← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

အရိုးပြုတ်ရည်က နို့ဖြူရောင် ပြောင်းသွားပြီဖြစ်သွားသည်။ ရှောင်းကော ဇွန်းတစ်ချောင်းကိုယူကာ ဟင်းရည်တစ်ဇွန်း မြည်းကြည့်သည်။

“အင်းး… ချိုတယ်” သူမမှိုဟင်းချိုကို မြည်းကြည့်တော့ အရသာလည်း ရှိသည်။ ရှောင်းကော ကျေနပ်စွာနဲ့ ဇွန်းကို ချလိုက်သည်။ နေ့လယ်စာပြင်ဆင်ဖို့ သူမအလျင်မလိုနေတာကြောင့် အခြောက်ခံခြင်းလုပ်ငန်းစဉ်ပြီးမြောက်ခြင်းရှိမရှိ စစ်ဆေးဖို့ အပြင်သို့ထွက်လိုက်သည်။

သူမ အပြင်ထွက်ထွက်ချင်းမှာပဲ ကျွမ်းကျွမ်းက မြည်းကို တို့ထိနေတာ တွေ့လိုက်ရသည်။ ရှောင်းကောက သူ့ကို အမြန်သတိပေးလိုက်သည်။ "ကျွမ်းကျွမ်း၊ မြည်းအနောက်မှာမနေနဲ့၊ ကန်ခံထိလိမ့်မယ်"

ကျွမ်းကျွမ်းက မြည်းခေါင်းဘေးနားမှာ ပြောင်းရပ်လိုက်တာကိုမြင်တော့မှ သူမ စိတ်အေးသွားသည်။ ရှောင်းကော အာလူးအနှစ်ရှိရာကို ရောက်လာပြီး အာလူးအနှစ်တွေကို သေချာကြည့်ဖို့ ထိုင်ချလိုက်သည်။ ရေတွေ မကျန်တော့ဘူးလို့ ထင်ရပေမယ့် သူမလက်လှမ်းကာ အပိုင်းသေးသေးလေး ဖဲ့လိုက်သေးသည်။

သူမအနှစ်ကိုဖဲ့ခိုက်တဲ့ တစ်မိနစ်အတွင်းမှာဘဲ အတုံးသေးသေးလေးတွေ ကွဲထွက်သွားသည်။ ရှောင်းကောဝမ်းသာအားရထလိုက်ပြီး လေသလပ်ထားတဲ့အနှစ်တွေကို ကျောက်ကြိတ်ဆုံဆီ ယူလာလိုက်သည်။ အာလူးခေါက်ဆွဲကိုမလုပ်ခင် အမှုန့်ဖြစ်အောင် အရင်ကြိတ်ရမည်ဖြစ်သည်။

ရှောင်းကောက အနှစ်ခြောက်တွေကို အချိန်ယူပြီး ကြိတ်သည်။ ရှောင်းကောက အနှစ်တွေကို ကျောက်ကြိတ်ဆုံဆီ ယူသွားတာကို မြင်တဲ့အခါ ကျွမ်းကျွမ်းက မြည်းနဲ့ မကစားတော့ပေ။ သူ့မျက်လုံးတွေက သူမ လုပ်နေတာတွေကို ကြည့်နေသည်။

ရှောင်းကောလည်း သူကြည့်နေတာမြင်တော့ ကျွမ်းကျွမ်းရဲ့လက်ထဲကို အနှစ်ခြောက်တစ်ပိုင်း ထည့်ပေးလိုက်သည်။ သူမကသူ့ကို ကျောက်ကြိတ်ဆုံနဲ့တစ်တန်းတည်းဖြစ်အောင် ချီခေါ်လာလိုက်ပြီး ဘယ်လိုကြိတ်ရမလဲဆိုတာ သင်ပေးသည်။ ကျွမ်းကျွမ်းက အနှစ်ခြောက်ကို ကျောက်ကြိတ်ဆုံထဲ ပစ်ထည့်လိုက်ပြီး အစွမ်းကုန်ကြိုးစားပေမယ့် ကျောက်ကြိတ်ဆုံမှာ တစ်လက်မတောင် မရွေ့ပေ။ ရှောင်းကောက သူ့မျက်နှာနီရဲလာတဲ့အထိ စောင့်ကြည့်နေသည်။ သူမမျက်လုံးတွေ ကွေးညွှတ်သွားသည်အထိပြုံးလိုက်မိသည်။

