← Chapters

မျက်စိသုံးလုံး ကျားဘုရင်

Vol. 2 Ch. 19

မျက်စိသုံးလုံး ကျားဘုရင်

Vol. 2 Ch. 19

"ဘာ... အကြီးအကဲကျောက်က ဒီလောက်မြန်မြန် အသတ်ခံလိုက်ရတာလား"

ချီကောင်းဟုန် ကြောက်လန့်တကြား နောက်လှည့်ကာ ထွက်ပြေးလုနီးပါး ဖြစ်သွားသည်။ သူ့ဘေးနားရှိ အကြီးအကဲ နှစ်ဦးမှာမူ မီတာရာချီအဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားကြလေပြီ။

သို့သော် ထိုအချိန်တွင် အခြေအနေမှာ ထင်သလိုမဟုတ်ကြောင်း လူတိုင်း သတိပြုမိသွား၏။ ကျောက်ချူးယန် မတ်တပ်ရပ်နေဆဲဖြစ်ပြီး လဲကျသွားသူမှာ ကျန်းချန် ဖြစ်နေသည်။

သူ့နှလုံးသားမှာ ထိုးဖောက်ခံထားရပြီး လုံးဝသေဆုံးသွားပြီဖြစ်သည်။ ကျန်းချန်ကို သတ်လိုက်သည့် ကျောက်ချူးယန်ကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဘဲ မှင်တက်နေမိသည်။

ကျန်းချန်သည် ကျောက်ချူးယန်ထက် အဆင့်လေးဆင့် ပိုနိမ့်နေရုံသာမက တိုက်ခိုက်လိုစိတ်မရှိဘဲ သေမင်းကိုသာ တမင်ရှာဖွေနေခဲ့ခြင်းကြောင့် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခြင်းဖြစ်သည်။

'ဟင်... ဘာ... ဘာတွေဖြစ်ကုန်တာလဲ'

'ဒါဆို ဒီကောင်က တကယ်ပဲ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်လေးပဲရှိတာလား'

'သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားတဲ့ ဝိညာဉ်အခြေတည်အဆင့် ပညာရှင် မဟုတ်ဘူးပေါ့လေ'

'ဒါဆို ငါက ခုနက ဘာကို ဒီလောက်တောင် ကြောက်နေခဲ့တာလဲ'

ချီကောင်းဟုန်သည် အရှက်ရမှုနှင့် ဒေါသကြောင့် ဆံပင်များ ထောင်ထွက်မတတ် ဖြစ်သွားပြီး စိတ်ထဲတွင် ယုတ်မာသောအကြံများ ပေါ်လာတော့သည်။ ကျန်ရှိသော အကြီးအကဲများကလည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ဓားများကို ဆွဲထုတ်လိုက်ကြသည်။

သူတို့၏ ပစ်မှတ်မှာ ကျန်းချန်၏ တစ်ဦးတည်းသောအဖော်ဖြစ်သည့် အကြီးအကဲလျန်တဖြစ်သည်။

ဤအတွက်ကြောင့် ကျန်းချန်က သူ့ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ ဤလျန်တသည် တပည့်များကိုလိမ်ညာရန် ကြိုးစားခဲ့ရုံသာမက သစ္စာမရှိသည့်အပြင် မကောင်းသော ရည်ရွယ်ချက်များကိုသာ ထားရှိသူဖြစ်သည်။ ဤကဲ့သို့သောလူစားမျိုးကို အသက်ရှင်ခွင့် မပေးသင့်ပေ။

သို့သော်လည်း ဖေးရှန်ဂိုဏ်းအတွင်း သူ့ကိုသတ်မိလျှင် အသက်ပြန်ရှင်ရန် အခွင့်အရေးတစ်ခု ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ ထို့အပြင် ကျိလင်းဟန်နှင့် တပည့်များရှေ့တွင် မိမိဂိုဏ်း၏ အကြီးအကဲတစ်ဦးကို သတ်ဖြတ်ခြင်းသည် တပည့်များ၏ သစ္စာရှိမှုကို ထိခိုက်နိုင်သည်။

ထို့ကြောင့် သူ့ကို ဤနေရာသို့ ခေါ်လာပြီး ရှင်းလင်းပစ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"လျန်တ... မင်း ဘယ်လိုသေချင်လဲ"

ချီကောင်းဟုန်က အေးစက်စက် အပြုံးဖြင့် မေးလိုက်သည်။

"ငါ... ငါ..."

