မဖျက်စီးနိုင်သောခန္ဓာကိုယ်၏အစွမ်း
Vol. 2 Ch. 12
သူတို့နှစ်ဦးသားအနီးအနားရှိ တောထဲသို့်ဝင်သွားပြီးနောက် ကျန်းချန် ခြေချိတ်ထိုင်လိုက်ချိန်မှစ၍ ကောင်းကင်ဘုံဖျက်စီးခြင်း၏ မဖျက်စီးနိုင်သောခန္ဓာကိုယ်၏အစွမ်းကို မျက်မြင်တွေ့ရတော့သည်။
သူ၏ကျင့်ကြံခြင်းနည်းစနစ်ဖြင့် ကျင့်ကြံခြင်းမပြုမီ ဝိညာဉ်ချီများက ခန္ဓာကိုယ်အတွင်း အတားအဆီးမရှိ စီးဝင်လာ၏။ ဤနေရာသည် ဝိညာဉ်ချီမရှိသည့် တားမြစ်နယ်မြေမဟုတ်သည့်အလျောက် လောကသုံးပါးရှိ နံပါတ်တစ်ခန္ဓာကိုယ်၏အစွမ်းကို တွေ့ရတော့သည်။ ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်နှင့်ကိုက်ညီအောင်ပြောင်းလဲပေးမည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုမရှိလျှင်ပင် ဆက်တိုက်ဝင်ရောက်လာသော ဝိညာဉ်စွမ်းအင်ကို ခံနိုင်ရည်ရှိပေသည်။
ကျီယွဲ့ဂိုဏ်း၏ လကြည့်နှလုံးသားနည်းစနစ်ကိုသုံး၍ စတင်ကျင့်ကြံသည့်အခါ ဘေးဘက်ရှိကျိလင်းဟန်ခမျာ ဝိညာဉ်စွမ်းအင်ကို မဆွဲယူနိုင်တော့ချေ။ ကျန်းချန်ကိုဗဟိုပြု၍ မိုင်ပေါင်းများစွာအဝန်းအဝိုင်းရှိ ဝိညာဉ်စွမ်းအင်လေပွေကြီး ဖြစ်ပေါ်လာတော့သည်။
ကောင်းကင်ဘုံဖျက်စီးခြင်း၏ မဖျက်စီးနိုင်သောခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းအလွန်ကောင်းရုံသာမက ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးသည့်နှုန်းမှာလည်း အလွန်မြန်ဆန်လှသည်။
ဝိညာဉ်စွမ်းအင်စုပ်ယူခြင်းနှင့်ပတ်သက်လျှင် မြင့်မြတ်နယ်မြေနှင့် အဓိကဂိုဏ်းအချို့ရှိ မြင့်မြတ်သားတော်တို့သည် မွေးကတည်းကပင် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို အစားစားသကဲ့သို့ စားသုံးသည်ဟုဆိုကြသည်။ သို့သော်လည်း ဝိညာဉ်စွမ်းအင်များစွာစုပ်ယူ၍ အချိန်တိုအတွင်း သန့်စင်နိုင်ခြင်းမရှိဘဲ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိလျှင် ခွန်အားကို အလျင်အမြန်တိုးမြှင့်နိုင်မည်မဟုတ်ပေ။
၎င်းသည် ပါရမီရှိသောခန္ဓာကိုယ်၊ သွေးမျိုးဆက်နှင့် ကိုယ်ပိုင်အစွမ်းအစတို့၏ အရေးပါပုံကိုဖော်ပြသည်။
ကောင်းကင်ဘုံဖျက်စီးခြင်း၏ မဖျက်စီးနိုင်သောခန္ဓာကိုယ်တွင် ဤသို့သောကိစ္စမျိုးမရှိချေ။ ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးသည့်နှုန်းမှာ အတားအဆီးမရှိ ဝင်လာသမျှအကုန် ချက်ချင်းသန့်စင်ပေးလေသည်။
