အခန်း (၄၁)
Vol. 3 Ch. 41
ရှောင်းကောက ကျွမ်းကျွမ်းအား မြည်းကိုဘေးနားတွင် အစာကျွေးဖို့ တိုက်တွန်းလိုက်သည်။ ထို့နောက် သူမသည် ရှိသမျှခွန်အားကိုသုံးကာ သစ်ပင်တွေကို ခုတ်တော့သည်။ သူမအတွက် ဒါက သစ်ပင်ခုတ်တာ ပထမဦးဆုံး အကြိမ်ဖြစ်တာကြောင့် လုပ်ထုံးလုပ်နည်းနှင့်မရင်းနှီးသေးတဲ့အတွက် အများကြီး ကြိုးစားခဲ့ရသည်။
နောက်ထပ်ဘအကြိမ်အနည်းငယ်လောက် ကြိုးစားပြီးတဲ့နောက်မှာတော့၊ နောက်ဆုံးမှာ ရှောင်းကောအတွက်လုပ်ရကိုင်ရတာ ပိုမိုလွယ်ကူလာသည်။ အချိန်အတော်ကြာပြီးတဲ့နောက် သူမ သစ်ပင်တွေကို ခုတ်လာနိုင်တော့သည်။ သစ်အလုံအလောက် မရှိမှာကို စိုးရိမ်သဖြင့် ရှောင်းကောသည် နောက်ထပ်အကိုင်းအခက်တစ်ဒါဇင်လောက် ခုတ်လိုက်သည်။
ထို့နောက် သူမသည် သစ်အားလုံးကို ကြိုးဖြင့်ချည်ကာ မြည်းလှာ့်ပေါ်တင်ရန်အတွက် ကျွမ်းကျွမ်းကို ခေါ်လာခိုင်းလိုက်သည်။ သစ်အားလုံးကို မြည်းလှည်းပေါ်တင်ပြီးနောက် အိမ်သို့ပြန်ခဲ့ကြသည်။
ရှောင်းကောက ယနေ့မွန်းလွဲပိုင်းတွင် ခြံစည်းရိုး ဆောက်ဖို့ စဉ်းစားထားသည်။ မနက်ဖြန်ဆိုလျှင် သူမတွင်အချိန်ရှိမှာ မဟုတ်ပေ။ အာလူးမှုန့်ခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများကို သူမပြင်ဆင်ရသေးပေ။
ရှောင်းကောသည် လှည်းကို အိမ်သို့မောင်းနှင်လိုက်ကာ သစ်တွေကိုအမြန်ချလိုက်သည်။ ထို့နောက် ဂေါ်ပြားကိုသုံးကာ နံရံတစ်ဖက်မှ စကာကျင်းတွေ တူးလိုက်သည်။ အိမ်သာနားရောက်တဲ့အခါမှ သူမတူးနေတာကို ရပ်လိုက်သည်။ ကျင်းက တော်တော်နက်သည်။
ကျွမ်းကျွမ်းက ရှောင်းကော အနောက်ကနေ ကပ်လိုက်ကာ သစ်ကိုင်းသုံးကိုင်းကို ကျင်းထဲစိုက်ထည့်လိုက်သည်။ ရှောင်းကော တူးပြီးတဲ့နောက်၊ သူမမြေဆီတွေကို ပြန်ဖြည့်သွင်းလိုက်သည်။ ကျွမ်းကျွမ်းရဲ့အကူအညီနဲ့ အလုပ်က မြန်မြန်ပြီးသွားတော့သည်။
သစ်အကိုင်းများဟာ ရှောင်းကော၏ ပေါင်လောက်အထိ ရှည်သည်။ အကိုင်းတွေကို သူမ အလွယ်တကူကျော်နိုင်သည်။ ကျွမ်းကျွမ်းကတော့ ခြံစည်းရိုးကိုကြည့်ဖို့ ခြေဖျားထောက်ရသည်။ ဒီအမြင့်လောက် ခြံစည်းရိုးခတ်ထားတာကြောင့် ကြက်နှင့်ဘဲတွေလည်း အပြင်မထွက်နိုင်လောက်ပေ။