သူက အရမ်းချစ်စရာကောင်းတာပဲ။

ကျွမ်းကျွမ်းနဲ့ လေးလံတဲ့ ကျောက်တုံးကို ကူတွန်းပေးရင်း သူမက သူ့ကိုသင်ပေးခဲ့သည်။ ကျောက်ကြိတ်ဆုံက စပြီး လှည့်ပတ်လာသည်။ အနှစ်ခြောက်အပိုင်းတွေဟာလည်း ဖြည်းဖြည်းချင်း အမှုန့်တွေအဖြစ်ပြောင်းသွားသည်။

ရှောင်းကော အချက်ပြတဲ့အခါ၊ ကျွမ်းကျွမ်းက တံမြက်စည်းသေးသေးတစ်ချောင်းကို ယူပြီး ကျောက်ကြိတ်ဆုံအောက်က အင်တုံထဲအမှုန့်တွေကိုထည့်လိုက်သည်။ သူက ကြိတ်ရတာကို အသားကျလာကာ ဆက်လုပ်ချင်နေသည်။ ရှောင်းကောက‌လည်း သူ့ကိုမတားပေ - သူမက သု့ကိုစိတ်ရှိတဲ့အတိုင်းပေးလုပ်ထားသည် — သူအခက်တွေ့နေမှဘဲ သူ့ကို ကူညီပေးသည်။

ကြိတ်ပြီးတဲ့အခါ ဟင်းချိုလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကျွမ်းကျွမ်းက ကောင်တာကို မှီကာ ရှောင်းကော အဖုံးဖွင့်တာကို ကြည့်နေသည်။ ဟင်းချိုရနံ့ကသင်းပျံ့လာကာ ကျွမ်းကျွမ်းမှာအားရပါးရ အသက်ပြင်းပြင်း ရှူလိုက်သည်။ ရှောင်းကောက ပြုံးကာ ပြောလိုက်သည်။ "အစားပုတ်လေး"

ရှောင်းကောရဲ့လက်တွေက လှုပ်ရှားနေတာ မရပ်သွားပေ။ သူမက ထင်းတစ်ဝက်ကို ထုတ်လိုက်ပြီး မီးဖိုအောက်ရှိ လွတ်နေသည့် မီးထည့်မည့်နေရာတွင် ထားလိုက်သည်။ ဟင်းချိုကို အပူရှိန်နည်းနည်းဖြင့် ဆူအောင်တည်ပြီး အိုးတစ်ခုစီ၏ အောက်တွင် ထင်းတစ်ပိုင်းလောက်သာ ချန်ထားသည်။ အခုအချိန်မှာတော့ ဟင်းရည်က နို့လိုဖြူနေတဲ့ ဟင်းရည်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ရှောင်းကော အရိုးစွပ်ပြုတ် တစ်ဇွန်းခပ်လိုက်ပြီး ဂေါ်ဖီထုပ် အသေးလေးတစ်ပန်းကန်ကို ရွှေရောင်သန်းသည်အထိ မွှေကြော်လိုက်သည်။ ထို့နောက် ဘန်းမုန့်နှစ်လုံးထည့်ကာ အိုးထဲတွင် ရေနွေးငွေ့ဖြင့်ပေါင်းထားလိုက်သည်။ ထို့နောက် ရှောင်းကောသည် ဟင်းချိုထဲမှ နူးနေသည့် အရိုးအနည်းငယ်ကို ဘန်းမုန့်အတွက်ဖယ်ထားလိုက်သည်။ ထမင်းစား စားပွဲပေါ်တွင် အရိုးပြုတ်ရည် နှစ်ပန်းကန်ချပြီးသွားတော့ နေ့လည်စာ တည်ခင်းတာပြီးသွားသည်။

