အခန်း (၁၄၆)
Vol. 14 Ch. 146
နင်ချန်းချွန်က သူ့ရဲ့ အပြစ်ဝန်ခံစာ မြို့တော်ကို မရောက်ခင်မှာတင် အသတ်ခံလိုက်ရတာလား.. မြို့ဝန်လျူ နဲ့ သခင်ကြီးဟောက် တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့် လိုက်ကြပြီး သူတို့ရဲ့ ခေါင်းထဲမှာ ဆွန်ဒူရှန်ကို ရာထူးကနေ ဖယ်ရှားဖို့ တိုင်တန်းစာတွေကို အစီအရီ ရေးဆွဲနေကြပါပြီ။
ဆွန်ဒူရှန်က ဘာတွေ ကြံစည်နေတာလဲ..
ဒီနှစ်တွေတစ်လျှောက်လုံး ဒီအဘိုးကြီးဟာ အာဏာခွဲဝေပေးတာကို အမြဲတမ်း ပူးပေါင်းဆောင်ရွက်ခဲ့တာလေ။ ဒါပေမဲ့ ဒီနေ့ကျမှ ဘာလို့ ဒီလို အကွက်မျိုး ထုတ်သုံးရတာလဲသူ တကယ်ပဲ စိတ်ပြောင်းသွားတာလား..
"လူကြီးမင်းတို့..."
ဆွန်ဒူရှန်က သူတို့ဘက်ကို လှည့်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ် "ဒီအဘိုးကြီးက တကယ်တော့ မင်းတို့ကို ကူညီပေးနေတာပါ။ တကယ်လို့ နင်ချန်းချွန်ကရွေးချယ်ပွဲမှာ ဆူပူအောင်လုပ်တာကို ငါက ပြတ်ပြတ်သားသား မကိုင်တွယ်ခဲ့ရင် နောင်ကျရင် မင်းတို့ကော အာဏာကို ဘယ်လို ဆက်ခံမလဲ"
"..."
မြို့ဝန်လျူနဲ့ သခင်ကြီးဟောက်တို့ ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။ ဒါက သူ အာဏာကို ဆက်ကိုင်ထားချင်လို့ မဟုတ်ဘူးလို့ ဆိုလိုတာလားနင်ချန်းချွန်ကို သတ်လိုက်တာဟာ အာဏာစက်ကို တည်ဆောက်ဖို့နဲ့ နောင်လာမယ့် အရလူရိုင်း သူခိုးတွေနဲ့ တိုက်ပွဲအတွက် ပြင်ဆင်တာလား..
ဒါပေမဲ့ ဒီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းမကြီးလွန်းဘူးလား..
စစ်နတ်ဘုရား တစ်ယောက်လေ..
"ဘုရင်ခံ ဆွန်"
မြို့ဝန်လျူက သတ္တိမွေးပြီး ပြောလိုက်တယ် "နင်ချန်းချွန် သေသွားရင်တောင် မြို့တော်ကနေ တိမ်တိုက်စခန်းနဲ့ ကောင်းကင်ဝံပုလွေစခန်းကို အုပ်ချုပ်ဖို့ တခြားလူတစ်ယောက် လွှတ်ဦးမှာပဲ။ ပြီးတော့ စစ်တပ်တိုးချဲ့တာနဲ့ ရာထူးခန့်အပ်တာတွေကိုလည်း နန်းတွင်းနဲ့ စစ်ဝန်ကြီးဌာနကပဲ ဆက်ပြီး စီမံခန့်ခွဲဦးမှာပဲ"
"အို... ဒီအဘိုးကြီးက မင်းတို့ကို ဘယ်တုန်းကမှ မငြင်းခဲ့ပါဘူး။ ဒီလောက်အထိ အသံကြီးဟစ်ပြီး ပြောနေစရာ မလိုပါဘူး"
ဆွန်ဒူရှန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး "မြို့ဝန်လျူ သခင်ကြီးဟောက်... မင်းတို့ ဘယ်လိုထင်သလဲ နင်ချန်းချွန်က တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကို ခံရတာမျိုးကော ဖြစ်နိုင်မလား"
