← Chapters

အခန်း (၁၅၃)

Vol. 14 Ch. 153

အခန်း (၁၅၃)

Vol. 14 Ch. 153

"တကယ်ကို မြင်းကောင်းတစ်ကောင်ပဲ"

တုန်ယီမြို့မှ ထွက်ခွာလာပြီး မကြာမီမှာပင် ရှောင်ရှင်း က သူ့ကို လာရောက်ကြိုဆိုသည်။ ချန်ဆန်းရှီ သည် မြင်းပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ပြီး အရှိန်အဟုန်ဖြင့် ဒုန်းစိုင်းနှင်တော့သည်။

[စွမ်းရည် - မြင်းစီးအတတ် (ကျွမ်းကျင်အဆင့်)]

[တိုးတက်မှု - (၄၀၉/၅၀၀)]

ငါ့ရဲ့ မြင်းစီးအတတ်က မကြာခင် အဆင့်တက်တော့မယ်။

အခုဆိုရင်တောင် တစ်နေ့ကို လီပေါင်း နှစ်ထောင်ကျော် ခရီးနှင်နိုင်တာ။ နောက်ထပ် တစ်ဆင့်တက်သွားရင်တော့ ဒီမြင်းက တကယ့် ထူးခြားသားရဲ တစ်ကောင် ဖြစ်လာတော့မှာပဲ။

ဒါ့အပြင်...

ဆေးပညာကျွမ်းကျင်မှုကိုတော့ ခေတ္တ ဘေးဖယ်ထားရသည်။ သို့သော် ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှု ပြီးဆုံးလျှင်တော့ ၎င်းကို ပြန်လည် လေ့လာရဦးမည်။ ဆေးဝါးများနှင့် ဆေးညွှန်းများကို နားလည်ထားခြင်းက မိမိကိုယ်ကိုယ် အများကြီး အထောက်အကူပြုသည် မဟုတ်ပါလား။

စာဖတ်ခြင်း ကျွမ်းကျင်မှု အဆင့်တက်ရန်မှာမူ တဖြည်းဖြည်း ပို၍ နှေးကွေးလာသည်။

စာအုပ်အမျိုးအစား ပုံစံအမျိုးမျိုး၊ မတူညီသော အရေးအသားများကို စဉ်ဆက်မပြတ် ဖတ်ရှုခြင်းကသာ တိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဟု ချန်ဆန်းရှီ ကောက်ချက်ချလိုက်သည်။ လမ်းဘေးတွင် အလွယ်တကူတွေ့ရသော စာအုပ်များသည် ကျွမ်းကျင်မှုအမှတ်ကို လုံးဝနီးပါး မတိုးစေတော့ဘဲ အလွန်ပင် နှေးကွေးလွန်းလှသည်။

စာဖတ်ခြင်းက တကယ်ကို ခက်ခဲတဲ့ အလုပ်ပါပဲလား။

"မြို့တံခါးကို ဘာလို့ ပိတ်ထားတာလဲ"

လောလောဆယ်တွင် သူတို့သည် မည်သူ့လက်အောက်တွင်မှ ရှိမနေသေးပေ။ စစ်ဆေးမှုပြီးဆုံးမှသာ မိမိတို့သွားလိုရာ လမ်းကို ခွဲကြမည်ဖြစ်သည်။ မြင်းဖြူလေး၏ အရှိန်ကြောင့် ချန်ဆန်းရှီသည် လျန်ကျိုးမြို့သို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် မြို့တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားသည်။

မြို့တံခါးကို စောင့်ကြပ်နေသော တပ်မှူးကြီး က လေးနက်သော အမူအရာဖြင့် ကြေညာလိုက်သည်။

"ဒီည မြို့ကို အသွားအလာ ပိတ်ထားတယ် တုန်ယိမြို့ကို ဝိုင်းရံခဲ့တဲ့ ညီအစ်ကိုတွေ အပါအဝင် ဘယ်သူမှ မြို့ထဲကို ဝင်လို့ ထွက်လို့ မရဘူး။ မင်းတို့ ဒီညတော့ မြို့ပြင်မှာပဲ တည်းခိုစရာ တစ်နေရာ ရှာကြရလိမ့်မယ်"

"တပ်မှူးကြီး"

ချန်ဆန်းရှီက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည် "မြို့ထဲမှာ တစ်ခုခု ဖြစ်လို့လား"

