← Chapters

အခန်း (၁၅၄)

Vol. 14 Ch. 154

အခန်း (၁၅၄)

Vol. 14 Ch. 154

အင်း..." ဂူရှင်းလန် က သူမ၏ နှုတ်ခမ်းလေးကို ဖိကိုက်ရင်း တိုးတိုးလေး ဖြေလိုက်သည်။

"ကောင်းပြီလေ"

ချန်ဆန်းရှီ ၏ ရင်ထဲတွင် ခံစားချက်တို့က ရှုပ်ထွေးသွားရသည်။ ဝမ်းသာရမလား စိုးရိမ်ရမလားပင် မဝေခွဲနိုင်တော့ပေ။ နောက်ဆုံးတော့ ဒါဟာ ဘဝနှစ်ခုစာအတွင်းမှာ သူ ပထမဆုံးအကြိမ် ဖခင်ဘဝကို ရောက်ရှိတော့မည့် အခိုက်အတန့် မဟုတ်ပါလား။ သူ့မှာ ဘာအတွေ့အကြုံမှ မရှိသေးပေ။

သူသည် အစ်မလန် ၏ လက်ကလေးကို ဆွဲကိုင်ကာ ထိုင်စေပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ အမှန်တကယ်ပင် မင်္ဂလာသွေးဖြစ်နေသည်ကို အတည်ပြုလိုက်နိုင်သည်။

ဆွန်လီ က ဘေးမှနေ၍ စနောက်လိုက်သည် "မောင်လေး... မင်းက သွေးပါ စမ်းတတ်တာလား"

"အရင်က ဆေးဘက်ဆိုင်ရာအရာရှိ ကျန်း ဆီကနေ သင်ထားတာပါ"

လျန်ကျိုးမြို့ကို ရောက်ပြီးနောက် ဆေးဘက်ဆိုင်ရာအရာရှိ ကျန်းနှင့် တခြားသူများသည် ဆေးဆိုင်တစ်ခုတွင် ဆက်လက် အလုပ်လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

ချန်ဆန်းရှီက ပြောလိုက်သည် "အစ်မလန်... နောက်ဆိုရင် ဆေးမြစ်တွေ ရှာဖို့ အပြင်ကို လုံးဝ မထွက်ပါနဲ့တော့ စားတာ သောက်တာကအစ ကျွန်တော်ကိုယ်တိုင်ပဲ စီစဉ်ပေးပါ့မယ်။ အိမ်ဖော်နှစ်ယောက်နဲ့ မလောက်ဘူးဆိုရင်လည်း နောက်ထပ် နှစ်ယောက် ထပ်ငှားပေးမယ်"

"ငါက အဲဒီလောက်တောင် ပြုစုရခက်တဲ့သူလား "

ဂူရှင်းလန်က ဆိုသည် "စီချင် နဲ့ မူဟွာ တို့က လိမ္မာသလို အလုပ်လည်း လုပ်ကြပါတယ်။ မောင်လေးက မောင်လေးရဲ့ အလုပ်တွေကိုပဲ အာရုံစိုက်ပါ။ အလုပ်များလွန်းလို့ အိမ်မပြန်နိုင်ရင်တောင် ဘာမှမဖြစ်ပါဘူး၊ လီလီ ကလည်း အိမ်ကို ကူကြည့်ပေးနေတာပဲ"

"အိမ်မပြန်နိုင်ရင်တောင် ဖြစ်တယ်ဟုတ်လား..."

ကိုယ်ဝန်မရှိခင်တုန်းကတော့ ဒီလိုမဟုတ်ပါဘူးဟု ချန်ဆန်းရှီ စိတ်ထဲမှ တွေးလိုက်မိသည်။ အခုတော့ မျိုးစေ့ချပြီးပြီဆိုတော့ သူ့ကို မလိုအပ်တော့တဲ့ ပုံစံမျိုးပင်။

"ဟုတ်တယ် မောင်လေး"

ဆွန်လီက လေးနက်သော အမူအရာဖြင့် ပြောလာသည် "မနက်ဖြန်ကရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုရဲ့ နောက်ဆုံးအဆင့်ပဲ။ မင်း အစွမ်းကုန် အာရုံစိုက်ရမယ်။ ကျွန်မရဲ့ အဖေက... မင်းအပေါ် အများကြီး မျှော်လင့်ထားတာ သူက တစ်ခါတလေ ပြတ်သားလွန်းပေမဲ့ ကျွန်မ သိနိုင်ပါတယ်"

