← Chapters

အခန်း (၁၄၇)

Vol. 14 Ch. 147

အခန်း (၁၄၇)

Vol. 14 Ch. 147

ပြီး သတ်နေမယ်ဆိုရင်တော့...

အဲဒါဟာ နန်းတွင်းကို စစ်ကြေညာတာနဲ့ အတူတူပါပဲ။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ တပ်စခန်းရှစ်ခုဟာ နန်းတွင်းကို ဗြောင်ကျကျ ပုန်ကန်ဖို့ အခြေအနေ မပေးသေးပါဘူး။ အခုလို ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်နိုင်ခဲ့တာတင်ပဲ ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုရမှာပါ။ ဒီနေ့ကစပြီး နန်းတွင်းက ဘယ်သူ့ကိုပဲ လွှတ်လွှတ် အာဏာကို အလွယ်တကူ သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့သလို ဆွန်ဒူရှန်ကို အထင်သေးဖို့ဆိုတာလည်း ဝေးသွားပါပြီ။

"ငါကတော့ အဲဒီလူတွေကို မကြည်တာ ကြာပြီ အထူးသဖြင့် နင်ချန်းချွန်

ပေါ့။ ဘယ်သွားသွား မောက်မာတဲ့ ပုံစံနဲ့ မကြာခင်က လူရိုင်းသူခိုးတွေနဲ့ တိုက်ပွဲတုန်းကလည်း သူက အထက်က အစီအစဉ်ကို နားမထောင်ဘဲ သူ့သဘောနဲ့သူ တပ်ရွှေ့ခဲ့တယ်လို့ ကြားတယ်။ သူက အောင်မြင်မှု ရခဲ့တယ်ဆိုပေမဲ့ အဲဒါက သိသိသာသာကို အာဏာပြချင်တာပဲလေ"

ဆွန်ပုချီ က သူ့မေးစေ့ကို ပွတ်ရင်း မေးလိုက်တယ် "ဒါပေမဲ့ အစ်ကိုကြီး... အဖေက ဘာလို့ ဒါကို အရင်ကတည်းက မလုပ်တာလဲဘာလို့ အခုမှ စောင့်ပြီး

လုပ်တာလဲ"

"လောကမှာ ဘာတစ်ခုမှ ပုံသေကားကျ မရှိဘူး"

ဖန်ချင်းယွမ် က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် "အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ပြောင်းလဲနေတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပဲ။ နောက်ဆယ်ရက်ဆိုရင် ယွမ်ကျိုး မှာရှိတဲ့လူရိုင်းတွေရဲ့ ကိစ္စက ဆိုင်းငံ့ထားလို့ မရတော့ဘူး။ ပြီးတော့... ချန်ဆန်းရှီနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်တွေလည်း ပါတာပေါ့"

"ဆန်းရှီ ဟုတ်လား"

ဆွန်ပုချီက အံ့သြတကြီး မေးတယ် "ဒီကိစ္စက သူ့နဲ့လည်း ဆိုင်နေတာလား"

"ဟုတ်တယ်"

ဖန်ချင်းယွမ်က အသေးစိတ် ထပ်မပြောတော့ဘဲ မေးခွန်းပြောင်းလိုက်တယ် "ကဲ... မင်း မြင်သင့်တာတွေ အကုန်မြင်ပြီးပြီ အစ်ကိုကြီး မေးမယ်... ဒီနေ့ မြင်လိုက်ရတဲ့ ပြဇာတ်ကနေ မင်း ဘာသင်ခန်းစာ ရလိုက်သလဲ"

"ငါ့အဖေက တကယ့်ကို အံ့သြဖို့ကောင်းတယ်ဆိုတာပဲ"

ဆွန်ပုချီက ခဏလောက် တွေးပြီး ဖြေလိုက်ပါတယ်။

"..."

ခဏလေးအတွင်းမှာတင် ဖန်ချင်းယွမ်က သူ့ဒဏ်ရာတွေ သက်သာသွားသလိုမျိုး ဝှီးချဲပေါ်ကနေ ခုန်ဆင်းပြီး တစ်ယောက်ယောက်ကို ထိုးကြိတ်ချင်စိတ် ပေါက်သွားပါတော့တယ်။ (တပည့်ကျော် ပုချီကတော့ ထုံးစံအတိုင်း အူကြောင်ကြောင်ပါပဲ)

"အရှင်ကို ဂုဏ်ပြုပါတယ်"

"ပထမဆုံး 'အဆင့် A' ကို ရတာပဲ"

"..."

