စပါးခင်းများ
Vol. 2 Ch. 17
စနစ်၏အဖြေက တိကျသည်။ "ထည့်မတွက်ပါ"
ဤအဖြေက ကျန်းချန်ကို စိတ်သက်သာရာရစေသည်။
ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအဖြစ် မသတ်မှတ်တော့ ကြောက်စရာမရှိတော့ပေ။
သို့သော်လည်း သူသိချင်စိတ်ဖြစ်မိလာသည်။
"ဘာလို့မသတ်မှတ်တာလဲ"
"ဒင်၊ အမှတ် ၅၀၀ နုတ်သည်။"
*ချီး*
'ထပ်နုတ်ပြန်ပြီဟ။ ဒါက ဒုတိယမေးခွန်းဖြစ်သွားတာလား။'
'စောင်စနစ်ကွာ,,, အရင်တုန်းကတော့ သေချင်ယောင်ဆောင်နေပြီးတော့ အမှတ်ဖြတ်ရပြီလည်းဆိုရော မြန်လိုက်တာမှ...'
"လက်ခံသူ၏လက်ရှိအထောက်အထားမှာ ဖေးရှန်ဂိုဏ်းချုပ်ဖြစ်သည်။ ဖေးရှန်ဂိုဏ်းကို ကျီယွဲ့ဂိုဏ်းက တိုက်ခိုက်ခဲ့သည့်အတွက် လက်ခံသူကို တိုက်ခိုက်ခဲ့သည်ဟု စနစ်ကသတ်မှတ်သည်။"
'ဆိုတော့ ဒီလိုပေါ့။ ဖေးရှန်ဂိုဏ်းကို သူ့ကိုယ်ပိုင်အင်အားစုအဖြစ် သတ်မှတ်လိုက်ပြီးနောက်မှာ သူပြန်တိုက်ခိုက်တာကို တန်ပြန်တိုက်ခိုက် လက်စားချေတယ်လို့ သတ်မှတ်နိုင်တာပဲ။'
တန်ပြန်တိုက်ခိုက်မှုသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမဟုတ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်းတစ်မျိုးဟု သတ်မှတ်နိုင်၏။
ဤအချက်ကိုနားလည်သွားပြီးနောက် အစ်ကိုကြီးချန်မှာ ပုန်းလျှိုးကွယ်လျှိုးမနေတော့ဘဲ ပြောင်ပြောင်တင်းတင်းပင် ဝင်ချသွားတော့သည်။
ထိုအချိန်တွင် ကျီယွဲ့ဂိုဏ်း ကောင်စီခန်းမအတွင်း၌ ဂိုဏ်းချုပ်ချီကောင်းဟုန်မှာ ဒေါသူပုန်ထနေလေသည်။
"ဘာတွေဖြစ်သွားတာလဲဆိုတာ ဘယ်သူပြောနိုင်မလဲ... ပြောစမ်း"
"အကြီးအကဲရှု၊ အကြီးအကဲလီနဲ့ အကြီးအကဲဖုန်း ဘယ်လိုသေသွားတာလဲ"
"ဖေးရှန်ဂိုဏ်းက အမြစ်ပြတ်ခါနီးနေပြီလေ... ဒါကိုဘယ်သူလုပ်တာလဲ..."
