်။

အားမန်ကလည်း သူမနှင့်အတူ လိုက်ပါရန် ပြောသော်လည်း အားချန်က လက်မခံခဲ့ပေ။

သူတို့ အငြင်းအခုံ ဖြစ်နေကြစဉ် နောက်ဆုံးတွင် ယဲ့ချန်က သူမကို နဂါးအကြေးခွံ တစ်ခု ပေးလိုက်ပြီး တစ်ကိုယ်လုံး ဆောင်ထားရန် ပြောကာ အကယ်၍ မြေခွေးဘုရင်မက သူမကို ရန်ပြုလာလျှင် နဂါးအကြေးခွံက သူမကို ကာကွယ်ပေးနိုင်မည်ဟု အာမခံခဲ့သည်။

ယဲ့ချန်၏ အာမခံချက် ရရှိပြီးမှ ပိုင်ရှိုးမင်နှင့် အားမန်တို့သည် သူမကို ချင်းယွီတောင်မှ မြေခွေးများ လာကြိုသည်ကို စောင့်ဆိုင်းရန် တစ်ယောက်တည်း ထားခဲ့ဖို့ သဘောတူခဲ့ကြသည်။

ယွမ်ကျွင်းသည် ဘေးဘီဝဲယာကို ကြည့်ရှုလိုက်သော်လည်း မင်ဝမ်ရှီဇီ ဖြစ်နိုင်မည့်သူကို မတွေ့ရသဖြင့် နောက်ဆုံးတွင် အားချန်ဘက်သို့ အကြည့်ပြန်ရောက်လာသည်။

သူသည် လျှောက်သွားပြီး အားချန်၏ ရှေ့တွင် ရပ်ကာ မေးလိုက်၏။ "မိန်းကလေးက ဘယ်သူလဲ။ ဘာလို့ ဒီမှာ ရှိနေတာလဲ"

အားချန်သည် ခေါင်းမော့ကာ သူမ၏ ခေါင်းပေါ်မှ နေရောင်ကို ကွယ်ထားသော ယွမ်ကျွင်းကို ကြည့်လိုက်သည်။ သူမ၏ ဦးလေး ၂ သည် ကြည့်ရတာ တည်ကြည်ခန့်ညားသော်လည်း စိတ်သဘောထား ကောင်းမွန်ပြီး တောင်ပေါ်တွင် အလွန် လူချစ်လူခင် များသည်။

အားချန်နှင့် သူ မရင်းနှီးပေ။ သူသည် တစ်နေ့လုံး အဘွားနားတွင် နေထိုင်ပြီး အဘွားက သူမနှင့် အားမန်ကို လျစ်လျူရှုထားသဖြင့် သူကလည်း လိုက်ပြီး လျစ်လျူရှုထားသည်။ ဒီနှစ်တွေအတွင်း သူတို့ စကားပြောဖူးတာ လက်ချိုးရေတွက်လို့ ရသည်။

"ကျွန်မက မင်ဝမ်ရှီဇီရဲ့ ကိုယ်စား မြေခွေးဘုရင်မကို တွေ့ဖို့ လာတာပါ"

ယွမ်ကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ၏ စကားသည် မိမိ၏မိခင်အပေါ် အလွန် ရိုသေမှု ကင်းမဲ့နေသည်။

ထို မင်ဝမ်ရှီဇီ ဆိုသူသည် မိမိ၏မိခင်ကို စိတ်ထဲမထားဘဲ လူသားအမျိုးသမီး တစ်ဦးကို သူ့အစား တောင်ပေါ်တက်ပြီး မိခင်ကို တွေ့ခိုင်းသည်မှာ လွန်လွန်းပေသည်။

သူ့ စိတ်ထဲတွင် ဒေါသထွက်သော်လည်း မြေခွေးဘုရင်မ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် စဉ်းစားပြီးနောက် အားချန်ကို ခေါ်ကာ တောင်ပေါ်သို့ တက်ခဲ့လိုက်သည်။

ယခင်က အားချန်သည် မြေခွေးဖြစ်သဖြင့် ချင်းယွီတောင်ပေါ်တွင် ပြေးလွှားရာ၌ မောပန်းသည်ဟု မထင်ခဲ့သော်လည်း ယခုအခါတွင်တော့ မတူတော့ပေ။ ကျင့်ကြံခြင်း မရှိသေးသဖြင့် တောင်တစ်ဝက်လောက် ရောက်သည်နှင့် သူမသည် နှစ်ကြိမ်ခန့် နားနေရပြီး ယွမ်ကျွင်းက သူမကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေလေသည်။