ခုနကမှ ပြန်ပြီး လျော့ကျစင်စပြုနေတဲ့ ပတ်ဝန်းကျင် အခြေအနေဟာ ရုတ်တရက်ကြီး ရေခဲမှတ်အောက်ကို ပြန်ကျသွားပါတယ်။
သခင်ကြီးဟောက်ဟာ ပုစဉ်းရင်ကွဲ ရေပေါ်မှာ ပျံသန်းသလိုမျိုး သူ့ရဲ့ ခြေလှမ်းသိုင်း ကို သုံးပြီး ပေတစ်ရာလောက် အကွာကို ချက်ချင်း ခုန်ဆုတ်သွားပါတယ်"ကျွန်တော် ဘာမှမသိဘူး တကယ်လို့ ရှိခဲ့ရင်တောင် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ချန်ဆန်းရှီအတွက် ဧကရာဇ်ရဲ့ အမိန့်တော်ကို ကျွန်တော်ကိုယ်တိုင် ဖတ်ကြားခဲ့တာလေ သူ့ကို ကျွန်တော်က ဘာလို့ ဒုက္ခပေးရမှာလဲ"
သူဟာ တကယ်ပဲ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒါဟာ အိမ်ရှေ့မင်းသားဘက်က လူတွေ စီစဉ်တာဆိုတာကိုတော့ သူ ခန့်မှန်းမိပါတယ်။
"သခင်ကြီးဟောက်... ခင်ဗျားရဲ့ ခြေလှမ်းသိုင်းက တော်တော်လေး အထင်ကြီးစရာ ကောင်းတာပဲ"
ဆွန်ဒူရှန်က ချီးကျူးလိုက်ပြီး မြို့ဝန်လျူဘက်ကို လှည့်ကြည့်တယ် "မြို့ဝန်လျူ... ခင်ဗျားကော ဘယ်လိုထင်သလဲနင်ချန်းချွန်ရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေမလား"
"ကျွန်တော်မျိုး မသိပါဘူး"
လျူကျန့်ရှန်းရဲ့ အသံတွေဟာ တုန်ရီနေပါတယ်။ သူလည်းပဲ ဒီကိစ္စကနေ အမြန်ဆုံး ရုန်းထွက်ချင်လို့ လှည့်ထွက်ဖို့ ပြင်လိုက်ချိန်မှာတော့ မုန်ကွမ်ရှင်းနဲ့ တခြား ဗိုလ်ချုပ်နှစ်ယောက်က သူ့လမ်းကို ပိတ်ထားတာ တွေ့လိုက်ရပါတယ်။
"ဘုရင်ခံဆွန် ကျွန်တော် တကယ်မသိတာပါ။ ဒါဟာ နင်ချန်းချွန်ရဲ့ ကိုယ်ပိုင်အကြံအစည်ပဲ ဖြစ်မှာပါ သူက စစ်နတ်ဘုရားတစ်ယောက်လေသူ့ကို ကြိုးကိုင်ဖို့ ဘယ်သူ့ကို လိုဦးမှာလဲ"
သူက အစီအစဉ်မကျတဲ့ စကားတွေကို တောင်စဉ်ရေမရ ပြောနေတုန်းမှာပဲ အဘိုးအိုက သူ့ဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာတာကို မြင်လိုက်ရပါတယ်။
"ဆွန်ဒူရှန်ခင်ဗျား ဘာလုပ်မလို့လဲဒါက ကျွန်တော်နဲ့ တကယ်မဆိုင်ဘူးနော်ကျွန်တော် ပြန်ရောက်ရင် ခင်ဗျားအတွက် အသေအချာ စုံစမ်းပေးပါ့မယ် အမှန်တရား ပေါ်အောင် ကူညီပေးပါ့မယ်... ခင်ဗျား... ခင်ဗျား ရှေ့ဆက်မလာနဲ့ဦး စိတ်မလောပါနဲ့"
ထိတ်လန့်ခြင်း ကြောက်ရွံ့ခြင်းနဲ့ အပြစ်ရှိစိတ်တွေ ရောပြွမ်းသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့ စိတ်က အထွတ်အထိပ်ကို ရောက်သွားပါတယ်။
"ဘုန်း——"
