အခန်း (၁၄၈)
Vol. 14 Ch. 148
ထုံမိသားစုက အမျိုးသမီးက အဝေးမှာရှိနေတဲ့ ချန်ဆန်းရှီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ယောက်ပဲ ကြားနိုင်တဲ့ အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် "ရှင်းလန်... နင်ကော ဗိုလ်ချုပ်နဲ့ ကလေးယူဖို့ အစီအစဉ် မရှိဘူးလား"
"ရှိတာပေါ့"
ရှင်းလန်က ပါးပြင်လေး ရဲတက်သွားရင်း ပြန်ဖြေတယ် "ဒါပေမဲ့ အခုထိတော့ ဘာသတင်းမှ မကြားရသေးဘူး"
သူမရဲ့ ရင်ထဲမှာတော့ စိုးရိမ်နေမိတာ အမှန်ပါ။ မင်္ဂလာဆောင်ပြီးတာ နှစ်
တစ်ဝက်လောက် ရှိနေပြီ သူတို့နှစ်ယောက်လည်း အတူတူရှိနေကြတာပဲကို ကိုယ်ဝန်ရှိတဲ့ လက္ခဏာက ပေါ်မလာသေးဘူးလေ။ သူမမှာ တစ်ခုခု ချို့ယွင်းနေလို့ ကလေးမရနိုင်တာလားဆိုပြီး တွေးပူနေမိပါတယ်။
"နောက်တစ်ခါကျရင် ငါနဲ့အတူ စီယွင်ဘုရားကျောင်းကို လိုက်ခဲ့" လို့ အစ်မ ထုံက သူမလက်ကို ကိုင်ပြီး ပြောပါတယ် "အဲဒီမှာ ကလေးရဖို့ ဆုတောင်းတဲ့လူတွေ အများကြီးပဲ။ တကယ်လည်း စွမ်းတယ်လို့ ကြားတယ် မင်းနဲ့ ဗိုလ်ချုပ်ချန်နဲ့ ကလေးရလာရင် ယွီဟွမ်လေးအတွက်လည်း အဖော်ရတာပေါ့။ အော်... ပြီးတော့ ဗိုလ်ချုပ်ချန်ကိုပါ တစ်ခါတည်း ခေါ်ခဲ့နော် နှစ်ယောက်တူတူသွားရင် ပိုစွမ်းတယ်လို့ ပြောကြတယ်"
"အင်းပါ"
ရှင်းလန်က သဘောတူလိုက်ပါတယ်။
ချန်ဆန်းရှီကတော့ သူတို့စကားဝိုင်းထဲကို ဝင်မပါပေမဲ့ သူ့ရဲ့ ထူးကဲတဲ့ အကြားအာရုံကြောင့် ဝင်းတစ်ခုတည်းမှာရှိနေတဲ့ သူတို့ပြောသမျှကို အကုန်ကြားနေရပါတယ်။
"ဒါပေမဲ့ နောက်ရက်အနည်းငယ်လောက်တော့ စောင့်ရဦးမယ် အခုက ရွေးချယ်ပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့။ အဲဒါပြီးရင်တော့ အမလန်နဲ့ အစ်မထုံတို့နဲ့အတူ ကျွန်တော် လိုက်ခဲ့ပါ့မယ်"
ချန်ဆန်းရှီကိုယ်တိုင်လည်း စိတ်ဝင်စားသွားတာပါ။ လျန်ကျိုးမြို့တစ်မြို့လုံးက ဒီဘုရားကျောင်းကို သွားနေကြတာ အထူးသဖြင့် စစ်နတ်ဘုရားတွေတောင် သွားကြတယ်ဆိုတော့လေ။ ဒီနေ့မှာ စစ်နတ်ဘုရားတစ်ယောက် မျက်စိတစ်မှိတ်အတွင်း အရေးနိမ့်သွားတာကို သူ မြင်ခဲ့ရပေမဲ့ စစ်နတ်ဘုရားတွေကိုတော့ သူ အထင်မသေးပါဘူး။ သူတို့ဟာ ဒီလောကရဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမားတွေပဲ မဟုတ်လား။ ဆွန်ဒူရှန်ကသာ အလွန်အမင်း သန်မာလွန်းနေတာဖြစ်ပြီး အဲဒီစစ်နတ်ဘုရားက အားနည်းနေတာ မဟုတ်ပါဘူး။
"အစ်မထုံ..."