သူမကို အပြစ်တင်လို့ မရပေ။ ချင်းယွီတောင်သည် သာ့ရှပြည်မှ တောင်များထက် ပိုကြီးမားပြီး တောင်တက်လမ်းသည် အလွန် ရှည်လျားကာ အဆုံးကို မမြင်နိုင်ပေ။

ဒီလမ်းကို နာရီဝက်နီးပါး လျှောက်ပြီးနောက် ယွမ်ကျွင်းသည် အားချန်ကို ကျောပေးလျက် ရှေ့ကသွားနေပြီး နောက်ဆုံးတွင် သူမကို ချင်းယွီတောင်၏ အဓိကတောင်ထိပ်၊ မြေခွေးဘုရင်မ၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

မြေခွေးဘုရင်မကို မြင်သောအခါ ယွမ်ကျွင်းက ပြောလိုက်သည်။ "အမေ၊ လူ ခေါ်လာပါပြီ။ ဒါပေမဲ့..."

သူ စကားမဆုံးသေးခင်မှာပင် ယွမ်ကျွင်း၏ နောက်တွင် ကွယ်နေသော အားချန်သည် ဘေးသို့ ခြေတစ်လှမ်း ရွှေ့လိုက်ပြီး သူမ၏ ကိုယ်လုံး ပေါ်ထွက်လာသည်။

မြေခွေးဘုရင်မ၏ အကြည့်သည် ဒုတိယသားကို ကျော်လွန်ပြီး အားချန်ကို မြင်လိုက်ရသည်။

မူလက တည်ငြိမ်နေသော အကြည့်သည် ရုတ်တရက် အလွန် စူးရှလာပြီး အားချန်ကို ဖောက်ထွင်းမြင်တော့မည့်အလား ဖြစ်သွားသည်။

"နင် ဘာလို့ ဒီမှာ ရှိနေတာလဲ"

အရေခွံ တစ်လွှာ ခြားနေသော်လည်း မြေခွေးဘုရင်မသည် အားချန်ကို မှတ်မိနေဆဲပင်။

အားချန်သည် မျက်နှာထား မပျက်ဘဲ မြေခွေးဘုရင်မကို ပြုံးပြလိုက်ပြီး ပြောလိုက်၏။ "ကျွန်မ မြေခွေးဘုရင်မနဲ့ စကားပြောချင်လို့ မင်ဝမ်ရှီဇီကို ဖိတ်စာကဒ် ပို့ခိုင်းလိုက်တာပါ"

သာမန်လူသားများသည် မြေခွေးဘုရင်မကို တွေ့ခွင့်မရနိုင်သော်လည်း မင်ဝမ်ရှီဇီတွင် ထိုအရည်အချင်း ရှိသဖြင့် မြို့တော်မှ မထွက်ခွာမီ ပိုင်ရှိုးမင်သည် သူ့အထောက်အထားကို သေချာအောင် လုပ်ခဲ့လေသည်။

ဒီစကားကြောင့် ယွမ်ကျွင်း ကြောင်သွားသည်။ သူသည် အားချန်ကို လှည့်ကြည့်ရန် ပြင်လိုက်စဉ် မြေခွေးဘုရင်မက အော်ဟစ်လိုက်သည်။ "ထွက်သွားတော့"

ယွမ်ကျွင်း တန့်သွားပြီး နောက်တစ်ခဏတွင် သူတို့ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

ဘေးလူ မရှိတော့မှ အားချန်က ပြောလိုက်၏။ "အဘွား၊ မတွေ့တာ ကြာပြီ"

မြေခွေးဘုရင်မ မျက်နှာထား တင်းမာနေပြီး ပြောလိုက်၏။ "ကွေ့ဝိုက်မနေနဲ့။ ပြောစရာရှိတာ ပြော"

