← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အပိုင်း ( 376 )

နောက်ဆုံးတိုက်ပွဲ ၂

ဂျယ်ရီယန်သည် တစ်စုံတစ်ခုကို ဆက်ပြောချင်နေသေးသည်၊ သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ဘာတွေဖြစ်နေတာလဲ? “

ဂျယ်ရီယန်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

မကြာခင်မှာပင် တစ်စုံတစ်ဦးမှ အလောတကြီး သတင်းပို့လာခဲ့သည် “ ရှေ့တန်းပါ သတင်းပါ !! ရန်သူက တိုက်ပွဲအစီအရင် ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ဆီကို ချီတက်လာနေတယ်လို့ ယူဆရပါတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ဂျယ်ရီယန်၏ အမူအရာသည် ချက်ချင်းလေးနက်သွားခဲ့သည်။

ရန်သူများ ချီတက်လာလေပြီ !!

၎င်းမှာ တိုက်ပွဲ စတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည် !!

သူသည် လေးလေးနက်နက် ပြောလိုက်သည် “ ငါ့အမိန့်ကို ဖြန့်လိုက်၊ တစ်တပ်လုံး ပုံစံပြင်ပြီးတော့ ရန်သူကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြ “

“ ဟုတ် !! “

ထိုလူထွက်သွားသည့်နောက်တွင် ရှုကျိုးမှာလည်း တလေးတနက်ဖြစ်သွားတော့သည်၊ သူသည် လာမည့်တိုက်ပွဲက အရေးကြီးသည့် ဗျူဟာတစ်ခုအား ဆုံးဖြတ်ပေးသွားမည်ဆိုသည်ကို သိနေခဲ့သည်။

“ ညီအစ်ကိုရှု၊ အခုတော့ မင်းကို အားကိုးပါတယ်ကွာ “ ဂျယ်ရီယန်သည် သူ့ကို လှည့်ကြည့်လာခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော့်ဆီကိုသာ လွှဲထားလိုက်ပါ “

…

ကွမ်ဟန်၏ အကန့်အသတ်မဲ့ ရေခဲပြင်ကမ္ဘာကြီး၊ ကမ္ဘာသည် ကျယ်ဝန်းကာ လူသူကင်းမဲ့နေခဲ့သည်။

ဂျယ်ရီယန်၏ အမိန့်များအောက်တွင် ကြယ်ပြာဂြိုဟ် စစ်တပ်သည် တိုက်ပွဲအစီအရင်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ပြီး၊ ကမ္ဘာ့ကြယ် စစ်တပ်ကို ရင်ဆိုင်နေတော့သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့ကြယ် စစ်တပ်မှာလည်း ရှေ့သို့ စတင်၍ ချီတက်လာနေပြီဖြစ်ကာ၊ လွှမ်းမိုးကြီးစိုးသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့သည်။

ယခင်က ရှုကျိုးသည် နယ်မြေ ၄၅ရှိ ကမ္ဘာ့ကြယ် တပ်စခန်းတွင် စတုတ္ထအဆင့် ပညာရှင်နှစ်ယောက်၊ တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက် ၅၀ကျော်နှင့် ကျန်လူများက အလယ်အလတ် တတိယအဆင့်အောက်ရှိ သိုင်းပညာရှင်များ ပါဝင်ပြီး၊ စုစုပေါင်းအနေဖြင့် လူ၄၀၀မျှသာ ရှိသည်ကို သိထားခဲ့ရသည်။

သို့ရာတွင် ယခုလက်ရှိ အခြေအနေကမူ ထိုကဲ့သို့ ဟုတ်ပုံမပေါ်ပေ။

အရှေ့ရှိ လူထူထဲပြည့်ကြပ်နေသည့် လူအုပ်ကြီးကို အကဲခတ်ကြည့်ရခြင်းအားဖြင့် အင်အားသည် အနည်းဆုံးအနေဖြင့် ၁၀၀၀နီးပါးအထိပင် ရှိနေနိုင်လေသည်။

ရှုကျိုးနှင့် ဂျယ်ရီယန်တို့ကမူ ၎င်းတို့ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်၊ သူတို့သည် ရန်သူက အမျိုးမျိုးသော စစ်နယ်မြေများမှ စစ်ကူများ စုဆောင်းထားသည်ဆိုသည်ကို မျှော်လင့်ထားခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် တစ်ခြားလူများကမူ တအံ့တဩဖြစ်သွားကြသည်။

“ ဘာတွေဖြစ်နေတာလဲဟ? ရန်သူ့တပ်ထဲမှာ ဘာလို့ အင်အားအများကြီး ရှိနေရတာလဲ?? “

“ သိုင်းပညာရှင် အယောက် ၁၀၀၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ တိုက်ပွဲအစီအရင်က အဆင့်၅ ပညာရှင်ကိုတောင် အပြတ်ရှင်းဖို့ လုံလောက်တယ် “

အားလုံးသည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အကယ်၍ လူအယောက် ၄၀၀ဖြင့် ဖွဲ့စည်းထားသည့် တိုက်ပွဲအစီအရင်သာဆိုပါက သူတို့ ကိုင်တွယ်နိုင်သေးသည်။

သို့သော် ယခု၌ ရန်သူများစွာ ရုတ်တရက် ပေါ်လာခဲ့သောကြောင့် သူတို့ တိုက်ပွဲအစီအရင်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသွားမည် ဖြစ်သည်။

ဗစ်ခရမ်၏ မျက်နှာကပင် အနည်းငယ် ဖြူဖျော့သွားခဲ့သည် “ ချီးပဲ၊ ကမ္ဘာ့ကြယ်ဘက်က ဒီနယ်မြေ၄၅ကို နောက်ဆုံးစစ်မြေပြင်အဖြစ် သတ်မှတ်ထားတဲ့ပုံပဲ “

ဤတိုက်ပွဲသည် ကွမ်ဟန်ရှေ့တန်းစစ်မျက်နှာပြင်၏ အောင်နိုင်သူကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။

ယခင်က ကွမ်ဟန်စစ်မျက်နှာပြင်များသည် ကမ္ဘာ့ကြယ်၏ သိမ်းပိုက်ခြင်းကို ခံထားခဲ့ရသည်၊ ယခုတွင်ကား ကြယ်ပြာဂြိုဟ်မှ တန်ပြန်တိုက်ခိုက်ရမည့် အလှည့်ဖြစ်သည်။

အကယ်၍ အောင်မြင်သွားမည်ဆိုပါက၊ ဤတိုက်ပွဲသည် ကြယ်ပြာဂြိုဟ်အတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အောင်မြင်မှုတစ်ခုကို ရသွားစေမည်ဖြစ်ပြီး၊ ကမ္ဘာ့ကြယ်သားများကို အောင်မြင်စွာ မောင်းထုတ်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ကျရှုံးသွားမည်ဆိုပါက ရန်သူ၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံရလိမ့်မည် ဖြစ်သည်။

ဗစ်ခရမ်မှာလည်း ဤတိုက်ပွဲ၏ အရေးပါမှုကို သိနေခဲ့သည်၊ သို့သော် အရှေ့ဘက်ရှိ လူပြည့်ကြပ်ညှပ်နေသော စစ်တပ်ကြီးကို မြင်လိုက်ရသောအခါတွင် သူသည် မအောင့်ထားနိုင်တော့ဘဲ ကျိန်ဆဲလာတော့သည် “ ထီးပဲ၊ ငါတို့က ဒါကြီးကို ဘယ်လိုလုပ် တိုက်ရမှာလဲ?? ငါတို့က လုံးဝနိုင်မှာ မဟုတ်ဘူး “