လေ့ကျင့်ရေးကွင်းကနေ ထွက်လာတဲ့အခါ လူအများကြီးက လာပြီး ဂုဏ်ပြုကြပါတယ်။ ဒါပေမဲ့ ချန်ဆန်းရှီကတော့ သိပ်ပြီး မပျော်နိုင်သေးပါဘူး။

သူက ပထမစာမေးပွဲ နှစ်ခုအတွက် ၉၀ ရာခိုင်နှုန်းကျော် ယုံကြည်မှု ရှိခဲ့ပေမဲ့၊ လက်တွေ့တိုက်ပွဲကတော့ အမြဲတမ်း မသေချာပါဘူး။ သိုင်းပြိုင်ပွဲက အခက်ခဲဆုံး အပိုင်းဖြစ်နေတာကြောင့် သူဟာ အရိုးဖွဲ့စည်းခြင်းအဆင့်ရဲ့ အသေးစားအောင်မြင်မူ့ကို အမြန်ဆုံး ရောက်ဖို့ လိုနေပါတယ်။

ကံကောင်းတာက ဒီဆူပူမှုကြောင့် 'ရွေးချယ်ပွဲ' ကို နှစ်ရက် နားလိုက်ရတဲ့အတွက် သူ့အတွက် အချိန်အလုံအလောက် ရသွားတာပေါ့။ သူ စစ်

မြို့တော်အပြင်ဘက်ကို ရောက်တဲ့အခါ ရှောင်ရှင်းက စောင့်နေတာ တွေ့လိုက်ရပါတယ်။

အိမ်အပြန်လမ်းမှာ ချန်ဆန်းရှီက ဒီနေ့ ဖြစ်ရပ်တွေကို ပြန်စဉ်းစားနေမိပါတယ်။ တကယ်တော့ အကွက်တွေ ဘယ်လိုပဲ ခင်းခင်း နောက်ဆုံးမှာတော့ 'အစစ်အမှန် သန်မာတဲ့သူကသာ ကစားပွဲကို နိုင်တယ်' ဆိုတဲ့ နိယာမကတော့ မပြောင်းလဲပါဘူး။ ဘုရင်ခံဆွန်က စစ်နတ်ဘုရားရဲ့ အသက်ကို သုံးပြီး သူ့အာဏာကို ပြန်တည်ဆောက်ခဲ့တာပါ။

အဲဒီ လှံတိုက်ကွက်က တကယ့်ကို တုန်လှုပ်စရာပါပဲ။ လောကက လူတွေ ဘာလို့ ဒီပညာအမွေအနှစ်ကို အရူးအမူး လိုချင်နေကြသလဲဆိုတာ အခုမှ နားလည်သွားတော့တယ်။

ဒါ့အပြင် ချန်ဆန်းရှီက တစ်ခုကိုလည်း သိချင်နေပါတယ်။ ဧကရာဇ်အိုကြီး ကိုယ်တိုင်လည်း ကျင့်စဉ်တွေ လေ့ကျင့်နေတာပဲ သူလည်း အစွမ်းထက်မှာ သေချာပါတယ်။ ဆွန်ဒူရှန်နဲ့ အင်အားချင်း မျှနေလို့သာ ဒီနှစ်တွေမှာ တစ်ဖက်နဲ့တစ်ဖက် အသာမရဘဲ ဒီလို အနေရခက်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။

ဒါပေမဲ့ တကယ်လို့ ဧကရာဇ်မှာ စစ်နတ်ဘုရား အထက်ကို တက်လှမ်းနိုင်တဲ့ နည်းလမ်းရှိရင် ဘာလို့ သူ့သားမြေးတွေကို တိုက်ရိုက်မသင်ပေးဘဲ ဆွန်ဒူရှန်ဆီကနေ သင်ခိုင်းရတာလဲ..

