← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

အဲ့ဒီအခိုက်အတန့်မှာ အနီးနားတွင် သစ်ရွက်တွေပွတ်တိုက်သံတစ်သံ ထွက်ပေါ်လာသည်။ တိရိစ္ဆာန်တစ်ကောင် ချဉ်းကပ်လာသည်ဟုထင်ကာ ရှောင်းကောအမြန်ပုန်းနေလိုက်သည်။ တိရိစ္ဆာန်ကြီးတစ်ကောင်ဖြစ်နေမှာ သူမစိုးရိမ်သည်။ အချိန်အတော်ကြာပြီးတဲ့နောက် သစ်ရွက်တွေ ပွတ်တိုက်နေသည့်အသံကို သူမကြားနေရသေးပေမယ့် မည်သည့်အရာမှ ချဉ်းကပ်လာခြင်းမရှိပေ။ ရှောင်းကော အားစိုက်ကာ နားစွင့်ကြည့်လိုက်တော့ ဆူညံနေသည့် အသံများကြားတွင် အကူအညီတောင်းသည့်စူးစူးဝါးဝါး အော်ဟစ်သံကို သူမ ကြားလိုပ်ရသည်။

1. အနောက်ဘက်အရပ်သို့ ခရီးသွားခြင်း ကဇာတ်ကွက်တစ်ခုကို သူမမနေနိုင်ဘဲဘစဉ်းစားမိလိုက်သည်။

2. Red Boy ဇာတ်ကောင်ဟာ ဘုန်းတော်ကြီးအား လိမ်လည်လှည့်ဖြားရန်အတွက် သူ့ကိုယ်သူမိန်းမတစ်ယောက်အဖြစ် ပြောင်းလိုက်သည့် တောထဲက ဇာတ်ကွက်တစ်ခုကိုပင်။

ဒီဟာ သူမရဲ့လက်ရှိအခြေအနေနှင့် အတူတူဖြစ်လောက်မည်ဟုယူဆကာ ရှောင်းကောမှာ ကြောက်ရွံ့ထိတ်လန့်သွားရသည်။ သူမ လွန်လွန်ကဲကဲ တုံ့ပြန်မိနေတယ်လို့ စပြီးခံစားလာရသည်။ သူမ၏ စိတ်ကူးမှာ နည်းနည်းပရမ်းပတာနိုင်လွန်းသည်။

ရှောင်းကောက ဘာအန္တရာယ်မှမရှိကြောင်း အတည်ပြုပြီးမှ အသံလားရာဆီ ဖြည်းငြင်းစွာ ချဉ်းကပ်လိုက်သည်။ အသံဟာမြေပြင်ရှိ တွင်းတစ်တွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှောင်းကောအနေနဲ့ အဲ့ဒီတွင်းကို စွန့်ပစ်ထားသည့် ထောင်ချောက်တစ်ခုဟု ခန့်မှန်းနိုင်သည်။ တွင်းနှုတ်ခမ်းတစ်ဝိုက်ရှိ ဆွေးမြေ့နေသည့် သစ်သားတွေကို ကြည့်ရုံဖြင့် သူမ ပြောနိုင်သည်။

အများအားဖြင့်၊ ထောင်ခြောက်များကို သားကောင်များ ထိခိုက်ဒဏ်ရာရစေရန်အတွက် သစ်သားချွန်များဖြင့် ပြုလုပ်ထားကြသည်။ ထောင်ချောက်ကြီးများတွင် သစ်သားတုံးကြီးများကို အများအားဖြင့် အသုံးပြုကြသည်။ ရှောင်းကော၏ ခန့်မှန်းချက်အရ၊ ဒီဟာတွေ ဤနေရာတွင်ရှိနေသည်မှာ အနည်းဆုံး ငါးနှစ် သို့မဟုတ် ခြောက်နှစ်လောက်ရှိနေပြီဖြစ်သည်။ သစ်သားပေါ်သူမနင်းလိုက်တာနဲ့ အမှုန့်တွေ ထွက်လာသည်။ သစ်သားဟာ ဤအတိုင်းအတာအထိဆွေးမြေ့ဖို့ဆိုတာက နှစ်ပေါင်းများစွာ ကြာတတ်သည်။

ရှောင်းကောက အသံတိုးကာ ခပ်ကြမ်းကြမ်းအသံဖြင့် မေးလိုက်သည်။ "အဟမ်း၊ အထဲမှာ တစ်ယောက်ယောက် ရှိလား?"

