← Chapters

အခန်း (၁၄၄)

Vol. 14 Ch. 144

အခန်း (၁၄၄)

Vol. 14 Ch. 144

ဆွန်ဒူရှန်ရဲ့ လေသံက အရင်အတိုင်း အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ နင်ချန်းချွန် ကတော့ ဖော်ပြမရနိုင်တဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ်။

"စွပ်စွဲချက်တွေပဲ ဘုရင်ခံဆွန်... ဖန်ချင်းယွမ်က ကျွန်တော့်ကို မတရားစွပ်စွဲနေတာ"

သူက ခေါ်လာတဲ့ မိသားစုဝင်တွေဘက် လှည့်ပြီး အော်မေးတယ် "အားလုံးကို ပြောပြလိုက်စမ်းငါ မင်းတို့ကို အကျယ်ချုပ် ဖမ်းထားဖူးလား ပြောကြစမ်း"

"ဝူး... ဝူး... ဝူး..."

"မ... မဟုတ်ပါဘူး၊ ဗိုလ်ချုပ်ကြီးနင်က ကျွန်မတို့ကို ဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ပါဘူး"

လူအုပ်ကြီးက ငိုယိုရင်းနဲ့ပဲ ငြင်းဆိုကြပါတယ်။ တစ်ဖက်လူ ကို သူတို့ တကယ်ပဲ မရင်ဆိုင်ရဲကြတာ သိသာပါတယ်။

"ဘုရင်ခံ... ကျွန်တော် မလိမ်ဘူးမလား"

နင်ချန်းချွန်က ဆိုပါတယ် "ဒီညီအစ်ကိုတွေရဲ့ မိသားစုဝင်တွေက ကျွန်တော့်အပေါ် ဘယ်တော့မှ မကောင်းမကြံပါဘူး ရွေးချယ်ပွဲ မှာ ဆူပူအောင် ကျွန်တော် လုံးဝ မလုပ်ခဲ့ပါဘူး"

"ကျွန်တော့်လက်အောက်ငယ်သားတွေ အမှားလုပ်တာကိုတော့ ကျွန်တော် သေချာမကြီးကြပ်နိုင်ခဲ့တာ အမှန်ပါပဲ။ ဒါအတွက် အပြစ်ပေးတာကို ကျွန်တော် လက်ခံပါတယ် အချုပ်ချမလား၊ စစ်မြေပြင် ကြိမ်ဒဏ်ပေးမလား... ကြိုက်သလို ပေးပါ ကျွန်တော် ခံယူပါ့မယ်"

သူက အခြေအနေကို ကြည့်ပြီး တွေးနေပါတယ်။ သူတို့ သေသေချာချာ ပြင်ဆင်ထားတဲ့ ထောင်ချောက်ကို ဆွန်ဒူရှန်တို့ ကြိုရိပ်မိနေတာ သေချာပါတယ်။ မဟုတ်ရင် ဒီလောက် ခဏလေးအတွင်းမှာ မိသားစုဝင်တွေအကုန်လုံးကို ဘယ်လိုလုပ် စုစည်းနိုင်မှာလဲ...

"မင်းတို့နှစ်ယောက်ရော ဘယ်လိုလုပ်သင့်တယ် ထင်သလဲ"

ဆွန်ဒူရှန်က ဘေးက လူနှစ်ယောက်ကို ကြည့်ပြီး အဖြေကို စောင့်နေပါတယ်။

"ဘုရင်ခံ"

မြို့ဝန်မင်းလျူက အလျင်အမြန် ပြောလိုက်တယ် "ဒီကိစ္စက သေးသေးလေး မဟုတ်ဘူး မိသားစုဝင်တွေကလည်း ဘယ်သူ့ကိုမှ လက်ညှိုးမထိုးကြဘူးလေ ပြန်ရောက်မှပဲ အသေးစိတ် စစ်ဆေးတာပေါ့၊ အခုချက်ချင်း ဆုံးဖြတ်ချက်ချဖို့ မလိုပါဘူး"

"ဟုတ်ပါတယ် ဘုရင်ခံဆွန်"

သခင်ကြီးဟောက်ကလည်း မတ်တပ်ရပ်ပြီး ပြောတယ် "မလောပါနဲ့ဦး၊ ဒီကိစ္စကို သီးသန့်ပဲ ဖြည်းဖြည်းချင်း ဖြေရှင်းကြတာပေါ့"

