← Chapters

အခန်း (၁၅၂)

Vol. 14 Ch. 152

အခန်း (၁၅၂)

Vol. 14 Ch. 152

ငါ အောင်မြင်သွားပြီ... ငါ အောင်မြင်သွားပြီဟေ့" ကျန်းဟွိုင်မင်သည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်သိုင်းနေသော ဂန်းချိိီများကို ကြည့်ကာ သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေပုံရသည်။ငါ အောင်မြင်သွားပြီ... ငါ အောင်မြင်သွားပြီဟေ့" ကျန်းဟွိုင်မင်သည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်သိုင်းနေသော ဂန်းချိိီများကို ကြည့်ကာ သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေပုံရသည်။

"ကောင်းကင်ဘုံက ငါ့ကို ကူညီပြီး လက်စားချေခိုင်းနေတာပဲ... သတ်ကြစမ်း မင်းတို့လို မကောင်းဆိုးဝါးတွေကို အကုန်သတ်ပြီး ငါ့သားအတွက် လက်စားချေရမယ်"

ချွင်...

နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှု တစ်ခု။

စွမ်းအင်များက 'ဂန်း' အဖြစ်သို့ ပြောင်းလဲသွားသည်နှင့် ခွန်အားတိုးတက်မှုမှာ အဆမတန် ကြီးမားသွားခဲ့သည်။

မဟာသွေးကြောအဆင့်မှာသာ ရှိသေးသော ဗိုလ်မှူးကြီး ကွမ်ကျိီကျင်းသည် သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။ နှစ်ချီအတွင်းမှာပင် ကွမ်ကျိီကျင်းသည် အရေးနိမ့်ကာ လဲကျသွားခဲ့သည်။ ဓားဂန်းတစ်ချက်က ဗိုက်ကို ဖောက်ထွက်သွားသဖြင့် သူသည် မြေပြင်ပေါ်တွင် လဲကျကာ သွေးများ တရစပ် အန်နေတော့သည်။

"သေစမ်း"

ကျန်းဟွိုင်မင်သည် ရူးသွပ်မှုထဲသို့ ကျရောက်သွားကာ သူ၏ ဂန်းချိီဖုံးလွှမ်းနေသော ဓားချက်ဖြင့် အသက်ကို နှုတ်ယူရန် လိုက်လံ တိုက်ခိုက်တော့သည်။

ထိုစဉ်မှာပင်...

ဝေးကွာသော နေရာတစ်ခုဆီမှ ဟိန်းထွက်နေသော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။

ခဏတာအတွင်းမှာပင် လောကကြီးတစ်ခုလုံး အေးခဲသွားသလား မှတ်ရသည်။

ညကောင်းကင်ယံထက်တွင်...

ထည်ဝါလှသော လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ဆီးနှင်းရောင် လရောင်အောက်တွင် သူ၏ ချပ်ဝတ်တန်ဆာမှာ မှောင်မိုက်သော မီးလျှံများကဲ့သို့ တောက်ပနေပြီး လက်ထဲရှိ ကောင်းကင်ဘုံလှံရှည် မှာကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားလက်နက်တစ်ခုအလား။

ဘုန်း...

ကောင်းကင်ဘုံလှံရှည်သည် ကောင်းကင်မှ ကျဆင်းလာသော လှိုင်းလုံးကြီးများသဖွယ် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။

"ကျိီ... မင်းလည်း သေဖို့သာ ပြင်ထားတော့"

ကျန်းဟွိုင်မင်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ခွန်အားအပြည့်ဖြင့် မြေပြင်ကို ကန်ကာ ဟိုးအမြင့်သို့ ပျံတက်သွားသည်။ သူ၏ဓားကို ကိုင်ဆောင်ကာ ကောင်းကင်ထက် မီတာအနည်းငယ်အကွာတွင် ကောင်းကင်ဘုံလှံရှည် နှင့် အပြင်းအထန် ရင်ဆိုင်လိုက်သည်။

ဂွပ်...

နောက်တစ်စက္ကန့်မှာပင်...

