← Chapters

သံသယ

Vol. 2 Ch. 18

သံသယ

Vol. 2 Ch. 18

ဂိတ်တံခါးရှိတပည့်များမှာ အပြင်စည်းတပည့်များသာဖြစ်ကြသည့်အတွက် မည်မျှသန်မာမည်နည်း။

သူတို့မှာ ချီစုစည်းခြင်းအဆင့်သာရှိသေးသည်။ ကျန်းချန်ကိုမတားဆီးနိုင်သည်မှာ မထူးဆန်းပေ။

"ကောင်းပြီ... ဆက်သွားမယ်... လမ်းပြ"

"သိပါပြီ"

အကြီးအကဲလျန်က ဤအခြေအနေကို သဘောကျလာသလိုပင်ရှိလာသည်။ ဤသို့တိုက်ခိုက်ဝင်ခြင်းသည် သူရဲကောင်းဆန်သည်ဟု ခံစားလာရတော့သည်။

"ဂိုဏ်းချုပ်... ဒီလမ်းပါ... ဒီလမ်းကပိုတိုတယ်"

သူတို့နှစ်ဦးသား ပြောင်ပြောင်တင်းတင်းဝင်ချသွားသော်လည်း ကျီယွဲ့ဂိုဏ်းမှာ အငိုက်မိသွားသောကြောင့် ခုခံမှုလုံးဝမရှိပေ။ အကြီးအကဲအားလုံးမှာလည်း အစည်းအဝေးလုပ်နေကြ၏။ ယမန်နေ့ကမှ အောင်ပွဲခံနေကြခြင်းဖြစ်ရာ ယနေ့တိုက်ခိုက်ခံရမည်ဟု မည်သူမှမျှော်လင့်မထားပေ။

လမ်းတစ်လျှောက်တွင် တွေ့ဆုံရသည့် အသန်မာဆုံးတပည့်မှာ မူလဖြစ်တည်ခြင်းအဆင့်သာရှိရာ ကျန်းချန်မှာ ကိုယ်တိုင်ဝင်ပါရန်ပင်မလိုအပ်ချေ။

အကြီးအကဲလျန်မှာ အောင်ပွဲရပစ္စည်းများ ပိုမိုရရှိရန်အတွက် တပည့်များကို အားပါးတရသတ်ဖြတ်လေတော့သည်။

ချီကောင်းဟုန်က အကြီးအကဲများနှင့်အတူ အလျင်အမြန်ရောက်လာချိန်တွင် အကြီးအကဲလျန်သတ်ထားသည်မှာ ၁၃၅ ဦးရှိပြီဖြစ်သည်။

"လျန်တ... မင်းလုပ်ရဲတယ်"

"မင်း ငါ့ဂိုဏ်းကတပည့်တွေကိုသတ်ဖြတ်တယ်... အဆင့်နိမ့်အပြင်စည်းတပည့်တွေကိုတောင်မရှောင်ဘူး... ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားလဲ"

"သူ့ကို အပိုင်းပိုင်းဖြစ်အောင်လုပ်ကြစမ်း"

ချီကောင်းဟုန်မှာ ဒေါသပုန်ထနေပြီး အခြားအကြီးအကဲများမှာလည်း ဒေါသတကြီးအံကြိတ်နေကြလေပြီ။

ထိုတပည့်များသည် ကောင်းစွာကျင့်ကြံရခြင်းမရှိသေးသော်လည်း ဂိုဏ်း၏အနာဂတ်မျိုးစေ့များဖြစ်ကြသည်။ မျက်စိရှေ့တင် အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ခြင်းဖြစ်သည့်အတွက် ထိုသို့သောအရှက်ခွဲမှုမျိုးကို မခံစားနိုင်ကြပေ။

လျန်တမှာ ယခုအချိန်တွင် ယုံကြည်မှုအလွန်မြင့်မားနေလေပြီ... တစ်ဖက်အဖွဲ့ကို ရှိသည်ဟုပင်မထင်တော့ချေ။