"ဟုတ်တယ် ကိစ္စကြီးကြီးမားမား ဖြစ်တာ"

သူ၏ အထောက်အထားကို စစ်ဆေးပြီးနောက် တပ်မှူးကြီးက ဆက်

ပြောသည် "ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး ပြောပြလို့ ရပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကျောက်စိမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် အပါအဝင် ဂိုဏ်းသား တစ်ရာကျော် တစ်ချိန်တည်းမှာပဲ အသတ်ခံလိုက်ရတယ်။ အင်း... ဒါက မိစ္စာဂိုဏ်း ရဲ့ လက်ချက် ဖြစ်ဖို့ များတယ်။ ဒါကြောင့် မြို့တံခါးတွေ ပိတ်ပြီး တစ်မြို့လုံးကို လိုက်လံ ရှာဖွေနေကြတာ"

"အဲဒီလောက်တောင် များတာလား"

ချန်ဆန်းရှီ အံ့အားသင့်သွားသည်။

ကျောက်စိမ်းဂိုဏ်းသည် ခုနစ်သွယ်ဂိုဏ်း ကဲ့သို့ပင် ဒုတိယတန်းစား ဂိုဏ်းဖြစ်ပြီး ဂိုဏ်းချုပ်မှာ မဟာသွေးကြောအဆင့်တွင် ရှိသည်။

လူပေါင်း တစ်ရာကျော်ကို အချိန်တိုအတွင်း သတ်ဖြတ်ပြီး သဲလွန်စမကျန် ထွက်ပြေးနိုင်ဖို့ဆိုလျှင် အနည်းဆုံး လူအယောက်နှစ်ဆယ်လောက်က တစ်ပြိုင်တည်း လှုပ်ရှားမှ ဖြစ်မည်။ မဟာသွေးကြောအဆင့်ရှိ ဂိုဏ်းချုပ်ကို သတ်ဖြတ်နိုင်သူလည်း ပါရဦးမည်။

အခု မြို့ကို ပိတ်ထားပြီဆိုမှတော့ အဲဒီလူအုပ်စုထဲက တစ်ယောက်စ၊ နှစ်ယောက်စတော့ မမိဘဲ မနေနိုင်ပေ။

"နားလည်ပါပြီ ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီသည် သူ၏ မြင်းကို ပြန်လှည့်လိုက်သည်။

မြို့ထဲသို့ ဝင်ရန် နောက်ပိုင်းမှ ရောက်လာကြသော တပ်သားများကိုလည်း ပြန်လှည့်သွားရန် အကြံပြုလိုက်သည်။

...

မြို့ကို သုံးရက် တိတိ ပိတ်ထားခဲ့သဖြင့် ရွေးချယ်ခံ ဗိုလ်ချုပ်လောင်းစစ်ဆေးမှုကိုပင် ရွှေ့ဆိုင်းလိုက်ရသည်။

ချန်ဆန်းရှီသည် အနောက်ဘက် ရှိ စစ်စခန်းတစ်ခုတွင် တည်းခိုနေရပြီး ဤအတောအတွင်း ဝိညာဉ်ဆန်၏ အာနိသင်ကို အသုံးချကာ ကျင့်စဉ်အပေါ် အာရုံစိုက်နေခဲ့သည်။ အချိန်တိုအတွင်း အဆင့်တက်ရန် မဖြစ်နိုင်သော်လည်း အနည်းငယ်သော တိုးတက်မှုတိုင်းက တန်ဖိုးရှိလှသည်။

[ကျင့်စဉ်နည်းစနစ် - ညီညွတ်ခြင်း လှံသိုင်း (အသေးစားအောင်မြင်မှု့)](တစ်သားထည်းဖြစ်ခြင်းအစား ညီညွတ်ခြင်း ဟုပြောင်းလဲလိုက်ပါသည်😁)

[တိုးတက်မှု - ၁၂၉/၂၀၀၀]

တစ်ခု ထူးခြားသည်မှာ...