ဖြစ်နိုင်တာကတော့... ဧကရာဇ်ရဲ့ နည်းလမ်းက သူကိုယ်တိုင်ပဲ သုံးလို့ရတာမျိုး ဖြစ်နိုင်ပြီး ဆွန်ဒူရှန်ရဲ့ နည်းလမ်းကတော့ သတ်မှတ်ထားတဲ့ လူတချို့သင်ယူလို့ ရနိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။

"တတိယ အဆင့်ကတော့... စစ်တိုက်ခြင်း ဒါမှမဟုတ် လက်တွေ့တိုက်ပွဲပဲ"

ချန်ဆန်းရှီက လျန်ကျိုးကို လာတုန်းက တုံယိမြို့ ကို ဖြတ်လာခဲ့တာ သတိရသွားပါတယ်။ စစ်ဆေးမှုက ဘယ်လိုပုံစံလဲ မသိပေမဲ့၊ သူ့ရဲ့ ကျင့်စဉ်ကို အမြန်မြှင့်တင်ဖို့ကတော့ အမှန်ကန်ဆုံး နည်းလမ်းပါပဲ။

အိမ်ပြန်ရောက်တဲ့အခါ ဧည့်သည်တစ်ယောက် ရောက်နေတာ တွေ့လိုက်ရပါတယ်။ အဲဒါကတော့ သူ့ရဲ့ မွေးစားသမီးလေး ရွှီယွီဟွမ်ပါပဲ။ ထုံ မိသားစုက သူတို့သမီးလေးကို လျန်ကျိုးမြို့ တောင်ဘက်တံခါးအပြင်ဘက်က စီယွင်ဘုရားကျောင်း မှာ ဆုတောင်းဖို့ ခေါ်သွားခဲ့တာပါ။ စစ်တန်းလျားတွေက မြို့မြောက်ဘက်မှာမို့ အသွားအပြန် ဝေးနေတာကြောင့် ချန်အိမ်တော်မှာပဲ ခေတ္တ လာတည်းနေကြတာပါ။

"ယွီဟွမ်လေး... လာ အဖေကြီး ချီမယ်"

ချန်ဆန်းရှီက လက်တွေကို ဆန့်ထုတ်ပြီး "ယိမ်း... ယိမ်း" လို့ပဲ အော်တတ်သေးတဲ့ ကောင်မလေးကို ချီလိုက်ပါတယ်။

"ဆန်းရှီ... ကလေးကို မခြောက်ပါနဲ့"

ဂူရှင်းလန် က ကလေးကို လှမ်းချီဖို့ လုပ်ရင်း ပြောတယ် "မောင်လေး အရင်သွား ရေချိုးလိုက်ဦး"

ချန်ဆန်းရှီ အခုမှ သတိရသွားပါတယ်။ သူ ခုနကပဲ လူတွေအများကြီး သတ်ခဲ့တာလေ၊ သူ့တစ်ကိုယ်လုံးမှာ သွေးစတွေ ပေနေတုန်းပဲ။ ဒါပေမဲ့ ထူးဆန်းတာက ကောင်မလေးက မကြောက်တဲ့အပြင် ရယ်မောပြီး သူ့မျက်နှာကို လက်ကလေးနဲ့ လှမ်းပုတ်နေပါသေးတယ်။

ဂူရှင်းလန်လည်း အဲဒီတော့မှ စိတ်အေးသွားပါတယ်။

ချန်ဆန်းရှီက "အမလန်... နောက်ရက်ကျရင် ရွှေတချို့ယူပြီး ယွီဟွမ်လေးအတွက် ရွှေလက်ကောက် ဒါမှမဟုတ် ဆွဲကြိုးလေး လုပ်ပေးလိုက်ပါ။ ကျွန်တော်က သူ့အဖေကြီး ဖြစ်ပြီး ဘာလက်ဆောင်မှ မပေးရသေးဘူး" လို့ ပြောလိုက်ပါတယ် အခု သူက ရွှေ ငွေတွေ အလျှံပယ်ရှိတဲ့ သူဌေးကြီး ဖြစ်နေပြီလေ။

"သခင်ကြီးက ကျွန်မတို့ သမီးလေးကို မွေးစားပေးတာတင်ပဲ ဂုဏ်ယူမဆုံးဖြစ်နေပါပြီ အခုလို အကုန်အကျခံဖို့ကတော့..."