သူ့ဘေးနားရှိ ဆင်ဖြူသိုင်းပညာရှင်တစ်စုမှာလည်း မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

ကြယ်ပြာဂြိုဟ်ဘက်တွင်မူ လူအင်အား ၃၀၀မျှသာ ပိုင်ဆိုင်ထားခဲ့သည်။

သိုင်းပညာရှင် ၃၀၀မျှသာ ပါဝင်သည့် တပ်ဖွဲ့သည် လူ၁၀၀၀ကျော်ပါဝင်သည့် ရန်သူ့တပ်ဖွဲ့ကြီးကို မည်သို့မျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

အရေးအကြီးဆုံးအရာမှာ ရန်သူ့တပ်ဖွဲ့ကို စတုတ္ထအဆင့်ပညာရှင်နှစ်ဦးက ကွပ်ကဲနေခြင်းဖြစ်သည်။

“ ဘုမ်းးး !! “ “ ဘုမ်းးး !! “ “ ဘုမ်းးး !! “ …….

ထိုအချိန်၌ အစွမ်းထက် အရှိန်အဝါများသည် ကမ္ဘာ့ကြယ်တပ်စခန်းဘက်မှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဤတစ်ကြိမ်၌ ဂျယ်ရီယန်၏ အမူအရာပင် ပြောင်းလဲသွားခဲ့သည်။

“ အဆင့်၄ပညာရှင် ၅ယောက်လား? “

ကမ္ဘာ့ကြယ် စစ်တပ်ဘက်၌ အလင်းတန်းငါးခုသည် ကောင်းကင်ထက်သို့ ထောင်ထက်နေကာ၊ သူတို့အားလုံးသည် စတုတ္ထအဆင့်နယ်ပယ်မှ ပညာရှင်များ ဖြစ်ပြီး၊ အစွမ်းထက် ဖိအားမှာလည် စစ်မြေပြင်ကို ဖုံးလွှမ်းနေခဲ့သည်။

သူတို့သည် တွေဝေတုံ့ဆိုင်းမှု မရှိဘဲ သူတို့၏ အင်အားကို ထုတ်ဖော်ပြသခဲ့ကြသည်၊ သူတို့က ဤတိုက်ပွဲကို အနိုင်ရမည်ဟု ယုံကြည်နေသည်မှာ သိသာလွန်းနေခဲ့သည်။

စတုတ္ထအဆင့် ပညာရှင် ၅ဦးနှင့် လူတစ်ထောင်ပါဝင်သည့် တိုက်ပွဲအစီအရင်တစ်ခု၊ ကမ္ဘာ့ကြယ်သည် ဤတိုက်ပွဲကို သေချာပေါက် နိုင်သွားပေလိမ့်မည်။

ကြယ်ပြာဂြိုဟ် တပ်စခန်းရှိ လူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ဂျယ်ရီယန်၏ မျက်နှာကပင် အနည်းငယ် မှုန်မှိုင်းသွားခဲ့သည် “ အဆင့်၄ ပညာရှင် ငါးယောက်၊ ဒါက ပြဿနာတော့ တက်ပြီထင်တယ် ……. “

လူတစ်ထောင် ပါဝင်သည့် တိုက်ပွဲအစီအရင်လေးတစ်ခုသာဆိုပါက သေးငယ်သော အခွင့်အလမ်းတစ်ခု ရှိနေစဲဖြစ်သည်။

သို့သော် စတုတ္ထအဆင့် ပညာရှင်ငါးဦးကိုပါ တွဲစပ်လိုက်မည်ဆိုပါက မည်သည့်မျှော်လင့်ချက်မှ ရှိတော့မည် မဟုတ်ပေ။

တပ်မှူးဖြစ်သည့်သူကပင် ထိုကဲ့သို့ဖြစ်နေသောကြောင့် ကျန်လူများသာဆိုပါက အထူးတလည် ပြောဆိုနေရန် လိုတော့မည် မဟုတ်ပေ။

ဗစ်ခရမ်သည် တုန်လှုပ်သွားခဲ့ပြီး၊ စကားတစ်ခွန်းမှ မပြောဘဲ အနောက်သို့ လှည့်ပြေးသွားတော့သည်။

သူသည် ရှုံးနိမ့်မှာ သေချာနေသည့် တိုက်ပွဲထဲတွင် ဝင်ပါမည် မဟုတ်ပေ၊ ဤနေရာတွင် စွန့်လွှတ်အနစ်နာခံလိုက်ခြင်းသည် မိုက်မဲရာကျသွားလိမ့်မည် ဖြစ်သည်။

သို့သော် သူထွက်ပြေးသွားသည့် အချိန်မှာပင်

မီးလျှံများဖြင့် တောက်လောက်နေသည့် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။

ပေါက်ကွဲသံကြီးနှင့်အတူ ဟင်းလင်းပြင်ပင် ဆုတ်ပြဲသွားခဲ့သည်။

“ ရှုကျိုး !! “ ဗစ်ခရမ်မှ ဟိန်းဟောက်လိုက်ပြီး၊ သူဓားကို လွှဲရမ်း၍ တိုက်ခိုက်မှုကို ရင်ဆိုင်ကာ အော်ပြောလာခဲ့သည် “ မင်းသေချင်နေတာလား? “

“ စစ်ပြေးလုပ်ရင် ခေါင်းဖြတ်ခံရမယ် “

ရှုကျိုးသည် အေးအေးလူလူ ပြောလာခဲ့ပြီး၊ သူ၏လက်ကို မြှောက်ကာ မီးလျှံဓားအလင်းတန်းဖြင့် ခုတ်ချလိုက်သည်။

အလင်းတန်းနှစ်ခု တိုက်မိသွားတော့သည်။

မီးလျှံဓား၏ အရှိန်အဟုန် မြင့်တက်လာခဲ့ပြီး၊ အားကောင်းသော မီးတောက်များ ပိုမိုပေါက်ထွက်လာခဲ့ရာ ဗစ်ခရမ်၏ဓားသည် မီးလျှံများကြောင့် ချက်ချင်း အရည်ပျော်ကာ ကွဲအက်သွားတော့သည်။

ဓားရှည်သည် တားဆီးမရ ဖျက်စီး၍ မရနိုင်သော စွမ်းအားမျိုးဖြင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းသွားတော့သည်။

“ ဆွပ်ရှ် !!! “

ဓားအလင်းတန်း ဖြတ်သန်းသွားမှုနှင့်အတူ ဦးခေါင်းတစ်လုံးသည် ကောင်းကင်ယံသို့ ပျံတက်လာခဲ့သည်။

ဆူညံနေသော ကွင်းပြင်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း ကြောင်အမ်းအမ်းဖြစ်သွားကြလေသည်၊ သူတို့သည် ထိုမြင်ကွင်းကို လူကိုယ်တိုင် မြင်တွေ့လိုက်ရပြီး စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်သည်အထိ တအံ့တဩဖြစ်သွားခဲ့ကြသည်။

အထူးသဖြင့် ဆင်ဖြူနိုင်ငံမှ သိုင်းပညာရှင်များဖြစ်ပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ စွန်းထင်းနေလျက်ရှိသည်။