ကျန်းချန်၏ကပ်ဘေးမိုးကြိုးက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် အကြီးအကဲ ၁၈ ဦးကို တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။
ဖေးရှန်ဂိုဏ်းကိုတိုက်ခိုက်မှုတွင် ကျီယွဲ့ဂိုဏ်းက အဓိကပါဝင်ခဲ့ပြီး သေဆုံးသွားသည့် ၁၈ ဦးတွင် ၇ ဦးက ကျီယွဲ့ဂိုဏ်းမှဖြစ်သည်။ သတင်းမပို့နိုင်မီသေဆုံးသွားကြသော်လည်း ကျီယွဲ့ဂိုဏ်းတွင် ထိုအကြီးအကဲများ၏ အသက်ကျောက်စိမ်းများရှိလေသည်။ အကြီးအကဲ ၇ ဦး၏အသက်ကျောက်စိမ်းများမှာ လတ်တလောတွင် ကွဲကြေသွားခဲ့သဖြင့် အားလုံးသေဆုံးသွားပြီဟု ဆိုလိုလေသည်။
ခန်းမအတွင်းရှိ အကြီးအကဲများမှာလည်း မျက်နှာမကောင်းကြပေ။ ကျီယွဲ့ဂိုဏ်းတည်ထောင်ပြီးသည့်အချိန်မှစ၍ ထိုသို့သောဆုံးရှုံးမှုမျိုးကို မကြုံဖူးသေးပါ။
သို့သော်လည်း မည်သူမျှတိုက်ခိုက်ရန် မပြောရဲကြ။ သူတို့ကအားနည်းနေခြင်းမဟုတ်၊ အကျင့်မကောင်း၍လည်းမဟုတ်။ သူတို့က ထိုမျှအထိ တုံးအမနေကြပေ။ အသက်ကျောက်စိမ်း ၇ ခုလုံး တစ်ပြိုင်တည်းကွဲကြေသွားခြင်းဖြစ်ရာ ၇ ဦးလုံး တစ်ချိန်တည်းသေသွားခြင်းဖြစ်၏။ ထိုသို့သောအခြေအနေမျိုးကို မကြုံဖူးကြ၊ ကြားပင်မကြားဖူးကြချေ။
ထိုသို့ပြုလုပ်ရန်အတွက် ရန်သူကမည်မျှအားကြီးနေမည်နည်း။ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တော့ မဟုတ်တာသေချာသည်။ မဆင်မချင်လုပ်ဆောင်ခြင်းသည် သေခြင်းတရားကိုရှာဖွေခြင်းဖြစ်ကြောင်း သေချာသိရှိထားကြသည်။
"ဒီကိစ္စကို သေချာဆွေးနွေးရမယ်"
"အခြေအနေကိုထောက်လှမ်းဖို့ ဖေးရှန်ဂိုဏ်းကို လူလွှတ်သင့်တယ်လို့ အကြံပြုလိုပါတယ်..."
အကြီးအကဲများအားလုံး ဆွေးနွေးတိုင်ပင်နေကြပြီး ဤကိစ္စ၏နောက်ကွယ်မှလက်မဲကြီးကို ဖော်ထုတ်ရန်ကြိုးပမ်းနေကြလေသည်။
"ဖေးရှန်ဂိုဏ်းမှာ လူသိပ်မကျန်တော့ဘူး၊ ဒါကြောင့် ဒီကိစ္စက တစ်ခြားရန်သူဖြစ်ရမယ်..."
"ဟုတ်တယ်... ဖေးရှန်ဂိုဏ်းမှာသာ ဒီလိုအစွမ်းထက်တဲ့အကူမျိုးရှိနေရင် အခုအခြေအနေအထိ ဖြစ်မှာမဟုတ်ဘူး"
"ဘယ်သူများဖြစ်မလဲ... တွမ့်မူမိသားစုများလား..."