ထုံမိသားစုက အမျိုးသမီးက အားနာစွာ ပြောရှာပါတယ် "ကျွန်မယောက်ျား သခင်ကြီးအတွက် တစ်ဖက်တစ်လမ်းက အသုံးဝင်အောင် အောင်မြင်မှုတွေ ရပါစေလို့ပဲ ဆုတောင်းပါတယ်"

"အစ်ကိုဘင်က တော်ပါတယ် ဒီနေ့ စစ်ဆေးပွဲမှာ သူက တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်" လို့ ချန်ဆန်းရှီက ပြောလိုက်ပါတယ်။

တကယ်တော့ အရည်အချင်းဆိုတာက အကန့်အသတ်တစ်ခုပါပဲ။ စစ်သည်တွေအတွက်တော့ အဲဒါက သိပ်အရေးမကြီးလှပါဘူး။ တပ်စခန်း ရှစ်ခုထဲ ရောက်သွားရင် ဆေးဝါးတွေ ပံ့ပိုးမှုနဲ့ဆိုရင် ရွှီဘင်းအနေနဲ့ 'အရိုးဖွဲ့စည်းခြင်း' အဆင့်ကို ရောက်ဖို့ သိပ်မကြာပါဘူး။ နှမြောစရာကောင်းတာကတော့ လူအများစုမှာ အမြင့်ဆုံးအထိ တက်လှမ်းနိုင်တဲ့ ပါရမီ မရှိကြတာပါပဲ။

တကယ်လို့သာ... ဝိညာဉ်စပါးတွေကို သုံးနိုင်မယ်ဆိုရင်ပေါ့။ ဒါမှမဟုတ် သင့်တော်တဲ့ လက်နက်ကိရိယာတွေနဲ့ ပေါင်းစပ်ပေးနိုင်ရင်...။

"စစ်မြေပြင်မှာ အသေခံတိုက်မယ့် သံမဏိစိတ်ဓာတ်" ပဲ။

တကယ်လို့ ချန်ဆန်းရှီအနေနဲ့ အဆင့်မြင့် စစ်ဗိုလ်ချုပ်တွေကို မွေးထုတ်

ချင်တယ်ဆိုရင်တော့ ပိုယန်က လိုက်လာတဲ့ ဒီသစ္စာရှိ ညီအစ်ကိုတွေကိုပဲ အရင်ဆုံး လေ့ကျင့်ပေးမှာပါ။ ဒါပေမဲ့ အခုချိန်မှာ ဝိညာဉ်စပါးတွေကို သုံးဖို့က စွန့်စားရာ ရောက်လွန်းပါတယ်။ အထူးသဖြင့် ဘုရင်ခံဆွန်ရဲ့ စွမ်းအားကို မြင်ပြီးတဲ့နောက်မှာပေါ့။

ခဏလောက် ထပ်စောင့်ကြည့်ဦးမယ် အနည်းဆုံးတော့ သူတစ်ပါး လာလုပ်ကြံတာကို မကြောက်ရတော့မယ့် အဆင့်အထိပေါ့။ ချန်ဆန်းရှီက ကလေးကို ချော့နေချိန်မှာ အမျိုးသမီးနှစ်ယောက်ကတော့ ဝင်းထဲမှာ စကားပြောနေကြပါတယ်။

"ရှင်းလန်... စီယွင်ဘုရားကျောင်းက ဆရာတော်တွေက အရမ်းစွမ်းတာအဲဒီမှာ ဆုတောင်းရင် တကယ်ပဲ ကောင်းချီးတွေ ရတယ်နော်"

"ဟုတ်လို့လား"

"ဟုတ်တာပေါ့ ယွီဟွမ်လေးကို ရကတည်းက ငါ နေ့တိုင်း ပင်ပန်းနေတာ။ ဒီနေ့ စီယွင်ဘုရားကျောင်းကို သွားလိုက်ရတာ စိတ်ရော လူရော လန်းဆန်းသွားတာပဲ"

"အဲဒါ တော်တော် ထူးခြားတာပဲ"

"စီယွင်ဘုရားကျောင်းက လျန်ကျိုးမှာ အစည်ဆုံး ဘုရားကျောင်းပဲလေ။ ငါတို့တင် မဟုတ်ဘူး အရာရှိကြီးတွေနဲ့ ဂိုဏ်းကြီးတွေက သိုင်းဆရာတွေတောင် အမြဲသွားကြတာ ဒီနေ့ ငါတောင် တစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်။ လခွဲတောင်ကုန်း စံအိမ်က အိမ်တော်ရှင်တဲ့။ စစ်နတ်ဘုရားတစ်ယောက်လို့ ပြောကြတယ် အရမ်းကို စွမ်းတာပဲ"

All Chapters