ကျန်းဟွိုင်မင်၏ လက်ထဲမှ ဓားမှာ ကျိုးထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြန်လည် ကျဆင်းသွားသည်။ မာကျောလှသော မြေပြင်ပေါ်တွင် လူပုံသဏ္ဌာန် ကျင်းကြီးတစ်ခု ဖြစ်သွားကာ သူသည် အရိုးအဆစ်များ ကြေမွလျက် မလှုပ်မယှက် လဲကျနေတော့သည်။

လှံရှည်ကို ကိုင်ဆောင်ထားသော ဗိုလ်ချုပ်ကြီး ကျိီသည် မြေပြင်သို့ ဆင်းသက်လိုက်ရာ နောက်ထပ် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ကျန်းဟွိုင်မင်ကို ကြက်ကလေး တစ်ကောင်ကို ဖမ်းသလို ဆွဲမလိုက်ပြီး အပေါ်သို့ မြှောက်

တင်လိုက်သည်။ ကျန်းဟွိုင်မင်၏ ဦးခေါင်းသည် မြို့ရိုးနှင့် အားပြင်းစွာ ရိုက်မိသွားပြီး သွေးများ ပန်းထွက်ကာ တိုက်ပွဲမှာ နိဂုံးချုပ်သွားခဲ့သည်။

နက်နဲပုံရိပ်အဆင့်သို့ စတင်ဝင်ရောက်ခါစ လူတစ်ယောက်နှင့် စစ်နတ်ဘုရားတစ်ဦး၏ တိုက်ပွဲပင် ဖြစ်သည်။

ချန်ဆန်းရှီ သည် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခဲ့သည်။

ဒါဟာ သူ ပထမဆုံးအကြိမ် စစ်နတ်ဘုရား တစ်ဦးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။ နတ်ဘုရားဆိုတဲ့ အသုံးအနှုန်းနဲ့ ထိုက်တန်စွာပင် လူသားတို့၏ အတိုင်းအတာထက် ကျော်လွန်နေပေသည်။

သို့သော်လည်း ထိုကဲ့သို့သော သူပင်လျှင် ဘုရင်ခံဆွန်ဒူရှန်၏ လက်ထဲတွင် စက္ကန့်ပိုင်းအတွင်း အသတ်ခံခဲ့ရသည် မဟုတ်ပါလား။

"ဆရာကြီး"

"ဂိုဏ်းချုပ်ကြီး"

...

ခုနစ်သွယ်ဂိုဏ်း၏ တပည့်များသည် ခေါင်းဆောင်ပျောက်ကာ လမ်းပျောက်သွားကြပြီး မကြာမီမှာပင် တစ်ယောက်မကျန် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

နောက်ဆုံးတွင် ဤစစ်ဆေးမှု၌ ချန်ဆန်းရှီ အပါအဝင် လေးဦးသာ 'A' အဆင့် ရရှိခဲ့ကြပြီး ကျန်ရှိသူများမှာ 'B' အဆင့်နှင့် အောက်သို့သာ ရရှိခဲ့ကြသည်။

"မြို့ထဲကို ဝင်ကြ... လွတ်သွားတဲ့သူ ရှိရင် အကုန်လိုက်ဖမ်းကြစမ်း"

တပ်သားထောင်ပေါင်းများစွာ မြို့ထဲသို့ စီးဝင်သွားကြသည်။

ဗိုလ်ချုပ်ကြီး ကျိီ သည် ဗိုလ်မှူးကြီး ကွမ်ကို တွဲထူလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"အဆင်ပြေရဲ့လား"

"ဘာမှ မဖြစ်ပါဘူး"

ကွမ်ကျိီကျင်းက လက်သီးဆုပ်ပြရင်း ပြောလိုက်သည်"ကျွန်တော်က အသုံးမကျလို့ပါ ကျန်းဟွိုင်မင် အဆင့်တက်တော့မှာကိုတောင် မသိခဲ့ဘူး။ အမှားကြီး မှားပြီး ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားတော့မလို့"

"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ငါလည်း ဒါကို ကြိုမမြင်ခဲ့ဘူး"

ဗိုလ်ချုပ်ကြီး ကျိီက သူ၏ ပခုံးကို ပုတ်ရင်း... "သွားပြီး ဒဏ်ရာကုလိုက်တော့ ကျန်တာကို တခြားသူတွေ ဆက်လုပ်လိမ့်မယ်"

"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီး"

...

