← Chapters

အခန်း (၂၉၄၆-၂၉၅၀)

Vol. 127 Ch. 2946-2950

အခန်း (၂၉၄၆-၂၉၅၀)

Vol. 127 Ch. 2946-2950

၂၉၄၆)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်တို့သုံးဦးသည် နှင်းများဖုံးလွှမ်းနေသည့် နေရာများကို စတင်ဖယ်ရှားလေရာ မကြာမီတွင် နဂါးတစ်ကောင်မှ ချန်ရစ်ခဲ့သော လက်သည်းရာများ သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။

လီကျောက်ပြောခဲ့သလိုပင် ဤနေရာ၌ ယခင်သေသွားသည့်နဂါး ချန်ရစ်ခဲ့သည့် အမှတ်အသားများသာ ကျန်ရစ်ခဲ့ပြီး နဂါး၏အလောင်းမှာတော့ ရှိမနေခဲ့ပေ။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ထိုနဂါး၏ အသက်ဓာတ်စွမ်းအင်အကုန်အစင်နှင့် အရိုးတွင်းမှ အာဟာရဓာတ်များကို နဂါးသွေးပန်းမှ စုပ်ယူသွားသည့်အတွက်ကြောင့်ပင်။

ကျုချင်း၏ အရိပ်အယောင်ကိုလည်း ဤနေရာတွင် မတွေ့ကြ။ ထို့အတွက်ကြောင့် ကျုချင်း ဤနေရာသို့ ရောက်ခဲ့လေသလား ဆိုသည်ကို သုံးဦးစလုံး မသိကြချေ။

ရန်ကိုင်သည် ပတ်ဝန်းကျင်တစ်ဝိုက်ကို အတန်ကြာအောင် စူးစမ်းလေ့လာကြည့်နေပြီးသည့်နောက် ခေါင်းခါ၍ ပြောလိုက်သည်။ “အမြုတေက ဒီမှာရှိမနေဘူး…”

သူသည် နဂါးကလန်သားတစ်ဦး မဟုတ်ပါသော်ငြား ကျုချင်းပေးသွားခဲ့သည့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို စတင်လေ့ကျင့်ပြီးသည့်နောက်တွင် ရွှေနဂါးအမြုတေသည် သူ့ခန္ဓာကိုယ်နှင့် စတင်၍ ပေါင်းစပ်လာတော့လေသည်။ ရန်ကိုင်၏ သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲနေခဲ့သည်။ ထို့အတွက်ကြောင့် ဤနေရာတွင်သာ နဂါးအမြုတေတစ်ခု ရှိနေမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ထိုနဂါးအမြုတေကို အာရုံခံနိုင်ရပေလိမ့်မည်။

ကျုလဲ့သည် ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေသည်။ “ငါ နဂါးကလန်က ပညာရပ်တစ်ခုကို ထုတ်သုံးဦးမယ်… ငါ့ကို တစ်ချက်စောင့်ကြည့်ထားပေး…”

ရန်ကိုင်က ခေါင်းညိတ်၍ ဘေးတွင် သွားရပ်နေလိုက်သည်။ လီကျောက်၏အမူအယာမှာလည်း ပြောင်းလဲသွားခဲ့ပြီး ကျုလဲ့အား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်လိုက်လေသည်။

နဂါးကလန်မှ ပညာရပ်များသည် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားမှသာလျှင် အသုံးပြုနိုင်သည့် ပညာရပ်မျိုး ဖြစ်ကြသည်။ ရန်ကိုင်သည် ကျုလဲ့နှင့်ကျုချင်းအား သွေးမျိုးဆက်စွမ်းအားဖြင့် ဖိနှိပ်နိုင်ပါသော်ငြား ပုံမှန်အတိုင်းဆိုလျှင်တော့ လုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်သည် နဂါးကလန်၏ ပညာရပ်များကိုလည်း အသုံးမပြုနိုင်။ အကြောင်းမှာ နဂါးကလန်၏ ပညာရပ်များကို အသုံးပြုရန်အတွက် နဂါးစွမ်းအင်ကို လိုအပ်သလို နဂါးဘာသာစကားကိုလည်း သိထားရန် လိုအပ်သည့်အတွက်ကြောင့်ပင်။

လီကျောက်သည် နဂါးကလန်၏ သွေးမျိုးဆက်အချို့ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ကျုလဲ့ထုတ်သုံးမည့် နဂါးကလန်မှ ပညာရပ်နှင့်ပတ်သက်၍ အတော်လေးကိုမှ သိချင်စိတ် ပြင်းပြနေခဲ့လေသည်။

ကျုလဲ့သည် မျက်လုံးပိတ်၍ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

တစ်ခဏအကြာတွင် မျက်လုံးပြန်ဖွင့်လာခဲ့လေ၏။ ထို့နောက်တွင် သူ့လက်ညှိုးများကို သုံး၍ ကျန်လက်ဝါးတစ်ဖက်ပေါ် ဖြတ်ဆွဲချလိုက်ရာ သူ့လက်ဝါးပေါ်တွင် ရှရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုရှရာမှ သွေးများ စီးကျလာခဲ့လေသည်။

ကျုလဲ့သည် သွေးများစီးကျနေသည့် သူ့လက်ကို တင်းတင်းဆုပ်၍ လေပေါ်သို့ မြှောက်လိုက်သည်။ သူ့ကိုယ်ထဲရှိ နဂါးစွမ်းအင်တို့ စတင်လည်ပတ်လာခဲ့ပြီး သူ့ပါးစပ်မှ မန္တန်တစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သူရွတ်ဆိုသွားသည့်မန္တန်မှာ အတော်လေးကိုမှ ရှုပ်ထွေးသည်ဟု ပြောရမည်။ အခြားသူများသာဆိုလျှင် ထိုမန္တန်ကို လိုက်လံအသံထွက်ရွတ်ဖို့ အတော်လေးကိုမှ ခက်ခဲရပေလိမ့်မည်။

လီကျောက်သည် သေချာနားစွင့်ထောင်နေခဲ့လေ၏။ ယခုကဲ့သို့ သွေးသန့်နဂါးတစ်ကောင် နဂါးကလန်မှပညာရပ်အား ထုတ်သုံးနေသည်ကို မြင်တွေ့ဖို့ရာ အတော်လေးကိုမှ ရှားပါးလှသည့်အတွက်ကြောင့် လီကျောက်သည် ထိုပညာရပ်ကို တတ်နိုင်သလောက် သင်ယူနိုင်ရန် ကြိုးစားနေလေ၏။ ကံမကောင်းစွာဖြင့် ကျုလဲ့ ဘာရွတ်လို့ ရွတ်နေမှန်းကိုပင် မသိလေရာ မည်ကဲ့သို့များ သင်ယူနိုင်ပါဦးမည်နည်း။

ရန်ကိုင်သည်လည်း ကျုလဲ့ရွတ်ဆိုနေသည်ကို နားမလည်ခဲ့ပေ။ သို့သော်ငြား နဂါးကလန်၏ ပညာရပ်သည် ရှေးခေတ်အချိန်များက မှော်ဆရာများ အသုံးပြုသွားသည့် မှော်ပညာရပ်များနှင့် ဆင်တူသည်ဟု ထင်မိလေသည်။ နှစ်ခုစလုံးသည် မှော်စွမ်းအားကိုလှည့်ပတ်၍ မန္တန်ကို ရွတ်ဆိုပေးရန် လိုအပ်ပေသည်။

ရန်ကိုင်တို့နှစ်ဦး၏ အကြည့်အောက်တွင် ကျုလဲ့၏လက်မှ သွေးများ တစ်စက်ပြီးတစ်စက် စီးကျလာခဲ့လေသည်။ ကျုလဲ့၏နဂါးသွေးမှာ သာမန်သွေးများနှင့်မတူ မီးတောက်ပမာ ခြစ်ခြစ်တောက်ပူလောင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

မြေပြင်ပေါ်သို့ ကျသွားသည့်အခိုက်တွင် မြေပြင်မှာ သွေးစက်ထဲတွင် ကိန်းအောင်းနေသော အပူရှိန်ကြောင့် စတင်၍ အရည်ပျော်ကျကုန်လေ၏။

လေပြင်းများ စတင်၍ တိုက်ခတ်လာခဲ့ပြီး ကျုလဲ့၏မန္တန်ရွတ်ဆိုသံမှာ ကျယ်လောင်သထက် ကျယ်လောင်လာခဲ့လေသည်။ နောက်ဆုံးတွင် နဂါးဟိန်းသံပမာ ကျယ်လောင်လာခဲ့ရာ သာမန်လူများအဖို့ ကျုလဲ့ မန္တန်ရွတ်ဆိုသံကို ကြားလိုက်ရုံဖြင့် နားစည်များ တုန်ခါကွဲအက်သွားနိုင်ပေသည်။ တစ်ချိန်တည်းတွင် ကျုလဲ့၏ အနီရောင်ဆံပင်နှင့် အဝတ်အစားတို့မှာလည်း တလူလူ လွင့်ပျံလာခဲ့လေ၏။

ရုတ်တရက်ဆိုသလို ကျုလဲ့၏အသံ ရပ်တန့်သွားခဲ့သည်။ ချွေးများမှာလည်း သူ့မျက်နှာထက် ဝေ့သီလာခဲ့လေသည်။

ကျုလဲ့ မည်ကဲ့သို့သော ပညာရပ်မျိုးအား ထုတ်သုံးနေသလဲဆိုသည်ကို မသိရပါသော်ငြား သူထုတ်သုံးနေသည့်ပညာရပ်မှာ စွမ်းအင်အတော်စားလိမ့်မည်မှန်းတော့ သိသာလှပေသည်။

ရန်ကိုင်နှင့် လီကျောက်တို့နှစ်ဦးစလုံးမှာ ကျုလဲ့အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ သို့သော်ငြား ကျုလဲ့သည် ခေါင်းကိုငုံ့၍ မြေပြင်ကိုသာ စိုက်ကြည့်နေခဲ့လေသည်။

ကျုလဲ့၏သွေးများ မြေပြင်ပေါ်သို့ တရစပ် တောက်လျှောက် ကျနေခဲ့သဖြင့် မြေပြင်တစ်ခုလုံးမှာ သွေးနီရောင် တောက်နေခဲ့လေသည်။

သွေးနီရောင်တောက်နေသည့် မြေပြင်ကို စကြည့်နေရင်းမှ ကျုလဲ့၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် တစ်ခုခုပြောင်းလဲသွားသည်ကို ရန်ကိုင်နှင့် လီကျောက်တို့နှစ်ဦးစလုံး သတိပြုမိလိုက်ကြလေသည်။

ကျုလဲ့၏သွေးများဖြင့် စွန်းထင်းနေသော မြေပြင်အတွင်းမှ တစ်ခုခု တိုးထွက်လာရန် ကြိုးစားနေသည့်အလား မြေပြင်မှာ စတင်၍ ရှုံ့တွလာခဲ့လေသည်။

ရန်ကိုင်တို့သုံးဦး၏ အကြည့်အောက်တွင် မြေကြီးထဲမှ အနီရောင်အပင်တစ်ပင် ထိုးထွက်လာခဲ့လေသည်။ ထိုအပင်ပေါက်လေးသည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး အကိုင်းအခက်များ၊ အရွက်များ ဝေဆာလာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်မီတာ၏ သုံးပုံတစ်ပုံခန့်ရှိသော အပင်တစ်ပင် ရန်ကိုင်တို့ရှေ့၌ ထွက်ပေါ်လာခဲ့လေသည်။ ထိုအပင်သည် သွေးဖြင့် ဖွဲ့စည်းထားသည့်အလား အကိုင်းအခက်၊ အရွက်နှင့် ပင်စည် အားလုံးသည် သွေးရောင်တောက်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှာ ထိုအရာကို မည်သို့ပင် ကြည့်နေစေကာမူ ထိုအပင်သည် သွေးသန္တာတစ်ခုနှင့်သာ တူနေပေသည်။

ကျုလဲ့သည် ထိုသွေးသန္တာကို သူ့လက်ထဲသို့ ဆုပ်ယူလိုက်သည်။ လက်ရှိအချိန်၌ သွေးသန္တာ၏ သစ်ပင်ထိပ်ဖျားတွင် အနီရောင်အရောင်အဝါလေးတစ်ခု တောက်နေခဲ့လေသည်။ ထိုအနီရောင်အရောင်အဝါလေးသည် တစ်ခုသောဘက်ဆီသို့ ဦးတည်နေခဲ့လေ၏။ မသိလျှင် ဤသွေးသန္တာနှင့် အခြားသောနေရာတစ်ခုဆီသို့ အနီရောင်ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည့်အလား။

ကျုလဲ့သည် ထိုအနီရောင်အမျှင်တန်း ဦးတည်နေသည့်ဘက်ဆီသို့ ညွှန်ပြရင်းမှ ပြောလိုက်သည်။ “ကျုချင်း အဲ့ဘက်မှာရှိနေတယ်… သူမသေသေးဘူး…”

ကျုလဲ့မှ ကျုချင်းအသက်ရှင်နေသေးကြောင်း၊ ကျုချင်း မည်သည့်နေရာတွင် ရှိနေကြောင်းကို မည်ကဲ့သို့သိသွားသလဲဆိုသည်ကို ရန်ကိုင်တို့မသိပါသော်ငြား ထိုသို့ဖြစ်ရခြင်းမှာ သူထုတ်သုံးသွားသည့် နဂါးကလန်မှပညာရပ်နှင့် ပတ်သက်နေရပေလိမ့်မည်။

ရန်ကိုင်လည်း မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ ပန်းတိမ်တိုက်လွန်းပျံကို ဆင့်ခေါ်၍ အော်ပြောလိုက်သည်။ “အထဲဝင်ကြတော့…”

သို့သော်ငြား လီကျောက်ကမူ အထဲသို့မဝင်ဘဲ ရန်ကိုင်အား ပေကပ်ကပ်အမူအယာဖြင့် ကြည့်နေရင်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ဒီလီ နန်းတော်သခင်ရန်တို့ကို ဒီနေရာထိ ခေါ်လာပြီးသွားပြီဆိုတော့ လက်ကျန်ခရီးကိုတော့... ဟေး… လူကြီးလူကောင်းတွေက လက်မပါဘူး… ဒီလီ အနည်းဆုံးတော့…”

သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ကျုလဲ့သည် လီကျောက်အား လည်ဂုတ်မှဆွဲ၍ ပန်းတိမ်တိုက်လွန်းပျံထဲသို့ ပစ်ထည့်လိုက်လေသည်။ လီကျောက်၏မျက်နှာကြီးမှာတော့ ရှုံ့မဲ့လို့ကို နေလေ၏။

ဤနဂါး ဘာကြောင့် သူ့အား လုံးဝ လွှတ်မပေးချင်သလဲဆိုသည်ကို လီကျောက် လုံးဝနားမလည်နိုင်ပေ။ သူ့တာဝန်ဖြစ်သည့် ရန်ကိုင်နှင့်ကျုလဲ့တို့အား ဤနေရာသို့ ခေါ်လာပေးရမည့်တာဝန်ကို လုပ်ဆောင်ပြီးသွားလေပြီ။ နောက်ဆက်လုပ်ရမည့်အရာမှာ သူနှင့် ဘာမှမပတ်သက်တော့ချေ။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ဤနေရာမှ ထွက်ကာ မီးနဂါးနန်းတော်ဆီသို့ ပြန်ခွင့်ရသင့်ပေသည်။ သို့သော်ငြား အခြေအနေမှာ သူထင်ထားသလို ဖြစ်မလာခဲ့ပေ။

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် လီကျောက်၏ဘဝတွင် တစ်ခါမျှ ဤမျှကူကယ်ရာမဲ့သလို မခံစားခဲ့ရပေ။ ယခုတစ်ကြိမ်ခရီးမှသာ အသက်ရှင်လျက် လွတ်မြောက်လာနိုင်မည်ဆိုပါက နောက်နောင် မည်သည့်သွေးသန့်နဂါးနှင့်မျှ ပတ်သက်ရန် မကြိုးစားတော့ဟု လီကျောက်စိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်လေသည်။ ထိုသွေးသန့်နဂါးများသည် ကျိုးသင့်ကြောင်းသင့်ပြော၍မရသည့် ဗိုလ်ကျသူများသာ ဖြစ်ကြသည်။

ပန်းတိမ်တိုက်လွန်းပျံသည် လေကိုခွင်း၍ ပျံသန်းနေခဲ့လေသည်။ သို့သော်ငြား ၎င်း၏အမြန်နှုန်းမှာတော့ ယခင်ကနှင့်စာလျှင် အတော်လေးကိုမှ နှေးကွေးသွားခဲ့သည်။

နဂါးကလန်မှပညာရပ်ကို ထုတ်သုံးပြီးသည့်နောက်တွင် ကျုလဲ့မှာ အလွန်ကိုမှ အားနည်းသွားခဲ့လေသည်။ ယခုဆိုလျှင် သွေးသန္တာကို ကိုင်ထားသည့်လူမှာ ရန်ကိုင်သာဖြစ်နေပြီး ရန်ကိုင်သည် သွေးသန္တာမှအနီရောင်အလင်းတန်း ညွှန်ပြနေသည့်လမ်းကြောင်းအတိုင်း ကျုချင်းအား လိုက်ရှာနေသူလည်း ဖြစ်လေသည်။

ရေခဲနယ်မြေထဲ မိုင်နှစ်ထောင်ခန့် ဝင်လာပြီးသည့်နောက်တွင် လေပေါ်၌ ပျံသန်းသွားနေသော ပန်းတိမ်တိုက်လွန်းပျံသည် ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အောက်သို့ ထိုးဆင်းကျသွားလေ၏။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ပန်းတိမ်တိုက်လွန်းပျံများ တိုက်ခိုက်ခံလိုက်ရပြီလားဟု တွေးမိသွားသော်ငြား တကယ့်တကယ်တွင်တော့ ထိုသို့မဟုတ်မှန်း သိလိုက်ရသည်။ လီကျောက်အား ကန်ထုတ်လိုက်ပြီးသည့်နောက်တွင် တင်ပလင်ခွေထိုင်ကာ အားပြန်ဖြည့်နေသော ကျုလဲ့ကို နှိုး၍ ပန်းတိမ်တိုက်လွန်းပျံကို ပြန်သိမ်းကာ လေထဲ၌ ရပ်နေလိုက်လေ၏။

အပြင်သို့ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ဝိဉာဉ်ကိုပင်လျှင် အေးခဲသွားစေနိုင်လောက်အောင် အေးစက်လွန်းလှသည့် လေပြင်းတို့မှာ ရန်ကိုင်တို့ကို တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။

ဤမျှဆိုးရွားလှသည့် ပတ်ဝန်းကျင်မျိုးတွင် ရေခဲဓာတ်သဘာဝကို ကျင့်ကြံထားသည့် ပညာရှင်များသည်ပင်လျှင် အကြာကြီးနေနိုင်လိမ့်မည်မဟုတ်ပေ။