ဆွန်ဒူရှန်က ကြိုတင်ပြင်ဆင်ထားတာကို သူတို့ မမျှော်လင့်ထားပေမဲ့ သူတို့ဘက်က အခြေအနေ မဆိုးသေးဘူးလို့ ထင်နေကြတုန်းပါ။ လူတိုင်းက နင်ချန်းချွန် နောက်ကွယ်မှာ ရှိနေတာကို သိသွားရင်တောင် ဘာဖြစ်လဲဒီကိစ္စကို တိတ်တိတ်လေးပဲ ထားလိုက်မယ်။ အလွန်ဆုံးရှိရင် နင်ချန်းချွန်ကို တခြားနေရာ ပြောင်းရွှေ့လိုက်ရုံပေါ့။ ဒီအတိုင်း လွှတ်ထားလိုက်ခြင်းအားဖြင့် ဆွန်ဒူရှန်ဟာ အပြစ်ပေး၊ ဆုပေး တရားမျှတအောင် မလုပ်နိုင်တော့ဘူးဆိုတာ သက်သေပြလိုက်သလို ဖြစ်သွားမှာပါ။

"မင်းတို့နှစ်ယောက်ပဲ ပြောခဲ့တာလေ... လူပေါင်း သိန်းချီရှေ့မှာ ဒီနေ့ပဲ အပြတ်ရှင်းရမယ်ဆို အခုကျမှ ဘာလို့ စိတ်ပြောင်းသွားတာလဲ"

ဆွန်ဒူရှန်က အေးစက်စွာ ပြောလိုက်တယ် "သူ့ကို ကွပ်မျက်လိုက်တော့"

နင်ချန်းချွန်တင်မကဘဲ ရှိသမျှလူအားလုံး တုန်လှုပ်သွားကြပါတယ်။

အမှုက အဆုံးအဖြတ် မထွက်သေးဘူးလေ ဒါကို ကွပ်မျက်တော့မယ် ဟုတ်လား..

ဒီလူက သာမန်လူ မဟုတ်ဘူးနော်... သူက သိုင်းပညာထိပ်သီးဘွဲ့ ရထားတဲ့စစ်နတ်ဘုရား တစ်ယောက်လေ..

အမိန့်ထွက်လာတာနဲ့ မုန်ကွမ်ရှင်း၊ ဒုတိယအစ်ကို၊ သတ္တမအစ်ကိုနဲ့ တခြားဗိုလ်ချုပ်တွေက လက်ယားနေကြတာ ကြာပြီမို့ နင်ချန်းချွန်ကို ဝိုင်းလိုက်ကြပါတယ်။

"သူ့ကို သတ်လို့မရဘူး"

မြို့ဝန်မင်းလျူက တင်းတင်းမာမာ တားလိုက်တယ် "ဘုရင်ခံဆွန်... ကြီးကြပ်မှု အားနည်းတာက အလွန်ဆုံးရှိရင် ရာထူးချရုံပဲရှိတာဘယ်လိုလုပ် သူ့အသက်ကို တောင်းရတာလဲ"

"မှန်တယ်"

သခင်ကြီးဟောက်ကလည်း ခြိမ်းခြောက်တဲ့လေသံနဲ့ ဝင်ပြောတယ် "မစ္စတာဆွန်... ဗိုလ်ချုပ်ကြီးနင်ဆိုတာ ခင်ဗျား စိတ်ကြိုက် သတ်လို့ရတဲ့ လူမျိုး မဟုတ်ဘူးနော်"

ဒါပေမဲ့...

သူတို့ ဘာပြောပြော အမိန့်ရထားတဲ့ ဗိုလ်ချုပ်သုံးယောက်ကတော့ ခြေလှမ်းမပျက်တဲ့အပြင် လက်နက်တွေကိုတောင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပါတယ်။ အဝေးမှာလည်း တပည့်ကြီး လူကျိီဟာ နတ်လှံကြီးကို ကိုင်ပြီး တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာပါတယ်။

မြို့ဝန်လျူနဲ့ သခင်ကြီးဟောက်တို့ သဘောပေါက်သွားပါပြီ။

ဒါ တကယ်ကြီးပဲ... ဆွန်ဒူရှန်က တကယ် သတ်တော့မှာ

ရူးလိုက်တာ နန်းတွင်းက စစ်နတ်ဘုရား တစ်ယောက်ဖြစ်အောင် မွေးထုတ်ဖို့ ဘယ်နှစ်နှစ်၊ ဘယ်လောက်တောင် ရင်းနှီးပေးဆပ်ခဲ့ရလဲအထူးသဖြင့် သစ္စာရှိပြီး စကားနားထောင်တဲ့ စစ်နတ်ဘုရားမျိုးကိုပေါ့...