ချန်ဆန်းရှီက သိချင်စိတ်နဲ့ မေးလိုက်တယ် "အစ်မတို့ကတော့ ဘေးကင်းဖို့ သွားဆုတောင်းတာ ထားပါတော့ သိုင်းသမားတွေကရော အဲဒီမှာ ဘာသွားဆုတောင်းကြတာလဲ"
"အဲဒါကတော့..."
အစ်မထုံက သေသေချာချာ ပြန်စဉ်းစားပြီး "သူတို့လည်း ဘေးကင်းဖို့ပဲ ဆုတောင်းကြတာပါပဲ" လို့ ဖြေပါတယ်။
"သူတို့လည်း ဘေးကင်းဖို့ပဲ ဆုတောင်းတယ် ဟုတ်လား"
ချန်ဆန်းရှီ ပိုပြီး သိချင်သွားသလို တစ်ခုခု ထူးဆန်းနေတယ်လို့လည်း ခံစားလိုက်ရပါတယ်။ ကိုယ့်အစွမ်းကိုယ်ကိုးပြီး ဘေးကင်းအောင် နေရတဲ့ သိုင်းသမားတွေက ဘာလို့ နတ်ဘုရားတွေ ဘုရားတွေဆီမှာ ဆုတောင်းနေကြတာလဲ...
တကယ်လို့ စီယွင်ဘုရားကျောင်းက စစ်နတ်ဘုရားအဆင့်ရှိတဲ့ ဂိုဏ်းကြီးတစ်ခုဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ သူ လျန်ကျိုးကို လာတုန်းက ဂိုဏ်းတွေအကြောင်း လေ့လာခဲ့ဖူးပါတယ်။ စီယွင်ဘုရားကျောင်းက စစ်နတ်ဘုရားအဆင့် မရှိတဲ့အပြင် ဒုတိယတန်းစား ဂိုဏ်းတွေစာရင်းမှာတောင် မပါပါဘူး တတိယတန်းစား ဂိုဏ်းတွေရဲ့ နောက်မှာတောင် ရှိနိုင်ပါတယ်။
အဲဒီတော့ ဘာကို သွားကိုးကွယ်နေကြတာလဲ တကယ်ပဲ ထူးခြားတဲ့ တန်ခိုးရှိလို့လားဒါမှမဟုတ် တစ်ခုခုကို လှည့်စားထားတာလားဒါကြောင့်လည်း အမလန်ကို တစ်ယောက်တည်း မလွှတ်နိုင်တာပါ။
အိမ်ရဲ့ နောက်ဖေးဝင်းထဲမှာတော့ ချန်ဆန်းရှီဟာ ဧည့်သည်တွေရှိနေရင်တောင် အနှောင့်အယှက်မရှိ သိုင်းကျင့်နိုင်ပါတယ်။ ဗိုက်ဝအောင် စားသောက်ပြီးတာနဲ့ သူ သိုင်းကျင့်တာကို စတင်ပါတော့တယ်။
ဝိညာဉ်စပါး ၊ ရတနာဆေးဝါးနဲ့ သားရဲသား...။
ဒီသုံးမျိုးစလုံးရဲ့ ပံ့ပိုးမှုကြောင့် သူ့ရဲ့ ကျင့်စဉ်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် နှစ်ရက် ကုန်လွန်သွားခဲ့ပြီး ချန်ဆန်းရှီဟာ နောက်ထပ် အဆင့်တက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်ရှိလာပါပြီ။
လှံသိုင်းသုံးမျိုးကို ပေါင်းစပ်ထားတဲ့ 'တစ်သားထည်းဖြစ်ခြင်းလှံသိုင်း' ဟာ သူ့လက်ထဲမှာ အထွတ်အထိပ်ကို ရောက်နေပါပြီ။ မြန်ဆန်တယ်၊ ပြင်းထန်တယ်၊ တည်ငြိမ်တယ် ဒီအရည်အချင်း သုံးမျိုးထဲက တစ်ခုခုရှိရုံနဲ့တင် သိုင်းလောကမှာ နေရာတစ်နေရာ ရနိုင်တာကို သူက သုံးမျိုးစလုံးကို ပိုင်ဆိုင်ထားတာပါ။
ဒါ့အပြင် ဒီအရည်အချင်း သုံးမျိုး ပေါင်းစပ်သွားတဲ့အခါ 'ရိုင်းစိုင်းပြင်းထန်တဲ့' စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်— ဒါဟာ 'လှံရဲ့ အရှိန်အဝါ'ပါပဲ..