"မင်းရဲ့ နဂါးကိုးပါးခန္ဓာ က သူတို့ထက် မသာရင်တောင် ဒီတိုက်ပွဲမှာ ပွဲစဉ်အနည်းငယ်လောက် ပိုနိုင်အောင် ကြိုးစားပါ။ အနည်းဆုံးတော့ မင်းကအတွင်းစည်းတပည့် ဖြစ်လာလိမ့်မယ်။ နောက် နှစ်အနည်းငယ်ကြာရင် အမွေခံတပည့်အဖြစ် တိုးတက်ဖို့ အခွင့်အရေး ရှိပါသေးတယ်"

စစ်ဆေးမှု ပြီးဆုံးသွားလျှင် ရရှိသည့် ရလဒ်ပေါ် မူတည်၍ ရာထူးနေရာများ သတ်မှတ်ပေးမည်ဖြစ်ကာ ၎င်းမှာ ရရှိမည့် အရင်းအမြစ်များကိုလည်း ဆုံးဖြတ်ပေးမည်ဖြစ်သည်။

သို့သော် ၎င်းမှာ လုံးဝ ပြောင်းလဲ၍မရသည့် အရာမျိုးတော့ မဟုတ်ပေ။

နောင်တစ်ချိန်တွင် စစ်ပွဲ၌ ထူးချွန်သော သူရဲကောင်းဖြစ်လာသူ သို့မဟုတ် ကျင့်စဉ်ကို ရုတ်တရက် အလင်းပွင့်သွားကာ အဆင့်တက်သွားသူများကို ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးစဉ်က ရလဒ်မကောင်းခဲ့ရုံဖြင့် အခွင့်အရေး မပေးဘဲ နေမည်မဟုတ်ပေ။

ကျွန်မတို့ရဲ့ စီနီယာအစ်ကိုခုနစ်ယောက်ထဲမှာတောင် တစ်ယောက်က အရင်က အတွင်းစည်းတပည့်အဆင့်ကနေ နက်နဲပုံရိပ်အဆင့် ကို တက်လှမ်းနိုင်ခဲ့လို့ အမွေခံတပည့် အဖြစ် တိုးမြှင့်ခံခဲ့ရတာ ရှိပါတယ်။

ဒါပေမဲ့ အဆိုးဆုံးကတော့ အတွင်းစည်းတပည့် အဆင့်မှာပဲ ရှိနေမှာပေါ့။

"နှမြောစရာပဲ"

ဆွန်လီက နောင်တရသလို ပြောလိုက်သည် "တကယ်တော့ အကောင်းဆုံးကတော့ ချန်ပီယံဖြစ်လာဖို့ပဲ..."

ချန်ဆန်းရှီကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

ဆွန်လီ ဘာကို ဆိုလိုသည်ကို သူ နားလည်ပါသည်။

အပြင်ဘက်က ကောလာဟလတွေအရ ဒီနှစ်မှာ ချန်ပီယံဖြစ်တဲ့သူဟာ အမွေခံတပည့် အဆင့်ကို တိုက်ရိုက် ရရှိမှာဖြစ်ပြီး ၎င်းမှာ စစ်နတ်ဘုရားအထက် ကျင့်စဉ်နည်းစနစ်တွေလည်း ပါဝင်နိုင်ပါတယ်။ ဒါဟာ အတွင်းစည်းတပည့်ကနေ အမွေခံခံတပည့်အဖြစ် တဖြည်းဖြည်း တက်လှမ်းရတာနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ အယူအဆ ဖြစ်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ချန်ပီယံ ဖြစ်အောင် ကြိုးစားရပေမည်။

အတွင်းအားသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့် ..

ဝမ်ချိုးရှီ ကဲ့သို့သော သူပင်လျှင် လျှော့တွက်၍မရသည့် ပြိုင်ဘက်ကောင်း တစ်ဦး ဖြစ်သည်။

ချန်ဆန်းရှီ အတွက်တော့ ဤတိုက်ပွဲသည် သူ၏ နောက်ဆုံး အတားအဆီးပင်။

သူသည် နှစ်ရက်နှင့် တစ်ညလုံး မနားတမ်း ကျင့်စဉ် လေ့ကျင့်နေခဲ့ပြီး စစ်ဆေးမှု မစတင်မီ တစ်ရက်အလိုမှသာ အင်အားပြည့်ဝစေရန် ကောင်းစွာ အိပ်စက်ခဲ့သည်။ ထို့နောက် တိုက်ပွဲဝင်ရန် အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။

"ငါ့ရဲ့ အစွမ်းကုန် ကြိုးစားရမယ်"

ချန်ဆန်းရှီသည် စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ဗိုင်ဟူမြင်းကို စီးကာ စစ်တပ်မြို့တော် ဆီသို့ ထွက်ခွာလာခဲ့သည်။

သိုင်းပညာလေ့ကျင့်ရေးကွင်းတွင်...