ဗစ်ခရမ်၏ စွမ်းအားကို သူတို့ထပ် ပိုသိသည့်လူ မရှိပေ။

တတိယအဆင့် အထွတ်အထိပ်၊ နယ်ပယ်တူတွင် ပြိုင်ဘက်ကင်း၊ မီးနတ်ဘုရား ဝင်စားခြင်းဟုပင် ချီးကျူးခံခဲ့ရသည်။

သို့သော် ထိုကဲ့သို့သော အဖိုးမဖြတ်နိုင်လှသော ပါရမီရှင်သည် ရှုကျိုး၏ တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်ခဲ့ဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။

ရှုကျိုးသည် အလယ်အလတ် တတိယအဆင့်တွင်သာ ရှိနေသေးသည်။

ဂျယ်ရီယန်မှာလည်း မှင်သက်ကာ၊ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ အဲ့တာက ………. နတ်စွမ်းရည်လား? “

သူက နတ်စွမ်းရည်ကို မကျင့်ကြံရသေးသော်လည်း၊ ပဥ္စမအဆင့် ပညာရှင်များက ထိုကဲ့သို့သော စွမ်းရည်မျိုး ပြသခဲ့သည်ကို သူမြင်တွေ့ထားခဲ့ဖူးသည်။

ရှုကျိုးကိုင်ဆွဲထားသည့် မီးတောက်များ၊ အဆိုပါ အငွေ့အသက်သည် နတ်စွမ်းရည်နှင့် များစွာတူညီနေခဲ့သည်။

“ မဖြစ်နိုင်ဘူး၊ ရှုကျိုးက အလယ်အလတ် အဆင့်၃မှာပဲ ရှိနေသေးတာလေ၊ သူက နတ်စွမ်းရည်ကို ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ? “

ဂျယ်ရီယန်သည် ဦးခေါင်းကို အဆက်မပြတ် ခါရမ်းကာ တစ်ကိုယ်တည်း ဖြည့်တွေးနေတော့သည် “ အဲ့တာက အစွမ်းထက် လျှို့ဝှက် နည်းစနစ်တစ်ခု ဖြစ်နိုင်တယ် “

ထိုအချိန်တွင် သူသည် သတိပြန်ဝင်သွားခဲ့ပြီး၊ တိတ်ဆိတ်နေသည့် လူအုပ်ကြီးကို ကြည့်လိုက်သည်။

“ ကောင်းတယ် !!! “

သူသည် ချက်ချင်း အော်ဟစ်လိုက်သည် “ တပ်ပြေးတွေက အညှာအတာမရှိဘဲ အသတ်ခံရမယ် “

အားလုံး၏ စိတ်နှလုံးသားများ လှုပ်ခါသွားပြီး၊ သူတို့သည် တဖြည်းဖြည်း သတိပြန်ကပ်သွားကြသည်။

ထို့နောက်တွင် သူတို့သည် မေးရိုးများကို တင်းတင်းကြပ်ကြပ် စေ့ထားကြတော့သည်။

မည်သူကမှ ဗစ်ခရမ်ကို မသနားကြပေ၊ ဆင်ဖြူနိုင်ငံမှ ပါရမီရှင်များကပင် မကျေမနပ်ဖြစ်နေကြသော်လည်း မည်သည့်စကားမှ မပြောလာခဲ့ပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ခေါင်းဆောင်ဖြစ်သည့် ဗစ်ခရမ်က ထွက်ပြေးသွားခဲသည်၊ အကယ်၍ သူလွတ်မြောက်သွားမည်ဆိုလျှင်တောင်မှ စစ်တပ်သည် သူ့ကို ခွင့်လွှတ်မည် မဟုတ်ပေ။

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်နေတော့သည်၊ သူ၏ ပြတ်သားမှုသည် စစ်တပ်၏ စိတ်ဓာတ်ကို ခိုင်မာသွားစေရန်အတွက် ဖြစ်သည်။

အကယ်၍ တိုက်ပွဲပင် မစရသေးဘဲ စိတ်ဓာတ် ပျက်ပြားသွားမည်ဆိုပါက၊ ကောင်းကင်ဘုံကို ဆန့်ကျင့်နိုင်သည့် စွမ်းရည်များ ရှိနေမည်ဆိုလျှင်တောင်မှ အရှုံးကို ပြောင်းပြန်လှန်နိုင်လိမ့်မည် မဟုတ်ပေ။

စစ်တပ်သည် တံခါးပေါက်တွင် ရှိနေကာ တိုက်ပွဲက စောင့်ကြိုနေပြီဖြစ်သည်။

“ မာဂယ် !!! “

ထိုအချိန်တွင် အရှေ့ဘက်ရှိ ကမ္ဘာ့ကြယ် တပ်စခန်းမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်။

ရှုကျိုးသည် ထိုစကားလုံးကို အကြမ်းဖျင်းနားလည်နေပြီဖြစ်သည်၊ ကမ္ဘာ့ကြယ်သားတို့၏ မာဂယ်ဟူသည့် စကားလုံးသည် ကြယ်ပြာဂြိုဟ်၏ သတ် (သို့) တက်ဟူသော စကားလုံးနှင့် တူညီနေပုံရသည်။

သူထင်ထားသည့်အတိုင်းပင်

ထိုစကားလုံး ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် ငြိမ်သက်နေသည့် စစ်တပ်ကြီးသည် စတင်၍ ချီတက်လာခဲ့သည်။

“ စစ်ကူတွေကို စောင့်နေဖို့ နောက်ကျသွားပြီ “

ဂျယ်ရီယန်သည် နောက်သို့ လှည့်ကြည့်ကာ တိုးညှင်းစွာ ပြောဆိုနေခဲ့သည် “ ငါတို့နောက်မှာက နယ်မြေ၄၅ရဲ့ နောက်ဆုံး ခံစစ်စည်းပဲ၊ ဒါက ကျိုးပေါက်သွားလို့ မဖြစ်ဘူး “

“ သတ် !! “

သူ၏မျက်လုံးများသည် သွေးနီ‌ရောင်ကဲ့သို့ ပြောင်းလဲကာ စူးရှတောက်ပသွားပြီး၊ ကျယ်လောင်စွာ ဟစ်ကြွေးလာခဲ့သည် “ ရန်သူကို တိုက် !!! “

“ တက် !!! “

အားလုံး၏ စိတ်ဓာတ်များ တက်ကြွသွားပြီး၊ ချီ-သွေးများ ဆူပွက်လာကာ၊ အလွန်မြန်ဆန်သည့် အမြန်နှုန်းဖြင့် တိုက်ပွဲ အစီအရင်ကို ဖွဲ့စည်းလိုက်သည်။

ဘုမ်းဟူသောအသံနှင့်အတူ ကြက်သွေးရောင် လှံတစ်လက်သည် တိုက်ပွဲအစီအရင်အထက်ရှိ လေထုထဲတွင် ဖြစ်ပေါ်လာခဲ့ပြီး၊ အစွမ်းထက်အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။

ထို့နောက်တွင် တိုက်ပွဲအစီအရင်သည် အရှေ့သို့ စတက်သွားတော့သည်။

အဝေးမှ လှမ်းကြည့်မည်ဆိုပါက ထိုမြင်ကွင်းသည် အတော်လေး သူရဲကောင်းဆန်နေခဲ့သည်။

လူ၃၀၀ကျော်ကျော်မျှဖြင့် ဖွဲ့စည်းထားသော အစီအရင်သည် ရန်သူ တစ်ထောင်ကျော်ပါဝင်သည့် အစီအရင်ထံသို့ အကြောက်တရားမရှိဘဲ ရဲရဲဝံ့ဝံ့ ပြေးတက်သွားခြင်းပင်။