"ဆွန်ဒူရှန်... ခင်ဗျား ရူးသွားပြီလား"

မြို့ဝန်လျူက အော်ဟစ်စွပ်စွဲတယ် "အထောက်အထား မရှိဘဲနဲ့ လူတွေကို သတ်နေတာ ဧကရာဇ်မင်းမြတ် သိသွားမှာ မကြောက်ဘူးလား ဒါက နန်းတွင်းက လွှတ်လိုက်တဲ့ အဓိက ဗိုလ်ချုပ်ကြီးလေ"

"ဆွန်ဒူရှန်"

နင်ချန်းချွန်ကလည်း ဟန်ဆောင်နေတာတွေကို အကုန်ခွာချလိုက်ပြီး ဗြောင်စိန်ခေါ်ပါတော့တယ် "အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ ငါ့ကို သတ်ရဲတဲ့ သတ္တိ မင်းမှာ ရှိလို့လား ငါ ဘယ်သူလဲဆိုတာ မင်းသိလား ငါက

လုံချင်၄၂ နှစ်မှာ ဧကရာဇ်ကိုယ်တိုင် ဘွဲ့ပေးထားတဲ့ သိုင်းပညာ ထိပ်သီးဘွဲ့ရထားတာကွ ငါက ဒီလောကမှာ လက်ချိုးရေလို့ရတဲ့ စစ်နတ်ဘုရားတွေထဲက တစ်ယောက်ပဲငါ့ကို သတ်ဖို့ မင်းမှာ ဘာအခွင့်အာဏာ ရှိလို့လဲ"

"စစ်နတ်ဘုရားဟုတ်လား"

လက်တင်ခုံကို ခေါက်နေတဲ့ ဆွန်ဒူရှန်ရဲ့ လက်ချောင်းလေးတွေ ရုတ်တရက် ရပ်တန့်သွားပါတယ်။ လူပေါင်း သိန်းချီရဲ့ ရှေ့မှာ အဘိုးအိုဟာ အားရပါးရ ရယ်မောလိုက်ပါတယ်။ လူတိုင်း ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ ကြောင်ကြည့်နေကြတုန်းမှာပဲ ရယ်သံက ရုတ်တရက် ရပ်သွားပါတယ်။

"ထိပ်သီးဘွဲ့ဆိုတာက ဘာတန်ဖိုးရှိလို့လဲ"

ဆွန်ဒူရှန်ပြန်ပြောလိုက်တဲ့ အသံဟာ ခုနကလို ဘေးအိမ်က အဘိုးကြီး အသံမျိုး မဟုတ်တော့ပါဘူး။ စကားတစ်လုံးချင်းစီမှာ နှစ်ပေါင်း တစ်ရာနီးပါး တိုက်ခဲ့တဲ့ စစ်ပွဲတွေရဲ့ သွေးညှီနံ့တွေ ပါနေသလို၊ လောကကြီးကို ငုံ့ကြည့်နေတဲ့ စစ်သေနာပတိတစ်ယောက်ရဲ့ အာဏာစက်တွေ ပါဝင်နေပါတယ်။

ရှိနေတဲ့ လူပေါင်း သောင်းချီဟာ တစ်ပြိုင်နက်တည်းမှာတင် အသက်ရှူရ ခက်ခဲသွားကြပါတယ်။

"ပြီးတော့... စစ်နတ်ဘုရားဆိုတာကရော ဘာတန်ဖိုး ရှိလို့လဲ"

နင်ချန်းချွန်ဟာ ရင်ထဲက ဖိအားတွေကို လျှော့ချဖို့ တံတွေးတွေကို အဆက်မပြတ် မျိုချနေရပါတယ်။ ဆွန်ဒူရှန်ဟာ မကြာခင် သေတော့မယ့် လူဆိုတာ သူတို့ သိကြပါတယ်။ ဒါပေမဲ့ သေခါနီး လူတစ်ယောက်ဆီက ထွက်လာတဲ့ ဒီဖိအားက စစ်နတ်ဘုရား ဖြစ်တဲ့ သူ့ကိုတောင် ဦးနှောက် ဗလာဖြစ်သွားစေပါတယ်။