လီကျောက်သည် တုန်တုန်ရီရီဖြင့် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး မှုန်ကုပ်ကုပ်အမူအယာဖြင့် မေးလိုက်လေသည်။ “ဘာဖြစ်သွားတာလဲ…”

ပန်းတိမ်တိုက်လွန်းပျံထဲတွင် ရှိနေစဉ်က အနည်းဆုံးတော့ သူတို့အား အအေးဓာတ်မှ ကာကွယ်ပေးမည့် အကာအကွယ်အလွှာတစ်လွှာ ရှိနေပေသေးသည်။ သို့သော်ငြား ပန်းတိမ်တိုက်လွန်းပျံကို ရန်ကိုင်မှ ပြန်သိမ်းလိုက်သည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်သည် ရေခဲနယ်မြေထဲရှိ အအေးဓာတ်နှင့် တိုက်ရိုက်ထိတွေ့လာရတော့လေသည်။ ဤ အလွန်တရာကိုမှ အေးစက်လွန်းလှသော ပတ်ဝန်းကျင်ထဲတွင် သူ့အသက်စွမ်းအင်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေကြောင်းကို လီကျောက် ခန့်စားမိနေလေသည်။ ဤနေရာတွင် ယာယီနေ၍ ပြဿနာမရှိပါသော်ငြား အတန်ကြာအောင် နေလိုက်မည်ဆိုပါက သူ့သက်တမ်း ယုတ်လျော့သွားရနိုင်ပေသည်။

“ဘာမှမဖြစ်ဘူး… နောက်ပိုင်းကိုတော့ ကျုပ်တို့ဘာသာကျုပ်တို့ပဲ လမ်းဆက်လျှောက်ရတော့မယ်…” ရန်ကိုင်သည် ကျုလဲ့ကို ကြည့်၍ ပြောလိုက်လေသည်။ ဧကရာဇ်အဆင့်ပျံသန်းရေးမှော်ရတနာဖြစ်သော ပန်းတိမ်တိုက်လွန်းပျံသည် အေးခဲသွားသည့်အတွက်ကြောင့် ဆက်၍ မပျံသန်းနိုင်တော့ချေ။ ဤအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့လိုက်ရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် လုံးဝကို ယုံနိုင်လိမ့်မည်မဟုတ်ချေ။

ကျုလဲ့မှာတော့ ထူးမခြားနားဟန်ဖြင့်သာ ရှိနေပါသော်ငြား လီကျောက်၏မျက်နှာမှာတော့ တမုဟုတ်ချည်း သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြောလိုက်လေ၏။ “ဆရာတို့နှစ်ယောက်… ဒီလီ တောင်းဆိုချင်တာလေးတစ်ခု ရှိပါတယ်…”

ကျုလဲ့သည် လီကျောက်အား စိုက်ကြည့်လိုက်သည်။ သူ့အမူအယာသည် ရေခဲနယ်မြေထဲရှိ အအေးဓာတ်ထက်ပင် ပို၍ အေးစက်နေသယောင် ထင်မှတ်ရလေ၏။ ကျုလဲ့၏အကြည့်ကို ခံစားမိလိုက်သည့်နောက် လီကျောက်မှာ ပြောရန်ပြင်နေသည့် စကားများကို နောက်တစ်ကြိမ် ပြောင်းလိုက်ရလေ၏။ “ဒီလီ နောက်ဆုံးကနေ လိုက်ပါ့မယ်…”

“ကောင်းတယ်…” ရန်ကိုင်က ပြုံးလိုက်လေ၏။

ထို့နောက်တွင် သွေးသန္တာကိုကိုင်ရင်းမှ ရှေ့မှဦးဆောင်သွားလေသည်။

ကျုလဲ့သည် လီကျောက်ကိုဆွဲ၍ အလယ်သို့ ပစ်ထည့်လိုက်သည်။ သူကိုယ်တိုင်ကမူ နောက်ဆုံးမှသာ လိုက်လာခဲ့လေသည်။

ရေခဲနယ်မြေထဲတွင် ပျံသန်းရသည်မှာ လုံးဝကို ကောင်းမွန်လှသည့် အတွေ့အကြုံတစ်ခုတော့မဟုတ်ချေ။ သို့သော်ငြား မကြာခင်တွင် စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ချက်ကို ရန်ကိုင် သတိထားမိသွားခဲ့လေသည်။ သူတို့အနေဖြင့် ပို၍ မြင့်မြင့်ပျံသန်းလေ ပို၍ စွမ်းအင်ကုန်လေပင်။ ထို့နည်းတူစွာပင် အမြင့်ပိုင်းရှိ အအေးဓာတ်မှာလည်း ပိုမိုပြင်းထန်နေပေသည်။

ထိုအချက်ကို သတိပြုမိပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ မြေပြင်ကိုကပ်၍ ပျံသန်းတော့လေသည်။ မြေပြင်နှင့်နီးနီးကပ်ကပ်နေ၍ ပျံသန်းလိုက်သည့်အခါ သူခံစားနေရသည့် အအေးဓာတ်မှာ အတော်လေးကိုမှ လျော့ကျသွားကြောင်း တွေ့ရှိလိုက်ရသည်။

သို့သော်ငြား မြေပြင်နှင့် အနီးကပ်၍ ပျံသန်းရသည့်အတွက်ကြောင့် သွားရသည့်ခရီးမှာ ပို၍ နှေးကွေးသွားခဲ့ရသည်။

တစ်ရက်ကြာအောင် ပျံသန်းပြီးသည့်နောက်တွင် ရန်ကိုင်တို့သုံးဦးသည် မိုင်ပေါင်းများစွာအကွာသို့ ခရီးဆက်နိုင်ခဲ့သည်။

ထိုတစ်နေ့တည်းပင်လျှင် ရန်ကိုင်တို့သုံးဦးမှာ တုန်တုန်ရီရီ ဖြစ်နေကြရလေပြီ။ ယခုဆိုလျှင် ရန်ကိုင်တို့အဖွဲ့သားများ၏ မျက်နှာနှင့် ဆံပင်များထက်တွင် ရေခဲစများ ကပ်ညိနေလေပြီ။ သူတို့၏ဧကရာဇ်ချီကို မည်သို့ပင် လှည့်ပတ်နေစေကာမူ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည့် အအေးဓာတ်ကို မည်သည့်နည်းနှင့်မျှ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။

လီကျောက်မှာ ထိုအဖြစ်အပျက်‌ကြောင့် ထွက်သွားရန် တစ်ကြိမ်မက ကြိုးစားခဲ့ဖူးသည်။ သို့သော်ငြား ကျုလဲ့၏အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ အားတက်သရော စုဆောင်းထားရသည့် သတ္တိလေးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။ နောက်ဆုံး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ရန်ကိုင်တို့သွားလေရာလမ်းကြောင်းအတိုင်း လိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။

ဤမျှပြင်းထန်လှသည့် အအေးဓာတ်ကို ရန်ကိုင် မည်ကဲ့သို့ တောင့်ခံနိုင်သလဲဆိုသည်ကို ကျုလဲ့ လုံးဝ နားမလည်နိုင်ခဲ့ပေ။ တကယ်တော့ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် မဟုတ်ပေလော။ သူ့ကဲ့သို့ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသည် ဤနေရာသို့ရောက်ပြီးသည့်နောက် အစောကြီးတည်းက အေးခဲပြီး သေသွားသင့်ပေသည်။ သို့သော်ငြား သူတို့သုံးဦးထဲတွင် ဘာကြောင့်များ ရန်ကိုင်သည် လုံးဝကို အဆင်အပြေဆုံး ဖြစ်နေရလေသနည်း။ နဂါးကလန်သားတစ်ဦးဖြစ်သော ကျုလဲ့သည်ပင်လျှင် ရန်ကိုင်လောက် အဆင်ပြေပြေ ရှိမနေခဲ့ပေ။

နောက်ထပ်တစ်ရက်ကြာပြီးသည့်နောက်တွင် ရှေ့မှဦးဆောင်သွားနေသည့်ရန်ကိုင် ရုတ်တရက်ရပ်လိုက်ပြီး နားစွင့်လိုက်လေသည်။

ရန်ကိုင် တစ်ခုခုကို ကြားလိုက်ရသည်။

ရန်ကိုင်နောက်မှ ခေါင်းတငုံ့ငုံ့နှင့် လိုက်လာသော လီကျောက်မှာ ရန်ကိုင်နှင့် ဝင်ဆောင့်လုမတတ် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်၏ မှုန်ကုပ်နေသည့်အမူအယာကိုမြင်သော် လီကျောက် စိုးရိမ်သွားခဲ့ပြီး မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ နန်းတော်သခင်ရန်…”

ရန်ကိုင်သည် လီကျောက်ကိုကျော်၍ ကျုလဲ့အားကြည့်ကာ ပြောလိုက်လေသည်။ “တစ်ခုခုလာနေတယ်…”

ကျုလဲ့လည်း ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ထိုအချက်ကို သတိထားမိပေသည်။ လက်ရှိအချိန်တွင် သူတို့ဆီသို့ တစ်ခုခုလာနေလေ၏။ တသုန်သုန်တိုက်ခတ်နေသည့် လေပြင်းများနှင့် အအေးဓာတ်သည် ပုံမှန်မဟုတ်သည့် အရိပ်အယောင်များကို ပြသနေခဲ့လေသည်။

“ဘာကြီးလဲ… ဘာလာနေတာလဲ…” လီကျောက်က ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် မေးလိုက်လေသည်။ ရေခဲနယ်မြေထဲတွင် မည်သည့်သက်ရှိမှ မရှိပေ။ ထိုသို့ဖြစ်လေရာ သူတို့ဆီသို့ ချဉ်းကပ်လာနေသည့်အရာမှာ ဘာများဖြစ်လေသနည်း။ သို့ရာတွင် ရန်ကိုင်နှင့်ကျုလဲ့တို့၏ လေးနက်တည်ကြည်နေသည့် အမူအယာကို ကြည့်ရသလောက် ထိုနှစ်ဦး နောက်နေခြင်းမဟုတ်လောက်။ ထို့အတွက်ကြောင့် လီကျောက်မှာ စိတ်ပူမိသွားလေ၏။

“အဲ့ဒါပဲ ဖြစ်ရလိမ့်မယ်...” ရန်ကိုင်သည် ခေါင်းမော့၍ မျက်လုံးမှေးစင်းရင်းမှ အဝေးတစ်နေရာသို့ စိုက်ကြည့်လိုက်လေသည်။

လီကျောက်သည် ရန်ကိုင်ကြည့်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် တံတွေးတစ်လုပ် မျိုချလိုက်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်လှမ်းကြည့်နေသည့်ဘက်ရှိ ကောင်းကင်တစ်ခွင်မှာ လုံးဝကို မှိုင်းညို့အုံ့ဆိုင်းနေခဲ့လေသည်။ ထိုအုံ့ဆိုင်းဆိုင်းအရာကြီးသည် သူတို့ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်လာနေခဲ့လေသည်။

“ရေခဲလှိုင်း…” လီကျောက်မှာ တစ်ခုခုအား မှတ်မိသွားသည့်အလား အလန့်တကြား ထအော်ပြီး ချက်ချင်း ထွက်ပြေးတော့လေသည်။

ယခုကဲ့သို့ သေရေးရှင်ရေးအခြေအနေမျိုးတွင် လီကျောက်မှာ ကျုလဲ့ကိုလည်း ကြောက်မနေနိုင်တော့ဘဲ လာရာလမ်းကြောင်းအတိုင်း နောက်သို့ လှည့်မကြည့်တော့ဘဲ တဟုန်ထိုး ထွက်ပြေးသွားလေ၏။ သူ့အနေဖြင့် ထိုရေခဲလှိုင်းဆိုသည့်အရာဆီမှ ဝေးနိုင်သမျှဝေးဝေးတွင်သာ နေချင်နေတော့လေသည်။

ရန်ကိုင်နှင့် ကျုလဲ့တို့မှာလည်း တုံ့နှေးမနေခဲ့။ ချက်ချင်း ထွက်ပြေးကြတော့လေသည်။ ယခုတစ်ကြိမ်တွင်တော့ လီကျောက်မှာ ရှေ့မှဦးဆောင်နေပြီး သူပြေးသည့်နှုန်းမှာ အခြားသူများထက်ပင် ပိုမြန်နေခဲ့သည်။

“ရေခဲလှိုင်းက ဘာကြီးလဲ…” ရန်ကိုင်က ပြေးနေရင်းမှ မေးလိုက်သည်။

“ကောင်းကင်ရဲ့ သရုပ်ပဲ…” လီကျောက်က မှုန်မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောနေလေသည်။ သူ့မိဘများသည် သူ့အား ဤနှုန်းဖြင့်သာပြေးနိုင်အောင် ခြေနှစ်ချောင်းတည်းဖြင့်သာ မွေးခဲ့ရလေသလားဟု အပြစ်တင်နေသည့်အလား လီကျောက်က မျက်နှာကြီးမဲ့လျက် ပြောလိုက်လေ၏။ “အဲ့ဒါ ရေခဲနယ်မြေထဲမှာပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကောင်းကင်သရုပ်ပဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၇)

ဘာသာပြန်သူ_တိမ်တိုက်

လီကျောက်မှာ ရေခဲနယ်မြေထဲမှ ပွတ်ကာသီကာလေး အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခဲ့ပြီးသည့်နောက်တွင် ရေခဲနယ်မြေအား အထူးအာရုံစိုက်ခဲ့လေသည်။ သို့သော်ငြား ရေခဲနယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်မှာ ဘာမှသိပ်ရှိမနေခဲ့။ ထို့အတွက်ကြောင့် လီကျောက်မှာ ရေခဲနယ်မြေအကြောင်း စုံစမ်းစစ်ဆေးလိုပါသော်ငြား သူရှာတွေ့ခဲ့သည့်အကြောင်းအရာ များများစားစားမရှိခဲ့ပေ။

သူသိသည့်အရာဆို၍ ရေခဲနယ်မြေထဲတွင် ရေခဲလှိုင်းဟုခေါ်သော ကောင်းကင်သရုပ်တစ်မျိုး ရှိသည်ဟူ၍ပင်။ ထိုအရာနှင့်သာ ရင်ဆိုင်တွေ့ပါက မည်သူမျှ အသက်မရှင်နိုင်ချေ။ သို့သော်ငြား ရေခဲလှိုင်း မည်ကဲ့သို့ ဖြစ်ပေါ်လာသလဲ၊ ရေခဲလှိုင်းကို မည်ကဲ့သို့ ရှောင်ရှားရမလဲ၊ ရေခဲလှိုင်း မည်သို့မည်ပုံရှိသလဲဆိုသည်ကိုတော့ လီကျောက်လည်း သေချာမသိ။

ယခု ကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့် အခါမှသာလျှင် ထိုအရာသည် ရေခဲလှိုင်းမှန်း လီကျောက် သေချာသိသွားခဲ့ခြင်း ဖြစ်လေသည်။

ပတ်ဝန်းကျင်မှာ အတော်လေးကိုမှ ဆိုးရွားလှသည့်အတွက်ကြောင့် ရန်ကိုင်တို့ထွက်ပြေးနေသည့်နှုန်းမှာ အတော်လေးကိုမှ နှေးကွေးနေခဲ့ရသည်။ ထို့အတွက်ကြောင့် သူတို့၏ခွန်အားအကုန်အစင်ကို လှည့်ပတ်ထားသည့်တိုင် ချဉ်းကပ်လာနေသည့်ရေခဲလှိုင်းမှ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ပေ။ တဖြည်းဖြည်းနီးကပ်လာနေသည့် ရေခဲလှိုင်းကိုကြည့်ရင်း ရန်ကိုင်နှင့်ကျုလဲ့တို့၏အမူအယာ သုန်မှုန်သွားခဲ့ကြလေသည်။

ယခုကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် မည်သူမျှ တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်ကြ။

ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံး၍ ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်ငြား ထိုသို့မဖြစ်နိုင်ကြောင်း တွေ့လိုက်ရသည်။ ရေခဲနယ်မြေထဲရှိ အအေးဓာတ်မှာ အလွန်တရာကိုမှ ပြင်းထန်လွန်းလှသည့်အတွက်ကြောင့် ဟင်းလင်းပြင်သည်ပင်လျှင် အေးခဲသွားရသည့်အလား ရန်ကိုင်မှာ လေဟာနယ်နိယာမစွမ်းအားများကို မည်သို့မှ ထုတ်မသုံးနိုင် ဖြစ်ခဲ့ရသည်။

ရေခဲလှိုင်း တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ လေများသည်လည်း တဟုန်းဟုန်း တိုက်ခတ်လာခဲ့ရာ အလွန်ကိုမှ ပြင်းထန်လှသည့် အအေးဓာတ်တို့သည် ရန်ကိုင်တို့၏ကျောပြင်အား ဧရာမတူကြီးတစ်ခုပမာ လာဆောင့်ရိုက်လေရာ ရန်ကိုင်တို့သုံးဦးစလုံး ခိုက်ခိုက်တုန်သွားကြရလေသည်။

ထိုအခိုက်အတန့်တွင် လီကျောက်မှာ ရုတ်တရက် ခက်ထန်သည့်အမူအယာဖြင့် ထအော်ပြောလေ၏။ “မင်းတို့‌ကြောင့် ဒီလီ ဒီနေရာမှာ သေသွားရမယ်ဆိုလို့ရှိရင် ငါ တစ္ဆေတစ်ကောင်ဖြစ်လာမယ်ဆိုရင်တောင် မင်းတို့ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး…”

လွန်ခဲ့သောရက်များအတွင်း သူ့စိတ်ထဲ မျိုသိပ်ထားခဲ့ရသည့် မကျေနပ်ချက်တို့မှာ ယခုအချိန်တွင်တော့ ပေါက်ကွဲထွက်လာခဲ့လေပြီ။ သေရတော့မည်ဖြစ်သည့်အတွက်ကြောင့် လီကျောက်အနေဖြင့် ဘာကိုများ ဂရုစိုက်နေရဦးမည်နည်း။ “ရန်ကိုင်… မင်း အားကောင်းတယ်မဟုတ်ဘူးလား… မင်းလက်အောက်မှာခစားနေတဲ့ မွန်းစတားဘုရင်နဲ့ နတ်သားရဲတွေတောင် ရှိတယ်လေ… ဒီအခြေအနေကနေ လွတ်နိုင်မယ့်နည်းလမ်းတစ်ခုခုကို မြန်မြန်ရှာစမ်းပါကွ…”