စောစောတုန်းက ထွက်နေသည့်အသံမှာ အစပိုင်းတွင် တိုးကာအသက်မဲ့နေသည်။ သို့ပေမယ့် အဲ့ဒီလူက ရှောင်းကောရဲ့အသံကိုကြားတဲ့အခါ ကျယ်လာပြီး တက်ကြွတဲ့လေသံနဲ့ ပြန်ပြောလာသည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ရှိပါတယ်။ အစ်ကိုကြီး၊ ကျွန်တော့်ကိုကူညီပါဦး" အဲ့ဒီလူမှာ မျှော်လင့်ချက်တွေအားလုံးကို စွန့်လွှတ်လိုက်ရလုနီးပါးဖြစ်ခဲ့ပေမယ့် မျှော်လင့်ချက်အလင်းရောင်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ထောင်ချောက်ထဲမှ ကောက်ထားတဲ့ သစ်သားတွေကို ပစ်နေတာမရပ်ခဲ့ပေ။ အခုတော့ဒီမှာ တကယ်ဘဲတစ်ယောက်ယောက်ရှိနေတဲ့ပုံပင်။

အဲဒီစကားတွေပြောပြီးသွားတော့ သူက တစ်ဖက်လူထွက်သွားမှာ စိုးနေသည်။ သူကအခြေအနေကို သူစပြီးရှင်းပြလာသည်။ “အစ်ကိုကြီး၊ ကျွန်တော့်မျိုးရိုးနာမည်က လီ ပါ၊ တံငါရွာလေးတစ်ရွာကလာတာပါ။ ကျွန်တော့်မိသားစုထဲက တစ်ယောက်ယောက် ဒဏ်ရာရထားလို့ တောကြက်တွေနဲ့ ယုန်တွေကို အမဲလိုက်ဖို့အတွက် ကျွန်တော် ဒီကိုရောက်လာတာ။ အဲ့ဒီဟာတွေကို ပြန်လည်နာလန်ထူနိုင်ဖို့ အထောက်အကူဖြစ်စေတဲ့ ဆေးများအဖြစ် လုပ်လို့ရတယ်။ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော်ဒီထဲကျသွားတာ၊ ကျွန်တော့်ကိုကူပါဦးအစ်ကိုကြီး"

ရှောင်းကောက သူ့ကို မဖြေပေ။ သူမက လက်ထဲကအရာတွေနှင့် အလုပ်ရှုပ်နေသည်။ အဲဒီလူက ရှောင်းကော ထွက်သွားမှာကို စိုးတဲ့အတွက် သူမကို ဆက်အော်ခေါ်သည်။ ခဏကြာတော့ စပျစ်နွယ်ပင်နဲ့လုပ်ထားတဲ့ ကြိုးတစ်ချောင်း ပြုတ်ကျလာသည်။ အဲ့ဒီလူက ဝမ်းသာအားရဖြင့် ကြိုးနှင့်အပေါ်အမြန်တက်လိုက်သည်။ မြေပေါ်ရောက်တဲ့အခါ၊ ဒုက္ခတောထဲကနေလွတ်လာတဲ့သူက သူ့ရဲ့ကျေးဇူးရှင်ကို အမြန်ကျေးဇူးတင်လိုက်သည်။ ဒါပေမယ့် သူကြည့်လိုက်တော့ ဘယ်သူမှ မရှိနေပေ။ သစ်ပင်ကြီးတစ်ပင်မှာ ချည်ထားတဲ့ကြိုးတစ်ချောင်းဘဲရှိသည်။ အဲဒီလူက သူ့ကျေးဇူးရှင်ကို လိုက်ရှာပေမယ့် မတွေ့ပေ “ကျေးဇူးရှင်ရေ! ငါ လီရှို့ကျီက မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ!"

အဲ့ဒီအသံက တောတွင်းမှ ပဲ့တင်ထပ်ကာ ထပ်ခါထပ်ခါထွက်လာသည်။ အဝေးကိုသွားနေတဲ့ ရှောင်းကော ကြားတော့ သူမနှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဘာကျေးဇူးလဲ? ဒါက လုပ်သင့်တာဘဲလေ

သူမအိမ်ပြန်ရောက်တဲ့အခါ ကျွမ်းကျွမ်းက တံခါးဝတွင် လိမ်လိမ်မာမာထိုင်ကာ သူမကိုစောင့်နေသည်။ သူမကိုတွေ့တော့ သူမကိုဖက်ဖို့ သူက စိတ်လှုပ်ရှားစွာနဲ့ပြေးလာတော့သည်။

"ဗိုက်ဆာနေတယ် မဟုတ်လား?" ရှောင်းကောက သူ့မျက်နှာလေးကို နမ်းလိုက်သည်။

ကျွမ်းကျွမ်းက ရှောင်းကောပြောတာကို ဆန့်ကျင်ပြီး ခေါင်းယမ်းပြလိုက်သည်။ ကောင်လေးကိုကြည့်ရတာ မပျော်မရွှင်ဖြစ်နေတဲ့ပုံပင်။ သူ သူမကိုစိတ်ပူနေတာကြောင့်ဖြစ်မည်ဟု မှန်းဆမိကာ ရှောင်းကော သူ့ကိုထပ်နမ်းလိုက်သည်။ သူမမှန်သည်။ ကျွမ်းကျွမ်းတစ်ယောက်နိုးလာကတည်းက တံခါးဝတွင် ရှောင်းကောကိုထိုင်စောင့်နေခဲ့တာဖြစ်သည်။ တစ်ချိန်လုံး သူကရှောင်းကောပြန်လာမယ့်ဘက်ကိုဘဲ စိုးရိမ်စွာနဲ့ ကြည့်နေခဲ့ပြီး သူမကိုမြင်တဲ့အခါမှာသာ ပြုံးလာတာဖြစ်သည်။

