အခန်း (၃၉)
Vol. 3 Ch. 39
"ဒီဟာကို ကျွန်မအတွက် နှစ်ပေလောက်ဖြတ်ပေးပါ" အဖြူရောင်မှာ အစိမ်းရောင် အစင်းကြောင်းတွေပါတဲ့ အထည်ကိုကိုင်ရင်း ရှောင်းကောက ပြောလိုက်သည်။
အမျိုးသမီးက တစ်ယောက်ယောက်အား အထည်ညှပ်ပေးရန် ဝမ်းသာအားရ ညွှန်ကြားလိုက်သည်။ ရှောင်းကောသည် ကလေးအတွက် အထည်တွေ ဝယ်တာကိုမြင်လိုက်ရတဲ့အတွက် မနေနိုင်ဘဲ သူမကိုပြောလိုက်သည်။ “ကျွန်မတို့မှာ အရမ်းလှတဲ့အပွင့်အထည်တွေလည်းရှိတယ်။ ရှင် ကြည့်ကြည့်ချင်လား?"
ဘာပဲဖြစ်ဖြစ် သူမလည်းစောင့်ရဦးမှာမို့ ကြည့်ကြည့်ရင်လည်း ဘာမှမဖြစ်ပါဘူးလို့ညတွေးလိုက်သည်။ သူမက ခေါင်းညိတ်လိုက်ပြီး “ဒါပေါ့"
အမျိုးသမီးက ရှောင်းကောကို ကောင်တာဆီ ခေါ်သွားကာ အပေါ်တွင် ချိတ်ထားသည့် အထည်ပေါင်းများစွာကို ညွှန်ပြလိုက်သည်။ “ဒါတွေက ကျွန်မတို့ စက်ရုံကဆေးဆိုးအထည်အသစ်တွေပါ”
“ဒီဇိုင်းတိုင်းက အရောင် တောက်တောက်တွေနဲ့လာပြီး ပစ္စည်းအရည်အသွေးကလည်းကောင်းတယ်။ ချည်သားတွေက လွယ်လွယ်နဲ့ မဖွာတတ်ဘူး"
ရှောင်းကောလည်း အထည်တွေက တကယ်ကောင်းတယ်လို့ တွေးမိကာ သူမလည်း အဝတ်အစားအသစ်တွေ တကယ်လိုအပ်နေသည်။ ဗီရိုထဲတွင် အဝတ်အနည်းအကျဉ်းမျှသာရှိ၍ အားလုံးကို အတော်လေး ၀တ်ထားပြီးပြီဖြစ်သည်။ သူမကိုယ်တိုင်အတွက်လည်း အနည်းငယ် ချုပ်သင့်သည်။
ရှောင်းကော ခေါင်းညိတ်ကာ အထည်ဒီဇိုင်းနှစ်ခုကို ငါးပေစီ နှစ်ပိုင်းဖြတ်ခိုင်းလိုက်သည်။ အထည်ဆိုင်ကနေ ထွက်လာတဲ့အခါ ခြင်းတောင်းတစ်ဝက်လောက် ပြည့်နေပြီဖြစ်သည်။ ရှောင်းကောအနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဝယ်စရာတွေ အများကြီးရှိသေးသည်။ ဘယ်လိုလုပ်ခြင်းတောင်းက ပြည့်တောင်ပြည့်တော့မှာလဲ?
နောက်ထပ် မနှောင့်နှေးနေတော့ဘဲ ရှောင်းကော ဆိုင်တစ်ဆိုင်မှ ဟင်းသီးဟင်းရွက်မျိုးစေ့တချို့ကိုဝယ်ပြီး ဝက်သားဆိုင်ဆီ သွားလိုက်သည်။ "ဝက်သား ဘယ်လိုရောင်းတာလဲ?"
“ဝက်အသားက တစ်ကစ်တီကို ငါးဝမ်၊ ဝက်ပခုံးက တစ် ကစ်တီကို ခုနစ်ဝမ်၊ ဝက်ရိုးက တစ်ကစ်တီကို ငါးဝမ်နဲ့ ဝက်ဆီက တစ်ကစ်တီ နှစ်ဝမ်"
“ဝက်အသားကိုတဝက်၊ ဝက်သားပုခုံးနှစ်ပိုင်း၊ ဝက်ခြေထောက်သုံးချောင်း၊ အရိုးငါးပေါင်နဲ့ ဝက်ဆီဆယ်ပေါင်ပေးပါ” ရှောင်းကောက အားလုံးကို နည်းနည်းဆီဝယ်လိုက်သည်။
ဝက်သားရောင်းတဲ့သူက ဝက်သားကို စခုတ်တော့သည်။ ရှောင်းကောသည် ဝက်သားစောင့်နေတုန်း ဆိုင်တစ်ဝိုက်ကို လှမ်းကြည့်လိုက်သည်။ အသားခုတ်သည့်စဉ်းတုံးအောက်တွင် ဝက်အူတွေပုံနေသည့် ဇလုံတစ်လုံးကို သူမသတိပြုမိလိုက်သည်။ သူမ မျက်လုံးတွေ တောက်ပလာပြီး မေးလိုက်သည်။ “ဒါကိုရော ဘယ်လိုရောင်းလဲဟင်?"