"ဖြစ်နိုင်တယ်... သူတို့က ဟိုဖက်အဖွဲ့ကဆိုတော့လေ"
"ဒါမှမဟုတ် ချီရီဂိုဏ်းကို အကူအညီတောင်းကြမလား"
ချင်လန်စီရင်စုရှိ ဂိုဏ်းငယ်လေးများနှင့် အလယ်အဆင့်ဂိုဏ်းများကို အဖွဲ့နှစ်ဖွဲ့အဖြစ် ခွဲခြားနိုင်သည်။
တစ်ဖွဲ့ကို ချီရီဂိုဏ်းက ဦးဆောင်ပြီး ဖေးရှန်ဂိုဏ်းကိုတိုက်ခိုက်ခဲ့သည့် ဂိုဏ်းလေးဂိုဏ်းကို ဤအဖွဲ့ဝင်များအဖြစ် သတ်မှတ်နိုင်သည်။ ထိုဂိုဏ်းများသည် ချီရီဂိုဏ်း၏ဦးဆောင်မှုနောက်ကို အမြဲလိုက်ပါကြသူများဖြစ်သည်။
အခြားတစ်ဖွဲ့ကို တွမ့်မူမိသားစုက ဦးဆောင်ပြီး ဖေးရှန်ဂိုဏ်းမှာ ထိုအဖွဲ့မှဖြစ်သည်။
ချီရီဂိုဏ်းနှင့် တွမ့်မူမိသားစုနှစ်ဖက်လုံးတွင် ဝိညာဉ်အခြေတည်အဆင့် တစ်ဦးနှင့်အထက်စီရှိကြပြီး ၎င်းတို့၏ခွန်အားမှာ အခြားသော ဂိုဏ်းလတ်၊ ဂိုဏ်းငယ်များစွာ ပေါင်းစည်းထားသည်ထက်ပိုသေးသည်။
ဤဂိုဏ်းလတ်၊ ဂိုဏ်းငယ်များကို မတိုက်ခိုက်ကြခြင်းမှာ ၎င်းတို့နှစ်ဖွဲ့ တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေကြခြင်းကြောင့်ဖြစ်သည်။
ချီရီဂိုဏ်းက ချင်လန်စီရင်စုကို စုစည်းပြီးတစ်ဦးတည်းချုပ်ကိုင်လိုပါက တွမ့်မူမိသားစုက သဘောတူမည်မဟုတ်ပေ။ ထို့နည်းတူပင် တွမ့်မူမိသားစုက စိုးမိုးလိုလျှင်လည်း ချီရီဂိုဏ်းက သဘောမတူနိုင်ပေ။
ထို့ကြောင့် အဓိကအင်အားစုကြီးနှစ်ခုသည် ဂိုဏ်းလတ်၊ ဂိုဏ်းငယ်များကို အဖွဲ့ဖွဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် လွှမ်းမိုးနိုင်စွမ်း ယှဉ်ပြိုင်နေကြသည်ဟုဆိုနိုင်သည်။
ကျီယွဲ့ဂိုဏ်းသည် ချီရီဂိုဏ်းထံသို့ နှစ်စဉ် 'ကာကွယ်ကြေး' အဖြစ် အရင်းအမြစ်များစွာ ဆက်သရသည်။
မည်သည့်ကမ္ဘာတွင်မဆို 'ကာကွယ်ကြေး' ဆိုသည်မှာ အမှန်တကယ်ကာကွယ်ပေးမည်ဟု မဆိုလိုပေ။ ကျီယွဲ့ဂိုဏ်းကို မတိုက်ခိုက်ပါဟုသာ ဆိုလိုသည်။
တစ်ဖက်တွင်လည်း ဖေးရှန်ဂိုဏ်းမှာ တွမ့်မူမိသားစုထံ နှစ်စဉ်ဆက်ကြေးပေးရလေသည်။
အချုပ်ဆိုရလျှင် ဤဂိုဏ်းလတ်၊ ဂိုဏ်းငယ်များမှာ အဓိကအင်အားစုကြီးနှစ်ခုအတွက် နှစ်စဉ်ရိတ်သိမ်းသော စပါးခင်းများဖြစ်၏။