ဤမြင်ကွင်းက ကျိလင်းဟန်ကို ဆွံ့အသွားစေသည်။ သူကိုယ်တိုင်မှာလည်း ကျင့်ကြံချင်းတွင် ပါရမီရှင်တစ်ဦးဖြစ်လေရာ ကျင့်ကြံချိန်တွင် မိုင်အနည်းငယ်အတွင်းရှိ ဝိညာဉ်ချီကိုစုပ်ယူနိုင်လျှင်ပင် ပါရမီရှင်ဟုသတ်မှတ်နိုင်ပြီဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ ဝိညာဉ်စွမ်းအင်စုပ်ယူသည့်အတိုင်းအတာမှာ ဆယ်ဆပိုကြီးရုံမက ဝိညဉ်စွမ်းအင်စုပ်ယူနှုန်းမှာလည်း အလွန်မြန်ဆန်သဖြင့် သူ့ဘေးမှလူများအတွက် ဝိညာဉ်စွမ်းအင်မကျန်အောင်ဖြစ်ရလေသည်။
ထိုသို့သောအမြန်နှုန်းမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကိုသုံး၍ ကျင့်ကြံခြင်းကဲ့သို့ သက်ရောက်မှုပြင်းလှပေသည်။
ဂိုဏ်းချုပ်မှာ အမှန်ပင် နတ်ဘုရားဖြစ်ချေ၏။
ကျန်းချန် ကျင့်ကြံမှုကိုရပ်တန့်လိုက်သည့်အချိန်တွင် ဝိညာဉ်ခွဲထုတ်ခြင်း တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တက်ရောက်ပြီးဖြစ်သည်။
"ဂိုဏ်းချုပ်၊ ကျင့်ကြံလို့ပြီးပြီလား"
ထိုအချိန်မှသာလျှင် ကျန်းချန်မှာ ကျိလင်းဟန်၏ကျင့်ကြံခြင်းအား တားဆီးသလိုဖြစ်ခဲ့ကြောင်း သိရှိလေတော့သည်။ ဤကောင်မလေးမှာ သူကျင့်ကြံချိန်တွင် တိတ်တဆိတ်စောင့်ရှောက်ပေးနေကြောင်း တွေးမိသည့်အခါ အပြစ်ရှိသလို ခံစားရပေသည်။ သူကတော့ အသုံးချစရာကိရိယာတစ်ခုအဖြစ်သာ ဆက်ဆံခဲ့လေရာ နည်းနည်းလွန်သွားပုံရလေသည်။
"စိတ်မကောင်းပါဘူး၊ နောင်မှာ ကျင့်ကြံတဲ့အခါကျ ငါဂရုစိုက်ပါ့မယ်။
ကျိလင်းဟန်က ပြုံးလိုက်ပြီး "ရပါတယ်၊ ဂိုဏ်းချုပ်ရဲ့ကျင့်ကြံမှုတိုးတက်လာတာ ဂိုဏ်းအတွက် ကောင်းချီးပါပဲ"
လူကောင်းလေးပဲ။ ကျန်းချန်ထရပ်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သန်းခေါင်ကျော်ပြီဖြစ်ရာ နောက်တစ်ရက်ရောက်လေပြီ။
"ဖေးရှန်ဂိုဏ်းကိုသွားကြစို့"
ကျန်းချန်မှာ အသက်ပြန်ရှင်မည့်အချိန်ပြည့်ပြီဖြစ်ရာ ယုံကြည်မှုအပြည့်ရှိနေလေပြီ။
"ဂိုဏ်းချုပ်က အရင်ထောက်လှမ်းရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"
ကျိလင်းချန်က အမြန်လိုက်မေးလိုက်သည်။
ကျန်းချန်က မျက်နှာတည်၍ပြောလိုက်၏။ "ဒီဂိုဏ်းချုပ်က အဆင့်တက်သွားပြီး ခွန်အားတွေအရမ်းတိုးတက်လာပြီလေ။ ထောက်လှမ်းဖို့မလိုတော့ဘူး၊ တိုက်ရိုက်သွားကင်ရုံပဲ"
ကျိလင်းဟန်မှာ မည်သည်ကို 'ကင်' မည်မှန်းမသိသော်လည်း ဂိုဏ်းချုပ်၏အစွမ်း အလွန်တိုးတက်လာသည်ဟုကြားရသည့်အခါ ပျော်သွားလေသည်။
