← Chapters

အခန်း (၁၄၅)

Vol. 14 Ch. 145

အခန်း (၁၄၅)

Vol. 14 Ch. 145

မျက်စိတစ်မှိတ်အတွင်းမှာတင် ပြီးဆုံးသွားတဲ့ ဒီဖြစ်ရပ်ဆိုးဟာ ကြည်လင်နေတဲ့ ကောင်းကင်ယံမှာ မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ အရာအားလုံး ပြီးဆုံးသွားတဲ့အခါ ကောင်းကင်ကြီးကတော့ တိမ်ကင်းစင်မြဲ ကင်းစင်နေပါတယ်။ တကယ်လို့ မြေကြီးပေါ်မှာ အသားစတွေနဲ့ သွေးကွက်တွေသာ ကျန်မနေခဲ့ရင်တော့ ရှိနေတဲ့ လူပေါင်းသောင်းချီဟာ ဒါဟာ သူတို့ရဲ့ စိတ်အာရုံချောက်ခြားမှုလို့တောင် ထင်မှတ်မိကြမှာပါ။စစ်နတ်ဘုရား...

စစ်နတ်ဘုရား တစ်ယောက်လေ..

လျန်ကျိုးမှာတင်မကဘဲ တစ်လောကလုံးမှာပါ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်ခံထားရသူပါ။ အသက်တစ်ရာနီးပါး ရှိနေပြီဖြစ်တဲ့ ဒီအဘိုးအိုရဲ့ ရှေ့မှာတော့ သူဟာ ယှဉ်ပြိုင်ဘက် တစ်ယောက်တောင် မဟုတ်ခဲ့ပါဘူး။ အတိအကျ ပြောရရင် တစ်ချက်တောင် မခံနိုင်ဘဲ ပုရွက်ဆိတ်တစ်ကောင်လို အချေမှုန်း ခံလိုက်ရတာပါ။

ဆယ်နှစ်ကျော်တိုင်အောင် လက်နက် မကိုင်ခဲ့ဘဲ လူတိုင်းရဲ့ မျက်စိထဲမှာ လေထဲက ဖယောင်းတိုင်လို အချိန်မရွေး ငြိမ်းသွားတော့မယ့်သူလို့ အထင်ခံထားရတဲ့ ဆွန်ဒူရှန်က အခုလို မိုးကြိုးအလား ပြင်းထန်တဲ့ တိုက်ကွက်ကို ထုတ်ပြလိုက်တဲ့အခါ လူတိုင်းရဲ့ နှလုံးသားထဲမှာ ခေါင်းလောင်းသံကြီး ဟိန်းသွားသလိုမျိုး ကြာရှည်စွာ တုန်လှုပ်ခြောက်ခြားသွားစေပါတယ်။

"ဘုန်းကြီးပါစေ"

"ဘုရင်ခံ ဘုန်းကြီးပါစေ—"

စစ်မြို့တော်အတွင်းမှာ...

အချိန်တွေ ရပ်တန့်သွားသလိုမျိုး ကြာရှည်စွာ တိတ်ဆိတ်သွားပြီးတဲ့နောက်၊ လူအုပ်ထဲကနေ ဆယ်နှစ်တိုင်အောင် မကြားခဲ့ရတော့တဲ့ ကြွေးကြော်သံကြီး တစ်ခု ထွက်ပေါ်လာပါတယ်။

"ဘုရင်ခံရဲ့ အစွမ်းကနတ်ဘုရားအလားပဲ"

"ဟေး... ဟေး... ဟေး... ဟေး——"

အဲဒီအချိန်မှာတင်...

လက်ရွေးစင် သံချပ်ကာဝတ် စစ်သည် တစ်သိန်းကျော်ဟာ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြပါတယ်။ သူတို့ရဲ့ အော်ဟစ်သံတွေဟာ မိုးခြိမ်းသံကြီးလိုမျိုး လျန်ကျိုးမြို့တစ်ခွင်လုံးမှာ ဟိန်းထွက်သွားပါတော့တယ်။

ဒီနေ့မှာတော့...