တုန်ယိမြို့ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ပျံလွှားသူရဲကောင်းတပ်မှ အရာရှိများက စစ်မြေပြင်ကို ရှင်းလင်းရေး လုပ်ဆောင်ကြပြီး သောင်းနှင့်ချီသော တပ်သားများသည် မိမိတို့၏ တပ်စခန်းများသို့ စနစ်တကျ ပြန်လည် ဆုတ်ခွာသွားကြသည်။

နှစ်ရက်အကြာတွင် ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှု၏ နောက်ဆုံး အဆင့်နှစ်ခု ဖြစ်သော သိုင်းပညာ တိုက်ခိုက်ခြင်းနှင့် အရိုးတည်ဆောက်ပုံ စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

"ဘယ်သူမှ ထူးဆန်းတာကို သတိမထားမိကြဘူးလား"

အားလုံးက ကျန်းဟွိုင်မင်၏ နောက်ဆုံးမိနစ် အဆင့်တက်သွားမှုကို တိုက်ပွဲအတွင်း ဖြစ်လေ့ဖြစ်ထရှိသော မတော်တဆမှုတစ်ခုအဖြစ်သာ မြင်ကြသည်။

အော်ရာကြည့်ရှု့ခြင်း အတတ်ရှိသော ချန်ဆန်းရှီ တစ်ဦးတည်းသာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိခြင်း ဖြစ်သည်။

သူ နောက်ထပ် သတိထားမိတာ တစ်ခုကတော့...

ကျန်းဟွိုင်မင် နက်နဲပုံရိပ်အဆင့်ရဲ့ စွမ်းအားကို ထုတ်သုံးပြီး မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အော်ရာများမှာ လျင်မြန်စွာ ပျက်စီးသွားခြင်းပင်။ အနီရောင်နှင့် အနက်ရောင် အော်ရာများသာမက သူ၏ ကိုယ်ပိုင်အော်ရာများပါ ကုန်ဆုံးသွားခဲ့သည်။

အဲဒီအခြေအနေအရဆိုရင် ဗိုလ်ချုပ်ကြီးကျိီ ဝင်မတိုက်ရင်တောင်မှ မကြာခင်မှာပဲ ခုနစ်သွယ်ဂိုဏ်းချုပ်ဟာ သူ၏ သွေးနှင့် အော်ရာ ကုန်ခမ်းပြီး သေဆုံးသွားမှာ သေချာသည်။

ဒါကို ကြည့်ခြင်းအားဖြင့် ထိုအနက်ရောင်အော်ရာသည် ခဏတာအတွင်း အစွမ်းထက်သော စွမ်းအားကို ပေးစွမ်းနိုင်သော်လည်း လူတစ်ယောက်၏ အသက်စွမ်းအင်ကို လောင်ကျွမ်းစေသည့် တန်ဖိုးနှင့် လဲလှယ်ရပုံရသည်။

တကယ်ကို ထူးဆန်းတဲ့ နည်းလမ်းပဲ။

မဟာသွေးကြောအဆင့်နှင့် နက်နဲပုံရိပ်အဆင့် အကြား ကွာခြားချက်မှာ တစ်ဆင့်တည်းဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် လူအများအပြား တစ်သက်လုံး မကျော်ဖြတ်နိုင်သော ကြီးမားသည့် ကွာဟချက်ကြီး ဖြစ်သည်။

ကျင့်စဉ်အဆင့် မြင့်လေလေ ထိုကွာဟချက်က ပိုမို ကြီးမားလေလေပင်။

နက်နဲပုံရိပ်အဆင့်ရှိသော သိုင်းသမားတစ်ဦးသည် အဓိကဗိုလ်ချုပ် အဆင့်နှင့် ညီမျှသည်။

တပ်စခန်း ရှစ်ခုလုံးတွင်ပင် ထိုအဆင့်ရှိသူ အနည်းငယ်သာ ရှိသည်။

အကယ်၍ ဤသည်မှာ သာမန်တပ်ဖွဲ့များသာ ဆိုပါက နက်နဲပုံရိပ်အဆင့်ရှိသူသည် အမြင့်ဆုံး စစ်သေနာပတိ ပင် ဖြစ်နိုင်သည်။

လျန်ကျိုးပြည်နယ်ရဲ့ ဗိုလ်ချုပ်ကျောက် သည်လည်း ထိုအဆင့်တွင် ရှိပုံရသည်။

မကြာသေးမီနှစ်များအတွင်း စစ်နတ်ဘုရား အရေအတွက် သိသိသာသာ တိုးတက်လာသော်လည်း သူတို့သည် အလွန် ရှားပါးပြီး တန်ဖိုးရှိလှသဖြင့် နတ်ဘုရား ဟု ခေါ်ဝေါ်ခြင်း ခံရခြင်းဖြစ်သည်။

အကယ်၍ ထိုအနီရောင်နှင့် အနက်ရောင် လျှို့ဝှက်စွမ်းအင်က လူတစ်

ယောက်ကို မဟာသွေးကြောအဆင့်မှ နက်နဲပုံရိပ်အဆင့်သို့ မြှင့်တင်ပေးနိုင်သည်ဆိုပါက... နက်နဲပုံရိပ်အဆင့်မှ စစ်နတ်ဘုရား အဆင့်သို့ မြှင့်တင်ပေးဖို့ ဖြစ်နိုင်ပါသလား။

ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ စွမ်းရည်ပဲ။

ပိုပြီး ထူးဆန်းတာက...