တိုက်ပွဲဝင် စင်မြင့်များကို အဆင့်ဆင့် ပြင်ဆင်ထားပြီး ဖြစ်သည်။

စည်းမျဉ်းများကို ကြေညာပေးသူမှာ လီချန်ကျုံး ပင် ဖြစ်နေဆဲပင်။

"ဒီ ဝါးချောင်းလေးတွေမှာ 'A', 'B', 'C', 'D' ဆိုပြီး ရေးထားတယ်။

လူတိုင်း အရှေ့ကို လာပြီး မဲနှိုက်ကြပါ။ ဝါးချောင်းချင်း တူတဲ့သူတွေဟာ ပြိုင်ဘက်တွေ ဖြစ်ပြီး စင်မြင့်ပေါ်မှာ တိုက်ခိုက်ရပါမယ်။ ပြိုင်ဘက်ကို စင်ပေါ်ကနေ ပြုတ်ကျအောင် လုပ်နိုင်တဲ့သူက အနိုင်ရမှာ ဖြစ်တယ်"

"အနိုင်ရတဲ့သူတွေက သက်ဆိုင်ရာ ဧရိယာအလိုက် အနိုင်ရသူအချင်းချင်း ထပ်မံ ယှဉ်ပြိုင်သွားရမှာ ဖြစ်တယ်။ ဒါဟာ အကြိမ်ကြိမ် ပြုလုပ်သွားမှာ ဖြစ်ပြီး စာစစ်မှူးတွေက အမှတ်ပေးသွားပါမယ်။ နောက်ဆုံး နှစ်ယောက် ကျန်တဲ့အထိ ပြိုင်ရမှာဖြစ်ပြီး အဲဒီနှစ်ယောက်ဟာ ချန်ပီယံ နေရာအတွက် ယှဉ်ပြိုင်ရမှာပါ"

"ယှဉ်ပြိုင်မှု အားလုံးကို ဒီနေ့အတွင်းမှာပဲ အပြီးသတ်မှာ ဖြစ်တယ်"

"နောက်ပြီး သတိပေးချင်တာက... မင်းတို့ အရှုံးပေးလို့ ရသလို၊ မင်းတို့ကို ကယ်တင်ပေးမယ့်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မတော်တဆမှုတွေကြောင့် ပြင်းထန်တဲ့ ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာမျိုးတွေ ဖြစ်နိုင်သေးလို့ မယှဉ်နိုင်ဘူးလို့ ထင်ရင် အစောကတည်းက နှုတ်ထွက်တာ ပိုကောင်းပါလိမ့်မယ်"

"ပြိုင်ပွဲစတင်ပြီးမှ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့ရင် နောင်တရဖို့ အချိန်မရှိတော့ဘူး"

"ဒါ့အပြင် မင်းတို့ရဲ့ အဖေတွေက ဘယ်လောက်ပဲ အာဏာရှိရှိ ပြိုင်ပွဲပြီးမှ လက်စားချေတာမျိုးကို လုံးဝ ခွင့်မပြုဘူး။ အဲဒီလိုလုပ်ရင် ရလဒ်တွေကို ပယ်ဖျက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်"

"ကောင်းပြီ... ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း စစ်ဆေးမှုမှာ ဆက်ပြီး ပါဝင်ချင်တဲ့သူတွေ အရှေ့ကို လာပြီး မဲနှိုက်ကြ"

ဗိုလ်ချုပ်လောင်းများသည် မဲနှိုက်နေကြစဉ်မှာပင် အဓိက စာစစ်မှူးများ၊ ကြီးကြပ်ရေးမှူးများနှင့် ဒေသအသီးသီးမှ အရာရှိကြီးများလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။