လက်နက်တိုင်းမှာ သူ့အရှိန်အဝါ ရှိပါတယ် ဒီအရှိန်အဝါကို ထိန်းချုပ်နိုင်မှသာ ဂုဏ်ထူးဆောင် ဆရာကြီးတစ်ယောက် ဖြစ်လာနိုင်မှာပါ။ မဟုတ်ရင်တော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အဆင့်တူတဲ့ သိုင်းသမားချင်း တွေ့တဲ့အခါ အသာစီးရဖို့ မလွယ်ပါဘူး။ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ဖို့ဆိုရင် လှံသိုင်းပညာကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။
ချန်ဆန်းရှီရဲ့ လှံရှည်ကြီးဟာ လေထဲမှာ တဝီးဝီး မြည်နေပြီး တစ်ခါတလေမှာတော့ ပြင်းထန်တဲ့ မြွေဟောက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုပါပဲ။ သူ ကျင့်ကြံနေတုန်းမှာ အပေါ်က ပျံသန်းနေတဲ့ ငှက်တွေတောင် လန့်ပြီး ပြုတ်ကျကုန်သလို၊ ဝင်းထဲက သစ်ပင်လေးတွေလည်း ပြင်းထန်တဲ့ လေဒဏ်ကြောင့် အချိန်မရွေး ကျိုးသွားတော့မယ့်အတိုင်း ယိမ်းထိုးနေပါတယ်။
"ဘုန်း"
ရုတ်တရက် သူ့နှလုံးက သာမန်လူတွေ ခံနိုင်ရည်ထက် ကျော်လွန်ပြီး အပြင်းအထန် ခုန်လာပါတယ်။ ဒါဟာ ကျန်းမာရေးချို့ယွင်းတာ မဟုတ်ဘဲ အဆင့်တက်တော့မယ့် လက္ခဏာပါ..
နှလုံးဟာ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အစွမ်းအထက်ဆုံးဖြစ်သလို ခန္ဓာကိုယ် ခွန်အားအတွက်လည်း အဓိက အခြေခံပါပဲ။ သွေးတွေကို နှလုံးကခန္ဓာကိုယ်အနှံ့ ပို့ပေးတာ နှလုံးက ပိုသန်မာလေ၊ ပေါက်ကွဲထွက်လာတဲ့ ခွန်အားက ပိုကြီးလေပါပဲ။
"ဒုတ်... ဒုတ်... ဒုတ်"
နှလုံးရဲ့ အရှိန်နဲ့အတူ ချန်ဆန်းရှီရဲ့ ခန္ဓာကိုယ်ထဲက 'နဂါးဆင်သွေး' တွေဟာ ပိုပြီး တိုးတက်လာကာ သူ့ရဲ့ အရှိန် တုံ့ပြန်မှုနဲ့ ခွန်အားတွေဟာ နှစ်ဆနီးပါး တက်လာပါတော့တယ်။
[ကျင့်ကြံမှု့ - တစ်သားထည်းဖြစ်ခြင်းလှံသိုင်း(အသေးစားအောင်မြင်မှု့)
[တိုးတက်မှု့ - 0/2000]
[စွမ်းဆောင်ရည် -ရွမ်ယွမ် ဒြပ်စင်ငါးပါးခန္ဓာ၊ ချီလင်နှလုံးသား]
[ချီခင်နှလုံးသား - ရွမ်ယွမ်ဒြပ်စင်ငါးပါးထဲက တစ်ခုဖြစ်ပြီး 'သိမ်မွေ့
ခုနစ်ပေါက် ပါရမီ'နဲ့ ပေါင်းစပ်ထားပါတယ်။ ထူးကဲတဲ့ တိုက်ခိုက်ရေး ပါရမီရှိပြီး၊ ပြိုင်ဘက်ရဲ့ တိုက်ကွက်တွေကို အချက်၃၀ အတွင်းမှာ သေချာပေါက် ဖတ်နိုင် ဖြိုခွဲနိုင်သည်]
ချီလင် နှလုံးသား...