ရန်ကိုင်တိတ်နေသည်ကိုမြင်သော် လီကျောက် ဒေါသူပုန်ထလာခဲ့လေ၏။ “မင်းက သူများအားကိုးနဲ့ ကောင်းစားနေတဲ့လူတစ်ယောက်ထက် မပိုဘူးကွ… ဒီလီ မင်းကို ကြောက်နေတယ်ထင်နေလား… ဆေးဝိဇ္ဇာကျိယင်ကြောင့်သာ မဟုတ်ရင် ဒီလီ ငါ့လူတွေကိုခေါ်ပြီး မင်းတို့ထက်ကောင်းကင်နန်းတော်တစ်ခုလုံးကို စိစိညက်ညက်ကြေအောင် လုပ်ပစ်လိုက်ပြီ… အဲ့ခါကြမှ မင်းရဲ့ဘဝကိုတောင် သေတာထက်ဆိုးအောင် လုပ်ပစ်မှာ… ဧကရာဇ်ပထမအဆင့်လေးကများ ငါ့ရှေ့မှာ လာပြီးတော့ မောက်မာရဲတယ်… အကောင်းကြည့်နေတာမှတ်လို့…”

ရန်ကိုင်အား ထိုကဲ့သို့ ဆူပူနေရသည်နှင့်ပတ်သက်၍ မကျေနပ်သေးသည့်အလား လီကျောက်သည် ကျုလဲ့ဘက်သို့လှည့်၍ ဆက်ပြောလိုက်လေသည်။ “နဂါးလား… နဂါးကလန်ကလာတော့ရော ဘာဖြစ်လဲ… ကံကောင်းလို့ နဂါးကလန်မှာ မွေးလာလိုက်တာနဲ့ တွေ့သမျှလူအားလုံးကို မင်း လိုက်ပြီး အထင်သေးလို့ရမယ်လို့ ထင်နေတာလား… ငါ့သွေးမျိုးဆက်က မသန့်စင်တော့ရော ဘာဖြစ်လဲ… ငါ့ကို ငါ့မိဘတွေက မွေးပြီးတော့ ငါ့မိဘတွေကပဲ ပျိုးထောင်လာတာကွ… ဧကရာဇ်တတိယအဆင့်ကိုရောက်အောင် ငါ့ဘာသာငါ ကျင့်ကြံလာတာကွ… မင်းမှာသာ နဂါးသွေးမျိုးဆက်မရှိလို့ရှိရင် မင်းဆိုတဲ့ကောင်က ငါ့အဆင့်လောက်တောင် ရောက်မှာမဟုတ်ဘူး… အဲ့ဒါနဲ့များ ဘာတွေလိုက်ကြွားချင်နေရတာလဲ… သတ္တိရှိတယ်ဆိုရင် နဂါးသွေးမျိုးဆက်ကိုမသုံးဘဲနဲ့ ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ကွာ… ငါဘယ်လောက်အားကောင်းလဲဆိုတာကို မင်းဆိုတဲ့နဂါး သိသွားအောင် ပြပေးလိုက်မယ်… ငါ့လခွမ်းကွာ… အခုတော့ မင်းတို့ပြဿနာထဲ ငါပါ ပါသွားပြီ… မင်းတို့နှစ်ကောင်က တကယ်ကို ပြဿနာကောင်တွေပဲကွ… မင်းတို့နဲ့အတူ ရေခဲနယ်မြေထဲကို လိုက်လာတည်းက ဘာမှအဆုံးသတ်ကောင်းမှာမဟုတ်မှန်း ငါသိပြီးသား… အစောကြီးတည်းက ထွက်သွားလိုက်သင့်တာ… အဲ့ဒါ မင်းတို့အပြစ်ပဲ… မင်းတို့အားလုံးရဲ့အပြစ်ပဲ… မင်းတို့သွားချင်နေတဲ့နေရာဆီ ရောက်အောင် ခေါ်လာပေးပြီးသွားပြီပဲကို… ဘာဖြစ်လို့ ဒီနေရာထိပါ ဆက်ပြီး ဆွဲခေါ်လာရတာလဲ… ငါ့ကို အဲ့လောက် အနိုင်ကျင့်ဖို့လွယ်တယ်လို့ မှတ်နေကြတာလား… မင်းတို့စောင့်နေ… ငါ ဒီကနေထွက်တာနဲ့ ငါ့ဂိုဏ်းကိုခေါ်ပြီးတော့ မင်းရဲ့ထက်ကောင်းကင်နန်းတော်နဲ့ နဂါးကလန်ကိုပါ သွားဖျက်ဆီးပစ်မယ်… အဲ့နေရာတစ်ခုလုံး သွေးချင်း…”

လီကျောက်မှာ စိတ်လွတ်သွားသည့်အလား သွေးရူးသွေးတမ်းဖြစ်လာပြီး ပြောချင်ရာစကားများကို လျှောက်အော်ပြောနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်နှင့် ကျုလဲ့တို့ နှစ်ဦးလုံးမှာတော့ လီကျောက်အား တစ်ချက်မျှပင် ဂရုမစိုက်။

ရန်ကိုင်နှင့် ကျုလဲ့မှာ အကြည့်ချင်းဖလှယ်နေပြီးသည့်နောက် ရုတ်တရက် ကျုလဲ့က ပြောလိုက်လေသည်။ “မင်းမှာ ဝှက်ဖဲတွေရှိသေးရင် မြန်မြန်ထုတ်သုံးလိုက်တော့… မဟုတ်ရင် နောက်ကျသွားလိမ့်မယ်…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “မင်းတို့နဂါးကလန်မှာ ပညာရပ်တွေအများကြီး ရှိတာပဲ… ဘာဖြစ်လို့ ငါ့ကို လာကြည့်နေတာလဲ… ငါက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတဲ့ဟာကို… ငါ့မှာ ဘယ်လိုဝှက်ဖဲမျိုး ရှိမှာမို့လို့လဲ…”

ကျုလဲ့သည် ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်နေပြီးသည့်နောက် သက်ပြင်းချ၍ “ကောင်းပြီလေ… မင်းဝှက်ဖဲတွေကို ထုတ်မသုံးချင်တော့ဘူးဆိုမှတော့ ငါလည်း မင်းကို တွန်းအားမပေးတော့ပါဘူး… ငါ့ဘာသာငါပဲ လုပ်ရတော့မှာပေါ့…”

လီကျောက်မှာ သူ့လည်ပင်းအား မမြင်နိုင်သည့် လက်ကြီးတစ်ဖက်မှ ဆွဲညှစ်လိုက်သည့်အလား သူ၏အော်ဟစ်ဆဲဆိုသံတို့ ရုတ်ချည်း တိတ်ကျသွားခဲ့သည်။ ထို့နောက်တွင် လီကျောက်သည် ရန်ကိုင်ကို လှမ်းကြည့်လိုက်သည်။ ပြီးနောက် ကျုလဲ့ကိုကြည့်၍ ပြုံးကာ မေးလိုက်လေ၏။ “ဆရာတို့… ဆရာတို့မှာ အခုကြုံနေရတဲ့ ပြဿနာကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ရှိနေတာလား…”

ကျုလဲ့က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “စမ်းကြည့်မှပဲ သိလိမ့်မယ်…”

လီကျောက်က အားတက်သရောဖြင့် တိုက်တွန်းနှိုးဆော်လိုက်လေသည်။ “အဲ့ဒါဆို ဘာတွေစောင့်နေသေးတာလဲဆရာ… မြန်မြန်လုပ်လိုက်တော့လေ…”

ပျံသန်းနေရင်းမှ ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် လီကျောက်အား လှမ်းကြည့်လိုက်သည်။

ရန်ကိုင်၏အကြည့်‌ကြောင့် လီကျောက်၏မျက်နှာ တောင့်တင်းသွားခဲ့ပြီး ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဆရာ… ဆရာတို့ ကျုပ်ကိုလည်း ခေါ်သွားပေးပါနော်… ခုနတုန်းက ကျုပ် ဘာတွေပြောမိလို့ ပြောမိမှန်းမသိပါဘူး… ကျုပ်ကို တစ်ကောင်ကောင်ကများတောင် ဝင်စီးထားတာလားတောင် မသိတော့ဘူး… အဲ့ဒါတွေက ကျုပ်တကယ်တွေးနေတာ မဟုတ်ပါဘူး ဆရာတို့ရယ်… ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ဆရာတို့ရယ်…”

ဘာကြောင့်များ ထိုပေါက်တက်ကရ စကားများကို လျှောက်ပြောရလေသနည်းဟု လီကျောက်မှာ သူ့ကိုယ်သူ အပြစ်တင်နေတော့လေသည်။ ယခုမူ သူ့ပါးစပ် စည်းမစောင့်ခဲ့သည့်အတွက်ကြောင့် သူကိုယ်တိုင်မှာ ပြဿနာတက်ရပေတော့မည်။ ဤနဂါးသည် သူ့အား ကူညီမလား မကူညီဘူးလားဆိုသည်မှာ လီကျောက်ပြောနိုင်တော့သည့်အရာမဟုတ်။

သို့သော်ငြား လီကျောက်၏စိုးရိမ်မှုများမှာ အပိုသက်သက်သာ ဖြစ်လေသည်။ လီကျောက်စိတ်ထဲ အတွေးမျိုးစုံတို့ဖြင့် ယောက်ယက်ခက်နေစဉ်မှာပင် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရွှန်းရွှန်းစိုတောက်ပြောင်သည့် အနီရောင်နဂါးတစ်ကောင် ကျုလဲ့ခေါင်းထက်တွင် ပေါ်လာခဲ့လေသည်။ ထိုနဂါးကြီးသည် စက်ဝိုင်းပုံစံ ဝိုင်းပတ်လိုက်ပြီးသည့်နောက် ရန်ကိုင်တို့သုံးဦးအား ရစ်ပတ်သွားခဲ့လေ၏။

နဂါးကြီး၏ကာကွယ်မှုကို ရရှိသွားသည့်နောက်တွင် ရန်ကိုင်တို့သုံးဦးသည် အအေးဓာတ်မှ သီးခြားခွဲထုတ်ခံလိုက်ရသည့်အလား သူတို့စိတ်ထဲ အနည်းငယ် နွေးသွားသလို ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းတွင်လည်း ကျုလဲ့၏ခန္ဓာကိုယ်ထက် နဂါးအသွင်အပြင်တို့ စတင်၍ ထွက်ပေါ်လာတော့လေသည်။ ထို့နောက်တွင် ကျုလဲ့သည် အနီရောင်နဂါးပုံရိပ်ထဲတွင် နေရင်းမှ ရေခဲလှိုင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။

ထိုအဖြစ်အပျက်ကြောင့် လီကျောက်မှာ လိပ်ပြာလွင့်လုမတတ် ဖြစ်သွားခဲ့ရပြီး ကြောက်လန့်တကြား ထအော်တော့လေသည်။ သို့သော်ငြား အနီရောင်နဂါးပုံရိပ်ကြီး၏ ကာကွယ်မှုအောက်မှ ထွက်မသွားရဲခဲ့ပေ။ ထိုသို့ထွက်သွားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်သူ ရေခဲလှိုင်းဆီသို့ ပြေးဝင်သွားနေသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရလေသည်။

ရန်ကိုင်သည်လည်း ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့ပါသော်ငြား ချက်ချင်းပဲ ကျုလဲ့၏အစီအစဉ်ကို နားလည်သွားခဲ့သည်။

သူတို့အနေဖြင့် ဤနေရာတွင် ရေခဲလှိုင်းမှ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ရေခဲလှိုင်းမှ ရုန်းကန်ထွက်ပြေးနေမည့်အစား ရေခဲလှိုင်းအား ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပေသည်။ ရေခဲလှိုင်းကို သူတို့သုံးဦး ပူးပေါင်းကာ ဖြိုခွင်းရမည် ဖြစ်သည့်အတွက်ကြောင့် အနည်းဆုံးတော့ သူတို့တွင် အခွင့်အရေးရှိသည်ဟု ပြော၍ရပေသည်။

ရှင်းရှင်းပြောရသော် ဤအကြံမှာ အကောင်းဆုံးအကြံတော့မဟုတ်။ သို့သော်ငြား ကြိုးစားကြည့်၍တော့ အရှုံးမရှိပေ။ ကံကောင်းလျှင် သူတို့အနေဖြင့် ဤပြဿနာမှပင်လျှင် အန္တရာယ်ကင်းကင်းနှင့် လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်ပေသေးသည်။

အေးစက်စက်လေပြင်းများ တဝှီးဝှီး တိုက်ခတ်လာခဲ့ပြီး ရေခဲလှိုင်းသည် ရန်ကိုင်တို့နှင့် နီးကပ်သထက် နီးကပ်လာခဲ့သည်။ လီကျောက်မှာလည်း အလွန်ကိုမှ ကြောက်ရွံ့တုန်လှုပ်နေသည့်အတွက်ကြောင့် သူ့မျက်နှာတစ်ပြင်လုံးမှာ သွေးမရှိတော့သလောက်ကို ဖြူလျော်နေခဲ့လေသည်။ ကြံ့ခိုင်သောသူ့စိတ်ဓာတ်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် လီကျောက်မှာ သတိပင် လစ်သွားနေလောက်လေပြီ။

မကြာမီ ရန်ကိုင်တို့သုံးဦး ရေခဲလှိုင်းနှင့် ထိပ်တိုက်သွားတွေ့လေသည်။ ရေခဲလှိုင်းအား ဝင်တိုက်မိလိုက်သည့်နောက် ရန်ကိုင်တို့၏မြင်ကွင်းတစ်ခုလုံးကို ပိန်းပိန်းပိတ်နက်မှောင်သည့် အမှောင်ထုမှ လွှမ်းခြုံသွားခဲ့လေ၏။

ထိုအခိုက်အတန့်မှာပင်လျှင် တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိလိုက်သဖြင့် ကျုလဲ့၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ ရေခဲလှိုင်းသည် သူတို့ထင်ထားသကဲ့သို့ မိုးမြေစွမ်းအင်များ စုဝေး၍ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်တစ်ခု မဟုတ်ခဲ့ပေ။ ထို့အစား ရေခဲလှိုင်းသည် ကျုလဲ့အား ရှင်းပြမရသည့် ခံစားချက်မျိုးကို ရနေစေခဲ့လေသည်။ ထို့အတွက်ကြောင့် သူကြိုတင်ပြင်ဆင်ထားသည့် မည်သည့်နည်းလမ်းကိုမှ ထုတ်မသုံးနိုင်ပဲ ဖြစ်သွားခဲ့ရသည်။ ရေခဲလှိုင်းနှင့် ဝင်တိုက်မိသည်နှင့်တစ်ပြိုင်နက် ရေခဲလှိုင်း၏ တမုဟုတ်ချည်းဝါးမျိုခြင်းကို ခံလိုက်ရပြီး ကူကယ်ရာမဲ့သွားခဲ့ရသည်။

ရန်ကိုင်သည်လည်း အံ့အားသင့်နေဟန်ဖြင့် ရေရွတ်လိုက်လေသည်။ “လေဟာနယ်နိယာမစွမ်းအားတွေ…”

ရေခဲနယ်မြေထဲတွင် ဖြစ်ပေါ်သော ကောင်းကင်သရုပ်ဖြစ်သည့် ရေခဲလှိုင်းထဲတွင် မြောက်မြားလှစွာသော လေဟာနယ်နိယာမစွမ်းအားတို့ ရှိနေလိမ့်မည်ဟု ရန်ကိုင် လုံးဝ ထင်ထားခြင်း မရှိခဲ့ပေ။ သူတို့အား ရေခဲလှိုင်းမှ လွှမ်းခြုံသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ကသောင်းကနင်းဖြစ်သွားခဲ့ပြီး သူ့ကိုယ်သူ အခြားတစ်နေရာသို့ တည်နေရာခုန်ကူးနေသည့် ခံစားချက်မျိုး ရလိုက်ရသည်။

ထို့အပြင် ထိုခံစားချက်မှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို အသုံးပြုစဉ်ကထက်ပင် ပို၍ ဆိုးရွားပေသေးသည်။ အနီးအနားပတ်ဝန်းကျင်တွင် ရှိနေသော လေဟာနယ်နိယာမစွမ်းအားများသည် သူ့တစ်ကိုယ်လုံးကို စိစိညက်ညက်ကြေအောင် တစ်စစီ ဆုတ်ဖြဲပစ်ချင်နေသည့်အလား။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ မသိလိုက်မသိဘာသာဖြင့် သူ့ကိုယ်ပိုင်လေဟာနယ်နိယာမစွမ်းအားတို့ကို အလိုလို ထုတ်သုံးလိုက်မိလေသည်။

ရန်ကိုင်မှ လေဟာနယ်နိယာမစွမ်းအားတို့ကို ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် ကျုလဲ့နှင့် လီကျောက်တို့၏ အရှိန်အဝါကို လုံးဝ အာရုံခံနိုင်ခြင်း မရှိတော့ကြောင်း တွေ့လိုက်ရသည်။ ထိုနှစ်ဦး ဘယ်ဆီ ရောက်လို့ရောက်သွားမှန်း ရန်ကိုင် လုံးဝ နားမလည်။ ရန်ကိုင်ကိုယ်တိုင်မှာတော့ အဆုံးမဲ့ချောက်နက်ထဲသို့ တရစပ်ကျဆင်းနေသလိုသာ ခံစားနေခဲ့ရလေသည်။ သူခံစားနေရသည့် ခေါင်းမူးဝေသည့်ခံစားချက်မှာ အချိန်နှင့်အမျှ ပိုပို၍ ပြင်းထန်လာနေခဲ့သည်။ နောက်ဆုံး လေဟာနယ်နိယာစွမ်းအားများကို လှည့်ပတ်လိုက်သည့် အခါမှသာလျှင် ခေါင်းမူးဝေသည့်ခံစားချက်မှာ အနည်းငယ် သက်သာသွားခဲ့ရ၏။

အချိန်မည်မျှ ကြာလို့ကြာသွားမှန်းမသိ ရန်ကိုင်ခံစားနေရသည့် ခေါင်းမူးဝေနေသည့်ခံစားချက်မှာ နောက်ဆုံးတွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် ဘုတ်ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး အကြိမ်အနည်းငယ် လူးလိမ့်နေပြီးသည့်နောက်မှသာ ရပ်တန့်သွားခဲ့ရသည်။

ယခုအချိန်တွင်တော့ သူ့ကိုယ်ထဲရှိအရိုးများ သွင်သွင်ကျိုးနေသည့်ပမာ ရန်ကိုင်စိတ်ထဲ ခံစားနေခဲ့ရသည်။ ယခင်က နယ်မြေခြားဟင်းလင်းပြင်အစီအရင်များကို အသုံးပြုရာတွင်ပင်လျှင် ခံစားရခြင်းမရှိသည့် မူးဝေအော့အန်ချင်သည့် ခံစားချက်မျိုးကိုလည်း ရနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အကြိမ်အနည်းငယ် အန်မိမလိုပင် ဖြစ်ခဲ့ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ တိတ်ဆိတ်နေခဲ့ပြီး ပုံမှန်အတိုင်း နှင်းများ ဖုံးလွှမ်းနေခဲ့လေသည်။ သို့ရာတွင် လီကျောက်နှင့် ကျုလဲ့တို့ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့။