ကျွမ်းကျွမ်းက အားရပါးရ စားခဲ့သည်။ သူ့နှုတ်ခမ်းတစ်ဝိုက်တွက် ဆီတွေပေပွနေပြီး သူ့နှုတ်ခမ်းထောင့်တွက်အသားစတွေ ကပ်နေကာ သူက အသားပြုတ်ရည်ကို စိတ်လှုပ်တရှား သောက်ခဲ့သည်။ ကောင်လေးက တကယ်စားနိုင်သည်။ သူသည် အသားအပြည့်ရှိသည့်ဘန်းမုန့်ကို အချဉ်ရည်ဖြင့်တို့ကာ ကျန်လက်တစ်ဖက်ကလည်း ဂေါ်ဖီထုပ်အသေးလေးကို လှမ်းယူနေကာအားလုံးကို တပြိုင်နက်တည်း စားပစ်လိုက်သည်။

အခုတော့ အမေတွေက သူတို့ရဲ့ WeChat moment တွေတွင် သူတို့ သားသမီးများ၏ ဗီဒီယိုများကို ဘာကြောင့် အမြဲတင်နေကြလဲဆိုတာ ရှောင်းကောနားလည်လာသည်။ အမေတွေအတွက် ကိုယ့်သားသမီးတွေကို ကြည့်ရတာ ဘယ်တော့မှ မငြီးငွေ့ပါချေ။ အကယ်၍ သူမတွင် အခုဖုန်းတစ်လုံးသာရှိရင် ကျွမ်းကျွမ်းရဲ့ပုံတွေကို အများအပြား ရိုက်ယူမိမှာပင်။

နေ့လည်စာစားပြီးသည့်နောက် ကျွမ်းကျွမ်းတစ်ယောက် ကြို့ထိုးကာ ပန်းကန်ဆေးရန် မီးဖိုချောင်ဆီသွားလိုက်သည်။ ရှောင်းကောက ငါးအသားလုံးပြုလုပ်ရန် ပြင်ဆင်နေခဲါသည်။ ထိုအတွက် ကြိုတင်ပြင်ဆင်မှုတွေ များစွာလိုအပ်သည်။ နေဝင်ချိန်တွင် သူမအားလုံးကို ပြီးစီးရမည်ပင်။

ရှောင်းကောက ငရုတ်ဆီကြော်ကို အရင်ကြော်မည်ဖြစ်သည်။ ဒါက အလွယ်တကူ မီးကျွမ်းတတ်သည့်အတွက် သူမအနေနှင့် တစ်ချိန်လုံးစောင့်ကြည့်နေရမည်ဖြစ်သည်။

သူမသည် တောင်ပေါ်မှငရုတ်သီးတွေကို လှီးဖြတ်ပြီး အိုးထဲဆီထည့်ကာ ငရုတ်ကောင်းစေ့နှင့် ကြက်သွန်နီအချို့ကို အိုးထဲထည့်လိုက်သည်။ အဲဒါတွေကို ဆီပူထဲ နှစ်ကြော်ပြီးသည့်နောက် ခပ်ကာ ငရုတ်သီးထဲလောင်းထည့်လိုက်သည်။ ငရုတ်သီးညှော်နံ့က မီးဖိုချောင်ထဲ ချက်ချင်းဝင်လာသည်။ ရှောင်းကောသည် မီးဖိုနားကနေခဏရွေ့လိုက်ပြီး ငရုတ်သီးထဲ ရောထားတာတွေကို ဖြည်းဖြည်းချင်းမမွှေမီ အနံ့အနည်းငယ်သက်သာလာတဲ့အထိ စောင့်လိုက်သည်။