ဘုရင်ခံဆွန်ရဲ့ လက်ကြီးက သူ့ဆီ တိုးကပ်လာတာကို မြင်လိုက်ရချိန်မှာ မြို့ဝန်လျူဟာ ကြီးမားတဲ့ "သေမင်း" ဆိုတဲ့ စာလုံးကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ အကာအကွယ် စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး သူ့ရဲ့ အနီရောင် အရာရှိဝတ်စုံကြီးဟာ လေထဲမှာ တလွင့်လွင့် ဖြစ်သွားပါတယ်။ အရာရှိဦးထုပ် လွင့်ထွက်သွားပြီး ဆံပင်တွေပါ ထောင်ထလာကာ သူ့ခြေရင်းက စကျင်ကျောက်ပြားတွေပါ အက်ကွဲကုန်ပါတယ်။ သူဟာ ဒီအသက်ဘေးကနေ လွတ်မြောက်ဖို့ ရှိသမျှ အင်အားအကုန် ထုတ်သုံးလိုက်ပါတယ်။
ဒါပေမဲ့... သူ့ရဲ့ အကာအကွယ် စွမ်းအင်တွေဟာ အိုမင်းနေတဲ့ အဲဒီလက်ကြီးရဲ့ ရှေ့မှာတော့ စက္ကူပါးလေးလိုပါပဲ။ တားဆီးဖို့ နေနေသာသာ အဲဒီလက်ရဲ့ အရှိန်ကိုတောင် မလျှော့ချနိုင်ပါဘူး။
"ကျွန်တော်... ကျွန်တော် တကယ်မသိဘူး"
လျူကျန့်ရှန်းဟာ မျက်လုံးတွေ သွေးရောင်လွှမ်းနေပြီး အသံထဲမှာ ရှိုက်သံပါ ပါနေပါတယ်။ သူ့ဘဝရဲ့ မှတ်တမ်းတွေက ခေါင်းထဲမှာ လျှပ်ခနဲ ပေါ်လာပါတယ်။ သူ ဘယ်လို သိုင်းသင်ခဲ့လဲ အလုပ်အကိုင်တွေ ဘယ်လို ရခဲ့လဲ ဒုတိယအဆင့် အရာရှိကြီး ဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲမြို့တော်မှာ ကျန်ခဲ့တဲ့ သူ့မိသားစုတွေ...။
နောက်ဆုံးတော့...
အဲဒီလက်ကြီးက တားဆီးလို့မရဘဲ ကျရောက်လာပါတယ်။ နောက်ဆုံး မိနစ်မှာတော့ မြို့ဝန်လျူဟာ စိတ်ပျက်အားငယ်သွားပြီး သူ့ရဲ့ စွမ်းအင်တွေကို ပြန်ရုပ်သိမ်းကာ မျက်လုံးမှိတ်ပြီး သေမင်းကို စောင့်နေလိုက်ပါတယ်။
ဒါပေမဲ့... အဲဒီလက်က သူ့ပုခုံးပေါ် ကျလာတဲ့အခါ ဘာမှ ဖြစ်မလာပါဘူး။ အေးဆေးတည်ငြိမ်တဲ့ အဘိုးကြီးရဲ့ အသံက သူ့နားနားမှာ ကပ်ပြီး ထွက်ပေါ်လာပါတယ်။
"ဘာလို့ ဒီလောက်အထိ တုန်လှုပ်နေရတာလဲ မစ္စတာလျူခင်ဗျားနဲ့ ဆိုင်
တယ်လို့ ငါမှ မပြောရသေးတာ"
အဲဒီ စကားတစ်ခွန်းတည်းကိုပဲ ချန်ထားခဲ့ပြီး ဆွန်ဒူရှန်ကလက်နှစ်ဖက်ကို နောက်ပစ်ကာ လူအများရှေ့ကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားပါတော့တယ်။
စင်မြင့်ပေါ်မှာတော့...
နက်နဲပုံရိပ်အဆင့်ကို ရောက်ထားပြီး နောက်နှစ်အနည်းငယ်အတွင်း စစ်နတ်ဘုရားဖြစ်လာလိမ့်မယ်လို့ နန်းတွင်းက မျှော်လင့်ချက်ကြီးကြီး ထားထားတဲ့ ဒုတိယအဆင့် အရာရှိကြီး မြို့ဝန်လျူဟာ အဝတ်အစားတွေ ဖရိုဖရဲနဲ့ အရှက်ရစွာ ရပ်နေရပါတယ်။ သူဟာ အသိဉာဏ်တွေ ပျောက်ဆုံးသွားသလိုမျိုး ရှေ့တည့်တည့်ကိုပဲ ကြောင်ကြည့်နေမိပါတယ်။
"သတ္တိမရှိလိုက်တာ"
မုန်ကွမ်ရှင်းက နှာခေါင်းရှုံ့လိုက်တယ် "ဒီနှစ်တွေထဲမှာ ငါက သူရဲကောင်းပါဆိုပြီး ကြွားလုံးထုတ်နေတာ ဒီကောင်လား"
"ဖုန်း.."