ရန်ကိုင်သည် မှုန်ကုပ်ကုပ်အမူအယာဖြင့် ဖြည်းဖြည်းချင်း ထရပ်လာခဲ့လေသည်။ ပတ်ဝန်းကျင်ရှုခင်းများမှာ ပြောင်းလဲသွားခြင်း သိပ်မရှိပါသော်ငြား ယခင်က သူ၏ဝိဉာဉ်ထဲထိတိုင် စိမ့်ဝင်နေသည့် အအေးဓာတ်မှာတော့ ဤနေရာတွင် မရှိတော့ပေ။ ယခုရောက်နေသည့်နေရာနှင့် ရေခဲနယ်မြေ မည်ကဲ့သို့ကွာခြားသလဲဆိုသည်ကို ရန်ကိုင် သေသေချာချာ ခံစားမိနေခဲ့သည်။ လက်ရှိ သူရောက်နေသည့်နေရာမှာ ရေခဲနယ်မြေနှင့် တစ်နေရာတည်းတွင် အတူရှိမနေသည့် ကမ္ဘာလောကသစ်တစ်ခုအလား။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ မယုံသင်္ကာအမူအယာဖြင့် လောကနိယာမစွမ်းအားများကို စစ်ဆေးရန် ကြိုးစားလိုက်လေသည်။ စစ်ဆေးကြည့်ပြီးသည့်နောက် သူ့ခန့်မှန်းချက် မှန်ကန်နေကြောင်း တွေ့ရှိသွားခဲ့ရသည်။

ဤနေရာသည် အမှန်တကယ်ကို ကမ္ဘာသစ်တစ်ခု ဖြစ်နေခဲ့လေသည်။ ဤနေရာရှိ လောကနိယာမများမှာ ပြည့်စုံပါသော်ငြား ကြယ်တာရာအစုအဝေး၏ လောကနိယာမများနှင့်တော့ အလွန်ကိုမှ ကွာခြားလှသည်။ တစ်နည်းဆိုရသော် လက်ရှိ ရန်ကိုင်ရောက်နေသည့်နေရာသည် ကြယ်တာရာအစုအဝေးထဲတွင် မဟုတ်တော့ပေ။

အစောပိုင်းကဖြစ်သွားသည့် အကြောင်းအရာများကို ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်စိတ်ထဲ တစ်ခုခုအား တွေးမိသွားခဲ့သည်။ သို့သော်ငြား အရမ်းကြီးတော့ မသေချာပေ။

သေချာသည့်တစ်ချက်မှာတော့ သူရောက်လာသည့်နေရာသည် ရေခဲလှိုင်းနှင့် ပတ်သက်နေသည် ဟူသော အချက်ပင်။ ဖြစ်နိုင်သည်မှာတော့ ရေခဲလှိုင်းသည် ဤကမ္ဘာဆီသို့ ဦးတည်နေသော ဝင်ပေါက်တစ်ခုပင် ဖြစ်နေနိုင်ပေသည်။ ရေခဲလှိုင်းမှ ထုတ်ဖော်နေသည့် အရာအားလုံးကို ဖျက်ဆီးတော့မယောင် ထင်မှတ်ရသော အဖျက်စွမ်းအားမှာ ဟန်ပြသက်သက်သာ ဖြစ်သည်။

ရုတ်တရက်ဆိုသလို သူ၏မျက်လုံးထောင့်မှတစ်ဆင့် အနီရောင်အလင်းတစ်ခုကို ရန်ကိုင် မြင်လိုက်ရလေသည်။ ရန်ကိုင် ချက်ချင်းလှမ်းကြည့်လိုက်ရာ သူ့လက်ထဲတွင်ကိုင်ထားသည့် သွေးသန္တာသည် ယခင်ကထက် အဆတစ်ရာမက ပိုမိုတောက်ပသည့် အရောင်မျိုးဖြင့် တောက်ပနေကြောင်း တွေ့လိုက်ရလေသည်။

လက်ရှိအချိန်တွင် သွေးသန္တာ၏ သစ်ပင်ထိပ်ဖျားဆီမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းသည် ယခင်ကနှင့်မတူတော့ဘဲ အလွန်ကိုမှ သိပ်သည်းထင်ရှားနေခဲ့ကာ တစ်ခုသောနေရာဆီသို့ ဦးတည်နေခဲ့လေသည်။

“ကျုချင်း…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ထအော်လိုက်သည်။ သွေးသန္တာ ဘာကြောင့် ယခုကဲ့သို့ ပြောင်းလဲသွားရမှန်းကိုလည်း ရန်ကိုင် နားလည်သွားခဲ့လေသည်။

ဤသွေးသန္တာသည် ကျုလဲ့မှ သူ၏နဂါးသွေးကိုသုံး၍ နဂါးကလန်မှ ပညာရပ်တစ်ခုဖြင့် ဖန်တီးထားသည့် အရာတစ်ခုဖြစ်ပေသည်။ သွေးသန္တာ၏ရည်ရွယ်ချက်မှာ ကျုချင်း၏တည်နေရာကို ရှာဖွေရန် ဖြစ်လေသည်။ ရေခဲနယ်မြေထဲ ကျုချင်းအား လိုက်ရှာနေစဉ်က သွေးသန္တာသည် သူတို့အား ကျုချင်းရှိနေသည့်နေရာဆီသို့ လှမ်းပြခဲ့သည်။ သို့သော်ငြား ထိုစဉ်က သွေးသန္တာဆီမှ ထွက်ပေါ်နေသည့် အရောင်မှာ ဤမျှတောက်ပနေခြင်း မရှိခဲ့ပေ။

ကျုချင်း ဤနေရာတွင် ရှိနေရပေလိမ့်မည်။ ထို့အပြင် ကျုချင်းရှိနေသည့်နေရာမှာ ရန်ကိုင်နှင့် သိပ်မဝေးလှ။

ရေခဲလှိုင်း ရန်ကိုင်တို့အား လွှမ်းခြုံသွားခဲ့စဉ် ရေခဲလှိုင်းလွှမ်းခြုံသွားခဲ့သည့်နေရာမှာ ရန်ကိုင်တို့ရှိနေသည့်နေရာသာလျှင်မဟုတ်။ အလွန်ကိုမှ ကျယ်ဝန်းသည့် နေရာကြီးတစ်ခုလုံး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကျုချင်းသည်လည်း ရေခဲလှိုင်းထဲ ပါသွားပြီး ဤနေရာသို့ ရောက်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သွေးသန္တာမှာ ယခုကဲ့သို့ ပြောင်းလဲသွားရခြင်း ဖြစ်ပေသည်။

ထိုသို့စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင်သည် အလျင်အမြန်ကုန်းထ၍ သွေးသန္တာဆီမှ ထွက်ပေါ်နေသည့် အလင်းတန်း ညွှန်ပြနေသည့်နေရာဆီသို့ ပြေးသွားလေ၏။

ကျယ်ပြောလှသော နှင်းဖုံးတောင်တန်းများကြား ရန်ကိုင်သည် တစ်ကိုယ်တည်း လမ်းလျှောက်နေခဲ့သည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် သူပြုတ်ကျလာခဲ့သည့်နေရာဆီမှ မိုင်သုံးရာခန့်အကွာတွင် ရင်းနှီးနေသည့်လူတစ်ဦးကို တွေ့လိုက်ရလေသည်။

မီးတောက်ပမာ နီရဲတောက်နေသော အနီရောင်ဆံပင်များကို ပိုင်ဆိုင်ထားသည့် သေးသွယ်သွယ်ခန္ဓာကိုယ်လေးတစ်ခုသည် နှင်းများဖုံးနေသည့် မြေပြင်ထက် လဲလျောင်းနေခဲ့လေသည်။ သူမ သေသလားရှင်သလားဆိုသည်ကိုတော့ မသိရသေးချေ။

ရန်ကိုင်သည် ထိုအမျိုးသမီးဆီသို့ အလျင်အမြန် ပြေးသွားလိုက်ပြီး သူမမျက်နှာအား ဖုံးထားသော အနီရောင်ဆံပင်များကို ဖယ်ကြည့်လိုက်ရာ သူထင်ထားသည့်အတိုင်း ကျုချင်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ကျုချင်းကိုမြင်လိုက်ရသည့်အခါမှသာလျှင် ရန်ကိုင်လည်း စိတ်သက်သာရာ ရနိုင်တော့သည်။ သူရောက်နေသည့်နေရာမှာ မည်သည့်နေရာ ဖြစ်လို့ဖြစ်မှန်း မသိပါသော်ငြား အနည်းဆုံးတော့ သတင်းကောင်းကို သိလိုက်ရ၍ စိတ်သက်သာရာ ရမိပေသည်။

ကျုချင်းကို ရှာတွေ့သွားခဲ့လေပြီ။ ကျုလဲ့နှင့် လီကျောက်တို့ရှိနေသည့် နေရာကို သူမသိပါသော်ငြား ထိုနှစ်ဦး အဆင်ပြေနေလိမ့်မည်မှန်းတော့ ရန်ကိုင်သိနေခဲ့သည်။ ရေခဲလှိုင်းမှာ ပုံစံအားဖြင့် ကြောက်မက်ဖွယ်ကောင်းပါသော်ငြား တကယ့်တကယ်တွင်တော့ သူတို့အား ဘာမှထိခိုက်စေသည့် အရာမျိုး မဟုတ်ပေ။

ရန်ကိုင်တို့ လမ်းကွဲသွားရခြင်းမှာ ရန်ကိုင်မှ ရေခဲလှိုင်း၏လွှမ်းခြုံခြင်း ခံလိုက်ရစဉ် လေဟာနယ်နိယာမစွမ်းအားကို မတော်တဆ ထုတ်သုံးလိုက်မိသည့် အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။

သို့သော်ငြား ကျုချင်းမှာတော့ အခြေအနေသိပ်မကောင်းလှ။ ကျုချင်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးထက် ပို၍အားမကောင်းလျှင်ပင် ထိုကဲ့သို့သောပညာရှင်မျိုးနှင့် အဆင့်တူတွင် ရှိနေသည့် နဂါးတစ်ကောင် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူမအနေဖြင့် ယခုကဲ့သို့ သတိလစ်နေစရာ အကြောင်းမရှိချေ။ ကျုချင်း ယခုကဲ့သို့ သတိလစ်နေရခြင်းမှာ ရေခဲလှိုင်း၏ ဝါးမျိုခြင်း ခံလိုက်ရသည့်နှင့် ပတ်သက်နေနိုင်ပေသည်။ တကယ်တော့ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်သည်ပင်လျှင် ရေခဲလှိုင်း၏ ဝါးမျိုခြင်း ခံလိုက်ရပြီးသည့်နောက် အချိန်အတန်ကြာအောင် အော့အန်မူးဝေနေခဲ့ရသည် မဟုတ်ပေလော။

သို့သော်ငြား သေချာစစ်ဆေးကြည့်ရသလောက်တော့ ထိုသို့မဟုတ်သည့်ပုံပင်။

ကျုချင်း၏ခန္ဓာကိုယ်သည် ရေခဲတုံးတမျှ အေးစက်နေခဲ့ပြီး သူမ၏အသက်စွမ်းအင်မှာလည်း အလွန်ကိုမှ ဖျော့တော့နေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၈)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် ကျုချင်းကို ထူမလျက် သူ့ပေါ် မှီစေကာမ သူမ၏ လက်ကောက်ဝတ်ကို ကိုင်၍ သူမကိုယ်ထဲသို့ ဧကရာဇ်ချီ ထည့်သွင်းကာ ကျုချင်း၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လေသည်။

ခဏအကြာတွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ကျုချင်း ခန္ဓာကိုယ်တွင်းရှိ အခြေအနေမှာ လုံးဝကို ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူမ၏ ဒဏ်ရာကြောင့်တော့ ဖြစ်ဟန်မတူ။ ထို့အစား ကျင့်ကြံခြင်း သွေဖီသည့် ပုံစံမျိုးနှင့်ပင် ပိုတူနေပေသေးသည်။

ထို့အပြင် သူမ၏ ခန္ဓာကိုယ် အခြေအနေမှာလည်း အလွန်ကိုမှ ဆိုးရွားနေသေး၏။ ရေခဲနယ်မြေထဲ အနေကြာသွားသည့် အတွက်ကြောင့် သူမ၏ အသက်ဓါတ်မှာ အတော်လေး ယုတ်လျော့နေကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ကိုမှ အားနည်းနေခဲ့သည်။ အရေးပေါ် ကုသမှုသာ မလုပ်ပေးပါကာ ကျုချင်း အနှေးနှင့်အမြန် သေရပေလိမ့်မည်။

ထို့ကြောင့်ရန်ကိုင်မှာ နှောင့်နှေးမနေရဲတော့ဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ လိုဏ်ဂူတစ်လုံးကို ရှာတွေ့သွား၏။ ထို့နောက်တွင် ကျုချင်းကို သယ်၍ ထိုလိုဏ်ဂူဆီသို့ အမြန် ပြေးသွားလေသည်။

လိုဏ်ဂူမှာတော့ သားရဲတစ်ကောင် နေသည့် လိုဏ်ဂူတစ်လုံး ဖြစ်ဟန်တူ၏။ လိုဏ်ဂူထဲ ညှီစို့စို့ အနံ့တို့ဖြင့် ပြည့်နေခဲံသည်။ သို့သော်ငြား ဤနေရာတွင် သားရဲတစ်ကောင်ကောင် နေသွားသည်မှာ အတော်လေး ကြာနေပြီဖြစ်သည့်ပုံပင်။

ကျုချင်းအား ကုသပေးနေစဉ် အတောအတွင်း မတော်တဆ အဖြစ်အပျက်များ ဖြစ်လာမည် စိုးသည့်အတွက်ကြောင့် ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ရောက်သည်နှင့် လောကဓါတ်လုံးကိုထုတ်ကာ ကျုချင်းကို လောကဓါတ်လုံးထဲသို့ ခေါ်သွားလိုက်သည်။

လောကဓါတ်လုံးထဲသို့ ရောက်သော် ကျုချင်းအား မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကိုထုတ်ကာ ကျုချင်း ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။

ကျုချင်း၏ လက်ရှိ အခြေအနေမှာ အနည်းငယ် ကရိကထ ဖြစ်စရာကောင်းလှသည်။ ရေခဲနယ်မြေထဲရှိ အအေးဓါတ်များကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွားကို ထိခိုက်ထားရကာ သူမ၏ နဂါးစွမ်းအင်မှာလည်း ကယောက်ကယက် ဖြစ်နေသည်။ သူမကိုယ်သာ ကယ်လိုလျှင် သူမကိုယ်ထဲ သောင်းကျန်းနေသည့် အအေးစွမ်းအင်များကို အရင် ဖယ်ထုတ်ပစ်မှ ရပေလိမ့်မည်။ သို့မှသာ နဂါးစွမ်းအင်ကို ပြန်လည် လှည့်ပတ်နိုင်ပြီး အဆင်ပြန်ပြေလာနိုင်ပေလိမ့်မည်။

ရန်ကိုင် ကျုချင်းအား တိုက်လိုက်သည့် ဆေးလုံးများမှာ ပုံမှန်အားဖြင့် အလွန်ကို တန်ဖိုးကြီးသည့် ဆေးလုံးများ ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်ကတော့ ဂရုစိုက်မနေခဲ့ချေ။

ဆေးလုံးဟာလည်း တကယ်ကိုမှ အစွမ်းထက်လှသည်။ ရန်ကိုင်၏ ကူညီပေးမှုကြောင့် ဆေးအာနိသင်တို့သည် ကျုချင်း၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားခဲ့ကာ မကြာမီ သူမ၏ မွှေညင်းပေါက်များဆီမှ ရေခဲနယ်မြေတစ်လွှား ပျံ့နှံ့နေသော အအေးစွမ်းအင်များ စိမ့်ထွက်လာခဲ့လေသည်။ ထိုအအေးစွမ်းအင်များ စိမ့်ထွက်လာသည်နှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရှိနေသော အပင်များ စတင် ညိုးကျကုန်လေ၏။

အအေးစွမ်းအင်များ စိမ့်ထွက်လာသည်နှင့်အမျှ ရေခဲတုံးပမာ ဖြစ်နေသော ကျုချင်း ခန္ဓာကိုယ်သည် အနွေးဓါတ်တို့ ပြန်ရလာခဲ့ရလေရာ၊ နှင်းဖြူရောင်သန်းနေသည့် သူမ၏ မျက်နှာလေးမှာ သွေးရောင် ပြနသန်းလာခဲ့လေသည်။

ထိုအချိန်အတွင်း ရန်ကိုင်သည် ကျုချင်း၏ နာမည်ကို အဆက်မပြတ် အော်ခေါ်နေပြီး ကျုချင်းကို နှိုးရန်အလို့ငှာ သူ့ကောင်းကင်စိတ်အာရုံဖြင့်ပင် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည်။

သို့သော်ငြား ကျုချင်းမှာ လုံးဝ နိုးလာခြင်း မရှိခဲ့ချေ။

ရန်ကိုင်မှာ ကျုချင်း နိုးလာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြည့်သော်ငြား အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ အချိန်မည်မျှ ကြာလို့ကြာသွားမှန်း မသိရ၊ ကျုချင်းမှာတော့ အိပ်စက်မြဲ အိပ်စက်နေခဲ့သည်။ ဆေးအာနိသင်များလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ဆေးအာနိသင်များ မရှိတော့သည်နှင့် ကျုချင်း၏ ခန္ဓာကိုယ်မှာ အေးစက်စက် ပြန်ဖြစ်လာခဲ့သည်။ ကျုချင်းကိုယ်ထဲရှိ အအေးဓါတ်သည် အနည်းငယ်လေး ဆိုလျှင်ပင်၊ သူ့အလိုလို ပျံ့ပွားနိုင်သည့်အလား၊ အစောပိုင်းက ဆေးအာနိသင်ကြောင့် အအေးစွမ်းအင် များစွာ ကျုချင်းကိုယ်ထဲမှ ထွက်သွားပါသော်ငြား၊ ဆေးအာနိသင် မရှိတော့သည်နှင့် တစ်ပြိုင်နက် ကျုချင်း၏ကိုယ်ထဲ အအေးစွမ်းအင်တို့ ပြန်လည် ပြည့်နှက်လာရ၏။

ရန်ကိုင်လည်း ဘာမှမတတ်နိုင်တော့သည့်အလား၊ သက်ပြင်းအမောကြီးချရင်း ကျုချင်း၏ မျက်နှာကိုသာ ထိုင်ကြည့်နေတော့သည်။ အချိန်တစ်ခု ကြာသွားပြီးနောက်တွင် သူ့လက်ကို ဟင်းလင်းပြင်ထဲသို့ ဆန့်ထုတ်၍ တစ်ခုခုကို ထုတ်ယူလိုက်သည်။

ထိုအရာမှာ အခြားမဟုတ်၊ အစိမ်းရောင် တလက်လက် တောက်ပနေပြီး မြောက်များလှစွာသော အသက်ဓါတ်စွမ်းအင်တို့ကို ပိုင်ဆိုင်ထားသည့် အင်မော်တယ် သစ်ပင်၏ အဆီအနှစ်သာ ဖြစ်လေသည်။