ချန်ဆန်းရှီဟာ မကြာသေးခင်က စာအုပ်တွေ အများကြီး ဖတ်ထားလို့ သိုင်းလောကက ထူးခြားတဲ့ ခန္ဓာကိုယ်တွေအကြောင်း သိနေပါပြီ။ 'ချီလင်ခန္ဓာ'ဆိုတာ သိုင်းသူတော်စင်တွေရဲ့ ခန္ဓာကိုယ်လို့တောင် သတ်မှတ်ထားကြတာပါ။
ဒါ့အပြင် ဒါဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုတင် မြှင့်တင်ပေးတာ မဟုတ်ဘဲ သိုင်းပညာ သင်ယူတဲ့အခါမှာလည်း အသိဉာဏ်ကို မြှင့်တင်ပေးတဲ့ တစ်ခုတည်းသော ခန္ဓာကိုယ် ဖွဲ့စည်းပုံပါ။ အကြီးအကဲယန်ရဲ့ မြေးဖြစ်သူ ယန်ချန်းချင်းမှာလည်း ဒီခန္ဓာကိုယ် ရှိပါတယ်။
အခု ချန်ဆန်းရှီရဲ့ စနစ် ကြောင့် သူ့ခန္ဓာကိုယ်ထဲကို 'ချီလင်နှလုံးသား' ရောက်လာပြီး သူ့ရဲ့ ဖတ်ရှုခြင်း ပါရမီနဲ့ ပေါင်းစပ်သွားပါတယ်။
"ပြိုင်ဘက်ရဲ့ တိုက်ကွက်တွေကို အချက် ၃၀ အတွင်းမှာ ဖတ်နိုင်မယ်"
ဒါက ဘာကို ဆိုလိုတာလဲဆိုတော့... ပြိုင်ဘက်က ဘယ်လောက်ပဲ အဆင့်
မြင့်နေပါစေ သူက အချက်၃၀ အထိ ခံနိုင်ရည်ရှိရင် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာပြီး ချေမှုန်းနိုင်တော့မှာပါ။ ခံနိုင်ရည်ရှိဖို့ဆိုတာကတော့ ချန်ဆန်းရှီအတွက် ဘယ်တုန်းကမှ ပြဿနာ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ ဒါက အဆင့်ကွာခြားချက် အရမ်းကြီးမနေဖို့တော့ လိုတာပေါ့။ အခုချိန်မှာ ဘုရင်ခံဆွန်နဲ့ သွားတိုက်ရင်တော့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အတွင်းအားသန့်စင်အဆင့်ရဲ့ အကြီးစားအောင်မြင်မှု့ဒါမှမဟုတ် ပြီးပြည့်စုံခြင်း အဆင့်ရှိတဲ့သူတွေနဲ့ ဆိုရင်တော့...။
သာမန်အားဖြင့် 'အသေးစားအောင်မြင်မှု့' နဲ့ 'ပြီးပြည့်စုံခြင်း' အဆင့်ကြားက ကွာခြားချက်က အရမ်းကြီးပါတယ်။ ဘာလို့လဲဆိုတော့ 'နှလုံးလောင်ကျွမ်းခြင်း' ဆိုတာက ပြီးပြည့်စုံခြင်းအဆင့်က 'သွေးပေါက်ကွဲခြင်း' ရဲ့ အစပျိုးပုံစံလေးပဲ ရှိပါသေးတယ်။ အစပျိုးပုံစံနဲ့ အပြည့်အဝပုံစံ ယှဉ်တိုက်ရင် ဘာဖြစ်မလဲဆိုတာ ပြောစရာ မလိုပါဘူး။
အရင်ကတော့ ချန်ဆန်းရှီမှာ ယုံကြည်မှု အပြည့်မရှိခဲ့ပါဘူး။ အခု ချီလင်
နှလုံးသားကို ရလိုက်ပြီဆိုတော့ သူ နိုင်ဖို့ အခွင့်အရေး ပိုများလာပါပြီ။ ဒါပေမဲ့ သူ လျော့မတွက်ရဲပါဘူး ဘာလို့လဲဆိုတော့ 'ရွေးချယ်ပွဲ' မှာ ကျန်နေတဲ့သူတွေက တကယ့် ပါရမီရှင်တွေလေ။ သူတို့ သုံးတဲ့ ကျင့်စဉ်တွေ ဆေးဝါးတွေက အကောင်းဆုံးတွေချည်းပဲ မဟုတ်လား။