ထို့ကြောင့် တစ်ဖက်အဖွဲ့ကိုအားနည်းစေလိုလျှင် ရန်သူ့အဖွဲ့ရှိဂိုဏ်းများကို တိုက်ခိုက်ကြလေသည်။
ဖေးရှန်ဂိုဏ်းသုတ်သင်ခံရခြင်းသည် တွမ့်မူမိသားစုအတွက် နှစ်စဉ်ကြေးပေးဆောင်မည့်အဖွဲ့တစ်ဖွဲ့လျော့သွားခြင်းဖြစ်ပြီး ဤသို့ဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ရှင်းလင်းရင်း တစ်ဖြည်းဖြည်းနှင့် အားနည်းသွားစေမည်ဖြစ်သည်။
ကျီယွဲ့ဂိုဏ်းသည်လည်း အခြားဂိုဏ်းသုံးဂိုဏ်းနှင့် ပူးပေါင်းနိုင်ခြင်းမှာ ချီရီဂိုဏ်း၏ ထိန်းချုပ်မှုကြောင့်ဖြစ်ပြီး ဖေးရှန်ဂိုဏ်း ပိုင်ဆိုင်မျှ၏ ၇၀ ရာခိုင်နှုန်းကို ချီရီဂိုဏ်းထံဆက်သရမည်ဖြစ်သည်။
ကျီယွဲ့ဂိုဏ်းအကြီးအကဲများက ချီရီဂိုဏ်းထံအကူအညီတောင်းရန် ပြောဆိုနေသည့်အချိန်မှာပင် ကျန်းချန်မှာ ဂိတ်တံခါးဝသို့ ရောက်လာလေသည်။
"မင်းဘယ်သူလဲ"
"ဒီနေရာက ဂိုဏ်းရဲ့အရေးကြီးတဲ့နေရာပဲ၊ နာမည်ပြောစမ်း"
ဂိတ်ကိုစောင့်နေသည့်တပည့်လေးယောက် ရှေ့ထွက်လာပြီး ကျန်းချန်တို့ကိုတား၏။
ကျန်းချန်ပြန်မဖြေနိုင်ခင်မှာပင် အကြီးအကဲလျန်ကိုတွေ့သွားပြီး ဦးဆောင်လာသည့်တပည့်က ထအော်လေသည်။
"ဒီလူက လျန်တ၊ ဖေးရှန်ဂိုဏ်းက အကြီးအကဲပဲ"
"ဘာ..."
"ဖေးရှန်ဂိုဏ်းသားလား"
တပည့်လေးယောက်မှာ ဓားဆွဲထုတ်၍ ကျန်းချန်တို့ကိုဝိုင်ထားလေတော့သည်။
"ငါက ဖေးရှန်ဂိုဏ်းချုပ်ပဲ... မင်းတို့ဂိုဏ်းချုပ်ကို ထွက်လာပြီး ငါ့ကိုဒူးထောက်ကြိုဆိုဖို့ သွားပြောလိုက်စမ်း..."
ကျန်းချန်စကားပြောလိုက်သည်နှင့် အကြီးအကဲလျန်မှာ သွေးအန်လုမတတ်ဖြစ်သွားသည်။
အစ်ကိုကြီး ကျွန်တော်တို့က အထဲတောင်မရောက်သေးဘူးလေ၊ ငါတို့ဘယ်သူလဲဆိုတာ ပြောလိုက်ပြီလား။
ဒါကြီးက မောက်မာလွန်းနေတာမဟုတ်လား။
သို့သော်လည်း ထိုကြောက်မက်ဖွယ် 'မိုးကြိုးထိန်းချုပ်နည်းစနစ်' အကြောင်း ပြန်တွေးမိသည့်အခါ ဂိုဏ်းချုပ်တွင် မောက်မာပိုင်ခွင့်ရှိနေလေသည်။
"မင်းက... ဂိုဏ်းချုပ်လား..."
"ဝိုင်းထား... သူ့ကိုမပြေးစေနဲ့"
"သတင်းပို့လိုက်"
တပည့်လေးဦး သတင်းပို့ပြီးပြီးချင်းတွင် ကျန်းချန် ဓားဆွဲထုတ်လိုက်လေသည်။
"မသေခင်မှာကို စကားများနေကြသေးတာပဲနော်..."