← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

"ဒါက ငါးအသားလုံးနဲ့ အာလူးမှုန့်ခေါက်ဆွဲပါ” ရှောင်းကောက အမျိုးသမီးကို နွေးထွေးစွာနဲ့ပြောလိုက်သည်။ “တစ်မျိုးပဲရှိပါတယ်၊ အစ်မ"

"ငါးအသားလုံးနဲ့ အာလူးမှုန့်ခေါက်ဆွဲ?" မိန်းမက သိချင်သွားသည်။ ဤအရာဟာ သူ့မအတွက် အသစ်အဆန်းဖြစ်နေသည်—သူမသည် ယခင်ကလည်း ထိုသို့သောအရာမျိုးကို မကြားခဲ့ဖူးပေ။ “ငါးအသားလုံးနဲ့ အာလူးမှုန့်ခေါက်ဆွဲဆိုတာက ဘာများလဲ?”

ရှောင်းကောက ဇလုံအဖုံးကိုဖွင့်ကာ သူမကိုပြလိုက်သည်။ “ဒါတွေက ငါးအသားတွေပါ။ ဒါတွေက မြက်ငါးကြင်းနဲ့ လုပ်ထားတဲ့ အသားလုံးအမျိုးအစားပါ။ ငါးအသားတွေနဲ့ပဲ လုပ်ထားတာ”

အဲဒါနဲ့ သူမက ငါးအသားလုံးနှစ်လုံးကို ထုတ်ကာလေးပိုင်းအညီအမျှ လှီးလိုက်သည်။ ထို့နောက် သူမသည်အဲ့ဒါတွေကို အိုးထဲတွင်ရှိနသည့် ဇကာတစ်ခုထဲ ထည့်လိုက်သည်။ သူမသည် ခေါက်ဆွဲခြောက်တွေ အုပ်ထားသည့် အဝတ်ကို ရုတ်လိုက်ပြီး ဆက်မိတ်ဆက်ပေးခဲ့သည်။

“ဒီ ဒုလုံးပုံစံအမျှင်တွေက အာလူးမှုန့်ခေါက်ဆွဲတွေပါ။ အာလူးကနေ လုပ်ထားတာ။ ဒီဘက်မှာတော့ ဂျုံမှုန့်နဲ့ လုပ်ထားတဲ့ ခေါက်ဆွဲဖြူတွေလည်းရှိတယ်။ ဟင်းချိုကိုတော့ ဝက်ရိုးနဲ့ မှိုနဲ့ နှစ်မျိုးလုပ်ထားတာပါ…”

ရှောင်းကောက ခပ်ကျယ်ကျယ် ပြောပေးလိုက်သည်။ အနီးနားတွင် နားထောင်နေတဲ့သူတွေလည်း ရှိကြောင်းသူမ သိသည်။ ဒီရွာသားတွေက တစ်ယောက်ယောက်က အစားအသောက်လာရောင်းတာ တစ်ခါမှမတွေ့ဖူးတဲ့အတွက် သူတို့အိမ်ထဲကနေ တိတ်တိတ်ဆိတ်ဆိတ်ထွက်လာကြသည်။ သူတို့က ဒီအမျိုးသမီးကို အခြေအနေ စစ်ဆေးဖို့ကိုယ်စား လွှတ်လိုက်တာဖြစ်သည်။

ရှောင်းကော‌ မိတ်ဆက်ပေးပြီးသွားတာနှင့်တပြိုင်နက် မနီးမဝေးမှ ဆွေးနွေးသံများကို ကြားလိုက်ရသည်။ ရှောင်းကောဘပြောတာကိုကြားတော့ အမျိုးသမီးက နားမလည်ဖြစ်သွားသည်။

စကားလုံးတွေကို သူမနားလည်ပေမယ့် သူမဘာကိုကြားနေရလဲဆိုတာကိုတော့ အတိအကျ နားမလည်ပေ။ အာလူးဆိုတာ ဘာလဲဆိုတာ သူမ သိပေမယ့် အာလူးမှုန့်က ဘာလဲ? မြက်ငါးကြင်းကို သူမ သိပေမယ့် အဲ့ဒါကိုအသားလုံးအဖြစ် ဘယ်လိုလုပ် လုပ်လို့ရမှာလဲ? အရသာရောကောင်းပါ့မလား? ပြီးတော့ ဘယ်လောက်တောင်ကုန်ကျမှာလဲမသိဘူး? ကြားရတာတော့ တော်တော်ဈေးကြီးမယ့်ပုံပင်။ ပြီးတော့ ဂျုံမှုန့်နဲ့ခေါက်ဆွဲဖြူလည်းရှိသည်။