"လျှောက်မပြောနဲ့"

"ဆွန်ဒူရှန်"

အလွန်အမင်း ကြောက်လန့်သွားတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့စိတ်နဲ့ အင်အားအားလုံးကို စုစည်းလိုက်ပါတယ်။ နင်ချန်းချွန်က တောင်ဖြိုပုဆိန်ကြီးကို ဆွဲကိုင်လိုက်ပြီး "ကျုပ်မှတ်မိသလောက်ဆိုရင် ခင်ဗျားကိုယ်တိုင် လက်နက်မကိုင်တာ ဆယ်နှစ်ကျော်ပြီမလား အရင်တုန်းကတော့ ခင်ဗျားက စစ်နတ်ဘုရားတွေကို အထင်သေးနိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုကော"

"ခင်ဗျားတကယ်ပဲ စစ်နတ်ဘုရားတစ်ယောက်ကို အနိုင်တိုက်နိုင်သေးလို့လားမဟုတ်ရင် ခင်ဗျားက စစ်နတ်ဘုရား အဆင့်မှာ ရှိနေပါသေးတယ်လို့ရော ပြောနိုင်လို့လား"

ဟုတ်ပါတယ် လူတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ...

ဆွန်ဒူရှန် နောက်ဆုံး တိုက်ခိုက်ခဲ့တာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ အဲဒီနောက်ပိုင်း သူ ဘယ်သူ့ရှေ့မှာမှ လက်လှုပ်တာ မပြတော့ပါဘူး။ အားလုံး သိတာကတော့ သူဟာ လေထဲက ဖယောင်းတိုင်လို တဖြည်းဖြည်း အိုမင်း လောင်ကျွမ်းနေပြီ ဆိုတာပါပဲ။

"ဘုန်း——"

နင်ချန်းချွန်ရဲ့ အရှိန်အဝါတွေက တဟုန်ထိုး မြင့်တက်လာပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားတွေက သူ့ခန္ဓာကိုယ်ဘေးမှာ ရုပ်လုံးပေါ်လာပါတယ်။ သူ့ခြေရင်းမှာ သတ်သေထားတဲ့ စစ်သည်တွေရဲ့ အလောင်းတွေတောင် ဒီစွမ်းအားအောက်မှာ အမှုန့်ဖြစ်ကုန်ပါတယ်။

စစ်နတ်ဘုရား...

"ခင်ဗျားမှာ ဘယ်လောက်အထိ အစွမ်းကျန်သေးလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

မုန်ကွမ်ရှင်းနဲ့ တခြားဗိုလ်ချုပ်တွေဟာ စစ်နတ်ဘုရား မဟုတ်ဘဲ နက်နဲပုံရိပ်အဆင့်တွေသာ ဖြစ်တာကြောင့် စစ်နတ်ဘုရားဆီက ထွက်လာတဲ့ ဒီစွမ်းအားတွေကြောင့် ပေပေါင်း ဒါဇင်နဲ့ချီ လွင့်ထွက်သွားကြပါတယ်။

နတ်လှံကို ကိုင်ထားတဲ့ တပည့်ကြီး လူကျိီကတော့ လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။

နင်ချန်းချွန်ဟာ ဆွန်ဒူရှန်ရဲ့ ရှေ့ကို ချက်ချင်း ရောက်သွားပြီး သူ့လက်ထဲက တောင်ဖြိုပုဆိန်ကြီးနဲ့ နတ်ဘုရားတစ်ပါးလို ပိုင်းချလိုက်ပါတယ်။ ကျောက်တုံးစင်မြင့်ကြီးဟာ ကွဲအက်သွားပြီး သံချပ်ကာ စစ်သည်တွေ အဝေးကို လွင့်ထွက်ကုန်ပါတယ်။ မြို့ဝန်လျူနဲ့ သခင်ကြီးဟောက်တို့လည်း အသက်လုပြီး နောက်ဆုတ် ပြေးကြရပါတယ်။ ဒီစွမ်းအားဟာ တစ်စခန်းလုံးကိုတင်မကဘဲ လျန်ကျိုးမြို့ကြီးကိုပါ နှစ်ခြမ်းခွဲပစ်တော့မယ့်အလား ပြင်းထန်လွန်းလှပါတယ်။