လျန်တ အကြီးအကျယ် ထိတ်လန့်သွားသည်။

သူသည် ကျန်းချန်၏ အလောင်းကို ကြည့်ရင်း အခြေအနေမှာ ဤသို့ဖြစ်မလာသင့်ဟု တွေးနေမိသည်။

ကျန်းချန်က လူသတ်ပွဲဆင်နွှဲပြီး သူက ဘေးမှနေ၍ အကျိုးအမြတ် လိုက်ယူရမည်မဟုတ်လော။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်... အသက်ရှင်နေသေးတယ်မလား"

သူသည် အော်ဟစ်ရင်း မသိမသာနောက်ဆုတ်သွားသည်။

"သေချင်ဟန်ဆောင်မနေနဲ့တော့... ခင်ဗျားမှာ နောက်ထပ် နည်းလမ်းတစ်ခုခု ရှိနေဦးမှာပါ... ဟုတ်တယ်မလား"

ကံဆိုးစွာပင် ကျန်းချန်မှာ အမှန်တကယ် သေဆုံးနေပြီဖြစ်သည်။

သူ အသက်ပြန်ရှင်ရန် ၁၀ စက္ကန့်ခန့် လိုသေးသည်။

ဤ ၁၀ စက္ကန့်သည် ကျီယွဲ့ဂိုဏ်းအကြီးအကဲများအတွက် လျန်တကို အကြိမ်ပေါင်းများစွာ သတ်ရန် လုံလောက်သော အချိန်ဖြစ်သည်။

"လျန်တ... မင်းမှာ တစ်ခုခု အားကိုးစရာ ရှိနေတယ်လို့ ငါထင်ခဲ့တာ"

"မင်း တကယ်ပဲ ရူးနေတာပဲ"

ထိုအချိန်တွင် လျန်တအတွက် ထွက်ပြေးစရာ လမ်းမရှိတော့ပေ။

"ဒီကိစ္စက ငါနဲ့မဆိုင်ဘူး... ဒီကောင်လေးက အဓိကတရားခံပါ... ငါက ခိုင်းတာလုပ်ရုံသက်သက်ပါ"

"ငါ့ကို အတင်းအကျပ် ခိုင်းတာပါ... ရွေးချယ်စရာမရှိလို့ပါ... ငါ့မှာ အပြစ်မရှိပါဘူး"

သူ့၏ အော်ဟစ် တောင်းပန်မှုများမှာ အချည်းနှီးသာ ဖြစ်သည်။

"အတင်းအကျပ်ခိုင်းတာ ဟုတ်လား"

"အပြစ်မရှိဘူး ဟုတ်လား"

"မင်းရဲ့ ဓားမှာ ငါတို့ဂိုဏ်းသားတွေရဲ့ သွေးတွေ စိုရွှဲနေတုန်းပဲ"

"ခုနကတော့ ငါတို့ကို အမှိုက်တွေလို့ ခေါ်ပြီး သတ်ရတာ ပျော်နေတာမဟုတ်လား"

အကြီးအကဲလျန် ရှုံ့မဲ့သွားသည်။ သူ ယခုမည်မျှခက်ထန်ဟန်ဆောင်ပါစေ... မကြာမီတွင် ထိုထက်မက ဆိုးရွားစွာ ခံစားရတော့မည် ဖြစ်သည်။

"သူ့ကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ပစ်ကြ"

ချီကောင်းဟုန်က ရှေ့ဆုံးမှ ပြေးထွက်သွားပြီး အခြားအကြီးအကဲများကလည်း ဝိုင်းအုံ တိုက်ခိုက်ကြတော့သည်။

လျန်တမှာ တစ်စက္ကန့်ပင်မခုခံနိုင်ဘဲ ဓားချက်ပေါင်းများစွာဖြင့် အပိုင်းပိုင်းပြတ်သွားလေတော့သည်။

ထိုအချိန်တွင် ကျန်းချန်သည် ဝိညာဉ်အဖြစ်နှင့် စနစ်ထံမှဆုလာဘ်ကို စောင့်ဆိုင်းနေလေသည်။

"ဒင်... လက်ခံသူ သေဆုံးသွားပါပြီ။ စနစ်သည် ရန်သူ၏အင်အားကိုခွဲခြမ်းစိတ်ဖြာပြီး လက်ခံသူအတွက် အသက်ပြန်ရှင်ရန် စီစဉ်နေသည်။ လက်ခံသူသည် 'ဆင့်ခေါ်အဆောင်' တစ်ခု ရရှိပါသည်။ ၎င်းသည် အင်အားကြီးအကူတစ်ဦးကို တစ်ကြိမ်တာဝန်ထမ်းဆောင်ရန် ကျပန်းဆင့်ခေါ်ပေးနိုင်ပါသည်။"

"အင်အားကြီးအကူ ဟုတ်လား..."