ယခုတစ်ကြိမ်တွင်တော့ အင်မော်တယ်သစ်ပင်၌ သစ်ရွက် များများစားစား မကျန်တော့သည့်အတွက်၊ ရန်ကိုင်လည်း သစ်ရွက်တစ်ရွက်ကို သွားမခူးရဲခဲ့ပေ။ သူသာ သစ်ပင်များကို ထပ်တလဲလဲ ထိုင်ခူးနေမည်ဆိုပါက အင်မော်တယ်သစ်ပင်တွင် မည်သည့် သစ်ရွက်မှ မကျန်တော့ဘဲ ဖြစ်သွားရလိမ့်ပေလိမ့်မည်။ အင်မော်တယ်သစ်ပင်၏ အဆီအနှစ်ကို ထုတ်ယူလိုက်ခြင်းသည် အင်မော်တယ်သစ်ပင်ကို ထိခိုက်စေနိုင်ပါသော်ငြား လူတစ်ဦး သေရေရှင်ရေး အခြေအနေနှင့် ကြုံနေရချိန်တွင် ရန်ကိုင် အနေဖြင့် ထိုကိစ္စများကို ဂရုစိုက်မနေနိုင်တော့ချေ။

“အခုတော့ နင်ဘယ်လောက် ကံကောင်းမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့မယ်။ ဒီလောက်နဲ့တောင် မရဘူးဆိုရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး” ထိုသို့ ရေရွတ်နေပြီးနောက် ရန်ကိုင်သည် ကျုချင်း၏ နှုတ်ခမ်လေးကို လက်ဖြင့်ဟ၍ သူ့လက်ထဲရှိ အစိမ်းရောင်အလင်းကို သူမပါးစပ်ထဲသို့ ထည်‌ေ့ပးလိုက်သည်။

အစိမ်းရောင်အလင်းသည် သန့်စင်သည့် အစိမ်းရောင် ရေစက်တစ်စက် အသွင်သို့ပြောင်း၍ ကျုချင်း၏ ပါးစပ်ထဲ စီးဝင်သွားခဲ့သည်။

ထို့နောက်တွင် မျက်စိကျိန်းမတတ် အစိမ်းရောင်အလင်းတို့ ဖြာထွက်လာခဲ့ပြီး ကျုချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင်အလင်းတို့မှ လွှမ်းခြုံသွားခဲ့လေသည်။ အားနည်းလွန်းလှသည့် သူမ၏ အသက်ဓါတ်မှာလည်း တဖြည်းဖြည်းနှင့် ပိုပို၍ အားကောင်းလာခဲ့လေသည်။

အအေးဓါတ်တို့ဟာလည်း ကျုချင်း၏ ကိုယ်ထဲမှ ရေကာတာ ကျိုးပေါက်သည့်အလား တရဟော စီးထွက်လာခဲ့ပြီး တရှဲရှဲ မြည်သံများနှင့်အတူ သူမကိုယ်ပေါ်ရှိ အစိမ်းရောင် အလင်းတို့ဟာလည်း အငွေ့ပျံကုန်ကြလေသည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကို ထိုင်ကြည့်ရင်း ကျုချင်း၏ အခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်နောက် ကျုချင်းကိုယ်ထဲမှ စီးထွက်နေသည့် အအေးစွမ်းအင်တို့မှာ တဖြည်းဖြည်း နည်းသည်ထက် နည်းပါးလာခဲံသလို ကျုချင်း ကိုယ်ပေါ်ရှိ အစိမ်းရောင် အလင်းဟာလည်း တဖြည်းဖြည်း ဖျော့တော့လာခဲ့သည်။

ထိုအချိန်အတောအတွင်း ကျုချင်းမှာ အသက်ပြန်လည်လာခဲ့ရာ သူမ၏ အသားအရေမှာ တဖြည်းဖြည်း ပန်းဆီရောင် ပြန်သမ်းလာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါမှသာလျှင် ရန်ကိုင် သက်ပြင်းချလိုက်နိုင်၏။

နောက်ဆုံး အအေးစွမ်းအင်တို့ ထုတ်ပယ်ခံလိုက်ရချိန် ကျုးချင်းအား ဖုံးအုပ်ထားသော အစိမ်းရောင်အလင်းမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။ အင်မော်တယ်သစ်ပင်၏ အဆီအနှစ် ကုန်ဆုံးသွားခဲ့ခြင်းမဟုတ်ချေ။ ထို့အစား ကျုချင်း၏ကိုယ်ထဲတွင် ပုန်းအောင် တည်ရှိနေခြင်း ဖြစ်သည်။

ကျုချင်းမှာမူ တစ်ချိန်ကုန် အိပ်စက်နေတော့မည့်အလား မြေပြင်ထက်တွင်သာ မလှုပ်မယှတ် လဲလျောင်းနေခဲ့သည်။

ရန်ကိုင်ကမူ လက်ပိုက်ရင်းမှ ကျုချင်း၏ ခန္ဓာကိုယ်ကို အစုံအဆန် စစ်ဆေးကြည့်နေ၏။ ကျုချင်း၏ အသားကို ထိတွေ့ခဲ့ရစဉ်က အချိန်ကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့လေသည်။

“နဂါးမ ဆိုတဲ့အတိုင်းပါပဲလား၊ ဒီကိုယ်လုံးကိုယ်ပေါက်ကတော့... ကျွတ်၊ ကျွတ်” ရန်ကိုင်သည် အနုပညာတစ်ခု၏ အလှတရားကို ခံစားနေသည့် ပုံစံမျိုးဖြင့် မှတ်ချက် ပေလးိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ အကြံဆိုးတို့ ထွက်ပေါ်လာလေ၏။ သူ့ဘက်မှ ကြီးကြီးမားမား ဆုံးရှုံးလိုက်ရသည့်အတွက် သူ့အနေဖြင့် နည်းနည်းပါးပါးလေးတော့ ပြန်ယူသင့်သည် မဟုတ်ပေလော။

မည်သို့ပင်ဖြစ်စေ၊ သူ့အနေဖြင့် ဤနဂါးမလေးကို ဘာမှ မလုပ်ဖူးသည်မှ မဟုတ်လေဘဲ။ သူတို့ စတွေ့စဉ်က သူစိမ်းများ ဖြစ်ခဲ့ကြသော်ငြား နောက်တစ်ကြိမ်တွင် မိတ်ဆွေများ ဖြစ်သွားကြသည်။ တတိယတစ်ကြိမ်တွင်တော့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြလေပြီ။ သူမကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ရေခဲနယ်မြေဆီသို့ လာခဲ့လိမ့်မည်မဟုတ်သလို ရေခဲလှိုင်း အရိုက်ခံရပြီး ဤနေရာသို့လည်း ရောက်လာရလိမ့်မည် မဟုတ်ချေ။ ယခုမူ သူမည်သည့် နေရာသို့ ရောက်လို့ရောက်မှန်းကိုပင် မသိတော့ချေ။

သူ့အနေဖြင့် ဤနေရာမှ လုံးဝ ထွက်မသွားနိုင်တော့ဘဲ ဤနေရာတွင်သာ ကျုချင်းနှင့်အတူ နဂါးပေါက်လေးများ မွေးဖွားရင်း တစ်သက်လုံး အရိုးထုတ်သွားရသည်မှာလည်း ဖြစ်နိုင်ပေသေးသည်။

စိတ်လှုပ်ရှားနေသည့် အသံတစ်သံသည် သူ့အား ‘လုပ်လိုက် လုပ်လိုက်’ဟု တိုက်တွန်းနှိုးဆော်နေခဲ့သည်။

ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ အထိတ်ထိတ် အပျာပျာဖြစ်ကာ သူ့စိတ်ဆန္ဒရိုင်းများကို အမြန် ပြန်ထိန်းချုပ်လိုက်ရလေသည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ သူ့လက်မှာ ပျော့အိအိတစ်ခုခုကို ကိုင်ထားမိသလို ခံစားလိုက်ရ၏။

မသင်္ကာသဖြင့် ငုံ့ကြည့်လိုက်ရာ ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ဘယ်အချိန်ကတည်းကမှန်းမသိ သူ့လက်နှစ်ဖက်သည် ကျုချင်း၏ စနေနှစ်ခိုင်ပေါ်သို့ သူ့အလိုလို ရောက်နေခဲ့သည်။ အလွန်ကိုမှ ခံစားလို့ကောင်းသည့် ပျော့အိနူးညံ့လှသည့် အထိအတွေ့ကြောင့် ရန်ကိုင်မှာ ကျုချင်း၏ တောင့်မို့မို့နှစ်လုံးအား တစ်ခါနှစ်ခါလောက် ထပ်ညှစ်ကြည့်မိလိုက်လေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်၏နှာခေါင်း မီးတောက်လာသည့်ပမာ၊ သူ့နှာခေါင်းဆီမှ အခိုးအငွေ့များ ထွက်လာခဲ့သည်။ သူ့သွေးများမှာလည်း မီးမြှိုက်ထားခံရသည့်အလား ဆူပွက်လာခဲ့လေသည်။ တိုးလျသည့် အသံတစ်သံသည် သူ့အား စိတ်ရှိတိုင်းလုပ်ရန် တွန်းအားပေးနေခဲ့သည်။ ရန်ကိုင်၏ အကြည့်သည် ကျုချင်း၏ သွယ်လျသည့် လည်တိုင် ကျော့ကျော့လေးဆီသို့ ရောက်သွားခဲ့ပြီး အလိုလို တံတွေးတစ်လုတ် မျိုချမိလိုက်သည်။ ရန်ကိုင်အဖြစ်မှာ ရေငတ်နေသည့် လူတစ်ဦး သဲကန္တာရထဲ ရက်အတောကြာအောင် ဦးတည်ရာမဲ့ လျှောက်သွားနေပြီးနောက် အိုအေစစ်တစ်ခုကို တွေ့လိုက်ရသည့်ပမာ ဖြစ်နေခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် တစ်ချိန်ကုန် အိပ်စက်တော့မယောင် ထင်ရသည့် ကျုချင်းမှာ ရုတ်တရက် မျက်လုံး ပွင့်လာခဲ့ပြီး ရန်ကိုင်အား မှင်သေသေ အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။

အကြည့်ချင် ဆုံးသွားသည့်အခိုက်၊ ရန်ကိုင်မှာ ခေါင်းမှနေ၍ ရေအေးဖြင့် လောင်းချခြင်း ခံလိုက်ရသည့်အလား၊ သူ့စိတ်ထဲ နှိုးထလာသည့် စိတ်ရိုင်းများ တစ်မုဟုတ်ချည်း ငြိမ်းသေသွားခဲ့လေသည်။ ချက်ချင်းပဲ အသိပြန်ဝင်လာပြီးနောက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည် “ဒါ နားလည်မှုလွဲသွားတာလို့ပြောရင် နင်ယုံမှာလား”

ကျုချင်းသည် တစ်ချက်မျှပင် ပြန်မပြောဘဲ ရန်ကိုင်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင် ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။ တစ်ခဏကြာအောင် မျက်မှောင်ကြုတ်၍ စဉ်းစားနေပြီးနောက် သေမထူးနေမထူး ပုံစံမျိုးဖြင့် ခေါင်းကိုမော့၊ ရင်ကိုကော့၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်လေသည် “ဟုတ်တယ်။ နင့်ဟာတွေကို ငါထိလိုက်လိုက်တယ်။ အဲ့တော့ ဘာဖြစ်လဲ။ ငါထိလိုက်လို့ နင့်အသား ပဲ့ပါသွားတာမှ မဟုတ်တာ။ ပြီးတော့ ငါကလည်း နင့်အသက်ကို ကယ်ထားတဲ့လူ။ ငါသာ စွန့်စွန့်စားစားနဲ့ ရေခဲနယ်မြေဆီမှ မလာခဲ့ရင် နင်သေတာ ကြာနေပြီ။ ငါ့ဘက်က ဒီလောက်တောင် လုပ်ပေးခဲ့တာတွေကို နင့်အနေနဲ့ နည်းနည်းပါးပါး ပြန်ငှဲ့ကြည့်ပေးသင့်တယ်လို့ မထင်ဘူးလား။ ဒါကြောင့် ဒီနေ့ကိစ္စကို ကြေသွားပြီလို့ မှတ်လိုက်၊ နင်ဘယ်လိုထင်လဲ”

ကျုချင်းမှာ ဘာမှ ပြန်မပြောခဲ့ချေ။

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “ဟဲ့၊ ငအကြီး လုပ်မနေဘဲ နည်းနည်းပါးပါးတော့ ပြန်ပြောဦးလေ”

ရန်ကိုင်မှ ကရားရေလွှတ် ပြောချင်ရာ ထိုင်ပြောနေသည်ကို သည်းမခံနိုင်တော့သည့်အလား၊ နောက်ဆုံးတွင် ကျုချင်း အသံထွက်လာခဲ့လေသည်။

သို့သော် ရန်ကိုင် မျှော်လင့်ထားသည့် အသံမျိုးတော့ မဟုတ်ချေ။ ကျုချင်းမှ သူမပါးစပ်ကို ဟလိုက်ချိန်၊ သူမပါးစပ်ထဲမှ နာကျင်လွန်းသဖြင့် ထအော်သည့် ဝမ်းခေါင်းသံကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်လေးမှာ ပုစွန်တစ်ကောင်နှယ် ကွေးတက်သွားခဲ့ပြီး အေးစက်စက် အရှိန်အဝါတို့သည် သူမ ခန္ဓာကိုယ်ဆီမှ စတင် ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင် ထိတ်လန့်သွားခဲ့လေ၏ “မကောင်သေးဘူးလား”

ကျုချင်း၏ ပုံစံကို မြင်လိုက်သော် အင်မော်တယ်သစ်ပင်၏ အဆီအနှစ်နှင့်ပင်လျှင် ကျုချင်းအား မကုသနိုင်တော့ဘူးလားဟု ရန်ကိုင် ထင်မိသွားခဲ့သည်။ သို့သော် သေချာ ကြည့်ကြည့်လိုက်သည့်အခါ၊ သူထင်ထားသလို မဟုတ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ကျုချင်းကိုယ်မှ ဖြာထွက်လာသည့် အအေးဓါတ်သည် ရေခဲနယ်မြေထဲတွင် တွေ့ရလေ့ရှိသည့် အအေးဓါတ်မျိုးနှင့် မတူချေ။

ရန်ကိုင် ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် ကျယ်လောင်သည့် နဂါးဟိန်းသံနှင့်အတူ ကျုချင်း၏ ကိုယ်ထဲမှ နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

“ဟန်” ထိုနဂါးပုံရိပ်ကြီးကိုကြည့်ရင်း ရန်ကိုင် လုံးဝကို မှင်တက်သွားခဲ့လေသည်။

ကျုချင်းသည် နဂါးနီတစ်ကောင် ဖြစ်သည့်အတွက်ကြောင့် သူမ၏ နဂါးပုံရိပ်ကို ထုတ်လွှတ်မည်ဆိုပါက အနီရောင်နဂါးပုံရိပ်သာ ဖြစ်သင့်ပေသည်။ သို့သော်ငြား ရန်ကိုင် ရှေ့တွင် ပေါ်လာသည့် နဂါးပုံရိပ်ယောင်မှာတော့ သလင်းကျောက်ပမာ၊ ဖြူဖွေးနေသည့် နှင်းဖြူရောင်နဂါးပုံရိပ်တစ်ခု ဖြစ်နေခဲ့လေသည်။

ထိုနဂါးပုံရိပ်သည်၊ နဂါးနီးမဟုတ်ဘဲ ရေခဲနဂါးတစ်ကောင်နှင့်ပင် တူနေပေသည်။ ထို့အပြင် ကျုချင်း ကိုယ်ထဲမှ ဖြာထွက်နေသည့် အအေးဓါတ်သည်လည်း ဤရေခဲနဂါးဆီမှ ဖြာထွက်နေသည့် အအေးဓါတ်နှင့် ဆင်တူနေ၏။

ရန်ကိုင်မှာ သူများ အထင်မှားသွားလေသလားဟုပင် ထင်မိသွားသည်။ သူရှေ့တွင် ရှိနေသည်မှာ ကျုချင်း၏ ညီအစ်မများ ဖြစ်နေလေမလား။

ထိုအခိုက်အတန့်မှာပင် နောက်ထပ် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး အနီရောင် နဂါးပုံရိပ်တစ်ခု ကျုချင်းကိုယ်ထဲမှ ထွဥ◌်ပေါ်လာခဲ့လေသည်။

ထိုနဂါးပုံရိပ်ကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့စိတ်ထဲ အတွေးပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။

“အမြူတေ နှစ်ခုလား”

ယခုမှသာလျှင် ကျုချင်း ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ သူမကိုယ်ထဲ အမြူတေနှစ်ခု ရှိနေသည့်အတွက်ကြောင့်မှန်း နားလည်သွားရတော့သည်။ ဒုတိယပေါ်လာသည့် နဂါးနီသည် ကျုချင်း၏ အမြူတေဖြစ်ပြီး ရေခဲနဂါးအမြူတေမှာတော့ သူမကိုယ်ထဲ ကျူးကျော်လာသည့်အရာ ဖြစ်ပေသည်။ ကျုချင်း၏ ခန္ဓာကိုယ်အတွင်းပိုင်း ကယောက်ကယက် ဖြစ်နေရခြင်းမှာလည်း အမြူတေနှစ်ခု အပြန်အလှန် တွန်းကန်နေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။

ရန်ကိုင်သည် ကျုချင်း၏ ခန္ဓာကိုယ်ကို အခြေအနေကို စစ်ဆေးခဲ့ပါသော်ငြား ထိုအချက်ကိုတော့ သတိမထားမိလိုက်ချေ။ သူမ၏ ခန္ဓာကိုယ် ပြန်ကောင်းလာသည့်တိုင် ကျုချင်း နိုးမလာသည်မှာ အထူးအဆန်း မဟုတ်တော့။ ပြဿနာမှာ သူမ၏ ခန္ဓာကိုယ် မဟုတ်ဘဲ အမြူတေနှစ်ခုကြား တိုက်ပွဲ ဖြစ်နေသည်ကိုးပင်။

သို့သော် မေးစရာကား ရှိလာလေပြီ။ ဤရေခဲနဂါးအမြူတေသည် မည်သည့် နေရာမှ ရောက်လာလေသနည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၄၉)

ဘာသာပြန်သူ_တိမ်တိုက်

ပုံမှန်နဂါးတစ်ကောင်တွင် အမြူတေနှစ်ခု ရှိလေ့မရှိချေ။ အထူးသဖြင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် အမြူတေ စွမ်းအင် နှစ်မျိုးပင်။