အမှန်တိုင်းပြောရမည်ဆိုပါက သေမှာမကြောက်သည့်လူ မရှိသော်လည်း၊ တိုက်ပွဲအစီအရင်၏ လွှမ်းမိုးမှုအောက်တွင် အားလုံးသည် ရှေ့သို့ တဟုန်ထိုး ပြေးတက်သွားကြသည်။

“ ဝှစ် !!! “

ရှုကျိုးနှင့် ဂျယ်ရီယန်တို့သည် လေပေါ်သို့ ခုန်တက်သွားကြသည်၊ ကြယ်ပြာဂြိုဟ် စစ်တပ်၏ ထိပ်တန်း အင်အားစုများအနေဖြင့် သူတို့သည် ဦးစီးဦးဆောင်ပြု၍ ရန်သူများကို နှိမ်နင်းရမည် ဖြစ်သည်။

နှစ်ဖက်စလုံး၏ တိုက်ပွဲအစီအရင်များသည် မီတာ ၁၀၀၀အကွာတွင် ရပ်တန့်သွားခဲ့သည်။

…

ကမ္ဘာ့ကြယ် စစ်တပ်အတွင်းရှိ ဦးဆောင်သူသည် ရွှေရှောင်ဆံပင်ဖြင့် စတုတ္ထအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ ကျားသားရေ ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

သူသည် လက်နောက်ပစ်ထားသော အမူအရာဖြင့် မတ်တပ်ရပ်နေကာ အရှေ့ရှိ ကြယ်ပြာဂြိုဟ်တပ်စခန်းကို ငေးကြည့်ရင်း စကားပြောလာခဲ့သည် “ ကြယ်ပြာဘက်မှာ အဆင့်၄တပ်မှူးတစ်ယောက်ပဲ ရှိတယ်၊ တစ်ခြားတစ်ယောက်ကတော့ …….. အလယ်အလတ် အဆင့်၃လား? သူက ကောလဟာလတွေထဲက နာမည်ကြီး ပါရမီရှင်များလား? “

သူ့ဘေးနားရှိ မျက်ခုံးဖြူ အမျိုးသမီးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူမ၏မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေခဲ့သည် “ သူပဲ၊ ငါတို့ရဲ့တပ်စခန်းတစ်ဒါဇင်ကျော်ကို တစ်ကိုယ်တော် ဖျက်စီးခဲ့တာ “

“ အရမ်းကောင်းတယ်၊ ငါသူ့ကို ဂရုစိုက်လိုက်မယ် “

ရွှေအိုရောင်ဆံသားနှင့်လူသည် အသာအယာ ပြုံး၍ ပြောလာခဲ့သည် “ ငါ၊ ကျင်းယန် အကြိုက်ဆုံးက ကြယ်ပြာဂြိုဟ်ရဲ့ အဲ့ဒီလို ပါရမီရှင်တွေကို နှိပ်စက်သတ်ဖြတ်ရတာပဲ၊ သူတို့ကို အဆုံးမဲ့နာကျင်မှုထဲမှာ နှစ်ထားမယ် ……. “

………………………………………………………………………………………………………………………………….

အပိုင်း ( 377 )

ငါးယောက်တစ်ယောက်

ကြယ်ပြာဂြိုဟ်စစ်တပ်ဘက်တွင်ကား

လူအုပ်ကြီးသည် အရှေ့ဘက်ရှိ ကြီးမားသော စစ်တပ်ကြီးကို ကြည့်ကာ သူတို့မျက်နှာများပေါ်တွင် ရှိနေသည့် ဖြူဖပ်ဖြူရော်ဖြစ်နေမှုများကို မဖုံးကွယ်နိုင်ဖြစ်နေလျက်ရှိသည်။

ဂျယ်ရီယန်မှာလည်း ရန်သူ့ဘက်မှ စတုတ္ထအဆင့် ပညာရှင်ငါးဦး၏ မျက်နှာများကို မြင်တွေ့သွားကာ၊ သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူသည် ရှုကျိုးဘက်သို့ ကပ်ကာ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုလိုက်သည် “ နည်းနည်းတော့ ပြဿနာများပြီး။ ခေါင်းဆောင်လုပ်တဲ့ကောင်၊ ရွှေရောင် ဆံပင်ကောင်က ကျင်းယန်လို့ခေါ်တယ်၊ သူက အနောက်ဘက် စစ်နယ်မြေက အစွမ်းထက် တည်ရှိမှုတစ်ခုပဲ “

“ အနောက်ဘက် စစ်နယ်မြေလား? “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သူတို့ရှိနေသည့် စစ်နယ်မြေ၊ နယ်မြေ ၁မှ ၁၀၀အထိ၊ အကုန်လုံးသည် အရှေ့ပိုင်း စစ်နယ်မြေနှင့်သာ သက်ဆိုင်သည်။

အရှေ့ပိုင်းစစ်နယ်မြေရှိ တိုက်ပွဲများသည် အနိမ့်ပိုင်း သုံးဆင့်မှ ပညာရှင်တို့၏ တိုက်ပွဲများသာ ဖြစ်သည်။

အနောက်ပိုင်းစစ်နယ်မြေတွင်မူ တိုက်ပွဲအများစုသည် အလယ်အလတ် သုံးဆင့်မှ ပညာရှင်တို့၏ တိုက်ပွဲများဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် အမြင့်ပိုင်းအဆင့် တိုက်ပွဲများပင် ဖြစ်ပေါ်လာလေ့ရှိသည်။

“ ဒီကျင်းယန်က အနောက်ပိုင်း စစ်နယ်မြေကနေ ပြောင်းလာတာလား? “

ရှုကျိုး၏ အကြည့်များ အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ အနောက်ပိုင်းစစ်မြေနယ်က အရှေ့ပိုင်းစစ်နယ်မြေထပ် ပိုပြီးတေ့း ကြမ်းတယ်၊ ကျင်းယန်က ဒီကို ရောက်လာတယ်ဆိုတော့ သူက အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား? “

“ လုံးဝကို ဆန့်ကျင်ဘက်ပဲ “

ဂျယ်ရီယန်မှ ခေါင်းခါပြ၍ ပြောလာခဲ့သည် “ ဒီကျင်းယန်က အနောက်ပိုင်းစစ်နယ်မြေမှာ နာမည်ကြီးတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ငါတို့လိုပဲ ကမ္ဘာ့ကြယ်ဘက်မှာလည်း ကောင်းကင်၊ မြေကမ္ဘာ၊ လျှို့ဝှက်ဆန်းကြယ်၊ အဝါဆိုပြီး အဆင့်ဇယားတွေ ခွဲခြားထားတယ် “

“ သူတို့တွေထဲမှာ ကောင်းကင်နဲ့ မြေကမ္ဘာ အဆင့်ဇယားတွေက အမြင့်ပိုင်းအဆင့်တွေပဲ၊ လျှို့ဝှက်ဆန်းကြယ်နဲ့ အဝါရောင် အဆင့်ဇယားတွေမှာတော့ အဆင့်၃ ပညာရှင်တွေ အများဆုံးရှိတယ် “

“ ကျင်းယန်က အဝါ‌ရောင်အဆင့်ဇယားက ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ သူ့ရဲ့အဆင့်က ထိပ်ဆုံး အယောက် ၁၀၀၀စာရင်းထဲမှာတောင် ရှိတယ် “

“ အဝါရောင် အဆင့်ဇယားရဲ့ ထိပ်ဆုံး တစ်ထောင်လား? “ ရှုကျိုးသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