ကျွမ်းကျွမ်းက ခြင်းတောင်းတစ်လုံးကို ထောင့်တစ်ခုတွင် ချထားပြီး အောက်ခြေတွင် မြက်ခြောက်များ ချထားလိုက်သည်။ ထိုနည်းဖြင့် ဥဥဖို့အတွက် အသိုက်ရသွားသည်။ အထဲတွင် နေရာကျယ်သည် - ဘဲနဲ့ ကြက်တွေအားလုံး တပြိုင်တည်း ဥဥလို့ တောင်ရသည်။ ဘဲနဲ့ ကြက်တွေ ညဘက်အတူတူဝင်အိပ်ဖို့အတွက် နေရာလုံလုံလောက်လောက် ရှိသည်။
ဘဲတွေကြက်တွေအတွက် ရေဇလုံလုပ်ဖို့အတွက် ကျွမ်းကျွမ်းက ရိုးရိုးရှင်းရှင်းဇလုံတစ်လုံးကို ထုတ်လာသည်။ ရှောင်းကောက ဝင်းအတွင်း မြက်စိမ်းတစ်အုပ်ကို ပစ်ချထားလိုက်ကာ ကြက်တွေဘဲတွေကို အိမ်အသစ်ဆီ အသီးသီး ရွှေ့ပြောင်းပေးလိုက်သည်။
ထို့နောက် ရှောင်းကောလည်း ဝက်အဆီချက်ရန်အသင့်ပြင်လိုက်သည်။ ညစာစားဖို့ အချိန်ရောက်တော့မည်ဖြစ်သည်။
ရှောင်းကော ဝက်အဆီကို အတုံးသေးသေးလေးတွေလှီးလိုက်သည်။ သူမသည် အိုးကြီးတစ်လုံးထဲ ရေဖြည့်ကာ ရေပွက်ပွက်ဆူလာတဲ့အချိန် ဝက်အဆီကိုထည့်ကာရေနွေးဖြောလိုက်သည်။ ထို့နောက် အိုးကို ရေအသစ်ပြန်ဖြည့်ကာ စောစောက ရေနွေးဖြောထားသည့် ဝက်အဆီကို ထည့်လိုက်သည်။ အိုးကိုမီးပြင်းပြင်းဖြင့်ထားလိုက်သည်။ ရေများ လုံးဝအငွေ့ပျံသွားသည့်အခါ ဝက်ဆီသည် ဆီအဖြစ်ပြောင်းလဲသွားတော့သည်။ ထိုအချိန်ရှောင်းကောသည် ဟင်းခတ်အမွှေးအကြိုင်များထည့်ရန်အတွက် နာနတ်ပွင့်နှင့် ဆားအနည်းငယ်ထည့်လိုက်သည်။ သူမ ထင်းပိုင်းအနည်းငယ် ဖယ်လိုက်ကာ မီးအေးအေးဖြင့်ထားလိုက်သည်။
ကျွမ်းကျွမ်းသည် မွေးရနံ့ကိုရလိုက်တဲ့အခါ မီးဖိုချောင်ကနေ ထွက်မသွားတော့ပေ။ ဒါက ဘာလဲ၊ ဘယ်လိုစားရမှာလဲဆိုတာ သူ့အမေကိုမေးသည်။
ရှောင်းကောလည်းဘဲ သူစားချင်တာကို သိသည်။ သူမက နည်းနည်းထပ်စောင့်ရဦးမယ်လို့ဆိုကာ သူ့ကိုအပြင်မှာသွားကစားခိုင်လိုက်သည်။ ကျွမ်းကျွမ်း နွားများကို အစာကျွေးရင်း အလုပ်များနေတာကိုမြင်တော့ ရှောင်းကော လက်စွပ်ထဲ ဝင်လိုက်သည်။ သူမ ဝက်ခြေထောက်ပြုတ်လုပ်ဖို့အတွက် ရေခဲသေတ္တာထဲမှ ဝက်ခြေထောက်တစ်ချောင်း ထုတ်လိုက်သည်။ ဒီဝက်ခြေထောက်ဟာ လူနှစ်ယောက်စားလို့ လောက်အောင် ကြီးသည်။ ထမင်းနှင့်စားဖို့ရန်အတွက် ဝက်ဆီနှင့်ဟင်းသီးဟင်းရွက်တစ်တစ်ပန်းကန်မွှေကြော်မည်။