အိုမင်းနေပြီဖြစ်တဲ့ ဆွန်ဒူရှန်ဟာ စစ်နတ်ဘုရား တစ်ယောက်ရဲ့ အသက်ကို ယူလိုက်ခြင်းအားဖြင့် သူကိုယ်တိုင် တမင်တကာ ဘေးဖယ်ထားခဲ့တဲ့ ဂုဏ်သိက္ခာ တွေကို အလွယ်တကူပဲ ပြန်လည် သိမ်းပိုက်လိုက်ပါပြီ

နန်းတွင်းက ဒီနေ့ အစီအစဉ်နဲ့ အာဏာသိမ်းဖို့ ကြံစည်ခဲ့တာပါ။ ဒါပေမဲ့

ဆွန်ဒူရှန်ကလည်း အဲဒီအကွက်ကိုပဲ ပြန်ပြီး အသုံးချသွားတာ မဟုတ်ပါလား..

ဒီနေ့ကစပြီး လမ်းဘေးက "ဆင်အိုကြီး ဆွန် က အိုပြီ၊ သူ ထမင်းရော စားနိုင်ပါဦးမလား" ဆိုတဲ့ ကောလာဟလတွေဟာ "ဆင်အိုကြီး ဆွန် က အိုပြီ၊ ဒါပေမဲ့ သူ ဘာတွေ ကြံစည်နေတာလဲ" ဆိုတာမျိုး ပြောင်းလဲသွားတော့မှာ သေချာပါတယ်။

"ဘုရင်ခံရဲ့ အစွမ်းက နတ်ဘုရားအလား "

အားပေးသံတွေဟာ ပိုပြီး ကျယ်လောင်လာသလို နာရီဝက်နီးပါးကြာအောင် မရပ်မနား ထွက်ပေါ်နေပါတယ်။ စစ်သည်ဟောင်းကြီးအချို့ဆိုရင် ဝမ်းသာလွန်းလို့ ငိုကြွေးနေကြပါပြီ။ သူတို့ထဲက အချို့ဆိုရင် ငယ်ငယ်ကတည်းက ဆွန်ဒူရှန်နောက်ကို လိုက်ခဲ့ကြတာပါ။ အခု အသက် ၄၀၊ ၅၀ အရွယ် ရောက်နေကြပြီဆိုတော့ သူတို့ရဲ့ တစ်ဘဝလုံးကို ဆွန်ဒူရှန်ဆီမှာ ပုံအပ်ထားခဲ့ကြတာလေ။

ဒီနှစ်တွေအတွင်း ဆွန်ဒူရှန် တိတ်ဆိတ်နေတာကို ကြည့်ပြီး သူတို့ မျက်စိရှေ့မှာတင် ဘုရင်ခံက အိုမင်းမစွမ်း ဖြစ်လာတာ၊ စစ်ရေးကိစ္စတွေကို လွှတ်ထားတာတွေကို မြင်နေရတော့ အချိန်မရွေး ထားခဲ့တော့မလားလို့ စိုးရိမ်ခဲ့ကြတာပါ။

လူတိုင်း အဲဒီလို ထင်တာလည်း မဆန်းပါဘူး။ လက်တွေ့မှာလည်း အဲဒီလို ဖြစ်နေတာကိုး အရင်တုန်းကဆိုရင် ဆွန်ဒူရှန်ဟာ သူ့ဘေးမှာ မြို့ဝန်တွေစစ်ကြီးကြပ်ရေးမှုးတွေကို ဘယ်လိုလုပ် အရှိခံပါ့မလဲ တပ်စခန်း ရှစ်ခုထဲက သုံးခုကိုရော ဘယ်လိုလုပ် အလွယ်တကူ လွှဲပေးပါ့မလဲဒါဟာ သူ အနားယူတော့မယ်လို့ လူတိုင်းကို ပြောနေသလို ဖြစ်နေတာပါ။

ဒီနေ့ ဖြစ်ရပ်ဟာ ဘုရင်ခံကို တမင်တကာ အကျပ်ရိုက်အောင် လုပ်တာဆိုတာ အများစုက မြင်နေကြပါတယ်။ တကယ်လို့ ဆွန်ဒူရှန်ကသာ ပြန်မတိုက်ခိုက်ဘဲ အလျှော့ပေးလိုက်မယ်ဆိုရင်တော့ သူတို့တွေ မျှော်လင့်ချက် လုံးဝ ကုန်သွားမှာပါ။ ဒါပေမဲ့ အခုတော့ ဘုရင်ခံဟာ ဘုရင်ခံဖြစ်နေတုန်းပဲဆိုတာ သူတို့ သိသွားကြပါပြီ ဒီနှစ်တွေမှာ ဘုရင်ခံက ခေတ္တ အနားယူနေတာပါ။ အခု သူ အနားယူလို့ ဝသွားပြီမို့ ပြန်လာပြီ..