ဂျယ်ရီယန်မှ ဆက်ပြောလာခဲ့သည် “ အဲ့ဒီအဆင့်ဇယားကို အထင်မသေးလိုက်နဲ့၊ ငါသိထားသလောက်အရဆိုရင်တော့ အဲ့ဒီအဆင့်ဇယားက ကမ္ဘာ့ကြယ်တစ်ခုလုံးအတွက်ပဲ၊ အဲ့ထဲမှာ လူဘီလီယံနဲ့ချီပြီးတော့ရှိတယ်၊ အနည်းဆုံးအနေနဲ့ အဆင့်၄ကို ရောက်နေတဲ့ ပညာရှင်တွေကပဲ အဲ့အဆင့်ဇယားထဲကို ဝင်နိုင်ကြတယ် “

“ အဝါရောင် အဆင့်ဇယားရဲ့ ထိပ်ဆုံး အယောက် တစ်ထောင်အဆင့်ကို ဝင်တဲ့ အဲ့လိုလူမျိုးက ကမ္ဘာ့ကြယ်ရဲ့ အဆင့်၄နယ်ပယ်က ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ် “

လူဘီလီယံပေါင်းများစွာကြားတွင် ထင်ရှားကျော်ကြားရန်မှာ ကြယ်ပြာဂြိုဟ်ပေါ်တွင် ထင်ရှားကျော်ကြားရခြင်းထပ်ပင် ပိုမိုခက်ခဲနေခဲ့သည်။

ထို့အပြင် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ ပျမ်းမျှခွန်အားသည် ကြယ်ပြာမှ သိုင်းပညာရှင်တို့ထပ် ပိုမိုမြင့်မားနေခဲ့သည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ ထိပ်ဆုံး အယောက် ၁၀၀၀အဆင့်အတွင်းသို့ ဝင်နိုင်ခြင်းသည် စွမ်းဆောင်ရည်မြင့်မားခြင်းကို ကိုယ်စားပြုနေခဲ့သည်။

အနိမ့်ဆုံးအနေဖြင့် သာမန် စတုတ္ထအဆင့် ပါရမီရှင်တစ်ဦးသည် သူ့ကို ယှဥ်နိုင်မည် မဟုတ်ပေ။

ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲသာ ဖြစ်ပြီး၊ ခေါင်းငြိမ့်ပြ၍ စကားပြောလိုက်သည် “ အဲ့လူငါးယောက်ကို ကျွန်တော့်ဆီကိုသာ အပ်ထားလိုက်ပါ၊ ခင်ဗျားက တိုက်ပွဲအစီအရင်ကို ကာကွယ်ပေးလိုက်ပါ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဂျယ်ရီယန်သည် ချက်ချင်း အံ့အားသင့်သွားခဲ့သည် “ ညီအစ်ကိုရှု၊ မင်းက ငါးယောက်တစ်ယောက် တိုက်ဖို့စဥ်းစားနေတာလား? “

ငါက ကြောက်စရာကောင်းတဲ့ တည်ရှိမှုအကြောင်း ပြောပြခဲ့ပြီးလေ၊ ဒါကိုတောင် ဒီလုပ်ဖို့ တွေးနေသေးတာလားဟ?

ရှုကျိုးမှ လေးလေးနက်နက် ပြန်ဖြေလာခဲ့သည် “ တစ်ယောက်ယောက်ကတော့ ရန်သူ့ တိုက်ပွဲအစီအရင်ကို ထိန်းထားရမှာပဲ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီပွဲမှာ ရှုံးသွားလိမ့်မယ် “

လူတစ်ထောင်ပါဝင်သည့် တိုက်ပွဲအစီအရင်တစ်ခုကို ရင်ဆိုင်ရခြင်း၊ သူကပင် ၎င်းကို ဝါးမြိုနိုင်ရန် ယုံကြည်ချက် မရှိပေ။

ဝိညာဥ်ဝါးမြိုခြင်းသည် အများဆုံးအနေဖြင့် လူ၁၀၀မျှသာ ဝါးမြိုနိုင်ပြီး၊ နယ်ပယ် ပိုမြင့်လေလေ၊ ဝါးမြိုမှုအမြန်နှုန်းက ပိုနှေးလေလေဖြစ်သည်။

အကယ်၍ ရှုကျိုးက ဝိညာဥ်ဝါးမြိုခြင်းကို ကြိုတင် လုပ်ဆောင်ထားမည်ဆိုလျှင်တောင်မှ၊ ထိုကဲ့သို့ လုပ်နေစဥ်ကာလအတွင်းတွင် လူတစ်ထောင်ကျော် ပါဝင်သည့် တိုက်ပွဲအစီအရင်သည် သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေနိုင်သေးသည်။

ထို့အပြင် တိုက်ပွဲအစီအရင်ကို ကူညီထိန်းကျောင်းပေးမည့် စတုတ္ထအဆင့် ပညာရှင်ငါးဦး ရှိနေခဲ့ပြီး၊ ၎င်းသည် ဝါးမြိုခြင်းလုပ်ငန်းစဥ်ကို ပို၍ခက်ခဲသွားစေမည် ဖြစ်သည်။

ထို့ကြောင့် တစ်ခုတည်းသော ဖြေရှင်းနည်းသည် ရန်သူ့၏ တိုက်ပွဲအစီအရင်ကို တစ်ခဏခန့် ထိန်းချုပ်ထားကာ စတုတ္ထအဆင့် ပညာရှင်များကို အမြန်ရှင်းပစ်ခြင်းပင် ဖြစ်သည်။

ပြိုင်ဘက်၏ တပ်မှူးများကျဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူတို့၏ စိတ်ဓာတ်များ ပျက်ပြားသွားမည်ဖြစ်ပြီး၊ လူတစ်ထောင်ပါဝင်သည့် စစ်တပ်ကပင် အထိတ်တလန့်ဖြစ်သွားမည် ဖြစ်သည်။

ဂျယ်ရီယန်သည် ရှုကျိုးကို ကြည့်၍ တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ၊ အံကြိတ်၍ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါမင်းကို ယုံတယ် “

“ ငါက ရန်သူ့တိုက်ပွဲ အစီအရင်ကို ထိန်းထားပေးမယ်၊ ဒါပင်မဲ့ သုံးမိနစ်လောက်ပဲ တောင့်ထားနိုင်လိမ့်မယ်လို့ထင်တယ် “

သူသည် စတုတ္ထအဆင့် ပညာရှင်တစ်ဦးအပြင်၊ အတွေ့အကြုံရင့် တပ်မှူးတစ်ဦးလည်း ဖြစ်သောကြောင့် တိုက်ပွဲအစီအရင်ကို ထိန်းချုပ်ရာတွင် တစ်ဝက်မျှ ကြိုးစားအားထုတ်ရုံဖြင့် အကျိုးသက်ရောက်မှု နှစ်ဆဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်ပေသည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ သုံးမိနစ်က လုံလောက်ပါတယ် “

ဂျယ်ရီယန်သည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အော်ပြောလိုက်သည် “ တိုက်ပွဲအစီအရင်ဖွဲ့မယ်၊ တိုက် !!! “