ညစာအတွက် ဟင်းလျာများကို ဆုံးဖြတ်ပြီးတဲ့နောက် ရှောင်းကော ဝက်မွှေးတွေကို စတင်ဖယ်ရှားလိုက်သည်။ သူမသည် မီးတောက်ကိုသုံးကာ ဝက်ခြေထောက်ထိအမွှေးတွေကို မီးမြိုက်လိုက်သည်။ ထို့နောက် သူမဝက်ခြေထောက်တွေကို ရေဆေးလိုက်ပြီး အတုံးသေးသေးလေးအဖြစ် လှီးဖြတ်ကာ မြေအိုးထဲ ထည့်ထားလိုက်သည်။
ရေနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီးသည့်အခါ ချက်ပြုတ်ရန်အတွက် မီးအေးအေးပေါ်တွင် တင်ထားလိုက်သည်။ ဝက်ဆီ လုံးဝအဆီထွက်လာတဲ့အခါ ရှောင်းကောအားလုံးကို ထုတ်ယူလိုက်ပြီး ကြွေအိုးထဲ ဆီလောင်းထည့်လိုက်သည်။
ထို့နောက် အိုးကို ဖယ်ထားပြီး အအေးခံထားလိုက်သည်။ ဆီတာရှည်ခံအောင် သူမဆားနည်းနည်းထည့်လိုက်သည်။ သူမသည် ဝက်ခေါက်ကင်တချို့ယူလိုက်ပြီး ကျွမ်းကျွမ်းကို လာစားဖို့ခေါ်လိုက်သည်။
ရှောင်းကောရဲ့ အသံကို ကြားတာနဲ့ ကျွမ်းကျွမ်းသူ့လက်ထဲက မြက်ထုတ်ကို ပစ်ချကာ မီးဖိုချောင်ထဲပြေးသွားလိုက်သည်။ သူဝင်လာချင်နေတာကြာပြီဖြစ်သည်။ အနံ့က အရမ်းမွှေးလွန်းသည်။ ရှောင်းကောသည် ပန်းကန်လုံးအလွတ်တစ်ခုကို ထုတ်ကာ ဝက်ဆီဖြင့်ဖြည့်လိုက်သည်။
ထို့နောက် အမျိုးသမီးယန်ရဲ့အိမ်သို့ မသွားခင်ငွေနှစ်ကျပ်ယူရန် သူမရဲ့အခန်းထဲသို့သွားလိုက်သည်။ သူမ ထွက်လာချိန်မှာတော့ မှောင်နေပြီးဖြစ်တာကြောင့်ဘယ်သူမှ သူမကို မတွေ့လောက်တော့ပေ။ သူမ တံခါးသွားခေါက်လိုက်သည်။ ခဏအကြာ တံခါးပွင့်လာသည်။
“မြန်မြန်ဝင်လာခဲ့"
အမျိုးသမီးယန်က ရှောင်းကော မှန်းတွေ့လိုက်ရတော့ သူမကို အလျင်အမြန် ခေါ်လိုက်သည်။ ရှောင်းကောက သူမကို ဘေးဘက်တွန်းလိုက်ပြီး "ကျွမ်းကျွမ်း အိမ်မှာစောင့်နေတယ်။ ကျွန်မ အစ်မအတွက် ဝက်ဆီဖတ်တွေ ယူလာပေးတာ"
ဒီစကားကိုကြားပြီးတဲ့နောက် အမျိုးသမီးယန်က ရှောင်းကော၏ လက်ထဲတွင်ရှိသောအရာကို မြင်လိုက်ရသည်။ “အိုး၊ ဘာလို့ ဒီလောက်မွှေးနေရလဲဆိုတာ သိချင်နေတာ"