သူ၏ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ ဝိညာဉ်ဆန် ကို စုပ်ယူနိုင်စွမ်းမှာလည်း သိသိသာသာ တိုးတက်လာသည်။ ထို့ကြောင့် အဆင့်မြင့်လာလျှင် ကျင့်စဉ်တက်ရန် ပိုခက်ခဲသွားတတ်သော သာမန်လူများကဲ့သို့ သူ၏ အရှိန်က လျော့ကျမသွားပေ။

ထိုနေ့ မွန်းလွဲပိုင်းတွင် မြို့ထဲသို့ ဝင်ခွင့်ပြုပြီဖြစ်ကြောင်း အကြောင်းကြားစာ ရရှိခဲ့သည်။ စစ်ဆေးမှုကိုလည်း နောက်ထပ် နှစ်ရက်အကြာတွင် ဆက်လက် ပြုလုပ်မည် ဖြစ်သည်။

သို့သော် ယခုတစ်ခေါက် မြို့အနှံ့ ရှာဖွေမှုမှာလည်း ဘာမှ ထူးခြားပုံမရပေ။

မှန်ပါသည် လူတစ်ယောက်မှ ဖမ်းမမိခဲ့ပေ။

မိစ္စာဂိုဏ်းသည် လူသတ်ပြီးနောက် ကမ္ဘာပေါ်ကနေ အငွေ့ပျံသွားသလိုမျိုး သဲလွန်စ အနည်းငယ်မျှပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားကြသည်။

"လူသတ်သွားတဲ့သူတွေက မိစ္စာဂိုဏ်းက မဟုတ်ဘဲ တစ္ဆေတွေများလား"

ပိုင်ထင်းကျိီသည် သူ၏ ဆံပင်များကို ဆွဲဖွရင်း ညည်းညူနေသည်။ "ဘယ်လိုလုပ် တစ်ယောက်မှ ဖမ်းမမိရတာလဲ"

"အင်း..."

ထန်ရင်ခ ကလည်း ဆက်ပြောသည် "လျန်ကျိုးမြို့က ကြီးပေမဲ့ ပုန်းစရာနေရာကတော့ ဒီလောက်ပဲ ရှိတာပါ။ ကိစ္စဖြစ်ပြီးတာနဲ့ မြို့ကို ချက်ချင်း ပိတ်လိုက်တာဆိုတော့ တစ်ခုခုတော့ မိသင့်တာပေါ့"

တခြားသူများ၏ ဝိုင်းပယ်ခြင်း ခံရပြီးနောက် သူသည် ပိုင်ထင်းကျိီနှင့် ရင်းနှီးသွားခဲ့ခြင်း ဖြစ်သည်။

"ဘာကြောက်စရာ ရှိလဲ တစ္ဆေတွေဆိုရင်တောင် ဘုရင်ခံက နှိမ်နင်းလိုက်မှာပဲ"

အတွင်းအားသန့်စင်ခြင်းအဆင့် ရှိသော ဗိုလ်ချုပ် တစ်ဦးက လှောင်ပြောင်လိုက်သည် "စောင့်ကြည့်နေလိုက်စမ်းပါ ဒါက အချိန်တစ်ခုပဲ လိုတာပါ"

သူတို့ကို ဖမ်းနိုင် မဖမ်းနိုင်ကတော့ မသေချာပေ။

ဒါပေမဲ့ တစ်ခုတော့ သေချာသည်။

မိစ္စာဂိုဏ်းသည် စစ်တပ်ထဲက လူတွေကိုတော့ လက်ဖျားနဲ့တောင် မတို့ရဲကြပေ။ အသတ်ခံရသူအားလုံးမှာ ဂိုဏ်းတပည့်များသာ ဖြစ်ပြီး တစ်ခါတစ်ရံမှသာ ဩဇာကြီးသော မိသားစုဝင်အချို့ ပါဝင်တတ်သည်။

"သွားဦးမယ် သခင်လေး ချန်"

"သွားတော့လေ"

ချန်ဆန်းရှီက အေးစက်စက်လည်း မဟုတ်၊ နွေးထွေးလွန်းခြင်းလည်း မရှိဘဲ ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

တောင်ထဲမှာ တစ်ကြိမ် ကိုးပြည်ထောင် ရှစ်ကွက်စစ်ဗျူဟာ ထဲမှာ တစ်ကြိမ်။

ထိုအရေးကြီးသော အချိန်နှစ်ခုလုံးတွင် တစ်ဖက်လူက သတိပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ကျေးဇူးရှိသည်ဟု ဆိုရမည်။

မင်းသားလေးဖြစ်သူက သူ့အနီးသို့ ကပ်ရန် သတိထားနေခြင်းမှာလည်း နားလည်ပေးနိုင်စရာ ရှိပါသည်။ ထန်ရင်ခ၏ ဖခင်မှာ မြို့တော်တွင် အရာရှိတစ်ဦး ဖြစ်သည်။ သူကိုယ်တိုင် မကြောက်သော်လည်း သူ၏ ဖခင် ရာထူးကိုတော့ ထည့်စဉ်းစားရပေလိမ့်မည်။