"အဲ့ဒါတွေ ရောင်းလို့်မရဘူး။ အနံ့က ကြောက်စရာကောင်းလို့ အဲ့ဒါတွေကို ပစ်မလို့" ဝက်သားသည်က ဝက်အူများကို ရွံရှာသလိုကြည့်လိုက်သည်။
ရှောင်းကော ဒီလိုကြားလိုက်ရသည့် ဝမ်းသာသွားသည်။ ဒီခေတ်တွင် ဆေးကြောသည့် နည်းစနစ်မဖွံ့ဖြိုးသေးသည့်အတွက် ရိုးရိုးရေနှင့် ဘယ်လောက် ဆေးဆေး ကလီစာများတွင် အနံ့ဆိုးတွေ ထွက်နေတတ်သည်။ ထို့ကြောင့် ဒီခေတ်ဒီအခါတွင် စားသောက်ဖို့အတွက် အူများကို မည်သူမျှ ဝယ်မည်မဟုတ်ပေ။
သူမလျှော့ဈေးကြီးကြီးနှင့် ရတော့မှာဖြစ်သည်။ ဝက်အူတွေက အရသာရှိသည်။ “ပြောပါဦး၊ ကျွန်မကိုရောင်းလိုက်ရင်ရော?"
ဝက်သားသည်က သူမကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။ "မင်းလိုချင်ရင်ယူလိုက်"
ဒီအချိန် ရှောင်းကော မှာထားတဲ့ အသားတွေက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဝက်သားသည်က ရှောင်းကောကို ကူထုပ်ပိုးပေးပြီး အားလုံးကို သူမရဲ့ခြင်းတောင်းထဲ ပေးလိုက်သည်။ ရှောင်းကောသည် ခြင်းတောင်းထဲက ပစ္စည်းတွေကို အသားနှင့်အူတွေမထည့်ခင် အရင်ဆုံး အကုန်ထုတ်လိုက်သည်။ အပေါ်မှာ ပစ္စည်းအခြောက်တွေထားရင် စာအုပ်နဲ့ အထည်တွေ ညစ်ပတ်သွားမှာကို သူမစိတ်ပူနေစရာမလိုတော့ပေ။
ရှောင်းကော ဈေးဆိုင်တန်းတစ်လျှောက် လျှောက်လာကာ ဖိနပ်တစ်ရံဝယ်လိုက်သည်။ သူမ စပါးပြောင်းနှံဆိုင်သို့ သွားကာ ဆန်နှင့်ခေါက်ဆွဲအိတ်ကြီးတစ်ထုပ်ကို ဝယ်ခဲ့လိုက်သည်။ သူမ ဈေးဝယ်တာပြီးခါနီးပြီဖြစ်သည်။
သူမ ဈေးအဝင်ဝသို့ လျှောက်လာတုန်းယ ကြက်အရှင်ရောင်းသည့် လူနှင့် ဝင်တိုးခဲ့သည်။ ရှောင်းကောလည်း နည်းနည်းလောက်ဝယ်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။ အသားနဲ့ဥတွေကို နေ့တိုင်းစားရရင်ကောင်းသည်။ ရှောင်းကောသည် နေရာမှာဘဲ ကြက်ငါးကောင်နှင့် ဘဲနှစ်ကောင်ကို ဝယ်လိုက်သည်။
ယခုအချိန်တွင် ရှောင်းကောမှာ ခြင်းတောင်းအပြည့်ကို သယ်ထားရရုံသာမက ခြေထောက်တွင် ကြိုးချည်ထားသည့် ကြက်နှင့် ဘဲများကိုလည်းကိုင်ထားရကာ ရောင်းသူထံမှ တောင်းဆိုထားသည့် မြက်လှောင်အိမ်ကြီးကိုလည်း ကိုင်ထားသည်။ သူမက အဲ့ဒါကို ကြက်နှင့်ဘဲများအတွက် အသိုက်ပြုလုပ်ရန်ဖြစ်ကာ ဒီတော့မှသူတို့တွေ ဥဥနိုင်မည်ဖြစ်သည်။
ရှောင်းကော မြည်းလှည်းဆီ ပျော်ရွှင်စွာနဲ့ လျှောက်သွားလိုက်သည်။ သူမ စားသောက်ကုန်တချို့ နောက်ထပ်ဝယ်ချင်သေးပေမယ့် အားလုံးကို မသယ်နိုင်တော့ကြောင်း သိလိုက်သည်။ မြည်းနှင့်တောင်မှ အားလုံးကို သယ်ဖို့ အခက်အခဲ ရှိနိုင်သေးသည်။ ရှောင်းကောအဲ့ဒီ အတွေးကို စွန့်လွှတ်လိုက်သည်။ နောက်တစ်ခေါက်ကျလျှင် သူမစားသောက်ကုန်များကို ပိုဝယ်ရမည်။ ထို့နောက် သူမလမ်းတစ်လျှောက် သီချင်းညည်းရင်း အိမ်ပြန်လာသည်။