"ဒီတပည့်တွေတင်မကဘူး... မင်းတို့အားလုံးလည်းသေရမှာ"

သူ့ဓားတွင်ပေနေသောသွေးများကိုသုတ်ရင်း ဂုဏ်မောက်စွာဆိုသည်။

"အခုသေမလား... ခနနေမှသေမလား... ဘယ်လိုနေနေ သေရမှာပဲ... ဘာလို့လောနေကြတာလဲ"

'ဟ... အကြီးအကဲလျန်က ဟန်ထုတ်တာတယ်တော်နေပါလား'

ကျန်းချန် အကြီးအကဲလျန်ကိုကြည့်ပြီး သဘောကျသွားသည်။

ဤသို့သောယုံကြည်မှုမျိုးကြောင့် ချီကောင်းဟုန်နှင့်အဖွဲ့ ခေတ္တရပ်တန့်သွားသည်။ ရုတ်တရက် မည်သို့လုပ်ရမည်မှန်းမသိ... ဘာဆက်ပြောရန်မှန်းလည်းမသိဖြစ်သွားကြကုန်၏။

ထို့နောက် ကျန်းချန်ဖက်လှည့်သွားကြသည်။

"မင်းကဘယ်သူလဲ"

လျန်တ အကွက်ရတုန်းဝင်ညှော်လေသည်။

"မင်းတို့လို ယင်ကောင်ငယ်လေးစ်အုပ်က ငါတို့ဂိုဏ်းချုပ်နဲ့ တိုက်ရိုက်စကားပြောဖို့ တန်တယ်များထင်နေကြတာလား..."

"ငါပြောပြလိုက်မယ်... ငါတို့ရဲ့ ဂိုဏ်းချုပ်အသစ် ကျန်းချန်က မင်းတို့တစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ ရောက်လာတာကွ..."

ထိုသို့ပြောလိုက်ပြီးနောက် ကျန်းချန်အနောက်သို့ ဝင်ပုန်းလေသည်။

'ဒီလူကတော့...' ကျန်းချန် ဘာပြောရမှန်းမသိဖြစ်သွားသည်။

"ဂိုဏ်းချုပ်အသစ်... ဟုတ်လား"

ချီကောင်းဟုန် မျက်မှောင်ကျုံ့သွားပြီး ကျန်းချန်ကို သေချာစိုက်ကြည့်လိုက်သည်။

"ဆိုတော့... မင်းက ငါတို့အကြီးအကဲတွေကိုသတ်လိုက်တဲ့သူပေါ့"

"မှန်တယ်,,, အဲ့တာကျုပ်ပဲ"

ကျန်းချန်က ရှေ့ထွက်ရပ်လိုက်သည်။

"ဒီအကြီးအကဲခုနှစ်ယောက်ကို သတ်လိုက်ရတာ အတော်အရသာရှိတယ်... ပြောချင်တာများရှိရင် ပြောလေ... သူတို့ကိုပြန်ပြောပေးလိုက်မယ်... ဒါမှမဟုတ်လည်း ကိုယ်တိုင်သွားပြောပေါ့"

"မင်း......"

ချီကောင်းဟုန် ဒေါသအထွက်လွန်ပြီး မျက်နှာကြီးဖြူလိုက်နီလိုက် ဖြစ်သွားလေ၏။

"မင်းရဲ့နောက်ခံကဘာလဲ... မင်းနောက်ကအင်အားစုနာမည်ကိုပြောစမ်း... ငါ တွမ့်မူမိသားစုကိုသိတယ် သူတို့မှာမင်းလိုလူမရှိဘူး"

ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးဖြစ်မှန်း တစ်ချက်ကြည့်ရုံနှင့်သိလေသည်။