မီတာ တစ်ရာ ပတ်လည်မှာ လေပြင်းတွေ ဝေ့ယမ်းနေပြီး လူတိုင်းရဲ့ နားထဲမှာ တစီစီ မြည်နေပါတယ်။ အတွင်းကလီစာတွေပါ ကြေမွတော့မယ့်အတိုင်း ခံစားနေရပြီး လူအများစုဟာ ထွက်ပြေးဖို့တောင် အချိန်မရလိုက်ပါဘူး

အကြမ်းထည် အဝတ်အစားကို ဝတ်ထားတဲ့ အဘိုးအိုရဲ့ လက်ထဲမှာ ဘယ်

အချိန်ကတည်းက ငွေနဂါး တစ်ကောင်(လှံ)ပေါ်လာမှန်း ဘယ်သူမှ မသိလိုက်ပါဘူး။

အဲဒီနောက်မှာတော့ သစ်ပင်တွေ ငြိမ်သက်သွားပြီး လေတွေ ရပ်တန့်ကာ အရာအားလုံးက တည်ငြိမ်မှုဆီ ပြန်ရောက်သွားပါတယ်။

ဘာဖြစ်သွားသလဲဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။

သူတို့ သိလိုက်တာကတော့... စစ်နတ်ဘုရား နင်ချန်းချွန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ပျောက်ကွယ်သွားပြီ ဆိုတာပါပဲ။ အဲဒီ ငွေနဂါးက သူ့ကို အကုန် ဝါးမြိုပစ်လိုက်တာ သေချာပါတယ်။ သွေးစ သားစတွေနဲ့ ခြေလက် အပိုင်းအစ အချို့ကသာ မိုးရေစက်တွေလို ကောင်းကင်ကနေ ကြွေကျလာပါတယ်။ ဒါပေမဲ့ အဘိုးအိုရဲ့ ဘေးမှာ ရှိနေတဲ့ မမြင်ရတဲ့ စွမ်းအားအကာအကွယ်

ကြောင့် သူ့ရဲ့ အဝတ်အစားမှာ သွေးတစ်စက်တောင် မစွန်းပေခဲ့ပါ ပျံဝဲနေတဲ့ သွေးညှီနံ့တွေကြားမှာ သူဟာ ကောင်းကင်က ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို ခန့်ညားထည်ဝါပြီး အပြစ်ဆိုဖွယ် မရှိအောင် ရှိနေပါတယ်။

အဲဒီအချိန်မှာ...

လူပေါင်း သောင်းချီဟာ "ဆွန်ဒူရှန်" ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကို တစ်ပြိုင်နက်တည်း ပြန်သတိရသွားကြပါတယ်။ လူတစ်ယောက်တည်းနဲ့ သံချပ်ကာ စစ်သည် နှစ်ထောင်ကျော်ကို အပြတ်ရှင်းခဲ့တဲ့ ဘုရင်ခံဆွန်ကို ပြန်မြင်ယောင်လာကြပါတယ်။ လုံချင် ၅၇ နှစ်တုန်းက ဧကရာဇ်ရဲ့ မျက်စိရှေ့မှာတင် နန်းတော်ထဲမှာ သေဆုံးသွားခဲ့တဲ့ စစ်ဝန်ကြီးကို သတိရသွားကြပါတယ်။

အဲဒီ စစ်ဝန်ကြီးဟာလည်း စစ်နတ်ဘုရား တစ်ယောက်ပါပဲ

ဟုတ်ပါတယ် သူ အိုသွားပါပြီ။

ဒါပေမဲ့ သူ အသက်ရှင်နေပါသေးတယ်။

သူ အသက်ရှင်နေသရွေ့...

သူဟာ လောကကြီးကို တုန်လှုပ်စေတဲ့ ပုဂ္ဂိုလ်၊ နှစ်ပေါင်း ၄၀ တိုင်တိုင် နယ်စပ်ကို ဘယ်လူရိုင်းမှ မကျူးကျော်ရဲအောင် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်၊ လူ့လောကရဲ့ ပြိုင်ဘက်ကင်း လှံသူတော်စင် "ဆွန်ဒူရှန်" ဖြစ်နေဦးမှာပါပဲ။

All Chapters