အတွေးပေါင်းများစွာက သူမ ခေါင်းထဲပြေးဝင်လာသည်။

အမျိုးသမီးက ဝိရောဓိဖြစ်နေသည်။ ရှောင်းကောက ဆက်ပြောလိုက်သည်။ “အစ်မမှာ ပန်းကန်တစ်လုံးရှိလား? တစ်ပွဲကိုမှ ကြေးဒင်္ဂါးဆယ်ပြားပါ။ အိမ်ပြန်ပြီး ပန်းကန်အလွတ်တစ်လုံး ယူလာဖို့ပဲလိုပါတယ်”

စကားလုံးတွေက သူမပါးစပ်ကနေ ထွက်လာပေမယ့် တကယ်တမ်းမှာတော့ ရှောင်းကောမှာ ခေါက်ဆွဲစျေးနှုန်းကို သေချာမသိပါချေ။ လမ်းမကြီးပေါ်ရှိ ဈေးဆိုင်တွင် ခေါက်ဆွဲတစ်ပန်းကန်ကို ကြေးနီဒင်္ဂါးငါးပြားသာ ရောင်းချပြီး သူမကတော့ အဲ့ဒါရဲ့ဈေးနှစ်ဆပြောလိုက်သည်။ ရှောင်းကောအနေနှင့် ဒီလူတွေ လက်ခံနိုင်မလားဆိုတာ မသေချာပါချေ။

သို့သော် ထိုအမျိုးသမီး၏ မျက်နှာပေါ်ရှိ အရိပ်အယောင်ကို မြင်လိုက်ရတဲ့အခါ ဒါကပြဿနာလုံးဝမရှိကြောင်း သူမ သိလိုက်ရသည်။ ဒါကြောင့် ဤနေရာရှိလူတွေဟာ အတော်အတန်ချမ်းသာကြောင်း သူမကိုပို၍ သေချာသွားစေတော့သည်။ သူမရဲ့ရောင်းဈေးနဲ့ ပတ်သက်ပြီး နောက်တစ်စက္ကန့်တောင် ထပ်မစဉ်းစားတော့ပေ။

ဈေးနှုန်းကိုကြားတော့ အမျိုးသမီးက စိတ်သက်သာရာ ရသွားသည်။ သူမက ရှောင်းကောကို ရက်ရက်ရောရောပြောလိုက်သည်။ "အစ်မကို သုံးပွဲပေးပါ။ တစ်ပွဲကို မှိုဟင်းချိုနဲ့ နှစ်ပွဲကိုတော့ အရိုးစွပ်ပြုတ်နဲ့။ မှိုဟင်းချိုထဲမှာ အစပ်နည်းနည်း ထည့်ချင်တယ်။ အရင်ပိုက်ဆံပေးထားပြီးမှ အိမ်မှာပန်းကန်တွေ သွားယူလိုက်မယ်"

ထို့နောက် သူမက ပိုက်ဆံတွေကိုချပေးလိုက်ကာ အိမ်ကို အပြေးသွားတော့သည်။ ရှောင်းကောသည် ပိုက်ဆံကို ဝမ်းသာအားရ သိမ်းလိုက်ပြီး ခေါက်ဆွဲနှင့် ငါးအသားလုံးများကို အိုးထဲသို့ ထည့်လိုက်သည်။ ခေါက်ဆွဲတွေ အဆင်သင့်ဖြစ်ခါနီးမှ အမျိုးသမီးက လက်ထဲမှာ ပန်းကန်သုံးလုံးနဲ့အတူ ပြန်ရောက်လာသည်။ သူမအနောက်မှာလည်း လူတွေအများကြီး ပါလာသည်။ သူတို့အားလုံးရဲ့လက်ထဲတွင် ပန်းကန်လုံးတချို့ပါလာကြပြီး ရှောင်းကောဆီကို ဦးတည်လာကြသည်။

ရှောင်းကောသည် အမျိုးသမီးကို အရင်ပြင်ပေးလိုက်သည်။ သူမ ပန်းကန်တွေနဲ့ ထွက်သွားပြီးတဲ့နောက်မှာ တန်းစီနေတဲ့ လူတွေက ရှေ့တိုးလာပြီး သူတို့ရဲ့အမှာတွေကို ဒလဟောပြောလာကြသည်။ "ငါက နှစ်ပွဲ။ ဂျုံခေါက်ဆွဲနဲ့ လိုချင်တယ်။ ငါလည်း နှစ်ပွဲ လိုချင်တယ်။ မှိုဟင်းချိုအစပ်နဲ့ လိုချင်တယ်။ အရိုးစွတ်ပြုတ်နဲ့ သုံးပွဲလိုချင်တယ်…”