"ဂိုဏ်းချုပ်က ဘယ်အဆင့်ကိုချိုးဖြတ်သွားတာလဲ" ကျိလင်းဟန် ပျော်ရွှင်စွာမေးလိုက်သည်။
"နင်တွေးနိုင်တာထက်မြင့်တယ်"
"အိုး"
ကျိလင်းဟန်မှာ ဟန်မဆောင်နိုင်လောက်အောင် အံ့ဩ၊ လေးစားသွားသည်။ ကောင်းကင်ကံကြမ္မာအဆင့်ကိုသာ တွေးမိတော့သည်။
သူတို့နှစ်ဦး လေပေါ်ပျံကာစမှာပင် အနားရှိသစ်တောအတွင်းမှအသံများ ကြားရပြီးနောက် စုတ်ပြဲနေသောအဝတ်အစားများဖြင့် ယောက်ျားလေးသုံးဦးနှင့် မိန်းကလေးတစ်ဦး သစ်ပင်များနောက်မှ ထွက်ပေါ်လာလေသည်။
ကျိလင်းဟန်ကိုမြင်သည့်အခါ နှုတ်ဆက်ကြတော့သည်။
"အစ်မကြီးကျိ။ လူတိုင်းပဲ မြန်မြန်ထွက်ခဲ့ကြတော့"
ကျိလင်းဟန်လည်း ပျော်ရွှင်သွားပြီး ထိုသူများကို အမြန်သွားတော့လေတော့သည်။
"မောင်လေး လို့ယွမ်၊ ညီမလေး ရင်ရှုအာ၊ မောင်လေး ကျန်းဟုန် နင်တို့အားလုံးအသက်ရှင်နေကြတာပဲ၊ တော်သေးတယ်"
ထို့နောက် ဖေးရှန်ဂိုဏ်း၏ လက်ကျန်ဂိုဏ်းသားနှစ်ဆယ်ကျော် ထွက်လာကြပြီး ကျိလင်းဟန်ကိုနှုတ်ဆက်ကြရာ စိတ်ထိခိုက်ဖွယ်မြင်ကွင်းပင်ဖြစ်ချေတော့သည်။
ကျန်းချန်မှာကား တစ်ယောက်တည်းအထီးကျန်...
နည်းနည်းပျင်းဖို့ကောင်းတယ်။
"တူမလေးကျိ၊ အခြားသူတွေကိုရော တွေ့သေးလား"
ထိုအဖွဲ့မှာ ပါရမီကောင်းသူများဖြစ်ကြပြီး ဖေးရှန်ဂိုဏ်း၏ အစစ်အမှန်တပည့်များဖြစ်ကြသည်။ ဂိုဏ်းဖျက်စီးခံရချိန်တွင် ၎င်းတို့၏ဆရာများ၊ အကြီးအကဲများက အသက်စွန့်၍ ကယ်တင်ကာ လွတ်မြောက်အောင် ကယ်တင်ခံထားရသူများဖြစ်၏။
အစစ်အမှန်တပည့်နှစ်ဆယ့်တစ်ဦးအပြင် ထိုဖြစ်ရပ်ဆိုးကြီးမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသည့် အကြီးအကဲလျန်လည်း ပါဝင်ရာ သူ့ကို ဤအဖွဲ့၏ကျောရိုးဟု သတ်မှတ်နိုင်လေသည်။ သူတို့ကို လမ်းတစ်လျှောက် အမဲလိုက်ခံခဲ့ရသည်ဖြစ်ရာ ယခုအချိန်တွင် တောနက်ထဲတွင်သာ ပုန်းအောင်း၍နေကြရတော့သည်။
ပြန်လည်တွေ့ဆုံ၍ ပျော်ရွှင်မှုများ အနည်ထိုင်လာသောအခါ ကျိလင်းချန်က ခေါင်းခါလိုက်ပြီး "အကြီးအကဲလျန်ကို အစီရင်ခံပါတယ်၊ ကျွန်မတော့ တစ်ယောက်နဲ့မှ မတွေ့မိဘူး၊ အကြီးအကဲရော ထပ်တွေ့သေးလား။ လွတ်မြောက်လာတဲ့ အခြား အကြီးအကဲတွေနဲ့ တပည့်တွေရော ရှိသေးလား။"
အကြီးအကဲလျန် ဝမ်းနည်းစွာပြုံးလိုက်ပြီး "ဖေးရှန်ဂိုဏ်းမှာ ဒီမျိုးစေ့ နှစ်ဆယ်ကျော်ပဲ ကျန်တော့တာလို ထင်ရတာပဲ"
"သူတောင်းစား ကျီယွဲ့ဂိုဏ်း..."