ရုတ်တရက် ရန်ကိုင် တစ်ခုခုအား စဉ်းစားမိသွားသည်။

ဤရေခဲနဂါး အမြူတေသည် ရေခဲနယ်မြေထဲတွင် သေသွားသည့်နဂါး ကျန်ရစ်ခဲ့သည့် အမြူတေ ဖြစ်ရပေလိမ့်မည်။

ကျုချင်း ရေခဲနယ်မြေဆီသို့ လာခဲ့ရခြင်းမှာ သေသွားသည့်နဂါး၏ အလောင်းကို ပြန်ရှာလိုသည့် အတွက်ကြောင့်မဟုတ်၊ သေသွားသည့် နဂါး၏ အလောင်းမှာ နဂါးသွေးပန်းကြောင့် ပျောက်ကွယ်သွားပြီဟု လီကျောက် ပြောပြီးသားပင်။ ကျုချင်း ရေခဲနယ်မြေဆီသို့ လာရခြင်းမှာ သေသွားသည့်နဂါးဆီမှ ကျန်ရစ်ခဲ့သည့် အမြူတေကို ရှာလိုသည့် အတွက်ကြောင့်ပင်။

ကျုချင်း ထိုအမြူတေကို ရှာတွေ့သွားသည့်ပုံပင်။ သို့သော် ထိုအမြူတေသည် သူမ၏ ကိုယ်ထဲသို့ ရောက်နေခဲ့၏။

အမြူတေများတွင် ကိုယ်ပိုင် အသိဥာဏ်မရှိချေ။ အမြူတေများသည် သားရဲရိုင်းများပမာ မသိစိတ်အရသာ လှုပ်ရှားကြသည်။ ထို့ကြောင့် ကျုချင်းသည် သူ့အတွက် လက်ခံကောင် ကောင်းကောင်း တစ်ခုဖြစ်မှန်း သိလိုက်သော် ကျုချင်းကိုယ်ထဲ ခိုကပ်ရန် ကြိုးစားတော့၏။ သို့သော် ကျုချင်း၏ကိုယ်ထဲ နဂါးနီ အမြူတေရှိနေသည်။ ထို့ကြောင့် အမြူတေနှစ်ခုမှာ နေရာအပိုင်စားရရေးအတွက် တိုက်ခိုက်ကြတော့လေသည်။ ပုံမှန်အားဖြင့် ရန်ကိုင်သည် အမြူတေနှစ်ခုကြားရှိ တိုက်ပွဲကို မမြင်နိုင်ချေ။ ယခုကဲ့သို့ သူ့ရှေ့တည့်တည့်၌ နဂါးပုံစံဖြင့် ထွက်ပေါ်လာမှသာ သတိထားမိသွားခြင်း ဖြစ်သည်။

ရန်ကိုင်မှ နဂါးနှစ်ကောင်ကြောင့် အံ့အားသင့်နေရစဉ်မှာပင် နဂါးပုံရိပ်နှစ်ခုသည် ပေါ်လာပြီးနောက် ကျုချင်း၏ ကိုယ်ထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွား၏။

ကျုချင်းသည်လည်း နာကျင်မှုကြောင့် ထအော်ငြီးလေသည်။ ယခုအချိန်မှာတော့ ကျုချင်းမှာ လုံးဝကို သတိလစ်သွားခဲ့လေပြီ။ အစောပိုင်းက သူမ မျက်လုံး ဖွင့်လာခြင်းသည်ပင်လျှင် မသိလိုက်မသိဘာသာနှင့် ဖွင့်လာမိခြင်းသာ ဖြစ်သည်။

ကျုချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲသွားချင်နေသည့်အလား သူမကိုယ်ထက် ရေခဲအလွှာပါးပါးလေးတစ်ခု ဖြစ်ပေါ်လာပြီး ပြင်းထန်သည့် အအေးဓါတ်တို့ဟာလည်း သူမကိုယ်ထဲမှ စိမ့်ထွက်လာခဲ့လေသည်။

သို့သော်ငြား မကြာမီတွင် ချစ်ချစ်တောက် ပူလောင်သည့် အပူဓါတ်တို့ ဖြာထွက်လာပြီး အအေးဓါတ်တို့ကို တိုက်စားပစ်တော့သည်။ ထိုအပူစွမ်းအင်ကြောင့် ကျုချင်းကိုယ်ထက် ဖြစ်ပေါ်လာသော ရေခဲလွှာလေးလည်း ပျက်စီးသွားခဲ့ရလေသည်။ ကျုချင်းမှာ မီးဖိုထက်တင်၍ မီးမြှိုက်ခံနေရသည့်အလား သူမ၏ အသားအရေမှာ နီရဲလာခဲ့သည်။ သူမ လဲလျောင်းနေသည့် မြေပြင်သည်ပင်လျှင် မီးကျွမ်းနေခဲ့လေသည်။

လက်ရှိအခြေအနေကိုကြည့်ရင်း ရန်ကိုင်မှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားလေ၏။

သာမန်ဒဏ်ရာတစ်ခုသာ ဆိုလျှင်တော့ ထိုဒဏ်ရာ မည်မျှပြင်းပြင်း သူ့အနေဖြင့် ကုသပေးနိုင်ပေသေးသည်။ သို့သော်ငြား အင်မော်တယ်သစ်ပင်၏ အဆီအနှစ်ကြောင့် ကျုချင်းတွင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမှ မကျန်ရစ်တော့ချေ။ သူမတွင် အမြူတေနှစ်ခု အားပြိုင်နေသည့် ပြဿနာသာ ရှိတော့သည်။

ထိုအမြူတေနှစ်ခု၏ စစ်မြေပြင်ဖြစ်သည့် ကျုချင်း၏ ခန္ဓာကိုယ်မှာတော့ ပြန်ကောင်းသွားလင့်ကစား ကျိန်းသေ ပြန်လည် ထိခိုက်လာပေလိမ့်မည်။

အမြူတေ နှစ်ခု ပြိုင်ဆိုင်ခြင်း... တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့သည်။ ချက်ချင်းပဲ ကျုချင်းနားသို့ ကပ်သွား၍ သူမအား ထူကာ သူ့ကိုယ်ပေါ်သို့ မှီစေလိုက်ပြီးသည့်နောက်၊ သူ့ကိုယ်ထဲတွင် ရှိနေသော ရွှေနဂါးအမြူတေစွမ်းအားကို စတင် လှည့်ပတ်လိုက်လေသည်။

ရွှေနဂါးပုံရိပ်သည် တစ်ချက်မျှ ပေါ်လာပြီးသည့်နောက်တွင် ရန်ကိုင်၏ ကိုယ်ထဲသို့ ပြန်လည် တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ပူတစ်လှည့် အေးတစ်လှည့် ဖြစ်နေသော ကျုချင်း၏ ခန္ဓာကိုယ်သည် ရွှေနဂါးအမြူတေစွမ်းအား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပူတစ်လှည့် အေးတစ်လှည့် ဖြစ်နေသည့်နှုန်းမှာ ရုတ်ချည်း နှေးကျသွားခဲ့လေသည်။

(အလုပ်ဖြစ်တာပဲ) ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားလေသည်။ သူသည် ရွှေနဂါးအမြူတေစွမ်းအား အလုပ်ဖြစ်မဖြစ်ကို စမ်းကြည့်ခြင်းသာ ဖြစ်ပါသော်ငြား တကယ်ကြီး အလုပ် ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယခုအချိန်တွင် အရေးအကြီးဆုံးသည် ကျုချင်းအား နှိုးနိုင်ရန် ဖြစ်လေသည်။ ကျုချင်း နိုးလာမှသာ သူမကိုယ်ထဲရှိ အမြူတေစွမ်းအားကို ထုတ်သုံး၍ ရေခဲနဂါးအမြူတေကို အပြည့်အဝ ဖိနှိပ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် အံကိုတင်းတင်းကြိတ်၍ စိတ်စွမ်းအင်ကို လှည့်ပတ်ကာ ကျုချင်းအား နှိုးတော့မည်အပြု၊ ကျုချင်းသည် ရုတ်တရက် ရန်ကိုင်ဘက်သို့လှည့်ကာ ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။ ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူမ ခံစားနေရသည့် နာကျင်မှုကို ပြေလျော့သွားအောင် လုပ်ပေးနိုင်သည့် အတွက်ကြောင့် ကျုချင်းလည်း မသိစိတ်အရ ယခုကဲ့သို့ လုပ်မိလိုက်ခြင်း ဖြစ်လေသည်။

ကျုချင်း၏ ခန္ဓာကိုယ်မှ သေးသာသေးလိမ့်မည် ဖြစ်ပါသော်ငြား သူမသည် နဂါးမ တစ်ကောင် ဖြစ်သည်။ သူမ၏ ရုပ်ခွန်အားသည် ရန်ကိုင်အောက်နိမ့်ကျခြင်း မရှိချေ။ ပထမဆုံးအကြိမ် စတွေ့စဉ်ကတည်းက ကျုချင်း၏ ရုပ်ခွန်အား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ရန်ကိုင် သိခဲ့ရပေသည်။

ယခု ကျုချင်းမှ သူ့အား မပြောမဆိုနှင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာသည့်အခါ ရန်ကိုင်မှာ သူ့အရိုးများ ပြုတ်ထွက်လုမတတ် ခံစားလိုက်ရလေသည်။ ကျုချင်း၏ တင်းတင်းကြပ်ကြပ် ပွေ့ဖက်မှုကြောင့် သူ့ခန္ဓာကိုယ် နာကျင်သွားရပါသော်ငြား သူ့ရင်ဘတ် နေရာမှာတော့ ဂျယ်လီတုံးတစ်ခုကို ထိနေရသည့်အလား နူးညံ့အိစက်သည့် အထိအတွေ့ကို ခံစားနေခဲ့ရသည်။

ထိုပျော့အိအိ ခံစားချက်သည် ရန်ကိုင် ရင်တစ်ခုလုံးကို ဗလောင်ဆူသွားစေခဲ့လေသည်။

အခြေအနေမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေးချေ။ ကျုချင်းမှာ ရန်ကိုင်၏ ကိုယ်နံ့ကို အဆက်မပြတ် ရှူရှိုက်ရင်း ထူးဆန်းသည့် အသံများကို ပြုလျက် သူမ၏ ခန္ဓာကိုယ်နှင့် ရန်ကိုင်၏ ခန္ဓာကိုယ်အား စတင် ပွတ်သပ်တော့လေသည်။

မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ရန်ကိုင်တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သူ့ရင်ဘတ် စူးခနဲ ဖြစ်သွားသည့်အခါမှသာ မှင်တက်နေရာမှ အသိပြန်ဝင်လာခဲ့ပြီး ဒေါသထွက်ထွက်နှင့် ကျုချင်း၏ ခေါင်းကို သူ့ရင်ဘတ်မှ ဆွဲခွါလိုက်ပြီးနောက်တွင် အော်ပြောလိုက်လေ၏ “နင်ကဘာလဲ၊ ခွေးလား၊ ဘာလို့ ငါ့ကိုလာကိုက်နေတာလဲ”

ကျုချင်း၏ မျက်လုံးများမှာ ဦးတည်ရာမဲ့နေပြီး ထူးဆန်းသည့် အရောင်ဖြင့် တလက်လက် တောက်ပနေ၏။ သူမ၏ အသက်ရှူနှုန်းမှာလည်း အနည်းငယ် မြန်ဆန်နေခဲ့သည်။ သူမ၏ ဝင်လေ၊ ထွက်လေမှာ ပူနွေးနွေး ဖြစ်နေကြောင်းကို ရန်ကိုင် အတိုင်းသား ခံဏားမိနေသည်။ လက်ရှိ ကျုချင်း၏ လုပ်ပုံသည် ရန်ကိုင်အတွက် တကယ်ကို ရမ္မက်သွေးကြွဖွယ်ရာ ဖြစ်နေခဲ့သည်။

ကျုချင်းကိုကြည့်ရင်း ရန်ကိုင် ရင်တစ်ခုလုံး ဗလောင်ဆူသွားရလေသည်။

ကျုချင်းသည် သူမပါးစပ်ကိုဟ၍ ရန်ကိုင်၏ လက်မကို ကိုက်ချလိုက်သည်။ ရန်ကိုင်၏ လက်မ ပေါက်သွားပြီး ရွှေရောင်သွေးများ စီးကျလာရလေ၏။

ရန်ကိုင်၏ သွေးသည် သူမအတွက် အလွန်ကိုမှ အရသာရှိလှသည့်အလား ကျုချင်းသည် မြိန်ရေရှက်ရေဖြင့် ရန်ကိုင်၏ လက်မဆီမှ စီးထွက်နေသည့် သွေးများကို ထိုင်လျက်နေရာ ရန်ကိုင်မှာ တစ်ကိုယ်လုံး တဆတ်ဆတ်ကို တုန်ရီနေရလေ၏။

ရန်ကိုင်မှာ သူ့လက်ဆွဲကို ပြန်ဆွဲယူရန် စဉ်းစားလိုက်သော်ငြား ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်ငြား မကြာခင်မှာပင် ရန်ကိုင်သည် ထူးဆန်းသည့် အချက်တစ်ချက်ကို ရှာတွေ့သွားခဲ့လေသည်။ ရန်ကိုင်၏ သွေးကို သောက်ပြီးနောက်တွင် ကျုချင်း၏ အခြေအနေမှာ အတော်လေး ကောင်းမွန်လာခဲ့သည်။ ပူတစ်လှည့် အေးတစ်လှည့် ဖြစ်နေသည့် နှုန်းမှာလည်း ပိုပို၍ နှေးကွေးလာခဲ့ရပြီး သူမဆီမှ ဖြာထွက်နေသည့် အအေးဓါတ်ဟာလည်း အပူစွမ်းအင်၏ ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။

ရန်ကိုင်၏ သွေးသည် လက်ရှိ ကျုချင်းအတွက် အမှန်တကယ်ကို အကူအညီ ဖြစ်စေခဲ့သည်။

သေချာစဉ်းစားကြည့်လိုက်သည့်နောက် ဘာကြောင့် ထိုသို့ ဖြစ်ရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။

ရန်ကိုင်သည် လူသားတစ်ဦးအဖြစ် မွေးဖွားလာခဲ့သော်ငြား ကျုချင်းပေးသွားသည့် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ကျင့်ကြံပြီးနောက်တွင် ရွှေနဂါးအမြူတေသည် ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် စတင် ပေါင်းစပ်လာတော့လေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် ရန်ကိုင်သည် တဖြည်းဖြည်းနှင့် နဂါးတစ်ကောင်အသွင်သို့ ပြောင်းလာပြီဟု ပြော၍ရသည်။ သူ့ကိုယ်ထဲတွင် စီးဆင်းနေသည်မှာ လူတစ်ဦး၏ သွေးများသာ မဟုတ်တော့ဘဲ အလွန်ကိုမှ အဆင့်မြင့်သည် နဂါးတစ်ကောင်၏ သွေးများလည်း ပါဝင်နေသည်။

မြင့်မားသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နဂါးများသည် နိမ့်ကျသည့် သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသော နဂါးများကို ဖိနှိပ်နိုင်ကြသည်။

ရွှေနဂါးအမြူတေ၏ အရှိန်အဝါသည်ပင်လျှင် ကျုချင်း ရင်ဆိုင်နေရသည့် အန္တရာယ်ကို လျော့ကျသွားအောင် လုပ်နိုင်ခဲ့လျှင် ရန်ကိုင်၏ နဂါးတစ်ပိုင်းသွေးသည် ထို့ထက်ပင် ပို၍ အစွမ်းထက်ပေသေးသည်။ ထို့ကြောင့် ကျုချင်း သူ့လက်ကိုကိုက်ပြီး သူ့သွေးအား ထိုင်စုပ်နေသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။

ရန်ကိုင်ကမူ ကျုချင်းလက်မှ ရုန်းထွက်ချင်လျှင် ရုန်းထွက်လို့ ရပေသည်။ သို့သော် ထိုသို့ မလုပ်ခဲ့ဘဲ ကျုချင်း သူ့သွေးအား ထိုင်စုပ်နေသည်ကိုသာ ငြိမ်ကြည့်နေခဲ့သည်။

ကျုချင်းမှာ အသိစိတ်ပြန်မဝင်လာသေးခဲ့။ လက်ရှိ သူမ၏ မျက်လုံးများသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းနေခဲ့သလို ရန်ကိုင်လက်မှ သွေးများကို စုပ်နေရာတွင်လည်း ရန်ကိုင်၏ လက်ဝါးပေါ် လျှာဖြင့် စက်ဝိုင်းပုံ ပတ်ဆွဲနေသေး၏။

ရန်ကိုင်မှာတော့ ကျုချင်း၏ လုပ်ရပ်ကြောင့် စိတ်ရိုင်းပေါင်း သောင်းခြောက်ထောင်တို့ သူ့စိတ်ထဲ ဆူဝေလာနေခဲ့ရသည်။ သို့တိုင် သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ တည်ငြိမ်အောင် ထားထားခဲ့လေသည်။ နောက်ဆုံးတွင် ကျုချင်း၏ မျက်လုံးများကို ကြည့်မနေတော့သလို ကျုချင်း သူ့လက်အား လျှာဖြင့် လျက်နေသည့် ခံစားချက်ကိုလည်း မခံစားမိအောင် သူ့စိတ်ကိုသာ သေချာ ထိန်းချုပ်ထားလိုက်လေတော့၏။

အချိန်ဘယ်လောက်ကြာလို့ ကြာသွားမှန်း မသိသည့် အခါမှသာလျှင် ကျုချင်းသည် ရန်ကိုင်၏ လက်ကို လွှတ်ပေးလိုက်လေသည်။

ရန်ကိုင် မျက်လုံး ပြန်ပွင့်လာလာချင်း မြင်လိုက်ရသည်မှာ သူ့အား မျက်နှာနီလေးဖြင့် စိုက်ကြည့်နေသည့် ကျုချင်း ဖြစ်လေသည်။ ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “နင်အခု သက်သာသွားပြီလား”

လက်ရှိ အချိန်တွင် ကျုချင်း၏ အကြည့်သည် ယခင်နှင့် မတူတော့သည့်အတွက်ကြောင့် ကျုချင်း အသိစိတ်ပြန်ဝင်လာပြီဟု ရန်ကိုင် ထင်သွားခဲ့သည်။

ကျုချင်းကမူ ရန်ကိုင်၏ အမေးကို ပြန်မဖြေခဲ့ဘဲ သူမပါးစပ်ကိုဟ၍ ရန်ကိုင်ဆီသို့ သွေးရောင်မြှားတစ်စင်း ပစ်လွှတ်လိုက်၏။ ထိုသွေးသည် ကျုချင်း၏သွေးသာ ဖြစ်လေသည်။ ထိုသွေးမြှားမှာ လေထဲတွင်ပင် ထူးဆန်းသည့် အဆောင်ပုံစံ စည်းတံဆိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်၏ နဖူးကို လာရောက်ထိမှန်လေ၏။

ရန်ကိုင်မှာ မှင်တက်နေသည့် အမူအရာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