ရှောင်းကော ဝမ်းသာသွားသည်။ သူမတော့ ကံကောင်းတာပဲ။ ရွာသူရွာသားတွေဆီမှ အမှာကိုယူကာ ပိုက်ဆံအမြန်သိမ်းလိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုက နောက်တစ်လမ်းက လူတချို့ကို ဆွဲဆောင်သွားတော့သည်။ ဘာတွေဖြစ်နေတာလဲ ဆိုတာကို စစ်ဆေးဖို့ရောက်လာကြသည်။

အစားအသောက် ရောင်းနေတာကိုမြင်တဲ့အခါ လူတိုင်းက အသစ်အဆန်းဖြစ်သလို တတ်လည်းတတ်နိုင်တာကြောင့် တစ်ပန်းကန်စီဝယ်ကြသည်။

ရွာသူရွာသားတွေမှာ ပန်းကန်ထဲမှ အစားအသောက်ကိုမြည်းစမ်းပြီးသည်နှင့် စွဲလန်းသွားကြ‌တော့သည်။ ပြည့်တင်းနေသည့် ငါးအသားလုံး၊ ပျော့အိနူးညံ့သည့် ခေါက်ဆွဲများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်တွေအားလုံး အရသာပြည့်ဝသည့်ဟင်းရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ အစားအစာတွေ ပါးစပ်ထဲ ရောက်လာတော့ အရသာတွေ ပေါက်ကွဲထွက်လာသည်။ ဖော်မပြနိုင်တဲ့ အရသာက လူတိုင်းကို တစ်ပွဲပြီးတစ်ပွဲ မှာစားမိစေတော့သည်။

ရှောင်းကောလည်း ဝင်လာသည့် အမှာစာများကို တတ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ဖို့ ကြိုးစားသည်။ နောက်ထပ်ဝယ်သူအတွက် တစ်ပွဲထပ်လုပ်တော့မယ့်အချိန်မှ ရှောင်းကောမှာ ပါဝင်ပစ္စည်းတွေ ကုန်သွားပြီဆိုတာ သိလိုက်ရတော့ သူမက လူတိုင်းကို အသံကျယ်ကျယ်နဲ့ ကြေညာလိုက်သည်။ “မိတ်ဆွေတို့ရေ ကျွန်မတောင်းပန်ပါတယ်။ နောက်ဆုံး တစ်ပွဲအတွက်ရောင်းကုန်သွားပါပြီ။ ဒီနေ့တော့ ကျွန်မဆိုင်ပိတ်ပါတော့မယ်"

သူမပြောပြီးသည်နှင့် တန်းစီစောင့်ဆိုင်းနေကြတဲ့လူများကြားတွင် ကမောက်ကမ ဖြစ်သွားတော့သည်။

"ဘာဖြစ်တာလဲ? ငါ အခုထိ မမှာရသေးဘူးလေ"

"အတိအကျပဲ။ ငါလည်း ခေါက်ဆွဲဝယ်ဖို့ စိတ်ကူးနေတာ"

“မိန်းကလေး၊ ငါလည်း ထပ်ရောက်လာပြန်ပြီလေ။ နောက်ထပ် နှစ်ပွဲလောက် ဝယ်ချင်သေးတာကို"

“ငါက အခုမှဒီကိုရောက်တာ။ ထူးထူးခြားခြား အရမ်းမွှေးတဲ့အနံ့ကိုဘဲရပြီး ဟင်းချိုကိုတောင် မမြင်ရသေးဘူး။ ဒါက နှိပ်စက်နေတာ မဟုတ်ဘူးလား?"

“အတိအကျပဲ။ ငါ့မှာတခြားလမ်းကနေတောင် လာရတာ။ အခုထိ ငါ့အလှည့်တောင်မရောက်သေးဘူး၊ ဟင်းး"

"ဘယ်တော့ ဆိုင်ပြန်ဖွင့်မှာလဲ? မင်း ဒီကိုပြန်လာဦးမှာလား?"

လူစုလူဝေးကို စိတ်အေးအောင်ကြိုးစားရင်း ရှောင်းကောက ပြုံးကာ လူတိုင်းကိုပြောလိုက်သည်။ "တောင်းပန်ပါတယ်။ တကယ် ဒီနေ့ ဘာမှ မကျန်တော့ဘူး။ ကျွန်မ အမှားပါ။ ရှင်တို့တွေ ဒီကိုအထူးတလည်တောင်လာခဲ့ရတာကို ကျွန်မ တကယ် အားနာပါတယ်။ နောက်တစ်ခေါက်လည်း ကျွန်မ ဒီမှာဆိုင်ဆက်ဖွင့်မှာပါ။ နောက်‌တစ်ခေါက်ကျရင် သေချာပြင်ဆင်လာပါ့မယ်။ ဒီနေ့ အစားအသောက်ကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေးမရခဲ့ရင် နောက်တစ်ခေါက်ကျရင် စောစောလာခဲ့ကြပါ"

All Chapters