“ သတ် !!! “

ချက်ချင်းဆိုသလိုပင် အော်ဟစ်ကြုံးဝါးသံများ ပေါ်ထွက်လာခဲ့သည်။

လူသုံးရာကျော် ပါဝင်သည့် တိုက်ပွဲ အစီအရင်သည် အရှေ့သို့ ထပ်တက်လာပြန်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ကမ္ဘာ့ကြယ် စစ်တပ်မှာလည်း တစ်ညီတစ်ညာတည်း အော်ဟစ် ကြုံးဝါးလာကြသည်၊ လူအယောက် ၁၀၀၀မှ ဖွဲ့စည်းထားသည့် တိုက်ပွဲအစီအရင်သည် မီတာ ရာနှင့်ချီ၍ မြင့်မားသည့် အဖြူရောင် ဆင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ၊ ဟိန်းဟောက်လာခဲ့သည်။

“ ဝူးးးးး ~~~ “

တိုက်ပွဲခေါ်သံကဲ့သို့သော အော်သံကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ငွေဖြူရောင် ဆင်ကြီးသည် ကောင်းကင်ယံတွင် ခြေဆောင့်ကာ ကြယ်ပြာစစ်တပ်၏ အစီအရင်ထံသို့ ပြေးဝင်လာခဲ့သည်။

“ ကျွိ ကျွီ “ ဆင်ကြီး၏ ခြေလှမ်းများသည် ဟင်းလင်းပြင်ကိုပင် ပြိုကွဲသွားကာ တကျွီကျွီ အော်မြည်သံများ ပေါ်ထွက်လာစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် မီတာ ရာနှင့်ချီ၍ ကျော်ဖြတ်လာခဲ့ကာ ကြယ်ပြာစစ်တပ်အပေါ်သို့ ရောက်ရှိလာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ဂျယ်ရီယန်မှ ချက်ချင်း အော်ဟစ်လာတော့သည် “ သတ် !!! “

သူသည် လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်ရာ၊ လေထုထဲတွင် သွေးအဆီအနှစ်များ ပေါ်ထွက်လာခဲ့ကာ သူ့ခေါင်းပေါ်ရှိ သွေးနီရောင် လှံနှင့် ပေါင်းစပ်သွားခဲ့သည်။

၎င်းသည် ကြယ်ပြာစစ်တပ်မှ ထုတ်ဖော်ထားသည့် အဆိုပါ သွေးနီရောင် လှံတံဖြစ်ပြီး၊ ၎င်း၏ စွမ်းအားသည် ဆင်ကြီးထပ် များစွာ အားနည်းနေခဲ့သည်။

သို့ရာတွင် ဂျယ်ရီယန်မှ သွေးအဆီအနှစ်များဖြင့် ၎င်းကို ပေါင်းစပ်လိုက်သည့်အချိန်တွင် လှံ၏ တောက်ပမှု ထင်ရှားလာခဲ့ကာ ၎င်း၏အရှိန်အဟုန်မှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။

“ တပ်မှူး !! “

အစီအရင်ထဲရှိ လူတစ်ဦးသည် မနေနိုင်တော့ဘဲ အော်ပြောလာခဲ့သည်။

သူတို့သည် ဂျယ်ရီယန်က သူ၏ကိုယ်ပိုင် သွေးအဆီအနှစ်များကို အသုံးပြု၍ တိုက်ပွဲအစီအရင်၏ စွမ်းအားကိုအတင်းအကြပ် မြှင့်တင်နေသည်ဆိုသည်ကို သိနေကြသည်။

၎င်းသည် ဂျယ်ရီယန်အား နှစ်ဝက်မှ တစ်နှစ် အားနည်းသွားစေနိုင်ပြီး၊ သူ၏တိုးတက်မှုလမ်းကြောင်းကိုလည်း ယာယီပြတ်တောက် သွားစေမည်ဖြစ်သည်။

“ ဇွီ !!! “

သွေးနီရောင် လှံသည် တဟီးဟီး အော်မြည်ကာ ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့ပြီး၊ သေမင်းတံစဥ်တစ်ခုသကဲ့သို့ အပေါ်သို့ ထောင်တက်သွားတော့သည်။

“ ခွမ်း !! “

လှံနှင့်ဆင်တို့ တိုက်မိသွားကာ၊ အံ့ဖွယ်ကောင်းသည့် အဖြူနှင့် အနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

ဝရုန်းးးး ……. နှစ်ဖက်စလုံး၏ အောက်ဘက်ရှိ မြေပြင်မှာ လှုပ်ခါသွားပြီး၊ အက်ကြောင်းများ ထလာတော့သည်။

၎င်းသည် အစီအရင်နှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်သည်။

“ ဝှစ် !! “

ထိုအချိန်တွင် အလင်းတန်းတစ်ခုသည် ကမ္ဘာ့ကြယ် စစ်တပ်ဘက်သို့ ဦးတည်လာခဲ့သည်။

၎င်းသည် ရှုကျိုးမှတစ်ပါး အခြားလူ မဟုတ်ပေ။

သူ၏အမြန်နှုန်းဖြင့် မီတာ ၁၀၀၀ရှိသည့် အကွာအဝေးကို ချက်ချင်း ကျော်ဖြတ်လာခဲ့သည်။

ရှုကျိုးမှ ဆေဘာရှည်ကို ကိုင်၍ ခုတ်ပိုင်းလိုက်ရာ၊ ကြက်သွေးရောင် မီးလျှံဖုံးလွှမ်းနေသည့် နတ်ဘုရားပြစ်ဒဏ်ကဲ့သို့ ကောင်းကင်ဘုံမှ ဆင်းသက်လာကာ ကမ္ဘာ့ကြယ် စစ်တပ်ကို တိုက်ရိုက် ပစ်မှတ်ထားနေတော့သည်။

“ သေချင်နေတာပဲ “

ကမ္ဘာ့ကြယ် စစ်တပ်၏ အထက်ကောင်းကင်ယံရှိ စတုတ္ထအဆင့် ကမ္ဘာ့ကြယ်သူ အမျိုးသမီး ပညာရှင်ဖြစ်သည့် ပိုင်မေ့မှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်။

တပ်မှူးနှင့် ဒုတပ်မှူးများ ဖြစ်သည့်အလျောက် သူမတို့သည် ကြယ်ပြာစစ်တပ်၏ ရည်ရွယ်ချက်များကို ငေးကြည့်ရုံဖြင့် မြင်နေနနိုင်ခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 378 )

ငါးယောက်တစ်ယောက် ၂

တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်နေတဲ့အချိန်မှာ ငါတို့ကို အနိုင်ယူချင်နေတယ်ပေါ့??

ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲဆိုတာတော့ ဟုတ်ပါတယ်။

ဒါပင်မဲ့ နင်၊ ရှုကျိုးက ငါတို့ ငါးယောက်ကို စိန်ခေါ်ဖို့ အဆင့်မှီလို့လား?

နင့်ကိုယ်နင် အထင်ကြီးလွန်းနေတာပဲ !!