ကျန်းချန်က မကျေမနပ် ဖြစ်သွားသည်။ အဘယ်ကြောင့် သူ့ကို ဝိညာဉ်အခြေတည်အဆင့်နှင့်အထက်အဆင့်သို့ တိုက်ရိုက်မြှင့်တင်မပေးရသနည်း။ အစ်ကိုကြီးချန်မှာ ကိုယ်တိုင် လက်စွမ်းပြသတ်ဖြတ်ချင်သည် မဟုတ်လား။

သို့သော် သူလောဘကြီးလွန်းနေခြင်းဖြစ်သည်။ အသက်ပြန်ရှင်နိုင်ပြီး ရန်သူကို အနိုင်ယူနိုင်ခြင်းမှာ လူများစွာကလိုချင်သော်လည်း မရရှိနိုင်သော အရာဖြစ်သည်။

"ဒင်... လက်ခံသူအသက်ပြန်ရှင်ပါပြီ"

"ဟမ်..."

ချီကောင်းဟုန်နှင့် အခြားသူများသည် လျန်တကိုသတ်ပြီးနောက် အလောင်းနှစ်ခုကို သားရဲများကျွေးရန်အတွက် တောင်ပေါ်သို့ဆွဲသွားရန် ပြင်ဆင်နေစဉ် ကျန်းချန် ပြန်လည် မတ်တပ်ရပ်လာသည်ကို တွေ့လိုက်ရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျောက်ချူးယန်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

"ငါ သူ့ကို အသေသတ်လိုက်တာလေ"

"ဘာမှ မဖြစ်ဘူး"

ချီကောင်းဟုန်က လက်ကို မြှောက်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"သူ့ရဲ့ ကျင့်စဉ်က ငါတို့ကိုလှည့်စားဖို့ အရမ်းနိမ့်လွန်းတယ်... ငါကိုယ်တိုင်ပဲ သတ်ပြမယ်"

ယခင်က ကျန်းချန်ကို ပညာရှင်တစ်ယောက်ဟု ထင်ပြီး သူ မလှုပ်ရဲခဲ့ပေ။ ယခုအခါတွင်မူ သူ၏မျက်နှာပြန်ရရန် ကျန်းချန်ကို ကိုယ်တိုင် သတ်ပေတော့မည်။

ကျန်းချန်က ထိုအခွင့်အရေးကို မပေးနိုင်ပေ။ ဆင့်ခေါ်အဆောင်ကို ချက်ချင်းချေမွှလိုက်တော့သည်။

........................................................................................................................

အလွန်ဝေးကွာသောနေရာတစ်ခုရှိ တောင်တန်းကြီးများရှိရာ တောနက်ထဲတွင် တိမ်တိုက်များလွင့်မျောနေပြီး အေးစက်သောလေပြင်းများ တိုက်ခတ်နေသည်။ တောင်ကြားတစ်ခုအတွင်း၌ ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံများ ရံဖန်ရံခါ ထွက်ပေါ်နေသည်။

ကောင်းကင်ယံထက်တွင် လှပသောမျက်နှာရှိသော်လည်း ဦးခေါင်းတွင် အမွှေးပွနားရွက်ရှည်နှစ်ခုရှိသည့် အမျိုးသမီးတစ်ဦးသည် သူ၏ ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်းနေပြီး ပန်းရောင်အလင်းတန်းများမှာ တောင်ကြားအတွင်းသို့ မိုးစက်မိုးပေါက်များလိုကျဆင်းနေလေသည်။

တောင်များပြိုကျကာ ကမ္ဘာမြေကြီးလှုပ်ခါနေပြီး ဖုန်တထောင်းထောင်းထနေတော့သည်။

ထိုကြီးမားလှသော အင်အားအောက်တွင် မိုင်ပေါင်း တစ်ထောင်အတွင်းရှိ မိစ္ဆာသားရဲများမှာ ကြောက်လန့်တကြား ထွက်ပြေးနေကြ၏။

"မျက်စိသုံးလုံးကျား... ထွက်လာပြီး အသေခံစမ်း"

"ဘယ်အချိန်အထိ ပုန်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့"

"သူရဲဘောကြောင်တဲ့ကောင်"

ထိုကြည်လင်လှသောအသံမှာ တောင်တန်းတစ်ခွင် ပဲ့တင်ထပ်သွားပြီး အဝေးရှိ မိစ္ဆာကြီးအချို့မှာ ထိုအသံကို ကြားရသောအခါ ခေါင်းခါလိုက်ကြသည်။ နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီပေါ့။

နှစ်တစ်ရာတိုင်းတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး အမြဲရှိတတ်သည်။ ထိုအချိန်တိုင်း သူတို့မှာ ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းကြရ၏။ အဝေးတွင် သားရဲဒီရေလှိုင်းတစ်ခု ပေါ်လာတော့မည်မှန်း ကြိုသိနေကြလေပြီ။