မြို့ဝန်လျူဟာ မြေကြီးပေါ်ကို ခွေကျသွားပြီး အသက်ကို လုရှူနေရပါတယ်။
"ပြီးသွားပြီ..."
အဝေးကနေ ကြည့်နေတဲ့ ချောင်ဖန်ဟာ ဆက်မကြည့်နိုင်တော့ပါဘူး"မြို့ဝန်ကြီးကတော့ အစားထိုးခံရတော့မှာပဲ သေတာနဲ့ အတူတူပါပဲအခုချိန်မှာ စစ်တပ်အာဏာကို ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"
"တစ်ယောက်ယောက် လာခဲ့ကြစမ်း မြို့ဝန်လျူကို ကောင်းကောင်း အနားယူဖို့ ခေါ်သွားပေးလိုက်"
ဖန်ချင်းယွမ်က အခြေအနေကို ဆက်ပြီး ထိန်းသိမ်းထားပါတယ် "လူကြီးမင်းတို့... လူသတ်မှု ဖြစ်သွားတာက ရုတ်တရက်ကြီးမို့လို့ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိနေပါတယ် ဒါကြောင့် ရွေးချယ်ပွဲ ကို ဒီနေ့ တစ်ရက် ရပ်နားပါမယ်။ စာမေးပွဲ မဖြေရသေးတဲ့ လူတွေကတော့ ပြန်ပြီး အသေအချာ ပြင်ဆင်ကြပါ စစ်ကြောင်းကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ တွေးထားကြပါ အားလုံး လူစုခွဲနိုင်ပါပြီ"
သံချပ်ကာ စစ်သည်တွေရဲ့ တိုက်တွန်းမှုကြောင့် လူတွေဟာ ဖြစ်ပျက်သွားတာတွေကို သတိပြန်ဝင်လာပြီး တဖြည်းဖြည်း လူစုခွဲသွားကြပါတယ်။
"ပုချီ"
လူအများစု ထွက်သွားပြီးတဲ့နောက် ဖန်ချင်းယွမ်က ဆွန်ပုချီကို တစ်ယောက်တည်း ခေါ်ပြောပါတယ် "အခု မင်း နားလည်သွားပြီလား"
"နားလည်ပြီ"
ဆွန်ပုချီက ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်တယ် "ဒီလူတွေက ငါ့အဖေရဲ့ စစ်အာဏာကို လုဖို့ ကြိုးစားနေကြတာ။ သူတို့ ရှုံးသွားပြီအပြတ်အသတ်ကို ရှုံးသွားတာ ဒါပေမဲ့ ဘာလို့ စုံစမ်းစစ်ဆေးမှုကို ဆက်မလုပ်တော့တာလဲ ဘာလို့ ဒီမြို့ဝန်လျူကိုပါ သတ်မပစ်တာလဲ"
"စုံစမ်းဖို့ လိုသေးလို့လား"
ဖန်ချင်းယွမ်က ပြုံးလိုက်တယ် "ဘယ်သူလုပ်တာလဲဆိုတာ အစကတည်းက ရှင်းနေတာပဲလေ။ အလုပ်တစ်ခုကို လုပ်တဲ့အခါ ဘယ်အချိန်မှာ ရှေ့တိုးရမယ်၊ ဘယ်အချိန်မှာ ဆုတ်ရမယ်ဆိုတာ သိရမယ်။ ကိုယ့်ရည်မှန်းချက် အောင်မြင်သွားပြီဆိုရင် ဒါဟာ အောင်နိုင်မှုပဲ။ တစ်ခါတလေကျရင် အရမ်း ရက်စက်လွန်းတာက ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်စေတတ်တယ်"
နင်ချန်းချွန်ကို သတ်လိုက်တာက ပြဿနာမရှိပေမဲ့...။