ကျုချင်း အသုံးပြုသွားသည့် ချိပ်စည်းသည် အလွန်ကိုမှ အားကောင်းသော ချုပ်နှောင်စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။ ထိုချိပ်စည်း၏ ထိမှန်းခြင်း ခံရပြီးသည့် နောက်တွင် ရန်ကိုင်မှာ လက်ချောင်း တစ်ချောင်းကိုပင် မလှုပ်နိုင်တော့သည်အထိ ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်လည်း ရွှေနဂါးအမြူတေစွမ်းအားကို အသုံးပြုကြည့်ရန် ကြိုးစားတော့သည်။

ကျုချင်း အသုံးပြုသွားသည့် ပညာရပ်သည် အားကောင်းချင် အားကောင်းလိမ့်မည် ဖြစ်ပါသော်ငြား ရွှေနဂါးအမြူတေစွမ်းအားကိုသာ ထုတ်သုံးလိုက်မည်ဆိုလျှင် ထိုစွမ်းရည်၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်နိုင်မည်ဟု ရန်ကိုင် ယုံကြည်နေ၏။ သူ့အနေဖြင့် အလစ်အငိုက် မိသွားသည့်အတွက်ကြောင့်သာ ကျုချင်း ပညာရပ်၏ ထိမှန်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

သို့သော်ငြား ရွှေနဂါးအမြူတေစွမ်းအားကို မလှည့်ပတ်နိုင်သေးခင်မှာပင် ရန်ကိုင် ကြောင်သွားခဲ့ရပြန်လေသည်။ အကြောင်းမှာ သင်းပျံ့လှသည့် မွှေးရနံ့တို့နှင့်အတူ ကျုချင်းသည် သူ့ပေါင်ပေါ် ခွထိုင်လိုက်သည့် အတွက်ကြောင့်ပင်။ သူမ၏ လက်နှစ်ဖက်မှာတော့ သူ့ရင်ဘတ်ပေါ်သို့ ရောက်နေပြီး သူ့အား အထက်စီးမှ ငုံ့ကြည့်နေခဲ့လေသည်။ ရေတံခွန်အလား ဖြာကျနေသည့် သူမ၏ အနီရောင် ဆံပင်များသည် ကျုချင်း၏ အလှကို တမူထူးလို့ စွဲမက်ဖွယ်ကောင်းနေစေခဲ့သည်။

သူမ၏ အသက်ရှူနှုန်းမှာ ပုံမှန်ထက်ကို မြန်ဆန်နေခဲ့ပြီး သူမ၏ စနေနှစ်ခိုင်မှာလည်း လှိုင်းထန်နေသည့်ပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

ရန်ကိုင်အား စိတ်ဂနာမငြိမ်အောင် လုပ်နေသည့် သင်းရနံ့တို့မှာ ကျုချင်း၏ မွှေးညင်းပေါက် အားလုံးဆီမှ စိမ့်ထွက်နေသည့်အလား ပိုပို၍ အားကောင်းလာနေခဲ့၏။

ကျုချင်း၏ မျက်တောင်လေးများမှာတော့ တဆတ်ဆတ် လှုပ်ခါနေခဲ့သည်... ကျုချင်း စိတ်လှုပ်ရှားနေသလို စိတ်ပူနေမိသည်မှာ အသိသာကြီးပင်။ သို့သော် သူမ၏ မျက်လုံးများမှာတော့ အနည်ထနေသည့် ကန်ရေပြင်ပမာ... သူမ၏ မျက်လုံးထဲ ရုန်းကန်နေသည့် အရိပ်အယောင်တို့ကို ရန်ကိုင် မြင်တွေ့နေခဲ့ရသည်။

ထိုမျက်လုံးအကြည့်ကို ရန်ကိုင် သိပေသည်... ထိုမျက်လုံးများသည် ဆာလောင်နေသည့် သားရဲတစ်ကောင်၏ မျက်လုံးများ ဖြစ်ကြသည်။ ယခင်က ရှန်ချင်းလော့သည် ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ရန်ကိုင်အား မကြာခဏ ကြည့်ခဲ့ဖူးသည်။

သူ့ကိုယ်ထဲရှိ သွေးများမှာလည်း မီးမြှိုက်ခံလိုက်ရသည့်မပါ စတင်၍ လောင်မြိုက်လာနေ၏။ သူ့ရင်ထဲ ကိန်းအောင်းနေသည့် စိတ်ရိုင်းတို့မှာ ဖွင့်ထုတ်ဖို့ရာ နေရာတစ်ခုအား ရှာတွေ့သွားသည့်အလား ရန်ကိုင်မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို တစတစနှင့် ဆုံးရှုံးလာနေရသည်။

ရုတ်တရက် ရန်ကိုင် ရင်ဘတ်နေရာဆီ အဝတ်များ ပြဲထွက်သွားခဲ့သည်။ ရန်ကိုင်မှာ တစ်ခုခု ပြောရန် လုပ်လိုက်ပါသော်ငြား သူ့ပါးစပ်မှ မည်သည့် စကားလုံးမှ ထွက်မလာခဲ့ပေ။

မကြာမီ အဝတ်စ အပြဲများ လေထဲ ပလူပျံ လွင့်လာခဲ့ပြီး အသားချင်း ထိကပ်သွားခဲ့ကြ၏။ ကျုချင်းသည် ထူးဆန်းသည့် အသံများကိုပြုရင်း ရန်ကိုင်၏ ခန္ဓာကိုယ်အား ပွတ်သပ်နေခဲ့၏။

ကျုချင်းမှာ သူမဘာလိုချင်လို့ လိုချင်မှန်းသိသည်။ သို့သော် ဤသည်မှာ သူမ၏ ပထမဦးဆုံး အတွေ့အကြုံ ဖြစ်သည့်အတွက်ကြောင့် နေရာမှန်ကို ရောက်ဖို့ရာ အတော်လေး အချိန်ယူလိုက်ရ၏။

သူမ၏ ခန္ဓာကိုယ်လေး ကွေးတက်သွားခဲ့ပြီး အောက်နှုတ်ခမ်းလေးကို သွားဖြင့် ကိုက်ရင်း မျက်မှောင်လေးကြုတ်နေလေ၏။

ရန်ကိုင်ကမူ လက်နှစ်ဖက်ကို ဖြန့်ကား၍ မြက်ပင်များကို ဆုပ်ကိုင်ထားရင်းမှ တိုးတိုးလေး ပြောလိုက်၏ “ဒါငါ့ပထမဆုံးအကြိမ်နော်၊ ညင်ညင်သာသာလေးလုပ်...”

ကျုချင်းမှာ ရုတ်တရက် မြင်းဒုန်ဆိုင်း စီးတော့သည်။ သူမ၏ နှင်းဖြူရောင်အသားအရေမှာ မီးမြိုက်ခံထားရသည့်အလား နီရြတောက်နေ၏။ နောက်ဆုံးတွင် အသက်ရှူကြပ်နေသည့် အလား ခေါင်းကိုမော့၊ ရင်ကို ကော့ချလိုက်ရာ သူမ၏ ဆံကေသာတများသည် ရေတံခွန်အလား နောက်သို့ လျောဆင်းသွားကြလေသည်။ ကျုချင်းမှာ ခဏမျှ မည်သည့် အသံမှမထွက်၊ နောက်မှသာလျှင် စူးစူးဝါးဝါး ထအော်လေသည်။

ရန်ကိုင်ကိုယ်တိုင်မှာလည်း သူ့ကိုယ်သူ ချော်ရည်တွင်းထဲသို့ ကျသွားသည့်အလား ခံစားနေခဲ့ရသည်။ စိတ်ဖြင့်ပင် မကူးနိုင်လောက်သည့် အပူစွမ်းအင်တို့သည် သူ့အား အရည်ဖျော်ပစ်ရန် ကြိုးစားနေသည့်အလား ဘက်ပေါင်းစုံမှ သူ့အား ဝန်းရံလာကြ၏။

ဤကဲ့သို့သော ခံစားချက်မျိုးကို သူ့တစ်ဘဝလုံးတွင် တစ်ခါမျ မခံစားခဲ့ရဖူးပေ။ ထို့ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ရင်ဖိုစိတ်လှုပ်ရှားနေခဲ့သည်။

လောကဓါတ်လုံးထဲဝယ်၊ ကောင်းကင်ကို ခြုံလွှာပမာ၊ မြေပြင်ကို ကုတင်ပမာ၊ မှတ်ယူရင်း ရန်ကိုင်နှင့် ကျုချင်းသည် လက်ချင်းချိတ်ကာ တစ်ဦးကိုတစ်ဦး အဖော်ပြုရင်း ချစ်ရမ္မက်ပွဲကို ရေကုန်ရေခမ်း ဆင်နွှဲနေကြလေသည်။ ရမ္မက်ဆန္ဒတို့ ဝေဖြာနေချိန်ဝယ်၊ ကာမရမ္မက်မီးထက် ပို၍ ပြင်းပြင်းတောက်လောင်နိုင်သည့်အရာ ဘာများရှိပါဦးမည်နည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၉၅၀)

ဘာသာပြန်သူ_တိမ်တိုက်

တသုန်သုန် တိုက်ခတ်နေသည့် လေပြင်းများကြားဝယ်၊ ရင်ဖိုဖွယ်ရာ ညည်းသံတို့နှင့် ယမန်နေ့ည အဖြစ်အပျက်အားလုံးသည် တစစ လွင့်ပျယ်သွားသည့် အိမ်မက်တစ်ခုပမာ။

တုန်ရီနေသော မျက်တောင်လေးများနှင့်တူ ကျုချင်း မျက်လုံးဖွင့်လာခဲ့ရာ ရွှင်မြူးရိပ်တို့ဖြင့် ပြည့်နေသည့် အကြည့်တစ်စုံမှ သူမအား ဆီးကြိုနေကြောင်း တွေ့လိုက်ရသည်။

သူမ၏ အိပ်မက်ထဲတွင် ပေါ်လာသည့် ယောကျာ်းသည် လက်မောင်းပေါ် ခေါင်းတင်ရင်း သူမအား ပြုံးကာကြည့်လျက် မြက်ခင်းပြင်ပေါ် လဲလျောင်းနေခဲ့သည်။ သူမ ကိုယ်တိုင်မှာမူ၊ ထိုလူ၏ ကိုယ်ပေါ် လဲနေလေ၏။ သူမ သူ့ကိုယ်ပေါ်တွင် အချိန်မည်မျှကြာအောင် အိပ်စက်နေခဲ့သလဲ ဆိုသည်ကိုတော့ လောကကြီးသာ သိပေလိမ့်မည်။

နှစ်ဦးစလုံး၏ ကိုယ်ထက်ပေါ်တွင်မူကား၊ အဝတ်အစား စိုးစဉ်းမျှပင်မရှိ။ နှစ်ဦးစလုံးသည် အဝတ်ဗလာဖြင့် ခန္ဓာကိုယ်ချင်း ပူးကပ်ကာ ရှိနေကြသည်။

ကျုချင်း အလန့်တကြား ထအော်ပြီး ကပျာကယာ ကုန်းရုန်းထလေသည်။

သို့သော်ငြား ထပြီးပြီးချင်းမှာပင် ချက်ချင်း ပြန်လဲကျသွား၏။ နာကျင်မှုကြောင့် သူမ၏ နဖူးထက် ချွေးသီးများ ဝေ့သီလာပြီး ခြေထောက်နှစ်ချောင်းကိုလည်း အလိုလို ပူးကပ်မိလိုက်သည်။

“မလှုပ်နဲ့” ရန်ကိုင်သည် ကျုချင်း၏ ကျောပေါ်သို့ သူ့လက်ကို ရွေ့လိုက်ပြီး သူမ၏ ကျောပြင်နှင့်ခါးကို စိတ်ရှိတိုင်း ပွတ်သပ်နေလေသည်။

ကျုချင်း၏ ပါးပြင်လေးမှာ နေဝင်ချိန်သို့ ရောက်လာသည့်အလား ရဲတက်လာခဲ့သည်။ ရန်ကိုင်၏ ပွတ်သပ်မှုသည် သူမတစ်ကိုယ်လုံးကို အားမရှိတော့လောက်အောင် ပျော့ခွေကျသွားစေခဲ့လေသည်။

“နင်ငါ့ကို ဘာလုပ်လိုက်တာလဲ” ကျုချင်းသည် အံကိုတင်းတင်းကြိတ်ထားရင်းမှ မျက်ရည်ရွဲလဲဖြင့် မေးလိုက်လေသည်။

“ဟေး...” ရန်ကိုင်၏ လက် ရပ်တန့်သွားခဲ့သည်။ သို့သော် လုပ်ရင်းဖြင့်ပဲလား၊ မတော်တဆပဲ လုပ်တာလားတော့ မသိရာ၊ ရန်ကိုင်၏ လက်သည် ကျုချင်း၏ တင်ပဆုံနားတွင် ရပ်တန့်သွားခဲ့လေသည် “အဲ့ဒါ ငါ့ကိုမေးရမှာမဟုတ်ဘူး။ နင့်ကိုယ်နင် ပြန်မေးရမှာ”

“ငါ...” ကျုချင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူမ အိမ်မက်ထဲတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း ပြန်လည် မှတ်မိလာသည့်နောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာတော့လေသည်။

ကျုချင်း ရေခဲနယ်မြေသို့ ရောက်လာပြီးနောက် သေဆုံးသွားသော နဂါး၏ အမြူတေကို ရှာတွေ့သွားခဲ့သည်။ သို့သော် ထိုနဂါးအမြူတေကို သိမ်းယူနေစဉ် မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့သည်။ အကြောင်းအရင်း အချို့ကြောင့် ထိုနဂါးအမြူတေသည် သူမကို ငြင်းဆန်၍ ရေခဲနယ်မြေ အတွင်းပိုင်းထဲသို့ ထွက်ပြေးသွားခဲ့လေသည်။ ကျုချင်းလည်း ထိုရေခဲနဂါးအမြူတေကို အလွတ်မပေးဘဲ လိုက်ဖမ်းခဲ့ရာ၊ နောက်ဆုံး ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ရေခဲနဂါးအမြူတေကို လိုက်မှီသွားခဲ့သည်။ သို့ရာတွင် သူမမှ ထိုရေခဲနဂါးအမြူတေကို သိမ်းဆည်းတော့မည်အပြု၊ ရေခဲနဂါးအမြူတေသည် သူမကိုယ်ထဲသို့ ပြေးဝင်လာပြီး သူမကိုယ်ထဲရှိ အမြူတေနှင့် လာပြဿနာဖြစ်တော့၏။

ထို့အတွက်ကြောင့် ကျုချင်းလည်း နေရာတစ်ခုရှာကာ ထိုပြဿနာကို ဖြေရှင်းရန် ကြိုးစားရတော့သည်။ အခြား မည်သည့် ပြဿနာမှ မဖြစ်ခဲ့လျှင် ကျုချင်း အနေဖြင့် အဆင်ပြေလောက်ပါသော်ငြား၊ ရုတ်တရက်ဆိုသလို ကပ်ဘေးတစ်ခုသည် သူမ၏ အစီအစဉ်အားလုံးကို ပျက်စီးသွားစေခဲ့လေသည်။ အလွန်ပြင်းထန်သည့် အားတစ်ရပ်သည် သူမဆီသို့ တိုးဝင်လာခဲ့၏။ ကျုချင်းမှာ ထွက်မပြေးနိုင်သေးခင်မှာပင် အမှောင်ထုထဲသို့ ရောက်သွားခဲ့ရလေသည်။

ထို့နောက်တွင် လက်ကျန် အဖြစ်အပျက်အားလုံးသည် သူမ၏ အိမ်မက်ထဲတွင် ဖြစ်ခဲ့သည့်အတိုင်း ဆက်ဖြစ်သွားလေ၏။

“နင့်သွေး” ကျုချင်း အဖြေသိသွားလေပြီ။

“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်သည်။

ကျုချင်းက အံကိုတင်းတင်းကြိတ်၍ မျက်ရည်ပေါက်ပေါက်ကျလျက်မှ ပြောလိုက်သည် “နင့်သွေးထဲမှာ ဘာလို့ မဟုတ်တရုတ် အတွေးတွေ ဒီလောက် များနေရတာလဲ။ အဲ့နေ့တုန်းက အဲ့လိုတွေ ဖြစ်သွားတာ ဘာကြောင့်လို့ နင်ထင်နေတာလဲ”

သူမသည်သာ ရန်ကိုင်၏ သွေးကို မသောက်ခဲ့လျှင် သွေးထဲရှိ အတွေးများ၏ လွှမ်းမိုးခြင်း ခံရလိမ့်မည် မဟုတ်ဘဲ ထိုရှက်ဖွယ်အတိကောင်းသည့် အရာများကိုလည်း လုပ်ခဲ့မိလိမ့်မည် မဟုတ်ချေ။

“အခု အဲ့ဒါက ငါ့အပြစ်သွားတာလား” ရန်ကိုင် ဆွံ့အသွားလေသည် “ဒါပေမယ့် ငါနင့်ကို သောက်ဖို့ မပြောခဲ့ဖူးလေ။ နင့်ဘာသာ ငါ့လက်ကို လာကိုက်ပြီး သောက်တာလေ။ ငါက...”