ကျန်းဟွိုင်မင်ကိုယ်တိုင်တောင် ဒါကို သတိထားမိပုံမရခြင်းပင်။

မှန်ပါသည်...

ချန်ဆန်းရှီ၏ စူးရှသော မျက်လုံးများဖြင့် ကြည့်လျှင် မည်သူမဆို၏ သေးငယ်သော မျက်နှာအမူအရာကို မြင်နိုင်သည်။

ကျန်းဟွိုင်မင်သည် နက်နဲပုံရိပ်အဆင့်သို့ ရောက်ရှိသွားချိန်တွင် အလွန် ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်ပင် အဆင်သင့် မဖြစ်သေးဘဲ

ဂန်းချိီကို အသုံးပြုရာတွင်လည်း အလွန် အသားမကျ ဖြစ်နေခဲ့သည်။

ထို့အပြင် ထိုအနက်ရောင်အော်ရာသည် သူ့စိတ်ကြိုက် ထိန်းချုပ်၍ ရခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်ထဲတွင် ဘယ်မှာ ပုန်းနေမှန်း၊ ဘယ်အချိန်မှာ ထွက်လာမှန်းကို သူကိုယ်တိုင်ပင် မသိပေ။

အကယ်၍ ဒါဟာ အမှန်ဆိုရင်...

တစ်စုံတစ်ယောက်က ဒီလျှို့ဝှက်အော်ရာကို သူ့ကိုယ်ထဲမှာ စိုက်ပျိုး ထားခဲ့တာလား ဘာရည်ရွယ်ချက်နဲ့လဲ ဘယ်သူက လုပ်တာလဲ။

မိစ္စာဂိုဏ်း လား။

ဒီလို နိမိတ်မကောင်းတဲ့ မိစ္ဆာဆန်တဲ့ လုပ်ရပ်မျိုးဆိုရင် ချန်ဆန်းရှီရဲ့ ခေါင်းထဲမှာ သွေးယဇ်ပူဇော်မှု တွေကြောင့် နာမည်ကြီးတဲ့ မိစ္စာဂိုဏ်းကိုပဲ ပြေးမြင်မိသည်။

သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီအော်ရာတွေက ဘယ်ကလာတာလဲ။

တောင်တန်းတွေဆီကလား။

"နောက်တစ်ခါ အမဲလိုက်သွားရင် တောင်ထဲကို ပိုနက်နက်ဝင်ပြီး စူးစမ်းကြည့်မှ ဖြစ်မယ်"

ချန်ဆန်းရှီသည် စိတ်ထဲမှ တေးထားလိုက်သည်။

ဒါက လျစ်လျူရှုထားရမယ့် ကိစ္စမဟုတ်ပေ။

ယွမ်ကျိုးပြည်နယ်မှာ ဆယ်ရက်ကြာခဲ့တဲ့ အတွေ့အကြုံအရဆိုရင် တကယ်လို့ မိစ္စာဂိုဏ်းက တစ်ခုခု ကြံစည်နေတာဆိုရင် လူတစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ဘဲ တပ်စခန်း ရှစ်ခုလုံး၊ ဒါမှမဟုတ် ဘုရင်ခံဆွန်ဒူရှန်၊ ဒါမှမဟုတ် လျန်ကျိုး ပြည်နယ်တစ်ခုလုံးကို ဦးတည်နေတာ ဖြစ်နိုင်ပါတယ်။

ငှက်သိုက် ပြိုလဲသွားရင် ဥတွေက ဘယ်မှာ အကောင်း ရှိနိုင်ပါတော့မလဲ။

ဒါတွေကတော့ အခုအချိန်မှာ ခန့်မှန်းချက်တွေသာ ရှိသေးပြီး ဘာသက်သေမှ မရှိသေးသလို မှားယွင်းနေတာလည်း ဖြစ်နိုင်ပါသေးသည်။

All Chapters