ဒီလို အရှိန်အဝါတွေအောက်မှာ အနောက်မြောက် ပြည်နယ်သုံးခုက အရာရှိတွေနဲ့ မြို့တော်က လာတဲ့လူတွေဟာလည်း လိုက်ပြီး ဒူးထောက်မိမတတ် ဖြစ်သွားကြပါတယ်။ သူတို့ဟာ ဆွန်ဒူရှနိရဲ့ လက်အောက်ခံ မဟုတ်တာကို သတိရသွားမှသာ အရှိန်ကို ထိန်းလိုက်နိုင်ကြပါတယ်။

"ပျက်စီးသွားပြီ"

ချောင်ဖန်ရဲ့ နှလုံးသားဟာ နစ်မြုပ်သွားပါတယ်။ သူတို့ သေသေချာချာ ခင်းထားတဲ့ ထောင်ချောက်ဟာ သူတို့ကိုယ်တိုင် ပြန်ကျမယ့် ကျင်းကြီး ဖြစ်သွားခဲ့ပါပြီ။

ဆွန်ဒူရှန်ရဲ့ ဂုဏ်သိက္ခာဟာ ဒီနှစ်တွေမှာ ကျဆင်းနေခဲ့ပေမဲ့ ဒီဖြစ်ရပ်

ကြောင့် တစ်ဟုန်ထိုး ပြန်တက်သွားပါတယ်။ အခုဆိုရင် နန်းတွင်းက တပ်စခန်း ရှစ်ခုကို ထိန်းချုပ်ဖို့ ကြိုးစားတာဟာ တကယ့်ကို ခက်ခဲသွားမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ဒီအဘိုးကြီးရဲ့ မျက်နှာကိုပဲ ကြည့်နေရဦးမှာပါ။

"ဒါ တကယ်ပဲ လူလား..."

ယင်ဟန်ဝမ်နဲ့ ဝမ်ချိုးရှီတို့ဟာ ခုနက တိုက်ပွဲခဏလေးကိုပဲ တွေးနေကြတုန်းပါ။ စစ်နတ်ဘုရားလေ စစ်နတ်ဘုရား တစ်ယောက်ကို ဘာဖြစ်သွားမှန်းတောင် မမြင်လိုက်ရဘဲ အသားစတွေ ဖြစ်သွားရတာလား လောကအရပ်ရပ်က ပါရမီရှင်တွေ ဘာလို့ 'ရွေးချယ်ပွဲ' ကို လာပြိုင်ကြသလဲဆိုတာ အခုမှ ရှင်းသွားပါတော့တယ်။ ဒီလိုလူမျိုးဆီက ပညာသင်ချင်ကြတာကိုး— ဒါဟာ တကယ့် "သိုင်းနတ်ဘုရား" အစစ်ပါပဲ..

ချောင်ဖန်ရဲ့ မျက်လုံးထဲမှာတော့ ပြင်းပြတဲ့ လိုလားတောင့်တမှုတွေ ပေါ်လာပါတယ်။ 'ရွေးချယ်ပွဲ' မှာ သူ သေချာပေါက် အနိုင်ရမှ ဖြစ်တော့မယ်..

"အပြာရောင် စွမ်းအင်..."

လူပေါင်း သောင်းချီ အံ့သြနေချိန်မှာတော့ ချန်ဆန်းရှီက သူ့ရဲ့ 'စွမ်းအင်

ကြည့်မျက်လုံး' ကနေတစ်ဆင့် စစ်နတ်ဘုရားတွေရဲ့ အထက်မှာ ရှိနေတဲ့ အရာကို သတိထားမိလိုက်ပါတယ်။

သူ မျက်မြင်တွေ့လိုက်တာကတော့... ဘုရင်ခံဆွန်လက်လှုပ်လိုက်တဲ့အခါ သူ့ဆီကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်ဟာ တခြားလူတွေနဲ့ မတူဘဲ ထူးခြားတဲ့ 'ချင်းရွှမ်စွမ်းအင်'တွေ ဖြစ်နေတာပါ။ ဒါကြောင့်လည်း စစ်နတ်ဘုရားနင်ချန်းချွန်က တစ်ချက်တောင် မခံနိုင်တာပေါ့။ သူတို့ အသုံးပြုတဲ့ စွမ်းအင် အခြေခံချင်းကိုက မတူတာလေ။

ဒါ့အပြင် ချန်ဆန်းရှီဟာ အဲဒီ လှံရှည်ကြီးကိုလည်း သတိထားမိပါတယ်။ ခဏလေး မြင်လိုက်ရတာ ဆိုပေမဲ့ သူ့ရဲ့ 'ကျန်းယွဲ့ဓား'ထက်တောင် အများကြီး သာလွန်တဲ့ အကောင်းဆုံး လက်နက်ဆိုတာ သူ ခံစားလိုက်ရပါတယ်။ လူ့လောကမှာ ဒီလိုအရည်အသွေးမျိုး နောက်ထပ်တစ်လက် ရှိဦးမှာ မဟုတ်ပါဘူး။

ပြီးတော့... အဲဒီလက်နက်က ဘယ်ကနေ ရောက်လာတာလဲ..