ကောင်းကင်ယံရှိ ယုန်နားရွက်နှင့် လှပသော အမျိုးသမီးမှာ တခြားသူမဟုတ်ဘဲ နတ်မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင် ၁၂ ပါးထဲမှ တစ်ပါးဖြစ်သော ငွေလရောင်နှင်းယုန်ဘုရင်မ ဖြစ်သည်။

သူ၏ နတ်အစွမ်းမှာ သန်မာလွန်းလှပြီး သူတို့ထက်အဆင့်များစွာမြင့်ကာ ဤဒေသတွင် ထိပ်တန်းအဆင့်ရှိသူ ဖြစ်သည်။

တောင်ကြားအတွင်းရှိ အကာအကွယ် အစီအရင်တစ်ခုမှာ နှင်းယုန်ဘုရင်မ၏ တိုက်ခိုက်မှုကို ခံနေရသည်။ ကမ္ဘာပျက်လောက်သည့်တိုက်ခိုက်မှုများကို ခံနေရသော်လည်း ထိုအစီအရင်မှာ အလင်းတန်းများစီးဆင်းနေပြီး အလွန်မာကျောလှသည်။

"နင် အထဲမှာရှိတာ သိတယ်"

"ဘယ်လောက်ကြာကြာပုန်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့"

"ကျားမျိုးနွယ်ကို လုံးဝအရှက်ရစေတဲ့အကောင်..."

အစီအရင်အတွင်းတွင် ခမ်းနားထည်ဝါသော မြေအောက်နန်းတော်တစ်ခု ရှိသည်။

နဖူးတွင် အစင်းကြောင်းများမရှိဘဲ အလျားလိုက်မျက်လုံးတစ်လုံးရှိသည့် ကျားခေါင်းနှင့် မိစ္ဆာသားရဲတစ်ကောင်သည် ဧရာမကျောက်စိမ်းနီ ခုတင်ကြီးပေါ်တွင် အိပ်မောကျနေသည်။ အပြင်ဘက်မှ ဆဲဆိုသံများကို ကြားရသော်လည်း သူက ဂရုမစိုက်ပေ။

ခန်းမအတွင်း၌ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး လူပုံသဏ္ဌာန် ဖန်တီးလိုက်သည်။ ဤသူမှာ မျက်လုံးသုံးလုံး ကျားဘုရင်၏ လုပ်ရည်ကိုင်ရည်အရှိဆုံးသောလက်ထောက်... အကြံပေး ချန်ကွေ့ ဖြစ်သည်။

"ဘုရင်ကြီး... အပြင်ထွက်ပြီး မတိုက်ခိုက်တော့ဘူးလား..."

အိုမင်းသောအသံထဲတွင် သက်ပြင်းချသံ ပါဝင်နေသည်။

"ငါ အိပ်နေတာ မတွေ့ဘူးလား"

ကျားဘုရင်က လှည့်မကြည့်ဘဲ ပြန်ပြောလိုက်၏။

ချန်ကွေ့မှာ မျက်ရည်ကျချင်စိတ် ပေါက်သွားသည်။ နတ်မိစ္ဆာနယ်မြေတွင် မိစ္ဆာဘုရင် ၁၂ ပါးရှိပြီး ထိုရာထူးများမှာ မျိုးရိုးလိုက်ဆက်ခံရခြင်းဖြစ်သည်။ ချန်ကွေ့သည် ယခင်ကျားဘုရင်၏ ယုံကြည်ရသူဖြစ်ခဲ့ပြီး ယခုကျားဘုရင်ကို ငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့သူဖြစ်သည်။

ဤကျားဘုရင်လေးမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းလုံးလုံး အပျော်အပါး၌သာနစ်မွန်းနေပြီး ကြိုးစားအားထုတ်မှုမရှိခြင်းကြောင့် မိစ္ဆာဘုရင် ၁၂ ပါး အဆင့်သတ်မှတ်ချက်တွင် တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။ ယခင်ကျားဘုရင်လက်ထက်က သူတို့သည် နဂါးဘုရင်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး ဖြစ်ခဲ့သော်လည်း ယခုမူ ဤကျားဘုရင်သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယခင်က အောက်ဆုံးအဆင့်တွင်ရှိခဲ့သည့် နှင်းယုန်ဘုရင်မပင်လျှင် ယခုအခါ သူ့ကို လာရောက်စိန်ခေါ်ဝံ့နေပြီဖြစ်သည်။ ဤသည်မှာ သူတို့အတွက် အလွန်အရှက်ရဖွယ်ကောင်းလှပေသည်။

All Chapters