"ပြီးတော့ နက်နဲရေခဲဂိုဏ်း၊ မိုးကြိုးငါးပါးဂိုဏ်းနဲ့ ကောင်းကင်မီးလျှံဂိုဏ်း တို့ရောပဲ"
လို့ယွမ်က သူ၏ဝိညာဉ်ဓားကို ဝှေ့ယမ်း၍ ကျယ်လောင်စွာ ဆိုသည်။
"ငါ့ဆရာမသေခင်က ဒီပြည့်စုံမှုကိုးပါးဓားကို ငါ့ကိုပေးခဲ့တယ်။ အဓိကဂိုဏ်းကြီးလေးဂိုဏ်းရဲ့သွေးကို မသောက်ရရင် သူ့ကိုစိတ်ပျက်စေမှာမလား"
ရင်ရှုအာမှာလည်း သူ့လက်မှလက်စွပ်ကိုကြည့်၍ မျက်ရည်ကျလေတော့သည်။
"ဆရာက ကျွန်မကို လွတ်မြောက်အောင်မပို့ခင်က ပေးထားခဲ့တဲ့ ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကိုသုံးပြီး ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရောက်အောင် ကျင့်ကြံပြီးတာနဲ့ ဆရာ့အတွက် သေချာပေါက်လက်စားချေမယ်"
အခြားတပည့်များမှာလည်း သူတို့၏ဆရာများကို သတိရတမ်းတ၍ သစ္စာပြုကြလေသည်။
"အကြီးအကဲလျန်၊ အစ်မကျိ ကျွန်တော်တို့ ဘယ်ဆက်သွားကြမလဲ"
"ပထမဆုံးခြေလှမ်းက ဝိုင်းထားတာကနေလွတ်အောင်လုပ်ဖို့ပဲ"
"ဝိုင်းထားတာကနေလွတ်မြောက်ပြီးရင်ရော ဘာဆက်လုပ်ကြမှာလဲ။ လူတိုင်းကအတူစုနေကြမှာလား ဒါမှမဟုတ် တစ်ခြားဂိုဏ်းတွေဆီ တစ်ကွဲတစ်ပြားစီ ဝင်ကြမှာလား။"
"ဘာလဲ၊ မင်းက ဖေးရှန်ဂိုဏ်းကို သစ္စာဖောက်ချင်တာလား"
"မဟုတ်ပါဘူး၊ ငါက ပိုမြင့်တဲ့အဆင့်ထိရောက်အောင်ကျင့်ကြံချင်တာ။ ဂိုဏ်းအတွက် လက်စားချေဖို့ကို ဘယ်မေ့ပါ့မလဲ"
တပည့်များမှာ သူတို့၏အထင်အမြင်များကို ထုတ်ဖော်ဆွေးနွေးကြလေ၏။
အကြီးအကဲလျန်မှာ တပည့်များ၏ သိုလှောင်လက်စွပ်များ၊ ဝိညာဉ်ဓားများနှင့် ချပ်ဝတ်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လောဘတက်သည့်အရိပ်ယောင်များ ထွက်ပေါ်လာလေ၏။ ထိုတပည့်များ၏ ဆရာသခင်များအားလုံးတို့သည် သူတို့၏တပည့်များကို လွတ်မြောက်စေရန် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး အနာဂတ်တွင် ဆက်လက်ကျင့်ကြံနိုင်စေရန်အတွက် သူတို့၏ပိုင်ဆိုင်မှုအားလုံးကို ပေးခဲ့ကြလေသည်။