လူတိုင်းက ပိုင်ထင်းကျိီလိုမျိုး ဘာမိသားစုမှမရှိဘဲ ကြောက်စရာမရှိသူများ မဟုတ်ကြပေ။

ချန်ဆန်းရှီသည် သူ့ကို အရက်သောက်ရန် ဖိတ်ခေါ်ချင်သော်လည်း ချောင်ဖန်တို့ စောင့်ကြည့်နေသဖြင့် သူ့ကြောင့် တစ်ဖက်လူ ဒုက္ခရောက်မှာ စိုးရိမ်သောကြောင့် ဘာမှ ထပ်မပြောတော့ပေ။

လျန်ကျိုးမြို့သည် အလွန် ကြီးမားလှသည်။

ညတွင်းချင်း လူများစွာ သေဆုံးခဲ့သော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖြစ်ခဲ့သလိုပင်။

ချန်အိမ်တော်သို့ ပြန်ရောက်လာချိန်...

ချန်ဆန်းရှီ အိမ်ထဲသို့ မဝင်ရသေးမီမှာပင် ဆူညံသံများစွာကို ကြားလိုက်ရသည်။

"သခင်ကြီး"

စီချင် က အရိုအသေပေးကာ မြင်းကို လာရောက် လွှဲယူသည်။

ချန်ဆန်းရှီ မြင်းပေါ်က ဆင်းကာ မေးလိုက်သည် "ဧည့်သည်တွေ ရောက်နေပြန်ပြီလား"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

စီချင်က "ဧည့်သည် တော်တော်များများ ရောက်နေကြတယ် ဧည့်ခန်းထဲမှာ စောင့်နေကြတာ သခင်ကြီး သွားကြည့်လိုက်ပါဦး... သတင်းကောင်း ရှိတယ်"

"အော်..."

ချန်ဆန်းရှီ ဧည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

မူဟွာ က သူ့ကို အထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။

အခန်းထဲတွင် အမျိုးသမီးများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

ထုန်မိသားစု မှ အမျိုးသမီးများ လက်အောက်ငယ်သားအချို့၏ ဇနီးသည်များနှင့် ဆွန်လီ တို့ပါ ရှိနေကြသည်။

"သခင်ကြီး ချန် ပြန်ရောက်ပြီ"

"သခင်ကြီး ချန်ကို တွေ့ရတာ ဝမ်းသာပါတယ်"

"အခု သခင်ကြီး ပြန်ရောက်ပြီဆိုတော့ ကျွန်မတို့လည်း အနှောင့်အယှက် မပေးတော့ပါဘူး ခွင့်ပြုပါဦးရှင်"

"..."

အမျိုးသမီးများသည် လျင်မြန်စွာပင် ပြန်လည် ထွက်ခွာသွားကြသည်။

နောက်ဆုံးတွင် ဆွန်လီ တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

"အစ်ကိုရှီ"

ဂူရှင်းလန် သည် ထရပ်လိုက်ပြီး ရှင်းပြသည် "ဒီနှစ်ရက် မြို့ထဲမှာ အခြေအနေမကောင်းတော့ လီလီက ကျွန်မအတွက် စိုးရိမ်လို့ လာစောင့်ပေးနေတာပါ"

ဆွန်လီသည် ပြန်ရောက်လာပြီးနောက် ဓားကျင့်စဉ်ကိုသာ အားစိုက်လေ့ကျင့်နေခဲ့သဖြင့် ယခုအခါ သူမသည်လည်း အတွင်းအားသန့်စင်ခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အမကြီး"

ချန်ဆန်းရှီက လက်ယှက်ဂါရဝပြုလိုက်သည်။

"ကျွန်မ

တို့ကို အခုထိ အားနာနေတုန်းလား"

ဆွန်လီသည် ရှားရှားပါးပါး ပြုံးလျက် ပြောလိုက်သည် "ဂုဏ်ယူပါတယ် မောင်လေး"

"ကျွန်တော့်ကို ဂုဏ်ယူတာလား"

ချန်ဆန်းရှီသည် ပါးပြင်လေးများ နီမြန်းနေသော ရှင်းလန် ကို ကြည့်

လိုက်ပြီး ဘာဖြစ်နေသည်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။

"မင်းမှာ..."

All Chapters