ငရုတ်သီးဆီကို အနီရောင်တောက်တောက်ဖြစ်အောင် အပူပေးပြီးသည့်နောက် ရှောင်းကောသည် အားလုံးကို ဆယ်လိုက်ပြီး အအေးခံထားလိုက်သည်။ ငရုတ်သီးဆီကိုအအေးခံပြီးတဲ့နောက် အဝါရောင်ဝိုင်နှင့် နှမ်းစေ့တချို့ကိုထည့်လိုက်သည်။ သူမရဲ့ လျှို့ဝှက် ငရုပ်သီးဆော့စ် ပြီးသွားပြီဖြစ်သည်။

နောက်လာမှာကတော့ ငါးအသားလုံးတွေကို ပြင်ဆင်မှာဖြစ်သည်။ ရှောင်းကောသည် ငါးငါးကောင်ကို ထုတ်ပြီး ကျွမ်းကျွမ်းအတွက် ချက်ပြုတ်ပေးရန် တစ်ကောင်ထားထားလိုက်သည်။

ရှောင်းကော ပြီးသွားချိန်မှာတော့ ကောင်းကင်ကြီးက မှောင်သွားပြီဖြစ်သည်။ ရှောင်းကောမှာ ခေါက်ဆွဲလုပ်ရဦးမည်ဖြစ်သည်။ ဂျုံမှုန့်တွေ သိပ်မကျန်တော့တဲ့အတွက် ရှောင်းကောက အကုန်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မှ ဂျုံမှုန့် တွေထပ်ဝယ်ရမည်။

သူမပြင်ဆင်ထားတဲ့ မုန့်နှစ်ကို ဂျုံမှုန့်နဲ့လှိမ့်ကာ ခေါက်ဆွဲလုပ်သည်။ ကျွမ်းကျွမ်း မီးဖိုချောင်ထဲရောက်တဲ့အခါ ရှောင်းကောက လက်က လုပ်နေတာကိုမရပ်ဘဲ မေးလိုက်သည်။ "နွားနဲ့ မြည်းတွေကို အစာကျွေးပြီးပြီလား?"

ကျွမ်းကျွမ်းသည် အိမ်တွင် နွားစာကျွေးသည့်အလုပ်ကို စလုပ်နေပြီဖြစ်သည်။ စောစောက ကောင်လေးကပတ်ပြေးနေတာကို သူမ တွေ့သည်။ နွားတွေကို အစာကျွေးဖို့ မြက်တွေ သူယူနေတာ သူမ သိသည်။ ဒီအချိန်မှာ သူမီးဖိုချောင်ထဲ ဝင်လာတာကိုမြင်တော့ ရှောင်းကောက ဒီကောင်လေး ဗိုက်ဆာနေပြီလို့ တွေးလိုက်မိသည်။

ကျွမ်းကျွမ်းက သူ့ဗိုက်ကို ထိကာရှောင်းကောကို ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ သူ့မှာ အစားအသောက်အနံ့ကို တစ်နေကုန် ခံနေရတာဖြစ်သည်။ သူ့အမေ ခုနလေးကတင်လုပ်ထားတဲ့ ငါးအသားလုံးကို သူတွေးမိသည်။ သူ့ပါးစပ်ထဲက ငါးပဲငပိအရသာကို ပြန်စဉ်းစားမိတော့ သရေယိုတာ မရပ်နိုင်တော့ပေ။ သူ အစားအသောက်တွေကို ကြည့်ကြည့်ဖို့ မီးဖိုချောင်ထဲ ဝင်လာတာဖြစ်သည်။

ရှောင်းကောသည် ရိုးရိုးခေါက်ဆွဲနှင့် အာလူးမှုန့်ခေါက်ဆွဲတို့ကို ပေါင်းကာ အခြောက်ခံရန် အဝတ်တစ်ထည်ဖြင့် အုပ်ထားလိုက်သည်။ မနက်ဖြန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို စုပြီး ဖယ်ထားလိုက်သည်။ သူမက ချန်ထားတဲ့အပိုင်းတွေနှင့်အတူ ညစာအတွက် အာလူးမှုန့်ခေါက်ဆွဲကို စလုပ်တော့သည်။

All Chapters