ကျိလင်းဟန်ကိုကြည့်လျှင် အဆင့်ငါးကာကွယ်ရေးချပ်ဝတ်ကို ဝတ်ဆင်ထားသည်သာမက ယခင်ဂိုဏ်းချုပ်၏ ကြွယ်ဝမှုအားလုံးကိုလည်း လက်စွပ်အတွင်း သိမ်းဆည်းထားသေးသည်။ အကြီးအကဲလျန်မှာ ထိုလက်စွပ်ကို ယခင်က စိတ်ပင်မကူးရဲသော်လည်း ယခုတော့မတူတော့ပြီ။
"တိတ်ကြစမ်း"
သူက အသက်ရှင်ကျန်ရစ်သည့် တစ်ဦးတည်းသောအကြီးအကဲဖြစ်သည့်အလျောက် သူ့စကားကို နားထောင်ကြပေမည်။
"မင်းတို့လက်စားချေချင်ရင် စောင့်နေစရာမလိုဘူး အခုလုပ်လို့ရတယ်"
ဤစကားများထွက်လာသည်နှင့် တပည့်အားလုံးမတ်တပ်ထရပ်မိကြပြီး စိတ်မရှည်ဖြစ်လာကြသည်။
"အကြီးအကဲလျန်မှာ နည်းလမ်းရှိလို့လား"
ဖေးရှန်ဂိုဏ်း ထွန်းတောက်စဉ်အချိန်ကပင် ကျီယွဲ့ဂိုဏ်းကိုမနိုင်နိုင်ရာ အရွယ်မရောက်သေးသည့် ဤလူငယ်တစ်စုနှင့်ဆိုလျှင် မဖြစ်နိုင်ပေ။ အားလုံးအတွက် အနာဂတ်မှသာ လက်စားချေနိုင်မည်ဟုတ် တွေးထားကြသည်။
"ဆရာ့အတွက်လက်စားချေနိုင်ရင် ဘာမဆိုလုပ်ဖို့ဆန္ဒရှိတယ်"
အကြီးအကဲလျန် ပြုံး၍လက်ဝှေ့ယမ်းလိုက်သည်။
"လက်စားချေတာက ငါတို့ခွန်အားသက်သက်နဲ့ မဖြစ်နိုင်ဘူး"
လို့ယွမ်မျက်မှောင်ကြုံ့သွားပြီးမေးသည် "အကြီးအကဲလျန်ဆိုလိုတာက အခြားဂိုဏ်းတွေကနေ အကူအညီတောင်းဖို့လား"
အကြီးအကဲလျန်က မုတ်ဆိတ်ပွတ်၍ ခေါင်းညိမ့်ပြီး "မှန်တယ်"
"ဒါပေမယ့် ကျွန်တော်တို့မှာ တစ်ခြားဂိုဏ်းတွေနဲ့ နက်နဲတဲ့မိတ်ဆွေဆက်ဆံရေးမျိုးမရှိဘူးလေ၊ ဘယ်သူကကူညီချင်မှာလဲ"
ဤတပည့်များမှာ အမြန်ဆုံးလက်စားချေလိုသော်လည်း အားလုံးက ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ပေသေးသည်။
ဦးနှောက်မရှိတဲ့သူဘယ်လောက်ကများ အစစ်အမှန်တပည့်ဖြစ်လာလို့လဲ။ (ဟုတ်သလား...)