အားချန်ကတော့ သူမ အလိုကျ မလိုက်လျောဘဲ ချွဲနွဲ့စွာ ပြောလိုက်လေသည်။ "ချင်းယွီတောင်ရဲ့ လမ်းက တကယ် လျှောက်ရခက်တာပဲ။ တောင်ပေါ်တက်လာရတာ ခြေထောက်တွေ ညောင်းနေပြီ။ အဘွားက ကျွန်မကို ဒီလောက်တောင် ရွံရှာနေတာလား။ တောင်ပေါ်က ထိုင်ခုံမှာတောင် ပေးမထိုင်ချင်ဘူးလား"

မြေခွေးဘုရင်မသည် သူမကို အတန်ကြာ စိုက်ကြည့်နေပြီး ပြောလိုက်၏။ "ငါ့နောက်လိုက်ခဲ့"

သူမသည် အားချန်ကို မလှမ်းမကမ်းရှိ တောင်ကမ်းပါးယံသို့ ခေါ်သွားလိုက်လေသည်။ ထိုနေရာတွင် မြေပြင်ကို ညီညာအောင် ပြုလုပ်ထားပြီး ဘေးတွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများ ရှိလေသည်။

ဒီနေရာကို လူလာရောက်မှု မရှိသည်မှာ ကြာပြီဖြစ်သဖြင့် နေရာတိုင်းတွင် ရေညှိများ ပေါက်ရောက်နေသည်။ မြေခွေးဘုရင်မ ထိုင်လိုက်သည်ကို မြင်သောအခါ အားချန်သည် လက်ကိုင်ပုဝါကို ထုတ်ပြီး ကျောက်ထိုင်ခုံပေါ်မှ ဖုန်များကို သုတ်လိုက်ကာ သူမလည်း ဝင်ထိုင်လိုက်သည်။

"ဒါ ဘယ်နေရာလဲ သိလား"

"သိတာပေါ့" အားချန်သည် သူမ၏ ခြေထောက်များကို လက်ဖြင့် ထုနှိပ်ရင်း ပြောလိုက်၏။ "အဘွား နေတဲ့နေရာလေ"

ချင်းယွီတောင်၏ အဓိကတောင်ထိပ်သည် အားချန် တစ်ခါမှ မရောက်ဖူးသော နေရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် တက်ရောက်ခွင့် မရှိသောကြောင့်ပင်။

ယခု သူမက မြေခွေး မဟုတ်တော့မှ ဒီနေရာမှာ ထိုင်ခွင့်ရလာသည်။

မြေခွေးဘုရင်မသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ညီညာသော ကျောက်စားပွဲကို ကြည့်ကာ ပြောလိုက်လေသည်။ "ဒါ ရှီးကျင် ငယ်ငယ်တုန်းက ကျင့်ကြံခဲ့တဲ့ နေရာပဲ။ ဒီစားပွဲတွေ ကုလားထိုင်တွေ အားလုံးကို သူကိုယ်တိုင် လုပ်ခဲ့တာ"

အားချန်သည် မျက်လုံးများ ကွေးညွှတ်သွားပြီး ဂုဏ်ယူစွာ ပြောလိုက်၏။ "အဖေက တကယ် တော်တာပဲ"

သူမ၏ ပုံစံကို ကြည့်ပြီး မြေခွေးဘုရင်မက ရုတ်တရက် ပြောလာ၏။ "နင်က ငယ်ငယ်ကတည်းက လူချစ်လူခင် မများဘူး"

အားချန်သည် မြေခွေးဘုရင်မကို ကြည့်လိုက်ပြီး စိတ်ထဲတွင် အံ့ဩသွားလေသည်။ အဘွားက သူမအပေါ် ထားသော သဘောထားသည် လူချစ်လူခင် မများဘူးတဲ့လား။

သူမသည် မကြာခဏ မြေခွေးလေးများနှင့် ရန်ဖြစ်တတ်သော်လည်း အများစုက သူတို့ဘက်က စတင် ရန်စခြင်း ဖြစ်သည်။ ကျန်အချိန်များတွင် လူအများ မုန်းတီးလောက်အောင် ဆိုးရွားသော အလုပ်များ သူမ လုပ်ခဲ့ဖူးသည်ဟု မထင်မိပေ။

"ကျွန်မ ဘယ်နေရာက အဘွား မကြိုက်အောင် လုပ်မိလို့လဲ ဆိုတာ ပြောပြပါဦး"