ဤခွန်အားမျိုးဖြင့် အကြီးအကဲခုနှစ်ယောက်ကိုသတ်ရန် မဖြစ်နိုင်ပေ။

ဖေးရှန်ဂိုဏ်းနှင့် နှစ်ပေါင်းများစွာတိုက်ခိုက်ပြီးနောက်တွင် ချီကောင်းဟုန် သိထားသည်မှာ အကြီးအကဲလျန်ဆိုသူသည် အလွန်ကြောက်တတ်သည့်အတွက် ယနေ့ကဲ့သို့ကိစ္စမျိုးကို အသက်စွန့်၍လုပ်မည်မဟုတ်ကြောင်း သေချာလေသည်။

ကျန်းချန်ဆိုသူမှာ မြင်ရသလောက်မရိုးရှင်းကြောင်းကိုသာ အကဲဖြတ်ရပေတော့မည်။

"မရှိဘူး... ကျုပ်စိတ်ပျော်လို့ ခင်ဗျားတို့ကိုလာတိုက်ခိုက်တာ..."

ကျန်းချန် ချောင်းဟန့်လိုက်ပြီး "ကျုပ်က ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေး ကျင့်ကြံသူလေးပါ... ဒါတောင် ကြောက်နေကြတာလား"

သူပြောလေလေ ချီကောင်းဟုန် ပိုသတိထားလေလေပင်။

ပုံမှန်အတိုင်း စဉ်းစား၍မရသောကိစ္စရပ်များဖြစ်ပွားနေလေပြီ။ အထူးသဖြင့် အကြီးအကဲလျန်က ကျန်းချန်၏အနောက်တွင်ပုန်းပြီး အော်ဟစ်ရန်စနေချိန်မျိုးတွင် အထူးသတိထားရပေမည်။

"ဂိုဏ်းချုပ်... ဒီပုရွက်ဆိတ်တွေနဲ့ လေကုန်ခံမနေပါနဲ့တော့... အပြတ်ရှင်းလိုက်ပါတော့ာလား"

ကျန်းချန် စိတ်အချဉ်ပေါက်သွားသည် "ခင်ဗျားက ကျုပ်ကို ဘာလုပ်ရမလဲဆိုတာ လာပြောနေတာလား"

"ခင်ဗျားက ဂိုဏ်းချုပ်လား... ကျုပ်ကဂိုဏ်းချုပ်လား

ခင်ဗျားကဟန်ထုတ်နေပြီး ကျုပ်ကိုလှုပ်ရှားခိုင်နေတာလား... ပြီးရင်နာမည်ကောင်းဝင်ယူဦးမှာမလား..."

"မလုပ်ရဲပါဘူး..."

လျန်တ တွန့်သွားသည်။

စိတ်ထဲတွင်ကြိတ်၍ ကျိန်ဆဲနေသော်လည်း ထုတ်မပြောရဲပေ။

ဤအချိန်တွင် ချီကောင်းဟုန်တို့အဖွဲ့မှာ ဆုံးဖြတ်ပြီးကြလေပြီ။

"ကျောက်ချူးယန်... သူ့ခွန်အားကို စမ်းသပ်လိုက်"

ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးထက်ပို၍ ခွန်အားကြီးမည်ဖြစ်ကြောင်း သံသယရှိသော်လည်း ကိုယ်တိုင်မစမ်းသပ်ရဲပေ။ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။

ဓားပျံခန်းမသခင်ဖြစ်သည့် ကျောက်ချူးယန်မှာ ဂိုဏ်းချုပ်ပြီးလျှင် အသန်မာဆုံးဖြစ်ပြီး ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရှစ်ဖြစ်သည့်အတွက် ကျန်းချန်ကိုစမ်းသပ်ရန် သင့်လျော်လေသည်။

သူချက်ချင်းရှုံးသွားလျှင် ကျန်းချန်မှာ ဝိညာဉ်အခြေတည်အဆင့်တွင်ရှိနေကြောင်း ဖော်ပြခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် ယနေ့ဖြစ်ခဲ့သမျှကို မြိုသိပ်ပြီး ထွက်ပြေးရပေမည်။