ရှောင်းကော ရယ်လိုက်သည်။ "မစားရသေးဘူးမလား? မြန်မြန်ယူလိုက်"
အဲဒါနဲ့ ရှောင်းကောလည်း သူမကို ဇလုံပေးကာ လှည့်ထွက်လာလိုက်သည်။ ပြောရလျှင် အရင်တစ်ခေါက် အမျိုးသမီးယန် အစားအသောက် ယူလာတုန်းက ဒီပန်းကန်ကို သုံးခဲ့တာဖြစ်သည်။ ဒါက ပြန်ပေးဖို့အခွင့်အရေးကောင်းပင်။
အမျိုးသမီးယန်က ရှောင်းကောကို အော်ခေါ်နေပေမယ့် သူမက ပြန်လှည့်မကြည့်ဘဲ ချက်ခြင်းအိမ်ပြန်သွားတော့သည်။
အမျိုးသမီးယန်မှာ ပန်းကန်လုံးကို အိမ်ထဲပြန်ယူလာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ အိမ်ထဲ ဝင်လိုက်သည်နှင့် တပြိုင်နက် ပန်းကန်လုံးထဲတွင် တဖျတ်ဖျတ်လတ်နေတာကို တွေ့လိုက်ရသည်။ မီးအလင်းရောင်အောက်တွက် ငွေဒင်္ဂါးပြားကို သူမမြင်လိုက်ရသည်။ အမျိုးသမီးယန် အံ့ဩသွားသည်။
“ဒါ၊ ဒါက…” အပြင်မှာရှိနေတုန်းက သူမ မမြင်ခဲ့ပေ။ အိမ်ထဲသို့ဝင်လာသည့်အခါမှ ငွေဒင်္ဂါးကို သူမရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အမျိုးသမီးယန် သက်ပြင်းချလိုက်သည်။ “ဒီကောင်မလေး… ဒါကို သူကိုယ်တိုင်အတွက် သိမ်းထားသင့်တာ မဟုတ်ဘူးလား?"
အသံတွေကြားတော့ အဖွားယန်က နောက်ခန်းကနေထွက်လာသည်။ ဘာဖြစ်လို့လဲဆိုတာ သူမသိချင်သွားသည်။ "သမီး ဘာဖြစ်လို့လဲ"
အမျိုးသမီးယန်က အခြေအနေကို ရှင်းပြလိုက်သည်။ အဖွား ယန်လည်း ထိတ်လန့်သွားသည်။ “ဒီကလေးက အရမ်းထောက်ထားတတ်တာပဲ။ ဒီအတွက် ငါတို့ အရမ်းကျေးဇူးတင်တယ်"
"အမှန်ပဲ" အမျိုးသမီးယန်နှင့် သူမယောက္ခမတို့မှာ ရှောင်းကောကို အပြည့်အဝ ချီးကျူးနေကြသည်။ ရှောင်းကောအိမ်ကို အိမ်ပြန်ရောက်တဲ့အခါ ထမင်းကျက်ခါနီးပြီဖြစ်သည်။ သူမလုပ်ရမှာက အသီးအရွက်တွေကို မွှေကြော်ဖို့ဘဲလိုတော့သည်။
သူမ အိုးထဲသို့ ဝက်ဆီအနည်းငယ် လောင်းထည့်လိုက်သည်။ ဆီပူသွားသည်နှင့် သူမသည် အသီးအရွက်များကို စတင်ချက်ပြုတ်တော့သည်။ အသီးအရွက်တွေ ပျော့လာတဲ့အခါတွင် ဆားအနည်းငယ်နှင့် ဝက်ခေါက်ကင်တွေကို ထည့်လိုက်သည်။ အခုတော့ ညစာစားဖို့အချိန်ရောက်ပြီဖြစ်သည်။