ပိုင်မေ့မှ အေးစက်စွာ လှောင်ပြောင်ပြောဆိုနေရင်းဖြင့် သူမ၏နေရာမှ ပျောက်ကွယ်သွားတော့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် ရှုကျိုး၏အရှေ့တွင် ပြန်ပေါ်လာခဲ့ပြီး၊ သူမလက်ထဲတွင်ရှိနေသည့် ဓားဖြင့် လွှဲရမ်းလာခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဆေဘာအလင်းတန်းသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်၊ သို့သော် မီးတောက်များကမူ အသက်ရှိနေသကဲ့သို့ ဓားပေါ်သို့ ကုပ်ဖက်တက်လာခဲ့ပြီး၊ ၎င်းမှတစ်ဆင့် ပိုင်မေ့၏ လက်မောင်းပေါ်သို့ တက်လာခဲ့သည်။

“ ဟမ်? “

ပိုင်မေ့၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး၊ သူမ၏ လက်မောင်းကို လှုပ်ခါ၍ အစွမ်းထက် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှင့်ကာ မီးတောက်များကို ငြှိမ်းသက်ရန် ကြိုးပမ်းလိုက်သည်။

သို့သော် မီးတောက်များသည် မည်သို့မျှ မပျောက်ကွယ်သွားဘဲ၊ ပို၍ပင် အားကောင်းသွားကာ သူမ၏ရင်ဘတ်အထိပင် ပျံ့နှံ့ရောက်ရှိလာခဲ့သောကြောင့် သူမ အံ့ဩသွားခဲ့ရသည်။

ပိုင်မေ့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး၊ သူမ၏လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ အမြန်ရေးဆွဲလိုက်ရာ တောက်ပသော ခုနစ်ရောင်ခြယ် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းသည် ကမ္ဘာ့ကြယ်၏ အဆင့်မြင့် နည်းစနစ်ဖြစ်သည့် သက်တံ့လွှာ ကာကွယ်ရေး အလင်းတန်းဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသည့် နည်းစနစ်တစ်ခုဖြစ်သည်။ ပိုင်မေ့၏ ယခုလက်ရှိ ကျင့်ကြံရေးနှင့်ဆိုပါက နယ်ပယ်တူတွင် မည်သူကမှ သူမကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

အဆိုပါ အလင်းမှုန်များနှင့် မီးတောက်တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်စားနေကြပြီး၊ အဆုံးတွင် အလင်းမှုန်သည် မီးတောက်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အလင်းမှုန်များ ဆုတ်ပြဲ၊ ပြိုကွဲသွားကာ ၎င်း၏ အကျိုးသက်ရောက်မှုများစွာ ဆုံးရှုံးသွားခဲ့သည်။

ပိုင်မေ့၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ နတ်စွမ်းရည်လား? ကောလဟာလတွေက တကယ်ကြီးကို မှန်နေတာပဲ “

ဝှစ် !!!

ထိုအချိန်တွင် ရှုကျိုးသည် သူ၏ဆေဘာနှင့်အတူ သူမအရှေ့သို့ ပြေးတက်လာခဲ့ရာ၊ အနီရောင်သမ်းနေသည့် အလင်းတန်းတစ်ခုပေါ်ထွက်လာခဲ့သည်၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း - ကောင်းကင်လောင်ကျွမ်းခြင်း !!

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် ပိုင်မေ့၏ စိတ်အတွင်းသို့ တိုးဝင်လာခဲ့ကာ၊ သူမ၏ အသိစိတ်ကို စက္ကန့်ပိုင်းမျှ လွတ်ထွက်သွားစေခဲ့သည်။

“ ဘုမ်းးးး !!! “

ချက်ချင်းဆိုသလိုပင် အနီရောင် မျဥ်းကြောင်းတစ်ခုသည် မီးတောင်လောင်နေသည့် ဆေဘာအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ပိုင်းဖြတ်သွားသကဲ့သို့ အထက်မှအောက်သို့ နိမ့်ဆင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်မေ့ကို ဖုံးလွှမ်းထားသည့် အကာအရံသည် တစ်ချက်တည်းဖြင့် ပြိုကွဲသွားတော့သည်။

“ ဝုန်းးးး !! “

ဆေဘာအလင်းတန်း ရောက်ရှိလာပြီး၊ သူမကို နှစ်ခြမ်းခွဲလုနီးပါးဖြစ်သွားခဲ့သည်။

“ ခွမ်းးးး !!! “

သန့်စင်သည့် ရွှေဖြင့် ပြုလုပ်ထားသော ဒိုင်းကာ တစ်ခု ပေါ်လာခဲ့သည်၊ ၎င်းသည် ဆေဘာမီးလျှံအလင်းတန်းနှင့် တိုက်မိသွားကာ၊ ကျယ်လောင်သောဆူညံသံတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

ရွှေရောင် အလင်းတန်းများသည် ဒိုင်းကာဆီမှ ပေါက်ထွက်လာခဲ့ပြီး၊ ဆေဘာမီးလျှံအလင်းတန်းနှင့် ထိတွေ့ကာ ဆက်တိုက်အရည်ပျော်သွားတော့သည်။

ထိုအချိန်တွင် ပိုင်မေ့သည် အသက်ရှူချောင်သွားခဲ့ပြီး၊ လျှပ်စီးအလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲကာ နောက်သို့ဆုတ်ခွာသွားတော့သည်။

သူမသည် ကျင်းယန်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး၊ သူမ၏မျက်နှာပေါ်တွသ် အထိတ်တလန့်ဖြစ်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည် “ ကျေးဇူးတင်ပါတယ်၊ အစ်ကိုယန်၊ ရှင်ကယ်လို့သာပဲ “

သူမ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ တည်ရှိနေစဲပင်။

ပြိုင်ဘက်၏ နည်းလမ်းများသည် သူမမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။

ကျင်းယန်၏ ကြားဝင် စွက်ဖက်မှုသာ မရှိဘူးဆိုပါက၊ သူမသည် ထိုဆေဘာအောက်တွင် တစ္ဆေတစ်ကောင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် ကျင်းယန်လက်ထဲရှိ ရွှေရောင်ဒိုင်းကာကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည် “ အဲ့တာ ငါ့ရဲ့ နတ်စွမ်းရည် မီးတောက်ကို တကယ်ကြီး တောင့်ခံနိုင်တယ်ပေါ့?? “

သူသည် စတုတ္ထအဆင့်နယ်ပယ်ရှိ လူတစ်ဦးဦးက သူ၏ နတ်စွမ်းရည်မီးတောက်ကို တိုက်ရိုက်ခုခံနိုင်သည်အား ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

ဒီကျင်းယန်က အဝါရောင် အဆင့်ဇယားရဲ့ အယောက်တစ်ထောင် အဆင့်ထဲကို ဝင်ဖို့ တကယ်ထိုက်တန်တာပဲ၊ သူ့စွမ်းအား တစ်ခုခုတော့ တစ်ခုခုပဲ။

ကျင်းယန်မှာလည်း ရှုကျိုးကို စိုက်ကြည့်နေလျက်ရှိသည်။

“ ကောလဟာလတွေက တကယ်ကြီးကို မှန်နေတာပဲ၊ အလယ်အလတ် အဆင့်၃နဲ့ နတ်စွမ်းရည်ကို ဖွဲ့စည်းနေနိုင်တယ် “

သူသည် အေးစက်စွာ ပြောလာခဲ့သည် “ ဒီတစ်ယောက်ကို အသက်ရှင်ခွင့်ပေးဖို့ မဖြစ်ဘူး “

တစ်ခြားသော စတုတ္ထအဆင့် ပညာရှင်တို့မှာလည်း စိတ်တင်းကြပ်သွားကြသည်။

ယခင်က သူတို့သည် ကြယ်ပြာဂြိုဟ်က နှစ်ပေါင်းသုံးရာအတွင်းတွင် တစ်ကြိမ်တစ်ခါမှ မပေါ်ထွန်းခဲ့ဖူးသော၊ တတိယအဆင့်နယ်ပယ်မှာပင် နတ်စွမ်းရည် ဖွဲ့စည်းနိုင်သော ပါရမီရှင်တစ်ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်းကို ကြားသိခဲ့ရသည်။