“ငါနင့်ကိုသတ်မယ်” ရန်ကိုင်မှာ ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ကျုချင်းမှာ ရန်ကိုင်အား တိုက်ခိုက်ရန် လုပ်တော့သည်။ သို့သော်ငြား နည်းနည်း လှုပ်မိလိုက်သည်နှင့် သူမ၏ အောက်ခြေနေရာမှာ နာကျင်လာသည့်အတွက်ကြောင့် ကျုချင်းမှာ ချက်ချင်း ပျော့ခွေကျသွားခဲ့ရလေ၏။

ကြည့်ရသလောက် မနေ့ညက ကျုချင်းနှင့် ရန်ကိုင်တို့ မီးကုန်ယမ်းကုန် ကြမ်းခဲ့သည့်ပုံပင်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “နင်က စားချင်တာကို စားပြီးသွားတော့ ပိုက်ဆံ မပေးချင်ရုံတင်မဟုတ်ဘူး။ ငါ့ကိုပါ သတ်ချင်နေပြီပေါ့ ဟုတ်လား။ နင့်လို မိန်းမ တစ်ယောက်ကို မြင်ဖူးတာ ငါ့ဘဝမှာ ပထမဆုံးပဲ”

ထိုသို့ ပြောပြီးနောက် ရန်ကိုင်သည် သူ့ကိုယ်ထက် လဲနေသော ကျုချင်းကို အားအနည်းငယ်သုံး၍ တွန်းဖယ်လျက် သူမအား လဲကျမသွားအောင် ထိန်းထားပေလိုက်သည်။

ကျုချင်းမှာ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်ရင်း ကတုန်ကရင် လေသံဖြင့် “နင်...နင်... နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ရန်ကိုင်သည် ကျုချင်း၏ ဝမ်းဗိုက်ပေါ် လက်တစ်ဖက်တင်ရင်း ဧကရာဇ်ချီကို လှည့်ပတ်၍ သူမ ခံစားနေရသည့် နာကျင်မှုကို သက်သာအောင် ကူညီပေးလိုက်လေသည်။

“အခုတစ်ခေါက်က ငါတို့နှစ်ယောက်စလုံးအတွက် ပထမဆုံးအကြိမ်ဆိုတော့ နည်းနည်းပါးပါး လွန်မိသွားတာ ဘာမှပြဿနာ မဟုတ်ဘူး။ ငါတို့ အချင်းချင်း ရင်းနှီးကျွမ်းဝင်လာပြီဆိုရင် အကုန် အဆင်ပြေသွားလိမ့်မယ်။ ဒီကိစ္စကို နင်ဘယ်လို ထင်လဲတော့ငါမသိပေမယ့်၊ ဖြစ်ပြီးသွားတာတွေကို ဘာမှလုပ်လို့ မရတော့ဘူး။ ငါ့ကိုကြည့်လိုက်၊ ငါက လူသားတစ်ယောက်ဆိုပေမယ့် ဒီလောက် ဆိုးတာမှမဟုတ်ဘူး။ နင်တော့ မသိပေမယ့် ငါ့ကိုငါ ကြည့်နေတာ၊ နှစ်တွေ ကြာလာတာနဲ့ ငါက ပိုပိုပြီး ချောလာတယ်။ နင်ကတော့... နည်းနည်း စိတ်ဆတ်တယ်ဆိုပေမယ့် မဆိုးပါဘူး။ ဒီတော့ ငါတို့နှစ်ယောက် နည်းနည်းပါးပါး တည့်အောင်ပေါင်းလို့ အဆင်မပြေဘူးလား။ ဘယ်အရာမှာမဆို အစရှိရင် အဆုံးဆိုတာ ရှိကြရတာပဲလေ”

ရန်ကိုင်၏ အလေးအနက် အမူအရာသည် ကျုချင်းအား ယာယီမျှ ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့လေသည်။

ရန်ကိုင်နှင့် စတွေ့သည့်အချိန်မှစ၍၊ ယခုမသာလျှင် ကျုချင်းအနေဖြင့် ရန်ကိုင်၏ ယခုကဲ့သို့သော ပုံစံမျိုးကို မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေသည့် လက်ထဲတွင် သူ့မ၏ အတွေးအားလုံးကို ယောက်ယတ်ခတ်အောင် လုပ်ပစ်နိုင်သည့် စွမ်းအားတစ်မျိုးမျိုး ရှိနေသည့်အလား ကျုချင်းမှာ ဘာကိုမှာ သေချာ မစဉ်းစားတတ်အောင် ဖြစ်နေခဲ့သည်။

“နင်... နင်တာဝန်ယူချင်နေတာလား” ဘာကြောင့်မှန်းမသိ၊ ကျုချင်းမှာ ဒေါသမထွက်နိုင်ခဲ့ဘဲ ပြန်၍သာ မေးလိုက်လေသည်။

“မဟုတ်ဘူး။ ငါက တာဝန်ယူရမှာ မဟုတ်ဘူး။ နင်ကသာ ငါ့ကို တာဝန်ယူရမှာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ အဖြေမှာ ရယ်ချင်စရာလည်း ကောင်းသလို ဒေါသထွက်ချင်စရာလည်း ကောင်းလှသည်။ ကျုချင်းက အေးစက်စက် မျက်နှာထားဖြင့် ပြန်၍ မေးလိုက်၏ “နင်က ဘယ်သူမို့လို့ ငါက နင့်ကို တာဝန်ယူရမှာလဲ”

ရန်ကိုင်ကမူ ပြန်မဖြေခဲ့ဘဲ ပြန်၍သာ မေးလိုက်လေသည် “နင်အခု သက်သာသွားပြီလား”

“အင်း၊ အတော်လေး သက်သာသွားပြီ” ထိုသို့ ဖြေပြီးသည့်နောက်မှာသာ ရန်ကိုင် စကားလမ်းကြောင်း လွှဲလိုက်မှန်းကို သဘောပေါက်သွားပြီး ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်က ထပ်ပြောလိုက်လေ၏ “နင်ထပ်ပြီး... ကြိုးစားကြည့်ချင်သေးလား”

စကားလမ်းကြောင်းမှာ ရုတ်တရက် မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲသွားသည့်အတွက် ကျုချင်းမှာ ရုတ်တရက် အလစ်အငိုက် မိသွားသလို ဖြစ်သွားရသည်။ သူမ ဝမ်းဗိုက်နေရာရှိ အနွေးဓါတ်ဟာလည်း တောမီးတောက်လောင်သည့်ပမာ သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာခဲ့ရာ ကျုချင်း တစ်ကိုယ်လုံး ရုတ်တရက်ဆိုသလို ပူတက်လာခဲ့လေ၏။

သူမ၏ မျက်တောင်လေးများမှာလည်း တဆတ်ဆတ် တုန်ရီလာခဲ့ရလေသည်။ ကျုချင်း ပြန်မဖြေနိုင်သေးခင်မှာပင် ရန်ကိုင်သည် မာန်ကိုသွင်း၍ မြင်းပေါ်တက်ကာ လှံကိုရွယ်ရင်း မြို့ထဲသို့ ပြေးဝင်သွားတော့လေ၏။ မကြာမီ မြို့ခံတပ်များမှာ လက်နက်ချ၍ အသနားခံရသည့် ဘဝသို့ ရောက်သွားတော့လေသည်။

…

နေ့ဝက်ကြာပြီးသည့်နောက်တွင်၊ ကျုချင်းမှာ လိပ်ပြာလွင့်သွားသည့်အလား၊ အသိစိတ် မရှိတော့သည့် အမူအရာဖြင့် မြေပြင်ထက် လဲလျောင်းနေခဲ့၏။ ဆံပင်များ ဖွာကြဲလန်နေသည့် အလောင်းတစ်လောင်းပမာ လဲနေရင်းမှ ပြောလိုက်၏ “ကျေးဇူးပြုပြီး ငါ့ကို အဝတ်ပြန်ဝတ်ခွင့် ပေးပါတော့လို့”

“ငါကူညီပေးမယ်” ရန်ကိုင်က ပြုံးဖြီးရင်းမှ ပြောလိုက်သည်။

“မလိုဘူး။ ခုနတုန်းကလည်း နင်အဲ့လိုပဲ ပြောသွားတာ။ ငါနင့်ကို ထပ်ယုံတော့မှာ မဟုတ်ဘူး”

“ဒီတစ်ကြိမ် ငါတကယ်ပြောတာ၊ ကတိပေးတယ်”

“ငါ့ကို ထပ်လိမ်မယ် မကြံနဲ့”

“တကယ်မလိမ်ဘူး။ လုံးဝ သေချာတယ်”

…

တစ်ရက်ကြာပြီးနောက်တွင် ကျုချင်းသည် ကြောင်ပေါက်လေးတစ်ကောင်ပမာ ရန်ကိုင်၏ ရင်ခွင်ထဲ ခွေခွေလေး လဲနေလေ၏။ ရုတ်တရက် ကျုချင်းက ပြောလိုက်သည် “အချိန်တွေ အများကြီးကျန်သေးတယ်၊ နားကြရအောင်”

“အင်း” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ငါ့ကို လွှတ်တော့၊ ငါအဝတ် ပြန်ဝတ်တော့မယ်”

“အင်း”

“နင်ငါ့ကို လွှတ်မပေးဘဲနဲ့ ငါက ဘာလုပ်ရမှာလဲ”

“နောက်တစ်ကြိမ်”

“ဒါ နောက်ဆုံးအကြိမ်ပဲ”

“ဒါနောက်ဆုံးအကြိမ်ဆိုတာ လုံးဝ သေချာတယ်”

…

နောက်တစ်ရက်တွင်... နောက်ဆုံးအကြိမ် များစွာကို ဖြတ်ကျော်ပြီးနောက် ရန်ကိုင်နှင့် ကျုချင်းသည် သန့်ရှင်းရေး လုပ်၍ အဝတ်အစား အသီးသီး ပြန်ဝတ်လိုက်ကြသည်။

ကျုချင်းမှာတော့ နေရထိုင်ရ သိပ်အဆင်မပြေသေးချေ။ မြေပြင်ပေါ်တွင် ငြိမ်သက်စွာထိုင်၍ ကန်ရေပြင်တွင် ပေါ်နေသည့် သူမပုံကိုကြည့်ရင်း ဆံပင်ကို ဖြီးနေခဲ့သည်။

ရန်ကိုင်ကမူ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာဖြင့် အကြောအချဉ် ဆန့်နေခဲ့သည်။ ယခုမှသာ သူ့စိတ်တစ်ခုလုံး လန်းဆန်းပေါ့ပါးသွားသလို ခံစားလိုက်ရတော့သည်။ သူ့ရှေ့တွင် ထိုင်နေသည့် ပုံရိပ်လေးကိုကြည့်ရင်း ရန်ကိုင်သည် ကျုချင်း၏ခါးကို နောက်မှ သိုင်းဖက်ချလိုက်သည်။

ကျုချင်း၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့လေသည်။ ရန်ကိုင် သူမအပေါ် အသားယူရန် ကြိုးစာ‌နေခြင်း မဟုတ်ဘဲ သူမဆံပင် ခေါင်းတိုးဝင်နေခြင်းသာ ဖြစ်မှန်း သိသွားသည့် အခါမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။

“ဘယ်နှစ်ယောက်လဲ” ကျုချင်းက ရုတ်တရက် မေးလိုက်သည်။

ရန်ကိုင်သည် သူမ၏ ကျောပြင်ထက် မေးတင်ထားရင်းမှ ကန်ရေပြင်ထဲ ရောင်ပြန်ဟပ်နေသည့် ကျုချင်း၏ မျက်နှာလေးကိုကြည့်ရင်း ပြန်မေးလိုက်သည် “ဘာ ဘယ်နှစ်ယောက်လဲ”

ကျုချင်းက သက်ပြင်းချလျက် “ငါ့ရှေ့မှာ ဘယ်နှစ်ယောက် ရှိတာလဲလို့ မေးတာ”

“နင်က ပထမဆုံးပဲ။ ငါနင့်ကို ပြောပြီးသား မဟုတ်ဘူးလား” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

ကျုချင်းက ပြန်ပြောလိုက်လေ၏ “နင်လုပ်သွားတဲ့ ပုံစံတွေအကုန်လုံးက အတွေ့အကြုံ မရှိတဲ့လူတစ်ယောက်ပုံစံ လုံးဝ မပေါက်ဘူးဆိုတာကို နင်မသိတာလား... ပြီးတော့၊ အရင်ရက်တွေတုန်းက နင့်ငါ့ကို တောက်လျှောက်လိမ်နေခဲ့တာကို ငါနင့်ကို အလွယ်တကူ ယုံဦးမယ် ထင်နေတာလား”

ရန်ကိုင်က ဝမ်းနည်းသွားသည့် အမူအရာဖြင့် “ငါတို့ ဒီလောက်တောင် နီးကပ်နေပြီပဲကို၊ ဘာလို့ ငါပြောတာကို မယုံရတာလဲ”

ကျုချင်းသည် သူမရင်ဘတ်နားသို့ တိုးကပ်လာနေသည့် လက်ကို ပုတ်ထုတ်လိုက်ရင်းမှ အေးစက်စက် အပြုံးပြုံးလျက် ပြန်ပြောလိုက်၏ “ငါနင့်ကို အခွင့်အရေး တစ်ကြိမ်ပေးမယ်။ မဖြေခင် သေချာစဉ်းစား”

ရန်ကိုင်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ အလွန်နီးကပ်နေသည့် မျက်နှာလေးကိုကြည့်ချင်း ချက်ချင်း ကျုချင်းအား ကောက်နမ်းလိုက်လေသည်။

“နင်... ခွေးကောင်” ကျုချင်းမှာ အစပိုင်းတွင် ရုန်းကန်နေပါသော်ငြား နောက်ပိုင်းတွင်တော့ ရုန်းအား ပျော့သွားခဲ့လေသည်။

မကြာမီ ဝတ်ပြီးသည်မှာ မကြာသေးသည့် အဝတ်အစားများအားလုံး အလျိုလျို ပြေလျော့သွားကုန်ကြလေ၏။

…

“နင်တော်လောက်ပြီနော်” ယခုလေးတင် အဝတ်ပြန်ဝတ်ပြီးသည့် ကျုချင်းက အထွန့်တက်လိုက်သည်။ ရန်ကိုင် သူမနားသို့ ထပ်ကပ်လာချင်နေသည်ကို မြင်သော် ချက်ချင်းပဲ ပြောလိုက်လေ၏ “နောက်ဆယ်ရက်လုံးလုံး ငါ့နားကပ်ဖို့ မကြိုးစားနဲ့။ မဟုတ်ရင် ငါဒီနေက အပြီးတိုင် ထွက်ပြေးသွားမှာ။ ငါသေရင်တောင် နင်ငါ့ကို ထပ်တွေ့ရမှာ မဟုတ်ဘူး”

“ကောင်းပြီ၊ ကောင်းပြီ” ရန်ကိုင် လက်မြှောက် အရှုံးပေလိုက်လေသည် “အဲ့လောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့။ ငါနင့်နား ကပ်မှာမဟုတ်ပါဘူး”

ကျုချင်း မျက်မှောင်ကြုတ်သွားခဲ့ပါသော်ငြား မကြာမီတွင် သူမ၏ မျက်နှာမှာ ပြန်လည် ဝင်းပလာခဲ့လေသည်။

တကယ်ဆိုလျှင် ကျုချင်းသည် ရန်ကိုင်ထက် သူမကိုယ်သူမ ပို၍ ဒေါသထွက်မိပေသည်။ သူမနှင့် ပထမဆုံး အသားချင်း ထိဖူးသည့် ယောကျားတစ်ဦးကို မည်သည့်နည်းနှင့်မှ မခုခံဘဲ နေနိုင်လိမ့်မည်ဟု သူမမထင်ခဲ့။ နဂါးကလန်သားတစ်ဦးသည် ယခုကဲ့သို့ အသားယူမခံသင့်ချေ။

“အတိတ်အကြောင်းတွေ ဘာတွေ ပြောမနေတော့ဘူး။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့... အနာဂတ်ကိုလည်း ဘယ်သူမှ တပ်အပ် ပြောနိုင်တာမဟုတ်ဘူး။ ဒီတော့ ငါနင့်ကို တစ်ခုပဲ တောင်းဆိုမယ်။ နောက်ပိုင်း ငါစိတ်မပါရင် ငါ့အပေါ် အတင်းအကြပ် လာမလုပ်နဲ့” ကျုချင်းက ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လျက် “ကောင်းပြီ၊ ငါနင်ပြောတဲ့အတိုင်း လုပ်ပေးမယ်”

ထိုအခါမှသာလျှင် ကျုချင်း၏ မျက်နှာလေး ပြန်လည် ဝင်းပလာတော့လေသည်။

“နင်အခု ဘယ်လိုနေလဲ။ ဟိုရေခဲနဂါးအမြူတေ ဘာပြဿနာမှ မရှိတော့ဘူးမလား” ရန်ကိုင်က မေးလိုကသ်ည်။

လွန်ခဲ့သည့် ရက်များအတွင်း ကျုချင်း၏ အခြေအနေသည် တည်ငြိမ်နေခဲ့သော်ငြား ရေခဲနဂါးအမြူတေသည် သူမကိုယ်ထဲတွင် ရှိနေသေးသည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ ထိုအရာအား သတိထားနေခဲ့ရသည်။

“အခု အဆင်ပြေသွားပြီ။ ငါအဲ့ဒါကို ဖိနှိပ်ထားလိုက်ပြီ။ နဂါးကျွန်းဆီ ပြန်ရောက်တာနဲ့ နဂါးအုတ်ဂူထဲ သွားထည့်ထားလိုက်ရုံပဲ” ကျုချင်း၏မျက်နှာ ရဲတက်သွားခဲ့သည်။ သူမ၏ ပုံစံကြောင့် ရန်ကိုင်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

တစ်ချက်မျှ ရပ်ပြီးနောက် ကျုချင်းက မေးလိုက်သည် “နင်ငါ့ကို တကူးတက လာရှာတာလား”

ရန်ကိုင်က ပြန်ပြောလိုက်၏ “နင့်ကို လာမရှာရင် ငါက ဒီရေခဲနယ်မြေထဲလာပြီး ဘာလာလုပ်ရမှာလဲ။ ကြယ်တာရာအစုအဝေးရဲ့ အန္တရာယ်အများဆုံး နေရာ ဆိုတဲ့အတိုင်းပဲ။ ကံသာမကောင်းခဲ့ရင်၊ ဒီနေရာမှာ နင့်ကို ရှာဖို့ ရက်တွေ ဘယ်လောက်တောင် ကြာသွားဦးမလဲ မသိဘူး”

ရန်ကိုင်မှာ ဤအတိုင်း ပြောလိုက်ခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင်၏ စကားကို ကြားပြီးနောက် ကျုချင်းရင်ထဲ နွေးထွေးသွားခဲ့ရလေသည်။

“ဒါနဲ့ နင့်မောင်လည်း ဒီကို ရောက်နေတယ် သိလား”

ကျုချင်း မျက်မှောင်ကြုတ်သွားလေသည် “ငါ့မောင်... ကျုလဲ့လား”

“ဟုတ်တယ်။ အဲ့ကောင်လေးပဲ။ သူသာ နဂါးပညာရပ်ကို ထုတ်မသုံးခဲ့ရင် ငါနင့်ကို ရှာလို့တွေ့မှာ မဟုတ်ဘူး”

“သူနင့်ကို နဂါးကျွန်းဆီခေါ်ဖို့ ရောက်လာတာတော့ မဟုတ်ပါဘူးနော်”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဘာလို့ မဟုတ်ရမှာလဲ။ ငါ့ကို နဂါးကျွန်းဆီ မရရအောင် ခေါ်သွားဖို့လုပ်သေးတယ်။ ငါဆုံးမပေးလိုက်တော့မှပဲ ငြိမ်ကုတ်သွားတာ။ အဲ့ကောင်က ဟိတ်ဟန်သာကြီးသာ၊ သူ့ခွန်အားက ဘာမှဒီလောက်မဟုတ်ဘူး။ နင့်ယောကျာ်း ဖြစ်တဲ့ငါက သူ့လိုကောင်မျိုးကို တစ်ချက်နှစ်ချက်လောက်နဲ့ ငြိမ်ကုတ်သွားအောင် လုပ်ပေးလိုက်တာ”

“ဘာ...ယောကျာ်း ဟုတ်လား” ကျုချင်း၏ မျက်နှာ ရဲတက်သွားပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် ကျုချင်းအား စားတော့ဝါးတော့မတတ် အမူအရာဖြင့် စိုက်ကြည့်လာခဲ့၏။

All Chapters