ရှောင်းကောက ကျွမ်းကျွမ်းကိုဖက်လိုက်ပြီး တောင်တွေကနေ သူမယူလာတဲ့ အံ့သြဖွယ်ရာအကြောင်းတွေကို ပြောပြသည်။ ကျွမ်းကျွမ်းကလည်း အာရုံစိုက်နားထောင်နေပြီး နောက်တစ်ခါကျ သူလည်းလိုက်မယ့်အကြောင်းမရမကတောင်းဆိုသည်။

ရှောင်းကောလည်း သဘောတူလိုက်ပြီး သူမဘာတွေရလာလဲဆိုတာ သူ့ကိုပြသည်။ သူက အဲ့ဒါတွေကို တစ်ခုပြီးတစ်ခု ကြည့်သည်။ ကျွမ်းကျွမ်းက သူ့ရဲ့ဘယ်ဘက်လက်တွင် တောထင်းရှူးမှိုနှင့် ညာဘက်လက်တွင် ခြမှိုကို ကိုင်ထားသည်။ သူကခြင်းတောင်းထဲရှိ သစ်ရွက်ပုံတွေကို ကြည့်လိုက်ပြီး ရှောင်းကောကိုမေးလိုက်သည်။ " မေမေ၊ ဒါက ဘာတွေလဲ?"

ရှောင်းကောက အဲဒါတွေဟာ ဟင်းချက်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်ကြောင်း ရှင်းပြသည်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို သုံးတဲ့အခါ အစားအသောက်က တကယ်အရသာရှိလာလိမ့်မည်။ကျွမ်းကျွမ်းက သိပြီဖြစ်ကြောင်းခေါင်းညိတ်ပြသည်။ ထို့နောက် သူ့ဗိုက်ကနေ တဂွီဂွီမြည်လာသည်။ ရှောင်းကောက ခြင်းတောင်းကို မပြီး သူ့ကိုပြောလိုက်သည်။ "သွားရအောင်။ မေမေ သားအတွက် ချက်ပြုတ်ပေးမယ်"

သူမ မီးဖိုချောင်ထဲ သွားလိုက်သည်။ မနက်စာစားဖို့ နည်းနည်းနောက်ကျနေပြီဖြစ်ပေမယ့် နေ့လည်စာစားဖို့ အချိန်လည်းမကျသေးပေ။ ဒါကြောင့် မနက်စာ အရင်စားမယ်လို့ ဆုံးဖြတ်လိုက်သည်။

ရှောင်းကော ခြမှိုများကို စတင်ဆေးကြောလိုက်သည်။ ထို့နောက် အသားတစ်ပိုင်းကို ထုတ်ကာ အတုံးသေးသေးလေးတွေလှီးလိုက်သည်။ လှီးထားတဲ့ အသားတွေကို အပူပေးထားတဲ့ အိုးထဲတွင်ထည့်ကာ ဆီတွေထွက်လာသည်အထိ မွှေကြော်လိုက်သည်။

ထို့နောက် ခြမှိုတွေကိုထည့်လိုက်သည်။ အိုးထဲသို့ မှိုတွေရောက်သွားသည့်အချိန် ပါဝင်ပစ္စည်းများ၏ ပေါင်းစပ်သွားသည့်ရနံ့က သူမရဲ့နှာခေါင်းထဲ ပျံ့နှံ့ဝင်ရောက်လာသည်။ အနည်းငယ် မွှေပြီးတဲ့နောက် ရှောင်းကောက ဟင်းခတ်အမွှေးအကြိုင်တချို့၊ ထမင်းနှင့်ရေတို့ကို ထည့်လိုက်သည်။ သူမက အားလုံးကို မိနစ် ၃၀ လောက်တည်ထားလိုက်သည်။

အဲ့ဒီအချိန်မှာ ရှောင်းကောက နုတ်နုတ်စဥ်းထားသည့်အာလူး‌ တစ်ပန်းကန်လုပ်လိုက်သည်။ ဆန်ပြုတ်ကျက်လို့ အဖုံးဖွင့်လိုက်သည့်အချိန် မီးဖိုချောင်တစ်ခုလုံး မွှေးရနံ့များ လွှမ်းသွားသည်။ ဘယ်သူမဆို ခံတွင်းတွေ့စေနိုင်မည့် စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တစ်ခုပင်။

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့မှာ ပန်းကန်လုံးထဲရှိသမျှ အကုန်စားကာ ဘယ်တော့မှ မဖြုန်းတီးသည့်စိတ်ကိုလက်ကိုင်ထားသည်။ နုတ်နုတ်စဉ်းထားသည့် အားလူးတွေကလည်း သူတို့ပန်းကန်တွင် ပြောင်နေအောင် အလျက်ခံထားရသည်။

......

1. မင်မင်းဆက်အတွင်း ၁၆ ရာစုက ထုတ်ဝေခဲ့သော တရုတ်ဝတ္ထုတစ်ပုဒ်

2. ဝတ္ထုထဲက ဇာတ်ကောင်

All Chapters