၎င်းသည် ကြယ်ပြာဂြိုဟ်၏ သမိုင်းကြောင်းမှာတင် မဟုတ်ဘဲ၊ ကမ္ဘာ့ကြယ်၏ နှစ်သောင်းနှင့်ချီ၍ ကြာရှည်သော သမိုင်းကြောင်းတစ်ခုလုံးမှာပင် အလွန်ရှားပါးလွန်းနေခဲ့သည်။

ထို့ကြောင့် အစပိုင်းတွင် သူတို့သည် ၎င်းကို လျစ်လျူရှုထားကာ၊ မယုံကြည်ခဲ့ကြပေ။

သို့သော် ယခုတွင်ကား သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ လက်ခံယုံကြည်လိုက်ရပြီ ဖြစ်သည်။

ကျင်းယန်သည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်လုံးတို့ဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည် “ ဒီနေ့တော့ ငါတို့က ဒီပြဿနာကောင်ကို သတ်ကိုသတ်ရမယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူက နောင်အနာဂတ်မှာ ငါတို့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ် “

“ အားလုံးပဲ၊ လှုပ်ရှားကြတော့၊ သူ့ကိုသတ် !!! “

စတုတ္ထအဆင့် ပညာရှင် အကုန်လုံးသည် တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်ပြလာခဲ့သည်၊ ထို့နောက်တွင် သူတို့သည် သူတို့၏ အရှိန်အဝါများကို အကုန်အစင် ထုတ်လွှတ်လာခဲ့သည်။

“ ဒီလူ့ရဲ့ စွမ်းရည်က တကယ်ကြီးကို ထူးခြားတယ်။ အဆင့်၃နယ်ပယ်မှာတင် နတ်စွမ်းရည် ဖွဲ့စည်းနိုင်တယ်ဆိုတော့၊ တကယ်လို့ သူကသာ အဆင့်၄ကို ရောက်လာမယ်ဆိုရင် ငါကတောင် သူ့ပြိုင်ဘက်မဟုတ်မှာကို ကြောက်မိတယ် “

ကျင်းယန်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ သူက အဆင့်၃နယ်ပယ်မှာပဲ ရှိနေသေးတာ၊ ကံကောင်းတယ်၊ အန္တရာယ်ကောင်ကို စောစောစီးစီး ရှင်းဖို့အတွက် အချိန်ကောင်းပဲ “

သူကိုယ်တိုင်မှာလည်း ကမ္ဘာ့ကြယ်၏ ပါရမီရှင်တစ်ဦးဖြစ်သည်၊ သို့သော် သူသည် ပါရမီရှင်များကြားရှိ ကွာခြားချက်ကို ကောင်းစွာ နားလည်နေခဲ့သည်။

ပါရမီ ပိုမြင့်လေလေ ကွာဟချက်က ပိုကြီးလေလေပင် ဖြစ်သည်။

ကျင်းယန်ကို ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း၊ ကမ္ဘာ့ကြယ်၏ ဒဏ္ဍာရီလာ အစစ်အမှန် ပါရမီရှင်များနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ကွာဟချက်များ ရှိနေစဲသာဖြစ်သည်။

ယနေ့တွင် အနည်းငယ်မျှသာ ကွာဟသော်လည်း၊ နယ်ပယ်က မြင့်တက်သွားမည်ဆိုပါက ကွာဟချက်မှာ ချောက်နက်တစ်ခုကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ရှုကျိုးကို ကြီးထွားခွင့်ပြုလိုက်မည်ဆိုပါက၊ သူက နောင်အနာဂတ်တွင် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာမည်ဆိုသည်ကို ကောင်းကောင်းကြီး နားလည်နေခဲ့သည်။

ထိုအချိန်၌ ကျင်းယန်၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ကာ လှံတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

“ သတ် !!! “

သူခြေလှမ်းလှမ်းလိုက်ရာ၊ သူ၏ခြေသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်နေခဲ့ပြီး၊ သူ၏ ပုံရိပ်မှာလည်း လျှပ်စီးတန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားကာ ရှုကျိုးဆီသို့ ပြေးဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ပိုင်မေ့နှင့် တစ်ခြားသော စတုတ္ထအဆင့် ပညာရှင်တို့မှာလည်း သူတို့၏ လက်နက်များကို ထုတ်ယူကာ ရှုကျိုးဆီသို့ ပစ်လွှတ်လာကြသည်။

ငါးယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ သူတို့၏ အမြင်များတွင်မူ ၎င်းထံတွင် မည်သည့်စိတ်လှုပ်ရှားစရာမှ မရှိပေ။ သူတို့သည် ဤလူ့ကို ပြတ်ပြတ်သားသား သတ်ဖြတ်ပစ်ရမည် ဖြစ်သည်။

သို့သော် ရှုကျိုးထံတွင် မည်သည့်ကြောက်ရွံ့မှုမှ ရှိမနေခဲ့ပေ၊ သူသည် သူ၏ဆေဘာကို ကိုင်ဆောင်၍ ရှေ့သို့တက်ကာ ထိုလူငါးဦးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတော့သည်။

“ ခွမ်း ခလမ်း ခွမ်းးး ~~~ “

ထိတွေ့တိုက်ခိုက်မှု အသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်၊ ရှုကျိုးသည် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းနှင့် ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းသိုင်းတို့ကို အသုံးပြုကာ၊ လူငါးဦးနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။

မီးလျှံများ တောက်လောက်နေကာ လျင်မြန်စွာ လှုပ်ရှားနေလျက်ရှိသည်။

သူ၏ ယခုလက်ရှိ စွမ်းအားအရ နတ်စွမ်းရည် မီးတောက်နှင့် ရောစပ်ထားသည့် သာမန်လှုပ်ရှားမှုများမှာပင် စတုတ္ထအဆင့် ပညာရှင်တစ်ဦးကို နိုးနိုးကြားကြား ဖြစ်သွားစေ‌လောက်သည့် စွမ်းအားများ ပါဝင်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အကြားတွင် တိုက်ကွက်များစွာ ဖလှယ်ပြီးသွားခဲ့ပြီ ဖြစ်သည်။

ကျင်းယန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သူသည် လှံကို ဆွဲယူ၍ ကြည့်လိုက်ရာ ၎င်းအပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့သွားခဲ့သည် “ ဒီနတ်စွမ်းရည် မီးတောက်က တော်တော်ကြီးကို စွမ်းတာပဲ ….. “

အဆိုပါ မီးတောက်က သူ၏ခန္ဓာကိုယ်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားအောင် မလုပ်နိုင်သော်လည်း၊ သူ၏လက်နက်ကမူ ထိုကဲ့သို့သော နတ်စွမ်းရည်ကို တောင့်မခံနိုင်ခဲ့ပေ။

အကြိမ်အနည်းငယ်မျှ တိုက်ကွက်ဖလှယ်လိုက်ခဲ့ပြီးသည့်နောက်တွင် သူ၏ လက်နက်သည် အရည်ပျော်ကြလုနီးပါးဖြင့် တစ်ဝက်နီးပါး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ကျန်းယန်ကပင် ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက၊ တစ်ခြားလူများ၏ အခြေအနေများက ပို၍ ဆိုးရွားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ အားလုံးပဲ၊ ထိန်းချုပ် မနေနဲ့တော့၊ မင်းတို့မှာ ရှိတာ အကုန်ထုတ်တော့၊ အင်ပြည့်အားပြည့် တိုက်ကြတော့ !!! “

ကျန်းယန်မှ ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။

All Chapters