သခင်ကြီးဟောက် သည် ပုံမှန်အတိုင်းပင် ပထမတန်း၏ ညာဘက်အခြမ်းတွင် ထိုင်နေသည်။

သူ၏ ဘယ်ဘက်တွင်မူ စစ်ဆေးရေးမှူးအသစ် ဖေးထျန်းနန် ထိုင်နေသည်။ သူသည် လက်ရှိ နန်းတော်၏ 'စစ်နတ်ဘုရား ရှစ်ဦး' ထဲမှ တစ်ဦးဖြစ်ကာ အလွန် ဩဇာအာဏာ ကြီးမားသူဖြစ်သည်။ ပြည်နယ်နှစ်ခု၏ စစ်တပ်ကို ကွပ်ကဲနေရသူ ဖြစ်ရုံသာမက အရေးကြီးဆုံးအချက်မှာ သူသည် မြို့စား ဘွဲ့ရရှိထားသူ ဖြစ်သည်။

လုံချင်းခေတ် နှစ်ပေါင်း ခုနစ်ဆယ်ကျော်အတွင်း မြို့စားဘွဲ့ အပ်နှင်းခံရသူ သုံးဦးသာ ရှိခဲ့ပြီး သူသည် တစ်ဦးအပါအဝင် ဖြစ်သည်။

ယုံရိ မြို့စား ..

"သခင်ကြီး ဖေး"

"သခင်ကြီး ဖေး... မတွေ့ရတာ ကြာပြီနော် အရင်လိုပဲ ခန့်ညားနေတုန်းပဲ"

"..."

ဝင်လာသမျှ အရာရှိတိုင်းက သူ့ကို အရင်ဆုံး နှုတ်ဆက်ကြသည်။

"သခင်ကြီးဟောက်"

ဖေးထျန်းနန်က မေးခွန်းထုတ်သလို အသံဖြင့် စတင်ပြောဆိုလာသည်။ "ခင်ဗျားနဲ့ လျိုကျုံးရှန် တို့က ပေါ့ဆလွန်းတယ်လို့ မထင်ဘူးလား။ နင်ချန်းချွန် ဆိုတာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဗိုလ်ချုပ် ဖြစ်သလို အိမ်ရှေ့မင်းသားကလည်း သူ့ကို အလွန် အလေးထားတာ။ သူ အသတ်ခံလိုက်ရတယ်ဆိုတာ... လူအများကြီး ရှေ့မှာတင်နော်။ ခင်ဗျားတို့ နန်းတော်ရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ နည်းနည်းလောက်တောင် ဟန့်တားဖို့ မစဉ်းစားခဲ့ကြဘူးလား"

"ဟဲဟဲ~"

သခင်ကြီးဟောက်က မျက်လုံးကစားလိုက်ရင်း... "သခင်ကြီး ဖေး... ကိုယ့်

မျက်ချေးကိုယ် မမြင်ဘဲ တခြားသူကို လာမပြောပါနဲ့။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက ခင်ဗျားရဲ့ ဆရာ၊ စစ်ရေးဝန်ကြီး သခင်ကြီး ချန် ကို

ဘုရင်ခံဆွန်ဒူရှန်က ခင်ဗျားရဲ့ မျက်စိရှေ့မှာတင် ဓားနဲ့ထိုးသတ်ခဲ့တုန်းကလည်း ခင်ဗျား ဟန့်တားနိုင်ခဲ့တာ ကျွန်တော် မတွေ့မိပါဘူး"

"သူက အိုမသွားဘူးလား"

ဖေးထျန်းနန်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "သူ သေလုနီးပါး ဖြစ်နေပြီလို့ ကြားထားတာ"

"ကျွန်တော်လည်း ဘယ်သိမလဲ"

သခင်ကြီးဟောက်က ခနဲ့တဲ့တဲ့ ပြန်ပြောသည်"ခင်ဗျားပဲ ခဏနေရင် သူ့ကို သွားပြီး လက်ရည်စမ်းကြည့်ပါလား"

"မင်း"

ဖေးထျန်းနန်က နှာခေါင်းရှုံ့လိုက်ရင်း... "ဘာပဲဖြစ်ဖြစ်၊ ငါကတော့ မင်းလိုမျိုး အရှက်မကွဲစေရဘူး။ လျိုကျုံးရှန် လိုမျိုး ကြောက်လန့်တုန်ရီနေတဲ့ အရူးတစ်ယောက်လည်း အဖြစ်မခံနိုင်ဘူး"

"မြို့စားကြီးက တကယ်ကို သတ္တိရှိတာပဲ ဒီနေ့ ဘာတွေဖြစ်မလဲ ကြည့်ကြသေးတာပေါ့..."

သခင်ကြီးဟောက် စကားမဆုံးခင်မှာပင် ဖေးထျန်းနန်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အရှေ့ဘက်သို့ ရိုသေသမှုဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။

"ဘုရင်ခံဆွန် ကို ဂါရဝပြုပါတယ်"

All Chapters