ဘုရင်ခံမှာ လက်နက် ပါမလာတာကို သူ သေချာသိပါတယ်။ ဘယ်သူကမှလည်း လာမပေးပါဘူး၊ လေထဲကနေ ပေါ်လာသလိုပါပဲ။ ချန်ဆန်းရှီ သေချာ ကြည့်လိုက်တော့ ဆွန်ဒူရှန်ရဲ့ အဝတ်အစားတွေက ဖာထေးထားပေမဲ့ သူ့ရဲ့ ညာဘက်လက်မမှာ စွပ်ထားတဲ့ ငွေရောင် လက်စွပ်ကတော့ တကယ့်ကို တန်ဖိုးကြီးလှပါတယ်။ ဒါဟာ 'နတ်ဘုရားလက်နက်'တစ်ခု ဖြစ်နိုင်ပါတယ်။

"ဆွန်ဒူရှန်"

မြို့ဝန်မင်းလျူက နာမည်ကို ဗြောင်ခေါ်ပြီး အော်လိုက်ပါတယ် "ခင်ဗျား တကယ်ပဲ သတ္တိကောင်းတာပဲ။ ဗိုလ်ချုပ်ကြီးနင်က နန်းတွင်းက ခန့်အပ်ထားတဲ့ နိုင်ငံတော်ရဲ့ဒေါက်တိုင်လေ။ ခင်ဗျားမှာ သူ့ကို သတ်ဖို့ ဘာအခွင့်အာဏာ ရှိလို့လဲ"

"ဘုရင်ခံ... ခင်ဗျား လုပ်ရပ်က အရမ်း မိုက်မဲလွန်းတယ်"

သခင်ကြီးဟောက်ကလည်း တုန်လှုပ်နေတဲ့ကြားက "နန်းတွင်းရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား"

"ငါ့ရဲ့ အပြစ်ဝန်ခံစာကို ကြိုတင် ရေးထားပြီးသားပါ။ အဲဒါကို သခင်ကြီးဟောက်ဆီ အရင်ကတည်းက ပေးထားတယ်လေ။ အဲဒါကို ဧကရာဇ်မင်းမြတ်ဆီသာ တင်ပြလိုက်ပါ ဘယ်လို ပြစ်ဒဏ်ပဲဖြစ်ဖြစ် ငါ ခံယူပါ့မယ်"

မျက်စိတစ်မှိတ်အတွင်းမှာတင် ဆွန်ဒူရှန်ဟာ ခုနက အစွမ်းထက်တဲ့ ပုံစံကနေ ရွာထိပ်က အဘိုးအို ပုံစံကို ပြန်ပြောင်းသွားပါတယ်။ သူက ခါးလေးကို အနည်းငယ် ကိုင်းလိုက်ရင်း "စတုတ္ထတပည့်... မင်း ဘာမှ မဖြစ်ဘူးမလား" လို့ မေးလိုက်ပါတယ်။

"ဆရာကြီး စိုးရိမ်လွန်းနေပါပြီ" ဖန်ချင်းယွမ်က တည်ငြိမ်စွာ ပြန်ဖြေပါတယ်။

"အပြစ်ဝန်ခံစာကို ကြိုရေးထားတယ် ဟုတ်လား"

မစ္စတာဟောက်က 'ရွေးချယ်ပွဲ' မစခင်ကတည်းက ဆွန်ဒူရှန်ပေးထားတဲ့ စာအိတ်ကို ထုတ်ကြည့်လိုက်ပါတယ်။ အထဲမှာတော့ စစ်အင်အား တိုးချဲ့မယ့်အကြောင်း ရေးထားတာပါ။ ဒါပေမဲ့ နင်ချန်းချွန်ကို သတ်မယ့်

အကြောင်းကိုရော သူ ကြိုတင် ရေးထားတာလား...

တကယ်လို့ ဒီနေ့မှာ ဒီဖြစ်ရပ်တွေသာ မဖြစ်ခဲ့ရင်ရော...

All Chapters