"စွန့်ပစ်ခံရတာကို လက်ခံဖို့ ခက်ခဲလို့လား။ သူတို့က နင့်ကို မလိုချင်တော့တာကို ဘာလို့ လက်မလွှတ်နိုင်ရတာလဲ။ အလွန်အကျွံ စွဲလမ်းနေတာက လူတွေကို စိတ်ပျက်စေတယ်"

ဒီမေးခွန်းသည် အားချန် မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်။ အကယ်၍ သူမ ကန္တာရနယ်မြေသို့ မသွားခဲ့ဘဲ အမှန်တရားကို မသိခဲ့ပါက မြေခွေးဘုရင်မ၏ စကားသည် သူမကို ထိခိုက်စေကောင်း ထိခိုက်စေနိုင်သည်။

"အဖေက ကျွန်မနဲ့ အားမန်ကို ဘယ်တော့မှ စိတ်ပျက်မှာ မဟုတ်ဘူး"

အားချန်၏ ယုံကြည်မှု ပြည့်ဝနေသော မျက်နှာထားကို ကြည့်ရင်း မြေခွေးဘုရင်မ၏ မျက်လုံးများထဲတွင် အေးစက်မှုသာ ရှိလေသည်။

သူမ၏ သားသည် သူ့သားသမီးများကို စိတ်ပျက်မည် မဟုတ်ကြောင်း သူမ သိပါသည်။ အဲဒီမိန်းမ မွေးပေးလိုက်တဲ့ မိစ္ဆာတစ်ပိုင်းလေး နှစ်ကောင်အတွက်နဲ့ အသက်ပါ ပေးဆပ်ခဲ့တာ။

တခါတုန်းက ရှီးကျင်၏ သားသမီးများကို သူမ မျှော်လင့်ခဲ့ဖူးသည်။ မိစ္ဆာတစ်ပိုင်း ဖြစ်နေလျှင်ပင် ရှီးကျင်၏ ပါရမီ ပါလာလျှင် ဘေးနားခေါ်ပြီး ပြုစုပျိုးထောင်ပေးလို့ ရနိုင်သေးသည်။

သို့သော် သူမ ပိုင်ကျယ်ထံ သွားပြီး ကလေးနှစ်ယောက်၏ ကံကြမ္မာကို မေးမြန်းကြည့်ရာ သူတို့၏ ကံဇာတာတွင် ဘေးအန္တရာယ် ပါလာပြီး မြေခွေးမျိုးနွယ်နှင့် ကံမပါကြောင်း သိခဲ့ရသည်။

အဲဒီတုန်းက သူမ ထင်ခဲ့တာက ကလေးနှစ်ယောက်ကို ထိန်းသိမ်းထားလို့ မရနိုင်ဘူး ဆိုတော့ ဂရုစိုက်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့ ရှီးကျင်ကတော့ လုံးဝ လက်မလျှော့ခဲ့ဘူး။

နောက်ပိုင်း သူမ မကြာခဏ တွေးမိသည်။ တကယ်လို့များ ဒီကလေးနှစ်ယောက်က သူ့ကို တစာစာ တမ်းတမနေခဲ့ရင် သူ ဒီလောက်ထိ ဇွဲနဘဲကြီးမှာ မဟုတ်လောက်ဘူးလို့။

မြေခွေးဘုရင်မသည် စူးရှစွာ ပြောလိုက်၏။ "နင်တို့က သူ့ကို သေအောင်လုပ်ခဲ့တာ။ အခု နင်က ငါ့ရှေ့မှာ သူ့အကြောင်း လာပြောရဲသေးတယ်ပေါ့"

အားချန်က မျက်လွှာချလိုက်လေသည်။ အမှန်တကယ် တွက်ကြည့်လိုက်လျှင် အဘွား၏စကားက မမှားပေ။ အဖေသည် သူမနှင့် အားမန်ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဒါပေမဲ့... ဒီနေ့ သူမ ဝန်ခံလို့ မဖြစ်ဘူး။

စိတ်ခံစားချက်များကို တိတ်တဆိတ် ပြုပြင်လိုက်ပြီးမှ အားချန်သည် ခေါင်းမော့လိုက်ပြီး ပြောလိုက်လေတော့သည်။ "အဘွား ပြောတာ မှားနေပြီ။ အဖေ့ကို သေစေခဲ့တာက အဘွားပဲ"

...

All Chapters