ရှောင်းကောက အိမ်ကို ဦးတည်ရင်းသီချင်းဆက်ညည်းနေသည်။ သူမသည် 'တခြားနေရာ' အကြောင်း ရှင်းရှင်းလင်းလင်းကို မေ့နေသည်။
နေမင်းကြီးသည် ကောင်းကင်ယံ၌ အမြင့်ဆုံးနေရာတွက် ရောက်နေသကဲ့သို့၊ ရှောင်းကောနှင့် မြည်းလှည်းလည်း မက်မွန်ပွင့်ရွာကို ချဉ်းကပ်လာကြသည်။
ဒီအချိန်ဆို ရွာထဲတွင် မွန်းတည့်ချိန်နီးနေပြီမို့ အိမ်မှာ ချက်ပြုတ်နေမယ့်သူ တစ်ယောက်မှ မရှိလောက်တော့ပေ။ ရှောင်းကော မြည်းလှည်းကို ဝမ်းသာအားရ မောင်းကာ အိမ်ပြန်လာလိုက်သည်။ လှည်းပေါ်က ဆင်းကာ တံခါးကိုဖွင့်လိုက်တော့ ခြံဝင်းထဲတွင် ကျွမ်းကျွမ်းနဲ့ နွားနှစ်ကောင်တို့ နေပူစာလှုံနေတာကို တွေ့လိုက်ရသည်။ ကျွမ်းကျွမ်းသည် အသံကြားသဖြင့် တံခါးဆီ အမြန်လှမ်းကြည့်လိုက်သည်။ "မေမေ!"
အော်သံနှင့်အတူ ရှောင်းကော သူမဆီပြေးလာနေတဲ့ ကျွမ်းကျွမ်းကို လှမ်းဖက်လိုက်သည်။ "ဒီမနက် တစ်ခုခုစားပြီးပြီလား?"
ကျွမ်းကျွမ်း စိုးရိမ်တကြီး ပြန်ဖြေပေမယ့် အမှန်အတိုင်းပြောလိုက်သည်။ “မစားရသေးဘူး။ မေမေပြန်လာရင် အတူစားချင်လို့စောင့်နေတာ"
ဒါကိုကြားတော့ ရှောင်းကောအနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ "သားကို အရင်စားဖို့ မေမေ မပြောထားဘူးလား? မေမေတောင် ဘယ်အချိန် ပြန်ရောက်မလဲမသိတာကို။ တကယ်လို့ မေမေက ညကျမှပြန်ရောက်ရင် သားက ညအထိစောင့်နေမှာလား?"
ကျွမ်းကျွမ်းဟာ အရမ်းချင့်ချိန်တတ်မှန်း သူမသိပေမယ့် ဒီကောင်လေးကြောင့် သူမ ရင်ထဲမှာနာကျင်မိသေးသည်။ ကံကောင်းထောက်မစွာနှင့် သူမစောစောပြန်လာလို့ပင်။ အကယ်၍ သူမသာ ညနေစောင်းမှ ပြန်လာခဲ့ပါက ကျွမ်းကျွမ်းတစ်ယောက် ညအချိန်အထိ ဗိုက်ဆာနေပေလိမ့်မည်ပင်။
ဒီကလေးတော့လေ....
“မေမေ၊ မေမေ၊ စိတ်မဆိုးပါနဲ့။ သား ထပ်မလုပ်တော့ပါဘူး" သူ့မေမေ ဒေါသနည်းနည်းထွက်နေတာကို မြင်တော့ ကျွမ်းကျွမ်းရဲ့အသံမှာ ငိုသံစွက်လာသည်။
ရှောင်းကောက ထိုင်ချလိုက်ပြီး ကျွမ်းကျွမ်းကိုဖက်လိုက်သည်။ သူမက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလာသည်။ "ကျွမ်းကျွမ်း၊ မေမေ စိတ်မဆိုးပါဘူး။ သားကိုယ်သား ဂရုစိုက်မှ မေမေစိတ်အေးရမှာ။ မေမေနဲ့စားဖို့စောင့်နေရင်း သားဗိုက်ဆာနေမလားဆိုတာကို စဉ်းစားမိရင် မေမေဘယ်လောက်တောင် စိတ်ပူနေမလဲ သားသိလား?"
အဲဒါနဲ့ကျွမ်းကျွမ်းက သူ့ခေါင်းနဲ့ ရှောင်းကောကိုပွတ်သီးပွတ်သပ် လုပ်ကာ ပြောလိုက်သည်။ “သားနားလည်ပါပြီ မေမေ။ သားကိုယ်သား ဂရုစိုက်ပါ့မယ်"
ရှောင်းကောလည်း ခေါင်းညိတ်လိုက်ပြီး "မေမေ့အတွက် စဉ်းစားပေးပြီး စားဖို့စောင့်နေပေးလို့ ကျွမ်းကျွမ်းကို ကျေးဇူးတင်ပါတယ်"