ကျောက်ချူးယန်မှာ သူ့ဂိုဏ်းချုပ်ကို ကျိန်ဆဲနေလေပြီ... သူလည်းထိုမျှလောက်တော့မြင်နိုင်လေသည်။

သို့သော် ဂိုဏ်းချုပ်ထံမှအမိန့်ဖြစ်သည့်အတွက် လိုက်နာရပေတော့မည်။

တစ်ချက်တည်းမသေစေရန် ဂရုစိုက်ရမည်ဟု အားတင်းလျှက် ရှေ့ထွက်ရတော့သည်။

"မင်းက ကျီယွဲ့ဂိုဏ်းကို ကျူးကျော်ရဲတယ်...‌ နောက်ဆက်တွဲတွေကို ရင်ဆိုင်ပေတော့..."

"ကျုပ်ကိုရန်စနေတာလား..."

ကျန်းချန်မှာ ရန်စခြင်း၊ မစခြင်းကို အလေးမထားပေ။ ကျီယွဲ့ဂိုဏ်းကိုလက်စားချေခြင်းသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမဟုတ်ကြောင်း စနစ်ကပြောထားပြီးဖြစ်သည့်အတွက် စနစ်အားကိုးဖြင့်မိုက်နိုင်လေပြီ။

သို့သော်လည်း ထိုသို့သောရိုးရှင်းသည့်စကားလုံးများက ကျောက်ချူးယန်ကို ချွေးစေးပြန်အောင်ကြောက်လန့်စေသည်။

ကျန်းချန်ထံမှ ထိုးထွက်လာသည့်သတ်ဖြတ်လိုစိတ်ကိုခံစားမိပြီးနောက် လေသံပြောင်းသွားလေပြီ။

"မ..မ..မဟုတ်ပါဘူး... ဂိုဏ်းချုပ်ကျန်းနဲ့ အကွက်နည်းနည်းလောက်ဖလှယ်ချင်လို့ပါ။ ပထမဆုံးတစ်ချက်ထိတာနဲ့ ရပ်ကြမယ်ဆိုရင် အကောင်းဆုံးပဲ..."

ကျန်းချန် မကျေမနပ်ဖြစ်သွားသည်။ တစ်ချက်ထိရုံနဲ့ ရပ်လိုက်ရမယ်ဆိုရင် ဒီလူက ဘယ်သေတော့မလဲ။

"ဘယ်ဟုတ်မလဲ... တစ်ချက်ထိရုံနဲ့ရပ်မယ်ဆိုရင် ပျင်းစရာကြီး... ကျုပ်တို့ဂိုဏ်းနှစ်ဂိုဏ်းက ရန်သူကြီးတွေဆိုတာ မေ့နေပြီလား"

ကျန်းချန်က ထိုသို့ပြောပြီးနောက် ဝိညာဉ်ဓားကိုထုတ်၍ တိုက်ခိုက်တော့သည်။

"ဒါက အကြီးအကဲယောင်ချိုးလင်ရဲ့ ကိုယ်ပိုင်ဓားမလား..."

"သူ့ရဲ့အသက်ကျောက်စိမ်းနဲ့ အခြားအကြီးအကဲနှစ်ယောက်ရဲ့ အသက်ကျောက်စိမ်းတွေ မနေ့ကကွဲသွားတာ မဆန်းတော့ပါဘူး..."

"ဒီကောင်လေးက လူသတ်ကြယ်တစ်ပွင့်ပဲ"

"ကြည့်ရတာ ငါတို့တော့ ပြေးဖို့ပြင်မှနဲ့တူတယ်...ခနနေကျ အခြေအနေဆိုးကုန်ရင် ငါတို့အမြန်ထွက်ပြေးရမယ်... ဒါမှသူမလိုက်နိုင်မှာ"

ထိုသို့စီစဉ်နေကြချိန်တွင် သွေးတစ်ချက်ပန်းထွက်သွားပြီး ပုံရိပ်တစ်ခု လဲကျသွားလေတော့သည်။

All Chapters